Ch 50
Viewers 3k

အပိုင်း(50) မင်းရဲ့ပြိုင်ဘက်တွေက ဒုတ္ခိတတွေပဲ မဟုတ်လား 


“အံ့ဩစရာပဲ”


“လန်းလိုက်တာ”


“တအားကို မျှော်လင့် စောင့်စားနေပြီ။ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ မြန်မြန်လေး စသင့်တယ်။ သူတို့ ပုံမှန်ပွဲစဉ်တွေမှာ ကစားတာကို ငါ ကြည့်ချင်တယ်”


“သူတို့က free match မှာတောင် ဒီလိုတိုက်ခိုက်နိုင်တယ်ဆိုရင် တရားဝင် စင်မြင့်ကွင်းမှာသာဆိုရင် သူတို့ရဲ့ မျက်လုံး သွေးသံရဲရဲ ဖြစ်သွားတဲ့အထိ သတ်ဖြတ်ကြမှာ မဟုတ်ဘူးလား”


“ Quietက ရှုံးသွားပေမဲ့လည်း တအားချောတာပဲ။ အား ငါတော့ ဒီအရူးလေးကို ချစ်နေပြီ”


“အရူးလေး ဟုတ်လား။ ပြောစမ်း သူက တကယ်တော့ တော်‌တော်လေး လေးစားဖို့ ကောင်းတယ်။ သူ့ရဲ့အရိပ်သူခိုးကလည်း တော်‌တော်လေးကို ရူးတယ်”


တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုမှ အခြေအနေသည် လေ့ကျင့်ရေးအခန်းထဲမှ မမြင်နိုင်ချေ။ တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မ‌ရေမတွက်နိုင်သော ချန်နယ်များကလည်း စောင့်ကြည့်နေကြသေးသည်။ လူတိုင်းကမူ သူတို့နှစ်သက်သော ကစားသမားကို ကြည့်ကြသည်။


ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း ကွန့်မန့်အချို့ က ပြန်တက်နေသည်။ ဂိမ်းပွဲမှမူ မမြင်ရ‌ချေ။ 


ပိုင်ချိုင်ကမူ စကားမပြောချေ။ ဝေ့ရှောင်းကမူ ကျွစ်စုပ်သပ်သည်။


“ဒီ Asleep ဆိုတဲ့ကောင်မျိုးက တော်‌တော်တော့ တော်တယ်”


လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် အကန့်အသတ်မဲ့သော အလားအလာများကို  ခံစားခဲ့ရသည်။ ယခုအခါ သူသည် လျှင်မြန်စွာ ကြီးထွားလာသည်။ season တစ်ခုသာလျှင် ရှိသေးသည်။ သို့တိုင်‌‌အောင် သူက ကြောက်စရာကောင်းသေးသည်။


သိသာစွာပင် ကစားသမားများကို အရောင်အတင်ပေးနိုင်ဆုံး ပရော်ဖက်ရှင်နယ်ကွင်း ဖြစ်လောက်သည်။


ချန်းဖုန်းက ပိုင်ချိုင်ကို ကြည့်လိုက်သည်။ သို့သော် သူသည် ဘာစကားမှ မ‌ပြောခဲ့ချေ။ ဒီဂိမ်းပွဲ၏ နှစ်ဖက်အကြားတွင် အင်အားချင်း ကွာခြားချက်က မများပြားချေ။


အနီဘက်မှ သုံးယောက်နှင့် အပြာဘက်မှ သုံးယောက်တို့သည် ကောင်းကောင်း ကစားနိုင်သည်။ အဓိကပြဿနာကိုလည်း ရှာမတွေ့ချေ။ 


ဝေ့ရှောင်းနှင့် Asleep တို့သည် လက်ရည်တူနေသည်။  မည်သူကမှ မည်သူ့ထက် မသာချေ။


အခုလိုမျိုး အနိုင်အရှုံး ပြောင်းလဲသွားရသည်မှာ 3U၏ ဒုခေါင်းဆောင် ခုံးယီကြောင့် ဖြစ်သည်။ 


ခုံးယီသည် အရေးကြီး အခိုက်အတံ့တွင် ထိန်းချုပ်စကေးကို ကောင်းကောင်းသုံးနိုင်ခဲ့ပြီး အနီဘက်ခြမ်းကို သေလမ်း ပို့ပေးလိုက်သည်။


အနှစ်ချုပ်ဆိုရသော် ပိုင်ချိုင်၏ လည်ပတ်ပုံကလည်း မဆိုးရှာပေ။ သူသည် အထောက်အပံ့သည် mid laner C position ကို ကာကွယ်ခြင်းကလည်း ပုံမှန်လမ်းကြောင်း ဖြစ်နေသည်။ သို့ရာတွင် ပုံရိပ်ကြီးကို မမြင်နိုင်ခဲ့ချေ။


ဝေ့ရှောင်း၏ မင်းရဲ့စကေးကို သိမ်းထားဆိုသော စကားကို ပြောခဲ့သည့်တိုင်အောင် ကံဆိုးသည်မှာ တိုက်ပွဲနယ်မြေက လျှင်မြန်စွာ ပြောင်းလဲနေခဲ့သည့်အလျောက် ပါးစပ်ဖြင့် ပြောသော သတိပေးချက်များသည် လက်၏ တုန့်ပြန်မှုများကို မမှီနိုင်ခဲ့ချေ။


ပိုင်ချိုင်သည် သူ၏စကေးကို မထိန်းသိမ်းထားခဲ့ချေ။ ဒီနည်းအားဖြင့် ယခုလိုမျိုး ကိုယ့်ဘက်ကို heal လျော့သွားစေသော အခြေအနေမျိုး ဖြစ်သွားစေခဲ့သည်။


mid laneကို ကယ်ဆယ်ခြင်းက လုပ်သင့်သော ကိစ္စမျိုး ဖြစ်နေသည်။  ထိုကဲ့သို့ အခြေအနေမျိုးတွင် mid lanerသည် မည်သို့နည်းနှင့်မှ မကယ်ဆယ်နိုင်တော့ချေ။ 


သူကသာ ပြိုင်ဘက်ကင်းအကွက်ကို သိမ်းထားဦးမည်ဆိုလျှင် လူရမ်းကားသူခိုး၏ ခုခံစွမ်းအားကို အသက်သွင်းထားသည့်တိုင်အောင် အနီဘက်ခြမ်းက လေးယောက် လေးယောက် တိုက်ခိုက်နိုင်သည့် အခွင့်အရေး ရှိပေလိမ့်မည်။ ဝေ့ရှောင်းကမူ သူသည် နောက်ဆုံး အဆုံးသတ်အထိ ရပ်နိုင်ပေလိမ့်မည်။ သူကသာ အနားတွင် ပိုင်ချိုင် ရှိနေခဲ့ပြီး damageကို ကူယူလျက် ပြိုင်ဘက်များကို ကိုင်တွယ်ပေးမည် ဆိုပါက ဂိမ်း၏ရလဒ်ကို ပြောရန် ခက်ခဲပေလိမ့်မည်။


လူတိုင်းက လက်ရည် တူနေသော အခြေအနေမျိုးတွင် စွမ်းရည်ချင်း သေးငယ်သော ကွာခြားချက်ကတင် ယခုလိုမျိုး ကြီးမားသည့်ကိစ္စမျိုး ဖြစ်သွားစေလောက်သည်။ ထိုအရာသည် ပိုင်ချိုင်နှင့် ခုံးယီအကြားမှ ကွာခြားချက် ဖြစ်သည်။


“လောင်ပိုင်”


ပိုင်ချိုင်က အသိပြန်ဝင်သွားသည်။


ဝေ့ရှောင်းက သူ့ကို ပြောသည်။


“မြန်မြန်လုပ်လေ။ ငါတို့ရဲ့ ဘဲဥက သုညဖြစ်သွားပြန်ပြီ။ မင်းပိုက်ဆံ အနုတ်ခံချင်လို့လား”


ပိုင်ချိုင်သည် အခန်းကို ဖွဲ့သူဖြစ်သည်။ ထို့ကြောင့် သူသည် အရင်ဆုံး matching ဘော်တွန်ကို နှိပ်ရသည်။ ပိုင်ချိုင်က သက်ပြင်း အသာချလိုက်ရင်း စတင်ကာ အသစ်ဝင်သည်။ ဝေ့ရှောင်းက score boardကို ကြည့်သည်။


“ခေါင်းဆောင်က ၁၂မှတ်တောင် ရနေပြီလား”


သူက လုဖုန်းကို မေးသည်။


“ solo ပဲလား”


သူ အရမ်းကို မနာလိုဖြစ်တယ်။ အရမ်းကို မနာလိုဖြစ်တယ်နော်။ လူတစ်ကိုယ်လုံး ချဉ်စုပ်နေတဲ့ ပူဖောင်းတွေတောင် စထုတ်နေပြီ။


ဝှီး


လုဖုန်း “double”


soloဝင်တိုးရာတွင် doubleပွဲနှင့် ကြုံတွေ့ရသော ဖြစ်နိုင်ချေလည်း မနိမ့်ကျချေ။ တစ်ယောက်ချင်းစီ ဝင်တိုးသော လူနှစ်ယောက်က အသင်းဖော်အဖြစ် အတင်းပူးပေါင်းခံရရင်း တစ်ပွဲကစားရလောက်သည်။


ဝေ့ရှောင်း “ doubleက ဒီလောက် မြန်မြန် ပြီးတယ်ပေါ့”

50 02

လုဖုန်း “_ _ _”


“ပြိုင်ဘက်က တအားကို ညံ့လွန်းတာ မဟုတ်ဘူးလား”


Closeက double မကစားနိုင်ဟု ဆိုလိုသည်မှာ Closeသည် ကို double မနိုင်ဟု မဆိုလိုပေ။ 


ပြိုင်ဘက်က လုံလောက်အောင် ညံ့နေရုံနှင့် Closeသည် အသင်းဖော်ကို လူအဖြစ် စဉ်းစားနေရန် အချိန်မလိုပဲ မိနစ်ပိုင်းအတွင်း အနိုင်ယူနိုင်လေသည်။


ထိုအခိုက်အတန့်တွင် FTWအမှတ်က အနည်းငယ် ဆိုးရွားနေသည်။ 


ဝေ့ရှောင်းနှင့် ပိုင်ချိုင်သည် စတင်သော နေရာတွင်သာ ရှိနေသေးသည်။  နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့ကမူ တစ်ပွဲရှုံး တစ်ပွဲနိုင်ထားသည်။ ထို့ကြောင့် Close၏ ၁၂မှတ်ကိုသာ မြင်နေရသည်။


ဝေ့ရှောင်း၏ ပြိုင်ပွဲဝင်လိုစိတ်က ပေါက်ထွက်လာသည်။ 


“လောင်ပိုင် ဒီပွဲမှာ ငါ့ရဲ့နောက်ကိုလိုက်”


ပိုင်ချိုင်က မှင်သက်သွားသည်။


ဝေ့ရှောင်းက ဂိမ်းထဲသို့ ဝင်လိုက်ပြီး လူရမ်းကားသူခိုးကို ယူသည်။ သူက ပိုင်ချိုင်ကို မေးသည်။


“အလင်းဘုန်းတော်ကြီး ကစားချင်လား”


ခုံးယီ၏ အလင်းဘုန်းတော်ကြီးက ပိုင်ချိုင်၏စိတ်တွင် ပေါ်လာသည်။


“ဘာလို့ မယူရမှာလဲ”


ဝေ့ရှောင်းက ရယ်သည်။


“အရိပ်သူခိုးနဲ့ဆို ပူးပေါင်းဖို့ ခက်တယ်။ ဒီပွဲထဲမှာ မင်းရဲ့အကိုကြီးက ကောင်းကင်ဘုံကို သယ်ဆောင်သွားပေးမယ်”


ပိုင်ချိုင် “_ _ _”


“လျှောက်မရှုပ်နဲ့”


ပိုင်ချိုင်၏ အမူအယာက ယခင်ကထက် ပို၍ သက်တောင့်သက်သာ ရှိလာသည်။


“လောင်ဇီကလည်း အနုတ်တွေ မလိုချင်ပါဘူး”


“မစိုးရိမ်စမ်းပါနဲ့။ ငါတို့သာအမှတ်တွေ အနုတ်ခံရမယ်ဆိုရင် ငါတို့ရဲ့ ရင်းနှီးမှုက အဆုံးသတ်ပြီ”


ချန်းဖုန်းက အကြည့်ကိုသာ ‌ရွေ့လိုက်ပြီး နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့ကို သွားကြည့်သည်။ အချို့ကိစ္စများက အလျင်လို၍ မရချေ။ သူတို့ဘာသာ လျှောက်တွေ့သွားပြီး ပြင်ဆင်ခြင်းက အလွန်ကောင်းသည်။ ထိုအချက်အပြင် သူတို့တွင် အရူးလေးဝေ့က ရှိနေသည်။ 


ဒီပွဲတွင် ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က မည့်သည့်အနုပညာရှင်နှင့်မှ မဆုံခဲ့ချေ။


လူရမ်းကားသူခိုးသည် junglerနေရာအတွက် အလွန်အမင်း သင့်တော်သည်။ သူတို့၏ အသင်းဖော်များက ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့၏ ရွေးချယ်မှုကို မြင်လိုက်သည်နှင့် သူတို့သည်လည်း သူတို့၏ အ‌ထောက်အပံ့က junglerနောက်ကို လိုက်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ 


maskmanကလည်း ကိုယ့်ကိုယ်ကို ကောင်းကောင်း ကာကွယ်နိုင်သော ဟီးရိုးကို ‌ရွေးလိုက်သည်။


ထို့ကြောင့် ဂိမ်း၏ အစပိုင်းတွင် ဝေ့ရှောင်းက အဆင့် ၄သို့ ချက်ချင်းလိုလို တက်သွားသည်။


လူရမ်းကားသူခိုးများသည် သူတို့၏ ပြိုင်ဘက်ကင်း အကွက်များကို သုံးပြီးချိန်မှသာ သူတို့၏ ပြိုင်ဘက်ကင်းစွမ်းအင်မျိုးကို ရရှိလေ့ရှိသည်။


ထို့ကြောင့် button laneသို့ သွားပြီး ခုခံပြီးသည်နှင့် အသင်းအတွက် အားသာချက်ကြီးကို ချက်ချင်းလိုလို သယ်ဆောင်ပေးနိုင်သည်။ 


Quiet သည် အရှေ့ပွဲတွင် အလွန်တောက်ပလွန်းသောကြောင့် ဖြစ်လောက်သည်။ ကြည့်ရှုသူ အများစုက သူ၏ချန်နယ်ကို ပြောင်းကာ ဝင်ကြည့်ကြသည်။ ထိုအခိုက်အတန့်တွင်လည်း သူဟာ လူရမ်းကားသူခိုးကို အသုံးပြုထားပြီး ပိုင်ချိုင်က အလင်းဘုန်းတော်ကြီးကို သယ်ဆောင်ထားကြောင်း မြင်သောအခါ လူများက ရယ်ကြသည်။


“FTWရဲ့ လူသစ်က ‌တော်တော်လေးကို ခေါင်းမာတာပဲ။ သူတို့က အရှုံးတွေကနေ ပြန်ထဖို့ ကြိုးစားနေကြတယ်”


“မဆိုးဘူး မဆိုးဘူး။ အခြားသူတွေက ဒီလိုရှုံးပြီး ကြောက်သွားကြတယ်။ ဒါပေမဲ့ သူကတော့ ဒါကို ကျော်လွန်ဖို့ ဆန္ဒရှိသေးတယ်”


“ပြောစမ်း ဒီလူရမ်းကားသူခိုးက တကယ်ကို ကောင်းတယ်”


“အား ယား ငါတို့ရဲ့ချိုင်ကောကို ကြည့်ပါဦး။ ဒီအလင်းဘုန်းတော်ကြီးက ခုံးယီထက် မနိမ့်ကျဘူး”


“ဒီနံရံကို ကောင်းကောင်း သုံးထားတာပဲ။ သေစမ်း ဒါက Asleepနဲ့ ခုံးယီကို ကူးထားသလိုပဲ မဟုတ်ဘူးလား”


“သူတို့က နေရာမှာတင် ကောက်သင်လိုက်နိုင်တာ ဒါက တကယ်ကို မြန်တာပဲ”


ပိုင်ချိုင်နှင့် ဝေ့ရှောင်းတို့သည် ထိုပွဲကို နိုင်သွားသည်။ ထိုပွဲက တိုက်ရိုက်ဆန်ပြီး သက်တောင့်သက်သာရှိရှိ နိုင်စေခဲ့ခြင်း ဖြစ်သည်။ ဝေ့ရှောင်းက ပိုင်ချိုင်ကို လှည့်ကြည့်သည်။


“ချိုင်ကောက တကယ်ကို လုပ်နိုင်တာပဲ”


ပိုင်ချိုင် “ပေါက်ကရ‌”


ဝေ့ရှောင်းက အော်သည်။


“နည်းပြ”


ချန်းဖုန်းက ကြည့်သည်။


ဝေ့ရှောင်း “ချိုင်ကောက နည်းနည်းလေး ပိုပြင်းထန်တဲ့ လှုံ့ဆော်မှုတွေ လိုနေတာ။ စည်းမျဉ်းတွေကို ပြောင်းရင် ပိုကောင်းမယ်။ ငါတို့ရဲ့အမှတ်ပေါင်းကသာ ခေါင်းဆောင်ထက် နိမ့်တယ်ဆိုရင် ပိုက်ဆံ နုတ်တယ်ဆိုပြီးလေ”

50 03

လုဖုန်းသည် ၁၅မှတ်ရထားပြီးလေပြီ။ သူတို့နှစ်ယောက်က ၆မှတ်သာ ရထားသေး၏။ ထို့အပြင် တစ်မှတ်ကို  ငါးထောင်ဆိုလျှင် ၉မှတ်က_ _ _ 


ပိုင်ချိုင်က ပေါက်ကွဲသည်။


“ဝေ့ရှောင်း မင်း… မင်းအဖေကိုသာ_ _ _”


နည်းပြချန်းက ထိုနှစ်ကောင်ကို ကိုင်တွယ်ရန် ပျင်းလွန်းနေသည်။ ထို့သို့ဖြင့် နောက်တစ်ပွဲ စတင်လေသည်။ 


သူတို့က ဂိမ်းထဲသို့ ဝင်‌ရောက်ပြီးပြီးချင်း ဝေ့ရှောင်းက ပျော်သွားသည်။


“ငါတို့ရဲ့ကံက ဒီနေ့ တော်တော်ကောင်းနေတာပဲ”


ပိုင်ချိုင်သည်လည်း တစ်ဖက် IDမှ L&P Garyကို တွေ့လိုက်သည်။


သောက်ကျိုးနည်း ဘယ်လိုကောင်းတာလဲ။


ဒါက ဘယ်လို နံဟောင်နေတဲ့ ကံကြမ္မာလဲ။


သူတို့ ၆မှတ်လေး ရထားတုံးပဲ ရှိသေးတယ်။ အခု ဘယ်လို နောက်ထပ် L&Pရဲ့ လက်မှာ ရှုံးရတော့မှာလား။


ပိုင်ချိုင်သည် လက်ရှိအခါ ဘဲဥကို အလွန်မုန်းနေပြီ ဖြစ်သည်။ သူသည် နှစ်ဝက်လုံးလုံး ဘဲဥကိုပင် မစားတော့ရန် ဆုံးဖြတ်လိုက်သည်။ 


ဝေ့ရှောင်းက တစ်ဖက်ခြမ်းကို နှုတ်ဆက်သည်။


“လောင်ဂျီ မင်းရဲ့ခေါင်းဆောင်က ဘယ်မှာလဲ”


လောင်ဂျီနှင့် ယွမ်ဇယ်တို့က double ဝင်မတိုးသည်မှာ ရှားသည်။ 


လောင်ဂျီက ဝေ့ရှောင်းကို သတိထားမိပြီးသား ဖြစ်သည်။ သူ၏ မာထရန်း စာသားများဟာ နေရာအနှံ့ ခုန်‌ပေါက်၍ ထွက်လာသည်။


“အားနည်းတဲ့ ကြက်တွေကပဲ double တိုးတယ်”


တရုတ်ကို နဂိုကတည်းက နားမလည်သော အသင်းဖော်များသည် ပို၍ပင် နားမလည် ဖြစ်သွားသည်။


ဝေ့ရှောင်းသည် လောင်ဂျီကို လုံလောက်‌အောင် ကူညီပြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်သည်။


“နတ်ဘုရားဂျီက အားနည်းတဲ့ ကြက်ပေါက်တွေကပဲ doubleဝင်တိုးတယ်လို့ ပြောနေတာ”


လောင်ဂျီ၏ အသင်းက နှစ်ဖွဲ့ခွဲပြီး double ဝင်တိုးထားတဲ့ ကစားသမားများ “_ _ _”


လောင်ဂျီ “Quiet  မင်း ငါတို့ကို သတ်ဖို့ ကြိုးစားနေတာလား”


ဝေ့ရှောင်း “ မင်းက ဘာတွေ လာတွေးနေတာလဲ”


လောင်ဂျီ “???”


ဝေ့ရှောင်း “ငါသာ မင်းကို သတ်ချင်တယ်ဆိုရင် အခုပဲ စမှာပေါ့”


ထိုသို့ပြောပြီးနောက် သူသည် နားကြပ်ကတဆင့် ပိုင်ချိုင်ကို လှမ်းပြောသည်။


“လောင်ပိုင် လာ ဒီကိုလာ ငါတို့ရဲ့ ဒီတစ်ပွဲက ပန်းတိုင်က Garyကို ပေါက်ကွဲ သွားတဲ့အထိ ထုရိုက်ဖို့ပဲ”


ထိုသို့ဆိုမှ ယွမ်ဇယ်သည် တစ်ယောက်တည်း soloဝင်တိုးနေခြင်း ဖြစ်သည်။ Closeသည်လည်း solo ဝင်တိုးနေခြင်း ဖြစ်သည်။ ထိုနှစ်ယောက်သည် အချင်းချင်း ဝင်တိုးနိုင်လောက်သည်။


မာရှယ်နဲ့ Closeရဲ့ solo


သူ သွားကြည့်ချင်တယ်။


သို့သော် ဝေ့ရှောင်း ယခုလုပ်နိုင်သမျှသည် တစ်ယောက်တည်း တိုက်ခိုက်သော Garyကို အနိုင်ယူပြီး ပိတ်လှောင်သွားအောင် လုပ်ရန်ဖြစ်သည်။


၁၀မိနစ်တည်းနှင့် လောင်ဂျီက ယူကြုံးမရ ဖြစ်သလိုမျိုး ခုန်ပေါက်နေသည်။


“Quiet မင်းတော့ သေပြီ”


သူသည် အင်္ဂလိပ်လိုပင် ပြောင်းပြောနေပြီ ဖြစ်သည်။


ဝေ့ရှောင်းသည် အမှိုက်စကားများ ပြောရန် မွေးဖွားလာခြင်း ဖြစ်သည်။


“လာ လာ လာ တကယ်သေတာ ဘာလဲဆိုတာကို ငါ့ကို ခံစားခိုင်းစမ်းပါဦး”


ထိုပွဲတွင် လောင်ဂျီ၏ ကံသည် အလွန်ဆိုးသည်။ သူသည် တစ်ယောက်တည်း ဝင်တိုးကတည်းက လုံလောက်အောင် ကံဆိုးပြီးသား ဖြစ်သည်။ သို့သော် သူနှင့် ဆုံသော အသင်းဖော်များကမူ ဖီးနစ်ငှက်များ၏ ပြန်လည်ဝင်စားသူ ဖြစ်နေသည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မှ ဝေ့ရှောင်းကို မနိုင်ချေ။


သို့သော် _ _ _


လောင်ဂျီ “မင်း စောင့်နေပါ ငါတို့ L&P အမှတ်တွေက သေချာပေါက် ထိပ်ဆုံးသုံးနေရာကို ရောက်မှာ။ ဒီည ငါ လေ့ကျင့်ရေးပွဲစဉ်အတွက် မင်းတို့ကို ‌ရွေးတယ်”


Free match ပွဲမှာ သူ့ကို နှစ်ယောက်တစ်ယောက် လာပြီး အနိုင်ကျင့်တာကို ထည့်မတွက်ဘူးနော်။ သူ့မှာ စွမ်းရည်ရှိရင် လာစမ်းပါ။ လေ့ကျင့်ရေးအသင်းလိုက် တိုက်ပွဲကို လာစမ်းပါ။


ဝေ့ရှောင်း၏ မျက်ခုံးက ပျော်ရွှင်မှု အပြည့်နှင့် မြှောက်တက်သွားသည်။


“ကောင်းလိုက်တာ။ မင်းကို ဒီလို ပေါက်ကွဲသွားတဲ့အထိ ထုရိုက်တာက လေ့ကျင့်ရေး match ပွဲတစ်ပွဲ ရတယ်ဆိုရင်တော့ တန်တာပေါ့”


Gary “_ _ _ “


ရုတ်တရက် ဝေ့ရှောင်ရှောင်းသည် လူချမ်းသာဖြစ်ရန် နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့သွားသည်။

50 04

သူတို့ရဲ့ FTWအမှတ်တွေက ထိပ်ဆုံးသုံးနေရာကို ရဖို့မလုံလောက်တော့ရော ဘာဖြစ်လဲ။ ထိပ်ဆုံးသုံးနေရာက အသင်းတွေကသာ သူတို့ရဲ့စိတ်အားထက်သန်မှုတွေ ပြိုလဲကျသွား‌အောင် အလှောင်ရယ်ခံမယ်ဆိုရင် သူတို့ကို အရင်လာရှာပြီး တိုက်ခိုက်ကြမှာ မဟုတ်ဘူးလား။


နဂိုက Garyကို ဒီအတိုင်း ‌ရွေးလိုသော ‌ဝေ့ရှောင်းက ပို၍ပင် စိတ်အားထက်သန်သွားသည်။


ထိုသို့ဖြင် သူသည် စကေးအပြည့်ကို သုံးသောအခါ တကြွပ်ကြွပ် အသံများပင် ပေါ်လာသည်။ ထိုနည်းအားဖြင့် လောင်ဂျီကို ကောင်းကင်ဘုံသို့ ပို့ပေးလိုက်သည်။


ဝေ့ရှောင်း “ ဂျီကော ခံစားလို့ကောင်းလား”


Gary “Quietမင်း သေပြီ အား”


ဝေ့ရှောင်းက သူ့ကို အနမ်းလှမ်းပေးလိုက်သေးသည်။


“ငါ မင်းကို အရမ်းခံစားချက်ကောင်းအောင် လုပ်ပေးပုံ ကြည့်ရရင်  မင်း ဒီည ငါ့ကို စိတ်မပျက်စေ‌လောက်ဘူး”


Match ပွဲကို ကြည့်ရှုနေသော တရုတ်ပြည်မှ ပရိတ်သတ်များ “_ _ _ “


“ဒါပေမဲ့ ဒါပေမဲ့လည်းပေါ့_ _ _ ”


“တကယ်တော့ ခံစားလို့ ကောင်းတာပဲပေါ့”


ဒီအရှက်မရှိ အကောင်ပေါက်က တရုတ်ပြိုင်ပွဲရေး နယ်မြေကို လတ်ဆတ်တဲ့ လေတွေ လွှတ်ပေးနေသလိုပဲ။


သူက ရှင်းပြဖို့ ခက်လောက်အောင် refresh ဖြစ်စေတယ်။ သက်‌တောင့်သက်သာ ဖြစ်စေတယ်။ ဒါက ဘယ်လိုမျိုးလဲ။ 


******