အခန်း (55)
မဖြစ်နိုင်ရင်တောင်မှ သူတို့ လုပ်ရမယ်။
FTW နှင့် 3U အကြားမှ ကျေးဇူးတင်စိတ်နှင့် ရန်ငြိုးများသည် အဆုံးအစမဲ့သည်ဟုလည်း ပြော၍ရသည်။
FTWက ထိပ်ဆုံး အခိုက်အတန့်တွင် ရှိနေသော ကာလတွင် 3Uက တည်ထောင်ထားပြီးသည်က မကြာလှသေးချေ။ ထိုနှစ်က တရုတ်ပြိုင်ပွဲ၏ နယ်မြေတစ်ခုလုံးက FTWကို မော်ကြည့်နေကြရသည်။ သူတို့နောက်သို့ ပြေးလိုက်ရန် မဆိုထားဘိ။ အနည်းငယ် ကြည့်လိုက်မိရုံနှင့်ပင် မျက်စိကြိမ်းမတတ် နာကျင်သွားကြရသည်။
ထိုအချိန်က 3U၏ စီမံရေးအပိုင်းသည် FTW ၏ နတ်ဘုရားများအသင်းကို အလွန်အမင်း မနာလို ဖြစ်နေခဲ့ကြပြီး သူတို့သည်လည်း ထိုကဲ့သို့ အလားတူ အိပ်မက်အသင်း တစ်သင်းကို တည်ဆောက်ရန် သစ္စာပြုခဲ့ကြသည်။
သူတို့သည် ပိုက်ဆံအမြောက်အများ သုံးပြီး ပြည်ပမှ ကစားသမားများကို ဝယ်ယူခဲ့သည်။ သို့တိုင်အောင် ရလဒ်ကမူ ဆိုးရွားနေသေး၏။ သူတို့သည် လှုပ်ခါပြီး မတည်ငြိမ်သော အဖွဲ့ကိုသာ လုပ်နိုင်လိုက်သည်။
တူညီသော နှစ်တွင် FTW၏ နတ်ဘုရားများအသင်းက အဖွဲ့ပျက်သွားသည်။ FTW၏ အုတ်မြစ်ကလည်း သဲအလား ပြေလျော့ကျလာသည်။ သူတို့၏ အခြေအနေက ကိုယ်ပိုင်ပြဿနာများ ရှိသော 3U၏ အခြေအနေနှင့် နှိုင်းယှဉ်နိုင်သွားသည်။
ထိုအချိန်က စခန်းနှစ်ခုလုံးက အချင်းချင်း ကပ်လျက် ရှိနေသည့်အလျောက် မကြာခဏဆိုသလို လေ့ကျင့်ရေးပွဲစဉ်များကို စီစဉ်လေ့ရှိပြီး အတူတကွ ကြိုးစားကာ ကုန်းတက်ခဲ့ကြသည်။ ကံဆိုးသည်မှာ FTWက ထိန်းထားနိုင်သည်။ သို့သော် 3U၏ စီမံရေးပိုင်းက အရာအားလုံး ဆုံးရှုံးပြီး ထွက်ပြေးသွားခဲ့သည်။
နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က 3Uကို ဝယ်လိုက်ပြီး အကြံအစည်တစ်ခု ချသည်။ သူတို့သည် နှစ်နှစ်ဆက်တိုက် ရှာဖွေပြီးနောက် နောက်ဆုံး 2020 တွင်မှ ရတနာကြီးကို တူးဖော်နိုင်ခဲ့သည်။ ထိုရတနာသည်. Asleep ဖြစ်သည်။
၂၀၂၀က 3Uကို တစ်ဖန်ပြန်လည်ပြီး ဦးမော့စေနိုင်သော ကာလ ဖြစ်နေသေးပြန်သည်။
3Uသည် ဆိုးရွားသော အခြေအနေကို ကြောက်လန့်ရန် သင်ယူနိုင်ခဲ့ပုံ ရသည်။ နောက်ဆုံးတွင် ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည့် အလျောက် သူ၏တန်ကြေးကို ဖျစ်ညစ်အသုံးပြုရန် ကြိုးစားလာသည်။ Asleepသည် လောကကြီး၏ ကိစ္စများကို ဂရုမစိုက်သောသူ ဖြစ်သည်။ သို့သော် ထိုအချိန်က လူအများစုကမူ ထိုကလေးက အရင်းရှင်များအကြားတွင် အရိုးပါမကျန်သည်အထိ ဝါးစားခံရမည့် အခြေအနေကို စိုးရိမ်ခဲ့ကြသေးသည်။ မထင်ထားစွာဖြင့် သူ၏ သိုသိုသိပ်သိပ် နေတတ်သော ငယ်သူငယ်ချင်းက သူနှင့်အတူ အသင်းထဲသို့ တစ်ရှိန်ထိုး ဝင်လာခဲ့ပြီး ထိုတစ်ယောက်သည် အလွန်ဉာဏ်ကောင်းသည်။ အသက် ၁၉နှစ်သာ ရှိသေးသော်လည်း ရူးကြောင်ကြောင် နိုင်ပြီး ရည်မှန်းချက် ကြီးသော 3U၏ စီမံရေးအသင်းကို သူ၏ EQ နှင့် ဦးနှောက်ကိုသာ သုံးပြီး ဖိနှိပ်နိုင်ခဲ့သည်။
Asleepသည် အနိုင်ကျင့်၍ လွယ်ပုံပေါ်သည်။ သို့သော် ခုံးယီက သူ့အရှေ့တွင် အရာအားလုံးကို ပိတ်ထား ပေးသောကြောင့် Asleepကို အနိုင်မကျင့်ခင် ခုံးယီ၏ ခွင့်ပြုချက်ကို အရင်တောင်းရပေလိမ့်မည်။
2021 တွင် FTW ကသာ မျှော်လင့်ချက် ပြည့်နှက်နေသော အသင်းတစ်သင်း မဟုတ်ပေ။ ပြိုင်ပွဲစဉ်အတွင်း တစ်နှစ်တာအတွေ့အကြုံကို ရလိုက်သည်နှင့် Asleep နှင့် တည်ငြိမ်သော 3Uသည် ယခုအခါ ရည်မှန်းချက် ကြီးနေပြီဖြစ်သည်။
ပြည်ပ ပရိသတ်များသည် FTWနှင့် 3U အကြားမှ တိုက်ပွဲကို စိတ်ဝင်စားလောက်သည်။ သို့သော် တရုတ်ပြည်မှ ပရိသတ်များကမူ ပျော်ရွှင်နေကြသည်။
အဖွဲ့အေ၏ လေ့ကျင့်ရေး စခန်းတည်နေရာနှင့် တရုတ်ပြည်အကြားတွင် တစ်နာရီသာ အချိန်ကွာခြားချက် ရှိသည်။ လေ့ကျင့်ရေးmatchပွဲကို တိုက်ရိုက် ထုတ်လွှင့်သော အချိန်ကလည်း အများကြီး ပိုမကြာနိုင်ချေ။ ထို့အပြင် trafficကလည်း ထိုးတက်နေသော အထွတ်အထိပ်ကာလမျိုးတွင် ဖြစ်သည့်အလျောက် တရားဝင်ဂိမ်းပွဲတစ်ပွဲအတွက် trafficက မဆိုးရွားနိုင်ချေ။ ပို၍ ဆိုးသည်မှာ လေ့ကျင့်ရေးပွဲသို့ တက်သော (၁၈)သင်းထဲတွင် FTWနှင့် 3Uက ပထမဆုံး လေ့ကျင့်ရေးပွဲ စတင်ခြင်း ဖြစ်သည်။ ထိုတိုးတက်မှုက တရုတ်ပြိုင်ပွဲမှ လူများကို ဒီနှစ်အတွက် Killingတစ်ခု ရယူနိုင်မည်ဟု သက်သေပြရာ ရောက်နေသည်။
သူတို့သည် အချင်းချင်း ရင်းနှီးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် P&B ကဏ္ဍတွင် အများကြီး တွေးတောစရာ မလိုခဲ့ချေ။ ချန်းဖုန်းက 3Uကို အလွန်ရင်းနှီးထားသည့် အလျောက် သူတို့၏ ပုံမှန်လမ်းစဉ် Line up အချို့ကို အလွယ်တကူ ချိုးဖျက်နိုင်သည်။
သူတို့သည် သက်ရောက်မှု အများအပြား ရှိမည် မဟုတ်၍ Asleep ကို ပစ်မှတ်မထားခဲ့ချေ။ နှစ်သင်းလုံးက Junglerကို အမြုတေ(ဦးစားပေး)အဖြစ် အသုံးပြုကြသည်။ ထို့ကြောင့် Closeကို ထိပ်တိုက်ရင်ဆိုင်ရန် အသုံးပြုသော မည်သည့်အရာကမဆို တခြားသော အသင်းအတွက် အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။
55 02
3U၏ နည်းပြက ပို၍ပင် တိုက်ရိုက် ဆန်သေးသည်။ သူတို့သည် ပုံမှန်လမ်းကြောင်းအတိုင်းသာ သွားပြီး Close ကိုသာ ပစ်မှတ်ထားလိုက်သည်။
Close ကို ပစ်မှတ်ထားလို့ မရဘူးလို့ ပြောတယ် မဟုတ်လား။ ဒါပေမဲ့ မထားရင်လည်း မရပြန်ဘူး။
ထိုသို့ဖြင့် အိပ်မက်ဆိုး Mode နှင့် ငရဲ Mod တို့ တူညီသော်လည်း တစ်စုံတစ်ယောက်ကသာ ရိုးရှင်းသော အိပ်မက်ဆိုးများကို လက်ခံနိုင်မည် ဆိုပါက မည်သူကမျှ ငရဲသို့ သွားချင်လိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင် Line up ကို ဆုံးဖြတ်၍ ပြီးသွားသည်။ FTW၏ ဘက်ခြမ်းမှ အလွန်တီထွင်မှု ရှိသည်။ နတ်စစ်သည်တော်။ လူရမ်းကားသူခိုး။ မြေသားမှော်ဆရာ။ အလင်းဘုန်းတော်ကြီးနှင့် မုန်တိုင်းမုဆိုး ဖြစ်သည်။
3U၏ ဘက်ကမူ အလွန် ကောင်းမွန်လေသည်။ သွေးစစ်သည်တော်။ ပုန်းကွယ်သူခိုး။ အမတမှော်ဆရာ။ အခြေပြုစွမ်းအင်သုံး နတ်ဆရာနှင့် ဝင်စီးသူတို့ ဖြစ်သည်။
အနှစ်ချုပ် ဆိုရသော် FTWသည် သူတို့၏ Jungler အမြုတေကို ပို၍ အာရုံစိုက်သည်။ အခြေခံအားဖြင့် စွမ်းရည်များအားလုံးက လူရမ်းကားသူခိုးနှင့် ပူးပေါင်းဆောင်ရွက်ပေလိမ့်မည်။ ပိုင်ချိုင်ကို လူရမ်းကားသူခိုးနောက်သို့ လွတ်လွတ်လပ်လပ် လိုက်နိုင်ရန် အလို့ငှာ ယွဲ့ဝမ်လဲ့က ကိုယ်ကိုကိုယ် ကာကွယ်နိုင်သော မုန်တိုင်းမုဆိုးကို ယူထားသည်။
3U၏ ဘက်ခြမ်းက ပို၍ပင် ဟန်ချက်ညီသည်။ သွေးစစ်သည်တော်သည် နတ်စစ်သည်တော်နှင့် ယှဉ်သော် အနည်းငယ် ပိုပြီး tankနည်းသည်ဟု ထင်ရလောက်သော်လည်း သူ၏ Damage ကမူ ပိုမြင့်သည်။ သူသည် နောက်ပိုင်းအဆင့်တွင် မြေသားမှော်ဆရာကို တိုက်ရိုက် ခုတ်ချနိုင်သော စွမ်းရည် ရှိသည်။ ပုန်းကွယ်သူခိုးကမူ လူရမ်းကားသူခိုးနှင့် ယှဉ်သော် ဂိမ်းတစ်ပွဲလုံး၏ ဟန်ချက်ကို သယ်သွားပေးနိုင်သော တူညီသော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော် သူသည် ပို၍ ရှင်သန်နိုင်နှုန်းမြင့်ပြီး မုန်တိုင်းမုဆိုးကို ချုပ်ထိန်းနိုင်သော Talent Spec စွမ်းရည် ဖြစ်နေသေးသည်။
အမတမှော်ဆရာသည်လည်း (Damage ယူပြီး လုပ်ကြံသတ်ဖြတ်နိုင်သော ဂါထာအမျိုးအစားကို ထုတ်သုံးနိုင်သည့်) မှော်စွမ်းအင်လုံး လုပ်ကြံသတ်ဖြတ်သူ တစ်မျိုးဖြစ်ပြီး အစောပိုင်းအဆင့်ကာလတွင် သူသည် ရန်သူ၏ မျှော်စင်ပတ်ပတ်လည်သို့ပင် ပတ်ပြေးသွားလျက် သူ၏ ပထမဆုံး အကွက်ကို သုံးရုံဖြင့် မြေသားမှော်ဆရာကို တစ်ကြိမ် သတ်နိုင်စွမ်းရည် ရှိသည်။
အားလုံး ခြုံငုံပြီး ကြည့်ရသော် Line up သည် လိုက်ဖက်ညီမှု အပြည့်ရှိသည်။ အနိုင်အရှုံးကမူ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုပ်ဆောင်မှုအပေါ် မူတည်ပေလိမ့်မည်။
ဂိမ်းပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် ပြိုင်ပွဲ၏ကော်မတီကလည်း ထင်မြင်သတ်မှတ်ချက်ပေးသူ နှစ်ဦးကို စီစဉ်ပေးထားသည်။ ထင်မြင်သတ်မှတ်ချက် ပေးသူများအားလုံးက Line up များနှင့် သူတို့၏ ပြဿနာများအကြောင်းကို အဓိပ္ပာယ်မဲ့သော စကားများကို ဆက်တိုက် ပြောဆိုနေကြပြီးနောက် ပြိုင်ပွဲဝင်များနှင့် ပတ်သက်ပြီး ဆွေးနွေးသည်။
“FTW ရဲ့ အနိုင်ရနိုင်ခြေကတော့ နည်းနည်းလေး ပိုမြင့်တယ်။ ကျွန်တော်တို့ Close ရဲ့ လူရမ်းကားသူခိုးကို မြင်ဖူးသားပဲ မဟုတ်လား”
“ပြောဖို့တော့ ခက်တယ်။ Asleep က မနှစ်က Closeကို အကြိမ်ရေ အများကြီး သတ်ခဲ့တာလေ”
“ဒီကစားသမား Asleepက တော်တော်လေးတော့ လုပ်နိုင်စွမ်းရည် ရှိတယ်။ အထူးသဖြင့် သူ့ရဲ့ အထောက်အပံ့ ကစားဖော် ခုံးယီနဲ့ ပေါင်းလိုက်တဲ့ အချိန်မှာ တစ်နဲ့တစ်ပေါင်းတာက နှစ်ထက်ပိုတယ် ဆိုတာပဲ”
ထိုသို့ ပြောပြီးနောက် နာကျင်နိုင်သော နေရာကို ထိုးထည့်သော ကောမန့်များက တက်လာသည်။
“FTWရဲ့ ဘက်ခြမ်းကတော့ တစ်အပေါင်းတစ် ညီမျှခြင်း တစ်ပဲ ဖြစ်နေတုန်းပဲ”
တစ်ချက် ကြည့်လိုက်ရုံဖြင့် ပိုင်ချိုင်၏ Hater များထဲမှ တစ်ယောက် ဖြစ်ကြောင်း မြင်နိုင်သည်။ တစ်နည်းအားဖြင့် ပိုင်ချိုင်အား အရင် လက်ဦးမှု မယူကြောင်း။ အမြဲတစေ ရှေ့မထွက်ကြောင်း အမှားမလုပ်သော်လည်း ဂိမ်းပွဲအတွင်းသို့ ဘာမှ ထပ်မထည့်ပေးနိုင်ကြောင်း အပြစ်တင်နေခဲ့ခြင်း ဖြစ်သည်။
တောင်ကြားတစ်ခုလုံးကို ဖန်သားပြင်ကြီးတွင် ပြသနေပြီး လူတိုင်း၏ အာရုံက ဆွဲဆောင်ခံလိုက်ရသည်။ ဂိမ်းပွဲ၏ အစက မချောမွေ့ချေ။ ပုန်းကွယ်သူခိုးက FTW၏ တောထဲသို့ လာပြီးခိုးသည်။ သို့သော် ထိုအချိန်တွင် Closeသည် တောအနားရှိ Top Laneနားတွင် ရောက်နေသောကြောင့် ပိုင်ချိုင်က မြစ်နားတွင် ထိလျက်ရှိနေသည်။ ကောမန့်များက တက်လာပြန်သည်။
“ချိုင်ကော မသေပါနဲ့အုံး။ ချိုင်ကော တခြားသူတွေကို နည်းနည်းလေးတော့ ကာကွယ်ပေးလိုက်ပါအုံး… သောက်ကျိုးနည်း”
လူတိုင်းကလည်း Asleepက အောင်မြင်စွာနှင့် တောထဲမှ Creeps များကို ခိုးသွားနိုင်လောက်မည်ဟု ထင်နေကြသည့် အခိုက်အတန့်တွင် ပုံမှန်အားဖြင့် စံချိန်မီလမ်းကြောင်းကို လျှောက်တတ်သည့် ပိုင်ချိုင်က သူ၏ Mid-Lanerကို အတူဆွဲခေါ်ပြီး တောထဲသို့ ထိုးဆင်းသွားသည်။
“ကြွယ်ဝခြင်းနတ်ဘုရားက နိုးထလာပြီလား”
55 03
(ပိုင်ချိုင်ရဲ့ ချိုင်က ကြွယ်ဝခြင်းက ချိုင်နဲ့ တူပါတယ်)
“သူ… သူ ရွေ့နေပြီ။ FTW ရဲ့ နံပါတ်တစ် အပျင်းဆုံးပုဂ္ဂိုလ်က လက်ဦးမှုယူပြီး တိုက်ခိုက်တော့မယ်ပေါ့”
ပရိသတ်များ၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သူတို့သည် ပိုင်ချိုင်က နင်ကျယ်ဟန်ကို တောထဲသို့ ခေါ်သွားကြောင်း မြင်လိုက်နိုင်သည်။ Close ကလည်း ထိုနေရာတွင်း ပေါ်လာသည့် Team ၏ မြင်ကွင်းမှ တဆင့် နေရာရွေ့ပြောင်းသော ခလုတ်ကို နှိပ်လိုက်ကြောင်း မြင်နိုင်သေးလေသည်။
ထိုသို့ဖြင့် သူတို့သည် Asleep နှင့် ခုံးယီကို ပိတ်ကာ ဖမ်းမည်ဟုပင် မြင်နိုင်သည်။
Asleep သည် အမှန်တကယ်ပင် ကြမ်းတမ်းပြီး အင်အားကြီးမားသည်။ သူသည် သူ၏ တည်နေရာကို ဖုံးကွယ်ထားပြီး သူ၏ W-Skill ကို အတိအကျ သုံးလိုက်ကာ တစ်ဖက်ခြမ်းရှိ မှော်ဆရာကို ထိန်းထားနိုင်သည်။
ယခုလေးတင် အဆင့်နှစ်သို့ ရောက်ကာစ မြေသားမှော်ဆရာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် Skillမျိုး မရှိသေးပေ။ ထို့ကြောင့် တစ်နှစ်တာ၏ အဆုံးသတ်အထိ နင်ကျယ်ဟန်က လုံလောက်အောင် အတွေ့အကြုံ မရှိသေးပါပေ။ သူသည် သူ၏အသက်က ဆုံးရှုံးသွားနိုင်သော အခိုက်အတန့်အထိ ထိတ်လန့်လာသည်။ ကံကောင်းသည်မှာ Asleep ၏ Damage သည်လည်း လုံလောက်အောင် မမြင့်သေးပြန်ပေ။ ထို့ကြောင့် နင်ကျယ်ဟန်၏ အသက်ကို Skill တစ်စုံလောက်ဖြင့် မယူသွားနိုင်ချေ။ ထို့ကြောင့် သူသည် Health အနည်းငယ် ချန်ထားပြီး ထွက်ပြေးသွားရသည်။ အံ့အားသင့်သွားသော နင်ကျယ်ဟန်က နောက်ဆုတ်ရန်သာ တတ်နိုင်သည်။ သို့သော် ထိုအချိန်တွင် Close က နေရာရွေ့ပြောင်း ပြီးသွားပြီဖြစ်သည်။ သူ၏ မြတ်ရိတ်ဓားက အလွန်အမင်း တိကျစွာဖြင့် Asleep ကို လော့ခ်ချလိုက်သည်။
ထိုအခိုက်အတန့်တွင်…
ထိုတစ်စက္ကန့်တွင် သို့မဟုတ် ထိုအခိုက်အတန့်တွင်…
ချက်ချင်းလိုလို ကောမန့်များက ပေါက်ကွဲသွားတော့သည်။
“ဟား ဟား ဟား… အမြန် အမြန် ငါတို့ ခုံးယီကို ကြည့်အုံး…”
“သေစမ်း သူ ပြေးတာ တကယ်မြန်တာပဲ”
“ငါတို့ရဲ့ ညအိပ်ဝတ်စုံ CP ကတော့ ကွဲအက်ကုန်ပြီ”
“နတ်ဘုရားယီ မင်းတို့တွေက သေရေးရှင်ရေး အတူတကွ မခွဲဘူးလို့ သဘောတူညီထားကြတာ မဟုတ်ဘူးလား။ ဘယ်လို ဖြစ်ပြီးတော့ ရုတ်တရက်ကြီး ငါတို့ရဲ့ အိပ်စက်ခြင်း နတ်ဘုရားကို ချန်ထားပြီး ထွက်ပြေးသွားတာလဲ”
အမှန်တွင် ညအိပ်ဝတ်စုံ CPသည် အခက်အခဲများကို ရင်ဆိုင်ရသောအခါ အမြွှာနှစ်သွယ်နှယ် ပူးပေါင်းဆောင်ရွက်ရမည့်အစား အရပ်မျက်နှာအနှံ့ ခွဲပြေးကြလေသည်။ ခုံးယီသည် သူ့ကိုယ်သူ အရှိန်နှုန်းမြင့်သော မှော်ဆရာအရုပ်လေးကိုပင် ထုတ်သုံးလိုက်ပြီး ယုန်ထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် ထွက်ပြေးသွားသည်။ ထိုကဲ့သို့ အသင်းဖော်ကို ချန်ထားရစ်ခဲ့ပြီး ရောင်းထုတ်သွားခဲ့သော အပြုအမူက ကြည့်ရှုနေသော လူအများကို အံ့အားသင့်စေလောက်သည်။ 3U၏ Jungler နှင့် အထောက်အပံ့က ဆက်ဆံရေး ပြိုပျက်သွားပြီ ဟုပင် ထင်လောက်သည်။ သို့သော် ထင်မြင်သုံးသပ်ချက် ပေးသူများကမူ အလွန်မျှတသည်။
“3Uရဲ့ ရွေးချယ်မှုက မှန်ကန်တယ်”
“Asleepက သေချာပေါက် သေမှာ ခုံးယီက အဲဒီနေရာမှာ ဆက်နေရင် နောက်ထပ် သေချာပေါက် Kill တစ်ခု ပေးသလို ဖြစ်သွားမှာပဲ။ ဒီတော့ မြန်မြန် ထွက်သွားတာ ကောင်းတာပဲ”
နောက်ပြီး… သူတို့သည်လည်း Asleepက Critl Health တွင် ရှိနေသော မြေသားမှော်ဆရာကို မြားပျံတစ်ချောင်း ပစ်လောက်ကြောင်း မြင်လိုက်ရသည်။ အံ့အားသင့်စရာ ကောင်းသည်မှာ သူသည် လူရမ်းကားသူခိုးက သူ၏ခေါင်းကို မယူခင် နင်ကျယ်ဟန်ကို သတ်သွားသေးသည်။
ထင်မြင်သုံးသပ်ချက် ပေးသူ… “ဒါက ရှုံးတော့ မရှုံးပါဘူး”
“ကောင်းတဲ့ အကွက်ပါပဲ။ Asleep က First Blood ယူလိုက်တာ”
ဟုတ်သည်။ Asleepက နင်ကျယ်ဟန်ကို အရင်သတ်လိုက်နိုင်သောကြောင့် First Blood ရသွားသည်။ Fisrt Blood သည် Firming Bonus များ ထပ်ပေါင်းထည့်ခြင်း ခံရနိုင်သည်။ ထို့သို့ကြောင့် Closeက သူ့ကို သတ်လိုက်နိုင်သည့် တိုင်အောင် သူသည် Firming လုပ်ရာတွင် Close ကို ဖိနှိပ်နိုင်သေးသည်။
ဂိမ်းပွဲ၏ အစပိုင်းတွင် ပြန်လည်ရှင်သန်သော အချိန်က အလွန်တိုသည်။ Asleep အတွက် ထိုအခြေအနေက သူ့ကို Health အလကား ပြန်ဖြည့်ရန် အိမ်သို့ ပြန်ပို့လိုက်သလို ဖြစ်နေသည်။
“3Uက တကယ် လုပ်နိုင်တယ်”
“Asleep နဲ့ ခုံးယီက မနှစ်က Double ပြိုင်ပွဲမှာ ထိပ်ဆုံးလေးနေရာကို ရောက်သွားတာနဲ့ တကယ် ထိုက်တန်တာပဲ။ သူတို့ ပူးပေါင်းဆောင်ရွက်မှုက လုံးဝကို အကြွင်းမဲ့ ပြိုင်ဘက်ကင်းတယ်”
55 04
ခုံးယီက အသင်းဖော်ကို ရောင်းထုတ်ပြီး မြန်မြန်ဆန်ဆန် ထွက်ပြေးသွားခြင်းပင် ဖြစ်စေ။ Asleepက မသေခင် မြှားပျံကို ပစ်လိုက်ခြင်း အတွက်ပင် ဖြစ်စေ အရာအားလုံးက အလွန်အမင်း တည်ငြိမ်နေသည်။
စိုးရိမ်ချက် များပြားခြင်း မရှိသလို ဖိအားများပြားခြင်း မရှိလေဘဲ အကောင်းဆုံး ရွေးချယ်မှု ပြုလုပ်လိုက်နိုင်ခြင်းက ပရိုကစားသမားတစ်ဦး၏ အရည်အသွေးကို အကောင်းဆုံး ဖော်ပြနိုင်ခြင်းပင်။
တခြားတစ်ဖက်ခြမ်းတွင် လူသစ်နင်ကျယ်ဟန်ကမူ ငယ်ရွယ်လွန်းပြီး အတွေ့အကြုံ မရှိသေးချေ။
Headset ထဲတွင် နင်ကျယ်ဟန်၏ အသံက တုန်ယင်နေသည်။
“တောင်းပန်ပါတယ်”
လုဖုန်း “ရပါတယ်”
နင်ကျယ်ဟန်သည် ထိုသို့ ပြောပြီးနောက် ပို၍ပင် ထိတ်လန့်လာသည်။ Top Laner တွင် ဝေ့ရှောင်းက 3U၏ Top Laner နှင့် Health လဲလှယ်ပြီးကာစ ဖြစ်သည်။ သူသည် မနေနိုင်ဘဲ သေးငယ်သည့် အဖွဲ့လိုက် တိုက်ခိုက်မှုအတွင်း အော်ဟစ်လိုက်သေးသည်။
ပါဝင်ယှဉ်ပြိုင်ရခြင်း မရှိတဲ့ တစ်စုံတစ်ယောက် အနေနှင့် ပြောစရာ မရှိလောက်ချေ။ သူသည် Top Lane တွင် 3Uကို ဖိနှိပ်ရန် အလုပ်များနေသည်။ ထိုအတွက်ကြောင့် ခြင်းမှ လွှတ်ထွက်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ နင်ကျယ်ဟန်ကလည်း ဘာကြောင့်မှန်းမသိ ပို၍ပင် ထိတ်လန့်လာသည်။ မြေသားမှော်ဆရာသည် သူ အရင်းနှီးဆုံးသော ဟီးရိုးဖြစ်သည်။ မကြာခဏ အသုံးပြုလေ့ရှိသည်။ ထိုဟီးရိုးသည် Midddle Lane တွင် အထောက်အပံ့ အများကြီး ပေးနိုင်သူလည်း ဖြစ်သည်။ ထို့ကြောင့် အစောပိုင်း အခြေအနေတွင် သူ၏ ထိန်းချုပ်နိုင်စွမ်းရည်ကို ကောင်းကောင်း ဆော့ကစားနိုင်သလို နှောင်းပိုင်း အခြေအနေတွင်လည်း Damage ပမာဏ အများအပြားကို ကိုင်တွယ်နိုင်သည်။
သို့ရာတွင် သူက…
အစောပိုင်းအဆင့်တွင် သူသည် ကိုယ်ရောင်ဖျောက်သူခိုးကို မထိန်းချုပ်နိုင်ခဲ့ချေ။
Asleepသည် သူ့အသက်က ဒီအသားတုံးပေါ် မှီခိုနေရသလိုမျိုး နင်ကျယ်ဟန်ကိုသာ ပစ်မှတ်ထားနေလေသည်။ 3U၏ အမတမှော်ဆရာက တိမ်ဆိုင်များအကြားတွင် နောက်ထပ် ပွဲတစ်ပွဲကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ Skill အဆင့်လိုက်ကို ထုတ်သုံးပြီး ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီးနောက် ခြေထောက်တိုတိုနှင့် မြေသားမှော်ဆရာက ထွက်ပြေးစရာ နေရာ မရှိတော့ချေ။
(တိမ်ဆိုင်များအကြားတွင် တိုက်ခိုက်ခြင်း… Skill ရဲ့ ဖော်ပြချက်)
ကောမန့်များ…
“နင်ကျယ်ဟန်က တော်တော်လေးတော့ ကောင်းကောင်း ကစားနေတာပါပဲ။ သူက ဘာလို့ ကွင်းထဲကို ရောက်သွားတဲ့အချိန်မှာ ဘာလို့ ဆိုးသွားတာလဲ”
“ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ သူက တိုက်ပွဲဝင် အတွေ့အကြုံ မရှိဘူးလေ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း မကောင်းဘူး။ ဒီတော့ သူက ပြိုလဲကျဖို့ လွယ်တာပေါ့”
“ဒါက FTWရဲ့ ပြဿနာဟောင်းပဲ Mid Lane နဲ့ Jungler က ဘယ်လိုမှ ချိတ်ဆက်လို့ မရဘူး”
“နိုးထတော့… Close က အနားမှာ ရှိနေတဲ့ အချိန်မှာ ဘယ်သူက မထိတ်လန့်လို့လဲ”
******