အပိုင်း(116)
ရုတ်တရက် လုဖုန်း တစ်ခုခုကို နားလည်သွားတယ်။
Middle laneတွင် သူက နင်ကျယ်ဟန်ကို ကူညီပြီး သူတို့၏ပြိုင်ဘက်ကို ဖိနှိပ်ပေးသည်။ ထို့နောက် bottom laneသို့ ဆင်းသွားပြီး ယွဲ့ဝမ်လဲ့ကို ကူညီကာ အခြားတစ်ဖက်ခြမ်းမှ markmanကို သတ်စေသည်။
ပိုင်ချိုင်က bottom laneတွင်နေပြီး ယွဲ့ဝမ်လဲ့ကို ဆက်တိုက် ကူညီပေးနေသည်။ ဝေ့ရှောင်းက teamထဲမှ နောက်ထပ် အထောက်အပံ့ ကစားသမားတစ်ယောက် ဖြစ်လာကာ jungleအတွင်းတွင် vesionကို ထောက်ပံ့ပေးလျက် ရန်သူများ၏ တည်နေရာကို တင်ပြရင်း လူများကို ရူးသွပ်လောက်အောင် အငိုက်ဖမ်းနေသည်။
အဖွဲ့လိုက် လှုပ်ရှားသွားသော သူ၏ဦးဆောင်နေသည့် ဟန်ချက်က ကြမ်းတမ်းလွန်းသည်။ ODကလဲ အသက်ရှူချိန် မနည်းရအောင် ကြိုးစားနေရသည်။
ကျိုးရှင်းဖေးက ဖန်သားပြင်ကို ကွက်တိ စိုက်ကြည့်နေပြီး ပြောလိုက်သည်။
“မထိတ်လန့်နဲ့ သူ့ရဲ့ bottom jungle zoneက ငါ့အပိုင်ပဲ။ ငါတို့ရဲ့အရင်းအမြစ်တွေက ကြီးနေပြီ”
ဝေ့ရှောင်းက လူတိုင်းကို နေရာတိုင်းတွင် လိုက်ဖမ်းနေသော အားနည်းချက်ကမူ သူ၏ကိုယ်ပိုင်jungleကို မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျိုးရှင်းဖေးက ငွေကြေးဇယားကို ကြည့်လိုက်သောအခါ သူ၏အမတသူခိုးက ဆက်တိုက်ဆိုသလို ကြွယ်ဝလာနေပြီး စွမ်းအားသူခိုးကို ဖိနှိပ်လာနေကြောင်း မြင်လိုက်ရသည်။
နှစ်ထောင်…
သူသာ စွမ်းအားသူခိုးထက် နှစ်ထောင်ကျော်ခန့် ပိုfarmလုပ်နိုင်သမျှ ထိုမာနကြီး မောက်မာကာ လွှမ်းမိုးနေသော quietကို ချေမွနိုင်ပေလိမ့်မည်။
သူသည် သူ၏ပစ္စည်း သုံးခုတွဲ ပြည့်သွားသည်အထိ စောင့်နေလိုက်သည်။ ဖောက်ခွဲခြင်း damageတစ်ခုကို ပိုင်ဆိုင်သွားသော အမတသူခိုးက မုန်တိုင်းကိုပင် ဆင့်ခေါ်ပြီး လေကိုပင် မွှေနှောက်နိုင်စွမ်းရည် ရှိပေလိမ့်မည်။
ကျိုးရှင်းဖေးသည်လဲ မရှုံးချင်ခဲ့ပေ။ သူသည် တစ်ကြိမ် ရှုံးပြီးပြီ။ ဒီတစ်ကြိမ်၌ ဆက်ရှုံးသွားခဲ့လျှင်…
သူ ရှုံးလို့ မရနိုင်ဘူး။
ဒါက ပြိုင်ပွဲနယ်မြေထဲကို တစ်ခါမှ မဝင်ဖူးတဲ့ လူသစ်ဘုရင်တစ်ယောက်။ သူ့ထက် ပြိုင်နေတာက ဘာလို့သာနေတာလဲ။
ကျိုးရှင်းဖေးက ဝေ့ရှောင်းကို မော့ပြီး
ယခင်တစ်ခေါက်က ထောင်ချောက်ကြောင့် မဟုတ်ဘဲ လွန်ခဲ့သောနှစ်နှစ်ခန့်က ရန်ညှိုးဟောင်းများကြောင့် ဖြစ်လေသည်။
သူက ပိုင်ချိုင်ကို တွေ့ခဲ့သောအခါ ပိုင်ချိုင်က သူ့ကို ပြောသည်။
“မနှစ်က လူသစ်ဘုရင်က မင်းထက် အများကြီး သန်မာတယ်”
ထိုအချိန်က ကျိုးရှင်းဖေးသည် ဝေ့ရှောင်းကို စိတ်ထဲတွင် ကျိန်ဆဲခဲ့သည်။ သို့သော် ပိုင်ချိုင်ကို ဖားနိုင်ရန်အလို့ငါ သူသည် တတ်နိုင်သမျှ သည်းခံခဲ့ပြီး ပိုင်ချိုင်ကို ချော့ရန်ပင် လုပ်ခဲ့ရသည်။
“ငါ တတ်နိုင်သမျှ ကြိုးစားမှာပါ။ ဒီလိုနဲ့ သူ့နည်းတူ သန်မာလာစေရမယ်”
သူက ဘာများ သန်မာလွန်းနေလို့လဲ။
ဒီအတိုင်း လျှောက်ပြေးနေတတ်တဲ့ အမှိုက်တစ်တုံးပဲ။ ပြိင်ဘက်နဲ့ ကွင်းထဲမှာတောင် ရင်မဆိုင်ရဲတဲ့ အမှိုက်တစ်တုံးလေ။
သူက ဘာလို့ ဒီလိုကောင်ကို ရှုံးရမှာလဲ။
သူက ဘာလို့ အဲဒီအရူးကောင် ပိုင်ချိုင်က တန်ဖိုးထားနေတဲ့ အကောင်ဆီမှာ ရှုံးရမှာလဲ။
နောက်ဆုံးတွင် ကျိုးရှင်းဖေးက လုံလောက်အောင် farmလုပ်နိုင်သွားပြီး ဝေ့ရှောင်းကို သတ်ရန် လုံလောက်လာသည်။ သူသည် jungle monsterများကို ရှင်းလင်းမှုအား ရပ်တန့်လိုက်ပြီးနောက် လမ်းကျဉ်းစစ်သားများကို ရူးသွပ်စွာလုလျက် စွမ်းအားသူခိုးက ဖြတ်လျှောက်သွားရန် လိုအပ်သော နေရာတစ်ခုတွင်လဲကာ ခိုချုံတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည်။ သူသည် ဝေ့ရှောင်းထက် နှစ်ထောင်ကျော် ပိုfarmထားသည်။ သူသည် ဝေ့ရှောင်းထက် ပြီးပြည့်စုံသောပစ္စည်း တစ်ခုကျော် သာနေသည်။ ထို့ကြောင့် သူသည် အချိန်ကြိုပြီး ခိုချုံတိုက်ခိုက်ရန် စီစဉ်လိုက်နိုင်သည်။ သူသည် တစ်ဖက်လူကို သေချာပေါက် သတ်နိုင်ပေလိမ့်မည်။
ကောမန့် မန့်နေသော ကြည့်ရှုသူများကလဲ ထိုအခိုက်အတန့်တွင် သတိလက်လွတ် ဖြစ်သွားကြသည်။
“သွားပြီ သွားပြီ ဒီခွေးကျိုးရှင်းဖေးက ငါ့ရဲ့နတ်ဘုရားချူကို ခိုချုံတိုက်ခိုက် ချင်နေတာ”
“စွမ်းအားသူခိုးရဲ့farmက အမတသူခိုးနဲ့ ယှဉ်ရင် ရွှေတစ်ထောင်ကျော်တောင် ကွာနေတာ သူ မနိုင်နိုင်ဘူး”
116 02
“ဒီဂိမ်းပွဲမှာ ဝေ့ရှောင်းက တော်တော်လေးတော့ အံ့ဩဖို့ ကောင်းပါတယ်။ သူက အရင်းအမြစ်တိုင်းကို အသင်းဖော်တွေကို ပေးထားတာ။ နင်ကျယ်ဟန်နဲ့ ယွဲ့ဝမ်လဲ့တို့က သူ့ကြောင့် ဝတုတ်နေတဲ့ ဝက်တွေလို အမွေးခံထားရတာ”
“ဆိုတော့ သူက ကျိုးရှင်းဖေးကြောင့် မြေပြင်မှာ ပြားကပ်တဲ့အထိ ထုရိုက်ခံရတော့မှာပေါ့”
“fuck ငါတော့ မကြည့်ချင်ဘူး။ လုံးဝသည်းမခံ နိုင်ချင်စရာဘဲ”
“အမှိုက်ကျိုးရှင်းဖေး အားနည်းသူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်တဲ့အကောင်။ သူသာ skillရှိရင် top laneကို သွားပြီး ငါ့ရဲ့ မဟာမိစ္ဆာဘုရင်ကြီးကို ရင်ဆိုင်ပါလား”
“စိတ်အေးအေးထား အပေါ်ကတစ်ယောက်။ ကျိုးရှင်းဖေးက ဒီအတိုင်း ဆိုးတာ မရူးဘူး”
“မဟာမိစ္ဆာဘုရင်ကြီးက အရင်းအမြစ်မှာ နံပါတ်တစ်ပဲလေ။ သူက အမတသူခိုးထက် ရွှေနှစ်ထောင်ကျော် ပိုသာနေတာ။ ဘယ်သူက သူ့ကို သွားရှုပ်ရဲမှာလဲ။ အဲဒီကျိုးရှင်းဖေးက top laneကို သွားမဲ့အစား ပစိဖိတ်သမုဒ္ဒရာထဲကိုဝင်ပြီး ငါးစာ ကျွေးလိမ့်မယ်”
“အကျိုးအကြောင်းကျကျ ပြောရမယ်ဆိုရင် သူ တကယ်စိတ်လွတ်သွားပြီလို့ ငါတော့ ထင်တယ်။ သူက တစ်ချိန်လုံး ဝေ့ရှောင်းကို စိုက်ကြည့်နေတာ။ ဒါပေမဲ့ ODက ဒီတစ်ပွဲမှာ အဆုံးသတ်က ရှင်းလင်းနေတာပဲ”
လမ်းကျဉ်းတိုင်းက ပြိုကျသွားသည်။ ကျိုးရှင်းဖေးက စားပွဲကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပေ။ သူက ဝေ့ရှောင်းကို သတ်နိုင်တော့လဲ ဘာဖြစ်လဲ။ သူက ဒီအတိုင်း အပြန်အလှန်အနေနဲ့ အဝိုင်းခံရပြီး အသတ်ခံရမှာပဲ မဟုတ်ဘူးလား။
ပိုဆိုးတာက သူဝေ့ရှောင်းကို သတ်နိုင်မှာ သေချာရဲ့လား။
ဝေ့ရှောင်းက ကွင်းထဲသို့ ဝင်လာသည်။
အချိန်အတန်ကြာအောင် စောင့်ပြီးနောက် ကျိုးရှင်းဖေး၏လက်ချောင်းများက အနည်းငယ် တုန်ယင်နေသည်။ သူသည် ရွေ့လျားမှုစကေးကို အသုံးပြုလိုက်ပြီး ဝေ့ရှောင်း၏ ရှေ့တည့်တည့်သို့ ရောက်သွားသည်။ သူ၏ဒုတိယမြောက် ရွေ့လျားမှုစကေးက စွမ်းအားသူခိုးကို မူးဝေသွားအောင် ရိုက်ထုတ်လိုက်သည်။ Combo attackသည် ကြာရှည်စွာ ဖိနှိပ်ထားသည့်အလျောက် ရုတ်တရက် ပေါက်ထွက်လာပြီး ချက်ချင်းဆိုသလိုပဲ စွမ်းအားသူခိုးကို critical heal အထိ ထိုးကျသွားစေသည်။ ကင်မရာက ဝေ့ရှောင်းကို ရိုက်ပြသည်။ ဝေ့ရှောင်၏အမူအရာက အနည်းငယ်ပင် ဖိအားများနေပုံ မရချေ။ သူ၏လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပျံသန်းနေရင်း သူသည် ဟီးရိုးကို ကျွမ်းကျင်စွာဖြင့် ကြိုးကိုင်လျက် damageတိုင်းကို ရှောင်ရှားနေသည်။ ဤနည်းအားဖြင့် သူသည် ဘေးဘက်သို့ရှောင်၍ ပြန်လည်တိုက်ခိုက် လိုက်သည်။ သူ၏health barက အနီရောင်အထိ ပြနေခဲ့သည့်တိုင်အောင် သူသည် သူ့ကိုယ်သူ အသက်ရှင်အောင် တည်ငြိမ်စွာ ထိန်းနေသေးသည်။
သူ၏မျက်နှာက ဓာတ်ပုံ စားလွန်းသည်။ သူ၏မျက်နှာထားနှင့် တည်ငြိမ်သော အပြုအမူကို ပေါင်းစပ်လိုက်သောအခါ ကြည့်ရှုသူများ၏ အကောင်းမြင်စိတ်က ထိုးတက်သွားသည်။ အရမ်းတော်တဲ့ လူငယ်လေး။
ဖန်သားပြင်ပေါ်တွင် စွမ်းအားသူခိုးက healတစ်မျှင်လောက်နှင့် ကျန်နေရစ်သေးသည်။ သို့သော် အမတသူခိုးကမူ healတစ်ဝက်ကျော် ဆုံးရှုံးသွားလေပြီ။ အကျိုးအကြောင်းကျကျ ပြောရသော် အမတသူခိုး၏ဓားနှင့် အသာလေး ရှပ်ထိသွားရုံနှင့် စွမ်းအားသူခိုးက အဆုံးသတ် ပေလိမ့်မည်။
ဒါပေမဲ့ ဒီလိုမျိုး အရမ်းကို အရေးကြီးတဲ့ အခြေအနေမျိုးမှာ စွမ်းအားသူခိုးက ရုတ်တရက် ground stack ပစ်ထုတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ။
ထင်မြင်သုံးသပ်ချက်ပေးသူကလဲ အချိန်ကိုက်လိုလို တုံ့ပြန်သည်။
“သူက counter kill ယူတော့မှာ”
အမတသူခိုးက သူ့ရဲ့စကေးအားလုံး ထုတ်သုံးပြီးသွားပြီ။ သူက သိသိသာသာပဲ စွမ်းအားသူခိုးရဲ့ ကျန်တည်ရှိမှုကို အထင်သေးသွားပြီ။ သူ့ရဲ့စကေး အားလုံးသုံးပြီးရင်တောင် တစ်ဖက်လူကို မသတ်နိုင်လောက်မယ် အခြေအနေကို မစဉ်းစားမိသွားဘူး။
“အမတသူခိုးရဲ့ ဓားက မဆင်းသက်သေးဘူး။ သူက ground stepမိသွားပြီ”
ယခုစွမ်းအားသူခိုးက double killအကွက်ကို ထုတ်သုံးလိုက်ပြီး သူ၏ground stepကို စွမ်းအား မြှင့်လိုက်သည်။ အမတသူခိုးကမူ ထိန်းချုပ်မှု လွတ်ကင်းသွားမည်ဖြစ်ပြီး ဟီးရိုးက စွမ်းအားသူခိုးထံ ခုခံမှုမရှိဘဲ ရွေ့သွားတယ်။
ကောမန့်ကို ဆက်တိုက် မန့်နေကြသော ကြည့်ရှုသူများ အားလုံးက သူတို့၏နှလုံးသားက လည်မျိုသို့ တက်လာသလို ခံစားလိုက်ရသည်။
“မကောင်းတော့ဘူး။ အမတသူခိုးက နီးကပ်သွားတာနဲ့ အသာလေး ထိုးလိုက်ရုံနဲ့ စွမ်းအားသူခိုးကို သေသွားစေနိုင်တယ်”
“ fuck မဟာမိစ္ဆာဘုရင်ကြီးက နေရာရွေ့ပြောင်းပြီး လာနေပြီ”
116 03
“ODရဲ့ top lanerကလဲ လာနေပြီ”
“အခုကိစ္စတွေက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းနေပြီ။ FTWနဲ့ODက ဒီနေရာမှာ စုတော့မယ်”
“အမတသူခိုးက စွမ်းအားသူခိုးကို သတ်နိုင်ခဲ့ရင်တောင်မှ သူလဲ သေမှာပဲ”
“အဲဒါတင် မကသေးဘူး။ ကြီးမားတဲ့ အဖွဲ့လိုက် စစ်ပွဲကြီး ဖြစ်တော့မှာ”
အမတသူခိုးက စွမ်းအားသူခိုးနားသို့ ရောက်လာပြီး ထိန်းချုပ်မှုစကေးကလဲ သက်ရောက်မှု ပျက်ပြယ်လာသည်။ သို့ရာတွင် ကျိုးရှင်းဖေးက မထိတ်လန့်သွားခဲ့ပေ။ အကြောင်းမူကား လက်ရှိ သူ၏health volumeအနေအထားအရ စွမ်းအားသူခိုးရဲ့DPSစွမ်းရည်ဟာ သူ့ကို ချက်ချင်း သတ်နိုင်မည် မဟုတ်ချေ။ သူက ဝေ့ရှောင်းကို သတ်နိုင်သည်။ သူကိုယ်တိုင် လုပ်နိုင်၏။
ထို့နောက် ရွှေရောင်အလင်းက ဖြတ်ခနဲလက်သွားပြီး closeကကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ကျိုးရှင်းဖေး၏ နှလုံးသားက တစ်သွားသည်။
သူကteam chatထဲမှာ လှမ်းပြောလိုက်သည်။
“ငါ သေချာပေါက်သေမှာ။ ဒါပေမဲ့ ငါ ဝေ့ရှောင်းကို ဆွဲချနိုင်တယ်။ closeရဲ့healthထင်သလောက် healthyဖြစ်နေတာ မဟုတ်ဘူး။ ငါတို့ အဖွဲ့လိုက်တိုက်ပွဲ စလို့ရတယ်”
သာမန်ရှုထောင့်မှ ကြည့်လျှင် ထိုအခြေအနေက မမှားယွင်းပေ။ ကံဆိုးသည်မှာ သူတို့၏ပြိုင်ဘက်များက သာမန် မဟုတ်ပေ။
အမတသူခိုးက ထိန်းချုပ်မှု ပြန်လည်ရရှိသွားခဲ့ပြီး သူ၏ဓားကို ဆန့်ထုတ်လိုက်သည်။ စွမ်းအားသူခိုးက critical health အနေအထားမျိုးကြောင့် အောက်သို့ လဲကျသွားသည်။
Close၏ သွေးနီရောင်ဓားသွားက ထိုးထွက်လာလေပြီး အမတသူခိုးကို သတ်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ စွမ်းအားသူခိုးက ပြန်ရှင်လာသည်။
ထင်မြင်ချက်ပေးသူများက အခြေအနေကို ကြည့်ရှုသူတွေထက် ပို၍ ရှင်းလင်းစွာ မြင်နိုင်ကြသည်။
“ပြန်လည်ရှင်သန်ခြင်း သံချပ်ကာ”
“အမတသူခိုးရဲ့ ဓားသွားက ဝင်ရောက်လာတဲ့ အခိုက်အတန့် မတိုင်ခင် တစ်စက္ကန့်အလိုမှ စွမ်းအားသူခိုးက သူ့ရဲ့ အနက်ရောင်ဓားကို ရောင်းပြီး ပြန်လည်ရှင်သန်ခြင်း သံချပ်ကာကို အတင်းဝယ်ခဲ့တာ”
“ဒီအရှုံးက အရမ်းကြီးတယ်။ သူ ပြန်ရပ်နိုင်ရင်တောင် DPSကို မကြီးနိုင်ဘူး”
“မဖြစ်နိုင်တာ…FTWက ဂိမ်းကို အဆုံးသတ်ချင်နေတာ”
အစပိုင်းတွင် ODရဲ့အသင်းဖော်များက အပြေးအလွှား လာရောက် ကူညီပေးကြသည်။ သူတို့သည် မထိတ်လန့်ကြသေးပေ။
သူတို့က အစောပိုင်းအချိန်တွင် အကြိမ်ပေါင်း အများကြီး အသတ်ခံခဲ့ရသော်လည်း သူတို့၏farmက နောက်တွင်ကျန်ရစ်ခဲ့သော်ငြား ကျိုးရှင်းဖေးက ဝေ့ရှောင်းကို ချုံခိုတိုက်ခိုက် နိုင်ခဲ့ခြင်းအားဖြင့် စွမ်းအားသူခိုးကို သတ်နိုင်ခဲ့ရုံသာ မကသေးလေဘဲ သွေးစစ်သည်တော်၏ ပြိုင်ဘက်ကွင်းအကွက်ကိုလဲ အင်အားသုံးကာ ထုတ်လွှတ်ခိုင်းခဲ့သည်။
ထို့ကြောင့်ရှုထောင့်တစ်ခုမှ ကြည့်သော် ODတွင် အားသာချက် ရှိသည်။
Groupတိုက်ပွဲတွင် အနိုင်ရရှိပြီးသည်နှင့် ODက အားနည်းသော အနေအထားမျိုးကို ပြောင်းပြန်လှန်ပြီး အနိုင် ရရှိပေလိမ့်မည်။
သို့သော်… စွမ်းအားသူခိုးက မသေပေ။
သူသည် သူ၏အမြုတေ DPS epuipmentကို ရောင်းချလိုက်ပြီး ပြန်လည်ရှင်သန်ခြင်း သံချပ်ကာကို ကြိုစောဝယ်လိုက်သည်။
ဒါက တအား ရူးတာပဲ။ တကယ်ကို ရူးနေတာ။
သူတို့သာ ပြီးပြည့်စုံသော ပစ္စည်းတစ်ခုကို ဂိမ်းပွဲ အတောအတွင်း ရောင်းချခဲ့မည်ဆိုလျှင် သူတို့၏ပိုက်ဆံက တစ်ဝက်ကျော်ကျော်ခန့် ရှုံးမည်ဆိုသည်ကို သိထားရအုံးမည်။ ဥပမာအနေဖြင့် စွမ်းအားသူခိုးက ရွှေနှစ်ထောင် သုံးပြီး အနက်ရောင်ဓားကို ဝယ်ခဲ့သော်လည်း ရွှေတစ်ထောင်တည်းနှင့် ပြန်ရောင်းခဲ့ရသည်။
သူ၏farmက အလွန်နိမ့်နေခဲ့ပြီးသား ဖြစ်သည်။ DPS မရှိတော့သောအခါ သူက ရွှေတစ်ထောင် အလကား ဆုံးရှုံးခဲ့ပြီးသည့်အလျှောက် နောက်ပိုင်းတွင် ရပ်တည် ပေးနိုင်တော့မည် မဟုတ်ချေ။
စွမ်းအားသူခိုးက ပြန်လည်ရှင်သန်ခြင်း သံချပ်ကာသုံးပြီး ပြန်ရှင်တော့ရော မြက်ဖိနပ်ပါး စီးထားတဲ့ စွမ်းအားသူခိုးက ဘာလုပ်နိုင်မှာလဲ။
ဝေ့ရှောင်းက အစစ်အမှန် လုပ်ကွက်များနှင့် လူတိုင်းအား ပြောလိုက်သည်။
ဒါပေါ့ အရမ်းအသုံးဝင်တာပဲ။
သူသည် ground stepတစ်ခုထဲဖြင့် ကစားသမားသုံးယောက်လုံးကို စုစည်း ပစ်လိုက်သည်။ နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့ ချက်ချင်းလိုလို DPSကို အောက်သို့ ထုရိုက်ပစ်လိုက်သည်။ ODဘက်မှာ လူသုံးယောက်၏ စိတ်ရှုတ်ထွေးသော မျက်နှာထားက ပေါ်လာသည်။ ဝေ့ရှောင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
116 04
“ခေါင်းဆောင် ခေါင်းဆောင် ခေါင်းဆောင် penta killယူတာ ငါ ကြည့်ချင်တယ်။
လုဖုန်း “ကောင်းပြီ”
သွေးစစ်သည်တော်သည် သွေးများအကြားတွင် ရပ်နေသည်။ သွေးမြူများ ဝိုင်းနေပြီး သွေးနီရောင်ဓားရှည်က အနက်ရင့်ရောင် ပြောင်းမတတ်ပင် မည်းမှောင်နေ၏။
ကွင်းတစ်ခုလုံးတွင် Farmအမြင့်ဆုံးဖြစ်သော သွေးစစ်သည်တော်က ပစ္စည်းတစ်စုံလုံးအပြည့် ရရှိထားသလို DPSအမြောက်အမြား ကိုင်တွယ်နိုင်စွမ်း ရှိသည့်အလျောက် ODဘက်မှ သုံးယောက်လုံးကို ဓားတစ်ချက်တည်းနှင့် ဆွဲချလိုက်နိုင်သည်။ ထိုအခြေအနေက ယခုလေးတွင် damageတစ်လှိုင်း အရယူခဲ့သော ODအား ချက်ချင်းလိုလို မှင်သက်သွားစေသည်။
ဒါက သွေးစစ်သည်တော်မှ မဟုတ်တာ။ သောက်ကျိုးနည်း နတ်ဆိုးပဲ အား…
စနစ်၏ကြေညာချက်…
FTWက closeက double kill
FTW- close-triple kill
FTW- close-penta kill
ODက အရှင်းခံခဲ့ရသည်။
တိုက်ရိုက် ထုတ်လွှင့်နေသော အခန်းထဲမှ ကောမန့်များ မဆိုထားဘိ။ ခန်းမတစ်ခုလုံး လေအေးများ ရှူရှိုက်လိုက်ရသည်။ မှတ်ချက်ပေးသူ၏ အသံက မြင့်လာသည်။
“ဂုဏ်ယူပါတယ် closeက penta killရသွားပြီ”
“ဆောင်းတွင်းလေ့ကျင့်ရေး ပထမဦးဆုံး penta kill”
“ဂုဏ်ယူပါတယ်။ FTWက ဒီဂိမ်းပွဲကို နိုင်သွားပါပြီ”
တဖက်ခြမ်းမှ လူအားလုံးကို သတ်ပြီးနောက် FTWကOD၏ သလင်းတုံး တောက်လျှောက် သွားကာ Prize full ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာသို့ ရောက်သွားပြီ။
တဖက်ခြမ်းမှ ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို ဖောက်ခွဲစေပြီးနောက်တွင် ဝေ့ရှောင်းက လုဖုန်းကို ကြည့်သည် ။
“ခေါင်းဆောင်”
လုဖုန်းက လှည့်ကြည့်သည်။
ဝေ့ရှောင်း၏ နှုတ်ခမ်းက လှုပ်သွားသည်။
လုဖုန်း၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူသည် ယခုမှ မှတ်မိသွားသည်။
သူတို့ကို ရှုပ်နေသော ကြေးနီရောင်အပိုင်း။ ဂိမ်းပွဲတစ်ခုအတွင်းတွင် လုဖုန်းသည် မီးမှော်ဆရာကို သုံးပြီး အလွယ်ဆုံးသော penta killကို ရယူခဲ့ဖူး၏။ ထိုအချိန်က လူငယ်၏ချိုသာသော စကားက နှလုံးသားအတွင်းသို့ Headsetမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။
Penta killက မင်းအပိုင်ပဲ။ မင်းကတော့ ငါ့အပိုင်။
ရုတ်တရက် လုဖုန်းက တစ်စုံတစ်ရာကို နားလည်လိုက်သည်။
******