အခန်း (115)
Closeက တစ်လောကလုံးရဲ့ အောင်မြင်ကျော်ကြားမှုတွေနဲ့ ထိုက်တန်တယ်။ နှစ်ဖက်လုံး၏ BPကဏ္ဍက အဆုံးသတ်သွားပြီးLine upကို ဆုံးဖြတ်၍ ပြီးသွားသည်။
FTW method…သွေးစစ်သည်တော်၊ စွမ်းအားသူခိုး၊ မီးမှော်ဆရာ၊ လူထွား နတ်ဆရာ၊ ရွှေမုဆိုး။
OD method…ပျံသန်းခြင်းစစ်သည်တော်၊ အမတသူခိုး၊ ရေခဲမှော်ဆရာ မြေသားဘုန်းတော်ကြီး၊ သေနတ်သမား။
သိသာစွာဘဲ FTWသည် ယခင်တစ်ခေါက် သူတို့ တိုက်ခိုက်ခဲ့ချိန်က ODက အသုံးပြုခဲ့သော တူညီသည့်line upကို ယူထားခဲ့ခြင်းဖြစ်သည်။ Talentတိုင်းသည် တထေရာထဲ တူညီပြီး ပြီးပြည့်စုံသော ပြန်လည်ဖန်တီးမှု ဖြစ်နေသည်။ အနှစ်ချုပ်ဆိုရသော် ODဘက်ခြမ်းကမူ အလားတူ မလုပ်ခဲ့ပေ။ သူတို့၏ top lane၊ middle laneနှင့် jungler herosတိုင်းသည် ယခင်တစ်ခေါက်က FTWအသုံးပြုခဲ့သော ဟီးရိုးများ ဖြစ်သော်လည်း marksmanနှင့် အထောက်အပံ့ talentများကမူ ပြောင်းသွားသည်။
ယခင်က ပိုင်ချိုင်၏ဆေးမှော်ဆရာသည် မှင်သက်ဖွယ်ကောင်းသော ဖျော်ဖြေမှုများနှင့် စားပွဲကို လှန်နိုင်လောက်အောင် လုံလောက်စွာ သန်မာသည်။
ထို့ကြောင့် OD၏ကစားသမားက ဆေးမှော်ဆရာကို မယူရဲခဲ့ချေ။ ထိုအထောက်အပံ့ talentက လူတိုင်း ကစားနိုင်သော talentမျိုး မဟုတ်လေဘဲ ထိုအရာကိုသုံးပြီး အနိုင်ယူနိုင်ရန် ပို၍ပင်ဆိုးရွားသေးသည်။
OD၏ ဒီတစ်ကြိမ်line upက ယခင်တစ်ခေါက်က FTW line up၏ အားသာချက်တိုင်းကို အရယူထားပြီး အားနည်းချက်တိုင်းကို ဖာထေးထားသည်။ ထို့ကြောင့် ဒီline upက ယခင်က FTW line upထက် အားသာသည်။
စတူဒီရိုအတွင်း သက်ပြင်းချသံများ များပြားသွားသည်။
“ODက တကယ်မလုပ်နိုင်တာပဲ။ FTWက တိုက်ရိုက် တိုက်ခိုက်နေတာ။ သောက်ကျိုးနည်း သူတို့က ဘာကိုကြောက်နေတာလဲ”
“လဝက်လုံးလုံး talentချုပ်ထိန်းမှုဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး သူတို့ကိုယ်သူတို့ ဖြူအောင်ဆေးကြောထားရတာ။ FTWက အခုသူတို့ကို အခွင့်အရေးပေးနေပြီ။ ဘာလို့ သူတို့က ခပ်မြန်မြန်လေး ပြန်လည် မဖန်တီးတာလဲ”
“ဆေးကြောတယ် ဆက်ဆေးနေလိုက်။ ဒီline upက ယခင်တစ်ခေါက် FTWထက် ပိုပြီးတော့ သန်မာတယ်။ သူတို့ရှုံးသွားတဲ့အခါ ပိုပြီးပျော်ဖို့ကောင်းမှာပဲ”
“ODဝယ်ထားတဲ့ ဒီရေတပ်က တကယ် ပြဿနာရှိနေတာ။ သူတို့FTWနဲ့ prize fullပြိုင်ပွဲမှာ တွေ့ကောင်းတွေ့နိုင်တာကို မစိုးရိမ်ခဲ့တာလား”
“သူတို့ စိုးရိမ်ခဲ့လောက်တယ်။ ကျိုးရှင်းဖေးက အခုဆိုရင် တော်တော်လေးကို ကျော်ကြားနေပြီ။ သူကိုယ်သူ ဖြူဖွေးနေအောင် ဆေးချင်နေပြီလေ”
“PRIZE FULLပြိုင်ပွဲက round robie system မျိုးမှ မဟုတ်တာ။ ဂိမ်းပွဲတစ်လှည့် ကစားပြီးတဲ့နောက်မှာ ကျိုးရှင်းဖေးကလဲ FTWအထုတ်ခံရလိမ့်မယ်လို့ မျှော်လင့်ကောင်းမျှော်လင့်မိမှာပေါ့”
“အေး ODက ဒီအတိုင်းထိုင်ပြီး FTWဖယ်ထုတ်ခံရတာကို စောင့်နေတာ ဖြစ်မယ်”
“အပေါ်က စာတွေရဲ့ သံထည်တွေက တော်တော်လေး ကြီးတယ်”
ကြည့်ရှုသူများက အရူးများမဟုတ်ပေ။ သူတို့သည် သူတို့၏လုပ်ရပ်လေးကို အနည်းငယ်သုံးလိုက်ရုံဖြင့် ကျိုးရှင်းဖေးလုပ်ရန် ကြံစည်နေသော အရာကို သိနိုင်လေသည်။ လွန်ခဲ့သော ဆယ်ရက်ကျော်ခ န့်ကာလအတောအတွင်း သူသည် သွေးစိမ်းရှင်ရှင် ထွက်သည်အထိ FTW၏ ခေါင်းကို တိုက်ရိုက်ထုရိုက်ခြင်းကို ခံခဲ့ရသည်။ အရှက်အကွဲဆုံးအရာက တောင်းပန်ခြင်းဖြစ်သည်။ သူသည် ပိုင်ချိုင်ကို ယခင်က ဒုက္ခပေးခဲ့ဖူးသော ခိုင်မာလွန်းသည့် သက်သေကြောင့် သူ၏ဂုဏ်သိက္ခာကို ဆေးကြောပေးရန် မတတ်နိုင်ခဲ့ပေ။
မျက်နှာကို ကယ်တင်ရန်အလို့ငှာ သူသည် ဂိမ်းပွဲ၏ စကားပြောခန်းကို အာရုံစိုက်လိုက်ပြီးနောက် သူသည် မှားယွင်းစွာ ရှုံးသွားခဲ့ကြောင်း OD၏ အားနည်းသောline upကြောင့် မမျှတစွာ ရှုံးနိမ့်သွားခဲ့ရကြောင်း ဖာထေးခဲ့သည်။ ကျိုးရှင်းဖေးသည်လည်း ODနှင့်FTWအကြားမှ နောက်တစ်ပွဲက global ပြိုင်ပွဲ ဖြစ်လောက်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်လောက်သည်။ ထိုအချိန်ဆိုလျှင် စိတ်ဝင်စားမှု အားလိုင်းတစ်သုတ်က ကုန်လွန်သွားပြီး ဖြစ်သည့်အလျှောက် ဥရောပတွင် အစီအစဉ်တစ်လျှောက်လုံး အရှက်ကွဲခဲ့ပြီးသော ODကလည်း လက်ရှိFTWကို ကျော်ဖြတ်နိုင်သည်ဟု တွေးကောင်းတွေးထားလောက်သည်။ Esports အတွင်း အရှုံးကသာ အကြီးမားဆုံး အပြစ်ဖြစ်သည်။ သူက နိုင်နေသမျှ ပြောရေးဆိုခွင့် ရှိသည်။
FTWသည် သူ မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ ကြီးပြင်းလာခဲ့ပြီး PRIZE FULLပြိုင်ပွဲ၏ 12-6အတွင်းသို့ ဝင်ရောက်လာခဲ့ရာ ODနှင့် 6-3အလှည့်တွင် လာတိုးသည်။ FTWကtalentများကို ရွေးချယ်သော မြင်ကွင်းကို ကြည့်နေ၏။ ကျိုးရှင်းဖေး၏အသင်းဖော်များက ပြောကြသည်။
“FTWက ငါတို့ရဲ့ line upကို သုံးတယ်ဆိုကတည်းက ငါတို့လဲ သူတို့ရဲ့line upကို သုံးမယ်”
ကျိုရှင်းဖေးက ကြောက်နေသေးသည်။ သူသည် မရှုံးချင်ပေ။ သူသည် ဒုတိယတစ်ကြိမ် ထပ်မရှုံးချင်ပေ။
115 02
ထို့ကြောင့် သူက ပြောလိုက်သည်။
“သူတို့ကို အရမ်းကြီး အလေးအနက် ထားမနေနဲ့။ ငါတို့ရဲ့ပန်းတိုင်က ဆယ်သန်းပဲ”
ထိုစကားလုံးများကို ဖြောင့်မတ်မှန်ကန်မှုအပြည့်နှင့် လှုံ့ဆော်လိုသောဆန္ဒမျိုးဖြင့် ပြောလိုက်ခဲ့ခြင်းဖြစ်သောကြောင့် သူတို့၏နည်းပြက သဘောတူသည်။
“မိုက်ရူးရဲမဆန်နဲ့။ သူတို့က နိုင်ချင်နေကတည်းက ငါတို့ ယဉ်ကျေးနေစရာ မလိုဘူး။ ငါတို့ နိုင်ရမယ်”
ကျိုးရှင်းဖေးက အံကြိတ်သည်။
“ဟုတ်တယ်”
FTWကဘဲ စိတ်အားတက်ကြွနေတာလား။
FTWက ဆယ်သန်းကို မလိုချင်ဘူးလား။
ဝေ့ရှောင်းသည် လိုချင်လွန်းသဖြင့် ရူးတော့မည်ဟု ခံစားရသည်။
သူသည် သူ၏ဘဝတွင် ပိုက်ဆံကို ထိုမျှထိ တစ်ခါမှ အလေးအနက် မထားဖူးပေ။
ဂိမ်းပွဲအစတွင် စွမ်းအားသူခိုးက မြေပုံအလည်နားတွင်ရှိသော ချုံပုတ်ထဲတွင် လဲနေသည်။
ထင်မြင်ချက်ပေးသူ A;
“FTWက ဂိမ်းပွဲအစမှာကတည်းက first bloodကို ယူတော့မှာလား”
“ODရဲ့ရေခဲမှော်ဆရာက အစောပိုင်းအဆင့်မှာတော့ အတော်အားနည်းတယ်။ စွမ်းအားသူခိုးကသာ သူ့ကို မှီနိုင်မယ်ဆိုရင် မီးမှော်ဆရာရဲ့ ဖောက်ခွဲမှုအမြင့် damageနှုန်းက သူ့ကို တိုက်ရိုက်သတ်နိုင်လောက်တယ်”
“Quietက စွမ်းအားသူခိုးနဲ့ ပတ်သက်ပြီးတော့ အများကြီး မကစားဖူးသေးဘူး မဟုတ်လား။ ဒီလိုဟီးရိုးကို သုံးပြီးကစားတယ်ဆိုတာက ဟီးရိုးအပေါ် ခံစားချက်ကိုလဲ မှီခိုရသေးတယ်”
“first kill ground stepနဲ့ပတ်သက်လာတဲ့အခြေအနေမျိုးမှာ ရန်သူရဲ့တည်နေရာကို ခန့်မှန်းနိုင်ဖို့က အရမ်းအရေးကြီးတယ်”
“ဆင်းသက်လာပြီ”
မြက်ခင်းပြင်ထဲတွင် ဆောင့်ကြောင့်ထိုင်လျက် ပုန်းအောင်းနေသော စွမ်းအားသူခိုးက တစ်ဖက်ခြမ်းမှ လမ်းကျဉ်းစစ်သားများကို ရှင်းလင်းရန် ခုန်ထွက်လာသော ရေခဲမှော်ဆရာကို မြင်လိုက်ပြီးပြီးချင်း ground stepကို သုံး၍ လှမ်းပစ်လိုက်သည်။ ထိုစကေးသည် စွမ်းအားသူခိုး၏ အမြုတေစကေးဖြစ်သည်။ ရန်သူက အထိုးခံလိုက်ရရုံနှင့် သူတို့၏ခြေထောက်အောက်မှာ နွယ်ပင်များဟာ ချက်ချင်းလိုလို ကြီးထွားလာမည်ဖြစ်သည်။ ထိုသို့ဖြင့် ထိုဟီးရိုးကို ထိန်းချုပ်မှု ပျောက်ဆုံးသွားအောင် ချုပ်ထိန်းနိုင်မည်ဖြစ်ပြီး စွမ်းအားသူခိုးထံ အလိုအလျောက် ရွေ့သွားစေပေလိမ့်မည်။
ဝေ့ရှောင်း “ရှောင်နင်”
နင်ကျယ်ဟန်က ထိုအခွင့်အရေးကို စောင့်နေသည်မှာ ကြာပြီဖြစ်သည်။
“သိပြီ”
မီးမှော်ဆရာက သူ၏first skillကို ထုတ်သုံးလိုက်ပြီး လမ်းချိုးသုံးခုလုံးမှ မီးဘောလုံး ကိုးလုံးခန့်ကို ပစ်ခတ်လိုက်သည်။
ဘန်းဘန်းဘန်း
ထိုသို့ဖြင့်မီးဘောလုံး ခြောက်လုံးခန့်က ရေခဲမှော်ဆရာကို ထိသွားသည်။
မီးဘောလုံး၏ damageသည် steckဖြစ်နိုင်သည်။ မီးဘောလုံး များများထိလေလေ damage များများဖြစ်လေလေ ဖြစ်သည်။ အားနည်းပြီး နူးညံ့သောခန္ဓာကိုယ်ပိုင်ရှင် ရေခဲမှော်ဆရာ၏ ခန္ဓာကိုယ်သေးသေးလေးက ချက်ချင်းလိုလို healကျသွားသည်။
ဝေ့ရှောင်းက အချိန်ကိုက် ရောက်လာပြီး သူ၏ဓါးဖြင့် ထိုးသည်။
“killယူလိုက်”
နင်ကျယ်ဟန်ကလဲ ယဉ်ကျေးမနေဘဲ အခြေခံတိုက်ကွက် တစ်မျိုးကိုသာ သုံးလျက် ရေခဲမှော်ဆရာရဲ့အသက်ကို ယူလိုက်သည်။
FTWက အစာကြီးသည်။
First bloodကို ယူခဲ့သော အတော်အသင့် အားနည်းသည့် middle laneမှော်ဆရာက ထူးခြားသည်။
ထိုသို့ဖြင့် ဖန်သားပြင်တစ်ခုလုံးတွင် englishလို ၆၆၆၆ကောမန့်များက ပြည့်သွားသည်။
115 03
“Quietက တကယ်တော်တာပဲ သူ နောက်ဆုံးဓားတိုက်ကွက်မှာ ယူသွားတဲ့ damageကို သေချာထိန်းချုပ်သွားတာ”
“သူက First bloodကို ယူတော့မယ်လို့ ငါထင်နေတာ။ ဒီကောင်စုတ်လေးက စွမ်းအားသူခိုးနဲ့တောင် first bloodကို လုဖို့ ကြိုးစားမယ်လို့ ထင်ထားတာလေ”
“အဆုံးသတ်မှာတော့ မီးမှော်ဆရာက အခြေခံတိုက်ကွက်လောက်နဲ့ killကို ကောက်ယူပြီး ဆွေ့ဆွေ့ခုန်ပြီး ခုန်ဝင်လာတာပါပဲ။ တော်တော်လေးကို ချိုတယ်”
“ဝိုး ဝိုး ဝိုး ငါ့ကို killတွေပေးတဲ့ စွမ်းအားသူခိုးကို လိုချင်တယ်”
“FTWရဲ့တစ်သင်းလုံးက shipဖို့ တအားလွယ်တာပဲ ။ငါကတော့ ဝေ့-နင်း လုပ်နိုင်တယ်”
Team chat ထဲတွင် ဝေ့ရှောင်းက အသာရယ်နေသည်။
“ခေါင်းဆောင် ခေါင်းဆောင် penta killလိုချင်လား”
လုဖုန်း “ဟင်”
ဝေ့ရှောင်းက သင့်လျော်သော အဖော်ပြုကစားသမားအဖြစ် ကစားခဲ့သည့် ပထမဦးဆုံးအကြိမ်ကို တွေးလိုက်သည်။ ထိုအချိန်က ခေါင်းဆောင်က IDလုကို အသုံးပြုပြီး မီးမှော်ဆရာကို အသုံးပြုခဲ့ကာ မြေပုံထဲတွင် ခုန်ပေါက်သွားလာနေခဲ့ရင်း နာခံပြီးချစ်စရာကောင်းသော ပုံစံလေးဟန်ဆောင်လျက် အသစ်ဆိုသော အံ့အားသင့်စရာကောင်းသည့် ဖျော်ဖြေမှုကို ပေးစွမ်းခဲ့သည်။ ထိုအချိန်က ဝေ့ရှောင်းသည် သူ့အား penta killပေးခဲ့သည်။ ထို့နောက် အလွန်အမင်း ဖန်တရာ တေထပ်နေသော ရိုမန့်စကားလုံးတစ်ချို့ကိုပင် ပြောခဲ့သည်။
ဒီတစ်ကြိမ်တွင် ဝေ့ရှောင်းက နင်ကျယ်ဟန်၏ မီးမှော်ဆရာကို ကြည့်လိုက်ပြီး ခေါင်းဆောင်၏မီးမှော်ဆရာကို killမိသွားသည်။
သူတော့ သွားပြီ။
သူက ပြိုင်ပွဲမှာ ကစားနေတာ။ ဒါတောင်မှ သူ့ရဲ့နှလုံးသားက ခုန်ပေါက်နေတာပဲ။
လုဖုန်းကမူ သူနည်းတူ စိတ်ကူးယဉ် ကြွယ်ဝခြင်း မရှိချေ။
ဒီအတိုင်း သူက ကစားချင်နေပြန်ပြီဟုသာ တွေးလိုက်သည်။
ဝေ့ရှောင်းက တွေးလေလေ ပို၍ စိတ်လှုပ်ရှားလေလေဖြစ်သည်။
“ဆောင်းတွင်းလေ့ကျင့်ရေး ပြိုင်ပွဲတစ်ခုလုံးမှာ ဘယ်သူကမှ penta killမယူရသေးဘူး မဟုတ်လား”
ချန်ကော “မယူရသေးဘူး”
ဆောင်းတွင်းလေ့ကျင့်ရေး ၁၅ရက်ကာလအတောအတွင်း နေ့တိုင်းလိုလို ပွိုင့်ပြိုင်ပွဲ ဂိမ်းပွဲများရှိသည်။ သို့သော် စည်းမျဉ်းများ ထပ်ကာတလဲလဲ ပြောင်းနေသဖြင့် အင်အားကြီးမားသော အသင်းများက လေးကြိမ်သာလျှင် ကစားနိုင်သေးသည်။
ထို့ကြောင့် FTWက အခွင့်အရေးများ အားလုံး အသုံးပြုပြီးနောက် L&Pနှင့်Proတို့က သူတို့၏ ကစားသည့် အခွင့်အရေးများ ကုန်သွားပြန်သည်။
professionalကွင်းထဲတွင် penta killယူရန် ထိုမျှ မလွယ်ကူပေ။
ကစားသမားများ၏ စွမ်းရည်က မည်မျှပင် ဆိုးရွားနေစေကာမူ သူတို့သည် professionalကစားသမားများ ဖြစ်နေသေးသည်။ တစ်ဖက်ခြမ်းက အခြားတစ်ဖက်ခြမ်းကို တစ်ဖက်သတ် လွှမ်းမိုးနေသော အခြေအနေမျိုးတွင်တောင် penta killကို ယူရန် မလွယ်ပေ။
PRIZE FULL ပြိုင်ပွဲတစ်ခုလုံးတွင် မည်သူကမှ penta kill မရသေးပေ။
ဝေ့ရှောင်းက လုဖုန်းကို ပေးချင်နေသည်။ Closeက တစ်လောကလုံးက အောင်မြင်ကျော်ကြားမှုတွေနဲ့ ထိုက်တန်တယ်။
ဝေ့ရှောင်းက ဖန်သားပြင်ကို ကြည့်သည်။ သူ၏ဘေးတိုက်မျက်နှာက ဖော်ပြရန် ခက်ခဲလောက်အောင် လေးနက်မှုတွေနဲ့ ပြည့်နေသည်။
“FTWအသင်းက ဘာတွေပြောနေတာလဲ။ ဘာလို့ Quietက ဒီလောက်ထိ လေးနက်သွားတာလဲ”
“ငါကတော့ ဝေ့ရှောင်းရဲ့ မျက်နှာကိုချစ်တယ်။ သူက ပြုံးလိုက်တဲ့အခါ ငါ့ရဲ့နှလုံးသား အရည်ပျော်လောက်အောင် တအားချိုတယ်။ သူက မပြုံးတဲ့အခါမှာလဲ လုံးဝဖောက်ခွဲမှုအပြည့်နဲ့ အယ်လ်ဖာတစ်ယောက်လိုဘဲ။ ဘာလို့ဒီလို ချိုငန်အရသာနဲ့ ရှောင်ကောကောလေးက ရှိနေတာလဲ”
“ငါတော့ နည်းနည်းဖိအားများနေပြီ။ ငါတို့ရဲ့ FTWက အားသာချက် ရှိနေတာပါနော်။ ဟုတ်တယ်မလား ဘာလို့သူက ရုတ်တရက်ကြီး ဒီလောက် လေးနက် သွားတာလဲ “
“ဒါကို အားသာချက် ရထားတယ်လို့တော့ ပြောလို့မရသေးဘူး၊ သူတို့က middle laneမှာ first blood ရထားတယ်ဆိုပေမဲ့ သူတို့ရဲ့ jungler zoneမှာ ဝေစုအနည်းငယ် ကောက်ပစ်ခဲ့ရုံပဲ ရှိနေသေးတာ။ ODက တည်ငြိမ်နေတုန်းပဲ”
ကံဆိုးသည်မှာ ဆောင်းတွင်းလေ့ကျင့်ရေး ဆောင်းတွင်းပြိုင်ပွဲ team chat သည် အများသို့ ထုတ်လွှင့်ပြသနိုင်စွမ်းရည် မရှိ။ ကြည့်ရှုသူများကလဲ team chatအကြောင်းအရာကို မသိပေ။
115 04
ဆောင်းတွင်းစခန်းသည် ပြီးဆုံးတော့မည်ဖြစ်ပြီး အထူးတည်းဖြတ်မှုများက နောက်ပိုင်းတွင် ထုတ်လွှင့်သော အခါမှသာ Quietက ခေါင်းစဉ်အနည်းငယ် ရလောက်သည်။
‘glory၏ အမှိုက်စကားပြောဘုရင်’၊ ‘gloryရဲ့flirtingနတ်ဘုရား’
‘gloryရဲ့ အကြမ်းတမ်းဆုံးjungler king’ နှင့် အလားတူသော ခေါင်းစဉ်များကို ရှာဖွေမှုအများဆုံးစာရင်းတွင် မြင်နိုင်လောက်သည်။
စွမ်းအားသူခိုးသည် အရင်သူခိုးနှင့် ယှဉ်သော် အလုံးစုံခြားနားသော စနစ်ကစားဟန်မျိုး ရှိနေလေပြီး အမတသူခိုးများနှင့်လဲ ခြားနားသည်။
ထို့ကြောင့် အသင်းများက နည်းလမ်းအမျိုးမျိုးရှာပြီး ကစားရန် ကြိုးစားကြသလို အထောက်အပံ့နေရာမျိုးတွင်လဲ စွမ်းအားသူခိုးကို သုံးကြသေးသည်။ ထို့အတွက်ကြောင့် စွမ်းအားသူခိုး၏ လုပ်ဆောင်နိုင်စွမ်းအားများကို ရှင်းပြနိုင်မည် ဖြစ်သည်။
စွမ်းအားသူခိုးက tankyဖြစ်တယ်။ သူ့ရဲdpsက အခြားသူတွေနဲ့ယှဉ်ရင် နည်းနည်းတော့ ဆိုးတယ်။ ဒါပေမယ့် သူ့ရဲ့ functionalityပိုင်းက သန်မာတယ်။
စွမ်းအားသူခိုးသည် အခြားသောတစ်ခု talentများနှင့်ယှဉ်လျှင် အားသာချက် ရှိပြီးသားဖြစ်သည်။ အထူးသဖြင့် farmလုပ်ရန်လဲ အများကြီး မလိုအပ်ပေ။
စွမ်းအားသူခိုးကို ပေးသော equipmentဘောနပ်စ်သည် သူ၏colpatirotsထက် သိပ်မနည်းချေ။
ပြီးပြည့်စုံသော ဂီယာတစ်ခုက အမတသူခိုးကို ရှောင်တိတိဘဝမှ ပါးပါးဘဝ ရောက်သွားနိုင်စေလျက် စွမ်းအားသူခိုးအတွက်မူကား ရှောင်တိတိဘဝမှ တာ့ကောအခြေအနေသို့ ရောက်သွားစေနိုင်လေသည်။ ကွာခြားချက်မှာ အထူးတလည် သိသာထင်ရှားခြင်း မရှိပေ။ တစ်ချိန်တည်းတွင်ပဲ ပါဝင်ပစ္စည်း မရှိလျှင်ပင် အသင်းဖော်များကို ဆွဲချလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် စွမ်းအားသူခိုးအများစုက အသင်းထဲမှ ကျန်လူများအတွက် farm resourcesကို ယူစေလေသည်။
ဥပမာအားဖြင့် Proတွင် ပတ်ကွေ့ကျစ်ကသာ စွမ်းအားသူခိုး ယူသွားခဲ့လေသည်။ သူသည် တောတစ်ခုလုံး၏ အရင်းအမြစ်တိုင်းကို အခြေခံအားဖြင့် ကင်ဆွန်းဟွန်းကိုသာ ပေးသည်။
ကိုယ်ပိုင်အမြုတေရှိပြီး အဲကစားသမားကို အဝကျွေးပြီး တစ်ဖက်သူများက ပြည့်အင့်သွားသောအခါတွင် စွမ်းအားသူခိုးက ပြင်းထန်လွန်းသော valueမျိုးကို ထုတ်နိုင်လိမ့်မည်။
ဝေ့ရှောင်း၏ characterကလဲ C position အမျိုးအစားမျိုး ဖြစ်သည်။
သူသည် ခုန်ဝင်ချီတက် တိုက်ခိုက်ရဲသည်။ ရဲရင့်သော ဟန်ချက်ကိုကို ဦးဆောင်၍ တစ်ချိန်တည်းတွင်ပဲ သူ၏စကေးက စံချိန်ကို ကျော်လွန်နေခဲ့ပြီးသား ဖြစ်သည့်အလျောက် အမှားဟာလဲ အလွန့်အလွန်နည်းသည်။ ထို့အတွက်ကြောင့် ကြွားဝါနိုင်သည်။
သူသည် သွေးပူလွန်းပြီး စိတ်အားထက်သန်မှု ပြည့်ဝသည်။ မှီခိုအားကိုး၍လည်းရပြီး ဖိအားကိုတောင့်ခံနိုင်စွမ်းရည် ရှိသည်။ ထို့ကြောင့် gloryအသိုင်းအဝိုင်း တစ်ခုလုံးတွင် ထိုကဲ့သို့ စိတ်နေသဘောထားရှိသော ကစားသမားတိုင်းက အသင်းတစ်ခုလုံးကို ပုခုံးပေါ်တင်လျက် မားမတ်စွာ ရပ်နိုင်သူများအဖြစ် ထောက်ပံ့ပေးနိုင်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော ကစားသမားမျိုးတွင် ကြီးမားသောပြစ်ချက် ရှိသည်။ ထိုအရာက ဘဝင်မြင့်ခြင်း ဖြစ်သည်။
သူတို့သည် သူတို့ကိုသူတို့ အမြုတေအဖြစ် သတ်မှတ်ထားလျက် farmingအတွက် တိုက်ခိုက်ကြပြီး အသင်းဖော်များ အားလုံးကိုသာ အထောက်အပံ့အဖြစ် နေစေသည်။ ထိုအတွက်ကြောင့် functional talent spec ဟီးရိုးမျိုးအဖြစ် အသုံးပြုရန် မဖြစ်နိုင်ပေ။
ဝေ့ရှောင်းက အနာဂတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ခန့်မှန်းဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ အနည်းဆုံး လက်ရှိသူ့ရဲ့စတိုင်အနေအထားအရ တသမတ်တည်း သတ်မှတ်လို့ မရသေးဘူး။
သူ၏ စွမ်းအားသူခိုးသည် အလွန်အမင်း နှိမ့်ချတတ်သည်။
******