Ch-9
အဖွားစွင်းမှာ
ဤခွေးမလေးထောင်ဟွားသည် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းဖြစ်ကြောင်း
ရုတ်ချည်းသဘောပေါက်သွားတော့သည်။သူမတို့ထောင်ချောက်ဆင်ထားသည်ကို
ထောင်ဟွားမှာအစကတည်းမှ သိနေခဲ့ခြင်းပင်။
ထို့ကြောင့်ပင်
သူမတို့အားပြန်လည်ပညာပေးရန်*သိုးမစင်ရည်*ကိုတမင်သက်သက်
ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်သည်။ကျိုးစန်းရှီ၏သူငယ်အိမ်များကျုံ့သွားကာ
သူလည်းနောက်ကျမှအမှန်တရားကို ရိပ်မိသွားတော့၏။
ချမ်ရှီ
သားအမိနှစ်ယောက်၏ မျက်နှာရိပ်မျက်နှာကဲအားကြည့်ကာ ယနေ့ဖြစ်ပျက်သမျှကိစ္စအစအဆုံးသည်
စွင်းကျောက်တိနှင့်ကျိုးစန်းရှီတို့မှထောင်ဟွားအားဒုက္ခပေးရန်ဆင်ထားသော
ထောင်ချောက်ဖြစ်ကြောင်း နားလည်သွားတော့သည်။
ထောင်ဟွားအားသုံးရက်လုံးအစာအငတ်ထားပြီး
လီယွမ်ဝေထံကိုယ်လုပ်တော်အဖြစ် ရောင်းစားဖို့ကြံစည်ခဲ့သည့်ကိစ္စအတွက်
သူမမှလက်စားမချေရသေးမီမှာပင် ယခုတစ်ခါထပ်လုပ်ကြံလာကြပြန်လေပြီ။
ချမ်ရှီ
ဒေါသကြောင့်တစ်ကိုယ်လုံးတုန်ယင်လာတော့သည်။
သူမအနေဖြင့်
ထောင်ဟွား၏အစီအစဉ်များအားပျက်စီးသွားမည်ကိုသာ မစိုးရိမ်ခဲ့ပါလျှင်
ယခုပင်ပြေးတက်သွားပြီး ထိုသုံးယောက်စလုံး၏မျက်နှာများကို
ကုတ်ဖဲ့ပစ်လိုက်တော့မည်ပင်။
အဖွားစွင်းမှာ
အခြေအနေအားနားလည်သယောင်ဖြင့် သူမထံလေသံအေးအေးဖြင့်ပြောလာသည်ကိုမြင်သောအခါ
ကျိုးထောင်ဟွားလည်း လူအုပ်ဘက်လှည့်၍ပြောလိုက်သည်။
"အဖွားရဲ့ကိုယ်ပေါ်က
နတ်ဆိုးရဲ့လွှမ်းမိုးမှုတွေကို
သိုးမစင်ရည်ကနှိမ်နင်းပေးလိုက်ပါပြီ၊အဖွားကနောက်ထပ်သောက်ဖို့မလိုတော့ပါဘူး၊အခုသမီးဦးလေးအတွက်
နတ်ဆိုးနှင်ပွဲကိုလုပ်ပေးလိုက်ပါမယ်၊ဒါမှလူတိုင်းလဲ
ဒီလိုစွမ်းအားကြီးတဲ့နတ်ဆိုးကောင်ကြောင့် အသက်တိုမယ့်ဘေးကနေကင်းဝေးကြမှာပါ"
ထိုသို့ပြောပြီးသည်နှင့်
ကျိုးထောင်ဟွားမျက်နှာထားမှာ တည်ကြည်လေးနက်သွားကာ မျက်လုံးများအားပြူးကြည့်လျက်
ဂါထာမန္တန်များကိုရွတ်ဖတ်တော့သည်။သူမလက်ချောင်းများမှာ
ပန်းပွင့်များကြားဝဲပျံနေသော လိပ်ပြာများအလား လျင်မြန်လှသောလက်ဟန်များ
ဖော်ဆောင်နေတော့၏။
အဖွားကြီးဖုန်းနှင့်အခြားသူများမှာလည်း
သူမအစီအစဉ်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
"ကောင်းကင်ဘုံဝိညာဉ်တော်များ၊မြေစောင့်နတ်မင်းများ၊မိစ္ဆာနတ်ဆိုးများ......မင်းတို့ရဲ့စွမ်းအားကို
အမြန်ပြကြစမ်း၊စည်းမျဥ်းဥပဒေသရဲ့စွမ်းအားနဲ့အတူ ပျောက်ကွယ်သွားကြစမ်း"
ကျိုးထောင်ဟွားအော်ဟစ်ကာ
ကျိုးစန်းရှီအားလှည့်ပတ်၍ခုန်ပေါက်နေလိုက်သည်။
ထိုအချိန်တွင်
ကျိုးစန်းရှီမှာကျိုးထောင်ဟွား၏ လူများကြားတွင်လှောင်ပြောင်ခြင်းခံနေရသော
မျောက်တစ်ကောင်အလားခံစားနေရသော်လည်း ဇာတ်လမ်းထဲ၌ပါဝင်ကပြနေရရုံမှတစ်ပါး
အခြားရွေးချယ်စရာမရှိတော့ပေ။
"ကဲ......ပြီးပါပြီ၊ဦးလေးကိုယ်ထဲက
နတ်ဆိုးကို နှင်ထုတ်လိုက်ပြီမလို့ အားလုံးပဲ
ပြန်ပြီးပျော်လို့ရွှင်လို့ရပါပြီ"
ကျိုးထောင်ဟွား
လုပ်နေသည်တို့ကိုရပ်ကာ လူအုပ်ကြီးထံပြောလိုက်သည်။ကျိုးစန်းရှီလည်း
မြေကြီးထက်၌နတ်ဆိုးပူးနေသယောင် ဟန်ဆောင်လူးလိမ့်နေရာမှ
အမြန်ထရပ်လိုက်၏။သူ့မျက်နှာမှာ ဒေါသကြောင့်ရှုံ့မဲ့နေသော်လည်း
ယခုအချိန်၌ထုတ်မပြရဲပေ။
ထိုသို့မဟုတ်ပါက
ခွေးမလေးထောင်ဟွား၏ထောင်ချောက်ထဲ နောက်တစ်ခါပြန်ကျပြီး
သိုးမစင်ရည်ငိုထပ်သောက်ရဦးမည်မဟုတ်ပါလား။
ရွာသားများသည်
ကျိုးထောင်ဟွားအားချက်ချင်းပင်
ကျေးဇူးတင်ကုန်ကြတော့သည်။အထူးသဖြင့်အဖွားကြီးဖုန်းမှာ ကျိုးထောင်ဟွားလက်ကို
ချစ်ခင်ကြင်နာစွာဖြင့်ဆုပ်ကိုင်ရင်း ပြောလာ၏။
"ထောင်ဟွားရေ......ဘွားဘွားကြီးဖုန်းအိမ်ကို
ခဏခဏလာလည်ဦးနော်"
သူမသက်တမ်းအားကာကွယ်နိုင်ခဲ့ပြီဖြစ်၍
ယခုဆိုလျှင်စိတ်အေးလက်အေး နေနိုင်ပြီပင်။
ထောင်ဟွားမှာ
ငယ်ရွယ်သော်လည်းအလွန်ပင် စွမ်းဆောင်ရည်ရှိကြောင်း၊ကျိုးစန်းရှီကိုယ်ထဲမှ
နတ်ဆိုးကိုတာအိုပညာဖြင့်နှစ်ကြိမ်တိုင်တိုင် နှင်ထုတ်ပေးနိုင်ခဲ့ကြောင်း
ရွာသားများမြင်တွေ့ခဲ့ကြသည်။ထို့ကြောင့်ပင် သူမထံ၌
နက်ရှိုင်းသောတာအိုအတတ်ပညာများရှိသည်ကို ရွာသားများပိုယုံကြည်သွားကြတော့၏။
"ဟုတ်ကဲ့ပါ......ကျေးဇူးတင်ပါတယ်
ဘွားဘွားကြီးဖုန်း"
ကျိုးထောင်ဟွားချိုချိုသာသာလေးပြုံးပြလိုက်သည်။
ရွာသားများပြန်သွားကြသောအခါ
အချိန်အတော်ကြာသည်ထိ ဒေါသကိုအောင့်အည်းထားခဲ့ရသော
အဖွားစွင်း၊ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့မှာဆက်မထိန်းထားနိုင်တော့ဘဲ
ကျိုးထောင်ဟွားအားအရှင်လတ်လတ်အရေခွံဆုတ်ပစ်ချင်သောအကြည့်များဖြင့် ကြည့်လာကြတော့၏။
သို့သော်ထိုသုံးယောက်စကားမပြောနိုင်ခင်မှာပင်
ချမ်ရှီမှအရင်ဆုံးအော်ဟစ်ဆူငေါက်လိုက်သည်။
"နင်တို့အားလုံးကလူယုတ်မာတွေပဲ၊ငါ့သမီးကို
တစ်ကြိမ်ပြီးတစ်ကြိမ်ဒုက္ခပေးနေကြတယ်ပေါ့လေ၊ငါ့ကိုအနိုင်ကျင့်ရလွယ်တယ်လို့များထင်နေကြတာလား"
ပြောရင်းဆိုရင်းပင်
ချမ်ရှီတစ်ယောက်ခြံထောင့်ရှိသေးအိုးကြီးအား လှမ်းမြင်သွားတော့သည်။
"ချန်ဟုန်ယန်
နင်ကမြေခွေးမပဲ၊ဘယ်လိုစိတ်မျိုးနဲ့ဒီလိုစကားမျိုးကို
နင်ပြောရဲရတာလဲ၊ငါကနင့်ရဲ့အကြီး နင့်ယောက္ခမလေ......ဟဲ့
ဟဲ့......ဘာလုပ်မလို့လဲ"
အဖွားစွင်းစကားမဆုံးခင်မှာပင်
ချမ်ရှီတစ်ယောက် သေးအိုးကြီးအားကောက်ကိုင်ကာ
သူမခေါင်းပေါ်မှောက်ချရန်ပြင်လိုက်သည်။
အဖွားစွင်းမှာထိတ်လန့်သွားရပြီး
ဆဲဆိုနေသည်များအားရပ်ကာ အလျင်စလိုထွက်ပြေးရတော့၏။
"နင်တို့လိုလောက်ကောင်တွေကများ
ငါ့ထောင်ဟွားကို လီယွမ်ဝေဆီကိုယ်လုပ်တော်လုပ်ဖို့ ရောင်းစားချင်ကြတယ်ပေါ့လေ
ဟုတ်လား၊နင်တို့နဲ့ငါနဲ့ ဒီနေ့ အသေပဲ"
ဝမ့်ရှီသည်မူလတွင်ရန်ပွဲအားဖျန်ဖြေရန်ကြံစည်ခဲ့သော်လည်း
ချမ်ရှီ၏အခြေအနေအားမြင်သောအခါ မလှုပ်ရဲတော့ဘဲ အိမ်ထဲသို့ပင်ပြန်မဝင်ရဲတော့ပေ။
သူမသည်နံရံထောင့်တွင်ကပ်၍ရပ်ရင်း
"ဒုတိယယောင်းမ......စိတ်လျှော့ပါဦး...
အား!!!"
ဝမ့်ရှီ၏စကားတစ်ဝက်ပင်မဆုံးသေးမီမှာပင်
ချမ်ရှီတစ်ယောက်လက်ထဲတွင် သေးအိုးကြီးအားကိုင်၍ ရုတ်ချည်းပြေးဝင်လာသဖြင့်
အလွန်တရာထိတ်လန့်သွားပြီး ထပ်မံထွက်ပြေးရပြန်သည်။
"ဝမ့်အားယွင်
နင်ကတစ်ကယ့်ကိုအသည်းနှလုံးမရှိတဲ့ လူယုတ်မာမပဲ၊ထောင်ဟွားက
နင့်ကို*အဒေါ်*လို့ခေါ်နေတာကိုတောင် နင်ကတော့လူကြီးတစ်ယောက်အနေနဲ့
ဒီလိုလုပ်ရက်ရသလား၊နင်သာစကားမပြောခဲ့ရင် ငါနင့်ကိုမေ့သွားတော့မလို့"
ချမ်ရှီမှာဒေါသတကြီးဖြစ်နေသည့်
ကြက်မတစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုစိတ်များပြင်းထန်နေသဖြင့်
မြင်ရသူအဖို့ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ဝမ့်ရှီမှာမူနောင်တများဖြင့်ပြည့်နှက်နေတော့၏။ချမ်ရှီမှဤမျှအထိရူးသွပ်သွားမည်ကိုသာသိခဲ့ပါလျှင်
သူမဝင်ပြောခဲ့မည်မဟုတ်ပေ။အဘယ်ကြောင့် သူတစ်ပါးကိစ္စထဲ ဝင်ပါမိပါသနည်း။ယခုတော့
ချန်ဟုန်ယန်မှာသူမနောက်သို့ မရပ်မနားလိုက်နေပြီဖြစ်သည်။
အိမ်တိုင်းရှိသေးအိုးများမှာ
တစ်သက်လုံးသုံးလာခဲ့ကြခြင်းဖြစ်ရာ နေ့တိုင်းဆေးကြောသည်ဆိုစေဦးတော့
ဆယ်စုနှစ်နှင့်ချီသောဆီးနံ့များကပ်ကျန်နေမည်မှာ
အမှန်ပင်၊ဝမ့်ရှီမှာမြန်မြန်ပြေးနိုင်ရန် ခြေထောက်ရှစ်ချောင်းလောက်ပင်
ရှိစေချင်တော့၏။
ချမ်ရှီမှသူမနောက်သို့ဆက်မလိုက်တော့သည်ကိုမြင်သောအခါ
အဖွားစွင်းသည်နံရံတွင်ကပ်၍အခွင့်အရေးအားစောင့်နေလိုက်သည်။ချမ်ရှီမှဝမ့်ရှီနောက်သို့လိုက်ရင်း
သူမဘေးမှဖြတ်သွားသည်ကိုမြင်သောအခါ အံကြိတ်လျက်ကျိန်ဆဲလိုက်တော့၏။
"ချန်ဟုန်ယန်
နင်ကတစ်ကယ့်ကိုစကားနားမထောင်တတ်တဲ့ မိန်းမကြမ်းပဲ"
အဖွားစွင်းခြေလှမ်းကျယ်ကျယ်လှမ်းကာ
မျက်နှာအားခက်ထန်အောင်ထားပြီး
လက်ကိုမြှောက်၍ချမ်ရှီ့မျက်နှာထံအားကုန်လွှဲရိုက်ချလိုက်တော့သည်။ဤပါးရိုက်ချက်တွင်
ယနေ့တစ်နေ့လုံးခံစားခဲ့ရသမျှ ဒေါသနှင့်အရှက်ရမှုအားလုံးကို
ပုံအောပြီးထည့်သွင်းလိုက်ခြင်းပင်။
ချမ်ရှီ့မျက်လုံးများမှာ
စူးရှသွားပြီးလက်တစ်ဖဝါးစာအလိုတွင်မှ အချိန်ကိုက်ငုံ့ရှောင်လိုက်သည်။
အဖွားစွင်း
: "???"
ဘယ်လိုဖြစ်ပြီးလွဲသွားတာလဲ။
*ဘုတ်*
အဖွားစွင်းမှာ
အားအလွန်အကျွံသုံးလိုက်မိသဖြင့် သူမဘယ်ဘက်သို့အရှိန်လွန်ကာ
ပက်လက်လန်လဲကျသွားတော့သည်။သူမသည်မြေကြီးပေါ်ရုပ်ပျက်ဆင်းပျက်လဲကျသွားပြီး
မျက်လုံးများထဲတွင်လည်းမယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေလေ၏။
"ဟားဟားဟား......ရယ်ရတယ်ဟေ့၊ထောင်ဟွားအမေက
ရှောင်လိုက်တာတစ်ကယ်မြန်တာပဲ"
ယောက္ခမနှင့်ချွေးမကြားရှိရန်ပွဲမှာ
အတော်လေးဆူညံသွားသဖြင့် အဝေးသို့မရောက်သေးသောရွာသားအချို့မှာ ပွဲကြည့်ရန်
ပြန်လာကြလေသည်။ချမ်ရှီမှအဖွားစွင်း၏ပါးရိုက်ချက်ကို
ပါးပါးနပ်နပ်ဖြင့်ရှောင်လိုက်သည်အားမြင်သောအခါ အချို့သည်ပေါင်ကိုပုတ်လျက်
အားပါးတရရယ်မောကုန်ကြတော့၏။
"ထွီ"
အဖွားစွင်းသည်မြေကြီးထက်မှဖုန်များကိုတစ်လုတ်စားလိုက်မိသဖြင့်
ဒေါသကြောင့်မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားတော့သည်။ကျိုးစန်းရှီမှာ
သူမအားတွဲထူပေးရန်အပြေးရောက်လာပြီး တိုးတိုးလေးပြောလိုက်၏။
"အမေ......ဒုတိယမရီးကတစ်ကယ့်မိန်းမကြမ်းနော်၊အစ်ကိုလတ်ပြန်လာမှသူ့ကိုဆူခိုင်းကြတာပေါ့"
အဖွားစွင်းလည်း
ခေါင်းငြိမ့်ပြလိုက်သည်။ယနေ့တွင်
ကလေးစုတ်ကျိုးထောင်ဟွား၏သိုးမစင်ရည်အတင်းတိုက်ခြင်းကို
အရင်ခံလိုက်ရပြီး၊ယခုချန်ဟုန်ယန်၏
သေးအိုးဖြင့်လိုက်ရိုက်ခြင်းခံရပြန်၏။သူမတို့သုံးယောက်စလုံးမှာ
ထိုသားအမိအားမယှဉ်နိုင်ကြပေ။
ကျိုးအာ့ရှုပြန်လာပါက
ထိုသားအမိအားသင်ခန်းစာပေးခိုင်းရပေမည်။မည်သို့ပင်ဆိုစေကာမူ
သူတို့မှာသူမဝမ်းနှင့်လွယ်၍ မွေးထားသည့်သားများသာဖြစ်ပြီး အိမ်ခွဲနေကြသော်လည်း
သားသည်သားသာဖြစ်သည်မဟုတ်ပါလား။ဤဒုက္ခအိုးနှစ်ခုကို သူမအပြတ်အသတ်ရှင်းပစ်ပေရမည်။
"အမေ......စိတ်လျှော့ပါဦး၊သမီးတို့မြို့ထဲသွားဖို့
ရှိသေးတယ်လေ၊သူတို့နဲ့အချိန်ဖြုန်းမနေပါနဲ့တော့"
ကျိုးထောင်ဟွား
ချမ်ရှီအားဆွဲကာ ဖျောင်းဖျလိုက်သည်။
အဖွားစွင်းမျက်နှာမှာ
ပို၍ပင်နိမိတ်မကောင်းဖြစ်လာနေပြီပင်။သူမကိုယ်ထဲသို့ မကောင်းသောအရာတစ်ခု
ဝင်ရောက်နေပြီဖြစ်ရာ မကြာခင်မှာပင်ဝဋ်လည်တော့မည်ဖြစ်သည်။
သမီးဖြစ်သူအားမြင်ပါမှ
ချမ်ရှီ့ဒေါသများလည်း လျော့ကျသွားကာပြုံး၍ သဘောတူလိုက်၏။
"အေးပါ......သွားကြစို့"
အဖွားစွင်းလည်း
ခုမှသက်ပြင်းချနိုင်တော့သည်။ဤဘေးဆိုးကြီးနောက်ဆုံးတော့ ထွက်သွားလေပြီပင်။သို့သော်
ချမ်ရှီသည်မထွက်သွားမီ ရုတ်ချည်းရပ်လိုက်ကာ အဖွားစွင်းနှင့်ကျိုးစန်းရှီတို့ထံ
လှည့်၍သတိပေးလိုက်သည်။
"ဒီနေ့ကစပြီး
ငါကအိမ်မှာပဲနေတော့မှာ၊နင်တို့တွေငါ့ထောင်ဟွားကို အနိုင်ထပ်ကျင့်ရဲရင်
ငါဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်ကြ"
ထို့နောက်
သူမသည်သေးအိုးအားပစ်ချကာ
အပြင်သို့ထွက်သွားတော့သည်။အဖွားစွင်းလည်းဒေါသတကြီးဖြင့်ခြေဆောင့်ကာ
ကျိန်ဆဲရင်းကျန်ရစ်တော့၏။
"ညစ်ပတ်တဲ့မြေခွေးမ
ကျိုးအာ့ရှုပြန်လာရင်တော့ နင်နောင်တရစေရမယ်"
ဝမ့်ရှီမှာ
တံခါးပေါက်မှနေခေါင်းပြူထွက်ကြည့်ပြီး ခြံထဲရှိအဖွားစွင်းထံအရိပ်အခြေပြလိုက်သည်။
"အမေ......သတိထားဦး
ဒုတိယယောင်းမက မဝေးကြီးမရောက်သေးဘူး"
"ဟမ့်"
အဖွားစွင်းချက်ချင်းနှုတ်ပိတ်သွားပြီး
အိမ်ထဲသို့ပြန်ဝင်သွားတော့သည်။သူမသည် စားပွဲပေါ်မှရေနွေးအိုးကိုယူကာ
ရေအေးတစ်ခွက်ငှဲ့သောက်လိုက်၏။တစ်ငုံသောက်လိုက်ပါမှ ရင်ထဲတွင်အနည်းငယ်နေသာထိုင်သာ
ရှိသွားတော့သည်။သို့သော်နောက်တစ်ခဏတွင် သူမဝမ်းဗိုက်အောက်ပိုင်းမှနေ နွေးကနဲဖြစ်သွားသောစီးဆင်းမှုတစ်ခုကို
ခံစားလိုက်ရ၏။......ရင်းနှီးသလိုလိုဖြင့် ထူးဆန်းသောခံစားချက်ကြီးပင်။
အဖွားစွင်းမျက်နှာမှာ
ချက်ချင်းပျက်သွားတော့သည်။
ဝမ့်ရှီမှာအခန်းထဲသို့ဝင်လာပြီး
အဖွားစွင်း၏ထူးဆန်းသောမျက်နှာထားကို သတိထားမိသွား၏။
"အမေ......ဘာဖြစ်လို့လဲ"
အဖွားစွင်းမှာ
စကားပြောရန်ဝန်လေးနေဟန်ဖြင့် ပြောလာသည်။
"ငါရေအိမ်သွားဦးမယ်"
ဝမ့်ရှီမှာ
သူမအလျင်အမြန်ထွက်သွားသည်ကို နားမလည်နိုင်စွာဖြင့်ကြည့်နေမိသည်။ထိုစဉ်
အဖွားစွင်းထိုင်ခဲ့သည့် ခုံတန်းပေါ်တွင်နီရဲနေသော
အစွန်းအထင်းတစ်ခုကိုမြင်လိုက်ရချိန်တွင်တော့.....