Ch 54
Viewers 3k

အပိုင်း(54) ဘယ်လောက်တောင် ညှိယူဖမ်းစားနိုင်တဲ့ အသင်းသတ်ဖြတ်သူလဲ


ထိုနေရာတွင် ရှိနေသော ၁၈သင်းထဲတွင် ၉၀ရာခိုင်နူန်းကျော်ခန့်က စိတ်ရှုပ်ထွေးပြီး မှင်သက်သွားကြသည်။


ဘာလို့သူတို့အားလုံး FTWကို ရွေးကြတာလဲ။ Closeကြောင့်လား။


သို့ရာတွင် လွန်ခဲ့သော နှစ်နှစ်ခန့်က FTWသည်  လေ့ကျင့်ရေး matchပွဲများကို အရယူရန် အလို့ငှာ Close၏ soloပွဲများကို မှီခိုအားကိုးခဲ့ရသည်။


ဘာလို့ သူတို့က ဒီနှစ်မှ ရုတ်တရက်ကြီး တအားကျော်ကြား သွားတာလဲ။  


အင်း…


ထို့နောက် သူတို့သည် FTW၏ အမှတ်များကို ကြည့်သည်။


မည်သည့်အမှတ်ကမှ တိုက်ခိုက်ရန် မထိုက်တန်သေးချေ။ 


နံပါတ်လေးနေရာကို မပြောနဲ့ နံပါတ်ခြောက်နေရာမှာတောင် မရှိသေးဘူး။


သူတို့က နံပါတ်ခုနှစ်နေရာက အသင်း။ ဘာလို့ သူတို့ကို ရွေးချယ်ဖို့က အ‌ရေးကြီး လွန်းနေတာလဲ။ 


အဓိကသော့ချက်ကမူ ထိပ်ဆုံးအသင်းသုံးသင်းလုံးက FTWကို အရရွေးလိုက်ခြင်း ဖြစ်သည်။


ဘာလို့လဲ။


သူတို့နားမလည်ဘူး။ ဘယ်သူကမှလည်း နားမလည်ဘူး။


ဝေ့ရှောင်း၊ ပိုင်ချိုင်တို့နှင့် မတော်တဆ တစ်ပွဲတည်း အတူကျရင်း အဆုံးသတ်ခဲ့သော ကစားသမားများနှင့် Gary၊ ကင်ဆွန်းဟွန်း၊ asleep တို့နှင့် ဆုံခဲ့ပြီးသော ကစားသမားများကသာ အကြမ်းအားဖြင့် ခန့်မှန်းလောက်နိုင်သည်။ သူတို့သည် တရုတ်လို နားမလည်သော်လည်း ထိုဂိမ်းထဲမှ လေထုအခြေအနေက သူတို့၏ မှတ်ဉာဏ်များအတွင်း လတ်ဆတ်နေသေးသည်။


သူတို့သာဆိုလျှင်လည်း _ _ _ကောင်းပြီလေ သူတို့ဆိုရင်လည်း ဒီလူရမ်းကားသူခိုးနဲ့ တိုက်ခိုက်ချင်မှာပဲ။


Free match session ပြီးနောက် L&P, pro, 3Uတို့ အားလုံးက အကြမ်းဖျင်း အသင်းအစည်းအဝေး တစ်ခုလုပ်ခဲ့ပြီးသား ဖြစ်သည်။ L&P၏ လေ့ကျင့်ရေးစခန်းတွင်…


Garyက စားပွဲကို ဖြောင်းကနဲ ရိုက်သည်။


FTW…လောင်ဇီက ကလဲ့စားချေချင်တယ်။ 


နည်းပြက အကျိုးအကြောင်းကျကျ တွေးနိုင်သေးသည်။


သူတို့က နံပါတ်ခုနှစ် နေရာမှာ။ သူတို့ရဲ့အမှတ်ကလည်း တအားနည်းတယ်။ သူတို့ကို နိုင်တာက ဆု pool ထဲကို အများကြီးထည့်နိုင်မှာ မဟုတ်ဘူး။


Gary “ငါက သူတို့နဲ့ တိုက်ခိုက်ချင်ရုံပဲ”


ယွမ်ဇယ်သည် အမြဲတစေ ဂုဏ်သိက္ခာနှင့် ပက်သက်ပြီး မကောင်းသော ခံစားချက် ရှိသူဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ဖက်အသင်းများကို ရွေးချယ်သောအခါ လောင်ဂျီနှင့်ကောင်းကောင်း ရည်ရွယ်ချက်ရှိရှိ ကစားတတ်သည်။ သို့သော် ဒီနေ့မူ_ _ _သူသည် Garyကို မဲပေးသည်။


“ FTW ပေါ့။ ဒါဆိုလည်း အဓိပ္ပာယ်တော့ ရှိပါတယ်”


သူသည် Free matchingတွင် ဝေ့ရှောင်းနှင့် မဆုံခဲ့သေးချေ။ သို့သော် Closeနှင့် သွားဆုံသည်။


သေချာစွာပင် အသင်းဖော်ဖြစ်ခြင်းနှင့် ယှဉ်သော် Close၏ ပြိုင်ဘက်ဖြစ်ရခြင်းကို ပို၍စိတ်ဝင်စားသည်။


အသင်း၏ အမြုတေများက ပြောပြီဆိုကတည်းက နည်းပြကိုယ်တိုင်ကလည်း တွေးပေးရသည်။


“ကောင်းပြီလေ။ FTWက ဒီနှစ်တော့ တကယ်ခြားနားနေတာပါပဲ”


Bonus Pool မှ နည်းပါးသော ဘောနပ်စ်လောက်ကို ကြွယ်ဝပြီး အင်အားကြီးမားသော အသင်းများက ဂရုစိုက်မနေချေ။ 


ပို၍ဆိုးသည်မှာ သူတို့ကသာ ပိုက်ဆံလုချင်လျှင် နောက်ပိုင်း ရက်အနည်းငယ်အတွင်း လုပ်၍ရနိုင်လေသည်။ ယခုအခြေအနေမူ အစပိုင်းသာ ရှိနေသေးသည့်အလျောက် အလျင်လိုရန်လည်း မလိုအပ်သေးချေ။ ထို့ကြောင့် ပထမဦးဆုံး အလားအလာရှိသော ပြိုင်ဘက်များကို ခံစားကြည့်သင့်ခြင်းက အကြံကောင်းဖြစ်လေသည်။ ထို့ကြောင့် L&Pက FTWကို ရွေးသည်။ ထိုအခိုက်အတန့်တွင် သူတို့သည်လည်း လေ့ကျင့်ရေးပွဲတွင် မမြင်ရသော ဖြစ်ရပ်များ ဖြစ်လာလောက်ကြောင်း မျှော်လင့်မထားခဲ့လောက်ချေ။


Pro ဘက်မှ အခြေအနေကလည်း အလားတူသာလျှင်ဖြစ်သည်။ ကင်ဆွန်းဟွန်းက စကားတစ်ခွန်းမှ မပြောဘဲ ဂရုမစိုက်သလို ထင်နေရသော်လည်း သူ၏နှလုံးသားလေးထဲရှိ စာအုပ်လေးထဲတွင်မူ Quiet ဆိုသော စကားလုံးကို ရေးသားထားပြီး ဖြစ်သည်။ 


ဒီJunglerက အိုး… အနာဂတ်Junglerလား ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့_ _ _


သူက ပန်းဖူးထဲမှာ ရှိနေကတည်းက ရအောင်ဆုတ်ပြီး ဖယ်ရှားပစ်တော့မှာ။


3U ဘက်ခြမ်းတွင် သူတို့သည် အချိန်အတန်ကြာအောင် ဆွေးနွေးနေရသည်။


Asleep .. “ zzz”


ခုံးယီ “FTW”


မန်နေဂျာကျိုးက တွေးကြည့်သည်။


“လေ့ကျင့်ရေးကွင်းထဲကို ခေါ်သွင်းတာကတော့ မလွယ်ဘူး။ နောက်ပြီး ငါတို့က အခြားတိုင်းပြည်က အသင်းတွေကို ရွေးချယ်သင့်တယ်လို့ ထင်တယ်”


ခုံးယီက သူ၏စိတ်ထဲတွင်လည်း ထိုအခြေအနေကို နားလည်သည်။ လေ့ကျင့်ရေး match ပွဲကို FTWနှင့် ချိန်းဆိုခြင်းက အလွန်အမင်း ရိုးရှင်းသည်။ ပရိတ်သတ်များကလည်း ကြည့်ရှုရန် စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ သူတို့သာ ပြည်ပအသင်းကို အနိုင်ရရှိသွားခဲ့သော် ပရိတ်သတ်များကမူ ပိုက်ဆံ ပိုသုံးချင်လောက်သည်။


ခုန်းယီ “နံပါတ်လေးနေရာက ဥရောပရဲ့ Black knights လေ။နံပါတ်ငါးနေရာက ကိုးရီယားပြိုင်ပွဲနယ်မြေရဲ့ NEW ၊ နံပါတ်ခြောက်နေရာကတော့ မြောက်အမေရိကရဲ့  PB Pag Pag သူတို့အားလုံးက အင်းအားကြီးမားတဲ့အသင်းတွေပဲ။ ငါတို့အားလုံးက ရှုံးရင် ဘယ်လိုလုပ်မလဲ”

54 02

စကားတစ်ခွန်းတည်းကတင် မန်နေဂျာကျိုး၏ အထိမခံနိုင်သော နေရာများကို ထိုးဆွနိုင်သည်။


“သူတို့၏အမှတ်က_ _ _”


ခုံးယီက တစ်ချက်နှာခေါင်းရှုံ့သည်။


“ငါတို့အမှတ်က ငါတို့ကို နံပါတ်သုံးနေရာ ရောက်စေရုံနဲ့ ငါတို့က ၁၈သင်းထဲမှာ အင်အားချင်းယှဉ်ရင် နံပါတ်သုံးနေရာမှာ ရှိနေတယ်လို့ တကယ်တွေးနေတာတော့ မဟုတ်ပါဘူးနော်”


မန်နေဂျာကျိုး “_ _ _”


3U၏ နည်းပြက ဝင်ပြောသည်။


“ FTWပေါ့။ သူတို့က ဒီနေ့ တော်တော်လေး ခြားနားနေတယ်။ ဒီတော့ ကြိုတင်ပြီး စမ်းသပ်ကြည့်တာကလည်း အကြံကောင်းပါပဲ”


ထိုသို့ဖြင့် ယခုလို ဆုံးဖြတ်ထားပြီးသား ဖြစ်သွားသည်။


အသင်းသုံးသင်းသည် သူတို့၏ရွေးချယ်မှုများကို ထည့်သွင်းသောအခါ အခြားသော နှစ်သင်းကလည်း FTWကို ရွေးချယ်လောက်မည်ဟု အိပ်မက်ပင် မမက်ဖြစ်လောက်ချေ။ 


သူတို့အားလုံးက FTWကို ရွေးချယ်ထားခဲ့သည်။ ဒါဟာ မမျှော်လင့်ထားသော ရလဒ်ဖြစ်သွားသည်။ ရလဒ်အနေဖြင့် _ _ _ 


သူတို့အားလုံးသည် ကို ရွေးချယ်ရင်းနှင့် အဆုံးသတ် သွားလေသည်။ 


ဝေ့ရှောင်း၏ ဝမ်းသားအားရဖြစ်စေသော ပုံစံက ချန်းဖုန်းကို ခေါင်းကိုက်စေသည်။


“မင်း သုံးပွဲဆက်တိုက် တိုက်ခိုက်ပြီးရင်တောင်မှ မပင်ပန်းလောက်ဘူး”


ဝေ့ရှောင်းက အံ့ဩသွားသည်။


“သုံးပွဲတည်းပါ။ ဘာလို့ပင်ပန်းရမှာလဲ”


ချန်းဖုန်း “_ _ _”


“အိုး မင်းက ၄၈နာရီဆက်တိုက် solo ဖူးတဲ့တစ်ယောက်ပဲ။ မင်းရဲ့စွမ်းအင်အဆင့်က သာမာန်လူတွေနဲ့ ခြားနားတယ်”


နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့သည်လည်း double ဝင်တိုးရန် သဘောတူထားပြီးသား ဖြစ်သည်။ 


ယခုမူ_ _ _ 


ဝေ့ရှောင်းက အသင်းဖော်များကို စိတ်အား ထက်သန်အောင် လှုံ့ဆော်ပေးသည်။


 “အဆင်ပြေပါတယ်။ ရန်သူတွေအားလုံးက စက္ကူကျားတွေကြီးပဲ။ ငါတို့က အပေါ်တက်ပြီး တိုက်ခိုက်ရုံပေါ့။ ငါတို့တစ်ကောင်သတ်နိုင်ရင် တစ်ကောင်ရတာပေါ့”


အငယ်လေး နှစ်ယောက် “_ _ _”


သူတို့သည် အနည်းငယ် ဖိအားများနေသော်လည်း အနည်းငယ်ပင် မျှော်လင့် စောင့်စားမိသလိုလိုပင် ဖြစ်သွားသည်။ 


မည်သို့ပင်ဆိုစေ ထိပ်တန်းအသင်းသုံးသင်းနှင့် တိုက်ခိုက်ရခြင်းက အလွန်လန်းပေလိမ့်မည်။


ပြိုင်ပွဲရေး ကော်မတီကိုယ်တိုင်ကပင် ထိုကဲ့သို့သော ရလဒ်မျိုးကို မြင်သောအခါ အနည်းငယ်ပင် ရူးကြောင်ကြောင် ဖြစ်ပြီး မှင်သက်သွားရသည်။


သူတို့သည် ဒီစည်းမျဉ်းကို ချထားသည်မှာ မတူညီသော အသင်းများကို အတူပူးပေါင်းထားရန် ရည်ရွယ်၍ ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွက်ပင် ဖြစ်စေ၊ လေ့ကျင့်ရေး ရည်ရွယ်ချက်အတွက်ပင် ဖြစ်စေ အသင်းများများ ပါဝင်လေလေ ပို၍ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလေလေ ဖြစ်သည်။ 


ဒါကိုဘာလို့ ဒီသုံးသင်းလုံးက နံပါတ်ခုနှစ်နေရာက အသင်းကို ရဖို့အတွက် တိုက်ခိုက်ရင်းနဲ့ အဆုံးသတ်သွားရတာလဲ။


မင်းတို့ကောင်တွေ နံပါတ်လေး၊ နံပါတ်ငါး၊ နံပါတ်ခြောက်နေရာက အသင်းတွေရဲ့ ခံစားချက်ကို စဉ်းစားဆင်ခြင် မိကြရဲ့လား။ 


သူတို့က ဒီလောက် ပြင်းပြင်းထန်ထန် ကြိုးစားထားပြီး အမှတ်တွေရအောင် လုပ်ထားတာက အရွေးခံဖို့ စောင့်ချင်လို့လေ။ ရလဒ်အနေနဲ့ _ _ _အားလုံးက အကျော် ခံလိုက်ရတာလား။ 


နံပါတ်လေးနေရာမှ အသင်းသည် အထူးတလည်ပင် စိတ်ရှုပ်နေသည်။ ဒီနေရာကို မလာခင်က နည်းပြသည် သူတို့အား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသေးရန် ပြောသေးသည်။


“ငါတို့က အမှတ်အများဆုံးပဲ သတိထား။ ငါတို့ကို သုံးသင်းလုံးက ရွေးလောက်တယ်”


Black Knight သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ 


“ဘာ”


ဒါက သူတို့ ပြောထားတဲ့အတိုင်း မဟုတ်ဘူးလေ။


ပြိုင်ပွဲရေးကော်မတီက ထို bug ကို ခပ်မြန်မြန် ပြင်ရန်ကြိုးစားသည်။


“ပထမအသင်းသုံးသင်းက တစ်သင်းတည်းကို ရွေးလို့မရဘူး”


L&P, Proနှင့် 3U  “???”


ဝေ့ရှောင်းက သူတို့ထက်ပင် စိုးရိမ်စိတ် များသေးသည်။ 


“ဘာလို့လဲ”


သူနဲ့ပိုင်ချိုင်တို့ အနေနဲ့ aggro meterကို ဖြည့်ဖို့လွယ်တာ မဟုတ်ဘူးလေ။ နောက်ပြီး သူတို့ကို dpsကို အမှန်တကယ် မကိုင်တွယ်ထားဘူးဆိုရင် ဒါကတော့ လွန်လွန်းအားကြီးတာပေါ့”


ပြိုင်ပွဲရေး ကော်မတီမှ တာဝန်ယူထားသော ပုဂ္ဂိုလ်များကလည်း ဝေ့ရှောင်း၏ စကားကို မကြားနိုင်ချေ။ သို့မဟုတ်လျှင် သူတို့သည် သွေးအန်နေလောက်လေပြီ။ 

54 03

သူတို့က FTWအတွက် လုပ်ပေးတာလေ။ ဒါက လေ့ကျင့်ရေး ပထမရက်ပဲ ရှိသေးတယ်။ ဒါတောင်မှ အင်အားကြီးတဲ့ အသင်းတွေအားလုံးက သူတို့ကို ထုရိုက်ဖို့ တန်းစီနေကြပြီ။ ဒါကို FTWက ဘယ်လိုများ ဆက်ကစားမှာလဲ။


ပြိုင်ပွဲရေးကော်မတီက ဟာကွက်ကို စည်းမျဉ်းများဖြင့် ချုပ်သည်။ 


“မနက်ဖြန်ကစပြီး အဆင့်မြင့်တဲ့သူက အရင်ဦးဆုံး ရွေးချယ်ခွင့် ရှိမယ်။ ပထမနေရာက အသင်းက အရင်ဦးဆုံး ရွေးချယ်ရမယ်။ အဲဒီနောက် ဒုတိယ၊ တတိယ  အသီးသီး ရွေးချယ်ကြပေါ့။ ဒီလိုနဲ့ မတူတဲ့အသင်းတွေကို ရွေးချယ်ရမယ်”


Garyက ပျော်သွားသည်။ 


“ငါတို့က ပထမပဲ။ ဒီတော့ ငါတို့အရင်ရွေးမယ်”


L&Pက အရှေ့နားတွင် ရှိနေထားပြီ ဖြစ်သည့်အလျောက် Gary၏ အသံကို ကြားလိုက်ရသည်။


တာဝန်ခံပုဂ္ဂိုလ်က စကားပြောရန် ပြင်ဆင်ရုံသာ ရှိသေးသည်။ ကင်ဆွန်းဟွန်းက စင်ပေါ်သို့ တက်လိုက်သည်။


သူ၏မျက်နှာက အေးစက်ပြီး လှပ၏။


“စည်းမျဉ်းက မနက်ဖြန်မှ စပြီး သက်ရောက်မှု ရှိမှာ။ ဘယ်လိုဖြစ်ပြီး L&Pက အရင်ရွေးခွင့် ရသွားတာလဲ“"


သူသည် မနက်ဖြန်ဆိုသော စကားကို ဖိပြောခြင်းအားဖြင့် အလျော့ပေးရန် ဆန္ဒမရှိကြောင်း ဖော်ပြသည်။


Garyကလည်း ရှေ့တက်သည်။


“ဘာလို့လဲဆိုတော့ ငါတို့က နံပါတ်တစ်လေ”


ကင်ဆွန်းဟွန်း၏ မျက်တောင်များက စင်းကျသွားသည်။ သို့သော် သူ၏ မျက်လုံးက သူ၏မျက်ရည်ခံမှဲ့နှင့် ရှုထောင့်ချင်း ကပ်သွားသော အခိုက်အတံ့တွင် သူသည် ပိုပြီး မောက်မာထောင်လွှားပုံ ရသည်။


“ဒီအကြောင်းအရာကိုသာ ကြိုသိထားရင် ငါတို့က ဒုတိယ ဖြစ်နေပါ့မလား”


ထိုစကားလုံးများ၏ နောက်ကွယ်မှ ဆိုလိုရင်းသည် သူတို့သည် FTWကို လုရန် ဖြစ်သည်။


“အား နေပါဦး ပထမဦးဆုံး ရွေးချယ်ခွင့် ရဖို့အတွက်နဲ့ သူတို့က ပထမနေရာကို အပြေးသွားဖို့ လိုအပ်တာပေါ့”


Garyသည်လည်း ဆက်လက်ပြီး ငြင်းလိုသည်။ သို့သော် 3U၏ ဒုခေါင်းဆောင် ခုံးယီက တက်လာသည်။ 


“ငါတို့ကလည်း L&Pကို FTWနဲ့ ချိန်းလုပ်တာမျိုးကို အသိအမှတ် မပြုပါဘူး”


Gary၏ ပေါက်ကရတရုတ်စကားက ထွက်လာပြန်သည်။


“မင်း_ _ _”


ခုံးယီ၏ တရုတ်က သူ့ထက် မြန်ဆန်သေးသည်။ 


“စည်းမျဉ်းတွေက မနက်ဖြန်မှစပြီး သက်ရောက်မယ်ဆိုကတည်းက ဒီနေ့ကတော့ မတူတဲ့အခြေအနေ ဖြစ်သင့်တာပေါ့”


Garyက နှစ်ဖက်လုံးက ရန်သူများကို ရင်ဆိုင်နေရသည်။ သူသည် အချိန်အတန်ကြာအောင် ရုန်းကန်လိုသေးသည်။ နောက်ဆုံးတွင်မူ ထိုသို့သာ ပြောလိုက်ရသည်။


“ကလို_ _ _FTWကို ရွေးခိုင်းရင် ဘယ်လိုလဲ”


ယွမ်ဇယ်ကလည်း မည်သူကိုမှ မကြည့်ချင်ပေ။ သူသည် ဒီအတိုင်း သူ မတက်မိသည့်အတွက် ဝမ်းသာနေမိသည်။


မရေမတွက်နိုင်သော စင်အောက်မှ ပြိုင်ပွဲဝင်များ “???”


FTWမှ လူတိုင်း “_ _ _”


သို့ရာတွင် ထိုကိစ္စက ဝေ့ရှောင်းကို ပိုပြီး သေသည်အထိ စိုးရိမ်စေသည်။ 


“ဒါက တအားခက်တာပဲ။ ငါက သုံးသင်းလုံးကို လိုချင်တာ”


တစ်စုံတစ်ယောက်က ခေါင်းကို အသာခေါက်သည်။ ဝေ့ရှောင်းက မှင်သက်စွာ လှည့်ကြည့်လိုက်သည်။


လုဖုန်းက သူ၏မျက်ဝန်းထောင့်စွန်းနားမှတဆင့် သူ့ကို တစ်ချက်စောင်းကြည့်သည်။ ဝေ့ရှောင်း၏ ရေဒါက မြင့်တက်သွားပြီး အကျိုးအကြောင်းကျကျ စဉ်းစားနိုင်သွားကာ ချက်ချင်းဆိုသလိုပင် ခေါင်းဆောင်က ဒေါသထွက်နေကြောင်း သိလိုက်သည်။ 


“ခေါင်းဆောင် ဒါကလည်း လွန်လွန်းတယ်လို့ ခေါင်းဆောင် ထင်တယ်မလား။ သူတို့ကို ဘယ်သူကများ အခွင့်အရေး ပေးလိုက်လို့လဲ။ လေ့ကျင့်ရေး match ပွဲ သုံးပွဲ ရဖို့က ငါတို့အတွက် လွယ်တာမှ မဟုတ်တာ။ ဘာလို့_ _ _”


လုဖုန်းက နဖူးကို ထပ်ခေါက်ပြန်သည်။


ဝေ့ရှောင်း “!” 


 လုဖုန်းက အသံကို တိုးသည်။


“Quiet “


ဝေ့ရှောင်း “ဟင်”


သူသည် သူ၏နားကိုပင် ပိုတိုးကပ်လိုက်သေးသည်။


လုဖုန်းက သေးငယ်ပြီး ချစ်စရာကောင်းသော အဖြူရောင် နားသံသီးလေးကို တစ်ချက်ကြည့်ပြီး အကြည့်ကို လွှဲသည်။


“တိတ်တိတ်နေ”


ဝေ့ရှောင်း “…”


ခေါင်းဆောင်က သူ့ကို တိုးတိုးလေး ပြောဖို့ ခေါ်တယ်ထင်လို့ အနားကပ်သွားတာလေ။ 


ပြိုင်ပွဲရေးကော်မတီကလည်း အလွန်စိုးရိမ်နေသည်။ 

54 04

FTWကို ရွေးခိုင်းတာက မြေကမ္ဘာကိုတောင် တုန်လှုပ်စေလောက်တဲ့ ဆိုးတဲ့အကြံကြီးနော်။


အမှတ်အရ အဆင့်ထားပေးသည့် မူရင်းရည်ရွယ်ချက်ကမူ ပြင်းပြင်းထန်ထန် ကြိုးစားပြီ အဆင့်၏ ရှေ့သို့ရောက်အောင် ကြိုးစားခဲ့သော အသင်းများအား သူတို့၏ အသင်းများအတွက် match ပွဲများ ရရှိစေရန် အလို့ငှာ ဖြစ်သည်။ သို့တိုင်အောင် ရလဒ်အနေဖြင့် _ _ _နံပါတ်ခုနှစ်နေရာမှ အသင်းက နံပါတ်ခြောက်နေရာသို့ မရောက်သေးသည့်တိုင်အောင် ထို့သို့ ပထမဦးဆုံး ရွေးချယ်ခွင့် အခွင့်အာဏာကို ရရှိသွားသည်။ 


သူတို့ ဘာလို့ ဒီလိုလုပ်ရမှာလဲ။ ဒီအတိုင်း စနစ်ကိုသာ အလှဆင်စနစ်တစ်ခုအဖြစ် ပြောင်းလိုက်ပါတော့လား။


ပြိုင်ပွဲရေးကော်မတီကလည်း ထိုအခြေအနေကို သဘောတူလိမ့်မည် မဟုတ်ချေ။ သို့သော် L&P, PROနှင့် 3U တို့က အလေးအနက် ထားကာ ပြောနေကြသည်။ မည်သူကမှ မည်သူကိုမှ လက်မလျော့လိုကြချေ။ ဒါသည် နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုအရ ထိုအခြေအနေကို ပြိုင်ပွဲရေးကော်မတီကိုသာ အပြစ်တင်လိုက်သည်။ အသင်းများအားလုံးက အနည်းငယ်ပင်  မတရား ခံလိုက်ရသည်။


သို့ရာတွင် မမျှတသည် ကိစ္စတစ်ရပ်ဖြစ်ပြီး လိုချင်စိတ်သည် ကိစ္စတစ်ခု ဖြစ်နေပြန်သည်။ 


စင်အောက်ဘက်မှ လူတိုင်းက သိချင်စိတ် ပြင်းထန်သောကြောင့် သေလုမျောပါး ဖြစ်နေသည်။


တကယ်ပဲ ဒါက ဘာလဲ။


ထိပ်ဆုံးအမှတ်များကို ပိုင်ဆိုင်ထားသည့် အသင်းသုံးသင်းလုံးက နံပါတ်ခုနှစ်နေရာမှ အသင်းအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ 


FTWက ဘယ်လိုသောက်ကျိုးနည်း ဆွဲဆောင်မှုများ ရှိနေလို့လဲ။ 


အခွင့်အရေးမရရှိသည့် အသင်းများကမူ ဒီလိုဖြစ်လာသည့်အတွက် အနည်းငယ် စိုးရိမ်သွားကြသည်။ 


ကံကောင်းသည်မှာ ထိုကဏ္ဍကို တိုက်ရိုက်ထုတ်လွှင့်နေခြင်း မဟုတ်ပေ။ သို့မဟုတ်လျှင် ဒီတရုတ်နိုင်ငံ Glory အသိုင်းအဝိုင်း တစ်ခုလုံးက တစ်ခုကို လုပ်ပြီး တစ်နှစ်လုံး သဘောတကျ ရယ်မောနေလောက်သည်။


_ _ _


ဒါကဘယ်လိုများ ဆွဲဆောင်အား ပြင်းထန်လွန်းတဲ့ အသင်းသတ်ဖြတ်သူတစ်ယောက်လဲ_ _ _။ လူပေါင်းများစွာကိုတောင် သူတို့ဆီ ခေါင်းငုံ့ အညံ့ခံစေတယ်။


နောက်ဆုံးတွင် ပြိုင်ပွဲကော်မတီက အရာအားလုံးအတွက် အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုကို ပေးလိုက်သည်။


မဲနှိုက်ရန် ဖြစ်သည်။


မည်သူကမှ အခွင့်အရေးကို လက်မလွတ် မခံလိုကြပေ။ ထို့ကြောင့် FTWကို ကာကွယ်သည်ဆိုသော အခြေခံအရ ပြိုင်ပွဲရေးကော်မတီက ထိုသို့သော မဲနိူက်သည့် ဖြစ်ရပ်ကိုသာ ထုတ်သုံးလိုက်ရသည်။ 


အသင်းသုံးသင်းက မဲနိူက်ပေလိမ့်မည်။ FTWဟု ရေးထားသော စာကို မည်သူက အရင်နှိုက်မည်စေကာမူ လေ့ကျင့်ရေးပွဲစဉ်က စတင်ပေနိုင်ပေလိမ့်မည်။


Garyက မကျေနပ်ဆုံး ဖြစ်သည်။


“ငါတို့က နံပါတ်တစ်နေရာမှာ ရှိနေတာ ရှင်းလင်းနေတာပဲ”


ကင်ဆွန်းဟွန်း  “ပြန်ပြီး လောင်ရှီကို သူ ပထမနေရာကို ဘယ်လိုရခဲ့သလဲ မေးလိုက်”


Closeကြောင့်သာ မဟုတ်ရင် သူက ပထမနေရာကို ရမှာတဲ့လား။


မူလကမူ proက L&P၏အရှေ့တွင် ဖြစ်သည်။ သူတို့သည် ယွမ်ဇယ်နှင့် Closeနှစ်ယောက်ပေါင်းပြီး အသင်းတစ်သင်း ဖွဲ့လျက် အမှတ်သုံးမှတ်စီ ရသွားခဲ့သော အခြေအနေကြောင့်သာ ယခုလိုမျိုး ရှေ့သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုအခြေအနေမျိုးတွင် ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့ နှစ်ယောက်လုံးကမူ ခြောက်မှတ်စီ ရှုံးထား၏။


ထို့ကြောင့် L&P က လှည့်နိုင်သွားခြင်းဖြစ်သည်။ 


တင်ဆက်သူကလည်း ထိုဘိုးဘေးတစ်အုပ်ကိုအမှန်ပင် ကြောက်သည်။ ထို့ကြောင့် အလျင်စလို ပြောလိုက်၏။ 


“လာ လာ မဲနှိုက်ရအောင်”


တိုက်တိုက်ဆိုင်ဆိုင် အသင်းသုံးသင်းလုံးမှ ကိုယ်စားပြု သုံးယောက်က စင်ပေါ်တွင် ရောက်ရှိနေကြသည်။ ထို့ကြောင့် တိုက်ရိုက်ပင် အသင်းအသီးသီးကိုယ်စား မဲနိူက်လိုက်ကြသည်။ 

54 05

Garyက အရင်ပြောသည်။


“ငါတို့က နံပါတ်တစ်ပဲ။ ဒါကြောင့် ငါတို့အရင်နှိုက်မယ်”


ထို့နောက် အခြားနှစ်ယောက်ကိုပင် တု့န်ပြန်ရန် အချိန်မပေးလေဘဲ သူက အရင်ပြေးကာ ဘောလုံးတစ်လုံးကို ယူလိုက်သည်။ ထို့နောက် ခွဲထုတ်ကာ ဖွင့်ကြည့်လိုက်သည်။


တင်ဆက်သူက ရလဒ်ကို ကြေငြာသည်။


“ဗလာ”


Garyသည် ဒေါသထွက်လွန်းသဖြင့် ကောင်းကင်သို့ပင် ခုန်တက်ချင်သွားသည်။


ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့၏ တရုတ်ပြည်မှ ပရိတ်သတ်များက သူတို့ကို  ကံကောင်းစေသောcpဟု နာမည် ပေးထားသည်။


ကင်ဆွန်းဟွန်း၏ တရုတ်စာသည်လည်း အလွန်ကောင်းသည်။ သူသည် သဘာဝအလျောက်ပင် ကံကောင်းစေသည်ဆိုသော cp၏ အဓိပ္ပာယ်ကို နားလည်သည်။ ကွိုင်သည် ကံကောင်းမှုကို ကိုယ်စားပြုလေသည်။ 


နတ်ဘုရားကင်က လှုပ်ရှားလိုက်သည်။


တင်ဆက်သူက ကြေငြာသည်။


“ဗလာ”


ကင်ဆွန်းဟွန်း “...”


သေစမ်း သူနဲ့ လီဟယ်ရန် အတူရှိနေမှ သူတို့ကွိုင်ဖြစ်တာလား။ သူ တစ်ယောက်တည်းဆိုရင် သူက ဒီအတိုင်း ငါးတစ်ဝက်တည်းဆိုသော မှားသွားတာပေါ့။


ကံဆိုးသည်မှာ သူ၏ရွေးချယ်မှုကို ပြန်ပြောင်း၍ မရချေ။


ခုံးယီက တိုက်ခိုက်ရန် မလိုအပ်ဘဲ နိုင်သွားသည်။ သူ၏နေရာတွင်သာ တည်ငြိမ်နေ၏။ တင်ဆက်သူက စိတ်အားထက်သန်စွာ ပြောသည်။


“ဂုဏ်ယူပါတယ် 3U _ _ _”


ထို့နောက် သူမသည်လည်း ထိုစကားလုံးများကို ပြောလိုက်ခြင်းက မမှန်ကန်ကြောင်း သတိထားမိလိုက်သည်။


သူတို့ကို ဘာအတွက် ဂုဏ်ယူပေးရမှာလဲ။ ထိပ်ဆုံးအသင်းသုံးသင်းက ယခုလို ဆိုးရွားတဲ့ အနေအထားကို ကျသွားတာကို ဂုဏ်ယူပေးရမှာလား။


တင်ဆက်သူက စကားကို ပြောင်းပြောသည်။


“ကောင်းပြီ ဒီလိုဆိုFTWနဲ့3U ရဲ့ စတက်တာတွေကို စင်ပေါ်ကို တက်ခိုင်းရအောင်”


ထိုရလဒ်က ဝေ့ရှောင်းကို အနည်းငယ် စိတ်ပျက်စေသည်။ သူက သူတို့ရဲ့ညီအစ်ကို ကို စိတ်ပျက်တာ မဟုတ်ဘူးနော်။ ဒီအတိုင်း သုံးသင်းကနေ တစ်သင်းတည်း ဖြစ်တဲ့အတွက် နည်းနည်းလေး စိတ်ပျက်သွားတာ။ ဘယ်သူမဆို စိတ်ပျက်မှာပဲလေ။


ဝေ့ရှောင်းက ပိုင်ချိုင်ကို လေသံတိုးတိုးနှင့် အထွန့်တက်နေချိန်တွင် ပိုင်ချိုင်၏ မျက်နှာက ခံစားချက် မဲ့နေသည်။ 


“ မဟုတ်ဘူး မသိဘူး။ ငါ ဘာမှ စိတ်မပျက်ဘူး”


သူသည် ကံကောင်းသည်ဟုပင် ခံစားရသေးသည်။ ဘယ်သူကမှ ဒီသားရဲအသင်းနှစ်သင်းလုံးနဲ့ တိုက်ခိုက်ချင်မှာလဲ။ 


သူတို့သည် စင်ပေါ်သို့ တက်သွားသောအခါ Garyနှင့် ကင်ဆွန်းဟွန်းတို့က စင်အောက်သို့ ဆင်းရန် ပြင်ကာစ ဖြစ်သည်။ ထိုနှစ်ယောက် အလွန်မကျေမနပ် ဖြစ်နေသည်။


ကံဆိုးသည်မှာ သူတို့သည်လည်း ဘာကိုမှ မတတ်နိုင်ချေ။


ကံသည် ကံကြမ္မာကို မှီခိုသောအရာ ဖြစ်နေသည်။


ဝေ့ရှောင်းကလည်း သူတို့၏ စိတ်အခြေအနေကို နားလည်ပုံရသည်။ သူက အချင်းချင်း ဖြတ်လျှောက်ချိန်တွင် ကျယ်လောင်စွာ နှစ်သိမ့်ပေးလိုက်သည်။


“စိတ်ဓာတ် မကျပါနဲ့။ မင်းတို့ မနက်ဖြန် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပထမနေရာရအောင်  လုပ်လေ။ ဒီလိုဆိုရင် မင်းတို့ ငါတို့ကို အရင်ရွေးခွင့်ရလိမ့်မယ်”


ကင်ဆွန်းဟွန်း နှင့် Gary “_ _ _”


သူတို့အားလုံးသည် စင်ပေါ်မှာ ရှိပြီး ဝေ့ရှောင်းက အသံမတိုးထားသောကြောင့် အနီးအနားရှိ မိုက်ခရိုဖုန်းကလည်း အသံကို ဖမ်းယူလိုက်နိုင်သည်။ 


ခန်းမထဲမှ ပြိုင်ပွဲဝင်များအားလုံး “???”


FTWရဲ့ ဒီToplanerအသစ် _ _ _


ဟွန့် သူ့မှာ နတ်ဆိုးလို လော့ဂျစ်ရှိတာပဲ။ 


******