အပိုင်း (53) ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက ပြန်လည်ပြီး အကျိုးမြတ်ရရှိလာပြီ
Battle streamကို ကြည့်ရှုနေကြသော သူများက ယွမ်ဇယ်ပြောသော စကားများကို မြင်နိုင်သည်။
ပရိတ်သတ်များသည် ရယ်ရလွန်းသဖြင့် လဲကြတော့မည်ဟုပင် ခံစားနေရသည်။
သူတို့သည်လည်း နှစ်ဖက်က head set များတွင် မည်သည့်စကားများ ပြောကြောင်း မသိပါချေ။ သို့သော် ယွမ်ဇယ်၏ အမှိုက်လိုစကားများကိုမူ ဆက်မြင်နိုင်သေးသည်။
ဘယ်လောက် ရယ်ရလိုက်လဲ။
နောက်ပိုင်း တစ်စုံတစ်ယောက်က clipပင် လုပ်ပြီး မီဒီယာဌာနတစ်ခုသို့ပင် ပို့လိုက်လေသည်။ ထိုသို့ဖြင့် ဟား ဟား ဟား ဟားများက ဖန်သားပြင်အနှံ့ ပြည့်သွားသည်။
ထိုကလစ်ဗွီဒီယို၏ခေါင်းစဉ်က _ _ _
L&P ကိုလာပြီး သဲရုပ်ထု ဘယ်လို လုပ်မလဲဆိုတာကို သင်ရင် ဘယ်လိုလဲ _ _ _ ဖြစ်သည်။
လုဖုန်း၏ တည်ငြိမ်ကာ ဘလော့လိုက်သော ဖြစ်စဉ်က ယွမ်ဇယ်၏ မဲမှောင်နေသော သမိုင်းအတွင်းသို့ ကြွယ်ဝသော ရောင်စုံကဏ္ဍတစ်ခုကို ထည့်သွင်းလိုက်နိုင်သည်။
သို့သော် ထိုအရာများအားလုံးက နောက်ပိုင်းမှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားများ၏ team အကြားမှ ကမ္ဘာ့စစ်ပွဲက အဆုံးမသတ်သေးပေ။
လုဖုန်း “တိုက်ခိုက်မှာလား မတိုက်ခိုက်ဘူးလား”
ယွမ်ဇယ်၏ နှလုံးသားက တောင့်တင်းသွားသည်။
“တိုက်မှာပေါ့”
လုဖုန်း “အိုး”
သူ့ကို အလွန်ကောင်းမွန်စွာ နားလည်သော ယွမ်ဇယ်က ပါးစပ်ကို ဟလျက် မေးလိုက်သည်။
“ငါ တကယ်လို့ မတိုက်ခိုက်ချင်ဘူးဆိုရင် _ _ _”
လုဖုန်း “ဒါဆိုရင် မင်းကိုငါ လူလို မဆက်ဆံဘူး”
ယွမ်ဇယ် “ဖာ့ခ်”
သေချာပေါက်ကိုပဲ။
Double match ပွဲတွင် Closeသည် ပြိုင်ဘက်အသင်းက ထင်သလောက် မသန်မာသောအခါ နှစ်ယောက် တစ်ယောက်ကစားရင်း တစ်ဖက်ကို ချေမွတတ်သည်။
သူက နှစ်ယောက် တစ်ယောက် ဘယ်လိုများ တိုက်ခိုက်မှာလဲ။
ရပါတယ် အသင်းဖော်ကို လူလို မသတ်မှတ်ရုံပေါ့။
ယွမ်ဇယ်သည် တွေးလိုက်သည်။ .. မင်း သောက်ကျိုးနည်း အခုလို င့ါကို လူလို သဘောမထားနေပါဘူး။ ဟုတ်ပြီလား။
အခြားတစ်ဖက်ခြမ်းတွင် သူ၏တိုက်ခိုက်လိုစိတ်က မြောက်တက်လာသည်။ အတိတ်က သူသည် ထိုကောင်စုတ်လေးနောက် အမှီမလိုက်နိုင်ခဲ့ချေ။
ဒါကို အခုအမှီမလိုက်နိုင်တာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။
လက်ရှိ သူသည် လောင်ဇီနှင့် မကြာခဏ အတူ ဝင်တိုးနေကြဖြစ်ပြီး သူခိုးများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကြာရှည်စွာ ကျင့်သားရလာပြီ ဖြစ်သည်။ သို့ရာတွင် _ _ _
ဒီနေ့ Closeသည် နတ်စစ်သည်တော်ကို ယူထားပြီး သူကိုယ်တိုင်က damage အကြီးစား ဖြစ်နေသည်။ ထိုအခြေအနေကို သတိထားလိုက်မိသောခါ ယွမ်ဇယ်က တခဏခန့် မှင်တက်သွားသည်။ ဒုတိယပိုင်းတွင် လုဖုန်းက ကင်ဆွန်းဟွန်းကို လေးကြိမ်ဆက်တိုက် သတ်ပြီးနောက် ဂိမ်း၏အခြေနေက စတင်ပြောင်းလဲလာသည်။ ယခင် နတ်စစ်သည်တော်သည် လုဖုန်းကစားသော ပုံစံအတိုင်း ကစားသွားခဲ့ခြင်း ဖြစ်သည်။ ထိုနတ်စစ်သည်တော်သည် ဖိနှိပ်စွမ်းအား ပြင်းထန်ပြီး ရက်စက်ရန်လိုကာ သားကောင်ကို အမဲလိုက်နေသော ကျားသစ်နှင့် တူသည်။
သူသည် မှန်ကန်သော အခွင့်အရေးကို စောင့်ဆိုင်းပြီးကာမှ လှုပ်ရှားကာ ချက်ကောင်းကို ကွက်တိ ထိမှန်အောင် သတ်သည်။
ထို့ကြောင့် မဟာမိစ္ဆာဘုရင် ဖြစ်ထိုက်ပေသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ နတ်စစ်တော်သည် အထူးတလည် နတ်စစ်သည်တော်နှင့် တူနေသည်။
လှံသည် ရန်သူကို ထိုးဖောက်ရန်သာ အသုံးပြုတော့ခြင်း မဟုတ်တော့လေဘဲ အသင်းဖော်ကိုပင် ကာကွယ်ပေးလာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ရန်သူဘက်ခြမ်း တောင်ကြားတစ်ဝက် ကျော်ကျော်ခန့်ကို ဖုံးလွှမ်းထားလေပြီး တစ်ဖက်ခြမ်းကို ကျဉ်းမြောင်းသော ထောင့်တစ်နေရာတွင် ဝင်ရောက်ပျောက်ကွယ် သွားတော့မတတ် တွန်းပို့ထားသည်။ သူတို့သည် ကိုယ်ပိုင်တောင်ကြားဘက်ခြမ်းကို ကာကွယ်ထားရင်း အင်အားကြီးမားသော ဒိုင်းဖြစ်သွားသည်။
ယွမ်ဇယ်က အံ့ဩသွားသည်။ သူသည် လူရမ်းကားသူခိုးကို ခပ်အေးအေး သတ်ပြီးနောက် နောက်ဆုံးတွင် နားလည်လိုက်သည်။
Close ပြောင်းလဲသွားပြီ။
တစ်ချိန်က ရန်သူကိုပင် တိုက်ရိုက် ထိုးသွင်းတက်တဲ့ ထက်ရှတဲ့ဓား ဖြစ်ခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့လူငယ်လေးက နောက်ဆုံးတော့ အရွယ်ရောက်လာပြီ။
မိုးကြိုးနှင့် လျှပ်စီးများက ပျောက်ကွယ် သွားသောအခါ ကောင်းကင်ကြီးပြာပြီး ကြည်လင်သွားသည်။
ကျယ်ပြော ညင်သာပြီး ပိုပြီး အင်အားကြီးလာတယ်။
လွန်ခဲ့သော လေးနှစ်ခန့်က ယွမ်ဇယ်သည် သူတို့၏ အသင်းထဲမှ အငယ်ဆုံးအသင်းဖော်နှင့် မည်သို့ ပူးပေါင်းရမည်ဖြစ်ကြောင်း နားမလည်နိုင်ခဲ့ချေ။ သို့သော် နှစ်နှစ်ကြာပြီးသည့်တိုင်အောင် နားမလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၇နှစ်အရွယ် လူငယ်လေးတွေ ဓားတစ်လက်ကဲ့သို့ ဖြစ်နေခဲ့ပြီး သူကိုယ်တိုင်ကလည်း မည်သို့ ပြန်ဆွဲထားရမည်ဖြစ်ကြောင်း နားမလည်ခဲ့ပေ။ ထို့နောက် သူတို့က ထွက်သွားခဲ့သည်။
သူတို့သည် Closeကို သူ့အလိုလို ပြိုလဲကျနေသော FTWနှင့်ထားခဲ့သည်။
အချိန်နှင့် ဆူးခင်းသောလမ်းက သူ၏သဘောထားကို ပြောင်းလဲပေးလိုက်ပုံရပြီး လက်ရှိ ယွမ်ဇယ်၏အရှေ့မှ လုဖုန်းလို ဖြစ်လာစေသည်။
53 02
ကင်ဆွန်းဟွန်း၏ စာကရောက်ရှိလာပြီး ယွမ်ဇယ်ကို လှုံ့ဆော်သောအခါ မနက်တစ်နာရီကျော်နေပြီ ဖြစ်သည်။ ထိုအချိန်က ကင်ဆွန်းဟွန်းက ပြောသည်။
“ငါ single ပြိုင်ပွဲအတွက် စာရင်းသွင်းတော့မယ်”
ယွမ်ဇယ်သည် သူ့ဖုန်းကို ကိုင်ရင်း မှင်သက်သွားပြီးနောက် အခန်းတံခါးကို တိုက်ရိုက် သွားခေါက်ခဲ့သည်။
“မင်း”
ကင်ဆွန်းဟွန်းက သက်ပြင်း ချသည်။
“တိုက်ခိုက်တာကို ရှောင်ရှားနေတာက တကယ်လေးစားပေးတာ မဟုတ်ဘူး”
ကင်ဆွန်းဟွန်းက ဆက်ပြောသည်။
“ဒါက ငါ့ကို Closeပြောခဲ့တာ”
ယွမ်ဇယ်က ကြောင်သွားသည်။
ကင်ဆွန်းဟွန်းက ဆက်ပြောသည်။
“အတိတ်က ငါတို့အားလုံး ငါတို့ဘာသာ ထွက်သွားဖို့ ဆုံးဖြတ်ချက် ချခဲ့ကြတာ။ ဒီတော့ ငါတို့ ဒီနောင်တဆိုတဲ့ အတုအယောင်ဆန်တဲ့ စကားလုံးကို မသုံးသင့်ဘူး”
FTW၏ အဖွဲ့ပျက်သွားသော ညတွင် လူတိုင်း၏ နှလုံးသားက မုန်တိုင်း ထန်နေသည်။ Closeက FTWကို ဝယ်ချင်သည်။ သို့သော် သူက အသင်းဖော်များကို မပြောခဲ့ချေ။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားခြင်း မဟုတ်လေဘဲ မပြောနိုင်သောကြောင့် ဖြစ်သည်။
Closeက ကလပ်ကို ဝယ်နိုင်မည် မဝယ်နိုင်မည်ဆိုသော အခြေအနေက မသေချာခဲ့ချေ။ ဒါဟာ ကိစ္စတစ်ရပ်ရပ် ဆိုသည်ထက် ပိုက်ဆံပြဿနာလည်း မဟုတ်သေးပြန်ချေ။ ထို့အစား အလဲအလှယ်ကြားမှ ရှုပ်ထွေးလွန်းသော ဆက်ဆံရေးများကည်း ပတ်သက်နေသေးသည်။ ပိုက်ဆံနှင့်အင်အားသည် ငြင်းဆန်၍ မရသော အရာမျိုးဖြစ်နေသည်။ Closeသည် သူတို့အတွက် စဉ်းစားဆင်ခြင်ပြီး မပြောခဲ့ခြင်း ဖြစ်သည်။ အကြောင်းမူကား သူ ပြောလိုက်သည်နှင့် သူတို့_ _ _ ဘယ်လိုများ ထွက်သွားနိုင်တော့မှာလဲ။
သူတို့ကသာ ကလပ်သစ်များကို မဆက်သွယ်ခဲ့ဘဲ အပြောင်းအလဲက ကျရှုံးသွားခဲ့သော် FTW၏ စီမံခန့်ခွဲမှုများအောက်တွင် သူတို့က အရောင်းစား ခံရနိုင်သည်။
သူတို့သည်လည်း ဒီလို မရင်းနှီးနိုင်ရဲခဲ့ချေ။ ထို့ကြောင့် Closeကလည်း ဘာကိုမှ မပြောခဲ့ဘဲ တစ်ယောက်တည်း ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူတို့ထက် သိသာစွာပင် သတိထားမိခဲ့သည်။ သတိမထား၍လည်း မဖြစ်နိုင်ပေ။ အနည်းဆုံး ယွမ်ဇယ်က သိနေသည်။
သူသည်လည်း Close၏ မိသားစုက ပုံမှန်မဟုတ်ကြောင်း သိထားပြီးသား ဖြစ်သည်။ သူသည် သူ၏မိသားစုအကြောင်း ထုတ်ပြောဖူးခြင်း မရှိသော်လည်း သူ၏မိသားစုက သာမာန်မိသားစု မဟုတ်ပေ။
ထို့ကြောင့် Closeက တခဏခန့် စောင့်ရန် သူ့တို့အား ပြောသောအခါ ယွမ်ဇယ်က ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် သူသည် မစောင့်ခဲ့ချေ။ သူ မစောင့်ရဲခဲ့ပေ။ သူ မစောင့်ချင်ခဲ့သည်လည်း ဖြစ်နိုင်သည်။
ကင်ဆွန်းဟွန်းက ပြောခဲ့သလိုမျိုး သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသီးသီး ထွက်သွားခဲ့ခြင်း ဖြစ်ပြီး ယခုမှ နောင်တကို ခုတုံး မလုပ်သင့်ပေ။
ဘယ်သူ့ အတွက်လဲ။ Closeအတွက်လား။
ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်ရက်စက်မှုတွေ အတွက်ကြောင့်လား။
သူတို့အတွက် အသင်းဖော်ကို လက်လျော့ခဲ့သောသူ၊ အသင်းကို စွန့်ပစ်ခဲ့သောသူ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တိုင်းကို မီးရှို့ခဲ့သောသူ_ _ _
ယွမ်ဇယ်သည် single ပွဲတွင် ဝင်မပြိုင်ခဲ့ချေ။ ဒါက Closeကို အနိုင်ပေးချင်တာ အတွက်ကြောင့်လား။ မဟုတ်ဘူး သူ Closeကို ရင်ဆိုင်ရမှာကို ကြောက်လို့။ ကြေမွနေတဲ့ Closeကို မြင်ရမှာကို ကြောက်လို့။ ပြိုပျက်နေတဲ့ Closeကို မမြင်ရဲလို့။
သူတို့ ပူးပေါင်းပြီး အားစိုက် ထုတ်ထားသမျှကြောင့် ဖျက်ဆီးခံထားရတဲ့ Closeကို တွေ့ရမှာ ကြောက်လို့။ အခု_ _ _
မမျှော်လင့်ထားသော doubleဂိမ်းက ယွမ်ဇယ်အား တစ်စုံတစ်ရာကို နားလည် ခံစားသွားစေသည်။ Closeက ဘယ်တော့မှ မပြိုလဲခဲ့ဘူး။
သူက အပျက်အစီးပုံထဲမှာ တစ်ယောက်တည်းနေပြီး သူ့ရဲ့ငယ်ရွယ်တဲ့ ပုခုံးတွေနဲ့ ကောင်းကင်ကို ဆန့်ထုတ်ပြီး ထိန်းထားခဲ့တယ်။
ကျယ်ပြောပြီး ငြင်သာတဲ့ ကောင်းကင်ပြာက အခု FTW အသစ်နဲ့ အသင်းဖော်တွေ အပိုင်ပဲ။
တိုက်ပွဲကို ရှောင်းရှားခြင်းက အစစ်အမှန် လေးစားပေးခြင်း မဟုတ်ပေ။
53 03
ယွမ်ဇယ်က ခပ်တိုးတိုး ပြောလိုက်သည်။
“Close ငါ ဒီနေ့ single ပွဲအတွက် စာရင်းသွင်းမယ်”
Closeက အနည်းငယ် ကြောင်သွားသည်။ ထို့နောက် သူ၏အသံက အနည်းငယ် တည်ငြိမ်သွားသည်။
“ကောင်းပြီ”
သုံးနှစ်ကြာပြီးနောက် နတ်ဘုရားများအသင်းသည် အချိန်နှောင့်နှေးကောင်း နှောင့်နှေးလောက်သော်လည်း ပြန်လည်ပြီး show down ဖြစ်လာလေပြီ။
သူတို့က အသင်းဖော်တွေ မဟုတ်တော့လည်း ကိစ္စမရှိဘူး။ အနည်းဆုံးတော့ အကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်နိုင်တယ်။
Double ဂိမ်းသည် နတ်ဘုရားကင်၏ လူရမ်းကားသူခိုးက အင်အားအပြည့်ဖြင့် ရပ်တန့်ခံရရင်းဖြင့် အဆုံးသတ်သွားသည်။
မြင့်မားပြီး အရှိန်အဟုန် ကြီးမြတ်တဲ့ ကမ္ဘာ့ချန်ပီယံ၊ မြင့်မားသော အရှိန်အဟုန် ကြီးမြတ်တဲ့ double ပြိုင်ပွဲဘုရင်၊ မြင့်မားပြီး အရှိန်အဟုန် ကြီးမြတ်တဲ့ ဒယ်ဒီကင်က ရှုပ်ထွေးလွန်းစွာ ရှုံးသွားသည်။
ကင်ဆွန်းဟွန်းက ဒေါသတကြီး အော်သည်။
“ငါ သူတို့နှစ်ယောက်ဆီ ရှုံးတာ မဟုတ်ဘူး။ ငါ ရှုံးတာ_ _ _”
သူ၏ သူကိုယ့်သူ ရှုံးသည်ဆိုသော စကားကို ပြီးအောင် မပြောရသေးခင် ခေါင်းဆောင်လီက သူ၏ချက်ကောင်းကို ဓားဖြင့်ထိုးသည်။
“လူရမ်းကားသူခိုးဆီမှာ ရှုံးတာ”
ကင်ဆွန်းဟွန်း “???”
လီဟယ်ရန်က ဆက်ပြီး ဓားဖြင့်ထိုးသည်။
“Quiet ရဲ့လူရမ်းကားသူခိုး”
ကင်ဆွန်းဟွန်းက ရန်စခံရသလို ခံစားလိုက်ရပြီး ဝမ်းနည်းတကြီး ပြောသည်။
“အစ်ကိုကြီး”
လီဟယ်ရန်က သူ့အား ခေါင်းလှည့်ကြည့်သည်။
“မဟုတ်ဘူးလား Quietက FTW ရဲ့ junglerအသစ်လေ”
ကင်ဆွန်းဟွန်း “_ _ _”
ငယ်သူငယ်ချင်းအနေနှင့် လီဟယ်ရန်သည် သူ့ကို ကောင်းမွန်စွာ နားလည်သည်။ ထိုစကားလုံးများသည် သွေးဆွဲထုတ်နိုင်ပြီး ကင်ဆွန်းဟွန်း၏ နှလုံးသားအတွင်းမှ လေးလံလွန်းသော ချက်ကောင်းကို ကွက်တိ ထိုးစိုက်နိုင်သည်။
သူသည် ဒီနေ့ ဝေ့ရှောင်း၏ လူရမ်းကားသူခိုးကို မြင်သောအခါ ထိုသို့ချက်ချင်းတွေးလိုက်မိသည်။
လုဖုန်းသည် နေရာပြောင်းချင်နေသည်။ ထိုအရူးလေးဝေ့သည် junglerအသစ် ဖြစ်နိုင်သည်။
ထိုအတွက်ကြောင့် သူသည် လူရမ်းကားသူခိုးကို အကြိတ်အနယ်ပင် ကြိုးစားအားထုတ်ချင်နေခဲခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် ယွမ်ဇယ်နှင့် လုဖုန်းနှင့် တိုးပြီး ဆိုးဆိုးရွားရွား နှိပ်စက်ခံလိုက်ရသည်။
ကင်ဆွန်းဟွန်းက သက်ပြင်းအရှည်ကြီးကို ချလျက် သူ၏ e sport ကုလားထိုင်ပေါ် မှီချလိုက်ကာ ပြောသည်။
“အား… အဆုံးသတ်မှာတော့ ဘယ်သူက ဘယ်သူ့ကို အကြွေးဆပ်လိုက်တာလဲ”
Closeက junglerနေရာကို ကစားမှာလား။ ဒါမှမဟုတ် သူက အသင်းကို ဝင်ခဲ့တဲ့အချိန်က သူ့အတွက် junglerနေရာတစ်ခုပဲ ရှိတော့လို့လား။
သူ့ရဲ့ဒီအစ်ကိုကြီးတွေက အမြဲတမ်းပြောပြီး သူ့ကို ဧည့်ခံပေးချင်တယ်လို့ ဖော်ပြလေ့ ရှိတယ်။ ဒါပေမဲ့ သူတို့ သူ့ကို နားလည်ဖို့ ကြိုးစားပေးခဲ့ကြလို့လား။
Free matching၏ ပထမနေ့က အဆုံးသတ်သွားသည်။ FTWက နည်းပါးသော အချိန်အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင်အောင် နံပါတ်ခုနှစ်နေရာသာ ရလိုက်သည်။
လုဖုန်းသည် ခုနှစ်ပွဲ ဆက်တိုက်ကစားခဲ့ပြီး ၂၁မှတ်ရသည်။ ပိုင်ချိုင်နှင့်ဝေ့ရှောင်းက တောက်လျောက် ရှုပ်ထွေးနေခဲ့ပြီး တပတ်လည်ရိုက်ရင်း ခပ်ကြမ်းကြမ်း ကစားခဲ့လျက် ခြောက်မှတ်နှင့် ရှင်သန်နိုင်ရုံလေး တတ်နိုင်ခဲ့သည်။ နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့၏ ကံကမူ လူသူရှင်းလင်းပြီး ကွဲအက်နေသော မြေအလား ဆိုးခဲ့ပုံရသည်။ ထို့ကြောင့် အနုတ်သာ ရလိုက်သည်။
ချန်းဖုန်းသည် ကလေးနှစ်ယောက်ကို မဆူပေ။ ရှောင်နင်သည် ထိုသားရဲကြီးများ မျက်လုံးထဲ ဝင်ရောက်နိုင်ရန် အလို့ငှာ မျက်လုံးထဲ မကျွမ်းကျင်သေးပေ။ ယွဲ့ဝမ်လဲ့ကမူ အရာအားလုံးကို ခေါင်းဖြင့် ဝင်တိုက်ပြီး ကိုင်တွယ်သည့် typeမျိုး ဖြစ်သည်။ ထိုအတွက်ကြောင့် သူ့အနေဖြင့် ကောင်းကောင်း မကစားသည်မှာလည်း ပုံမှန် ဖြစ်နေသေးသည်။
53 04
သူတို့တိုးတက်လာရင် အဆင်ပြေပါတယ်။ ဒီနေ့က ပထမနေ့ပဲ။
ထိုသို့ဖြင့် scroll board မှ ထိပ်ဆုံးသုံးယောက်သည် L&P, Proနှင့်3U ဖြစ်သည်။ 3Uသည် ဒီနေ့တွင် အလွန်သန်မာသည်။ သူတို့သည် ဉာဏ်လည်း ကောင်းသည်။ သူတို့က ဂိမ်း၏ ပထမဆက်ရှင်ပိုင်းတွင် ကိုယ့်ကိုယ်ကို ပြန်ပြီး မထုရိုက်ခဲ့ကြဘဲ double ဝင်တိုးရန် အချိန်အမိအရ ယူနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် asleep နှင့် ခုံးယီတို့၏ double team များက တစ်ပွဲမှ မရှုံးဘဲ မရပ်တန့်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
Ranking ၏ ထိပ်ဆုံးသုံးနေရာကမူ သူတို့ match ပွဲအတွက် အသင်းရွေး၍ ရသည်။
ဆု pool အတွက်ကြောင့်နှင့် သူတို့သည် လေး၊ငါး၊ ခြောက်နေရာမှ အသင်းများကို ရွေးသင့်သည်။
အကြောင်းမူကား ထိုအသင်းသုံးသင်းသည် အမှတ်အများဆုံး ဖြစ်သည်။ သူတို့ကသာ တစ်ဖက်အသင်းများကို နိုင်သွားခဲ့သော ပိုကြီးသော ဘောနပ် pool ကို ရနိုင်သည်။
အသင်းတိုင်းက ထိုသို့ တွေးကြသည်။ FTWမှ အကောင်လေးနှစ်ကောင်ပင် ထိုသို့တွေးသည်။
နင်ကျယ်ဟန်က ယွဲ့ဝမ်လဲ့ကို ပြောသည်။
“လဲ့ကော ခဏနေရင် double ဝင်တိုးရအောင်”
Free matching ကဏ္ဍက ပြီးဆုံးသွားသော်လည်း ကစားသမားများကို နိုင်ငံတကာ ဆာဗာတွင် ဆက်လက်ပြီး အမှတ်တင်အောင် ကြိုးစားသည့် အခြေအနေကို မတားထားပေ။
တူညီသော လမ်းကျဉ်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီးနောက် နင်ကျယ်ဟန်သည်လည်း ကွာခြားချက်က မည်မျှကြီးမားကြောင်း သိသွားပုံရသည်။ သူသည် တိုးတက်အောင် လုပ်ချင်နေသည်။
ယွဲ့ဝမ်လဲ့ “ကောင်းပြီလေ”
ထိုနှစ်ယောက်၏ စကားဆုံးပြီးပြီးချင် ရွေးချယ်ခံရသော Teamများက ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
ပထမအသင်းသုံးသင်းက သူတို့၏ ရွေးချယ်ခံမှုများကို ကြိုတင်ပြင်ဆင်ထားသော app မှတဆင့် ထည့်သွင်းလိုက်ပြီး သူတို့၏ ရွေးချယ်မှုများကို တပြိုင်နက်တည်း ဖော်ပြသည်။
L&P ..FTW
Pro .. FTW
3U .. FTW
ဖန်သားပြင်မှ လူတိုင်းက ပွက်လောရိုက်ကုန်သည်။
“???”
ဝေ့ရှောင်းက သဘောကျသွားပြီး ပိုင်ချိုင်ကို တံတောင်ဖြင့် တွတ်သည်။
“လောင်ပိုင် ကြည့်ဦး ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက တန်ကြေး ရလိုက်ပြီ”
ပိုင်ချိုင် “_ _ _”
ငါတို့ရဲ့ ကြိုးစား အားထုတ်မှု မဟုတ်ဘူး မင်းရဲ့ _ _ _
******