အခန်း (56)
ငါ Top Lane ကို ပြောင်းဖို့ ဆုံးဖြတ်ထားတယ်။ အနာဂတ်မှာ QuiteကJungler အဖြစ် ကစားလိမ့်မယ်။
“ငါ နင်ကျယ်ဟန်နဲ့ ပတ်သက်ပြီး တော်တော်လေး တည်ငြိမ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အခု… ဒါက ဘာလဲ။ သူက ဒီ Skill အဆင့်ပဲ ရှိတဲ့ လူသစ်လေး တစ်ယောက်ပဲလား။ သေချာပေါက်ကိုပဲ လူငယ်လေ့ကျင့်ရေး စခန်းက လူသစ်ဘုရင်ဆိုတာက သောက်ကျိုးနည်း ခွေးချီးပဲ”
“FTW ရဲ့ Top Laner အသစ်ကလည်း ဒီလောက်ပဲလား။ သူ့ကို မဟာဆရာသခင် ဘာညာ ဆိုပြီး ချီးကျူးနေကြတာ မဟုတ်ဘူးလား။ သူက အံ့အားသင့်ဖို့ ကောင်းတဲ့ Skill တွေကိုတောင် မထုတ်ပြနိုင်ဘူး”
“ဒီနတ်စစ်သည်တော်က သွေးစစ်သည်တော်ကို ထိပ်တိုက်ရင်ဆိုင်နေရတာ မြေပြင်ပေါ်ကို လဲကျသွားတဲ့အထိ မခံရတာကတင် တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပြီ”
“သူတို့ ဘာလို့ နတ်စစ်သည်တော်ကို ရွေးလိုက်တာလဲ။ FTWက တော်တော်ကို ကွဲအက်နေတဲ့ စိတ်ကို ပိုင်ဆိုင်နေတာများလား။ သူတို့ Closeကို မှီခိုနေကျ မဟုတ်ဘူးလား။ ဒါကို ကြည့်ရုံနဲ့တင် ငါ့ကို စိတ်ရှုပ်စေတယ်”
ကောမန့်ဘုရင်များက သူတို့၏ ပါးစပ်များကို သုံးကာ ပြေးလွှားနေခြင်း ဖြစ်သည့်တိုင် သူတို့တွင်လည်း ထိုသို့သော အကြောင်းပြချက်ကောင်း ရှိနေကြသည်။
လက်ရှိအခြေအနေတွင် နင်ကျယ်ဟန်သည် အခြားတစ်ဖက်ခြမ်းမှ ချိုးဖျက် တက်ရောက်မည့် ဆုံမှတ်ကဲ့သို့ ဖြစ်နေခဲ့သည်။ နတ်စစ်သည်တော်သည်လည်း နောက်ပြန် အဆွဲခံထားရပြီး Close အနေဖြင့် ပုန်းကွယ်သူခိုးကို ဖမ်းရန် အလွန်အမင်း ခက်ခဲနေသည်။ ထိုအတွက်ကြောင့် FTWအတွက် အားနည်းနေသော အနေအထားမျိုးလည်း ဖြစ်နေသေးပြန်သည်။
FTW ၏ Headset ထဲသို့ ဝေ့ရှောင်းက လှမ်းအော်သည်။
“ခေါင်းဆောင် အကူအညီ တောင်းခံပါတယ်”
Close က မြေပုံအသေးစားလေးကို တစ်ချက် ကြည့်လိုက်သည်။
Top Laneတွင် ဝေ့ရှောင်းနှင့် 3U၏ သွေးစစ်သည်တော်၏ တိုက်ပွဲက အလွန်ပြင်းထန်နေသည်။ ပုန်းကွယ်သူခိုးက နင်ကျယ်ဟန်ကို တောက်လျှောက် ပစ်မှတ်ထားနေခဲ့သောကြောင့် Close သည်လည်း အများကြီး သွားရောက် မကူညီနိုင်ခဲ့ပေ။ 3U အတွက် ကံကောင်းသည်မှာ သွေးစစ်သည်တော်သည် DBS လုံလောက်နေခဲ့သောကြောင့် ဝေ့ရှောင်းကို ထိုထိန်းထားနိုင်ခြင်း ဖြစ်သည်။
အကျိုးအကြောင်း သင့်တင့် ပြောရသော် ဝေ့ရှောင်းဘက်ခြမ်းသည် တစ်ချိန်လုံးလိုလို သွေးစစ်သည်တော်၏ ဖိအားပေးမှုကို ခံရမည် ဆိုလျှင်ပင် အထောက်အပံ့ အကူအညီ မလိုအပ်ပေ။ တခြားတစ်ဖက်ခြမ်းတွင် သူသည် Buff တိုင်းကို သူ့၏ ကိုယ်ပိုင် ခန္ဓာကိုယ်ပေါ်သို့ အသုံးပြုထားပြီး သွေးစစ်သည်တော်ကို လက်ရည်တူ တိုက်ခိုက်နိုင်နေသည်။ သို့ရာတွင် Closeက အပြေးသွားလိုက်သေးသည်။
“ပိုင်ချိုင် နင်ကျယ်ဟန် နောက်ကိုလိုက်…”
ပိုင်ချိုင် “ဟုတ်ကဲ့”
Close က Top Lane သို့ တစ်ယောက်တည်း တက်သွားသည်။ ဝေ့ရှောင်းသည် တစ်နှစ်တာလုံး လူရမ်းကားသူခိုးကို ကစားနေခဲ့ပြီးသား ဖြစ်သည်။ ထိုကြောင့် သူသည် ထိုဟီးရိုးနှင့် ရင်းနှီးနေခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် မြေပုံအသေးလေးပေါ်တွင် Close ၏ Icon က နီးသထက် နီးလာကြောင်း မြင်သောအခါ တစ်ဖက်သူ အမှန်တကယ် ရောက်လာရန် အချိန်မည်မျှ လိုအပ်ကြောင်းကို ချက်ချင်းလိုလို နားလည်လိုက်သည်။
“ငါ တက်သွားမယ်”
Close က အကွာအဝေး အနည်းငယ် လှမ်းနေသေးချိန်တွင် ဝေ့ရှောင်းက Mid Lane ထဲသို့ လှံကို ထိုးစိုက်လိုက်ပြီး သူ၏ Q Skill ကို တိကျလွန်းစွာ ထုတ်သုံးလျက် ပြိုင်ဘက်ကင်း အကွက်ဖြင့် ပျံတက်လိုက်သည်။ 3U၏ Top Lanerက အံ့အားသင့်သွားသည်။ သူသည်လည်း တစ်စုံတစ်ရာ လွဲမှားနေကြောင်း အကင်းပါးစွာ ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် Asleep ထံသို့ နေရာရွေ့ပြောင်းခြင်း အချက်ပြစနစ်ကို ပို့လွှတ်လိုက်ပြီ ဖြစ်သည်။ Asleep သည်လည်း တိုက်တိုက်ဆိုင်ဆိုင် နေရာရွေ့ပြောင်းနိုင်စွမ်းရည် ရှိနေသေးသည့်အလျောက် Clip နှိပ်လိုက်ကာ ရောက်လာသည်။ ကံဆိုးသည်မှာ နောက်ကျ လွန်းသွားသေးပြန်သည်။
56 02
သွေးစစ်သည်တော် ပေါ်သို့ လှံသုံးလက်က ဆင်းသက်သွား၏။ နောက်ဆုံးတွင် သွေးစစ်သည်တော်ကဲ့သို့ Health သုံးပုံတစ်ပုံသာ ကျန်ရစ်ခဲ့သောသူက မျှော်စင်အောက်သို့ ပြန်ဆုတ်ခွာ သွားရသည်။ ကံဆိုးသည်မှာ လူရမ်းကားသူခိုး၏ သေဆုံးခြင်း မြက်ရိတ်ဓားက ကွက်တိ ရောက်လာပြီး သူ့ကို အသာလေး လှီးဖြတ်သွားသည်။
လူရမ်းကားသူခိုးက သွေးစစ်သည်တော်ကို သတ်လိုက်သည်။
Asleep သည် နေရာရွေ့ပြောင်းပြီး ဆင်းသက်လာလေပြီ။ သူက အခြေအနေ အကောင်းအတိုင်း ဝေ့ရှောင်း၏ အရှေ့တွင် ရပ်နေသော Close ကို တစ်ချက် ကြည့်ကာ မတိုက်ခိုက်ရဲချေ။ သူကသာ အပြေးသွားပြီး ဝေ့ရှောင်းကဲ့သို့ Health တစ်ဝက်ပင် ကျန်ရစ်သော သူကို တိုက်ခိုက်ရဲမည် ဆိုလျှင် သူကိုယ်တိုင်ကလည်း Close ၏ မြက်ရိတ်ဓား အောက်တွင် သေရပေမည်။
နောက်ပြီး…
Asleep သည်လည်း ဝေ့ရှောင်းကို အလွန်ကောင်းစွာ နားလည်သည်။ ထိုအကောင်သည် သူ့အား ရည်ရွယ်ချက် ရှိရှိဖြင့် ဖြားယောင်းနေခြင်း ဖြစ်သည်။ သူကသာ တစ်ဖက်သူကို အရယူရန် ဆုံးဖြတ်ပြီး အပြေးကပ်သွားခဲ့သော် ဝေ့ရှောင်းကို သတ်နိုင်စွမ်းရည် ရှိချင်မှ ရှိပေလိမ့်မည်။
သူ သူ့ကိုယ်သူ အလှည့်ဖျားခံလို့ မရဘူး။
ဝေ့ရှောင်းက နောင်တ ရသွားသည်။
“အိပ်စက်ခြင်းကောက လုပ်မှာလား မလုပ်ဘူးလား။ ငါက ငါ့အဝတ် တစ်ဝက်လောက်ကို ချွတ်… (Health တစ်ဝက် ကျန်တာကို ပြောတာပါ) ပေးထားတာ တောင်မှ သူက ငါ့ဆီ အပြေးမလာသေးဘူး”
လုဖုန်း “…”
ပိုင်ချိုင် “…”
ယွဲ့ဝမ်လဲ့ “…”
စိတ်ပိုင်းဆိုင်ရာ အားနည်းပြိုကျနေသော နင်ကျယ်ဟန် “ဖူး…”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များအားလုံးက အံ့ဩသွားကြသည်။
“နင်ကျယ်ဟန်က ဘာဖြစ်တာလဲ။ သူ သူ့ရဲ့ ပြိုလဲကျနေတဲ့ အခြေအနေကနေ သက်သာသွားပြီလား”
“ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့ အိပ်စက်ခြင်း နတ်ဘုရားက သူ့ကို မိနစ်နှစ်ဆယ်လုံးလုံး gank ထားတာလေ။ ဒါတောင်မှ သူက တစ်စက္ကန့်တည်းနဲ့ ပြန်ပြီး သက်သာသွားတာပဲလား”
“ငါ FTWရဲ့ အတွင်းပိုင်း အသံတွေကို နားထောင်ချင်တယ်”
“ငါလည်း နားထောင်ချင်တယ် +၁”
“ငါလည်း နားထောင်ချင်တယ် +၁၀၀၈၆”
“ငါ့ရဲ့ အေးစက်ပြီး ခံစားချက်မဲ့တဲ့ မဟာမိစ္ဆာဘုရင်ကြီးက လူတွေကို ဘယ်လို ချုပ်ရမလဲ ဆိုတာကို နားလည်သွားပြီလား”
“ဖြစ်နိုင်တာက ငါ့ရဲ့ မဟာမိစ္ဆာဘုရင်က အဆင်ပြေပါတယ်လို့ပဲ အေးတိအေးစက် ပြောလောက်တယ်”
“ငါကတော့ မဟာမိစ္ဆာဘုရင်ကြီးက တစ်စုံတစ်ယောက်ကို ချော့မြူတာမျိုးက ကောင်းကင် ပြိုကျ၊ ကမ္ဘာအက်ကွဲ သွားရင်တောင် မဖြစ်လာနိုင်ဘူးလို့ပဲ မှတ်ယူထားတယ်”
“ငါလည်း သိချင်တယ်”
“အလျင်မလိုနဲ့ အလျင်မလိုနဲ့… Glory ရဲ့ မိုက်ဖောက်ခွဲမှု ဘုရင်က ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို ဖွင့်ထုတ်ပြမဲ့ အချိန်ကို စောင့်ရအောင်။ သူတို့ သေချာပေါက် သေချာပေါက် အတွင်းပိုင်း Voice Chat ကိုတော့ ဖြတ်ညှပ်ကတ် လုပ်ပြီး ပြမှာပဲ”
နင်ကျယ်ဟန်၏ အခြေအနေက တည်ငြိမ်သွားသော်လည်း သူသည် အစောပိုင်း အဆင့်တွင် ဆိုးဆိုးရွားရွား Gank လုပ်ထားခံရသောကြောင့် နောက်ပိုင်း အဆင့်တွင် လုံလောက်အောင် Damage မယူနိုင်တော့ချေ။
ကံကောင်းသည်မှာ မြေသားမှော်ဆရာသည် ထိန်းချုပ်မှုကိုသာ အဓိကထား မှီခိုရခြင်း ဖြစ်သည်။ ထို့ကြောင့် အလင်းဘုန်းတော်ကြီး၏ ပြိုင်ဘက်ကင်းအကွက်နှင့် ပူးပေါင်းပြီး နှေးကွေးသော သက်ရောက်မှုများနှင့် ကွင်းပြင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားလိုက်မည် ဆိုလျှင် 3Uကို အလွန်အမင်း မသက်မသာ ဖြစ်အောင် လုပ်နိုင်နေသေးသည်။
နောက်ပိုင်းတွင် ဝေ့ရှောင်းက စစ်သည်တော်များကို လမ်းကျဉ်း တောက်လျှောက် ရူးသွပ်နေသလိုမျိုး ဆွဲခေါ်လာလိုက်သည်။ 3U ကလည်း မည်သို့ ကစားရမှန်း မသိလောက်အောင် ခေါင်းကိုက်လာရ၏။ သူတို့ကသာ အပြေးသွားပြီး သူ့ကို အမိဖမ်းမည် ဆိုလျှင်လည်း ထိုအကောင်က အလွန် Tanky ဖြစ်ပြီး ခုခံအား အလွန်များသည်။ ထို့အပြင် သူ၏ Healthကို ကိုယ်တိုင် ဖြည့်နိုင်သေး၏။ သူတို့က သူ့ကို မသတ်နိုင်သေးခင် ထိုအကောင်၏ နောက်မှ လိုက်လာသော လူရမ်းကားသူခိုးက Kill အရ ယူသွားပြီး သူတို့နှစ်ယောက်လုံးကို တစ်သုတ်တည်းနှင့် Double Kill ရယူသွားပေလိမ့်မည်။
56 03
သူတို့က သူ့ကို လိုက်မဖမ်း ပြန်လျှင်လည်း သူသည် ပန်ဂိုလင်းတစ်ကောင်လိုမျိုး 3U၏ မျှော်စင်ကို တိတ်တဆိတ် ဖြိုနေပေလိမ့်မည်။
ဂိမ်းထဲသို့ ဝင်ရောက်ချိန် မိနစ် ၃၀ ကြာသွားပြီ ဖြစ်ပြီး 3U ၏ Top Lane က မထိန်းထားနိုင်တော့ချေ။ သွေးစစ်သည်တော်သည် အစောပိုင်းအဆင့် ဟီးရိုးဖြစ်သည်။ နတ်စစ်သည်တော်က သူ၏ Healthကို အပြည့်အဝ တည်ဆောက်ပြီး သူတို့နှစ်ယောက်က အချင်းချင်း ထိပ်တိုက်ရင်ဆိုင်သောအခါ သွေးစစ်သည်တော်၏ Skill များက နတ်စစ်သည်တော်၏ ခန္ဓာကိုယ်ကို အယားပြေအောင်သာ လုပ်နိုင်တော့သည်။
နတ်စစ်သည်တော်က ရယ်ကောင်း ရယ်လောက်သည်။ ထို့နောက် ပြန်လှန် တိုက်ခိုက် လိုက်ပြီး သွေးစစ်သည်တော်ကို ထွက်ပြေးအောင် ဖိအားပေးလိုက်သည်။
ထိုစဉ် သုံးသပ်ချက် ပေးသူများက သဘောကျသွားကြသည်။
“FTWရဲ့ နတ်စစ်သည်တော်က တော်တော်လေး ပျော်နေတဲ့ပုံပဲ”
ထိုမှတ်ချက်သည် အလွန်ပေါ့သေးသည်။ အကြောင်းမူကား တစ်ဖက် ထိုဟီးရိုးက အမှန်တကယ် ပျော်နေသည်လော သို့မဟုတ် ဝမ်းသာအားရ ဖြစ်နေသည်လော သိသာထင်ရှားနေသေးပြန်၏။
ယခု ရှိနေသော နေရာက တောင်ကြားကျဉ်းတွင် ဖြစ်သည်။ သို့သော် နတ်စစ်သည်တော်ကမူ အရှေ့ပိုင်းကို ပြေးပြီးလျှင် အနောက်ဘက်ခြမ်းသို့ ပြေးတတ်သည်။ သူသည် ဘယ်တော့အခါမှ အဖွဲ့လိုက် တိုက်ပွဲများသို့ ဝင်မပါတတ်ချေ။ သို့တိုင်အောင် တစ်ဖက်ခြမ်းကို အလွန်အမင်း တင်းကျပ်သည့်အထိ ဖိအားပေးထားနိုင်သည်။ 3U၏ ရှုထောင့်မှ ကြည့်သော် မည်သည့်ဘက်က မည်သို့ လာမှန်း မသိသော အခြေအနေမျိုးက အမှန်တကယ် ခေါင်းကိုက်စေလောက်သည်။
3U၏ Internal Voice Chat က “သောက်ကျိုးနည်း ဒီမျောက်ကောင်ကို ဘယ်သူက သွားပြီး ကိုင်တွယ်မှာလဲ” ဟု ပြောနေကြလောက်သည်။ နောက်ပိုင်းတွင် 3Uက အမှန်တကယ်ပင် ထိုမျောက်ဝေ့ကို ဖမ်းကာ သတ်လောက်သည်။
လူသုံးယောက်က သူတို့၏ Skill များအားလုံးကို အသုံးပြုပြီး သူတို့၏ နတ်စစ်သည်တော်ကို သတ်လိုက်ရသည်။ အကြောင်းမူကား သူသည် Tanky ဖြစ်လွန်းသဖြင့် လူနှင့် နတ်များ ပေါင်းကာပင် ကိုင်တွယ်လိုက်ရသည်။
ဝေ့ရှောင်းက သေသွားသည်။
3U က နိုင်သွားလား။
မနိုင်ပါဘူး။ 3Uက အဆုံးသတ်ပြီ။ 3U ဘက်မှ Skill များအားလုံးကို အသုံးပြုလိုက်သော လူသုံးယောက်လုံးက နေရာရွေ့ပြောင်း ရောက်လာသော အလင်းဘုန်းတော်ကြီး ချထားသည့် နံရံများအကြားတွင် ပိတ်မိသွားသည်။ လူရမ်းကားသူခိုး၏ မြက်ရိတ်ဓားကလည်း တစ်ချိန်တည်းလိုလို နှစ်ယောက်လုံးကို ပိတ်လှောင်လိုက်သည်။ ထို့နောက် အနုစိတ်ကျသော စီမံလည်ပတ် စွမ်းရည်များကို ပေါင်းထည့်လိုက်ပြီးနောက်တွင်…
Triple Kill
Close သည် Triple Killကို ပျော်ရွှင်စွာ အရယူလိုက်ပြီး ဝေ့ရှောင်းက ကိုယ့်ကိုယ်ကိုယ် ရောင်းကာ ဖောက်ပေးသွားသော လမ်းကို လှလှပပ အဆုံးသတ် ပေးလိုက်သည်။
ဝေ့ရှောင်း… “ဟေး ဟေး.. မင်းတို့ ငါ့ကို ကိုင်တွယ်ချင်ရင်တောင်မှ ငါ့ခေါင်းဆောင်ရဲ့ ဓားသွားကြီး ဒဏ်ကို ခံနိုင်ရည် ရှိမရှိ အရင်ကြည့်သင့်တယ်လေနော်…”
Close “မခံနိုင်ဘူး”
ပိုင်ချိုင်၊ယွဲ့ဝမ်လဲ့နှင့် နင်ကျယ်ဟန် “အဟွတ် အဟွတ်… အဟွတ်”
ထိုကောင်ငယ်လေး သုံးကောင်မှာ သေမတတ် သီးသွားသည်။ ကျေးဇူးပြုပြီး Glory ရဲ့ မိုက်ဖောက်ခွဲခြင်း ဘုရင်ဆီကို ဒီစကားပြောခန်းကိုတော့ မထုတ်လွှင့်လိုက်ပါနဲ့။
သူတို့ရဲ့ မဟာမိစ္ဆာဘုရင်ကြီးက ဒီအရူးလေးဝေ့ကြောင့် လမ်းလွဲနေပြီ။
FTWက 3Uကို နိုင်သွားသည်။ ထိုပွဲက အရင်းအနှီးများပြီး ချွတ်ချော်နိုင်ခြေ များသော်လည်း သူတို့သည် အကြွင်းမဲ့ နိုင်သွားလေသည်။
အဆုံးသတ်နားတွင် လက်တုန်သွားစေလောက်သော အခိုက်အတန့်ကာလ အတောအတွင်း 3U၏ သွေးစစ်သည်တော်က ဝေ့ရှောင်း၏ လက်ကို ကိုင်ထားပြီး မလွှတ်ပေးချင်သလို ဖြစ်နေခဲ့သည်။ သူသည် အလွန်ဒေါသ ထွက်သထက် ထွက်သထက် ထွက်နေလောက်သည်။ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့က ဂိမ်းကို အလွန်အမင်း လှပလွန်းစွာ စတင်ခဲ့သည်။ သို့သော် နတ်စစ်သည်တော်က အရာအားလုံးကို ဖျက်ဆီးလေသည်။
56 04
ဝေ့ရှောင်းသည် အလွန်အမင်း ခမ်းနားထည်ဝါစွာဖြင့် သူ့ကို နှစ်သိမ့် ပေးလိုက်သည်။
“အဆင်ပြေပါတယ်။ မင်း အချိန်မရွေး လာပြီး ကလဲ့စားချေလို့ ရတယ်။ ဒါမှမဟုတ်ရင်လည်း မင်း ဆန္ဒရှိမယ်ဆိုရင် ညကျရင် လာခဲ့လို့ ရတယ်။ ဒီအစ်ကိုကြီးက ဘယ်သူ့ကိုမှ မငြင်းဘူး”
သွေးစစ်သည်တော် “…”
သူသည် ခေါင်းဆောင်က တစ်ဖက်သူကို solo ရန် မည်သည့်အတွက်ကြောင့် အတိုက်အခံ လုပ်နေကြောင်း နားလည်သွားလေသည်။ ဖာ့ခ် သူ့ရဲ့ လက်တွေတောင် ယားလာပြီ။
ကံဆိုးသော L&Pက အဆင့်လေး နေရာတွင် ရှိသော Black Knight ကို ရင်ဆိုင်ရန် ရွေးချယ်လိုက်ပြီး Pro ကမူ နံပါတ်ငါး နေရာမှ အသင်းကို ရွေးချယ် လိုက်သည်။
ဂိမ်းများအကြားတွင် ရပ်နားချိန် မရှိချေ။ L&Pနှင့် Pro တို့က နိုင်သည်။ သူတို့၏ သူခိုးက ပထမနှင့် ဒုတိယနေရာတွင် တည်ငြိမ် နေကြသည်။
လေ့ကျင့်ရေး ပွဲစဉ်များ ပြီးဆုံးပြီးနောက် လွတ်လပ်စွာ လေ့ကျင့်ချိန်က ရောက်ရှိလာသည်။ သူတို့သည် ပုံမှန်ဆာဗာပေါ် တက်ပြီး Ranking များ သွားယူရန် ချီတက်၍ ရသည်။ သို့မဟုတ်လျှင်လည်း ကိုယ်ပိုင်လေ့ကျင့်ရေး Matchပွဲများကို စတင်နိုင်သည်။
L&Pနှင့် Pro က FTWကို စင်ပေါ်မှာ အကြိတ်အနယ် လုတဲ့အပေါ်ကို မူတည်ပြီး မဆုံးဖြတ်နဲ့နော်။ စင်အောက်မှာတော့ ခြားနားတယ်။ နှစ်သင်းလုံး၏ လေ့ကျင့်ရေး matchပွဲစဉ်များသည် တစ်ပတ်လုံးစာ ပြည့်နေခဲ့ပြီးသား ဖြစ်သည်။
ကစားသမားများက FTWကို မည်မျှပင် ထုရိုက်ချင်နေစေကာမူ အသင်း၏ စီမံမှုများကို ကျော်၍ မရနိုင်ချေ။
ထို့အပြင် သူတို့ အလဲထိုးရမည့် ပြိုင်ဖက်များက များလွန်းလှသည်။ မြောက်အမေရိက ကျွန်းတွင် လေ့ကျင့်ရေး ဆင်းခဲ့သော အုပ်စုဘီမှ ဘုရင်များလည်း ရှိနေသေးသည်။
ထို့ကြောင့် အချိန်တစ်ခု ကြာသည်အထိ FTW၏ လေ့ကျင့်ရေး ပွဲစဉ်များကို မစီစဉ်နိုင်ခဲ့သေးချေ။ ကစားသမားအားလုံးက နိုင်ငံတကာဆာဗာသို့ တက်ပြီး Ranking ယူကြသည်။
၁၁နာရီဝန်းကျင်တွင် လုဖုန်းနှင့် ချန်းဖုန်းတို့က လေ့ကျင့်ရေးခန်းထဲသို့ တပြိုင်တည်းလိုလို လျှောက်ဝင်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် အကောင်ငယ်လေး လေးကောင်ကလည်း ဂိမ်းပွဲစဉ် ပြီးဆုံးကာစ ဖြစ်သဖြင့် တစ်ပြိုင်တည်းလိုလို မော့ကြည့်ကြသည်။ ချန်းဖုန်းက အမူအရာက လေးနက်တည်ကြည်ပြီး အေးစက်နေသည်။ လုဖုန်း၏ အပြုအမူကလည်း အလားတူ ဖြစ်သည်။ သူ၏ မျက်နှာတွင် အပိုအမူအရာ မရှိချေ။ သို့သော် သူ၏ ခပ်ပါးပါး နှုတ်ခမ်းများကမူ ဝေ့ရှောင်းကို ကြည့်လိုက်ချိန်တိုင်း ကော့တက်သွားသည်။ ဝေ့ရှောင်းသည်လည်း သူ့ကို အပြုံးကြီးကြီး ပြန်ပေးလိုက်သည်။
လုဖုန်းက အကြည့်ပြောင်းပြီး ပြောသည်။
“ငါ လူတိုင်းကို ကြေညာချင်တာ ရှိတယ်”
လူတိုင်းက နားစွင့်လိုက်ကြသည်။ သူတို့သည်လည်း ကြီးမားသော ဗုံးကြီးက ကျလောက်မည့်အကြောင်း မသိသေးချေ။
ချန်းဖုန်းက အသက်ပြင်းပြင်း ရှုသည်။
“ငါ ပြောရင် ဘယ်လိုလဲ”
လုဖုန်းက အရင်ပြောသည်။
“ငါ Top Lane ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီး အနာဂတ်မှာ Quiet က Jungler ကစားလိမ့်မယ်”
ပိုင်ချိုင်၏ နှလုံးသားက ရုတ်တရက် ရင်ဘတ်ထဲမှ ခုန်တက်လာသည်။ နင်ကျယ်ဟန်က မျက်လုံးပြူးသွား၏။ ယွဲ့ဝမ်လဲ့က လှုပ်ရှားလိုက်သည်။ သူ၏ ခြေထောက်ပေါ်တွင် တင်ထားသော အာလူးကြော်ထုပ်က ကြမ်းပြင်ပေါ်သို့ ဖိတ်ကုန်သည်။
ချန်းဖုန်း “ကောင်းပြီလေ။ စောစော ပြောတာကလည်း နောက်ကျမှ ပြောတာနဲ့ အတူတူပါပဲ။ ဒီနေ့ 3U ကို ထိပ်တိုက် ရင်ဆိုင် ကစားပြီးတဲ့နောက်မှာ နည်းပြအသင်းက လူတိုင်းကလည်း လက်ခံလိုက်ကြတယ်လေ”
ဝေ့ရှောင်းသည် Jungler နေရာအတွက် အလွန်အမင်း သင့်တော်လွန်းနေသည်။ အသင်းဖော်များကို စိတ်အားထက်သန်အောင် လုပ်ခြင်းနှင့် ပတ်သက်လာပါက သူကသာ ဒုတိယဆိုလျှင် မည်သူကမျှ ပထမ မဖြစ်နိုင်တော့ချေ။
သို့ရာတွင် ချန်းဖုန်းက စိုးရိမ်ဆုံးသောလူ ဝေ့ရှောင်းက ချက်ချင်း မတ်တပ် ထရပ်လာမည်ဟု မထင်ထားခဲ့ချေ။
“ဘာလို့လဲ”
သူ၏ အပြုအမူက ရှားပါးလွန်းစွာ လေးနက် တည်ကြည်နေလေသည်။
******