အပိုင်း(49) Quiet {တရုတ်ပြည်ရဲ့ ချွန်ထက်နေတဲ့ ကျောက်တုံး}
Asleepသည် အလွန်အမင်း ကြမ်းတမ်းစွာ ကစားလာသော အတွက်ကြောင့် Asleep ကို အပြစ်မတင်နိုင်ချေ။ ဟီးရိုး ရွေးချယ်သော အင်တာဖေ့စ်တွင် သူသည် အရိပ်သူခိုးကို လိုချင်ခဲ့သည်။ သို့သော် အခြားတစ်ဖက်ခြမ်း၏ firstနေရာက အရင်လုသွားသောကြောင့် သူ့အား အလွန်အမင်း မပျော်မရွှင် ဖြစ်သွားသည်။ ထို့ကြောင့် ဂိမ်းထဲသို့ ဝင်ရောက်သွားသောအခါ _ _ _
သူသည် ID FTW.Quiet ဆိုသော IDကို မြင်လိုက်ရုံနှင့် အိပ်စက်ခြင်း နတ်ဘုရားက စတင်ကာ ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။ အရိပ်သူခိုးနှင့် လူရမ်းကား သူခိုးတို့ဟာ ထိပ်တိုက်တွေ့ဆုံကြသည်။ သူ ယခင်တစ်ခေါက် တွေ့ဆုံမှုတွင်မှု ဝေ့ရှောင်းနှင့် တိုက်ခိုက်ခဲ့သော အချိန်က ကျန်ရစ်ခဲ့သော နောင်တကြောင့် ဖြစ်လောက်၏။ ထိုတစ်ကြိမ်တွင် Asleepသည် အရိပ်သူခိုးကို သုံးပြီး ဝေ့ရှောင်းထံတွင် ရှုံးသွားသည်။ သူ၏ ပရိတ်သတ်များက Asleep အား လူရမ်းကား သူခိုးကို သုံးပြီး ပြန်နိုင်ခိုင်းကြသည်။
ယခုမူ အခွင့်အရေးဟာ ရောက်လာလေပြီ။
အခြေအနေကို နားမလည်သော ကွန့်မန့်များလည်း တွေ့ရသည်။
“အရင်တစ်ခေါက်က Asleepက Quietဆီမှာ ရှုံးသွားတာ။ သူ ဒီတစ်ခေါက် နိုင်နိုင်ပါ့မလား”
တစ်စုံတစ်ယောက်က ချက်ချင်းလိုလို မတ်တပ်ရပ်ပြီး ဗဟုသုတများကို ဝေမျှပေးသည်။
“နိုးထတော့ လူရမ်းကားသူခိုးက 5v5မှာဆို ကောင်းကင်ရောက်တဲ့အထိ ပေါက်ကွဲနိုင်တယ် ဟုတ်ပြီလား။ အရိပ်သူခိုးတောင် မယှဉ်နိုင်ဘူး”
“ဟုတ်တယ်။ အရိပ်သူခိုးနဲ့ လူရမ်းကားသူခိုးရဲ့ ကြားက ကွာခြားချက်က ဒါပဲ”
အရိပ်သူခိုးသည် ကောင်းကင်နှင့်မြေပြင်အကြား လျှောက်သွားလျက် လူပေါင်းများစွာကို သတ်နိုင်သော စကေးတစ်စုံကို သုံးနိုင်သည်။ ထိုကဲ့သို့သော အားသာချက်မျိုး ရှိသော ဟီးရိုးသည် ချက်ချင်းဆိုသလို damageကို တန်နှင့်ချီ ရအောင်လုပ်ပြီး ပြိုင်ဘက်၏ စည်းနေရာကိုပင် တောက်လျောက်သွားသတ်ရင်းနှင့် အဖွဲ့လိုက်တိုက်ပွဲတွင် တစ်ဝက်နိုင်အောင် လုပ်ပေးနိုင်သည်။ သို့သော် အားနည်းချက်ကမူ အလွန်အမင်း သိသာသေးပြန်သည်။ ထိုစကေး အဆက်လိုက်ကို သုံးပြီးနောက် သူသည် ချက်ချင်းလိုလို ချော်ထွက်သွားရန် လိုအပ်သည်။ သူကသာ ဝေးဝေးသို့ မပြေးနိုင်ခဲ့လျှင် အံ့အားသင့်ဖွယ် ကောင်းသော မဟာစစ်သည် တစ်ယောက်ထံမှ တစ်ချက်အပစ်ခံရရုံထက် မပိုနိုင်တော့ချေ။ ထိုသို့ဖြင့် အသုံးမကျ ဖြစ်တတ်သည်။
လူရမ်းကားသူခိုးသည် ထိုသို့မဟုတ်ချေ။ သူသည် အဖွဲ့လိုက်တိုက်ပွဲအတွက် အထူးဟီးရိုးဖြစ်ပြီး cool DBS နေရာကိုပင် အသုံးပြုနိုင်သည်။ သူ၏ခုခံသော စွမ်းရည်ကလည်း မရေမတွက်နိုင်သော တိုက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေနိုင်သည်။ သူက ရန်သူတစ်ယောက်ကို သတ်နိုင်ရုံနှင့် ထိုရန်သူအတွက် သတင်းဆိုး ဖြစ်သွားလေသည်။
လူရမ်းကားသူခိုးသည် ရူးသွပ်မှုကို ရူးသွပ်မှု ပေါင်းထည့်ထားသည်ဟု ဖော်ပြနိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။
သူ၏ စကေး crew down ဖြစ်ချိန်က ထက်ရှစွာ ထိုးကျသွားသေးပြီး သူ၏ damageက နှစ်ဆခန့် တိုးနိုင်သည်။ သူ၏ခုခံရေး ဘောနပ်ကိုပင် ရနိုင်၏။ ထို့ကြောင့် တောင်ကြားထဲတွင် ချက်ချင်းလိုလို အစစ်အမှန် အဖေကြီး ဖြစ်သွားနိုင်သည်။
အဖွဲ့လိုက်တိုက်ပွဲတွင် လူရမ်းကားသူခိုးသည် တိုက်ပွဲ၏ ကြာချိန်အတိုင်း damage များကို ဆက်ယူနိုင်သည်။
Solo ဂိမ်းပွဲတွင် အရိပ်သူခိုးသည် အားသာချက် ရှိသည်။ အကြောင်းမူကား သူ၏စကေး၏ လှည့်ပတ်ပုံများထဲမှ တစ်ခုကတင် ကောင်းကင်နှင့်မြေပြင်ကို ဖောက်ခွဲရန် လုံလောက်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတစ်ယောက်တည်းက ဒီ damageများကို မခံနိုင်ပေ။
သို့သော် 5v5သည်မူ လူရမ်းကားသူခိုး၏ လောကဖြစ်သည်။ Asleep နှင့် ပတ်သက်လာသောအခါ စိတ်ပျက်ပြီး ထိုသို့ဖြစ်သွားသည်။ Asleep သည် လက်ဟောင်း ဖြစ်သည်။ သူသည် ရူးသွပ်သတ်ဖြတ်ခြင်း အခြေအနေသို့ ချက်ချင်းဝင်ရောက်နိုင်စွမ်း ရှိသလို အဖွဲ့လိုက်တိုက်ပွဲ အတောအတွင်း အရာအားလုံးကို ဖောက်ခွဲပစ်နိုင်သည်။ သူတို့နှစ်ယောက်က solo သောအခါ အရိပ်သူခိုးအဖြစ် အလင်းစက်ကွင်း ၈ကွင်း ထုတ်နိုင်သော ဝေ့ရှောင်းက Asleep ကို နိုင်ခဲ့ဖူးသည်။ ယခုအခါ 5v5 teamတိုက်ပွဲတွင် Asleep၏ လူရမ်းကားသူခိုးက မတူညီတော့ချေ။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည်တွင် အထူးတလည် ကွာခြားခြင်း မရှိပေ။ ထို့ကြောင့် ရလဒ်ကို ပြောရန် ခက်ခဲလွန်းပြန်သည်။
Asleepသည် အစစ်အမှန်လောကတွင် ပျင်းရိပြီး အိပ်နေသည်က များသည်။ သူသည် ကွန်ပျူတာရှေ့တွင်သာမဟုတ်လျှင် ၉၉ရာခိုင်နူန်းသော အချိန်က အိပ်နေသည်က များသည်။ ကျန်သော ၁ရာခိုင်နူန်းကသာ အိပ်ရန်သွားသော လမ်းတွင် ဖြစ်လောက်သည်။
သို့တိုင်အောင် ကွန်ပျူတာရှေ့သို့ ရောက်သွားပြီး ဂိမ်းထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုအိပ်စက်ခြင်း နတ်ဘုရားသည် တောင်များကို စက္ကန့်ပိုင်းအတွင်း ဖောက်ခွဲနိုင်စွမ်းရည် ရှိပြန်သည်။
49 02
သူက သာမာန်အခြေအနေများတွင် စုဆောင်းထားသမျှ အင်အားတိုင်းကို Glory၏ တောင်ကြားထဲသို့ လွှတ်ထုတ်လိုက်ပြီး ဟီးရိုးတိုင်းကို ကြိုးကိုင်ချင်လောက်သည်။
သူသည် လူရမ်းကားသူခိုးကို အသုံးပြုသော နည်းလမ်းက ဝေ့ရှောင်း၏ မျက်လုံးကို တောက်ပစေသည်။ Glory၏ talentများနှင့် ပတ်သက်လာသောအခါ ဝေ့ရှောင်းသည် ကလို့စ်ကိုသာ သူ၏စံနမူနာအဖြစ် သတ်မှတ်အသုံးပြုထားသည်။
သို့ရာတွင် ကလို့စ်၏ လူရမ်းကားသူခိုးသည် Asleep နှင့် ခြားနားသည်။
သူသည် လူရမ်းကားသူခိုးကို အသုံးပြုသောအခါ ကလို့စ်က တောင်ကြားတစ်ခုလုံးကို ပြင်းထန်သော ဖိအားကို သယ်ဆောင်လာစေပြီး လူအများ အဝိုင်းခံထားရသလို သတိအပြည့်ကပ်ကာ လှုပ်ရှားစေသည်။ သူတို့သည် ကစားနေသည့် အခိုက်အတန့်အတွင်း သတိမထားပဲ မနေနိုင်အောင် ဖြစ်စေသည်။ သို့သော် Asleep ကမူ ခြားနားသည်။ သူသည် ဟာကွက်အပြည့်ထုတ်ပြပြီး ကစားတတ်ပုံရသည်။ ဒီနည်းအားဖြင့် အသက်တစ်သက်အတွက် တစ်သက်ကို လဲချင်သေးပြီး သူကစားသော ပုံစံက သူ့ကိုယ်သူ ဖျက်ဆီးသည်နှင့် တူသည်။ သို့ရာတွင် ဒါသည် ထောက်ချောက်နှင့်တူသည်။ သူ့ကို ချောင်းတိုက်ခိုက်ရန် ကြိုးစားသော သူကသာ သူ၏လက်မောင်းအတွင်းသို့ ကိုယ့်ကိုယ်ကို မြှပ်သွင်းလိုက်သလို ဖြစ်သွားလေပြီး သူ၏မြက်ရိတ်ဓားအောက်တွင် အဆုံးသတ်ရပေလိမ့်မည်။
နှစ်ဖက်အကြားမှ ပထမဦးဆုံး အစစ်အမှန် အဖွဲ့အလိုက်တိုက်ပွဲသည် အနီဘက်ခြမ်း၏ Button lane junglerနေရာတွင် စတင်သည်။ လူရမ်းကားသူခိုးက ဝေ့ရှောင်း၏ တောတွင်းနေရာထဲသို့ ခိုးဝင်လာသည်။ ပိုင်ချိုင်က သတိထားမိလိုက်ပြီး ဝေ့ရှောင်းကို အချက်ပြသည်။
ဝေ့ရှောင်းသည် မူလကမူ အပြေးသွားပြီး အပေါ်လမ်းကျဉ်း၏ တောတွင်းနေရာကို ရှင်းလိုခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် နောက်လှည့်လိုက်ပြီး ပိုင်ချိုင်ကို ဆွဲခေါ်လျက် marksmanကိုပါ တရွတ်တိုက်ဆွဲရင်း လူရမ်းကားသူခိုး၏ ဆုတ်လမ်းကို သွားပိတ်သည်။
Asleep သည် သူ၏ကိုယ်ပိုင်အထောက်အပံ့ ခုန်းယီတစ်ယောက်တည်းသာ ရှိသည်။ သူတို့နှစ်ယောက်လုံးသည် အလွန်အမင်း လေးနက်သော ပူးပေါင်းနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က လာပြီးတိုက်ခိုက်ချင်ကြောင်း မြင်ရုံနှင့် သူ၏မသိစိတ်များ အားလုံးက သတိအပြည့် ကပ်သွားသည်။
ပိုင်ချိုင်က သူ၏ စကေးကို မသုံးမှီ စက္ကန့်အနည်းငယ် အလိုမှာတင် သူက နဂါးသွေးရှိရာဘက်သို့ နေရာကို လှည့်ပြောင်းလိုက်ပြီ ဖြစ်ပြီး ဝေ့ရှောင်း၏ တိုက်ကွက်ကို ရှောင်ရန်အလို့ငှာ နောက်ပြန်ခုန်လိုက်သည်။
သူသည် ထိုသို့ ရှောင်ထွက်သွားသည်။ အကျိုးအကြောင်းကျကျ ပြောရသော် ခုန်းယီသည် အဆုံးသတ်မည် ဖြစ်ပြီး အထောက်အပံ့ တစ်ယောက်အနေနှင့် health အများကြီးလည်း မရှိချေ။ damageလည်း မယူနိုင်ပေ။ ထို့ကြောင့် အဝိုင်းခံရရုံနှင့် သေမည်မှာ သေချာသည်။
ခုန်းယီသည် Asleepနှင့် တစ်နှစ်ပတ်လုံး ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နိုင်သောသူ ဖြစ်ထိုက်ပေသည်။ ထို့ကြောင့် သူသည် ဘယ်သောအခါမှ ပြေးရန် မကြံစည်ထားပေ။ သူသည် သူ၏ Qစကေးကို သုံးလိုက်ပြီး သူ၏ပြိုင်ဘက်ကင်း အကွက်ကို ထုတ်သုံးလျက် marksman၏ အနောက်ဘက်နေရာကို ယူထားသော ပိုင်ချိုင်ကို ပြီးပြည့်စုံစွာ ကွက်တိlock ချလိုက်သည်။
Asleepသည် မရပ်တန့်သွားခဲ့ချေ။ လူရမ်းကားသူခိုး၏ အနက်ရောင်မြက်ရိတ်ဓားက အနီဘက်ခြမ်း၏ marksmanရှိရာဘက်သို့ ချက်ချင်းပြန်လာသည်။ ပိုင်ချိုင်သည် သူ၏ပြိုင်ဘက်ကင်းအကွက်ကို အလျင်စလို ထုတ်သုံးလိုက်ပြီး marksman၏ က တောက်လျောက်ထိုးတက်လျက် ရိုလာကိုစတာကဲ့သို့ ပြန်ထိုးဆင်းသွားသည်။ ကံဆိုးသည်မှာ marksmanနှင့် ပိုင်ချိုင်သည် အချင်းချင်း နားလည်မှု မရှိချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် သေချာပေါက် အပြေးသွားပြီး တစ်ဖက်သူရှေ့တွင် ရပ်လျက် ကိုင်တွယ်ပေးရန် မလိုအပ်ပါချေ။ သူ သေသွားမည်ဆိုလျှင်ပင် ဝေ့ရှောင်းကသာ killကို အပြည့်အဝ လာယူပေလိမ့်မည်။ သို့သော် marksmanက နောက်ဆုတ်သွားခဲ့သည်။ သူသည် သူ၏ health bar က ထိုးကျသွားကြောင်း မြင်သောအခါ ကြောက်သွားပုံရသည်။
ထိုသို့ တစ်ခဏခန့် တုန့်ဆိုင်းသွားခြင်းကတင် လူရမ်းကားသူခိုးကို အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်သွားလေပြီး marksman၏ အသက်ကို အကွက်အနည်းငယ်တည်းနှင့် ယူသွားသည်။
ပိုင်ချိုင်၏ healing သည် ဆက်တိုက်ထုတ်ပေးနိုင်သော အမျိုးအစားမျိုးဖြစ်သည်။ ထို့ကြောင့် heal တစ်ခုချင်းစီအကြားတွင် တိကျသော ဆက်စပ်မှုမျိုးက ရှိနေသေး၏။ ထိုဆက်စပ်မှုသည် အနည်းပါးဆုံး အနေအထားမျိုးမှ လွန်ကဲလွန်းသော အတိုင်းအတာမျိုးအထိ ရောက်ရှိသွားနိုင်သည်။ သို့သော် ကံဆိုးသည်မှာ Asleep သည် ထိုသို့လုပ်မည့် အခွင့်အရေးကို လုယူပြီး damageတိုင်းကို ကိုင်တွယ်လျက် marksman၏ healthထိုးကျသည်နှင့် ပြန်မတက်လာခင် killကို အရယူသွားခြင်း ဖြစ်သည်။
ဝေ့ရှောင်းက ရောက်လာသည့်အခိုက်အတန့်တွင် လူရမ်းကားသူခိုး၏ လုပ်ရပ်ကို မြင်လိုက်သည်။
သောက်ကျိုးနည်း တိုက်ခိုက်တာပေါ့။
49 03
ထိုမြင်ကွင်းကို မြင်သောသူတိုင်းက ထိုသို့သာ တွေးကြသည်။
“သူတို့က မတိုက်ခိုက်သင့်ဘူး။ သူတို့က ဟိုအရူးကောင်က သူ့ရဲ့အဖိုးကို သွားကယ်ဖို့ ကြိုးစားတဲ့ အခြေအနေကို ရှောင်ဖို့အတွက်ကြောင့်နဲ့ အခြေအနေကို ခပ်မြန်မြန် နောက်ဆုတ်သွားပြီး တစ်ခေါင်းချင်းစီ ပို့ပေးသင့်တယ်”
“သောက်ကျိုးနည်း ရူးသွားပြီ”
“သူ လုံးဝ နောက်မဆုတ်နော်။ သူလည်း မေ့သွားပြီ မဟုတ်လား”
“ချိုင်ကောမှာ ဘာစကေးမှ ကျန်တော့တာ မဟုတ်ဘူး။ သူ့ရဲ့ကိုယ်ပိုင် marksmanကလည်း ကျသွားပြီ။ ဒီလိုမျိုး frenziet ဖြစ်နေတဲ့ လူရမ်းကားသူခိုးကို မြင်ရတဲ့အချိန်မှာ Quietက ဘာလုပ်မှာလဲ။ ဟား ဟား သူက သူ့ခေါင်း သွားပို့တာ ဖြစ်မှာပေါ့”
ချန်းဖုန်းက မျက်မှောင် အသာကြုတ်လိုက်သည်။ ဝေ့ရှောင်း၏ လုပ်ရပ်ဟာ မသင့်တော်လွန်းသလို ခံစားလိုက်ရသည်။
ပုံမှန်အားဖြင့် အမှိုက်လို စကား အပုံလိုက် ပြောတတ်သော ဝေ့ရှောင်းသည် ယခုအခါ ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။ သူ၏မျက်နှာက ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်ပြီး ခိုင်မာတောင့်တင်းနေသည်။ သူသည် နောက်မဆုတ်သွားခဲ့သလို ရှေ့သို့လည်း တက်မသွားခဲ့ပေ။ သူသည် ပြီးပြည့်စုံစွာ ရှောင်ရှားလျက် လူရမ်းကားသူခိုး၏ ဓားသွားကို ရှောင်ရှားလိုက်ပြီး တစ်ချိန်တည်းလိုလို ရှေ့သို့ ခုန်တက်ရင်း သူ၏အကွက်များကို ချိတ်ဆက်ကာ အသုံးပြုလျက် အလင်းစက်ကွင်းများကို ပြည့်သွားစေလိုက်သည်။
ချန်းဖုန်းက တခဏခန့် တောင့်ခဲသွားသည်။ သူက_ _ _
အရိပ်သူခိုးသည် မျက်တောင်တစ်ခတ်အချိန်အတွင်း အလင်းစက်၈ကွင်း ထုတ်လိုက်သည်။ ထိုသို့ဖြင့် ခုံးယီ၏ ခန္ဓာကိုယ်တောက်လျောက် ခြေမွပစ်လိုက်သည်။
သူသည် damage ယူနိုင်သော လူရမ်းကားသူခိုးကို သတ်ရန် မကြိုးစားခဲ့သလို frenzy ဖြစ်ပြီးနောက် ပြန်ပြီး buff သွားဖြည့်သော လူရမ်းကားသူခိုးကို ကြည့်ပင် မကြည့်ခဲ့ချေ။ သူ၏ဦးတည်ရာသည် damage အမြောက်အများကို သယ်ဆောင်ထားပြီး health bar က သုံးပုံတစ်ပုံထိ ထိုးကျနေသော အလင်းဘုန်းတော်ကြီးကို ချိန်ရွယ်ထားခြင်း ဖြစ်သည်။
ခုံးယီက မြေပြင်သို့ ထိုးကျသွားသည်။ လူရမ်းကားသူခိုးက အပြေးလာသည်။ ဝေ့ရှောင်က နားကြပ်ထဲမှ လှမ်းအော်သည်။
“လောင်ပိုင်”
ပိုင်ချိုင်က မှင်သက်ကောင်း မှင်သက်လောက်သည်။ သို့သော် သူ၏ စီမံလည်ပတ်ပုံ စကေးများက နောက်မတွန့်ကျန်ရစ်ခဲ့ချေ။ သူသည် Wစကေးကို ချက်ချင်းသုံးလိုက်ပြီး လူရမ်းကားသူခိုးကို ကွက်တိမှန်စေလိုက်သည်။
ဝေ့ရှောင်းကလည်း Asleepက ထိန်းချုပ်ခံရပြီး မလှုပ်နိုင်သော စက္ကန့်တစ်ဝက်အတော်အတွင်း တိုက်ပွဲနယ်မြေမှ ချက်ချင်းလိုလို နောက်ဆုတ် လိုက်သည်။
ကွန့်မန့်များက ပေါက်ကွဲသည်။
“သောက်ကျိုးနည်း ဒါက အမတတွေကြားက တိုက်ပွဲပဲ”
“သူက ဒီလိုနည်းလမ်းမျိုးကို သုံးပြီး မြို့ထဲကိုတောင် လူပြန်ပို့လိုက်တာ။ Quietက တအားကြမ်းတာပဲ”
“သူတို့ကဘက်က marksmanကို ရှုံးသွားပြီး တစ်ဖက်ခြမ်းက အထောက်အပံ့ကို ပြန်ပေးလိုက်ရတယ်။ ဒါက တကယ်ရှုံးတာပဲ”
“ကော နည်းနည်းလေး အသိဝင်ပါဦး။ ဒါက အလဲအလှယ် လုပ်နေတာ မဟုတ်ဘူး။ ဒါက ကယ်လိုက်တာ”
မှန်ပေသည်။ အရိပ်သူခိုးသည် သူတို့ဘက်က marksmanကို ဆုံးရှုံးလိုက်ရပြီးနောက် အရိပ်သူခိုးက ခုံးယီကို ပြန်လည်ရရှိလိုက်သောကြောင့် သူတို့၏ အရှုံးအများစုကို ဖာထေး လိုက်နိုင်သည်ဟု ပြောရပေမည်။ Asleepသည် ဒီတစ်သုတ်တွင် အားသာချက် အကြီးကြီး ရသွားလိုက်သော်လည်း ဝေ့ရှောင်းကလည်း အခွင့်အရေးတစ်မျိုးကို ရအောင် အသုံးပြုလိုက်သေးပြီး လွန်ကဲလွန်းသော အတိုင်းအတာအထိ တွန်းထိုးလိုက်သည်။
ဥပမာအနေဖြင့် အားနည်းသော junglerက ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် လူရမ်းကားသူခိုးနှင့် စတင်တိုက်ခိုက်ကောင်း တိုက်ခိုက်လောက်ရင်း အခြားတစ်ဖက်ခြမ်းကို kill တစ်ခုဖြင့် အဆုံးသတ်ကောင်း အဆုံးသတ် လောက်သည်။
အနည်းငယ်ပို၍ တွေးတော စဉ်းစားတတ်သော junglerကမူ နောက်ဆုတ်ပြီး အခွင့်အရေးတစ်ခုကို ထပ်စောင့်လိုက်သည်။
သို့သော် ဝေ့ရှောင်းကသာ ထိုအခိုက်အတန့်ကို အမိအရ ရွေးချယ်လျက် အသင်းအတွက် အတတ်နိုင်ဆုံး အကျိုးအမြတ်ကို အရယူရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချက်တွင်မူ သူဟာ အောင်မြင်သွားသည်။ ချန်းဖုန်းက ပိုင်ချိုင်ကို ကြည့်သည်။
သေချာစွာပင် Asleepထက်ပင် ပျင်းတတ်သော သူတို့၏ အထောက်အပံ့က နောက်ဆုံးတွင် လေးနက်တည်ကြည်လာသည်။
49 04
ချန်းဖုန်းသည် ပိုင်ချိုင်၏ စွမ်းရည်ကို ဘယ်သောအခါမှ မေးခွန်းမထုတ်ခဲ့ချေ။ သူသည် ထိပ်ဆုံးအဆင့်တွင် ရှိနေသော အထောက်အပံ့တိုင်းထက် မဆိုးရွားသည်မှာလည်း မှန်ကန်သည်။ သူတို့သည် နတ်ဘုရားအဆင့် အထောက်အပံ့မျိုးကို ရထားသည်ဟုပင် သံသယဝင်ကောင်း ဝင်နိုင်လောက်၏။ သို့ရာတွင် ထိုကလေးကမူ ရည်မှန်းချက် မရှိပေ။
E sport အသိုင်းအဝိုင်းထဲတွင် အမှား မလုပ်ခြင်းက ပို၍ကြီးမားသော အမှားဖြစ်သည်။ အမှား မလုပ်သော ကစားသမားများသည် သူတို့ အမှားမလုပ်သောကြောင့် ပြီးပြည့်စုံနေခြင်းဟု ပြော၍မရချေ။ ထို့အစား သူတို့သည် လမ်းကြောင်းထဲမှ အမြဲတစေ ထွက်ပြီး ဘယ်အရာနှင့် အပြစ်တင်ခံမနေရခြင်းသာ ဖြစ်သည်။ ပိုင်ချိုင်ကမူ သိသာစွာပင် ထိုသို့အမှားမလုပ်သည့် အရာအားလုံးကို balance ကျကျ ထိန်းထားနိုင်သော ကစားသမားမျိုး ဖြစ်သည်။
ထိုအဖွဲ့လိုက် တိုက်ပွဲအစတွင် အရိပ်သူခိုးနှင့် လူရမ်းကားသူခိုးတို့သည် သာမာန်မျက်စိဖြင့် မြင်နိုင်လောက်အောင် ရူးနေကြပြီးသား ဖြစ်သည်။
သူတို့၏ အသင်းဖော်များသည် ပထမတန်းစားမှ အသင်းဖော်ကစားသမားများ မဟုတ်ကြချေ။ သို့သော် သူတို့များသည်လည်း ဖြတ်လျှောက်များ မဟုတ်ကြပြန်ချေ။ ထို့ကြောင့် သူတို့၏ ဖောက်ခွဲခြင်း ပြင်းထန်သော တိုက်ပွဲကြောင့် လှုံ့ဆော်ခံရလေပြီး သူတို့၏ ပုံမှန်အင်အားကို ၂၀၀ရာခိုင်းနူန်းအပြည့်ဖြင့် ကစားကာ တိုက်ပွဲထဲသို့ အင်အားအပြည့် စိုက်ထုတ်လျက် ပူးပေါင်းဆောင်ရွက်ပေးလာကြသည်။
Asleepသည် ဝေ့ရှောင်း၏ အားသာချက်ကို လုသွားသည်။ သို့သော် ဝေ့ရှောင်းက ပြန်ပြီး လက်ရည်တူရအောင် ယူလိုက်ပြန်သည်။
ဒါသည် free match ဂိမ်းပွဲ ဖြစ်သည်။ သို့သော် ဖော်ပြရန် ခက်ခဲလောက်အောင် ကြည့်ကောင်းနေသည်။
မည်သည့်အချိန်ကမှန်းမသိ ကွန့်မန့်များက ဘာစကားများမှ မပြောကြတော့ပဲ လျို့ လျို့ လျို့ အင်္ဂလိပ်လို 6 များကိုသာ အပြည့်ပို့ကြသည်။
သေချာစွာပင် ပြိုင်ဘက်များ၏ ဂိမ်းပွဲများကို ကြည့်ရခြင်းက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်သည်။ ကြိုတင်ချိန်ညှိထားခြင်း မရှိသော ပွဲများက စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်သည်။ ငယ်ရွယ်သော စိတ်အားထက်သန်မှုများကသာ အတောက်ပဆုံး ဖြစ်လောက်သည်။
နောက်ဆုံးသော အဖွဲ့လိုက်တိုက်ပွဲက ဂိမ်း၏ရလဒ်ကို ဆုံးဖြတ်မည်ဖြစ်ပြီး အနီဘက်က အားသာချက်ကို ရထားသည်။ ဝေ့ရှောင်းက ချုံခို တိုက်ခိုက်လိုက်ပြီး အပြာဘက်မှ Top lanerကို သတ်သည်။ ထို့သို့ဖြင့် လေးယောက်၊ ငါးယောက် တိုက်ခိုက်ရသော အခြေအနေမျိုး ဖြစ်သွားပြီး သေချာပေါက် နိုင်မည်ဟု ယူဆ၍ ရလောက်သော အနေအထားမျိုး ဖြစ်သည်။ သို့ရာတွင် 3U၏ ခုံးယီက flashစကေးကို သုံးလျက် သူ၏ Qစကေး ပြိုင်ဘက်ကင်း အကွက်ကို တိုက်ရိုက်ထုတ်သုံးခြင်းအားဖြင့် အခြေအနေကို ပြောင်ပြန် လှန်လိုက်သည်။ ထို့သို့ဖြင့် အဝေးမှ နံရံတစ်ခုက ပြုတ်ကျလာလေပြီး အနီအသင်းမှ သုံးယောက်ကို ပိတ်လှောင်လိုက်သည်။
Asleep ၏ မြက်ရိတ်ဓားကလည်း သူတို့၏ middle laneကို ပိတ်လှောင်ထားသောအခါ ပိုင်ချိုင်၏ နှလုံးသားက ခုန်လာသည်။
ဝေ့ရှောင်း “မင်းရဲ့စကေး သိမ်းထား”
ကံဆိုးသည်မှာ နောက်ကျသွားသည်။ ပိုင်ချိုင်က ပြိုင်ဘက်ကင်းအကွက်ကို သုံးလိုက်ပြီး middle laneထံ heal အပြည့် ပို့လိုက်သည်။ သို့ရာတွင် middle laneဟာ အပြာဘက်မှ ဖောက်ခွဲခြင်း များအောက်တွင် မကယ်ဆယ် နိုင်တော့ချေ။ ထို့ကြောင့် Asleepက killရသွားသည်။
ယခုအခါ_ _ _ အဆုံးသတ်ဖြစ်သည်။
ဝေ့ရှောင်းက အပြာဘက်မှ DBSကို တိုက်ရိုက် ဖောက်ထွက်ချလိုက်သည်။ Asleep ကမူ တောအုပ်ထဲသို့ ဝင်ရန် ချောင်းနေသော ဝံပုလွေကောင်အလား အနီအသင်း၏ဝင်္ကပါကို တိုက်ရိုက် ဆုတ်ဖြဲလိုက်ပြီး သတ်ဖြတ်မှုကို စတင်သွားသည်။ ပိုင်ချိုင်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏မျက်နှာထားဟာ အလွန်အကျဉ်းတန်နေသည်။
ဝေ့ရှောင်းကမူ အပြာဘက်မှ လူသုံးယောက်ကို သတ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် Asleepနှင့် ခုံးယီတို့၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။
အရှုံး
အနီဘက်က ရှုံးသွားသည်။
******