အခန်း (113)
မင်းအတူတူ jyk မဖြစ်ချင်ရင် ငါ့ရဲ့တံခါးနဲ့ ဝေးဝေးနေပေးလို့ ရမလား။
ဝေ့ရှောင်းက သဘောကျသွားတယ်။
ကင်ဆိုးဟွန်းသည်လဲ စရယ်ခဲ့သည်။ “သူက နံရံတစ်ခုကို ကောက်ပေါက်ပစ်လိုက်တာ ဒါတောင်မှ လက်မလျော့သွားဘူး။ သူက ငါ့ကို ပြောသေးတယ်။ ဒီClose လေးက သန်မာတဲ့ပုံစံမျိုး ပြသထားတယ်။ တကယ်တော့ ညအချိန်မှာ သူ ခိုးပြီး ငိုနေတာမျိုးသာ ဖြစ်နိုင်သေးတယ်ဆိုပဲ”
ဝေ့ရှောင်းကမူ မယုံကြည်ပါပေ။ သို့သော် သူ၏သိချင်စိတ်က ဆက်တိုက် ထိုးထွက်လာသည်။
“အဲဒီနောက် အဲဒီနောက်”
ထို့နောက် ညသန်းခေါင်အချိန်တွင် ယွမ်ဇယ်က ကင်ဆိုးဟွန်းကို သူနဲ့အတူခေါ်ကာ Close၏အိပ်ခန်း တံခါးအပြင်ဘက်တွင် နာရီဝက်ခန့်နီးပါး ဆောင့်ကြောင့် ထိုင်စောင့်စေသည်။
မာနကြီးသော ပန်းကင်ကလဲ အလွန်တုံးပြီး အပြစ်ကင်းစင်ခဲ့သည်။
“သူ ငိုနေတာလား”
ယွမ်ဇယ်၏ခြေထောက်က ဆောင့်ကြောင့် ထိုင်ရလွန်းသဖြင့် ထုံထိုင်းချင်လာသည်။
“သူ တိတ်တဆိတ် မျက်ရည် ကျနေတာဖြစ်မှာပေါ့။ ဒီကောင်လေးက သန်မာတဲ့ပုံစံကို ပြသထားတတ်ပေမဲ့ ဘယ်လိုတောင် ငိုရမှန်းမသိတာ ဖြစ်မယ်” ကင်ဆိုးဟွန်းကလဲ စိုးရိမ်သွားသည်။
“ဒါဆိုရင် ငါတို့ ဘယ်လိုလုပ်ရမလဲ ကိုကြီး။ ငါတို့ ဝင်သွားသင့်လား” ယွမ်ဇယ်က သူ့ကို အမှန်ပြင်ပေးသည်။
“တရုတ်မှာ အဲဒီလိုအကိုကြီးဆိုတာမျိုးကို မသုံးဘူး။ မဟုတ်ရင်ငါတို့ကို ဂေးနေတယ်လို့ ထင်သွားလိမ့်မယ်”
ကင်ဆိုးဟွန်းက စကားကို ပြောင်းပြောသည်။
“အားဇယ်” ယွမ်ဇယ်က ခေါင်းညိတ်သည်။
“ငါ့ကို ဆရာလို့ခေါ်”
ကင်ဆိုးဟွန်းက ရပ်တန့်သွားတယ်။ “အားဇယ်”
ယွမ်ဇယ် “.....”ကောင်းပြီလေ သူ့အတွက် ဆရာလောင်ရှီးဆိုတာကို ထုတ်ပြောဖို့ ခက်ခဲတာကို။
သူတို့ရဲ့အသံက မတူဘူးပေ။ FTW၏ အရင်ကစခန်းကလဲ ယခုကဲ့သို့ single အိမ်ကြီး မဟုတ်ခဲ့ပေ။ ထို့ကြောင့် အသံလုံသော အနေအထားမျိုးက သာမန်သာဖြစ်လေရာ အခန်းထဲမှ Closeကလဲ အားလုံးနီးပါးကို ကြားလိုက်ရလေသည်။ သူသည် တံခါးကို ဖွင့်လိုက်သောအခါ ကင်ဆိုးဟွန်းနှင့် ယွမ်ဇယ်က ကြောက်သွားသည်။ ကင်ဆိုးဟွန်းက ထိုအချိန်က အတော်အရေပါးသဖြင့် အချိန်ကြာကြာ စကားမပြောနိုင်ခဲ့ပေ။ အဖိုးအိုကြီးယွမ်ကမူ အရေထူသည်။ ထို့ကြောင့် သူသည် မရှက်ပေ။
“အဟွတ် မင်း မအိပ်ရသေးဘူးလား”
ထို့နောက် သူသည် Closeကို စိုက်ကြည့်ပြီး ချောမောတဲ့မျက်နှာတွင် မျက်ရည်များ ရှိမရှိသိလိုသည်။
သို့ရာတွင် သူ၏မျက်လုံးထဲမှအေးစက်မှု ရေခဲစများကလွဲပြီး သူသည် ဘာကိုမှ မရလိုက်ပေ။Closeက “ငါ ငိုနိုင်တယ်။ ဒါပေမဲ့ ငိုဖို့ မလိုဘူး”
113 02
ကင်ဆိုးဟွန်းနဲ့ယွမ်ဇယ် “!” သူ ကြားသွားတယ်။
Closeက ဆက်ပြောတယ်။ “ မင်းတို့ ဒီမှာ အတူဂေးနေချင်ရင် ငါ့ရဲ့တံခါးနဲ့ ဝေးဝေးမှာ နေပေးလို့ရမလား”
ရှောင်ကင်နှင့်လောင်ယွမ် “.....”
သောက်ကျိုးနည်းကို သနားစရာကောင်းတဲ့ အကောင်လေးပါ။ သေချာပေါက်ကို သုန်မှုန်ပြီး ဆိုးယုတ်တဲ့ ဝမ်းမဲလူသားပဲ။
ထိုစကားကို ကြားသောအခါ ဝေ့ရှောင်းက ရယ်လွန်းသဖြင့် ရှေ့ပြန်နောက်ပြန်ပင် ယိုင်ထိုးသွားသည်။ သူ၏ဦးနှောက်ကလဲ ထိုမြင်ကွင်းကို ပုံဖော်နိုင်သည်။ အတိအကျပင် မဟာမိစ္ဆာဘုရင်ကြီးက ငယ်ရွယ်စဉ်ကတည်းက မဟာမိစ္ဆာဘုရင်ကြီးဖြစ်ပြီး မှင်သက်ဖွယ်ပင် ဖြစ်သည်။
ကင်ဆိုးဟွန်းကအတိတ်က အကြောင်းအရာတွေကို ပြန်တွေးပြီးသောအခါ သူ၏မျက်လုံးထဲတွင် အပြုံးက ပေါ်လာသည်။ သူ၏လေသံကလဲ ပေါ့သထက် ပေါ့လာတယ်။
သူသည် ပုံပြင်ဆန်သော အပိုင်းစတချို့ကို ဝေမျှပြန်သည်။ ဝေ့ရှောင်းကလဲ အမြဲတစေ အချက်တစ်ချက်ကိုသာ အာရုံစူးစိုက်ထားသည်။ “ ဒါပေမဲ့ မင်းတို့ဘာလို့အမြဲတမ်း ခေါင်းဆောင်အကြောင်း အရမ်းစိုးရိမ်နေတာလဲ”
ယွမ်ဇယ်၏စကားလုံးများနဲ့ အပြုအမူများအရ သူသည် Closeကို အမှန်တကယ် စိုးရိမ်နေကြောင်း သိနိုင်သည်။ မည်သို့ပင်ဆိုဆို ထိုအချိန်က Closeက အသင်းထဲသို့ ဝင်ခါစဖြစ်သည်။
သူက စကားပြောရတာ သဘောမကျလို့လား။
ဒါမှမဟုတ် social မကောင်းလို့လား။
ဒါမှမဟုတ် Closeက ငယ်လွန်းလို့ သူတို့ သူ့ကို ဂရုစိုက်ချင်ကြတာလား။
ဝေ့ရှောင်းက ထိုအကြောင်းအရာကို မတွေးနိုင်ပေ။
၁၉နှစ်အရွယ် ခေါင်းဆောင်ယွမ်နှင့် နတ်ဘုရားကင်တို့သည်လည်း အရွယ်ရောက်ပြီးခါစ ကောင်လေးများသာ ဖြစ်သည်။
သူတို့ကဘာလို့ ဒီလောက်ထိ တွေးပေးတတ်တာလဲ။
ထိုသို့မေးသောအခါ ကင်ဆိုးဟွန်းက တစ်ခဏခန့် မှင်သက်သွားသည်။
Close၏အသင်းဖော်သစ်လေးက ဆိုးသွမ်းပြီး အရိုင်းဆန်ကာ မနာခံတတ်ပုံ ပေါ်သည်။ သို့သော် သူ၏နှလုံးသားထဲတွင်မူ သူ၏ခေါင်းဆောင်ကို အမှန်တကယ် ဂရုစိုက်သည်။
သူသည် ထိုဟာသများအတွင်းမှ အသေးစိတ်ကိုပဲ အရဖမ်းမိလေသည်။ ကင်ဆိုးဟွန်းက ပေါ့ပါးစွာ ပြောသည်။ “မင်း၁၇နှစ်အရွယ် Closeကို မမြင်ဘူးလို့ပါ”
သူသည် ထိုစကားလုံးများကို ယခင်က ပြောခဲ့ဖူးပြီးသား ဖြစ်သည်။ သို့သော် ယခုလေသံကမူ ခြားနားလာသည်။
တဖန်ပြန်လည် နားထောင်ကြည့်သော ဝေ့ရှောင်းသည် သူ၏စိတ်ထဲ အချဉ်ပေါက်သလို ခံစားရပြန်သည်။ သို့သော် သူသည် သဝန်တိုသလိုမျိုး မဟုတ်တော့ချေ။ ထို့အစား ၁၇နှစ်အရွယ်Closeအတွက် ရင်နာမှုသာ ဖြစ်သည်။
“အဲဒီအချိန်က Closeက လူတိုင်းက စွန့်ပြစ်တာကို ခံလိုက်ရတဲ့ပုံစံမျိုး ဖြစ်နေတာ။ သူက ဘေးဘီကို လုံးဝ ဂရုမစိုက်တဲ့ပုံစံမျိုးပဲ”ယွမ်ဇယ်က social phobia အကြောင်း ပြောသည်။ ပြောရမည်ဆိုလျှင် ထိုအချိန်က ပို၍ပင် စိုးရိမ်စရာ ကောင်းခဲ့သည်။
လောကကြီးနှင့် အဆက်အသွယ်ပြတ်ပြီး အေးစက်သော ထိုလူငယ်လေးက နောက်တစ်စက္ကန့်တွင် အဆောက်အဦးပေါ်မှ ခုန်ချသွားမည်ဆိုလျှင်ပင် အံ့အားသင့်စရာ မကောင်းလောက်အောင် ဖြစ်နေသည်။
ဒါကဒီအတိုင်း social phobia မဟုတ်တော့ဘူး။...ထို့အတွက်ကြောင့် ယွမ်ဇယ်သည် ထိုကလေးအား အဆင်မပြေမည့် အခြေအနေကို စိုးရိမ်သွားပြီး စိတ်ပညာစာအုပ်များကို လှန်လှော ရှာဖွေဖတ်ရှုခဲ့ခြင်း ဖြစ်သည်။
113 03
ကင်ဆိုးဟွန်း၏စကားလုံးများက အလွန်ပင် ကြမ်းတမ်းသည်။ သို့သော် ဝေ့ရှောင်းကမူ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ ဖိဝင်လာသည့် ပြင်းထန်လေးလံလွန်းသော စိတ်ဓာတ်ကျမှုကို ခံစားရသည်။
“အဲဒီအချိန်က အားလုံးအားလုံး သူရဲ့မိသားစုက...ကောင်းမွန်ကြွယ်ဝတယ်လို့ သံသယ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ကင်ဆိုးဟွန်းက ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အများကြီး ကောင်းလာပါတယ်။ Closeက စကားပြောရတာ သဘော မကျဘူး။ အေးစက်စက်လူဘဲ ဆက်ဖြစ်နေသေးပေမဲ့လည်း ကောင်းတာလား ဆိုးတာလားတော့ မသိဘူး။ သူ ပြောဆိုဆက်သွယ် နိုင်လာတယ်။ ဒီအတိုင်း အင်းတွေ အဲတွေကြီးပဲ ဆိုရင်တောင်မှပေါ့”ဝေ့ရှောင်းက နားထောင်နေရင်း မှင်သက်သွားတယ်။ Closeသည် ထိုသို့ အသံသက်သက်သာ ထုတ်ပေးသော အလိုက်သံမျိုးက ပရိသတ်များအနေဖြင့် memeတွင် သုံးနေကြ ဖြစ်သည်။
မဟာမိစ္ဆာဘုရင်ကြီး အွန်း အကဲဖြတ်မှုClose၏ အေးစက်သောအွန်းနှင့် ညင်ညင်သာသာ အင်းတို့ကပင် နားထောင်ရန် ထိုက်တန်လွန်းနေသည်။ ဝေ့ရှောင်းသည်လည်း ၁၇နှစ်အရွယ်Closeက အခြားသောလူများနှင့် ဆက်သွယ်ရန် ထိုအလိုက်သံများကို ထုတ်ဖော်ခဲ့မည်ဟု မထင်ထားလောက်ပေ။
သူ၏သွေးကြောများအတွင်း တင်းကြပ်ကာ ထုံထိုင်းစေသော နာကျင်မှုတစ်ရပ်က ပျံ့နှံ့သွားချိန်တွင် ဆဲလ်ဖုန်းဟာ အသာတုန်လာသည်။ ဝေ့ရှောင်းကလဲ အသက်၁၇နှစ် မတိုင်ခင်က ခေါင်းဆောင်၏ တွေ့ကြုံခံစားရမှုများကို အမှန်တကယ် မသိပါပင်။ သို့သော် သူသည် FTWတွင် အိမ်အသစ် ရှာတွေ့ခဲ့ပြီး မိသားစုအသစ်ကို ရှာတွေ့ခဲ့ပြီး အခြားသောသူများကို စတင်ကာ လက်ခံနိုင်လာသည်။ နှမြောစရာကောင်းသည်မှာ တိုတောင်းသည့် တောက်ပသော တစ်နှစ်တာ ကာလပြီးနောက် FTWက ပြိုကွဲသွားသည်။
အပျက်အစီးပုံကြားမှာ ဆက်ပြီးရပ်ရင်း ကျန်ရစ်ခဲ့တဲ့Close အဲဒီအချိန်က ဘာတွေများ တွေးနေလောက်လဲ။
ကြည်လင်ပေါ့ပါးသော မီးခြစ်သံက ဝေ့ရှောင်းကို လက်ရှိကာလသို့ ပြန်လည် ဆွဲခေါ်သည်။ ကင်ဆိုးဟွန်းက နောက်ထပ်ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ သူ၏လက်ချောင်းများအတွင်း သေးငယ်သည့် မီးပွားက လောင်ကျွမ်းနေသည်။
“အတိတ်က ငါတို့အကိုကြီးတွေက သူ့အပေါ် တကယ်ကို အကြွေးတင်ခဲ့တာပါ” ကင်ဆိုးဟွန်းက ဝေ့ရှောင်းကို ကြည့်သည်။
ဝေ့ရှောင်းက ကျယ်လောင်စွာ အော်ရယ်သည်။
“ငါ ဘယ်တော့မှ သူ့ကို ထားခဲ့မှာ မဟုတ်ဘူး။ ငါသူ့ကို အမြဲတမ်းအဖော်ပြုပေးမှာ တစ်ဘဝလုံး” ကင်ဆိုးဟွန်းက ရယ်သည်။ “မင်းက သူ့ရဲ့မိန်းမမှ မဟုတ်တာ ဘယ်လိုကြောင့် တစ်ဘဝလုံး အဖော်ပြုမှာလဲ”
ဝေ့ရှောင်း “ငါက…” ထို့နောက် ကင်ဆိုးဟွန်းက လည်ချောင်းရှင်းသည်။ သူသည်လည်း မိန်းမဆိုတဲ့စကားလုံးဟာ မသင့်လျော်ကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် Close၏စိတ်ကို သိလေသည်။
ဝေ့ရှောင်းက ရုတ်တရက် ရပ်သွားသည်။ သူသည် ခေါင်းဆောင်၏မိန်းမထက် ယောက်ျားဖြစ်ချင်ကြောင်း မပြောနိုင်ပေ။
အား…
ခေါင်းဆောင်၏ အတိတ်အကြောင်းကို နားထောင်ပြီးနောက် ဝေ့ရှောင်းက ကင်ဆိုးဟွန်းနှင့် ပတ်သက်ပြီး စိုးရိမ်သွားသည်။
“နတ်ဘုရားကင် မင်း ဘာလို့ တစ်ယောက်တည်း ထွက်ပြီး ထိုင်နေတာလဲ။ မနက်ဖြန်ပြိုင်ပွဲကို မကြောက်ဘူးလား”
ကင်ဆိုးဟွန်းက သူ့ကို တစ်ချက်ကြည့်သည်။ “ဘာကို ကြောက်ရမှာလဲ” ။ ဝေါရှောင်းက ပြန်ပြောသည်။ “မင်း ငါတို့ကို ရှုံးမှာကို ကြောက်ရမှာလေ” ကင်ဆိုးဟွန်းက မယုံနိုင်သလို အသံပြုသည်။
ဝေ့ရှောင်းက ဖိပြောသည်။ “မင်း သိပ်မကြာခင်က ငါတို့ဆီမှာ ရှုံးထားဖူးတယ်”။ ကင်ဆိုးဟွန်းက မေးစေ့ကို အသာမော့လိုက်သည်။ သူ၏မျက်ရည်ခံမှည့်က သိသာထင်ရှားလှသည်။ “ငါ ဒီလောက် ဆိုးဆိုးရွားရွားကြီး ကစားတာတောင် မင်းတို့တွေ ငါ့ကိုမနိုင်နိုင်ဘူးဆိုရင် FTWက ဘာနဲ့ ထိုက်တန်တော့မှာလဲ”
ဒီစကားလုံးတွေ ကြားရက်သားနဲ့ ဝေ့ရှောင်းကလဲ ထိုစကားလုံးများကို ကြားရခြင်းအား သဘောကျသည်။ သူက ရယ်၏။
“ဒါဆိုရင် မနက်ဖြန် မင်း ကောင်းကောင်းကစားတာကို ငါ စောင့်နေမယ်” ကင်ဆိုးဟွန်းကလဲ သူ၏စိတ်အားထက်သန်မှုကို အမှန်တကယ်ပင် လေးစားသည်။
“ငါ တကယ်မင်းကို ကျေနပ်စေရမယ်” ဝေ့ရှောင်းက သူ၏အချစ်ဝန်ခံမည့် အစီအစဉ်ကို သတိရသွားပြီး ပြောလိုက်သည်။ “ငါလည်း သေချာပေါက် ညှာတာပေးမှာ မဟုတ်ဘူး”
ဒါပေမဲ့ ကင်ဆိုးဟွန်းက လက်ယမ်း၍ “သွားသွားသွား ပြန်အိပ်တော့”
သူ့စကား မဆုံးသေးခင် ဝေ့ရှောင်း၏ဖုန်းက မြည်လာသည်။ ဝေ့ရှောင်းက တစ်ချက်ကြည့်လိုက်ပြီး ပျော်ရွှင်သွားသလို မျက်ခုံး ပင့်လိုက်သည်။“ခေါင်းဆောင်ပဲ”
ကင်ဆိုးဟွန်း “….”
ဒါက ကြွားစရာလိုလို့လား။ ဘယ်သူ့မှာ ခေါင်းဆောင်မရှိလို့လဲ။
ဝေ့ရှောင်းက ဖုန်းကို ဖြေသည်။
“ခေါင်းဆောင်” ကင်ဆိုးဟွန်းနားကပဲ တုန်သွားသည်။
113 04
သူသည်လည်း Closeလို gayတစ်ယောက်အနေနဲ့ ထိုအသံကို မည်သို့တောင့်ခံနိုင်မည်နိုင်ရနည်း။
အခြားတစ်ဖက်ခြမ်းက မည်သို့ ပြောလိုက်သည်မသိ။ ဝေ့ရှောင်းက ချက်ချင်းလိုလို ခုန်ပေါက်သည်။
“နတ်ဘုရားကင် ငါ ပြန်တော့မယ် တာ့တာ” ။ကင်ဆိုးဟွန်းက သူ့ကို လက်ယမ်း နှုတ်ဆက်လိုက်သည်။
ဝေ့ရှောင်းက လျင်မြန်စွာ ပြန်ပြေးသွားသည်။ သူသည် နေရာရွှေ့ပြောင်းလျက် ခေါင်းဆောင်၏ဘေးသို့ နှစ်စက္ကန့်အတွင်း ရောက်ရှိသွားရန်ပင် မျှော်လင့်မိသည်။
ကင်ဆိုးဟွန်းက သူ၏ပုံစံကို မြင်သောအခါ သူ၏နှုတ်ခမ်းထောင့်မှ အပြုံးက တဖြည်းဖြည်းချင်းစီ ပျောက်ကွယ်သွားသည်။
သူသည် လက်ရှိဝေ့ရှောင်းကို မြင်လိုက်ရသောအခါ သူ့ရဲ့အတိတ်က သူ့ကိုယ်သူ သတိရသွားတယ်။
သူသည် အသက်၁၇နှစ်တွင် gloryသို့ ဝင်ခဲ့သည်။ သူ၏နှလုံးသားက ရည်မှန်းချက် အပြည့်နှင့်ဖြစ်ပြီး ဝေ့ရှောင်း ယခုလုဖုန်းနောက်သို့ လိုက်သလိုမျိုး လီဟယ်ယန်၏ နောက်သို့ လိုက်ခဲ့သည်။
ထိုအချိန်က လီဟယ်ယန်သည် တောင်ကိုရီးယားတွင် နံပါတ်၁ adcဖြစ်ပြီး သူ၏အသင်းဖော်အဖြစ် ရှိခဲ့သည်။ ထိုအချိန်က လီဟယ်ယန်က national mvp ကိုရထားသော တောက်ပလွန်းတဲ့ ကြယ်စင်ဖြစ်ကာ သူသည် ဘေးဘက်မှ ခဲပတ်သာ ဖြစ်ခဲ့သည်။
လီဟယ်ယန်၏ကိုယ်ပေါ် ကျရာက်ခဲ့သော အလင်းက တောက်ပလွန်းသဖြင့် သူသည် အလင်း၏ နောက်ကွယ်သာ ရပ်နိုင်ခဲ့သည်။
ထို့ကြောင့် လူအများက လီဟယ်ယန်အကြောင်း ပြောသောအခါ ကင်ဆိုးဟွန်းကို သတိမရကြပေ။ သို့သော် ကင်ဆိုးဟွန်း၏အကြောင်းကို ပြောသောသူတို့သည် အမြွှာကြယ်နှစ်သွယ်ကို သတိရကြတယ်။ ထိုအချိန်က ကင်ဆိုးဟွန်းသည်လဲ ထိုအခြေအနေကို လက်မခံလိုခဲ့ပေ။ သူသည် လီဟယ်ယန်ကို အမှီလိုက်လိုသည်။ သူ၏ဘေးတွင် ရပ်လိုသည်။ နောက်ပိုင်းတွင် FTW သို့ ရောက်သွားပြီး ကမ္ဘာ့ချန်ပီယံရှစ်ကို ရလိုက်သည်။ သူသည် လီဟယ်ယန်ကို နိုင်သွားသည်။ တစ်ဖက်လူနှင့် လက်ဆွဲ နှုတ်ဆက်သောအခါ လီဟယ်ယန်က သူ့ကို ပြောသည်။
“တော်တယ်”
ကင်ဆိုးဟွန်းက သူ၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မျက်လုံးများက နီရဲနေသည်။
“ငါ နိုင်သွားလား” လီဟယ်ယန် “အွန်း” ဒါပေမဲ့… သူ မနိုင်ပါဘူး။
သူ အချိန်တွေ အများကြီး ဆုံးရှုံးသွားတယ်။
သူ့ကို FTWကို ရောင်းခဲ့သည့် ဟယ်ယန်ကို မုန်းသည်။ သူ ကိစ္စ၏အမှန်တရားကို ကြားရသောအခါ ပြန်လိုချင်ခဲ့သည်။သို့သော်…
သူသည် အပြင်းအထန် ကြိုးစားခဲ့ပြီး အိမ်သို့ ခါးသီးစွာ ပြန်သွားခဲ့သည်။
ထိုအခါ ဒဏ်ရာဟောင်းများအပြည့်နှင့် စိတ်ဓာတ်ကျနေသော လီဟယ်ယန်ကိုသာ တွေ့ရတယ်။
အရာအားလုံးတွင် သူ့ထက်သာပြီး အတူတကွ ကြီးပြင်းလာခဲ့သော လီဟယ်ယန်က…သူက အမြဲတစေ နောက်မှလိုက်ပြီး ကျောပြင်ကိုသာ ကြည့်နေခဲ့ရသော လီဟယ်ယန်က ယခုအခါ အိမ်ခြေရာမဲ့ ခွေးတစ်ကောင်လို ထိုးကျနေခဲ့သည်။
ကင်ဆိုးဟွန်းက သူ့ကိုဆူပူသည်။ “မင်း ဘာလို့ ငါ့ကိုFTWကို သွားဖို့ လှည့်စားခဲ့တာလဲ” လီဟယ်ယန်က တိတ်ဆိတ်နေသည်။ ကင်ဆိုးဟွန်းရဲ့အသံက တုန်သွားတယ်။
“ငါ တရုတ်မှာ တစ်ယောက်တည်း ရှိနေခဲ့တာကို မင်း သိလား”
113 05
လီဟယ်ယန်က ခပ်တိုးတိုး ပြောသည်။
“ဆိုဟွန်း မင်းက အခုမတူတော့ဘူးလေ”
တရုတ်ပြည်သို့ ထွက်သွားခဲ့သော ကင်ဆိုးဟွန်းက ကမ္ဘာ့ချန်ပီယံရှစ်ရပြီး glory၏ ဘုရားကျောင်းထဲသို့ ဝင်လျက် တောင်ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် marksman ဖြစ်လာသည်။
အိမ်တွင် နေခဲ့သော လီဟယ်ယန်က ကလပ်၏ ခြောက်ကပ်သည်အထိ သွေးစုပ်ခံခဲ့ရပြီး ဗုန်းဗုန်း လဲကျသွားသည်။
ကင်ဆိုးဟွန်းက လက်ကို ဆန့်ထုတ်လျက် သူ၏အကျီကော်လံကို ဆွဲခါလျက် “ငါ သောက်ကျိုးနည်း မင်းရဲ့ စာနာသနားမှုကို မလိုချင်ဘူး”
လီဟယ်ယန် “ဒါက မင်းရဲ့ကြိုးစားအားထုတ်မှုက ရတဲ့ရလာဒ်တစ်ခုပဲ” ကင်ဆိုးဟွန်းက အံကို ကြိတ်သည်။
“မင်း…သေစမ်း မင်း ငါ့ကို တစ်ချိန်လုံး လိမ်နေခဲ့တာပေါ့” လီဟယ်ယန်က ခေါင်းငုံ့သွားသည်။
“ငါ တောင်းပန်ပါတယ်” ကင်ဆိုးဟွန်းသည် သူ၏တောင်းပန်စိတ်ကို မလိုချင်ခဲ့ချေ။ သူသည် လီဟယ်ယန်ကို မတ်တပ် ရပ်စေလိုလေသည်။ ဤနည်းအားဖြင့် ယခင်ကအတိုင်း အမြဲတစေ သူ၏ရှေ့တွင် လျှောက်နေစေလိုသည်။ အမြဲတစေ သူ့ထက် သာနေစေလိုသည်။ အမြဲတစေ သူ့ထက် တော်နေစေလို၏။
လီဟယ်ယန်က ဒီလိုမဖြစ်သင့်ဘူး။
ပိုဆိုးတာက…သူ့အတွက်ကြောင့်နဲ့ ဒီလိုကို မဖြစ်သင့်တာ။
ကင်ဆိုးဟွန်းအနေဖြင့် လက်ရှိ PROကို တည်ဆောက်ရန် ၂နှစ်ခန့် လိုခဲ့သည်။ globle final ထဲသို့ ပြန်ရန် ၂နှစ်ထက် ကြာခဲ့သေးပြီး လီဟယ်ယန်နှင့်အတူ double ချန်ပီယံရှစ်ကို ရယူရန် ၂နှစ် ကြာသည်။
သူတို့က မျက်စိကျိန်း၍ တောက်ပသော စင်ပေါ် ရပ်နေသောအခါ ပရိသတ်များက ကင်ဆိုးဟွန်း၏နာမည်ကို ပြောင်းလိုက်ကြသည်။ မည်သူကမှ ယခင်က နံပါတ်၁ marksmanလီဟယ်ယန်၏ နာမည်ကို မမှတ်မိတော့သလို မည်သူကမှ ကင်ဆိုးဟွန်း၏အနောက်တွင် ရပ်နေခဲ့သော တိတ်ဆိတ်သည့် အမျိုးသားက တစ်ချိန်က တောက်ပလွန်းပြီး မျက်စိ ကျိန်းစေခဲ့ကြောင်း သတိမရတော့ပေ။
ကင်ဆိုးဟွန်းက လက်မခံလိုဘဲ သူ၏နှလုံးသားက လက်ခံချင်စိတ်ပင် မရှိချေ။
သူက ချန်ပီယံရှစ်ကို လိုချင်တယ်။ တကယ့်ချန်ပီယံရှစ်အစစ် သူ လီဟယ်ယန်ကို ပြောချင်တာ…
သူတို့ ငယ်ငယ်တုန်းက ပေးခဲ့တဲ့ကတိကို သူ လုံးဝမမေ့ဘူး။
သူတို့က ချန်ပီယံရှစ်ကို အတူတကွ အရယူမှာ။ နှစ်ယောက်အတူ စင်ပေါ်မှာရပ်ပြီး ကမ္ဘာ့နံပါတ်၁ အတူဖြစ်ကြမယ်။ အဲဒီနောက် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ အင်အားအကြီးဆုံး ကစားသမားတွေ ဖြစ်လာလိမ့်မယ်။
သူ မမေ့ဘူး။ ဒါပေမဲ့ လီဟယ်ယန်က မှတ်မိသေးရဲ့လား။
ကင်ဆိုးဟွန်းက စီးကရစ်တစ်ဘူးလုံး မီးညှိလိုက်သည်။ သို့သော် မည်သည့်တစ်လိပ်ကမှ နှုတ်ခမ်းကို မထိပေ။
ယွမ်ဇယ်က သူ့ကို ပြောသည်။ စိတ်မပျော်လျှင် စီးကရက် သောက်ခိုင်း၏။ ဒီနည်းအားဖြင့် ဆိုးရွားသော စိတ်အခြေအနေကို လောင်ကျွမ်းသွားလိမ့်မည်ဟု ပြောသည်။
ကင်ဆိုးဟွန်းက စီးကရစ်ဖင်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး အထဲသို့ ပြန်ဝင်ခဲ့သည်။
သူ မနက်ဖြန် ပြိုင်ပွဲကို နိုင်ရမယ်။
လီဟယ်ယန်အဟောင်းကို ဘယ်လိုပြန်ခေါ်ရမလဲ ဆိုတာကိုတော့ သူ မသိဘူး။ ဒါကြောင့် သူအနိုင်ရအောင်ပဲ လုပ်ဖို့ ရှိတယ်။
အနိုင်ရအောင် လုပ်ရမယ်။ ဆက်နိုင်အောင် လုပ်ရမယ်။ ဒီလိုနဲ့ ကတိတွေ အမှန်တကယ် ဖြစ်လာတဲ့အထိပေါ့။
အပေါ်သို့ တက်ပြီးနောက် ဝေ့ရှောင်းက အခန်းထဲသို့ဝင်ရုံသာ ရှိသေးသည်။ ရေချိုးခန်းထဲမှ ထွက်လာသော ခေါင်းဆောင်နှင့်တိုးသည်။
ဝေ့ရှောင်း “!”
လုဖုန်းက ခါးတွင် တဘက်တစ်ထည်ကိုသာ ပတ်ထားသည်။ အပေါ်ပိုင်းတွင် ရေများ စိုရွှဲနေပြီး အေးစက်ကာ ဖြူဖျော့သော အသားအရေက ဆောင်းတွင်းတွင် မြူတစ်လွှာကို ဖောက်ဝင်လာသော အလင်းစက်များ ကျနေပုံနှင့် တူသည်။
ဝေ့ရှောင်းက သူ့ကို တစ်ဖြောင့်တည်း ကြည့်ပြီး နှလုံးသားက တုန်လှုပ်လာသည်။
ဒုန်း ဒုန်း ဒုန်း…
သွားပြီ… သူ လူ မဟုတ်ဘူး။
အရင်က သူခေါင်းဆောင်ရဲ့ စကေးကိုပဲ လောဘကြီးတာ အခုနောက်ပိုင်းတော့ လူကိုယ်တိုင်ကိုတောင် မချန်တော့ဘူး။
သူ၏အကြည့်အောက်တွင် လုဖုန်း၏ နှလုံးသားက ပူတက်လာသည်။ သူက အိမ်နေရင်းဝတ်စုံကို ကောက်ဝတ်လိုက်ပြီး “ဘယ်ကို သွားနေတာလဲ” ဝေ့ရှောင်းက အသိပြန်ဝင်သွားပြီးနောက် ဆိုးရွားသော အကြောင်းအရာများကို ဖိနှိပ်လျက် ပြောလိုက်သည်။
“ငါ အိပ်မပျော်လို့ အောက်ထပ် ဆင်းပြီး လမ်းလျှောက်တာ” လုဖုန်းကလဲ အများကြီး မတွေးပေ။ ဒီအချိန်က ဝေ့ရှောင်း၏ အိပ်ချိန် မဟုတ်သေးပေ။
“မနက်ဖြန် ဂိမ်းပွဲ ရှိတယ်။ စောစောအိပ်တော့”
ဝေ့ရှောင်းက ခေါင်းညိတ်သည်။
“အွန်း” စောစောအိပ်မယ်။ ကောင်းကောင်းအိပ်မယ်။ သူ့ရဲ့energy level ကို ထိန်းထားရမယ်။ အဲဒီလိုနဲ့ ၁၀သန်း အနိုင်ယူပြီး ခေါင်းဆောင်ကို ပေးရမယ်…။
သူ ဖွင့်ပြောဖို့ မထိုက်တန်သေးဘူးဘဲ။ ဒါပေမဲ့ အနမ်းကတော့ အဆင်ပြေပါတယ်။
******