Ch 117
Viewers 3k

အပိုင်း (118)


တာ့ကော ငါနိုင်ချင်တယ်။


သူ၏ အသံ ထွက်နိုင်ရုံသာ ရှိသေးသည်။ အရိပ်သူခိုးက ရှေ့သို့ ခုန်တက်သွားပြီး ရွှေမုဆိုး၏ ကျောဘက်သို့ အရိပ်တိုက်ကွက်ကို ပစ်လွှတ်လိုက်သည်။ ဓားတိုလေးက သူ၏ခါးကွက်တိ ခုတ်ပိုင်းပစ်လိုက်သည်။ 


ကင်ဆွန်းဟွန်း၏တုံ့ပြန်မှုက အလွန်ပင် မြန်သော်လည်း သူ၏တိုက်ကွက်ကြောင့် ဒဏ်ရာ ရသွားသည်။ သို့သော် ချက်ချင်းဆိုသလို flash skillကို ထုတ်သုံးလိုက်ပြီး အရိပ်သူခိုးနှင့် အဝေးသို့ ခုန်ကျော်လိုက်သည်။ 


သူ၏လှုပ်ရှားမှုအတွင်း အနည်းငယ်သော တုံ့ဆိုင်းမှုသာ ရှိမည်ဆိုပါက ရွှေမုဆိုးဟာ သေချာပေါက် သေပေလိမ့်မည်။ လီဟယ်ယန်၏ ပြန်လည်ကုစားခြင်း အဆောင်ရုပ်လေးက မြေပြင်သို့ ချက်ချင်းလိုလို ကောက်ပေါက်ပြီးသည်နှင့် အနားတွင်ကပ်လျက် တည်ရှိသော ရွှေမုဆိုး၏healက တစ်စက္ကန့်ချင်းစီ ကုန်ဆုံးပြီးချိန်တိုင်းလိုလို ပြန်ပြည့်လာသည်။ 


ပိုင်ချိုင်က ဝေ့ရှောင်း၏ လုပ်ရပ်များကြောင့် ကြောင်သွားသည်။ သို့သော် သူ၏လက်က မနှေးကွေးသွားခဲ့ပေ။ သူသည်လည်း ထိုသားရဲကောင်ကို အလွန်အမင်း ကောင်းမွန်စွာ နားလည်သည်။ အရေးကြီးဆုံးသော အခိုက်အတန့်တွင် အမှားလုပ်မိပါက ဝေ့ရှောင်းက သူ့ကို အရှင်လက်လက် စားပေလိမ့်မည်။ အလင်းဘုန်းတော်ကြီး၏ flash skillက ပျံသန်း၍ ထွက်လာသည်။ သူသည် မြက်ခင်းများထဲမှ ခုန်ထွက်လာပြီး vesion ကို ထောက်ပံ့ပေး၍ တစ်ချိန်တည်းတွင်ပင် အနီးဆုံးပစ်မှတ်ထံ စကေးကို ပိတ်လှောင်လိုက်သည်။ 


သူသည် စကေးကိုlock inလုပ်လိုက်သည်။ လီဟယ်ယန်က ကင်ဆွန်းဟွန်း၏ရှေ့တွင် ကာထားပေးရင်း ထိန်းချုပ်စကေးများကို ယူလိုက်သည်။ 


ဝေ့ရှောင်း “…ကျွတ်”


အရိပ်သူခိုးက မရပ်တန့်သွားခဲ့ချေ။ သူ၏စကေးဖြင့် ခုန်ပြီးနောက် ရပ်တန့်သွားသည်နှင့် တစ်ဖန်ထပ်ခုန်ပြန်သည်။ သူ့တွင်ပြိုင်ဘက်ကင်းအကွက် မရှိသေးသောကြောင့် အလင်းစက်ကွင်းများကို မလွှတ်ထုတ်ပေးနိုင်သော်လည်း သူ၏ပထမနှင့် ဒုတိယစကေးများကို ပေါင်းစပ်လိုက်ခြင်းကပင် ဖောက်ခွဲမှုစွမ်းအား ပြင်းထန်သော damageကို ရရှိမည် ဖြစ်သည်။ လီဟယ်ယန်ကလဲ မစိုးရိမ်သလို အလျင်လည်း မလိုချေ။ သူ၏လက်ထဲတွင် အဆောင်ရုပ်များက လျင်မြန်စွာဖြင့် ရွေ့လျားနေခဲ့ပြီးနောက် အရိပ်သူခိုးထံ ကွက်တိ ပစ်ပေါက်လိုက်သည်။


ကင်ဆွန်းဟွန်းက ခေါင်းဆောင်၏ ခန္ဓာကိုယ်နောက်ဘက်တွင် ပုန်းအောင်းနေခဲ့ချိန်တွင် ရွှေရောင်အလင်းများက မိုးလို ဆင်းသက်လာပြီ ဖြစ်သည်။ ဂိမ်းပွဲ၏ first killက ထိုနေရာတွင် ပေါက်ကွဲတော့မည်ဟု ထင်ရသည်။ 


ဒါဆိုရင် first bloodကို ဘယ်သူက ယူမှာလဲ။


လူတိုင်းကလဲ ဖန်သားပြင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ 


မွေးခါစ သားပေါက်ကောင်လို အရိပ်သူခိုးသည် ကျားကို မကြောက်သလို သူခိုးများကို တစ်နှစ်ပတ်လုံး ခြေထောက်အောက်တွင် နင်းခြေခဲ့သော ရွှေမုဆိုးကလဲ ရှိနေသေးသည်။


ဘယ်သူက…


“fuck” 


ကောမန့်များအားလုံးက အော်ဟစ်မှုအပြည့်နှင့် ဖြစ်သည်။ 


“အစကတော့ ခြောက်သွေ့နေတဲ့ ထင်းပေါ်က မီးပွားလောက်ပဲ ဖြစ်မယ်လို့ ထင်ထားတာ။ မင်းသေရင်သေ ဒါမှမဟုတ် ငါသေပေါ့။ ဒါပေမဲ့ သူတို့အားလုံး ဘာဖြစ်လို့ နောက်ဆုတ်သွားတာလဲ”


“ငါ လောင်းကြေးတွေအားလုံး တင်ထားပြီးပြီလေ ဒါပေမဲ့ မင်းတို့က မတိုက်ခိုက်တော့ဘူးလား”


“တိုက်ခိုက်လေ။ အရိပ်သူခိုးက ရှေ့ကို တက်သွားသင့်တယ် ရွှေမုဆိုးကို သွားရှုပ်လေ”


“ရွှေမုဆိုး အရိပ်သူခိုးကို ပစ်သတ်လိုက်”


တောင်ကြားတွင် နှစ်ဖက်လုံးက ထိပ်တိုက်ရင်ဆိုင်သောအခါ စကေးအစုံလိုက် လဲလှယ်ပြီးသောကြောင့် အခုလို အကျိုးအကြောင်းသင့်သင့် နောက်ဆုတ်သွားခြင်းကမူ တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရန် ရှောင်ရှားသလို ဖြစ်နေသည်။ 


ထင်မြင်သုံးသပ်ချက်ပေးသူက ပြောသည်။ 


“နှစ်ဖက်လုံးက ဂိမ်းမှာ အတော်လေး သတိကြီးနေတာ။ ကြည့်ရတာ သူတို့ အစောပိုင်းအဆင့်မှာ မတိုက်ခိုက်ချင်ကြဘူး ထင်တယ်။ သူတို့က အချိန်ယူပြီး တိုးတက်အောင် လုပ်ချင်ကြတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အရိပ်သူခိုးက သူ့ရဲ့ပြိုင်ဘက်ကင်းအကွက်ကို မှီခိုတာကို”


ထိုစကားကို ပြောပြီးပြီးချင်း သူ့ရဲ့မျက်နှာက ဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဖြတ်ရိုက်ခံလိုက်ရသည်။ 


သောက်ကျိုးနည်းကို အကျိုးအကြောင်းကျကျ နောက်ဆုတ်တာ။ သောက်ကျိုးနည်းကို ပြိုင်ပွဲကို ရှောင်တာလား။ ထိုလူလေးယောက်လုံးက ဗျူဟာကျကျ သရုပ်ဆောင်နေသည်မှာ ရှင်းလင်းနေသည်။ 

118 02

နောက်ဆုတ်ချင်ဟန် ဆောင်ပြီး ရန်သူကို ရှေ့တက်လာဖို့ မျှားမယ်။ ကင်ဆွန်းဟွန်းက ဝေ့ရှောင်းကို ထိုမျှ သတိကြီးမည်ဟု မမျှော်လင့်ထားပေ။ ဝေ့ရှောင်းကလဲ ကင်ဆွန်းဟွန်းကို ထိုမျှထိ ကြောက်မည်ဟု မထင်ထားခဲ့ချေ။ နှစ်ဖက်လုံးက နောက်ဆုတ်နေသည့် လမ်းတစ်ဝက်တွင် အခြားတစ်ဖက်ခြမ်းက ထွက်ပြေးမည့် အခြေအနေမျိုးကို စောင့်ကြည့်ရန် ဆုံးဖြတ်ထားကြသည်။ သို့သော်လည်း နှစ်ဖက်လုံးက ခပ်မြန်မြန်လှည့်ပြီး တိုက်ခိုက်ကြသည်။ 


ကောမန့် မန့်နေကြသော ကြည့်ရှုသူများ “…”


ထင်မြင်သုံးသပ်ချက်ပေးသူများ “…”


ထင်မြင်သုံးသပ်ချက်ပေးသူ Bမှ သူ၏လုပ်ဖော်ကိုင်ဖက်ကို ကယ်ဆယ် လိုက်သည်။ 


“အရိပ်သူခိုးရဲ့ စကေးတွေအားလုံးက ပြန်တက်လာပြီ။ ဒါပေမဲ့ အခြေပြုစွမ်းရည်သုံး မှော်ဆရာရဲ့ ကာကွယ်ပေးမှုကလဲ သိသာထင်ရှားနေတုန်းပဲ။ ရွှေသူခိုးက damage ယူနိုင်သေးတယ်”


ကောင်းသည်လား ဆိုးသည်လား မသိ ကိစ္စများက ထင်မြင်သုံးသပ်ချက်ပေးသူအတွက် ချောမွေ့လာသည်။ ထိုသို့ဖြင့် သူတို့ဟာ တိုက်ပွဲအကြောင်း ပြန်လည်ပြောဆိုကြသည်။ 


အကျိုးအကြောင်းကျကျ နောက်ဆုတ်ခြင်းက မဖြစ်နိုင်ပေ။ သူတို့ကသာ အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် အေးစက်သော ပင်လယ်လေပြေကို အတူတကွ မွေ့လျော်သောအခါ ဖြစ်ပေါ်လာသော ခံစားချက်များကို မည်သည့်နည်းနဲ့မှ တောင့်ခံထားနိုင်မည် မဟုတ်ချေ။ ဝေ့ရှောင်းက ကင်ဆွန်းဟွန်းကိုသာ အာရုံစိုက်ထားပြီး ကင်ဆွန်းဟွန်းကလဲ ဝေ့ရှောင်းကိုသာ အာရုံစိုက်ထားသည်။ အရိပ်သူခိုးက သူ၏နေရာချထားမှုကို အသုံးပြုပြီး damageကို ရှောင်ရှားသည်။ ရွှေမုဆိုးကလဲ တတ်နိုင်သမျှ အဝေးဆုံးနေရာမှ damageကို လှမ်း၍ဂရုစိုက်ကာ မည်သူ့ကိုမှ သူ၏နားသို့ ကပ်လာခွင့် မပေးပေ။ 


ပိုင်ချိုင်က ဟန်ပြသက်သက်သာ မဟုတ်ပေ။ သူက ဝေ့ရှောင်ကိုhealနေ၍ အခွင့်ကောင်းများ ပေးနေသည်။ 


“ငါ လီဟယ်ယန်ကို ထိန်းချုပ်ထားမယ်။ မင်း တက်သွားပြီး ကင်ဆွန်းဟွန်းကို ရှုပ်လိုက်”


ဝေ့ရှောင်း “နေအုံး”


ဒီကောင်က ပုံမှန်အားဖြင့် ဒီလောက်ထိ playfulဖြစ်တာ မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် အရမ်းအေးပြီး တည်ငြိမ်သွားတာလဲ။ 


လျှပ်တပြက် အမျိုးအစားကို ကစားသော သူများသည် ကျားသစ်သဘာဝကဲ့သို့ အခွင့်အရေးမျိုးကိုသာ ပိုင်ဆိုင်ထားလျှင် လူသတ်နိုင်လိမ့်မည် မဟုတ်ပေ။


ပိုင်ချိုင်က ဖန်သားပြင်ကို တည်ငြိမ်စွာ ကြည့်ပြီးနောက် အချိန်ကိုက် ရှာတွေ့သွားသည်။ 


ဝေ့ရှောင်းက ချက်ချင်းလိုလို အပြေးလာပြီးဖြစ်သည်။ ပိုင်ချိုင်၏ ထိန်းချုပ်စကေးက ၀.၅စက္ကန့်သာ ကြာသည်။ ထိုအချိန်ကာလက အလွန်တိုသည်။ လီဟယ်ယန်က မလှုပ်နိုင်လောက်သော အခြေအနေတွင် ရွှေမုဆိုးကို မသတ်နိုင်ပါက ဝေ့ရှောင်းနှင့် ပိုင်ချိုင်နှစ်ယောက်လုံး သေရပေလိမ့်မည်။ 


ဝေ့ရှောင်းက တိုးတောင်းလွန်းသော ရွှေ့လျားမှုစကေး အချိန်ကာလကို အခွင့်ကောင်းယူလျက် သူ၏အခြေခံတိုက်ကွက် ခွန်အားကို မြှင့်တင်လိုက်သည်။ ထို့နောက် အရိပ်တစ်ခုက ရွှေမုဆိုး၏ကျောဘက်သို့ ခုန်ဝင်သွားသည်။ ကင်ဆွန်းဟွန်းကလဲ အလွန်တည်ငြိမ်သည်။ သူက ဖိအား များသွားပြီး ပြိုင်ဘက်ကင်း အကွက်မရှိသော အရိပ်သူခိုးက သူကို မသတ်နိုင်ပေ။ ထိုသို့ သတ်ချင်လျှင်လည်း အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။ 


ဝေ့ရှောင်း၏ ရနိုင်သော စကေးသုံးခုလုံးက ကင်ဆွန်းဟွန်းကို အပေါ်သို့ ကောက်ပေါက်ခဲ့ပြီးသား ဖြစ်သည်။ ကင်ဆွန်းဟွန်း၏ healက ထိုးကျသွားသည်။ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသော အခြေအနေသို့ ချက်ချင်းလိုလို ရောက်ရှိသွားသည်။ 


သို့ရာတွင် သူသည် မစိုးရိမ်သွားချေ။ သူက မြှားမိုးများကို ထုတ်လွှတ်လိုက်ပြီး ဝေ့ရှောင်းကို ချိန်သည်။ 


ပိုင်ချိုင်၏ ထိန်းချုပ်စကေးက ပျောက်သွားသည်။ လီဟယ်ယန်၏ အရှိန်နှုန်းက မှင်သက်ဖွယ်ကောင်းပြီး အရုပ်ပေါင်းများစွာ ဖန်တီးလျက် ကင်ဆွန်းဟွန်းကို ပတ်ပတ်လည်ဝိုင်းပြီး ဆင်းသက်သွားစေလိုက်သည်။ ဤနည်းအားဖြင့် သူ၏healကို တစ်ဝက်ထိ ပြန်တက်လာစေသည်။ 


အရိပ်သူခိုးက ဆက်လက် တိုက်ခိုက်နေသည်။ သူသည် ပြီးပြည့်စုံသော နေရာချထားမှုကို အသုံးပြုထားသည်။ ထိုသို့ဖြင့် အမှားမရှိသော နေရာမျိုးတွင် သူ၏အတွင်းအား ခြောက်ကပ်သွားသည်အထိ ဆက်လက်တိုက်ခိုက် နေနိုင်သည်။ 


“လောင်ပိုင်”


“ရပြီ”


လီဟယ်ယန်ကသာ healလုပ်နိုင်သူ မဟုတ်ပေ။ ပိုင်ချိုင်ကလဲ လုပ်နိုင်၏။ 


ကင်ဆွန်းဟွန်းက အရိပ်သူခိုးထံမှ ယူသွားခဲ့သော healများက တစ်ဖန်ပြန်လည်ပြီး ထိုးတက်လာပြန်သည်။ 

118 03

ကစားသမားများက သူတို့၏ တည်ငြိမ်လွန်းသော ကစားကွက်များဖြင့် အန္တရာယ်ကို ရင်ဆိုင်နိုင်ကြသော်လည်း ကြည့်ရှုသူများက ထိတ်လန့်လွန်းသဖြင့် ကြက်သီးများပင် ထလာသည်။ 


“သူတို့ သောက်ကျိုးနည်း မသေကြဘူးလား”


“သူ သူ သူ မသေတော့ဘူးလား”


“သူတို့က အဆင့်ခြောက်မှ မရောက်သေးတာ။ ဘယ်လိုလုပ်ပြီး ဒီလူလေးယောက်က ဂိမ်းရဲ့ ဒုတိယတစ်ပိုင်းလုံးမှာ တိုက်ခိုက်နေသလို တိုက်ခိုက် နိုင်နေရတာလဲ”


“ချိုင်ကောက ဒီလောက်ထိ သန်မာမယ်လို့တောင် ငါမမျှော်လင့်ထားဘူး။ သူက ဒီအရှိန်နှုန်းကိုတောင် အမှီလိုက်နိုင်နေတယ်”


“မင်း သတိမထားမိဘူးလား။ quietကို ထောက်ပံ့ပေးနေတဲ့ အရွက်ကောနဲ့ close ကို ထောက်ပံ့ပေးနေတဲ့ အရွက်ကောက မတူကြဘူး”


Cpပရိသတ်များက ငိုသည်။ 


“ဆိုတော့ အရွက်ကောရဲ့ အချစ်စစ်က quietပေါ့။ ဒီလောင်ဇီက မဟာမိစ္ဆာဘုရင်ကြီးနဲ့ တောက်လျှောက် shipနေခဲ့တာ။ ဒါတွေအားလုံးက အတုအယောင်တွေလား”


ထိုတိုက်ပွဲက ရာစုနှစ်တစ်စုနီးပါး ကြာသည်ဟု ထင်ရသည်။ သို့သော် ပြောရလျှင် စက္ကန့်အနည်းငယ်သာ ကုန်သေးသည်။ 


Middle laneတွင် နင်ကျယ်ဟန်က ရေခဲမှော်ဆရာကို ထိန်းထားသည်။ တစ်နည်းအားဖြင့် သူ့အား buttom laneသို့ဆင်း၍ အထောက်အပံ့ပြုခွင့် မပြုပေ။ pro၏ junglerက ယွဲ့ဝမ်လဲ့၏နောက်သို့ တောက်လျှောက် နောက်ယောင်ခံ လိုက်နေပြီး သူ့အား damageအပို ယူခွင့် မပြုပေ။ 


Top lanerများကလဲ ဝေးကွာလွန်းနေသည်။ သို့သော် သူတို့က အပြေးအလွှား ထောက်ပံ့မည် ဆိုလျှင်ပင် သူတို့၏ မျှော်စင်ကို ဆုံးရှုံးရနိုင်ပြီး အကျိုးအမြတ်က အရှုံးကို မကာမိလောက်ပေ။


ထိုသို့ဖြင့် ဝေ့ရှောင်းနှင့် ပိုင်ချိုင် vs ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်အကြားမှ တိုက်ပွဲ ဖြစ်နေသည်။


ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ဒီလေးယောက်အပေါ် မူတည်တယ်။ 


စနစ်က ကြေငြာတယ်။ 


FTW-quietက Pro.succeကို သတ်လိုက်ပြီ။ 


အရိပ်သူခိုးက ရွှေမုဆိုးကို သတ်လိုက်သည်။ quietက first bloodယူလိုက်သည်။ 


“အမေးဇင်း”


“ဒါပေမဲ့ အရိပ်သူခိုးကလဲ သေပြီလေ”


နောက်ထပ် ကြေငြာချက်ကလဲ ထွက်လာပြန်သည်။


Pro-ramက FTW-quietကို သတ်လိုက်ပြီ။


Healတစ်မျှင်သာ ကျန်သော ဝေ့ရှောင်းကို လီဟယ်ယန်က သတ်လိုက်သည်။ 


“ဒါက မရှုံးပါဘူး။ FTWက ဒီတစ်သုတ်မှာ အကျိုးအမြတ် ရလိုက်တယ်”


“ဟုတ်တယ် သူတို့က first bloodယူလိုက်ရုံတင် မဟုတ်သေးဘဲ အရိပ်သူခိုးက အခြားတစ်ဖက်ခြမ်းက အထောက်အပံ့ကို killပေးလိုက်သေးတယ်လေ၊ ဒီတော့ ဒါက တည်ငြိမ်တဲ့ အကျိုးအမြတ်ပဲ”


Killတစ်ခုချင်းစီတိုင်းလိုလို ရွှေရသည်။ သို့သော် တစ်သင်းလုံးတွင် အထောက်အပံ့နေရာက farmအနည်းဆုံးလိုအပ်သော နေရာဖြစ်သောကြောင့် လီဟယ်ယန်က ဝေ့ရှောင်းကို သတ်လိုက်သော်လည်း Proအတွက်မူ အဓိပ္ပာယ်မရှိပေ။ တစ်ဖက်ခြမ်းတွင် ဝေ့ရှောင်းက ကင်ဆွန်းဟွန်းကို သတ်လိုက်ပြီး first bloodဘောနပ်ကိုလဲ ရသည်။ ထို့အပြင် မြေပုံတွင်ရှိသော farmတန်ဖိုးနံပါတ်တွေ ဖြစ်သွားသည်။ 


ထိုသို့ချောမွေ့သော အစပိုင်းနှင့် FTW၏ အရှိန်အဟုန်က မြင့်တက်နိုင်သည်။ 


တောင်ကိုရီးယားဘက်မှ ပရိသတ်များက ထိတ်လန့်နေကြသည်။ 


“ခေါင်းဆောင်လီရဲ့ လက်က မသက်သာသေးတာလား”


“ဒီတစ်သုတ်မှာ အခြေပြုနတ်ဆရာက အမှားမှ မလုပ်တာ။ ရွှေမုဆိုးက စက္ကန့်တစ်ဝက်လောက်အထိ စိုးရိမ်စိတ် များလွန်းသွားတယ်။ သူ့ရဲ့နေရာချထားမှုက နည်းနည်းလေး များလွန်းသွားတယ်”


“နတ်ဘုရားကင်က ကောင်းမွန်လွန်းတဲ့ အခြေအနေမှာ မဟုတ်သလိုပဲ”


“မဖြစ်နိုင်တာ။ ငါတို့တွေ FTWကို ရှုံးတော့မှာလား”

118 04

“fuck လောင်ဇီရဲ့ ပိုက်ဆံတွေ ငါ ဒီတစ်သုတ်ပြီးရင် ဖောက်ခွဲတော့မယ်”


“မင်းတို့ဘာတွေ စိုးရိမ်စိတ်များနေတာလဲ။ ဂိမ်းပွဲစတာ မိနစ်အနည်းငယ်ပဲ ရှိသေးတယ်။ ဒီတော့ first bloodယူထားတော့လဲ ဘာဖြစ်လဲ။ ရွှေမုဆိုးက တိုးတက်လာပြီးတဲ့အခါ အရိပ်သူခိုးက ဒူးထောက်ပြီး တောင်းပန်ရုံပဲရှိမယ်”


တရုတ်နိုင်ငံကမူ အလွန်အမင်း တည်ငြိမ်သည်။ 


“ချစ်တယ် ချစ်တယ်။ quietက ငါ့ကို အလွန်အမင်း အံ့ဩစေတာပဲ”


“ဒယ်ဒီဟိုးရဲ့ လက်အောက်မှာ ရှင်သန်နိုင်တဲ့ သူခိုးတစ်ယောက် quietက အမေးဇင်းပဲ”


Anti fanများကလဲ drama ထည့်သည်။ 


“FTWက ဆောင်းတွင်းလေ့ကျင့်ရေးမှာ Championship နိုင်ခဲ့ရင် ငါFTWရဲ့ ပရိသတ်အဖြစ် သုံးမိနစ် နေပေးမယ်”


ပရိသတ်များကလဲ လက်ခံသည်။


“ထွက်သွား”


ဝေ့ရှောင်းက buttom jungle zoneတွင် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကစားနေပြီ ဖြစ်သည်။ top laneတွင် လုဖုန်းက စစ်သည်တော်တစ်ယောက် လွတ်သွားသည်။ သူက တည်ငြိမ်သည့် နှလုံးသားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် ဖြစ်နေသေးသည့်တိုင်အောင် ဝေ့ရှောင်း၏ ယခင်စကားကြောင့် အံ့အားသင့် သွားရလေသည်။ 


သူသည် ဝေ့ရှောင်း၏ခံစားချက်ကို အခြေခံအားဖြင့် အတည်ပြုနိုင်သည်။ လူတစ်ယောက်၏ ဘဝမှာ အရေးအကြီးဆုံးဖြစ်ရပ်။


ဂိမ်းပွဲကို နိုင်သွားပြီးနောက် ဝေ့ရှောင်းက ဘဝမှာ အရေးအကြီးဆုံးဖြစ်ရပ်တစ်ခုကို လုပ်ဆောင်ချင်နေသည်။ ထို့အပြင် ထိုကိစ္စက သူနှင့် ပတ်သက်၏။ 


လုဖုန်းသည်လဲ ရုတ်တရက် ဝေ့ရှောင်း ရှုပ်ပွနေသော ဆံပင်နှင့် အပြေးထွက်လာပြီး ကော်ရစ်တာတွင် ပြောခဲ့သည့်စကားကို သတိရသွားသည်။


“ခေါင်းဆောင် ငါမင်းကို သဘောကျတယ်”


လုဖုန်း၏လက်က အနည်းငယ် တုန်သွားသည်။ သူသည် အတတ်နိုင်ဆုံးစပြီး စီမံလည်ပတ်မှုစကေးကို သုံးလျက် အမှားမရှိအောင် လုပ်လိုက်သည်။ 


ဖြစ်နိုင်တာက အဲဒီအချိန်ကတည်းက…လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက ဝေ့ရှောင်းက…


လုဖုန်းက အသက်ပြင်းပြင်း ရှူပြီး ဆက်မတွေးရဲတော့ချေ။ ဂိမ်းကို နိုင်ရမယ်။ ဂိမ်းကို အမြန်ဆုံး အနိုင်ရအောင် လုပ်ရမယ်။ သူသည်လဲ ဝေ့ရှောင်းကို သွားမေးချင်သည်။ သူသည်လည်း ရှင်းရှင်းလင်းလင်း မေးလို၏။ 


တင်


သေဆုံးခြင်း သူရဲကောင်းက အဆင့်ခြောက်သို့ ရောက်သွားပြီး ပုံသဏ္ဍာန်ပြောင်းနိုင်သော သေဆုံးခြင်း သူရဲကောင်း ဖြစ်သွားသည်။


ပုံသဏ္ဍာန်တစ်ခုက တိုက်ခိုက်ရန်အတွက်ဖြစ်ပြီး ထပ်ဆောင်းတစ်ခုက အနက်ရောင်မြူများကို လိပ်တက်စေနိုင်ခြင်းအားဖြင့် မြေကြီးတစ်ခုလုံး ပြည့်နှက်စေလျက် လက်တစ်ဖက်မှနေ၍ ငရဲမှ ကုန်းတက်လာသော သေဆုံးခြင်း နတ်ဘုရားတစ်ပါးလို လွှတ်ထုတ်နိုင်ပေလိမ့်မည်။ 


စနစ်က ကြေငြာသည်…။


FTW-closeက Pro-uuကိုသတ်လိုက်ပြီ။


ဝေ့ရှောင်းက first bloodကို ယူပြီးနောက် FTWကနောက်ထပ် killတစ်ခု အရယူသည်။ 


“မဟာမိစ္ဆာဘုရင်ကြီးက တည်ငြိမ်တယ်”


“FTWက လမ်းကြောင်း ပြောင်းသင့်တာ ကြာပြီ။ closeရဲ့ အင်အားကြီးမားတဲ့ soloစွမ်းရည်နဲ့သာဆိုရင် အသင်းက top laneမှာ ခိုင်မာတဲ့ သံမဏိနံရံ ဆောက်ထားနိုင်တယ်”


“ဒါကတော့ သေချာတာပေါ့။ ဒီtop laneကတင် သံမဏိပြားလို ဖြစ်နေတာ။ ဘယ်သူက လာထိထိ သူတို့ရဲ့ခေါင်းတွေ ကွဲကြေရင်နဲ့အဆုံးသတ်သွားမှာပဲ”


ထင်မြင်သုံးသပ်ချက်ပေးသူများက FTWကို အရူးလို ချီးကျူးကြသည်။ ကြည့်ရှုသူများကလဲ FTWက အနိုင်ရချေမြင့်ကြောင်း သိကြသည်။ စင်အောက်မှ ချန်းဖုန်းသည် ခုံနောက်ဖက်သို့ မှီထားသည်။ သူ၏အမူအရာက တည်ငြိမ်၏။ 


သူသည် မထိတ်လန့်ပေ။ အကြောင်းမူကား သူသည် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြင်ဆင်ထားပြီးသောကြောင့် ဖြစ်သည်။ 


အနိုင်ကလဲ ကောင်းတာတော့ မဟုတ်ဘူး။ အရှုံးကလဲ ဆိုးတာတော့ မဟုတ်ဘူး။ 


Killနှစ်ခုနှင့် သိသာထင်ရှားလွန်းသော အခွင့်ကောင်း အရယူလိုက်ခြင်းက FTW ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ရသည့် အနေအထားမျိုးဖြစ်သည်။ Pro၏line upက နှောင်းပိုင်းအဆင့်သို့ သွားသည်။ ရေခဲမှော်ဆရာက middle laneတွင် နင်ကျယ်ဟန်၏ အမတမှော်ဆရာကို ထိတ်တိုက်ရင်ဆိုင်ရင်း ဆိုးရွားနေသည်ဟု ယူဆ၍ ရသည်။

118 05

ရှောင်နင်လေး၏ လုပ်ကြံသတ်ဖြတ်ခြင်းအမျိုးအစား မှော်ဆရာဟာ အလွန်အမင်း ကြမ်းတမ်းသည်။ သူသည် ဂိမ်းအတွက် ကောင်းမွန်သော အခြေအနေမျိုးတွင် ရှိနေခဲ့ပြီး အခြားတစ်ဖက်ခြမ်းကို ဖိနှိပ်နိုင်နေသည်။ ယွဲ့ဝမ်လဲ့သည် ကြောက်လန့်ကာ ပုန်းကွယ်ခြင်းဟူသော အခြေအနေကို နားမလည်ပုံမရချေ။ ဝေ့ရှောင်း၏ ရူးသွပ်သော အခြေအနေကို ထပ်ပေါင်းခြင်းအားဖြင့် သူတို့သည် ကင်ဆွန်းဟွန်းအား သူ၏ကိုယ်ပိုင်မျှော်စင်အောက်တွင်သာ နေရသည်အထိ ဖိအားပေးနိုင်ခဲ့သည်။ 


ကင်ဆွန်းဟွန်းက ထိုနေရာမှတစ်ဆင့် စစ်သားများအား လမ်းရှင်းသည်။ သူတို့က မည်သို့ပင် FTWက Proကို ဖိနှိပ်နေခဲ့သည်။ ဒီနည်းအားဖြင့် FTWက နိုင်လောက်သည်ဟု မြင်လောက်သည်။ သို့ရာတွင်…


တည်ငြိမ်သောသူကသာ farmဇယားကို ကြည့်ရုံနှင့် အစစ်အမှန် အခြေအနေကို သိနိုင်သည်။ ထို့ကြောင့် ပြောရန် ခက်ခဲ၏။


FTWက အပေါ်ယံအခြေအနေအရ အခွင့်ကောင်း ရသည်ဟု ထင်ရလောက်သည်။ သို့ရာတွင် farmအခြေအနေတွင် Proထက် သာမနေခဲ့ချေ။ 


တစ်ချိန်လုံး ဖိနှိပ်ခံနေရသော ကင်ဆွန်းဟွန်းက ဝေ့ရှောင်းထက်ပင် အနည်းငယ် ရွှေပိုသာနေသေးသည်။ 


Pro၏ top lanerကဲ့သို့ နှစ်ကြိမ် သေသွားခဲ့ပြီး farmနောက်ကျ ကျန်ရစ်ခဲ့သော သူကလွဲပြီး အခြားသော လမ်းကျဉ်းတိုင်းက FTWကို ယှဉ်နိုင်ပြီး တည်ငြိမ်နေခဲ့သည်။ 


ထိုအခြေအနေက မကောင်းပေ။ သူတို့က အခွင့်ကောင်း အကြီးကြီး ရရှိထားသည့်တိုင်အောင် နှင်းဘောလုံးကို မလှိမ့်နိုင်သေးပေ။ ထို့ကြောင့် နှောင်းပိုင်းအဆင့်မှ တိုးတက်မှုကို မသေချာမှီ မနိုင်လောက်ပေ။


Pro၏ team chatက တစ်ချိန်လုံး တိတ်နေသည်။ 


သာမန် အချက်ပြခြင်း ဆက်သွယ်ခြင်းကလွဲပြီး မည်သည့် ပေါက်ကရစကားမှ မပြောကြပေ။ 


ကင်ဆွန်းဟွန်းက ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ သူ၏လက်မှ စီမံလည်ပတ်မှုစကေးက ပြီးပြည့်စုံသည်။ အနည်းငယ်သော အရင်းအမြစ်ကိုမှ နောက်ကျ ကျန်ရစ်စေခဲ့ခြင်း မရှိပေ။ သူ၏dmageတစ်စက်ကိုမှ အလကား မဖြစ်စေခဲ့ပေ။ သူသည် အလွန်ပင် တိကျသော micro oppraction skillကို လွှတ်ထုတ်ထားသည်။ ထိုကဲ့သို့သော စကေးကိုရရန် မည်မျှကြာအောင် ကြိုးစားရမည်ဖြစ်ကြောင်း မည်သူမှ မသိကြသလို မည်မျှကြိုးစားရမည် ဖြစ်ကြောင်းကိုလဲ မည်သူကမှ မသိကြပေ။ 


Adcအဖြစ် ကစားခြင်းက အလွန်ပင်ပန်းစေသည်။ ဒါက အခြေခံတိုက်ကွက်ကို မှီခိုရပြီး မောက်စ်ကို ဆက်တိုက် နှိပ်နေရကာ နေရာကို ဆက်တိုက်ရွေ့ပြောင်းလျက် နေရာဇာတ်ကြောင်းကို အရယူရသည်။ 


ထို့ကြောင့် အခြားကိစ္စများကို ထည့်မပြောလျှင်ပင် သာမန်လူများ၏ လက်ချောင်းများက မောက်စ်ကို အချက်ကျကျ ဆက်တိုက်ဆိုသလို နှိပ်နေရခြင်း မဟုတ်လေဘဲ တိကျသော လှုပ်ရှားမှုများကို လိုအပ်လေသည်။ 


မရေမတွက်နိုင်သော maskmanများ၏လက်က မရေမတွက်နိုင်သော အလွန်အကြူး လှုပ်ရှားမှုများကြောင့် ဖျက်စီးခံရတတ်သည်။


ဂိမ်း၏ Middle stateတွင် ရှေးဟောင်းသတ္တဝါနှင့် ပတ်သက်ပြီး တိုက်ပွဲတစ်ပွဲ ဖြစ်ပွားသည်။ ဝေ့ရှောင်းက ရွှေမုဆိုးကို တစ်ဖန်ထပ်ပြီး ဂန့်လုပ်ပြန်သည်။ နှစ်ယောက်လုံးက အတူသေသွား၏။ ရှေးဟောင်းသတ္တဝါကို လုဖုန်းက ဆွဲချလိုက်ပြီး Proက တိုက်ပွဲတစ်သုတ် ရှုံးသွားသည်။ 


ဂိမ်း၏နောက်ပိုင်းသို့‌ ရောက်ရှိလာသည်နှင့်အမျှ ပြန်လည်ရှင်သန်ချိန် ကြာလေလေ ဖြစ်သည်။ ဒီကြားထဲ ကင်ဆိုးဟွန်းက မှေးမှိန်သော ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ 


“ငါ နိုင်ချင်တယ်”


ထိုစကားလုံးလေးလုံးက ထိုလူလေးယောက်၏ headsetအတွင်း မြည်လာသည်။ လေးယောက်လုံးက မောက်စ်ကို ညှစ်လိုက်မိ၏။ 


လီဟယ်ယန် “…” 


ကင်ဆွန်းဟွန်း၏ နှုတ်ခမ်းက တင်းတင်းစေ့ ပိတ်သွားသည်။ သူ၏အသံက တိုးသွားသည်။


“အကိုကြီး ငါ နိုင်ချင်တယ်”


အချိန်မည်မျှ ကြာမည်မှန်း မသိချေ။ တစ်စက္ကန့် သို့မဟုတ် သုံးနှစ်လေးနှစ်လဲ ဖြစ်နိုင်သည်။ လီဟယ်ယန်က ပြန်ဖြေ၏။


“ကောင်းပြီ”


ကမ္ဘာ dubbleချန်ပီယံရှစ် အနိုင်ရထားခဲ့သော Proအပြင် globle finalသို့ပင် တက်သွားခဲ့သော Proက လန့်နိုးလာသည်။ 


FTW၏ team chat 

118 06

ပိုင်ချန်က ထိတ်လန့်နေသည်။ 


“လီဟယ်ယန်က စပြီး roamနေပြီ”


လုဖုန်း “အရိပ်သူခိုး မင်း သတိထား”


ဝေ့ရှောင်းသည် ပါးစပ်မဟရသေးခင် လေထဲမှ တစ်စုံတစ်ရာဟာ ထိုးဖောက် ဝင်ရောက်လာသလို အသံကို ကြားလိုက်ရသည်။ သူက သူ၏မျက်နှာကွက်တိ တိုးဝင်လာသော ရွှေရောင်များကို ကြည့်ပြီး မှင်သက်သွားသည်။ 


ထို့နောက် ဘန်းကနဲ အသံက ထွက်လာသည်။


ရွှေရောင်များက သူ့ကို ထိသည်။ ပြင်းထန်သော ထိန်းချုပ်စကေးက သူ့အား မလှုပ်ရှားနိုင်အောင် ဖြစ်သွားသည်။ ထိုထိန်းချုပ်စကေးက ၃.၅စက္ကန့် ကြာသည်။ 


ပိုင်ချန် “မကောင်းတော့ဘူး”


ဝေ့ရှောင်းက ချက်ချင်းအော်သည်။


“မလာနဲ့”


ပိုင်ချန်က ရပ်တန့်လိုက်သည်။ သူသည်လဲ နောက်ကျလွန်းသွားကြောင်း သိ၏။ သူသည် သွားခဲ့သော် သူကိုယ်တိုင်က သေသွားလောက်သည်။ 


အခြေပြုစွမ်းအင်သုံး နတ်ဆရာက အသင်းဖော်များကို အရှိန်နှုန်းမြင့် အရုပ်များ ကောက်ပေါက် ပေးထားသည်။ ဒီနည်းအားဖြင့် စွမ်းအားသူခိုးထံမှ စကေးအစက်လိုက်က ဝေ့ရှောင်း၏ ကိုယ်ပေါ်သို့ ကျလာသည်။ 


အားနည်းလွန်းသော အရိပ်သူခိုးက ထိုသို့ ချိန်ရွယ်ကာ တိုက်ခိုက်မှုမျိုးကို တောင့်ခံနိုင်မည် မဟုတ်ချေ။


ပတ်ကွေ့ကျစ်က ဝေ့ရှောင်းကို တိုက်သည်။ Proက နောက်ဆုံးတွင် kill တစ်ခု ရသွားသည်။ 


ကင်ဆွန်းဟွန်းက ထိုဖြစ်စဉ်တောက်လျှောက် မပေါ်လာခဲ့ပေ။ သို့သော် killကလဲ သူ၏လုပ်ဆောင်မှု ဖြစ်လေသည်။ ရွှေမုဆိုး၏ ပြိုင်ဘက်ကင်းအကွက်က မြေပုံတစ်ခုလုံးကို ကျော်ဖြတ် သွားလာစေနိုင်သည်။ ရန်သူက သူနှင့်ဝေးလေလေ သူ၏ပြိုင်ဘက်ကင်းအကွက်ကို ထိန်းချုပ်ချိန် ကြာလေလေဖြစ်သည်။ 


၃.၅စက္ကန့်က ဘာကို ကိုယ်စားပြုလဲ။


စကေးတစ်ခုလုံး ထုတ်ရန်အတွက် တစ်စက္ကန့် နှစ်စက္ကန့်သာ ကြာသည်။ ၃.၅စက္ကန့်က နှစ်ကြိမ်သေရန် လုံလောက်သည်။ 


Proက ပြန်လည်ပြီး တိုက်ခိုက်လေပြီ။ 


လီဟယ်ယန်က ကင်ဆွန်းဟွန်း၏နားသို့ တစ်ချိန်လုံး လိုက်နေခဲ့သောကြောင့် ထင်သလောက် ကြောက်စရာ မကောင်းပေ။ သို့သော် သူဟာ စတင်ကာ roamလုပ်သည်နှင့် အစစ်အမှန် ကြောက်စရာကောင်းသော အခြေအနေက ပေါ်လာသည်။ 


ထိုသို့ အသင်းဖော်အချင်းချင်း အပြန်အလှန် နားလည်မှုက အမှန်တကယ် မှင်သက်ဖွယ်ပင် ဖြစ်သည်။ လီဟယ်ယန်က ကင်ဆွန်းဟွန်းကို vesionထောက်ပံ့ပေးထားပြီး ကင်ဆွန်းဟွန်း၏ ရွှေရောင်များက ဘယ်သောအခါမှ မလွတ်တော့ပေ။ 


ကင်ဆွန်းဟွန်းက သူခိုးတွေကို မြေပြင်အနှံ့ ပစ်ပေါက်နိုင်တယ်လို့ ဘာလို့ ပြောကြတာလဲ။


လီဟယ်ယန်၏ လုပ်ဆောင်မှုကြောင့် သူသည် မည်သည့် junglerကိုမဆို လဲပြိုစေနိုင်သည်။ 


သူက ပစ်မှတ်ကို ပစ်ချက်တိုင်း ထိအောင် လုပ်နိုင်သည်။ ဒီနည်းအားဖြင့် သေဆုံးခြင်းက လိုက်ပါလာသည်။ ကင်ဆွန်းဟွန်းက kill တစ်ခုမှ မယူချေ။ သို့သော် ဝေ့ရှောင်းက သုံးကြိမ် သေသွား၏။ 


တိုက်ရိုက်ထုတ်လွှင်မှု အခန်းထဲမှ ကြည့်ရှုသူများက ဆွံ့အကုန်သည်။ 


“ရွှေမုဆိုးရဲ့ မျိုးရိုးနံမည်က ကင်တဲ့”


“ဒီခန့်မှန်းမှုက လုံးဝကို နတ်ဘုရားဆန်တယ်။ သူက ဘယ်လိုများ မျှားတိုင်းထိအောင် လုပ်နိုင်တာလဲ”


“အဓိက သော့ချက်က ကင်ဆွန်းဟွန်း မဟုတ်ဘဲ လီဟယ်ယန်”


“လီဟယ်ယန်က ရွှေမုဆိုးနဲ့ အရမ်းရင်းနှီးတယ်။ သူပေးတဲ့ အချက်ပြတိုင်းကို statedကွက်တိ ခန့်မှန်းနိုင်လို့ ကွက်တိထိနေတာပေါ့”


“ဘာပဲဖြစ်ဖြစ် သူက နံပါတ်တစ် maskmanဖြစ်ခဲ့ဖူးတယ်လေ”


အထောက်အပံ့နေရာသို့ ပြောင်းလဲလိုက်ပြီးနောက် သူက maskmanကို အနားလည်ဆုံး လူတစ်ယောက် ဖြစ်နေသေးသည်။ တိုတောင်းသော ဆယ်မိနစ်ကာလ အတောအတွင်း ကွင်းထဲမှအခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။ Proက 5killအရယူလိုက်ပြီး buttom laneမှ မျှော်စင်ကို ဖြိုချလိုက်သည်။ သူတို့၏farmက FTW၏ farmထက် ရွှေသုံးထောင် သာနေသည်။ ထိုသို့ဖြင့် သူတို့က အလုံးစုံ ဖိနှိပ်နိုင်သော လမ်းပေါ် စတက်နေသည်။ 

118 07

Pro၏ ဗျူဟာက အမှန်တကယ် ကြမ်းလှသည်။ middle laneနှင့် top lanerက closeကို ထိန်းထားသည်။ 


ကင်ဆွန်းဟွန်းက buttom laneကို တစ်ယောက်တည်း စောင့်ကြပ်နေသည်။ လီဟယ်ယန်နှင့် ပတ်ကွေ့ကျစ်တို့ကမူ ပတ်ပတ်လည် လျှောက်သွား၍ လူတိုင်းကို gantလုပ်နေသည်။ 


ထိုသို့ဖြင့် ဂိမ်းတိုင်းကို ရွှေရောင်မိုးများဖြင့် အဆုံးသတ်သည်။ တစ်ချက် ထိသွားသည်နှင့် စွမ်းအားသူခိုးက killတစ်ခုစာအတွက် စကေးတစ်စုံ ပြန်ရသည်။ 


ဝေ့ရှောင်းနှင့် နင်ကျယ်ဟန်တို့က နောက်ထပ်နှစ်ကြိမ် အသီးသီး သေဆုံးသွားကြသည်။ ထိုသို့ဖြင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို မရှိတော့ပေ။ 


သူတို့က ၃.၅စက္ကန့်စာ ထိန်းချုပ်ခံရသော အနေအထားမျိုးမှ မလွတ်မြောက်နိုင်သလို သူတို့ အသတ်ခံရမည်ကိုသာ စောင့်နေရလေသည်။ သူတို့ ဘာလုပ်နိုင်မှာလဲ။


သူတို့က အရှုံးကို ဆက်တိုက်ဦးတည်တဲ့ ဒီအခြေအနေကို တားနေနိုင်မှာလား။ 


ဝေ့ရှောင်း၏လက်က ချွေးပြန်နေသည်။ သူ နိုင်ချင်တယ်။ သူ တကယ် နိုင်ဖို့ လိုအပ်တယ်။ သူ နိုင်ပြီးရင် လုပ်စရာရှိတယ်။


Headsetထဲတွင် လုဖုန်း၏အသံက လာ၏။ 


“နဂါးတွင်းဆီ ဦးဆောင်သွားလိုက်”


ဝေ့ရှောင်းက ကြောင်သွားသည်။


“ခေါင်းဆောင် “


လုဖုန်း “ငါ့ကို ယုံ”


ဝေ့ရှောင်းက အံကြိတ်သည်။


“ကောင်းပြီ”


top laneတွင် လူနှစ်ယောက် ပစ်မှတ် ထားခံနေရသော လုဖုန်းက သက်ပြင်းအသာ ရှိုက်ကြည့်လိုက်ပြီး ရေခဲမှော်ဆရာ၏ နေရာချထားမှုအမှားကို စိုက်ကြည့်သည်။ အခွင့်အရေးပဲ။


သေဆုံးခြင်းသူရဲကောင်းက သူ၏ ပို၍ ကြမ်းတမ်းသော ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲလိုက်လေပြီး လှုပ်ရှားမှု အတန်းလိုက်ကို ထုတ်သုံးလျက် passiveကို အရယူကာ ထိန်းချုပ်စကေးကို ရှောင်လိုက်သည်။ ဒီနည်းအားဖြင့် Pro၏ နတ်ဘုရားစစ်သည်တော်ကို လျစ်လျူရှုရင်း ရေခဲမှော်ဆရာ၏ မျက်နှာရှေ့ တည့်တည့်တွင် သွားပေါ်သည်။ Pro၏ mid lanerက အော်သည်။ “မကောင်းတော့ဘူး”


နဂါးတွင်းဆီ ဆွဲခေါ်သွားခြင်း ခံရသော ပတ်ကွေ့ကျစ်က အချိန်မှီ မလာနိုင်တော့ချေ။ 


လာ၍ ထောက်ပံ့မည်ဆိုလျှင်ပင် နောက်ကျသွားမည် ဖြစ်သည်။ ငရဲမှ တက်လာသော ထိုနတ်ဆိုးက သေဆုံးခြင်း အရှိန်အဝါအပြည့်နှင့် ရေခဲမှော်ဆရာကို ဆုတ်ဖြဲလိုက်သည်။ ရေခဲမှော်ဆရာက မြေပြင်သို့ လဲကျသွားသည်။ နတ်ဘုရားစစ်သည်တော်၏ လှံရှည်ကြီးက ရှေ့သို့ ထိုးတက်လာသည်။ သေဆုံးခြင်းသူရဲကောင်းက ရှောင်တိမ်းလိုက်၏။ ဒီနည်းအားဖြင့် သေဆုံးခြင်းသူရဲကောင်းက အသွင် ပြန်ပြောင်းလိုက်သည်။ ထို့နောက် ဓားရှည်ကြီးကို ပြန်လည် ခုတ်ချလိုက်ပြီး နတ်ဘုရားစစ်သည်တော်က healတစ်ဝက်ထိ ထိုးကျသွားသည်။ 


စနစ်၏ကြေငြာသံ


FTW-closeက Pro-uuကို သတ်လိုက်ပြီ။


FTW-closeက Pro-cuiချွေ့ကို သတ်လိုက်ပြီ။


လူနှစ်ယောက်၏ အဝိုင်းခံနေရသောcloseက dubble killယူလိုက်သည်။


******