အပိုင်း(51) နတ်ဘုရားချီ ကျေးဇူးပြုပြီး ငါ ဆန္ဒရှိတဲ့အတိုင်း ထုရိုက်မှု ပြုစမ်းပါ
ဝေ့ရှောင်းသည် အမှန်တကယ်ပင် မည်သည့်ခံစားမှုကိုမှ မပြသခဲ့ချေ။ အနီဘက်ခြမ်းသည် ဟီးရိုးရွေးချယ်ခြင်းအားဖြင့် အားသာချက် ရရှိပြီးသား ဖြစ်သည်။ ဒီနည်းအားဖြင့် လူရမ်းကားသူခိုးကို အရလုနိုင်၏။ အတော်လေး အားနည်းသော စွမ်းအားတစ်ခုအဖြစ် ချန်ထားရစ်ခံရသော Garyသည် ဆက်တိုက်ဆိုသလိုပင် ထိခိုက်နစ်နာ ရလေသည်။
အသင်းဖော်များသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသော စီမံလည်ပတ်ပုံများကို ထည့်ပေါင်းထည့်ခြင်းအားဖြင့် သူ၏ တောတွင်းနယ်မြေသည် ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့၏ အနောက်ဘက်ဥယာဉ် ဖြစ်နေခဲ့သည်။ သူတို့သည် စိတ်ဆန္ဒရှိတိုင်း ဝင်ထွက်နိုင်ပြီး သူ၏ ငွေကြေးအခြေအနေကို လုယူနိုင်သည်။ သူတို့က ရှိနေသေးသည့်အချိန်တွင်ပင် လောင်ဂျီ၏ ခေါင်းကိုပင် ယူသွားခဲ့သေးသည်။
သူတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် မောက်မာထောင်လွှားကြသည်။
ငွေကြေးအခြေအနေ အားသာချက်က ဘောလုံးကို စတင်လိမ့်ကာ အရှိန်ကို မြင့်လိုက်သည့် အခိုက်အတန့်တွင် ကားကို ရပ်တန့်နိုင်စွမ်းရည် မရှိတော့ချေ။
ဝေ့ရှောင်းသည် လူရမ်းကားသူခိုးအတွက် ခံစားချက်ကို စတင်ကာ ရရှိနေပြီ ဖြစ်ပြီး ပိုင်ချိုင်၏ အလင်းဘုန်းတော်ကြီးသည်လည်း အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့သည်။ သူတို့နှစ်ယောက်သည် အသင်းဖော်ဟောင်းများ ဖြစ်ခဲ့ပြီးသား ဖြစ်သည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက သူတို့အား မည်သည့်ချုပ်ထိန်းမှုမျှ မရှိအောင် ကစားနိုင်ခြင်း ဖြစ်သည်။
Garyက မည်မျှတော်နေစေကာမူ သူ့အနေဖြင့် ယခုလိုမျိုး ဖိအားပေးခံရသော အနေအထားမျိုးတွင် စားပွဲကို ပြောင်းပြန်လှန်ရန် ခက်ခဲသွားသည်။
သူသည် သံလက်အိတ်ကြီးကို လွှတ်ပစ်လိုက်ခြင်း မရှိခင်အချိန်အထိ အဆင်ပြေနေသေးသည်။ ယခုအခါတွင် သူသည် ဝေ့ရှောင်းကို လှုံ့ဆော်မိသွားသည်။
ဝေ့ရှောင်းသည် သူ့ကို နဂိုကတည်းက ထုရိုက်ချင်ပြီးသားဖြစ်သည်။ ယခုမူ ပို၍ပင် အကြောင်းပြချက် ပိုများသွားသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် နဂါးတွင်းထဲတွင် Garyကို အမှီလိုက်ရန် ကြံစည်နေသော ပိုင်ချိုင်က နံရံတစ်ခုကို ဖြိုချလိုက်သည်။ လောင်ဂျီ၏ မျက်လုံးများကလည်း မြန်ဆန်သည်။ သူ၏လက်ကလည်း မြန်ဆန်သည်။ သို့သော် လူရမ်းကားသူခိုး၏ မြက်ရိတ်ဓားက ပိုပင်မြန်သေးသည်။ ထိုအခိုက်အတံ့တွင် သူသည် lockချခံထားရသည့်အလျောက် လောင်ဂျီအနေဖြင့် သူ၏အနားနားကပ်ကာ တီးတိုးပြောနေသော မိစ္ဆာအနေဖြင့် တီးတိုးသံကိုပင် ကြားနေရသည်။
“ခံစားလို့ ကောင်းလား”
“မင်း အသတ်ခံလိုက်ရပြီ”
“ဖာ့ခ်”
L&P၏ လေ့ကျင့်ရေးခန်းထဲတွင် Garyသည် ဒေါသများနှင့် ခုန်ပေါက်နေသည်။ နည်းပြက သူ့ကို ကြည့်သည်။
“ဘာဖြစ်တာလဲ”
Garyက ဒေါသကြောင့် ရူးသွပ်တော့မည် ဖြစ်သည်။
“ငါတို့ အဆင့်ဘယ်လိုလဲ”
နည်းပြ “ဒုတိယ”
Proသည် ပထမဖြစ်သည်။
Gary “ဒီည လေ့ကျင့်ရေး match ပွဲကို FTWနဲ့ပဲ လုပ်ရအောင်”
ဘေးနားက ယွမ်ဇယ်က တစ်ချက်ကြည့်သည်။
နည်းပြက တည်ငြိမ်စွာ ခွဲခြမ်းစိပ်ဖြာပြသည်။
“ဒါက အရမ်းကြီးတော့ မသင့်တော်ဘူး။ FTWရဲ့ အမှတ်က ငါတို့နဲ့ မတန်_ _ _”
Garyက ဒေါသထွက်နေသည်။
“သူတို့ရဲ့ အမှတ်က သုည ဆိုရင်တောင်မှ ဒီလောင်ဇီက သူတို့ကိုပဲ ရွေးမယ်”
သေစမ်း။ သူက ဒီဒေါသကို မဖောက်ထုတ်နိုင်ဘူးဆိုရင် ဒီတစ်ညလုံး အိပ်နိုင်တော့မှာ မဟုတ်ဘူး။
ကံကောင်းသည်မှာ ဝေ့ရှောင်းသည် သူ၏စကားများကို မကြားခဲ့ပေ။ သူသာ ကြားခဲ့လျှင် _ _ _
သူသည် အတင်းအကြပ်ပင် လာရောက်ကျေးဇူးတင်ပြီး ‘ခံစားချက် ကောင်းလွန်းလို့ ကောင်းကင်ပေါ် ထိုးတက်သွားတာ’ ကို ခံစားရစေရန် အဖော်ပြုပေးလောက်သည်။
ထိုmatch ပွဲသည် အလွန်အမင်း ကျေနပ်ဖွယ် ကောင်းလေသည်။
51 02
ဂိမ်းပွဲကို အနိုင်ယူပြီးနောက် ဝေ့ရှောင်းက မှတ်ချက်ချသည်။
“လောင်ဂျီရဲ့ စွမ်းအားတန်ခိုးက မကောင်းပါဘူး”
ချန်းဖုန်းက သူတို့၏ ပွဲစဉ်ကို တစ်ချက်ကြည့်သည်။
“သူက အပြာဘက်ခြမ်းက junglerတွေလို မတော်ဘူး”
အပြာဘက်ခြမ်းမှ junglerများသည် Pro၏ junglerထက် ကွေ့ကျစ်ကဲ့သို့သော ကစားသမားများကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူသည် ဖန်ရှယ်နယ်talent spec ကို အသုံးပြုထားခြင်း ဖြစ်သည်။ သူက အလျင်လက်ဦးမှုယူကာ ဂိမ်း၏ ဟန်ချက်ကို မတည်ဆောက်ချင်ချေ။ ထို့အစား သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ငွေကြေးတိုင်းကို အမြုတေ ကင်ဆွန်းဟွန်းသို့ ပေးတတ်သည်။ ဒီနည်းအားဖြင့် သူသည် အစောပိုင်းအချိန်ကတည်းက ဂိမ်း၏အရှိန်နူန်းကို တည်ငြိမ်အောင် လုပ်ပြီး နောက်ပိုင်းအဆင့်တွင် တစ်ဖက်ခြမ်း၏ စီနီယာကို တတ်နိုင်သမျှ ဆွဲချတတ်လေသည်။ ဒီနည်းအားဖြင့် Proက ဂိမ်း၏ အဓိကပိုင်းတွင် အနိုင်ရပေမည်။
L&P သည် junglerကို အမြုတေအဖြစ် အလေးထားသော Teamဖြစ်သည်။ Garyသည် သူတို့ jungler၏ အဓိက ဖြစ်သည်။ Closeကဲ့သို့ သူတို့နေ့စဉ်လေ့ကျင့်မှု အများစုက လူရမ်းကားသူခိုး၊ အရိပ်သူခိုးနှင့် သေဆုံးခြင်း သူရဲကောင်းကဲ့သို့သော damage talent မြင့်သော ဟီးရိုးများကိုသာ အာရုံစိုက်လေ့ ရှိသည်။
စွမ်းအားသူခိုးကဲ့သို့ factionကို ပို၍အာရုံစိုက်သော talentမျိုးကမူ သူ၏အားသာချက်မျိုး မဟုတ်ပေ။
ဝေ့ရှောင်းက သူ့ကို အစပိုင်းက အဆုံးထိ ဖိအားပေးကာ တောက်လျောက် ထုရိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် Garyက လုံးဝ လက်သင့်မခံနိုင်ခဲ့ ခြင်းဖြစ်သွားသည်။ သူကသာ လူရမ်းကားသူခိုးကို ရရှိနိုင်မည်ဆိုလျှင်ပင် ဝေ့ရှောင်းနှင့် ပိုင်ချိုင်ကို မြေပြင်ပေါ်သို့ ပြုတ်ကျသည်အထိ ထုရိုက်ဖောက်ခွဲနိုင်မည်ဟု ယုံကြည်ထားသည်။
ဝေ့ရှောင်းက ထိုကိစ္စများကို ဂရုမစိုက်ချေ။ သူသည် Garyက ဒီညတွင် သူ့ကို လာရောက်ထုရိုက်ရန်ပင် မျှော်လင့်မိသေးသည်။
Gary၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ရရှိမည်ဆိုလျှင် သူသည် စာပင် ပို့လောက်သေးသည်။
.. နတ်ဘုရားဂျီ ကျေးဇူးပြုပြီး ငါတောင်းဆိုထားတဲ့ အတိုင်း ထုရိုက်ခံရတဲ့ အတွေ့အကြုံလေးကို ခံစားခွင့်ပေးစမ်းပါ။
ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့အတွက် နှစ်ပွဲလုံးက အဆင်ပြေသွားသည်။ သူတို့သည် တစ်သုတ်တည်းနှင့် ၁၂မှတ်ရလိုက်သည်။ FTW ၏ အမှတ်များက ခြောက်နေရာမှ ငါးနေရာသို့ ထိုးတက်သွားပြီး အထွတ်အထိပ် တက်ရန် ခက်ခဲသွားသည်။
လူတိုင်းက ပွဲစဉ်အသီးသီးတွင် ပါဝင်ခဲ့ပြီးသား ဖြစ်ပြီး ပိုင်ချီသည် ဆက်လက်ပြီး လုပ်ရန် ကြိုးစားလိုက်သည်။
ဝေ့ရှောင်းကလည်း မျှော်လင့်စောင့်စားနေသည်။
“ပိုင်ချိုင် မင်း လုပ်နိုင်ပါတယ်။ မင်း ဘယ်သူ့ကို ဆွဲမိမလဲ ကြည့်ရအောင်”
ပိုင်ချိုင်၏ လက်က တုန်ယင်သွားမိသည်။
“ငါ့ကို အားနည်းတဲ့ ပြိုင်ဘက် ပေးစမ်းပါ။ ဒီလောင်ဇီက အေးအေးဆေးဆေးပဲ နိုင်ချင်တယ်”
သူ၏ဆုတောင်းများသည် အဖြေရရှိလိုက်သည်။ သူတို့အသင်းထဲမှာ အခြားသော အသင်းဖော် သုံးယောက်ထဲတွင် နှစ်ယောက်က အောက်ဆုံးမှရေလျှင် ဒုတိယနေရာကို ရရှိထားသော အသင်းထဲမှ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကမူ အောက်ဆုံးမှရေလျှင် တတိယနေရာအသင်းမှ ဖြစ်သည်။
ဝေ့ရှောင်း “မင်းက တကယ်တော်တာပဲ”
သူသည် အားနည်းသော ပြိုင်ဘက်များကို လိုချင်သည်။ သို့သော် ဆန်ကိုသာ ကောက်စားနိုင်သည့် အားနည်းလွန်းသော ကြက်ပေါက်များကို သူ့ဘက်ခြမ်းတွင် မလိုလိုပေ။
ဝေ့ရှောင်းတွင် အကျင့်ဆိုးရှိသည်။ သူသည် ဟီးရိုးတစ်မျိုးကို အသုံးပြုသောအခါ သူသုံးနေကြဖြစ်သော ဟီးရိုးများကို ဆက်တိုက်သုံးတတ်ခြင်း ဖြစ်သည်။
အခြားသောသူများကမူ တူညီသော ဟီးရိုးကို ထပ်ခါတလဲလဲ သုံးလျှင် ပျင်းသွားလောက်သည်။ သို့မဟုတ် ပင်ပန်းလာလောက်၏။ ဒီနည်းအားဖြင့် ဟီးရိုးအသစ်ကို ပြောင်းသုံးချင်လာသည်။
ဝေ့ရှောင်းကမူ အထူးတလည်ပင် အတိုက်အခံ ကြိုးစားရင်း ထိုဟီးရိုးကိုသာ အချိန်အတန်ကြာအောင် သုံးနေလေ့ရှိသည်။ သူက ထိုဟီးရိုးကို သူ၏ကြွက်သားများ၊ အရိုးများအတွင်း ထွင်းထုနိုင်လောက်အောင် မမှတ်မိမချင်း လက်မလျော့တတ်ပေ။
ထိုပြဿနာသည် Gloryရှိ နည်းပြတိုင်းက သူတို့၏ ကစားသမားတိုင်းကို ပိုင်ဆိုင်ထားလိုသည့် ပြဿနာတစ်ရပ်ဖြစ်သည်။
51 03
ဘယ်လောက် အံ့ဩဖို့ကောင်းလိုက်လဲ။
ဒီလိုဆိုရင် ဒီကစားသမားတွေကို လေ့ကျင့်ဖို့ အတင်းအကြပ် အင်အားသုံးစရာ မလိုတော့ဘူး။
တရုတ်ပြည် ပြိုင်ပွဲရေးနယ်မြေဇုန်တွင် ကြေးများပြီး နုနယ်သော ကစားသမားအဖြစ် နာမည်အကြီးဆုံးသည် Eurostar ဖြစ်သည်။ သူ၏ ဟီးရိုးဖူးသည် သမုဒ္ဒရာလောက်နက်သည်။ သူ အသုံးမပြုနိုင်သော ပစ်ခတ်ခြင်း ဟီးရိုးဟူ၍ မရှိပေ။ သို့သော် ဝေ့ရှောင်း၏ တူအဖြစ် သူ့ကို ပိတ်လှောင်သွားအောင် မပို့ခင်က သူသည် Toplaneမှ ဟီးရိုးများကို အသုံးပြုနိုင်သည်။ သို့သော် သူ၏ကြွက်သားများအထိ မှတ်မိအောင် ထွင်းထုထားသော ဟီးရိုးများကမူ ရှားပါးသည်။
နည်းပြများသည် သူ့အား ပို၍လေ့ကျင့်စေလိုသည်။ သို့သော် သူသည် လူသစ်များကိုသာ တိုက်ခိုက်ရင်း၊ အင်တာနက်ကိုသာ သုံးရင်းဖြင့် သူ၏ နည်းသစ်များကိုသာ အချိန်ဖြုန်းလေ့ရှိကာ သီအိုရီကျကျ ဗဟုသုတများကို အသုံးပြု၍ နည်းပြနှင့် နေထိုင်ရသည့် တိုက်ပွဲများမှ ခုန်ထွက်ရလေ့ရှိသည်။
နည်းပြများကမူ ထိုအကြောင်းအရာကို ကြားတိုင်း မှင်သက်လာပြီး ခေါင်းဆောင်ဖူကို သွားသွားမေးလေ့ရှိသည်။
ဖူလီကမူ နှာခေါင်းရှုံ့လျက် စာတိုကိုသာ ခပ်မြန်မြန်ရေးပြပြီး Eurostar ကို ဖြေပေးလိုက်သည်။
“ရပြီလား”
Eurostarသည် ကျောင်းတွင် အဆင့်များက ကြောက်စရာပင် ကောင်းသည်။ သူ၏ စကေးအမှတ်တိုင်းကို ဂိမ်းထဲသို့ ပေါင်းထည့်ထားသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် သူသည် ဘာကဘာမှန်း နားမလည်ဘဲ မနေပေ။
ဖူလီ “မင်း နားမလည်ဘူးဆိုရင် ငါ သင်ပေးမယ်”
Eurostar “!”
ဖူလီ “ ဒါမှမဟုတ်ရင် မီးမုဆိုးကို သွားပြီး လေ့ကျင့်မလား”
Eurostarသည် မဟာ့ မဟာ မြန်ဆန်သော အရှိန်မျိုးဖြင့် အော်ငြီးလိုက်ပြီး သူ၏မျက်ရည်များကို ဖိနှိပ်လျက် မီးမုဆိုးကို အသုံးပြုကာ တစ်နေလုံး တစ်ညလုံး အဆင့်တက်ခဲ့သေးသည်။
အခြားတစ်ခြမ်းတွင် ဝေ့ရှောင်းကမူ အင်အားသုံးရန် မလိုအပ်ခဲ့ချေ။ သူသည် စိတ်ပါဝင်စားနေသောအခါ အသင်းဖော်များကိုပင် အန်ချင်စိတ် ပေါက်လောက်အောင် ကစားနိုင်လွန်းသည်။ ဥပမာအနေဖြင့် ပိုင်ချိုင်ဖြစ်သည်။ မူလကမူ သူသည် အလင်းဘုန်းတော်ကြီးတွင် မတော်ပေ။ ယခုအခါ သူသည် ဝေ့ရှောင်းနှင့် ဝင်တိုးပြီး ထိုဟီးရိုးတစ်ခုတည်းနှင့် တောက်လျောက် သွားရမည်ဖြစ်ကြောင်း နားလည်လိုက်ခြင်း ဖြစ်သည်။
ချိုင်ကော၏ ကြွက်သားမှတ်ဉာဏ်က တက်တက်ကြွကြွ လည်ပတ်ရန် မလိုအပ်ချေ။ အကြောင်းမူကား အားလုံးက အင်အားသုံးကာ တွန်းပို့ခံရခြင်းဖြစ်သည်။
အသင်းဖော်များက ဒီဂိမ်းပွဲတွင် လုံလောက်အောင် အားနည်းနေကြသည်။ သို့သော် ပြိုင်ဘက်များကမူ နတ်ဘုရားအဆင့်တမျှ အင်အားကြီးမားနေသည်။
ဝေ့ရှောင်းသည်လည်း သူတို့၏ အိုင်ဒီများကို ဝင်လိုက်သောအခါ သူ၏ မျက်လုံးများက ကွေးကောက်သွားသည်အထိ ရယ်လိုက်သည်။
“proရဲ့ ကင်ဆွန်းဟွန်း”
ပိုင်ချိုင် “ဖာ့ခ် “
သူသည် လက်ကို သွားဆေးသင့်လေပြီ။
သူ့လက်က တော်တော် ကံဆိုးနေတာပဲ။
ဝေ့ရှောင်းက ပျော်ရွှင်စွာ အော်သည်။
“နတ်ဘုရားကင် မင်းတစ်ယောက်တည်း ဝင်တိုးတာလား”
အမှန်ပင် ကင်ဆွန်းဟွန်းက လီဟယ်ရန်နှင့် နှစ်ယောက်အတူ ဝင်တိုးနေကျ ဖြစ်ရာမှ ယခုအခါ တစ်ယောက်တည်း ဝင်တိုးလာခြင်း ဖြစ်သည်။
သူတို့ သီးသန့်ဝင်တိုးရင် အမှတ်ပိုရ မြန်နိုင်လို့လား။ ဘာလို့ ထိပ်ဆုံးသုံးသင်းက အသင်းတွေအားလုံး တစ်ယောက်ချင်းစီ ဝင်တိုးနေတာလဲ အိုး။
က တတိယနေရာတွင် ရှိသည်။ ယခုလေးတင် ဝင်တိုးထားခြင်း ဖြစ်သည်။
ဝေ့ရှောင်း၏ အတွေးများဟာ စတင်ပြီး ပျံ့နှံ့သွားပြန်သည်။
ကင်ဆွန်းဟွန်းက တစ်ယောက်တည်း ဝင်တိုးရင်း Closeနဲ့ ဆုံသေးတာလား။ ပြောရမယ်ဆိုလျှင် ဝေ့ရှောင်းသည် အလွန်သိချင်နေ၏။
ဘယ်လိုများ သန့်စင်လွန်းတဲ့ maskmanတစ်ယောက်က ကောင်းကင်ကို ဖြိုချပြီး ဝင်္ကပါထဲကို ဝင်ရောက်နိုင်မှာလဲ။
သူသည် လုဖုန်း၏ maskmanကို မြင်ခဲ့ဖူးသော်လည်း ဝေ့ရှောင်းကမူ ကင်ဆွန်းဟွန်း၏ပုံစံက သူနှင့်ခြားနားကြောင်း အလွန်သေချာနေသည်။
ဆိုတော့ ဒီအထွပ်အထိပ်အဆင့် maskmanလိုမျိုး Gloryရဲ့ Mဘုရားကျောင်းထဲမှာ ရပ်နေတဲ့သူက ဘယ်လိုမျိုးများ Soloမှာလဲ။
ကင်ဆွန်းဟွန်းကလည်း အလွန်အံ့ဩသွားသည်။
“မင်းတို့ခေါင်းဆောင်က ဘယ်မှာလဲ”
ဝေ့ရှောင်း “သူလား solo ဝင်တိုးနေတယ်”
ကင်ဆွန်းဟွန်း “_ _ _”
ဝေ့ရှောင်းသည် သူ၏မနာလိုမှုကို ဖုံးကွယ်ထားသည်။ သူ၏ စကားလုံးများကို ရိုက်ပို့လိုက်သည်။
“သူက အခုမှ လုပ်ကာစလေ။ ဒီပွဲလေးကို မြန်မြန်လေး အဆုံးသတ်ရအောင်။ ဒါဆိုရင် နောက်တစ်ပွဲကျရင် မင်း သူနဲ့ တွေ့ရလောက်တယ်”
ကင်ဆွန်းဟွန်း “_ _ _”
ဝေ့ရှောင်းက ရုတ်တရက် စိတ်အားထက်သန် သွားပြန်သည်။
“မင်း ဒီလို ဝင်တိုးတာက ငါ့ရဲ့ခေါင်းဆောင်နဲ့ solo ချင်လို့လား”
ကင်ဆွန်းဟွန်းက ချက်ချင်းပြန်ဖြေသည်။
51 04
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါက ရှီမှ မဟုတ်တာ။ ဘာလို့ သူနဲ့ solo ဝင်တိုးချင်ရမှာလဲ”
ဝေ့ရှောင်း “???”
ကင်ဆွန်းဟွန်းက သူ့အတွက် ဘာသာပြန်ပေးပြန်သည်။
“ရှီက မာရှယ်လေ”
တရုတ်လိုသာ နားလည်သော တစ်ယောက်တည်းသောသူ ဖြစ်သည့်ပိုင်ချိုင် “_ _ _”
ဝေ့ရှောင်းက ချီးကျူးသည်။
“ဒီနာမည်ပြောင်က _ _ _ တော်တော်လေး အံ့ဩစရာပဲ”
L&P၏ လေ့ကျင့်ရေးစခန်းထဲတွင် solo ဝင်တိုးနေသော ယွမ်ဇယ်က ထချေသည်။ ဝေ့ရှောင်းနှင့် ကင်ဆွန်းဟွန်းတို့သည် အတွေးတူပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသော်လည်း အစစ်အမှန် ဂိမ်းပွဲနှင့် ပတ်သက်လာသောအခါ ခံစားချက်များကို ထည့်သွင်းခြင်း မရှိတော့ချေ။
ကင်ဆွန်းဟွန်း “ငါ့ကို ပစ်မှတ်ထားတာလား”
ဝေ့ရှောင်းက အပြုံးမျက်နှာလေး ပို့လိုက်ပြီး အလွန်ယဉ်ကျေးစွာ ပြောသည်။
“ဟုတ်ပါပြီ”
ကင်ဆွန်းဟွန်းက သဘောကျသွားသည်။
“နံဟောင်နေတဲ့ ကောင်စုတ်လေး”
ကင်ဆွန်းဟွန်းသည် သိသာစွာပင် လောင်ရှီနှင့် ခြားနားသည်။ အခြားသော အထွေအထူးသာမရှိလျှင် သူ၏ကံသည် အခြားတစ်ဖက်သူကို ဆွဲချရန် လုံလောက်ပြီးသား ဖြစ်သည်။
လောင်ဂျီ၏ စွမ်းအားသူခိုးသည် အမှန်တကယ်ပင် အသုံးမကျပေ။ သို့သော် ကင်ဆွန်းဟွန်း၏ မုန်တိုင်းမုဆိုးကမူ ကောင်းကင်သို့ ထိုးတက်ရန် လုံလောက်အောင် အင်အားကြီးမားသည်။
နတ်ဘုရားအဆင့် ADCတစ်ယောက် ဖြစ်သည့်အလျောက် ကင်ဆွန်းဟွန်း အသုံးမပြုနိုင်သော maskman talentမျိုး မရှိပေ။
အေးခဲမုဆိုးသည် မုန်တိုင်းမုဆိုးကို ကွင်းတစ်ခုလုံးအနှံ့ ရွေ့လျားအောင် လုပ်ပြီး damageယူနိုင်သည်မှ စတင်ပြီး သူသည် အားလုံးကို အသုံးပြုလျက် နှစ်သက်သလို အသုံးချနိုင်သည်။
ဝေ့ရှောင်းသည်လည်း ပထမဦးဆုံး စတွေ့ကတည်းက နတ်ဘုရားအသင်းက ကစားသမားလေးယောက်လုံးသည် soloရာတွင် အလွန်တော်လွန်းကြောင်း နားလည်ထားပြီးသား ဖြစ်သည်။
ထိုမုန်တိုင်းမုဆိုးသည် တောင်ကြားအနှံ့ ပျံသန်းနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူသည် ဖြတ်လတ်မြန်ဆန်လွန်းပြီး လျင်မြန်လွန်းသဖြင့် ထိ၍ မရနိုင်လောက်ချေ။ ဝေ့ရှောင်းသည် ကင်ဆွန်းဟွန်း၏ double ပွဲများကို ကြည့်ဖူးသည်။
ထို့ကြောင့် doubleကစားသောအခါ လီဟယ်ရန်သာ ရှိနေလျှင် ကင်ဆွန်းဟွန်းသည် အများအားဖြင့် မတ်တပ်ရပ်လျက် damage များကို ကိုင်တွယ်နေသော maskmanအလား ပြုမူလေ့ ရှိသည်။
ပထမဦးဆုံးအနေဖြင့် လီဟယ်ရန်ကို ယုံသည်။ သူ၏ခေါင်းဆောင်ကလည်း သူ့ကို လုံလောက်သော အခွင့်အရေးများ ထပ်မံပေးလျက် damageများကို ကိုင်တွယ်ပြီး ပေးလိမ့်မည်ဟု ယုံကြည်ထားသည်။ ဒုတိယအချက်အနေဖြင့် ထိုနေရာတွင် ရပ်နေသော maskmanက နောက်ပိုင်းအဆင့်တွင် ကြောက်စရာ ကောင်းသော damageများကို ကိုင်တွယ်နိုင်သော စွမ်းရည်ရှိသော ပြစ်ချက်များကို ထုတ်လွှင့်နိုင်သည်။ သူတို့က မည်သူကို ရင်ဆိုင်ရစေကာမူ သူ၏မြှားအောက်တွင် မည်သည့်အရာကမှ မယှဉ်သန်နိုင်ချေ။
ကင်ဆွန်းဟွန်းသည် သဘာဝအလျောက်ပင် တစ်ယောက်တည်း ဝင်တိုးသောအခါ အကာအကွယ် လိုအပ်သည့် ဟီးရိုးမျိုးကို မရွေးချယ်တတ်ပေ။ အခြားသော အထောက်အပံ့ ကစားသမားများနှင့် လီဟယ်ရန်၏ အထောက်အပံ့သည် ခြားနားသော သားရဲကောင်းများအလား ဖြစ်သည်။
ပိုင်ချိုင်က ကင်ဆွန်းဟွန်း၏ တောက်ပလွန်းသော အသုံးပြုပုံများကို ကြည့်ပြီး စိတ်ထဲတွင် မျက်လုံး လှန်လိုက်သည်။
ဝေ့ရှောင်ရှောင်းသည် သူ၏ခေါင်းကို ထပ်ပြီး လွှတ်ပေးချင် နေလောက်သည်။ သူ အင်အားကြီးတဲ့သူကို ရင်ဆိုင်ရတဲ့အခါ ရရှိလာတဲ့ သာယာမှုဆိုတဲ့ ပြဿနာကို ကုပေးနိုင်တာ မရှိတော့ဘူးလား။
ကံဆိုးသည်မှာ သူတို့အသင်းသည် အလွန်အသုံးမကျပေ။ Toplane၊ middlelaneနှင့် maskmanအကြားတွင် လမ်းကျဉ်း ၂ခုလုံးက ပြိုကျသွားသည်။ ဝေ့ရှောင်းက နောက်ဆုံးတွင် ပြိုကျသွားပြီး ကင်ဆွန်းဟွန်းကို အရူးကဲ့သို့ နေပါသော်လည်း သူသည် တစ်ကြိမ်သာ သတ်နိုင်ခဲ့သည်။
ဝေ့ရှောင်းက ပိုင်ချိုင်ကို ခေါ်သွင်းလာသောအခါ သူ့ကို သတ်နိုင်ရန် ကြိုးစားနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့က နှစ်ယောက် တစ်ယောက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
အိုး ဝေ့ရှောင်းဘက်မှ maskmanသည် နတ်ဘုရားကင်၏ စကေးအောက်တွင် သတ်ဖြတ်ခံရပြီးသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ကြမ်းပြင်တွင် လဲရင်း တိုက်ပွဲကို ကြည့်နေသည်။
ကင်ဆွန်းဟွန်းက မြေပြင်သို့ နင်းချေရင်း စာရိုက်သည်။
“မဆိုးပါဘူး”
နှစ်ယောက် တစ်ယောက် ရင်ဆိုင်ရခြင်း ဖြစ်သော်လည်း သူသည် ပိုင်ချိုင်၏ ထိန်းချုပ်စကေးကို ရှောင်ရှားခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည်။ ဝေ့ရှောင်းကသာ သူ၏ မိုးစက်များ ပတ်ပတ်လည်တွင် ဆက်တိုက် ရွေ့လျားနေခဲ့ပြီး သူ၏အသက်ကို ယူရန်အတွက် စကေးတစ်စုံကို အသုံးပြုသွားခဲ့ခြင်း ဖြစ်သည်။
ထိုအခြေအနေကမူ တစ်စုံတစ်ခုတော့ဖြင့် ခြားနားသည်။
ဝေ့ရှောင်းသည် စာရိုက်ရန် အချိန်မဖြုန်းပေ။ သူသည် တစ်ဖက်ခြမ်း၏ တောထဲသို့ ဝင်ရောက်လာပြီး ရှာဖွေကာ စောင့်ဆိုင်းပြီးနောက် ယခုလေးတင် ပြန်ရှင်လာသော ကင်ဆွန်းဟွန်းကို ရှာနိုင်သွားသည်။
ကင်ဆွန်းဟွန်းသည် အထောက်အပံ့တွင် အသုံးမကျပေ။ maskmanနောက်သို့ မလိုက်ခဲ့ရုံတင် မကသေးလေဘဲ ဖစ်ရှင်ကိုပင် မထောက်ပံ့ပေးထားပေ။
ကင်ဆွန်းဟွန်း၏ ရှုထောင့်မှ ကြည့်သော် ထိုမြေပုံလေးသည် ရှင်းလင်းနေပြီး အလွန်လုံခြုံနေလောက်သည်။
51 05
ဝေ့ရှောင်းက အသက်ရှူအောင့်လျက် မုန်တိုင်းမုဆိုး ရောက်လာမည့်အချိန်ကို စောင့်နေသည်။
မုန်တိုင်းမုဆိုးက အမှန်တကယ် ရောက်လာခဲ့သည်။ ထိုသို့ဖြင့် bottomlaneနားရှိ မြက်ခင်းနားသို့ နီးကပ်လာသည်။
“လောင်ပိုင်”
ပိုင်ချိုင်သည် ချက်ချင်းဆိုသလိုပင် သူ၏ ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလိုက်သည်။ ဝေ့ရှောင်း၏ မျက်ရည်ကသာ အချိန်တိုင်းလိုလို လှုပ်ရှားပြီး ကြည့်ရှုသူများကို မျှော်လင့်စောင့်စားမှုအပြည့်နှင့် အသက်ရှုအောင့်ထားစေသည်။
“သေစမ်း ရှောင်လို့မရတော့ဘူး နတ်ဘုရားကင်ဆိုရင်တောင်မှ”
“လွတ်သွားပြီ”
“ဒီမုန်တိုင်းမုဆိုးက_ _ _”
“တအားလှတယ်။ မုန်တိုင်းမုဆိုးက မိုးစက်ပေါ် နင်းပြီး ပျံသန်းနိုင်တာပဲ”
အမှန်ပင် ကင်ဆွန်းဟွန်းသည် မြက်ခင်းနား ရောက်လာသောအခါ သူ၏သတိကို မအေးထားနိုင်တော့ပေ။
ပိုင်ချိုင်က သူ၏ပြိုင်ဘက်ကင်းအကွက်ကို သုံးလိုက်သောအခါ သူ၏မုန်တိုင်းမုဆိုး၏ မိုးစက်များက ဖန်သားပြင်တစ်ခုလုံး ပျံထွက်သွားပြီဖြစ်သည်။ ဆက်တိုက်ရွေ့လျားမှုများနှင့် သူ၏လက်၏ အရှိန်နူန်းကို လွန်ကဲလွန်းသော အတိုင်းအတာအထိ ထိုးတက်လိုက်ပြီးနောက်တွင် သူသည် ဝေ့ရှောင်း၏ မြက်ရိတ်ဓားကို ရှောင်ရှားလျက် သူ၏ damage များအားလုံးကို လူရမ်းကားသူခိုးထံ ပုံချလိုက်သည်။
ပိုင်ချိုင်က လေအေးများကို ရူရှိုက်လိုက်သည်။
“သန်မာလိုက်တာ”
သူက Closeလိုမျိုး နတ်ဘုရားteamရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတဲ့အတိုင်းပဲ။
ဒီခွန်အားက ကြောက်စရာကောင်းလွန်းတယ်။
ဝေ့ရှောင်း၏ မျက်လုံးက မပြောင်းလဲချေ။ သူသည် ထိုသို့မှင်သက်ဖွယ်ကောင်းသော မုန်တိုင်းမုဆိုးကို ရင်ဆိုင်ရသောအခါ ဖိအား မများသွားချေ။ အနှစ်ချုပ်ဆိုရသော် ပို၍ပင် တည်ငြိမ်ပြီး ပို၍ပင် သန်မာသွားသေးသည်။ မုန်တိုင်းမုဆိုးက ဆင်းသက်သွားသည်။
Critical health အထိ ထိုးကျနေသော လူရမ်းကားသူခိုးက သူ၏မြက်ရိတ်ဓားကို ယမ်းလျက် မုန်တိုင်းမုဆိုးကို lock ချလိုက်သည်။
ဝေ့ရှောင်း “ချိုင်ကော”
ပိုင်ချိုင်သည် ချက်ချင်းလိုလို အသိပြန်ဝင်လာသည်။ ဒိုင်းသည် အနည်းငယ် နောက်ကျသော်လည်း အချိန်ကိုက် ရောက်လာသေးသည်။
ဝေ့ရှောင်းက အတင်း ထိုးဆင်းသွားသည်။ မုန်တိုင်းမုဆိုးကလည်း သူ၏health တစ်ဝက်တည်းနှင့် ထွက်သွားရသည်။
ကင်ဆွန်းဟွန်းသည် လွယ်ကူသော ပစ်မှတ်မျိုး မဟုတ်ပေ။ ဝေ့ရှောင်း၏ အခွင့်အရေးကို ဖမ်းယူနိုင်သော စွမ်းရည်က သူ့ကို ဖမ်းယူနိုင်စေသည်။ သို့သော် တိုက်ပွဲနယ်မြေက လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထို့ကြောင့် သူသည်လည်း မည်သူ့ကိုမှ အထင်မသေးတော့ပဲ ကိစ္စများကို ပေါ့သေးသေး သဘောမထားတော့ချေ။ ထို့နောက် _ _ _
Crew downက အဆုံးသတ်သွားသောအခါ မုန်တိုင်းမုဆိုးက တစ်ဖန်ထပ်ပြီး မိုးပေါ် တက်ပြန်သည်။ မိုးမြှား တံစဉ်းများ မိုးစက်များကို ဖြတ်သန်းပြီး လူရမ်းကားသူခိုးကို ကွက်တိထိမှန်သည်။
အလင်းဘုန်းတော်ကြီး ဒိုင်းကာသည် ချက်ချင်းလိုလို ပေါက်ကွဲသွာသည်။ လူရမ်းကားသူခိုးပေါ်တွင် ကျန်သော သွေးတစ်မျှင်က သူ့ကို ထောက်ပံ့ပေးရန် မလုံလောက်ချေ။
သို့ရာတွင် သူက မြေပြင်သို့ လဲကျသည့် အခိုက်အတန့်တွင် ဝေ့ရှောင်းက ရှေ့သို့ ပြန်လည်ထိုးတက်လာပြီး မုန်တိုင်းမုဆိုးကိုပါ သူနှင့်အတူ ဆွဲချလိုက်သည်။ သူတို့အတူ သေသွားသည်။
အသက်ရှင်နေသေးသော ပိုင်ချိုင် “_ _ _”
သူတို့ကသာ ပြန်ပြီး ဒီဂိမ်းကို ရီပလေး ကြည့်မည်ဆိုလျှင် သူ၏တစ်လလုံးစာ လစာများကို အနုတ်ခံရလောက်သည်။
ကင်ဆွန်းဟွန်းနှင့် တိုက်ခိုက်သော တိုက်ပွဲတွင် သူသည် အလွန်အမင်း အသုံးမကျ ဖြစ်ခဲ့သည်။
မတိုက်ခိုက်ဘဲ ရှုံးသွားတယ်။
သူ ဘယ်လိုများ အဆင့်နိမ့်လွန်းတဲ့ အမှားမျိုးကို လုပ်ရတာလဲ။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူသည် ဝေ့ရှာင်းနောက်သို့ အမှီလိုက်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားခဲ့သည်။ ယခုအခါ သူသည် ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်လာသည်မှာ နှစ်နှစ်ပင် ကြာသွားခဲ့လေပြီ။ သို့တိုင်အောင် နောက်တွင် ကျန်ရစ်ခဲ့လေပြီ။
51 06
ပိုင်ချိုင်၏ လက်မောင်းက ထုံထိုင်းနေပြီး တစ်ကိုယ်လုံး ကြက်သီးများ ထနေသည်။
သူတို့သည် ဒီပွဲတွင် ရှုံးသွားသည်။
ဝေ့ရှောင်းက ကုလားထိုင်နောက်ဘက်သို့ မှီလိုက်ရင်း သက်ပြင်းချသည်။
“အံ့ဩစရာပဲ”
သူသည် ဒီအရှုံးကို အမှန်ပင်လက်ခံသည်။ နတ်ဘုရားအသင်းက အမှန်ပင် သန်မာသည်။
သူကသာ သူတို့ကို အမှီလိုက်လိုလျှင် ဆက်လက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားရဦးပေမည်။ သို့ရာတွင် သူသည် သူတို့ကို သေချာပေါက် မှီပေလိမ့်မည်။
ဝေ့ရှောင်းက ပိုင်ချိုင်ကို ကြည့်သည်။
“ဘာဖြစ်လို့လဲ”
ပိုင်ချိုင် “_ _ _”
ဝေ့ရှောင်းက အံ့ဩသွားသည်။
“ပိတ်လှောင်တော့မှာလား။ ဒါလည်းမဆိုးပါဘူး။ ကင်ဆွန်းဟွန်းက တကယ်သန်မာတာပဲ။ ဒါပေမဲ့ သူက ငါတို့ရဲ့လက်မှာ သုံးကြိမ်တောင် သေသွားတယ်”
ပိုင်ချိုင်က သီးသွားသည်_ _ _သူက မင်းရဲ့လက်မှာ သုံးကြိမ်သေသွားတာ။
ဝေ့ရှောင်းက သူ၏ပုခုံးကို ပုတ်သည်။
“နောက်တစ်ကြိမ် ငါတို့ မုန်တိုင်းမုဆိုးကို ရင်ဆိုင်တဲ့အခါ ငါတို့ အလင်းဘုန်းတော်ကြီးပဲ ယူရအောင်။ ဒီလိုနဲ့ ငါတို့က သူရဲ့ပတ်ပတ်လည်မှာ ခုန်ပေါက်နေကြမယ်လေ။ သူကို ဘယ်သူက ပျံ ပျံ ပျံခိုင်းလို့လဲ။ သူကိုယ်သူ လိပ်ပြာများ ထင်နေတာလား”
ပိုင်ချိုင် “_ _ _”
မင်းက လေထုအခြေအနေကို ဖျက်ဆီးနေတာပဲ။
သေစမ်း အခုလေးတင် ကိုယ်ကိုယ်ကိုပြန်ပြီး သုံးသပ်တော့မလို့။
ဝေ့ရှောင်းသည် သူ့အား အမြန်တိုက်တွန်းလျက် နောက်တစ်ပွဲကို စခိုင်းချင်နေချိန်တွင် ချန်းဖုန်း၏ ပြောစကားကို ကြားလိုက်ရသည်။
“တိုက်ဆိုင်လိုက်တာ”
ဝေ့ရှောင်းက လုဖုန်းနား ကပ်သွားသည်။
ခေါင်းကိုငုံ့ပြီး ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်။
“အိုး ခွေးအိုကြီးယွမ်”
ဟုတ်တယ် လုဖုန်းက solo ဝင်တိုးရင်း double match ပွဲထဲ ရောက်သွားတာ။ ကောင်းတာလား ဆိုတာလားတော့ မသိဘူး။ solo ဝင်တိုးတဲ့ ယွမ်ဇယ်ကလည်း သူ၏အသင်းဖော် လာဖြစ်တယ်။
L&P၏ လေ့ကျင့်ရေးစခန်းရှိ ယွမ်ဇယ် “ဖာ့ခ်”
Garyသည် သူ၏ရန်ငြိုးများကို ဖောက်ထုတ်နေခြင်း ဖြစ်သည်။
“ဘာ မင်းက အရူးလေးQ နဲ့ match ဖြစ်သွားတာလား”
သူသည် ခေါင်းဆန့် ထုတ်လိုက်သည်။
“သောက်ကျိုးနည်း”
ယွမ်ဇယ်က အတွေးအချို့နှင့်အတူ solo ဝင်တိုးရန် သွားခြင်းဖြစ်သည်။ ဥပမာအနေဖြင့် သူသည် လုဖုန်းနှင့် solo ရင်း အဆုံးသတ်သွားခဲ့လျှင် အခြေအနေက သူ့ကို ဖိအားပေးသောကြောင့် လုပ်ရသည်ဟု ပြော၍ရသေးသည်။
ထိုအခြေအနေသည် သူက ကူကယ်ရာမဲ့သော အခြေအနေဖြစ်ပြီး သူတို့၏ သဘောတူညီချက် (တစ်ကြိမ် ဖြစ်သွားပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ထပ်ဖြစ်လည်း ပြဿနာမရှိဘူး)ဆိုသော ခံယူချက်ကို စဉ်းစားဆင်ခြင်၍ မရနိုင်ချေ။
သူသည် သူ၏ထိုကံကောင်းမှုဆိုသောအရာက ခွေးဖြစ်လွန်းသည်ဟု မထင်ထားမိပေ။ သူသည် လုဖုန်းနှင့် လာတိုးသည်။ သို့သော် အသင်းဖော် ဖြစ်သည်။ ယွမ်ဇယ်ကလည်း လုဖုန်းနှင့် ဘယ်တော့မှ solo မကစားပါဟု ကျိန်ထားသည်။
သူသည် သူနှင့် မsoloနိုင်သောကြောင့် မဟုတ်လေဘဲ အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက် Closeအတွက် စိတ်မကောင်းသောကြောင့် ဖြစ်သည်။
ယွမ်ဇယ်သည် double ဘယ်သောအခါမှ Closeနှင့် ဝင်မတိုးရန် နှစ်ကြိမ်ဆိုခဲ့ဖူးသည်။ သို့ရာတွင် သူ၏စိတ်ရင်းဖြင့်ပင် double မကစားချင်သောကြောင့် ဖြစ်သည်။
“အကြောင်းပြချက်က ဘာလဲ”
သူ အမှီမလိုက်နိုင်ရင် ရှက်စရာကောင်းလွန်းတယ်။ သူ အမှီလိုက်နိုင်ရင်လည်း ပိုပြီး ရှက်စရာ ကောင်းလွန်းတယ်။
ခွေးအိုကြီးယွမ်သည် နည်းမျိုးစုံနှင့် ရှက်နေရပေလိမ့်မည်။
အခြားသောသူများ၏ အံ့အားသင့်မှုများနှင့် ယှဉ်သော လုဖုန်းက တည်ငြိမ်သည်။
“မင်း ဘာကစားမှာလဲ”
သူက ယွမ်ဇယ်ကို မေးသည်။
ယွမ်ဇယ်က နတ်စစ်သည်တော်ကို ယူမည့် အခိုက်အတန့်တွင် လုဖုန်းက နတ်စစ်သည်တော်ကို ယူလိုက်ကြောင်း တွေ့လိုက်ရသည်။
ယွမ်ဇယ် “???”
လုဖုန်း “မင်းက နတ်စစ်သည်တော်ပဲ ကစားတတ်တာလား”
ယွမ်ဇယ် “_ _ _”
သူသည် သေဆုံးခြင်း သူရဲကောင်းကို ရွေးသည်။
Closeနှင့် matchionဖြစ်ရခြင်းက အိမ်မက်ဆိုး ဖြစ်နေပြီးပြီဆိုလျှင် ပြိုင်ဘက်များကို မြင်သောအခါ ယွမ်ဇယ်သည် ကိုယ့်ကိုကိုယ် ဖျက်ဆီး ချင်သွားသည်။
Pro ကင်ဆွန်းဟွန်း၊ Pro လီဟယ်ရန်
ဝေ့ရှောင်းသည် ကိုယ်ပိုင် matching ကို ဂရုမစိုက်တော့ပဲ အံ့အားသင့်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ကံကြမ္မာက တကယ်အံ့ဩဖို့ ကောင်းတာပဲ”
******