အခန်း(114)
ကောင်းကင်နဲ့မြေပြင်တစ်ခွင်မှာ နှလုံးသားနှစ်ခုနဲ့ စိတ်တစ်မျိုးတည်း အတူတကွ အမြဲထာဝရ အစစ်အမှန်ချစ်ခြင်းက အကန့်အသတ် မရှိဘူး။
ဝေ့ရှောင်းသည် ပျော်ရွှင်သွားပြီး ရေသွားချိုးသည်။သူက ပြန်ထွက်လာသောအခါ လုဖုန်းက ကုတင်ခေါင်းရင်းကို မှီလျက် စာအုပ်ကို လှန်နေပြီ ဖြစ်သည်။
ဝေ့ရှောင်းက လုဖုန်းကို မေးလိုက်သည်။
“ဘာစာအုပ်လဲ”
လုဖုန်းက စာအုပ်ကို ပိတ်ပြီး မီးကိုမှိတ်ကာ ပြောသည်။
“အိပ်တော့”
ဝေ့ရှောင်း၏ သိချင်စိတ်က ထိုးထွက်နေသည်။ သူသည် သူ၏ကုတင်ပေါ်သို့ ခုန်တက်လာရင်း စာအုပ်ခေါင်းစဉ်ကို ဖတ်သည်။
“Razorရဲ့အစွန်း ဟုတ်လား W.S.Maughanရဲ့စာအုပ်”
လုဖုန်း “အွန်း”
ဝေ့ရှောင်းက မျက်မှောင် ကြုတ်လာ၏။ ဘာစကားမှ မပြောပေ။
သို့သော် လုဖုန်းကမူ သူ၏အတွေးကို နားလည်နိုင်သည်။
“မင်းက လနဲ့သူရဲ့sixpence(ငွေအကြွေစေ့)ကို မကြိုက်ဘူးလား”
ဝေ့ရှောင်း၏အသံက မွန်းကြပ်နေပုံ ရသည်။
“တစ်ခါမှ မဖတ်ဖူးဘူး”
လုဖုန်းက ဆံပင်ကို ပွတ်လျက် ပြောသည်။
“သွား စောစောအိပ်တော့”
ဝေ့ရှောင်းကလဲ လနှင့်sixpenceကို မကြိုက်ပေ။ မည်သို့ပင်ဆိုစေ ထိုစာအုပ်သည် အထက်တန်းကျောင်းတွင် ဖတ်ကိုဖတ်ရမည့် စာအုပ်ပင် ဖြစ်လေသည်။
သို့သော် ဝေ့ရှောင်းကမူ မဖတ်ဖူးပေ။ သူလည်း မဖတ်နိုင်ခဲ့ပေ။
ဇနီးနှင့်သားကို ချန်ထားခဲ့ပြီး အိမ်မက်နောက်သို့ လိုက်သော အဓိကဇာတ်လိုက်က ဝေ့ရှောင်းကို ခပ်ကြမ်းကြမ်း ထိုးစိုက်နိုင်သည်။
Stricklandသည် အလွန်လန်းပြီး သူ၏ငွေအကြွေစေ့များကို မြေပြင်ပေါ်တွင် စွန့်ပစ်ခဲ့ပြီး အဝေးရှိလကို မော့ကြည့်နေသူ ဖြစ်သည်။
ဝေ့ရှောင်း၏ဖခင်ကလည်း ကောင်းကင်မှ လောက်ကို မော်ကြည့်နေသော သူနှင့်တူသည်။ သူသည် သူ၏အသက်ကြီးသောမိခင်နှင့် ငယ်ရွယ်သောကလေးကို မေ့ခဲ့သည်။
ဝေ့ရှောင်းက ခေါင်းခါလိုက်ပြီး ရှုပ်ထွေးသော အကြောင်းအရာများကို မတွေးချင်တော့ပေ။ သူသည် လုဖုန်းကို လှည့်ကြည့်လိုက်ပြီး
“ခေါင်းဆောင်” သူ၏အသံဟာ အလွန်တိုးသည်။
လုဖုန်းက ပက်လက်လှန် လဲချလိုက်သည်။
“အိပ်မပျော်လို့လား”
ဝေ့ရှောင်း “ငါ ပင်လယ်ဘေးမှာ ကင်ဆိုဟွန်းနဲ့ တွေ့ခဲ့တယ်”
114 02
လုဖုန်းက သူ့ကို လှည့်ကြည့်သည်။
“ဟင်”
ဝေ့ရှောင်းက လုဖုန်းအကြောင်း တွေးလိုက်မိရုံနဲ့ ဆိုးရွားသော အကြောင်းအရာများအားလုံး မေ့သွားသည်။ သူ၏အသံကလည်း အများကြီး ပေါ့ပါးလာသည်။
“သူက ငါ့ကို ခေါင်းဆောင်ရဲ့ ငယ်ငယ်တုန်းက အကြောင်းအရာတွေ ပြောပြတယ်”
လုဖုန်း “ငယ်ငယ်တုန်းက ဟုတ်လား”
ဝေ့ရှောင်း “၁၇နှစ်အရွယ်က”
လုဖုန်း “မင်းထက် ဘယ်လောက်မှ ငယ်တာ မဟုတ်ဘူး”
ဝေ့ရှောင်းကလဲ သူ့ကို ပြီးပြည့်စုံစွာ တုပနိုင်သည်။
“ငါက လူတွေကို စကားပြောရတာ မကြိုက်ဘူး။ မင်း အထီးကျန်နေရင် အခြားတစ်ယောက်ကို သွားရှာလိုက်”
လုဖုန်း “….”
ဝေ့ရှောင်းက ချီးကျူးသည်။
“တအား လန်းတယ်”
ခေါင်းဆောင်က တကယ်အံ့ဩစရာပဲ။ သူက ဓားပြအိုကြီးယွမ်ကိုတောင် ထိခိုက်ခံစားအောင် လုပ်နိုင်တယ်။
လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းက အသာကော့သွားသည်။
ဝေ့ရှောင်း ယခုအခါ စိတ်ဓာတ် တက်ကြွနေသည်။ သူသည် လက်မောင်းအောက်တွင် ခေါင်းအုံးကို ဖိထားလိုက်ရင်း ပါးတွင် လက်ထောက်လျက် မော့ကြည့်ကာ ပြောလိုက်သည်။
“သူတို့က ခေါင်းဆောင် အခန်းထဲမှာ ခိုးငိုနေတာလို့ ထင်နေတာ”
လုဖုန်း “အဲဒီလောက် မဆိုးပါဘူး”
ဝေ့ရှောင်းက သူ့ကို မျက်တောင် မခတ်ဘဲ ကြည့်ကာ အသံကို နူးညံ့စေလိုက်ပြီး ပြောသည်။
“ခေါင်းဆောင် ခေါင်းဆောင် သူတို့ကို မမုန်းဘူးမဟုတ်လား”
လုဖုန်း “…”
ဝေ့ရှောင်း “ယွမ်ဇယ် ကင်ဆိုဟွန်း၊ ရှဲ့ဟယ်၊ ခေါင်းဆောင် သူတို့ကို သဘောကျတယ် မဟုတ်လား”
အဆုံးသတ်တွင် သူတို့က အလုံးစုံ တကွဲတပြားစီဖြစ်ရင်း ပြီးဆုံးသွားခဲ့သေးသည့်တိုင်အောင် လုဖုန်းက ယခင်FTWကို သဘောကျသည်။ သူသည် သူနှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့သော အသင်းဖော်များကို သဘောကျသည်။ သူ့ကို ဂရုစိုက်သော သူများကိုလဲ သဘောကျပေလိမ့်မည်။
သူဟာ ထိုလူများကို သဘောမကျခဲ့လျှင် FTWကိုဝယ်ရန် ထိုအမျှအထိ ကြိုးစားခဲ့လိမ့်မည် မဟုတ်ချေ။
သူသာ ထိုလူများကို သဘောမကျခဲ့လျှင် သေဆုံးနေသော FTWကို ထောက်ပံ့ရန် ထိုမျှ အပြင်းအထန် ကြိုးစားခဲ့လိမ့်မည် မဟုတ်ချေ။
နတ်ဘုရားများ၏အသင်းက လူစုကွဲသွားပြီး သို့သော် လုဖုန်းကမူ ယခင်FTWကို ဆက်လက်ပြီး စောင့်ကြပ်နေသေး၏။ သူသည် လူတိုင်းအတွက် အိမ်ကို ထိန်းသိမ်းထားပေးသည်။ ဒါပေမဲ့ ဘယ်သူကမှ ပြန်မလာရုံသာရှိသည်။
114 03
ဝေ့ရှောင်း၏မျက်လုံးက ပူလောင်လာပြီး သည်းမခံနိုင်တော့ပေ။ သူသည် နားလည်လေလေ ပို၍ရင်နာလာလေလေသာ ဖြစ်သည်။ လူတိုင်းကလဲ Closeသည် အသင်းဖော်တိုင်း ထွက်သွားကြသော FTWကို သေချာပေါက် မုန်းနေလိမ့်မည်ဟု ထင်ထားကြသည်။ ပြောရမည်ဆိုလျှင် သူသည် မည်သူ့ကိုမှ မမုန်းပေ။ ဒီအတိုင်း သူ လုပ်နိုင်သမျှကိုသာ လုပ်ခဲ့ရုံသာဖြစ်သည်။
နတ်ဘုရားများအသင်းဟောင်းက သူ့ကို နွေးထွေးမှုများ ပေးခဲ့သည်။ သူသည် နွေးထွေးမှုကို စောင့်ကြပ်နေရုံသာ ဖြစ်သည်။ ထိုမျှသာဖြစ်၏။
လုဖုန်းက တစ်ခဏခန့် မှင်သက်သွားပြီးနောက် သက်ပြင်းချသည်။
“ငါ သူတို့ကို အဲဒီလောက်ထိ သဘောမကျပါဘူး”
ဝေ့ရှောင်းက မျက်တောင် ခတ်သည်။
“ဟင်”
လုဖုန်းက တစ်ဖက်သို့လှည့်ရင်း သံသယမျက်ဝန်းတစ်စုံဖြင့် ဝေ့ရှောင်းကို ကြည်လင်စွာ ကြည့်သည်။
“မင်းနဲ့ယှဉ်ရင် အများကြီး ကွာခြားတယ်”
ဝေ့ရှောင်းနှလုံးသားက ခုန်လှုပ်သွားတယ်။
သူသည် သူ၏တံတောင်ဆစ်အကြားတွင် ခေါင်းအုံးကို ညှပ်ထားရင်း အနည်းငယ် ထိတ်လန့်စွာ ပြောလိုက်သည်။
“ငါ နားမလည်ဘူး”
ပြောရမည်ဆိုလျှင် သူသည် နားလည်သည်။ သူသည် အလွန်ကောင်းမွန်စွာ နားလည်သည်။ ဒီအတိုင်း ထပ်ကြားချင်ယုံသာ ဖြစ်သည်။ သူသည် ပို၍ များများကြားလို၏။
လုဖုန်း၏ရှည်လျားသော အနက်ရောင်မျက်တောင်များက အသာတုန်သွား၏။
“အိပ်တော့”
ဝေ့ရှောင်းက စိုးရိမ်နေသေးသည်။
“ငါ တကယ် နားမလည်ဘူးနော်။ ခေါင်းဆောင် ခေါင်းဆောင် ဒီလိုလုပ်လို့ မရဘူး။ စကားကို ရှင်းရှင်းလင်းလင်း ပြောရမယ်”
လုဖုန်း “…”
ဝေ့ရှောင်းက သူ၏အိပ်ရာသို့ပင် အပြေးသွားပြီး လှုပ်ခါချင်နေသည်။
လုဖုန်းက ခပ်တိုးတိုး ပြောသည်။
“ငါ မင်းကို ပိုပြီးသဘောကျတယ်”
ဝေ့ရှောင်း “…”
Fuck..
သူ မကြားရသေးတဲ့အတွက် တကယ်ကို ကြားချင်တယ်။ သူ ကြားပြီးသွားတဲ့နောက်မှာ သူ နေရာမှာတင် ပွဲချင်းပြီးသေဖို့အတွက် တစ်မီလီမီတာလောက်ပဲ ဝေးတော့တယ်လို့ ခံစားနေရတယ်။
လုဖုန်းက သူ၏တုန်လှုပ်ချင်နေသော အသံကို ဖုံးကွယ်လိုက်ရင်း ပြောသည်။
114 04
“အခု အိပ်တော့မှာလား”
ဝေ့ရှောင်းက သူ့ကို ဆက်လက်ပြီးတော့ မစရဲတော့ပေ။
“အိပ်ပြီ”
သူသည် စောင်အောက်ထဲ ပုန်းရင်း ထိုစောင်က ပေါင်တစ်ရာခန့် လေးရန် ဆုတောင်းမိ၏။ ဒီနည်းအားဖြင့် သူ၏သောက်ကျိုးနည်း နှလုံးသားကို ပြားကပ်သွားအောင် လုပ်နိုင်လောက်သည်။
ဒါက ဝန်ခံနေတာ မဟုတ်ဘူး။ ဒါက ဖွင့်ပြောနေတာ မဟုတ်ဘူး။
ဒီအတိုင်း အသင်းဖော်တွေကြားက သဘောကျမှုပဲ။ ဒါက အဖြောင့်ကောင်တွေရဲ့ အမျိုးအစားပဲ။
ဝေ့ရှောင်းသည် ပျော်လွန်းသဖြင့် သူ၏နှလုံးသားအတွင်း ပန်းများ ပွင့်နေပြီဟူ၍ပင် ခံစားနေရသည်။ သူသည် ပျော်လွန်းသဖြင့် ပင်လယ်ကမ်းခြေသို့ အပြေးသွားပြီး သုံးပတ်ခန့် ပြေးလိုက်ချင်သည်။ သူသည် ပျော်လွန်းသဖြင့် ကင်ဆိုဟွန်းနှင့် ယွမ်ဇယ်ကို ဆွဲချရင်း ကျယ်လောင်စွာ အော်ပြောလိုသည်။
“ခေါင်းဆောင်က ငါ့ကို ပိုကြိုက်တာ”
သူသည် မည်သည့်အချိန်တွင် အိပ်ပျော်သွားမှန်းပင် မသိပေ။ လုဖုန်းကလဲ မသိခဲ့ပေ။ သို့သော် သေချာနေသည့် အချက်တစ်ချက်ကတော့ဖြင့် ရှိသည်။ သူ၏နှလုံးသားက အချိန်တိုင်းလိုလို တူညီသောကြိမ်နှုန်းဖြင့် ခုန်နေကြသည်။ တူညီသောမြန်ဆန်မှု၊ တူညီသောပြင်းထန်မှု… တောင့်ခံရန် တူညီသောကြိုးစားမှု။
နောက်တစ်ရက်တွင် အသင်းတိုင်းက မနက်စောစော ထကြတယ်။
ရှစ်နာရီခွဲတွင် မနက်စာ စားပြီးနောက် သူတို့သည် ခန်းမသို့ ကိုးနာရီခွဲတိတိ အရောက်သွားကြတယ်။
၁၂သင်းအတွက် ခြောက်ပွဲ ရင်ဆိုင်ရမည်ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် နှစ်သုတ် ခွဲချခိုင်းသည်။
သို့မဟုတ်လျှင် တစ်ပွဲက တစ်နာရီ ကြာမည်ဆိုပါက တစ်နေ့တာအချိန်ကပင် ပြိုင်ပွဲပြီးဆုံးရန်အတွက် မလုံလောက်ပေ။
FTW, L&Pနှင့် Proတို့က ပထမတစ်သုတ်တွင် ဖြစ်ပြီး 3Uက ဒုတိယတစ်သုတ်တွင် ဖြစ်သည်။
ချန်းဖုန်းကFTWအတွက် မဲနှိုက်ရမည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ထိုင်ခုံ၏အနက်ရောင်လက်ကို အသုံးမပြုရဲပေ။
Free missionအတွက်က ပြဿနာ မဟုတ်ပေ။ သို့သော် သင့်တော်သောပြိုင်ဖက်နှင့် ပတ်သက်လျှင် တည်နေရာ လိုအပ်လေသည်။ သူတို့ကသာ ပထမတစ်ပွဲတွင် အင်အားကြီးမားသော ပြိုင်ဖက်ကို တွေ့ရမည်ဆိုပါက နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းပေ။ ဒီကြားထဲ ချန်းဖုန်း၏ကံက သိပ်မဆိုးပေ။ သူသည် ဂျပန်နိုင်ငံဘက်မှ အသင်းတစ်သင်းအတွက် မဲနှိုက်ပေးလိုက်သည်။
သူတို့ကလဲ ထင်သလောက် အင်အား မကြီးပေ။ သို့သော် ထင်သလောက် မဆိုးပေ။ ထိုသို့ဖြင့် ယခင်FTWနှင့် အဆင့်အတန်းတူသည်ဟု ပြော၍ရသည်။
နှမြောစရာကောင်းသည်မှာ ဒီနှစ်FTWက ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ သူတို့သည် Training match colour teamအနေဖြင့် လျင်မြန်စွာ ကြီးထွားလာကြသည်။
ဘာလို့ အသင်းတွေက အင်အားကြီးမားတဲ့ အသင်းတွေနဲ့ လေ့ကျင့်ရေးmatchပွဲတွေ ရအောင် စီစဉ်နေကြတာလဲ။
အကြောင်းမူကား သက်ရောက်မှုအား ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။ Training Sessionတစ်ခုကတင် ပုံမှန်seasonဂိမ်း သုံးပွဲစာ ထိုက်တန်ပြီး တိုးတက်မှု အရှိန်နှုန်းဟာလဲ အမှန်တကယ် ခြားနားတယ်။
114 05
အပြိုင်အဆိုင်ဖြစ်သော အားကစားမျိုးဖြစ်သည့်အလျောက် အင်အားကြီးမားသူက အင်အားကြီးမားသူနှင့် ရင်ဆိုင်ရသောအခါမှသာ အမှန်တကယ် စိတ်ဝင်စားဖွယ် ကောင်းသည်။ ပို၍ကောင်းမွန်သော လေ့ကျင့်ခြင်းအခွင့်အရေးနှင့် ကစားသမားများ၏ မြင်နိုင်စွမ်းအားskillနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက အများကြီး တိုးတက်လာပေလိမ့်မည်။ ဒီကြားထဲ FTWသည် ယခုရက်များအတွင်း L&Pနှင့်Proတို့နှင့်အတူ မကြာခဏဆိုသလို လေ့ကျင့်နေကြ ဖြစ်သည်။ ထို့ကြောင့် သူတို့၏အရှိန်အဟုန်က ခရီးအစပိုင်းကတည်းက ထူးခြားလွန်းနေခဲ့သည်။
ဂျပန်မှ ထိုအသင်းက junglerအမြုတေအသင်း ဖြစ်သည်။ junglerအမြုတေ…
ဒါဆိုရင် အရူးလေးဝေ့က ဘယ်လောက်တောင် ရူးသွပ်နေသလဲဆိုတာကို နှိပ်ပြီး ကြည့်လိုက်ပါအုံး။
ဂိမ်းက၃၈မိနစ်နှင့် အဆုံးသတ်သွားသည်။ တွဲဖက်က triple killယူလိုက်ပြီး ထိုဂိမ်းပွဲအတွက် ၁နာရီ legendaryတိုးတက်မှုမျိုးကို အရယူလိုက်သည်။
သူတို့က သူတို့၏ဂိမ်းပွဲတွင် နိုင်သွားသည်။ L&Pနှင့်Proကလဲ နိုင်ထားသည်။
ဝေ့ရှောင်းက တစ်ချက် ကြည့်လိုက်ပြီးနောက် နှစ်သင်းလုံးက အခြေအနေ ကောင်းနေသည်ကို တွေ့လိုက်ရသည်။ Proအတွက်မူ အထူးတလည် မှန်ကန်သည်။ ကင်ဆွန်းဟွန်းက အချိန်ကြာကြာ ထိန်းထားရခြင်း ဖြစ်လောက်သည်။ အားနည်းသည့် အသင်းဖြစ်စေ၊ အားမနည်းသည့် အသင်းဖြစ်စေ အရေးမကြီးပေ။ သူသည် ဂိမ်းအစပိုင်းကတည်းက ရွှေမုဆိုးကို အရယူလိုက်ပြီး မြေပုံတစ်ခုလုံးအနှံ့ တိကျစွာ ဖြတ်သန်းသွားလာရင်း အခြားတစ်ဖက်ခြမ်းကို ပိတ်လှောင်ရင်း တိုက်ရိုက်ပင် ပစ်ခတ်လိုက်သည်။
ထိုသို့ဖြင့် suggest match interfaceက ပေါ်ထွက်လာသောအခါ အခန်းတစ်ခုလုံးက မှင်သက်နေပြီး ဖြစ်သည်။ ဒီကြားထဲ ကင်ဆိုဟွန်း၏ dpsက အားလုံးပေါင်း ၅၉ရာခိုင်နှုန်း ရှိနေသည်။ ဝေ့ရှောင်းကပင် မှင်သက်သွားတယ်။
“ဒါကသောက်ကျိုးနည်း မှတ်တမ်းကို ဖျက်နေတာပဲ”
ချိုင်ကောကလဲ မှင်သက်သွားသည်။ “နတ်ဘုရားကင်က ကြက်သွေး ထိုးလာတာလား”
ဝေ့ရှောင်းက သူ၏အနားသို့ မှီကပ်လာရင်း စကားကို ခပ်တိုးတိုးပြောသည်။
“ငါ့အထင် မင်းရဲ့အကောင့်က အလုပ်လုပ်ရတော့မယ် ထင်တယ်”
ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲ။ koi cpတွေက ပြန်လည်ရှင်သန်လာပြီး ကွင်းတစ်ခုလုံး မီးထွန်းလာပြီ။
ချိုင်ကော၏ နှလုံးသားကလဲ ခုန်လှုပ်သွားသည်။
“သောက်ကျိုးနည်း လျော့ပြောစမ်းပါ”
သူ၏နောက်ခံကသာ ပေါ်သွားခဲ့လျှင် သူသည် ဝေ့ရှောင်းကိုပါ အတူဆွဲချပြီး သေရပေလိမ့်မည်။
ဝေ့ရှောင်း “မစိုးရိမ်ပါနဲ့ ဘယ်သူမှ မကြားပါဘူး”
ချိုင်ကော၏နှလုံးသားက အရူးလို ခုန်ပေါက်နေသည်။
“ပါးစပ်ပိတ်”
ဝေ့ရှောင်းက ငြီးသည်။
“ဒီလောက်ကောင်းတဲ့ traficကို မင်းသာ အခွင့်အရေးမယူရင် မင်း…”
ချိုင်ကောက သူ၏ပါးစပ်ကို လာပိတ်သည်။ ဝေ့ရှောင်းက သူ၏လက်ကို ဆွဲဖယ်သည်။
“မင်းဘာလုပ်တာလဲ မင်းက လက်ကို လာသုံးရဲတယ်”
“…”
114 06
ဝေ့ရှောင်းသည် ဂိမ်းပွဲကို အာရုံစိုက်ထားသော ခေါင်းဆောင်ကို ကြည့်ပြီး သူ၏နှလုံးသားက ယားယံလာသည်။
“ငါနဲ့ခေါင်းဆောင်အကြောင်း အကြောင်းအရာသေးသေးလေးတွေ မရှိဘူးလား။ ဆောင်းပါးအသေးလေးတွေ မရှိဘူးလား”
ထိုစကားကို နားထောင်ရုံနှင့် ပိုင်ချိုင်၏နားက နာလာသည်။ သူသည် ကန်းချင်ယောင်ပဲ ဆောင်ချင်လာ၏။
ဝေ့ရှောင်းက ပြောသည်။
“မင်း koi cpတွေအကြောင်း မတင်ရင် ကိစ္စမရှိဘူး။ ငါနဲ့ ခေါင်းဆောင် အကြောင်း တစ်ခုခု တင်စမ်းပါ”
Cpတွေ ဟိုက်တာကို ရပ်လိုက်တာက သူ ဉာဏ်လေး ပွင့်သွားလို့လား။
မဖြစ်နိုင်တာ..
သူသည် ဉာဏ်အလင်း ပွင့်သွားတာထက် ပို၍ ကြီးသောလှုပ်ရှားမှုကိုပင် လုပ်ရတော့ပေမည်။
ဝေ့ရှောင်းကလဲ Closeနှင့် quietရဲ့ အိုင်ဒီယာနှစ်ခုကို အတူပူးချည်ထားပြီး အခြားသောဆိုးယုတ်သည့် အဖွဲ့အစည်းတိုင်းကို ဖယ်ရှားပစ်ရန် မျှော်လင့်နေသည်။
ပိုင်ချိုင်က သူ့ကို လျစ်လျူရှုထားသည်။
ဝေ့ရှောင်းက ရှေ့သို့တိုးထိုင်ပြီး အနည်းငယ် ဆွဲလိုက်သည်။
“မင်းဘာမှလုပ်စရာမရှိရင် ငါနဲ့ခေါင်းဆောင်အတွက် cp nameကို ကူညီပြီး တွေးပေး”
ပိုင်ချိုင်က ပြန်ငြင်းသည်။
“တစ်ခုတော့ ရှိတယ်။ ပိတ်လှောင်ခြင်းcpတဲ့”
ဝေ့ရှောင်းက မပျော်ပေ။
“ဒါက နိမိတ်မရှိဘူး။ ဒါက ငါနဲ့ခေါင်းဆောင်ကို ပိတ်လှောင်သွားစေရင် ဘယ်လိုလုပ်ရမလဲ”
ပိုင်ချိုင်က မျက်လုံး လှန်သည်။
“မင်းပဲ ဒီလို ခေါ်ချင်တာ မဟုတ်ဘူးလား ဒါဆိုရင် ဘယ်လိုခေါ်ချင်လို့လဲ”
ဝေ့ရှောင်းက တွေးသည်။
“ဥပမာအနေနဲ့ ကောင်းကင်ဘုံနဲ့မြေပြင်မှာ၊ နှလုံးသားနှစ်ခုနဲ့ စိတ်တစ်ခု၊ အတူတကွ အမြဲထာဝရ၊ အစစ်အမှန်ချစ်ခြင်းက အကန့်အသတ်မရှိ cpဆိုရင်ရော”
အရွက်ကော “…”
ဝေ့ရှောင်း “အရမ်းရှည်လား”
ချိုင်ကော “ထွက်သွားစမ်း အား”
ခြောက်ဖွဲ့အတွက် နှစ်ပွဲသာ ကန့်သတ်ထားသည်။ L&Pက ပထမနေရာ ရထားသောကြောင့် Proနှင့် match up မဖြစ်သွားခဲ့ချေ။ မည်သို့ပင်ဆိုစေ Proက ဒုတိယနေရာတွင် ဖြစ်သည်။ ကျန်သောလေးသင်းအတွက်မူ ကံကောင်းမှုပေါ် မူတည်၏။
ချန်းဖုန်းက မဲနှိုက်လိုက်ပြီးနောက် တစ်ခဏခန့် မှင်သက်သွားသည်။
ရှောင်လင်ကလဲ ထိတ်လန့်နေသည်။
114 07
“နည်းပြမျက်နှာက မကောင်းဘူး။ ငါတို့ မဲပေါက်သွားတာလား”
ဝေ့ရှောင်းကမူ မကြောက်ပေ။
“ပြိုင်ဘက်တစ်ယောက်ကို ဆွဲချပြီးရင် တိုက်ခိုက်ရမဲ့ လူတစ်ယောက် လျော့သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အနည်းနဲ့ အများ ဖြစ်မှာပေါ့”
ထို့နောက် matchပွဲကို ကြေငြာသည်။
FTW၏ပြိုင်ဘက်က … ပိုင်ချိုင်က မျက်လုံး ကျဉ်းသွားသည်။ ဝေ့ရှောင်းက မျက်ခုံးပင့်သည်။ ရှောင်လင်က နာမည်ကိုဖတ်သည်။
“OD ဟုတ်လား”
ရန်သူများသည် ကြီးမားသောလမ်းတွင် အမှန်တကယ် ပြန်လာဆုံသည်။ သူတို့သည် ကျိုးရှင်းဖေးအသင်းနှင့် ပြန်တိုး၏။
ဝေ့ရှောင်းက အသာရယ်သည်။
“လောင်ပိုင် နတ်ဘုရားက အခွင့်အရေး ပေးနေတာ”
ယခင်တစ်ခေါက်က သူတို့သည် အနိုင်ရသွားသောနေ့တွင် OD၏ပွိုင့်များကိုသာ ရခဲ့သည်။ ဒီနေ့ နိုင်သွားခဲ့လျှင့် ဒေါ်လာဆယ်သန်းတန် အိမ်မက်ကို ဖျက်စီးနိုင်လေပြီ။
ODကလဲ match listကို မြင်သည်။ လူများအားလုံးက ဦးတည်ရာဖက် တစ်ခုတည်းသို့ ကြည့်လာကြ၏။ ဂိမ်းပွဲက မစတင်ရသေးပေ။ သို့သော် ယမ်းမှုန့်နံ့များကမူ လေထဲသို့ပင် လွင့်နေပြီ ဖြစ်သည်။
ထိုနေရာတွင် ရှိနေကြသော အသင်းများကလဲ နှစ်သင်းကြားက ရန်ညှိုးကို သိသဖြင့် တိုက်ခိုက်ပွဲကို ကြည့်ရန် စိတ်လှုပ်ရှား နေကြသည်။
ထိုအချိန်တွင် ကျိုးရှင်းဖေးထက် မည်သူကမှ ခံစားချက် မဆိုးရွားနေလောက်ပေ။
သူတို့တွေ ယခင်တစ်ခေါက်က ရှုံးထားသည်။ သူသည် သူ၏imageကို ပြန်လည်ပြင်ဆင်ရန် ဆယ်ရက်ကျော်ခန့် အချိန်ယူခဲ့ရသည်။ ယခု…
သေစမ်း…
ကျိုးရှင်းဖေးက ပိုင်ချိုင်ကို စိုက်ကြည့်နေရင်း ယခင်အရှက်တရားကို ရှင်းလင်းရန် ကျိန်ဆိုလိုက်သည်။
ခြောက်ဖွဲ့က သုံးပွဲသာလျှင် ကစားပြီး သုံးလှည့် ကျော်ဖြတ်ရမည် ဖြစ်သည်။ ဤအချိန်တွင်မူ ဂိမ်းပွဲများကို တစ်ချိန်တည်းလိုလို ကျင်းပတော့မည် မဟုတ်ဘဲ တစ်ပွဲပြီးတစ်ပွဲ ကျင်းပတော့မည် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုက အွန်လိုင်း ဖြစ်နေသည်။ သုံးသပ်ချက် ပေးသူများကလဲ အသင့်ဖြစ်နေကြသည်။ ဒီတစ်လှည့်အတွက် scaleက ၁၂မှ ၆ နှင့် ကွာခြားနေကြသည်။ သူတို့က ဒီနေရာတွင် ရှုံးသွားခဲ့လျှင် တစ်ကမ္ဘာလုံး၏ရှေ့တွင် မျက်နှာပျက်ရမည် ဖြစ်သည်။
ဝေ့ရှောင်းက လက်သီးကို ပွတ်သည်။
“သွားရအောင်”
လူတိုင်းက အားအင် တက်ကြွနေကြသည်။
“ကောင်းပြီ”
ယခင်တစ်ခေါက်က FTWက ODကို ရင်ဆိုင်ခဲ့ချိန်တွင် ဝေ့ရှောင်းနှင့် လုဖုန်းတို့က လမ်းကျဉ်းတွင် ပထမဦးဆုံးဖြစ်သည်။ ယခုအခါ ၁၀ရက်ကျော်သွားခဲ့ပြီဖြစ်ပြီး FTW၏အစစ်အမှန် Top.Junglerအချိတ်အစစ်ကို တွေ့ကြုံခံစားရန် အချိန်ကျလေပြီ။ သူတို့ကBPကဏ္ဍသို့သာ ဝင်ရသေးသည်။ လုဖုန်းက ရေရွက်သည်။
114 08
“မင်း စွမ်းအားသူခိုး လိုချင်လား”
ဝေ့ရှောင်းက ကြောင်သွားတယ်။ ချန်းဖုန်းက မျက်မှောင်ကြုတ်သည်။
“quietက စွမ်းအားသူခိုးကို သိပ်မသုံးဘူးလေ”
လုဖုန်းက ဝေ့ရှောင်းကို လှမ်းကြည့်သည်။
ဝေ့ရှောင်းက နားလည်၏။
“ကောင်းပြီ”
လုဖုန်း “ဒါဆိုရင်ငါ သွေးစစ်သည်တော်ကို ယူလိုက်မယ်”
ချန်းဖုန်းက တစ်ခဏခန့် တိတ်သွားသည်။
“မင်း ရန်သူကို အထင်သေးရင် ရှုံးလိမ့်မယ်”
ဝေ့ရှောင်း၏မျက်လုံးက တောက်ပနေသည်။
“မဖြစ်နိုင်စေရဘူး”
သူ ဘယ်တော့မှ မရှုံးဘူး။ သူ့ရဲ့ဆယ်သန်းကမှ နောက်ဆုံးပန်းတိုင်။
ယခင်တစ်ခေါက်က FTWနှင့်ODတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ချိန်တွင် FTW၏ top laneက ပျံသန်းသည့် စစ်သည်တော်ကို အသုံးပြုခဲ့ပြီး junglerက အမတသူခိုး ဖြစ်သည်။ OD၏ top laneက သွေးစစ်သည်တော်ဖြစ်ပြီး junglerက စွမ်းအားသူခိုးဖြစ်သည်။
FTWက နိုင်ထားသည်။
Haterများကလဲ FTWက အနိုင်ရရှိထားသည်ဟု ပြောနေကြ၏။ အမတသူခိုးနှင့် ပျံသန်းသည့်စစ်သည်တော်တို့က အလွန်ဖျတ်လတ် လွန်းသည်။ OD၏စွမ်းအားသူခိုးက အဖြည့်ခံjunglerဖြစ်သည်။ ကျိုးရှင်းဖေးက quietကို မရှုံးခဲ့ပေ။ ထိုအစား သူက သဘာဝtalent ချုပ်ထိန်းမှုကို ရှုံးသွားသည်ဟု ဆိုကြသည်။
သူ့တွင်သာ သန်မာသည့် jungler talent ရှိနေမည်ဆိုပါက quietကို ဖိနှိပ်၍ အလဲထိုးနိုင်မည်ဟု ပြောကြသည်။
ထိုရေတပ်က သိသာစွာပင် လဝက်ခန့်လုံးလုံး ထိုသို့ ပြောနေခဲ့ကြသည်။
အချို့သောလူများကမူ FTWက သေးငယ်သော အဖွဲ့လေးများကို တိုက်ခိုက်ခဲ့ပြီး အသင်းတစ်သင်း၏ အရှိန်အဝါ မရှိဘူးဟု ပြောနေကြသည်။
ထိုစကားလုံးများက အမှန်ပင် သိက္ခာမရှိပေ။
ဝေ့ရှောင်းက တိုက်ခိုက်သမျှ စကားလုံးတိုင်းကို လျစ်လျူရှုထားသည်။
သို့သော် လျစ်လျူရှုထားသည်မှာ မသိဟု မဆိုလိုပေ။ ယင်ကောင်များက နေရာတိုင်းတွင် တဝီဝီမြည်နေလေရာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းသည်။ သူတို့ကို သေသည်အထိ ရိုက်သတ်ရန်လဲ မဖြစ်နိုင်ချေ။ သို့သော် အနည်းဆုံး တစ်ကောင်ကိုတော့ဖြင့် သေအောင် ရိုက်နှက်၍ ရသည်။
ကျိုးရှင်းဖေးက talentသဘာဝ သူ့ရဲ့ချုပ်ထိန်းမှုတွေနဲ့ ဂုဏ်သတင်းကို ရှင်းလင်းချင်နေခဲ့တာ မဟုတ်ဘူးလား။ ဝေ့ရှောင်းကလဲ စွမ်းအားသူခိုးကို ယူပြီးသွားလေပြီ။ သူသာ စွမ်းရည်ရှိလျှင် အမတသူခိုးကိုယူနိုင်၏။
သဘာဝချုပ်ထိန်းမှုက ဒီအပြစ်ကို ဖယ်ရှားနိုင်လား မနိုင်လားဆိုတာကို သိကြတာပေါ့။
ကြည့်သူများကလဲ စက္ကန့်ပိုင်းအတွင်း နားလည်သည်။
“Fuck FTWက တော်တော်လေးကို ယုံကြည်မှုရှိနေတာ”
“သူတို့ ပေါက်ကွဲသွားမှ ရယ်ရမှာ”
“Quietက စွမ်းအားသူခိုးကို သုံးနေတာ။ သူလုပ်နိုင်လား”
ဝေ့ရှောင်းက 5v5တွင် စွမ်းအားသူခိုး မသုံးဖူးတာလဲ မှန်ကန်သည်။ သို့သော် soloဂိမ်းပွဲပေါင်းများစွာ ကစားခဲ့ဖူးပြီး ထို့ထက်ပို၍ ရင်းနှီးကျွမ်းဝင်စရာ မရှိတော့ပေ။
အထူးသဖြင့် အမတသူခိုးနှင့် စွမ်းအားသူခိုးနှင့် soloရာတွင် ဖြစ်သည်။
လုဖုန်းက အကြိမ်ရေမည်မျှ သူ့ကို မျက်ရည် ထွက်အောင် ဖိအားပေးခဲ့ပြီးကြောင်းကိုပင် မသိတော့ချေ။
******