အပိုင်း(52) မင်းတို့တွေ အရင်တစ်ပွဲမှာ ဆုံထားတာလား။
တောင်ကြားတွင် လူလေးယောက် ရှိနေသည်။ သို့သော် ယွမ်ဇယ်တစ်ယောက်တည်းကသာ သေချင်နေသောသူ မဟုတ်ပေ။ ကင်ဆွန်းဟွန်းကလည်း ရူးကြောင်ကြောင် ဖြစ်လောက်သည်အထိ အေးစက်သွားသည်။
ကံကြမ္မာသည် ထူးဆန်းပြီး အံ့အားသင့်ဖွယ် ကောင်းသော အရာဖြစ်သည်။
တောင်ကိုရီးယားပြိုင်ပွဲဝင်နယ်မြေမှ သူတို့၏ ကိုယ်ပိုင်အိုပါးများ၏ ပွဲများကို ကြည့်နေသော ကြည့်ရှုသူများသည်လည်း စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်သည်။
ယခင်တစ်ပွဲတွင် ကင်ဆွန်းဟွန်းသည် ဝင်တိုးခဲ့ပြီး ဝေ့ရှောင်းနှင့် ဆုံသည်။ ထိုပွဲတွင် သူသည် လီဟယ်ရန်နှင့်အတူ ဝင်တိုးခဲ့ခြင်းမဟုတ်ပေ။ သူသည် တစ်ယောက်တည်း ဝင်တိုးခဲ့သည်။ လီဟယ်ရန်ကလည်း တစ်ယောက်တည်း ဝင်တိုးနေခဲ့ခြင်းဖြစ်သည်။
လီဟယ်ရန်သည် ဂိမ်းတစ်ပွဲအတွက် အချိန်အကြာကြီး စောင့်ရသည်။ ကင်ဆွန်းဟွန်းက ဝေ့ရှောင်းနှင့် တစ်ပွဲပြီးကာစအချိန်တွင် အနည်းငယ် တက်ကြွနေလွန်းသည်။ ထို့ကြောင့် သူသည် match ခလုပ်ကို မနှိပ်ခင် နှစ်ကြိမ် မစဉ်စားခဲ့မိချေ။
ဒါပေမဲ့ သူတို့တစ်ချိန်တည်းမှာပဲ ဂိမ်းထဲကို ရောက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ။
FTWဘက်တွင် တစ်ချိန်တည်းတွင် ဝင်တိုးသော အသင်းဖော်များသည် ထိပ်တိုက် အချင်းချင်း ရင်ဆိုင်ရတတ်သည်။
Pro ကမူ ခြားနား၏။ ကွိုင်CPသည် ကျော်ကြားမှုနှင့် ထိုက်တန်သည်။ ဝင်တိုးသော အသင်းဖော်နှစ်ယောက်က အသင်းဖော်အဖြစ် စနစ်၏ တွဲပေးခြင်းကို ခံရသည်။
တကယ်ကို_ _ _
Double matchပွဲတွင် တောင်ကြားထဲမှ လူလေးယောက်လုံးက ဝင်တိုးသူများ ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့အားလုံးက စနစ်၏ ပေးခြင်းကို match ပေးခြင်းကို ခံရပြီး ဂိမ်းထဲသို့ ရောက်သွားသည်။
singleဝင်တိုးသည့် နယ်ပယ်တွင်မူ ထိုအခြေအနေဟာ မှော်ဆန်နေသည်။ ပြိုင်ဘက်တွင် အသင်းဖော်တွေ အတင်းတိုးပြီး လက်ထပ်ခိုင်းထားတယ်_ _ _
အရာအားလုံးက ဖြစ်နိုင်တယ်။
တောင်ကိုရီးယား ပြိုင်ပွဲနယ်မြေဇုန်မှ ပရိသတ်များသည် ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်၏ အကွာအဝေးက မည်မျှဝေးနေစေကာမူ လက်ထပ်ရန် ကံကြမ္မာပါပြီးသားဆိုသည့် CPကို သတိထားမိခဲ့ပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် ကွန့်မန့်များက ပြည့်နှက်နေသည်။ ထိုအချိန်တွင် ပြိုင်ဘက်များကို သတိထားမိလိုက်ပြီး ပို၍ပင် ပျော်သွားသည်။
ရန်သူများသည် လမ်းကျဉ်းတွင်သာ ဆုံသည်။
ဆောင်းတွင်းလေ့ကျင့်ရေး ဂရုအေမှ နတ်ဘုရားများတင်းမ်မှ အဖွဲ့ဝင်တိုင်းက ဒီစီစဉ်မှုတွင် အတူလာဆုံကြသည်။
ဒါက တကယ်ကို_ _ _
လုံးဝကို အကြွင်းမဲ့ ရူးသွားလောက်အောင် (လှလှပပလေး ပြီးသွားတာပဲ)
ပို၍ပင်ကောင်းမွန်စေသည်မှာ ကင်ဆွန်းဟွန်းသည် ယခင်တစ်ပွဲတွင် မုန်တိုင်းမုဆိုးကို အသုံးပြုခဲ့ပြီး ဖိအားပေးခံရကာ လူရမ်းကားသူခိုးနှင့် အလင်းမှော်ဆရာတို့၏ ဖိနှိပ်ခံခဲ့ရသည်။ သူတို့၏ နှလုံးသားများအတွင်း ဒေါသများ ပြည့်နေဆဲဖြစ်သည်။
သူသည် ဂိမ်းပွဲကို နိုင်သွားသော်လည်း ငယ်ရွယ်သော တစ်စုံတစ်ယောက်က ပစ်မှတ်ထားသည့်အတွက် ပျော်မနေပေ။
နတ်ဘုရားကင်၏ ဆိုးယုတ်သော အရသာခံနိုင်စွမ်းအားကို လူတိုင်း နားလည်ထားပြီးသား ဖြစ်သည်။ သူ့ကိုသာ junglerတစ်ယောက်က ပစ်မှတ်ထားမည်ဆိုလျှင် သေသည်အထိ ပြန်လည်အနိုင်ကျင့်ပေလိမ့်မည်။
သူတို့ သူတို့ကို ဘယ်လိုပြန်ပြီး အနိုင်ကျင့်မှာလဲ။
သူသည် jungler၏ စီမံလည်ပတ်ပုံ အသေးစိတ် အခြေအနေတိုင်းကို ပြန်လည်တွေးတောရင်း စတင်ပေလိမ့်မည်။
ထိုအတွက်ကြောင့် ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့၏ ဟီးရိုးရွေးချယ်ခြင်း အင်တာဖေ့စ်( ဒီတစ်ကြိမ်မှာ ပြိုင်ဘက်တွေကို မမြင်နိုင်သေးတွင် ကင်ဆွန်းဟွန်းသည် တုံ့ဆိုင်းမနေပဲ လူရမ်းကားသူခိုးကို ရွေးလိုက်သည်။)
လီဟယ်ယန်က ယခင်ပွဲစဉ်တွင် သူနှင့်အတူ မဆုံခဲ့ရပေ။ သို့သော် အကြောင်းပြချက်ကို ခန့်မှန်းနိုင်သည်။
“ဘယ်လူရမ်းကားသူခိုးလဲ”
ကင်ဆွန်းဟွန်း “Quiet “
52 02
လီဟယ်ရန် “FTW ရဲ့ Toplaneအသစ်လား”
ကင်ဆွန်းဟွန်း “အင်း”
လီဟယ်ရန် “မင်း ရှုံးသွားတာလား”
ကင်ဆွန်းဟွန်း “ဘယ်လိုဖြစ်နိုင်မှာလဲ”
သူသည် မရှုံးသော်လည်း ကင်ဆွန်းဟွန်းသည် သူသည် တစ်ရက်ရက်တွင် ထိုလူရမ်းကားသူခိုး၏လက်တွင် သေနိုင်မည်ဟု သံသယဝင်နေမိသည်။ ထိုအတွက်ကြောင့် သူသည် တစ်ဖက်သူကို ပြန်လည်ဖိနင်းပြီး ဝေ့ရှောင်း၏ ကစားဖော်ကို စဉ်းစားဆင်ခြင် လိုသေးသည်။ ဒီနည်းအားဖြင့် offical match ပွဲတွင် ထိုကလေးကို ငိုယိုပြီး အော်ဟစ်ရသည်အထိ အနိုင်ကျင့်လိုသည်။
လီဟယ်ရန်က အလင်းဘုန်းတော်ကြီးကို ယူလိုက်သည်။
အလင်းဘုန်းတော်ကြီးနှင့် လူရမ်းကားသူခိုးကြားမှ လိုက်ဖက်ညီနူန်းသည် အလွန်မြင့်သည်။ ထိုအတွက်ကြောင့် သူတို့က ဂိမ်းထဲသို့ ဝင်လိုက်သောအခါ တစ်နှစ်ပတ်လုံး maskmanကို အသုံးပြုခဲ့သော ကင်ဆွန်းဟွန်းက သူတို့က လူရမ်းကားသူခိုးကို အရယူလိုက်သည်။
သူသည် ဒါဟာ ကိစ္စကြီးဟု မတွေးချေ။ တစ်ဖွဲ့လုံးနှင့် သူနှင့် လီဟယ်ရန်သာ အတူအသင်းဖွဲ့လိုက်သော် မည်သူကမှ double ဂိမ်းပွဲတွင် မနိုင်နိုင်လောက်အောင် ယုံကြည်မှု ရှိသည်။
ဘာလို့maskmanကို သုံးပြီး ကလေးကို အနိုင်ကျင့်မှာလဲ။ ဒီအတိုင်း လူရမ်းကားသူခိုးကို သုံးလိုက်တာ ပိုပြီးမကောင်းဘူးလား။
_ _ _
ကင်ဆွန်းဟွန်းသည် အမှန်ကတယ် သေချင်နေသည်။
“ကော ငါ့ရဲ့မျက်လုံးတွေ ဝါးနေပြီလား”
နတ်ဘုရားယွမ်နဲ့ Close ဟုတ်လား။
ဒါက ဘယ်လိုအိပ်မက်ဆိုးလဲ။
သူ၏အမြင်က မဝါးချေ။ သို့သော် သူသည် အမှန်တကယ် ကန်းသွားခြင်း ဖြစ်လောက်သည်။
လီဟယ်ရန် “_ _ _”
ကင်ဆွန်းဟွန်းသည် ရုတ်တရက် မတ်တပ်ထရပ်သည်။
“လောင် park လာ လူရမ်းကားသူခိုးကို တစ်လှည့်လောက် ကစားပေးစမ်းပါ”
Pro ၏ နည်းပြက သူ့ကို ထိုင်ခုံတွင် အတင်းပြန်ထိုင်ခိုင်းသည်။
“ကောင်းကောင်း ကစား”
ကင်ဆွန်းဟွန်း “_ _ _”
မြစ်နားတွင် မကြာခဏ လမ်းလျှောက်တတ်သောသူသည် ဖိနပ်ရေစိုပေလိမ့်မည်။ ကင်ဆွန်းဟွန်းသည်လည်း double ဂိမ်း၏ အကြောက်တရားကို အမှန်တကယ် မတွေးထားသည်တော့ မဟုတ်ပေ။
ဝေ့ရှောင်း၏ မျက်လုံးက စူးရှသွားသည်။
“နတ်ဘုရားကင်က လူရမ်းကားသူခိုးကို ယူလိုက်တယ် ဟေး ကြည့်ရတာ ငါ့ရဲ့လူရမ်းကားသူခိုးက အရင်တစ်ပွဲမှာ သူ့ကိုတော်တော်လေး ပျော်စေခဲ့တဲ့ပုံပဲ”
လုဖုန်းက ဖန်သားပြင်ကို ကြည့်ရင်း ဖစ်တာများကို ရှင်းလင်းနေသည်။
“မင်းတို့ အရင်တစ်ပွဲမှာ ဆုံထားတာလား”
ဝေ့ရှောင်း “အင်း နတ်ဘုရားကင်က တစ်ယောက်တည်း ဝင်တိုးတာလေ။ ငါ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ်”
လုဖုန်း “မင်း နိုင်လား”
ဝေ့ရှောင်းက စိတ်ရှုပ်သွားသည်။
“ငါတို့ ရှုံးတာပါ။ သူ့ရဲ့မုန်တိုင်းသူခိုးက တော်တော်လေး ပျံတတ်တယ်”
လုဖုန်း “ဘယ်နှစ်ကြိမ် သေတာလဲ”
ဝေ့ရှောင်း “သုံးကြိမ် “
လုဖုန်း “ငါက မင်း ဘယ်နှစ်ကြိမ်သေလဲ မေးတာ”
“ငါလား အာ”
ဝေ့ရှောင်းက ရှက်သွားသည်။
“လေးကြိမ်”
လုဖုန်း “အင်း”
လုဖုန်းကလည်း ခေါင်းဆောင်ဟာ မည်သည့်အတွက်ကြောင့် ထိုအကြောင်းအရာကို မေးကြောင်း သိချင်သွားသည်။ သို့သော် ဖန်သားပြင်ပေါ်မှ နတ်စစ်သည်တော်က buff တစ်လွှာပြီးတစ်လွှာနှင့် ကိုယ့်ကိုယ်ကို ပြုပြင်မွန်းမံနေကြောင်း မြင်လိုက်ရသည်။ လှံက မြေပြင်ထဲသို့ စိုက်ဝင်လျက် ရန်သူမျှော်စင်၏ အပြင်ဘက်တွင် ပေါ်လာသည်။ လုဖုန်းက ယွမ်ဇယ်ကို တစ်လုံးတည်းပြောသည်။
“သွား”
လုဖုန်းနှင့်ဝေ့ရှောင်းကြားမှ စကားပြောမှုကို ကြားလိုက်ရသော ယွမ်ဇယ် “_ _ _”
လောင်ကင် မင်းထိုက်နဲ့မင်းကံပဲ။
သေဆုံးခြင်း သူရဲကောင်းသည် Toplaneဟီးရိုး ဖြစ်သည်။ သို့သော် သူ၏ဖောက်ခွဲမှု DBSနှင့် talentအမျိုးအစားသည် ယွမ်ဇယ် မကြာခဏ သုံးနေကြဖြစ်သည်။
သေဆုံးခြင်း သူရဲကောင်းနှင့် နတ်စစ်သည်တော်တို့သည် double ဂိမ်းမျိုးတွင် Toplaner အချင်းချင်းတို့အတွက် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။
နတ်စစ်သည်တော်သည် အထောက်အပံ့ဘက် ပိုသွားပြီး သေဆုံးခြင်း သူရဲကောင်းကမူ DBSကို ထောက်ပံ့ပေးနိုင်သည်။ ထိုစုံတွဲနှင့် ပတ်သက်ပြီး သဘာဝ အားသာချက်အမြောက်အမြား ရှိနေသော်လည်း ကင်ဆွန်းဟွန်းကဲ့သို့ လူရမ်းကားသူခိုးကို ကိုင်တွယ်ရန် မခက်ပေ။
52 03
ထို့ကြောင့် ပြိုင်ပွဲများက သူတို့ယခုလက်ရှိ ရင်ဆိုင်နေသော Doubleပြိုင်ပွဲ၏ Championshipက မည်မျှပင် ကျေနပ်နေခဲ့စေကာမူ သူသည် မကျွမ်းကျင်သော ဟီးရိုးမျိုးကို ယူပြီး အရှုံးကို စောင့်နေမည့် လူမျိုး မဟုတ်ပေ။
ထို့အပြင် သူတို့တွင် Top jungler Closeက ရှိနေသေးလေရာ သူသည် မျက်လုံးမှိတ်ထားလျှင်ပင် လူရမ်းကားသူခိုးကို အနိုင်ကျင့်နိုင်သည်။
ယွမ်ဇယ်က မျှော်စင်အတွင်းသို့ ဝင်လိုက်ပြီးနောက် ကင်ဆွန်းဟွန်းအပေါ် စကေး တစ်စုံ သုံးပေးလိုက်သည်။
ကင်ဆွန်းဟွန်းက ဆဲသည်။
“နံဟောင်နေတဲ့ အကောင်”
သူသည် လူရမ်းကားသူခိုးနှင့် မရင်းနှီးသော်လည်း ပရော်ဖက်ရှယ် ကစားသမား၏ ဂိမ်းကို အာရုံခံနိုင်စွမ်းအားက နက်ရှိုင်းစွာ ရှိနေပြီးသား ဖြစ်သည်။ ထို့ကြောင့် လီဟယ်ရန်၏ ကာကွယ်ပေးမှု အောက်တွင် ကင်ဆွန်းဟွန်းသည်လည်း ဂိမ်းအစပိုင်းကတည်းက ကိုယ့်မျှော်စင်အောက်တွင် အသေခံရမည့် အနေအထားလောက်ထိ မဆိုးရွားချေ။ သို့သော် ဒါဟာ သူ၏အတွေးသာ ဖြစ်သည်။
သူ၏လှုပ်ရှားမှုများသည် အလွန်ကောင်းသည်။ သူသည် သူ၏အသက်လေးကို ထိန်းနိုင်သင့်သည်။
နတ်စစ်သည်တော်၏ လှံက မျှော်စင်အပြင်ဘက်သို့ ထွက်လာပြီး ရုတ်တရက် လှုပ်ရှားသွားသည်။ Factional Toplane talent specအနေနှင့် နတ်စစ်သည်တော်သည် အဝေးသို့ လှမ်းပြီး သူ၏DBSကို တစ်ပိုင်းတစ်စ လဲလှယ်နိုင်သည်။ ထိုနည်းအားဖြင့် တိုက်ခိုက်သော ဝန်းကျင်တစ်ခုဟု သတ်မှတ်၍ တိုက်ခိုက်နိုင်သည်။
ထို့ကြောင့် သူ၏လှံက ဆင်းသက်သွားသည့် အခိုက်အတန့်တွင် နတ်စစ်သည်တော်က ပြိုင်ဘက်ကင်းအကွက်ကို တုပ၍ သုံးလိုက်နိုင်သည်။
ကင်ဆွန်းဟွန်း၏ သွေးကြောများကပင် တောင့်တင်းလာသည်။
“မကောင်းတော့ဘူး”
နှစ်ပေါင်းများစွာ ခုတ်ဖြတ်ရှင်းလင်းပြီး ကြာရှည်စွာ ပျိုးထောင်ထားသည့် သူ၏အင်အားကြီးမားလွန်းသော အသိစိတ်အရ_ _ _
လှံသည် သုံးစင်း ကွဲသွားပြီးနောက် ယွမ်ဇယ်၏ ကိုယ်ကို ကျော်ဖြတ်လျက် ကင်ဆွန်းဟွန်းထံ တိုက်ရိုက် ထိုးစိုက်သည်။
First blood
ကင်ဆွန်းဟွန်းက နင်းခြေခံလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်တစ်ခုလုံးက ရူးသွပ်သွားသည်။
“ဘယ်လောက်တောင် ချောမောလိုက်တဲ့ နတ်စစ်သည်တော်လဲ”
“ဒယ်ဒီCloseက အွန်လိုင်း ဖြစ်နေပြီ။ ငါ့ကို နတ်စစ်သည်တော် ဘယ်လိုကစားရမလဲ သင်ပေးနေတယ်”
“Awesome ဒီပြိုင်ဘက်ကင်း အကွက်ရဲ့ ချိန်ကိုက်မှုက သာမာန်မဟုတ်ဘူးနော်။ လုံးဝကို တိကျနေတာ။ အဓိကသော့ချက်က သူက ဒီလူရမ်းကားသူခိုးရဲ့ position ယူထားတဲ့နေရာကို ကွက်တိခန့်မှန်းလိုက်နိုင်တာပဲ”
“ငါ နားလည်တယ်။ ဒါပေမဲ့ ငါ မလုပ်နိုင်ဘူး တာ့တာ”
“အဲဒါကတော့_ _ _ နတ်စစ်သည်တော်ရဲ့ ပြိုင်ဘက်ကင်းအကွက်က နတ်ဘုရားယွမ်ကို ကျော်ဖြတ်ပြီး နတ်ဘုရားကင်ကို ချိန်လိုက်တာကို သတိထားမိလား။ ဆိုတော့ လှံတစ်ချောင်းတည်းနဲ့ လူနှစ်ယောက်ကို ထိုးဖောက်လိုက်သလိုပဲ”
“…’
“…”
“…”
တောင်ကြားအတွင်းတွင် ဟီးရိုး၏ စွမ်းရည်ကို အသင်းဖော်ဆီ တိုက်ရိုက် damage ယူ၍ မရချေ။ ဒီအတိုင်း တောက်လျောက် တစ်ဖြောင့်တည်း သွားရန်သာ တတ်နိုင်သည်။
ယွမ်ဇယ်သည် နတ်စစ်သည်တော်၏ လှံဖြင့် ထိုးဖောက်ခံရသည့်တိုင် healthတစ်စက်မှ မဆုံးရှုံးသွားချေ။ သို့သော် သူသည် ကွန်ပျူတာရှေ့တွင် ထိုအတိုင်း ထိုင်နေလျက်_ _ _
Closeလေး၏ သတ်ဖြတ်လိုစိတ်ဆန္ဒကို ခံစားမိနေသည်။
“အဟွတ်_ _ _”
ခွေးအိုကြီးယွမ်၏ နှလုံးသားက ဟောင်းလောင်းပေါက် ဖြစ်နေပြီ။
ဂိမ်းသည် တစ်ဝက်ကျော်ကျော် ရောက်နေပြီ ဖြစ်သည်။ ကင်ဆွန်းဟွန်းသည် လေးကြိမ် သေသွားသည်။ တစ်ကြိမ်မှ မပိုသလို တစ်ကြိမ်မှ မလျော့ပေ။
ထို kill လေးကြိမ်လုံးကို လုဖုန်းက ယူသွားသည်။ ယွမ်ဇယ်က ကျွစ်စုပ်သပ်ရင်း ပြောသည်။
“ဘယ်လိုတောင် အလို လိုက်တာလဲ”
52 04
Closeသည် ရှင်းလင်းစွာပင် ကင်ဆွန်းဟွန်းကို ကလဲ့စားချေရင်း ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် Quietကို လေးကြိမ် သတ်ခဲ့သောကြောင့် ပြန်လည်ပြီး ပေးလိုက်ခြင်း ဖြစ်သည်။
လုဖုန်းသည် headset တပ်ထားသည်။ အနားရှိလူတိုင်းက ယွမ်ဇယ်၏ စကားကို မကြားရချေ။ လုဖုန်းက လစ်လျူရှုလိုက်သည်။
ယွမ်ဇယ်သည်လည်း သူ ပြောသော စကားများကို အခြားသောသူများက မကြားကြောင်း သိသဖြင့် စာပင် တမင်ရိုက်ပို့လိုက်သည်။
“မင်းရဲ့နတ်စစ်သည်တော်က တော်တော်လေး ကောင်းတယ်”
လုဖုန်းက အေးစက်စွာ ပြောသည်။
“အင်း”
ဘေးဘက်တွင် ထိုင်နေသော ဝေ့ရှောင်းက ထိုအခြေအနေကို မြင်သောအခါ ခပ်ကျယ်ကျယ် ဝင်ပြောသည်။
“မင်းတို့ထက် သန်မာတယ်”
ယွမ်ဇယ် “_ _ _”
ဒီမျိုးမစစ်လေး။
ယွမ်ဇယ်က ဆက်ပြီး စာရိုက်ပို့သည်။
“မင်း ဝင်မတိုးတော့ဘူးလား။ ဘာလို့ ဘာကြည့်နေတာလဲ”
ဝေ့ရှောင်းကလည်း ယွမ်ဇယ်က သူ ပြောမည့်စကားကို မကြားမည့်အခြေအနေကို ကြောက်ပုံရသည်။ သူသည် လုဖုန်း၏ အနားသို့ ကပ်လိုက်ပြီး လုဖုန်း၏ ပါးနား ရောက်သည်အထိ အတင်းတိုးဝင်ကပ်ကာ နားကြပ်ထဲသို့ ကပ်ပြောသည်။
“ငါက ခေါင်းဆောင်နောက်ကို လိုက်ပြီး နတ်စစ်သည်တော်ကို ဘယ်လိုကစားရမလဲဆိုတာကို သင်နေတာလေ”
သူ၏အသံဟာ အလွန်ဂုဏ်ယူနေပုံ ရသည်။ သူသည် သူ၏ နွဲ့လွန်းနေသော အပြုအမူကိုပင် သတိထားမိပုံ မရပေ။
လုဖုန်း၏ လက်ချောင်းထိပ်များက တုန်သွားသည်။ သူသည် မျက်တောင်ပင် မခတ်ဘဲ ယွမ်ဇယ်၏ စကားများကို ပိတ်လိုက်သည်။
Gloryတွင် အသုံးပြုသူများက စာများကို ဘလော့နိုင်သော စနစ်ပါသည်။ တစ်ခါတစ်ရံတွင် ကစားသမားများက အမြှောက်ပါးစပ်ဘုရင်နှင့် ရင်ဆိုင်ရသောအခါ ထိုသို့ တစ်ဖက်သူ၏ စာများကို မမြင်ရအောင် တိုက်ရိုက်ပိတ်ထားနိုင်၏။
သို့သော် ထိုဘလော့ကင်းစနစ်သည် ဒိုင်းနှင့်တူညီသည်။ လုဖုန်းက ယွမ်ဇယ်၏ စာများကို မမြင်ရပေ။ သို့သော် ယွမ်ဇယ်က စကားဆက်မပြောဟု မဆိုလိုပေ။
ယွမ်ဇယ်က စာရိုက်ပို့သည်။
“မင်း L&Pကို လာပြီး ငါ့ဆီက သင်ရင် ဘယ်လိုလဲ”
ခွေးအိုကြီးယွမ်သည် သူ၏စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုနှင့် ပတ်သက်လာသော ကလေးကိုပင် စနှောက်ရခြင်းအား သဘောကျသည်။
“မင်းရဲ့သာ့ကောက နတ်စစ်သည်တော်ကို စကစားတဲ့အချိန်မှာ မင်းရဲ့ခေါင်းဆောင်က မင်းအရွယ်တောင် မရောက်သေးဘူး”
သူ၏ကီးဘုတ်က စာတစ်ကြောင်းလုံးကို ရိုက်ပြီး တကွက်ကွက် အသံပင် ထွက်နေသည်။ သို့သော် ဝေ့ရှောင်းဘက်မှ ရွေ့လျားမှုကို မမြင်ရသဖြင့် ဇယားကို ဖွင့်ကာ ကြည့်လိုက်သည်။
_ _ _
အိုး Closeက သူ့ကို ဘလော့ထားတာပဲ။
အင်း…
******