Ch-8
အဖွားစွင်းမှာလူများရောက်လာသည်ကိုမြင်သည်နှင့်
ချက်ချင်းဆိုသလိုထိတ်လန့်တုန်လှုပ်ဟန်ဆောင်လိုက်တော့သည်။
"ထောင်ဟွား......ငါ့မြေးလေး
မင်းဦးလေးကို တစ်ချက်လောက်ကြည့်ပေးပါဦး၊မင်းရဲ့စည်းကမ်းတွေကို
ငါသိပါတယ်၊၁၀တေးပေးမှာမလို့ အရင်ဆုံးမင်းဦးလေးကို ကယ်ပေးပါဦး၊ဒီမှာအသိသက်သေတွေလဲ
အများကြီးရှိနေတာကို ငါကတိမဖျက်ပါဘူး"
အဖွားစွင်းအသံမှာ
ဆို့နင့်တုန်ရီနေပြီး သူမသရုပ်ဆောင်မှုမှာ ဝမ့်ရှီထက်အဆပေါင်းများစွာ
ပိုသဘာဝကျလှသည်။သို့သော်ကျိုးထောင်ဟွားမှာမူ အဖွားစွင်းတစ်ယောက်
သူမအားငွေပေးရန်အစီအစဉ် လုံးဝမရှိမှန်းသိထားပြီးသားဖြစ်၏။ငွေမပေးချင်ရုံတင်မကဘဲ
သူမအသက်မွေးဝမ်းကျောင်းအတတ်ပညာကိုပါ
လူကြားထဲအရှက်ခွဲဖျက်ဆီးပစ်ချင်နေခြင်းဖြစ်ရမည်။
ကျိုးစန်းရှီးမှာမူ
နတ်ဆိုးပူးကပ်ခံရဟန်ဆောင်ကာ
မြေကြီးထက်လူးလိမ့်ရုန်းကန်ရင်းအဓိပ္ပာယ်မရှိသည့်စကားများကို
တတွတ်တွတ်ရွတ်ဆိုနေသေးသည်။သို့သော်သေချာကြည့်မိလျှင် သူ့မျက်လုံးထဲရှိ
ကောက်ကျစ်သောအရိပ်အယောင်များကို မြင်နိုင်လေ၏။ကျိုးထောင်ဟွားနှုတ်ခမ်းအစုံမှာ
ကျီစယ်လိုဟန်အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး သဘောတူဟန်ဆောင်ကာ ပြောလိုက်သည်။
"အဖွား.....စိတ်မပူပါနဲ့၊ဦးလေးက
သမီးရဲ့ ဦးလေးအရင်းပဲဟာ သမီးသူ့ကိုပစ်မထားပါဘူး၊ဒါပေမယ့် ဦးလေးကတစ်ခါမဟုတ်ဘဲ
နှစ်ခါဆက်တိုက်နတ်ဆိုးပူးတာဆိုတော့ ဦးလေးကျန်းမာရေးတင်မကဘူး သမီးတို့တွေအားလုံးရဲ့
ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်၊အထူးသဖြင့် အခုအိမ်ရှေ့ခန်းထဲရောက်နေတဲ့
လူကြီးတွေနဲ့မောင်လေး၊ညီမလေးတွေရဲ့သက်တမ်းကိုပါ အများကြီးတိုသွားစေနိုင်တယ်"
ကျိုးထောင်ဟွားအကြည့်မှာ
အိမ်ရှေ့ခန်းထဲရှိလူအုပ်ထံဝေ့ဝဲကြည့်လိုက်သည်။ထိုနေရာတွင်ရှိနေသောလူအများစုမှာ
ဘိုးဘွားအရွယ်လူကြီးပိုင်းများသာဖြစ်၏။လူကြီးဆိုသည်မှာ
သေခြင်းတရားကိုသာအကြောက်ဆုံးဖြစ်သလို နှစ်အနည်းငယ်မျှပိုနေချင်ကြသူများဖြစ်ကြ၍
အသက်တိုမည်ဆိုသောစကားအား ကြားလိုက်ရသည့်အခါ အားလုံးမှာပျာပျာသလဲဖြစ်ကုန်ကြတော့သည်။
ထိုလူအုပ်ထဲတွင်ကျိုးကျားရွာ၌
ဒေါသကြီးပြီးအနိုင်ကျင့်တတ်ကာ ဝါစဉ်အလွန်ကြီးသဖြင့်
မည်သူမျှမထိရဲသော*အဖွားကြီးဖုန်း*ပါနေသည်ကို သူမသိထားသည်။
သူမမြေးအားပွဲကြည့်ရန်ဆွဲခေါ်လာသော
အဖွားချူးသည်လည်း ထိုစကားအားကြားကြားချင်းလှမ်းလက်စခြေထောက်ကို
ဆတ်ကနဲပြန်ရုတ်လိုက်၏။
*ဘုရားရေ......ပွဲကြည့်မိကာမှ
ငါ့အသက်လေးတိုတော့မလို့*
"ဘာ......ငါတို့သက်တမ်းကိုပါထိခိုက်စေနိုင်တယ်ပေါ့လေဟုတ်လား"
အေးအေးဆေးဆေးပွဲကြည့်နေကြသော
ရွာသားများမှာ ရုတ်တရက်တင်းမာသွားကြသည်။
ကျိုးထောင်ဟွားစကားအားကြားသောအခါ
အဖွားစွင်းတစ်ယောက်ပို၍ပင် ရယ်ချင်လာတော့၏။သူမသားထွေးလေးမှာ
ဘာမှမဖြစ်ဘဲဟန်ဆောင်နေခြင်းသာဖြစ်၍ ဤကောင်မလေးပြောသမျှသည်
အဓိပ္ပာယ်မရှိသောစကားများဟုသာ မှတ်ယူထားလိုက်သည်။
သို့သော်အဖွားကြီးဖုန်းမှာမူ
ချက်ချင်းဆိုသလိုဒေါသတကြီးစိုက်ကြည့်လာပြီး မြေကြီးထက်ရှိကျိုးစန်းရှီထံ
လက်ညှိုးငေါက်ငေါက်ထိုးကာကျိန်ဆဲပါတော့၏။
"နင့်လိုကောင်စုတ်ကများ
အပုပ်နံ့ထွက်နေလို့နတ်ဆိုးတွေခဏခဏအပူးခံရပြီး တစ်ကိုယ်လုံးနိမိတ်မကောင်းတာတွေ
ဖြစ်နေတဲ့အပြင် အခုငါ့သက်တမ်းကိုပါ လာတိုအောင်လုပ်နေသေးတယ်ပေါ့လေ"
အဖွားကြီးဖုန်းပြောသမျှစကားတိုင်းမှာ
ကျိုးစန်းရှီထံသို့ မြှားတစ်စင်းအလားပြေးဝင်သွားပြီး
စကားပြောရင်းတံတွေးများပင်လွင့်စင်နေတော့သည်။ထို့နောက် ကျိုးထောင်ဟွားဘက်လှည့်ကာ
ချိုသာသောအပြုံးလေးဖြင့် ပြောလိုက်၏။
"ထောင်ဟွားရေ......ငါတို့ဘာလုပ်ကြရင်
ကောင်းမလဲ နည်းလမ်းတစ်ခုလောက် စဉ်းစားပေးပါဦး၊ငါ့သက်တမ်းကို ဒီလို
နိမိတ်မကောင်းတာတွေကြောင့်တော့ အတိုမခံနိုင်ဘူးကွယ်"
အဖွားကြီးဖုန်းမှာ
ကျန်းမာရေးကောင်းနေသေးသော်လည်း အသက်မှာ၆၆နှစ်ရှိနေပြီဖြစ်သည်။သက်တမ်းတိုသွားပါက
ယနေ့ပင်သေသွားနိုင်သည်ဟု သူမထင်နေမိ၏။သူမမှာ အသက်ရှည်ရှည်ပင်မနေရသေးပေ။
ဤသို့တွေးလိုက်သည်နှင့်
အဖွားကြီးဖုန်းမျက်လုံးများထဲတွင်
ဒေါသအမျက်မီးများတောက်လောင်လာပြန်တော့သည်။အခြားရွာသားများမှာလည်း
အဖွားကြီးဖုန်းနည်းတူ ကျိုးထောင်ဟွားအား နည်းလမ်းရှာပေးရန်
ဝိုင်းဝန်းတိုက်တွန်းကြတော့၏။
ကျိုးထောင်ဟွားမှာ
အလေးအနက်စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုံ့လိုက်ရာ အားလုံးလည်းတိတ်ဆိတ်စွာဖြင့်
သူမထံစိုက်ကြည့်နေကြသည်။လူအများ၏မျှော်လင့်တကြီးအကြည့်များအောက်တွင်
ကျိုးထောင်ဟွားမှာ နောက်ဆုံး၌လက်ခုပ်တစ်ချက်တီး၍ ရေရွတ်လာ၏။
"သိပြီ!ဒီနတ်ဆိုးကတစ်ကယ်အစွမ်းထက်ပေမယ့်
နှင်ထုတ်လို့မရတာတော့မဟုတ်ပါဘူး၊ဒါပေမယ့် လူတိုင်းရဲ့သက်တမ်းကို
မထိခိုက်စေဖို့အတွက် ဦးလေး၊အဖွားနဲ့
အဒေါ်တို့က*သိုးမစင်ရည်(မြေဩဇာလုပ်ဖို့ဖျော်ထားတဲ့ သိုးရဲ့မစင်)*ကိုသောက်ရလိမ့်မယ်
မဟုတ်ရင်တော့ နတ်ဆိုးကိုနှင်ထုတ်နိုင်ရင်တောင်
သမီးတို့အားလုံးအသက်တိုကုန်ကြလိမ့်မယ်"
ကျိုးထောင်ဟွားသက်ပြင်းချလိုက်ပြီး
အဖွားစွင်း၊ကျိုးစန်းရှီနှင့်ဝမ့်ရှီတို့ထံ သနားစဖွယ်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။
"အဖွား၊ဦးလေးနဲ့အဒေါ်တို့တော့
ခံစားကြရတော့မှာပဲ....."
ကျိုးထောင်ဟွားစကားမဆုံးခင်မှာပင်
အဖွားကြီးဖုန်းမှ ကြားဖြတ်ပြောလာ၏။
"ခံစားရတာကဘာအရေးမလို့လဲ၊ဒါက
အားလုံးရဲ့အကျိုးအတွက်ပဲဟာ၊ယွဲ့ရင်း.....မြန်မြန်အိမ်ပြန်ပြီး
သိုးမစင်ရည်သွားယူခဲ့စမ်း"
"ဟုတ်ကဲ့
အမေ"
ချန်ယွဲ့ရင်းအိမ်သို့
အပြေးအလွှားပြန်သွားတော့သည်။
"!!!"
မြေကြီးထက်လူးလိမ့်ရုန်းကန်ကာ
နတ်ဆိုးပူးကပ်ချင်ယောင်ဆောင်နေသော ကျိုးစန်းရှီမှာ*သိုးမစင်ရည်*သောက်ရမည်ဆိုသော
စကားအားကြားလိုက်ရသည်နှင့် ဆက်ပြီးဟန်မဆောင်နိုင်တော့ပေ။
အလျင်စလိုဟန်ဖြင့်သူထရပ်လိုက်ပြီး
ချက်ချင်းရှင်းပြလာတော့သည်။
"ကျွန်တော့်ဆီနတ်ဆိုးပူးနေတာမဟုတ်ပါဘူး၊ကျွန်တော်ဟန်ဆောင်နေတာပါ"
"ဒီနတ်ဆိုးက
မနေ့ကထက်တောင်အစွမ်းပိုထက်နေပြီဆိုတာ သမီးသိသားပဲ၊အခုဆို သူကအသိဉာဏ်ပါရှိနေပြီး
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာတောင်သိနေပြီ"
ကျိုးထောင်ဟွားလေးနက်သွားဟန်ဖြင့်မျက်မှောင်ကြုံ့လိုက်ရာ
အဖွားကြီးဖုန်းတစ်ယောက် ပို၍ပင်စိုးရိမ်တကြီးဖြစ်လာတော့သည်။
"ယွဲ့ရင်းကဘာလို့အခုထိရောက်မလာသေးတာလဲ"
"အမေ......လာပါပြီ"
ခြံဝင်းတံခါးမှနေချန်ယွဲ့ရင်းတစ်ယောက်
သိုးမစင်ရည်များအပြည့်ပါသော မစင်ခပ်ယောင်းမကြီးအားကိုင်ကာ ပြေးဝင်လာသည်။
ပုလဲလုံးလေးများကဲ့သို့လုံးဝန်းပြီးအညိုရင့်ရောင်ရှိသော
သိုးချေးလုံးလေးများသည် ရေထဲတွင်စိမ်လျက်သား ပါလာတော့၏။
သူမနီးကပ်လာသည်နှင့်အမျှ
စူးရှရှသိုးမစင်နံ့ကြီးလွင့်ပျံ့လာရာ
လူတိုင်းပင်လျှင်လမ်းကိုအမြန်ဖယ်ပေးလိုက်ကြရသည်။ကျိုးစန်းရှီထိတ်လန့်တုန်လှုပ်သွားရလေပြီ။ထိုမစင်ခပ်သည့်ယောင်းမဆိုသည်မှာ
အိမ်သာထဲမှ အညစ်အကြေးများကိုခပ်ယူရာတွင် အသုံးပြုသည့်အရာပင်မဟုတ်ပါလား။
ထို့အပြင်ယောင်းမထဲတွင်
သိုးမစင်ရည်လိုရွံရှာဖွယ်ရာများပါနေသည်ကို မည်သူသောက်နိုင်ပါမည်နည်း။
သူ့နှုတ်ခမ်းများမှာတုန်ယင်လာပြီး
လူတိုင်းထံလိုက်လံရှင်းပြနေတော့သည်။
"ကျွန်တော်တစ်ကယ်နတ်ဆိုးမပူးတာမလို့
အဲဒါကြီးကို မသောက်ချင်ဘူးလို့"
ကျိုးထောင်ဟွားသည်
ကျိုးစန်းရှီကိုရှင်းပြခွင့်ပင်မပေးဘဲ လူအများအားဝိုင်းကူခိုင်းကာ
ကျိုးစန်းရှီပါးစပ်ကိုအတင်းဖြဲပြီး သိုးမစင်ရည်များအတင်းတိုက်ခိုင်းလိုက်သည်။
ကျိုးစန်းရှီမှာလူငယ်လူရွယ်ဖြစ်သော်လည်း
လူအများအားကိုတစ်ယောက်တည်းဖြင့်မည်သို့ယှဉ်နိုင်ပါမည်နည်း။
ဘာမှပြန်မပြောနိုင်ခင်မှာပင်
အတင်းတိုက်ခြင်းခံလိုက်ရပြီး သိုးမစင်ရည်၏စူးရှရှအနံ့နှင့်အရသာကြောင့်
မခံမရပ်နိုင်အောင်ဖြစ်သွားရတော့သည်။
အခြေအနေမဟန်တော့သည်ကိုမြင်သည်နှင့်
အဖွားစွင်းနှင့်ဝမ့်ရှီတို့သည်လည်းအမြန်ထွက်ပြေးရန်လုပ်လိုက်သော်ငြား
မျက်စိလျင်သောအဖွားကြီးဖုန်းမှမြင်သွားကာ လူများအားဖမ်းခိုင်းလိုက်လေ၏။
"ယွဲ့ရင်း......မစင်ခပ်ယောင်းမကြီးကို
ဒီဘက်ယူခဲ့စမ်း၊နင့်ယောင်းမကျောက်တိနဲ့တူချွေးမအားယွင်တို့ကိုပါတိုက်ပစ်လိုက်"
အဖွားကြီးဖုန်း
အော်ပြောလိုက်သည်။ချန်ယွဲ့ရင်းလည်း ချက်ချင်းပင်သဘောတူလိုက်ကာ
ယောင်းမကြီးကိုကိုင်ပြီး ထိုနှစ်ယောက်ထံလျှောက်လာတော့၏။အဖွားစွင်းမှာ
သိုးမစင်ရည်သောက်ရတော့မည်ကို သိလိုက်ရသည်နှင့်မျက်လုံးများထဲတွင်
ထိတ်လန့်မှုများပြည့်သွားပြီး နှုတ်ခမ်းများပင်တုန်ယင်လာကာ ဆွံ့အသွားရတော့သည်။
နောက်ဆုံးတွင်မူ
သူမမှာသိုးမစင်ရည်အငုံကြီးတစ်ငုံကို အတင်းမြိုချလိုက်ရလေတော့၏။
ဝမ့်ရှီလည်း
ထို့အတူပင်ဖြစ်ရာသူမတို့နှစ်ယောက်လုံးမြေကြီးထက်
ဆောင့်ကြောင့်ထိုင်၍အန်ထုတ်ကုန်ကြသည်။
ကျိုးထောင်ဟွားမှာမူ
ဘေးမှသာရပ်ကြည့်ရင်းလှောင်ပြုံး,ပြုံးလိုက်၏။သူမကိုလာလိမ်ချင်နေတာကိုး
ခံပေါ့။
သုံးယောက်လုံးသောက်ပြီးသည်ကိုမြင်ပါမှ
အဖွားကြီးဖုန်းလည်းသက်ပြင်းချနိုင်တော့သည်။
"ထောင်ဟွား......သူတို့
သုံးယောက်လုံးသိုးမစင်ရည်သောက်ပြီးသွားပြီ၊အခုစန်းရှီဆီက
နတ်ဆိုးနှင်ထုတ်ပေးလိုက်ရင် ငါတို့အသက်တွေမတိုတော့ဘူးမလား"
အဖွားစွင်း
ထိုစကားအားကြားသည်နှင့်ချက်ချင်းထရပ်ကာ ဆဲဆိုတော့သည်။
"ငါ့သားထွေးလေးဆီမှာ
တစ်ကယ်ကိုနတ်ဆိုးမပူးဘူး၊အဲ့ကောင်မစုတ်လေးက လူလိမ်ပဲ......"
အဖွားစွင်းစကားမဆုံးခင်မှာပင်
ကျိုးထောင်ဟွားပြုံးလိုက်ပြီးအဖွားကြီးဖုန်းထံပြောလိုက်သည်။
"ဒီနတ်ဆိုးက
တစ်ကယ်အစွမ်းထက်တာပဲ၊အခုဆိုရင် သမီးရဲ့အဖွားကိုတောင်ထိန်းချုပ်ပြီး
လူတွေကိုလိမ်ညာလှည့်ဖြားခိုင်းနေပြီ၊ကြည့်ရတာ
အဖွားကိုသိုးမစင်ရည်နောက်တစ်ခါထပ်တိုက်ဖို့လိုနေပြီ ထင်တယ်"
"???"
အဖွားစွင်းမှာ
အင်မတန်ထိတ်လန့်သွားရပြီး
ချက်ချင်းဆိုသလိုနှုတ်ပိတ်သွားတော့သည်။အစော၌သောက်လိုက်ရသောသိုးမစင်ရည်အရသာမှာ
သူမပါးစပ်နှင့်နှာခေါင်းထဲရှိနေဆဲပင်ဖြစ်၏။သူမမှာ
ချက်ချင်းဆိုသလိုစကားလမ်းကြောင်းပြောင်းလိုက်ပြီး
ကျိုးထောင်ဟွားအားထောက်ခံလာတော့သည်။
"ထောင်ဟွားပြောတာမှန်တယ်၊ငါ့သားထွေးလေးဆီမှာ
နတ်ဆိုးပူးနေတာပါ၊သိုးမစင်ရည်က
တစ်ကယ့်ကိုနတ်ဆေးပဲ၊အဲဒီနတ်ဆိုးရဲ့အငွေ့အသက်တွေတောင်
ငါ့ကိုယ်ထဲကနေထွက်သွားပြီ၊ထောင်ဟွား......မြန်မြန်လေးမန္တန်ရွတ်ပြီး
မင်းဦးလေးဆီကနတ်ဆိုးကိုနှိမ်နင်းပေးလိုက်ပါဦး"
ကျိုးစန်းရှီ
အဖွားစွင်းထံမယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။သူ့မိခင်မှာ
ဤမျှအထိလိမ်ညာတတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။