အပိုင်း 112 “မင်းသာ အထီးကျန်ရင် အခြားတစ်ယောက်ကို သွားရှာလိုက်”
လုဖုန်းသည် ထိုညနေပိုင်းတွင် တစ်စုံတစ်ရာ လုပ်စရာရှိ၏။ ထိုအတွက်ကြောင့် ဝေ့ရှောင်းက အခန်းထဲတွင် တစ်ယောက်ထဲ ရှိနေသည်။
သူက စောစော ရေချိုးပြီးသည်နှင့် အိပ်ရာသို့ ပြေးကာ ကိုယ်ကို စောင်ဖြင့်အုပ်ထားရင်း မျက်လုံးကို မှိတ်ကာ အိပ်ရာထဲ လဲနေသည်။
Solo တစ်ပွဲ၊ Solo နှစ်ပွဲ၊ Solo သုံးပွဲ…
သောက်ကျိုးနည်းကို အိပ်ရမှာလား သူ မအိပ်နိုင်ဘူး။
ဝေ့ရှောင်းက မျက်လုံး ပြန်ဖွင့်လိုက်သည်.
ဆယ်နာရီထိုးပြီး အနည်းငယ်သာ ကျော်သေးသောကြောင့် သူသည် မအိပ်နိုင်သေးပေ။
ထို့အပြင် သူ၏စိတ်အတွင်း တစ်စုံတစ်ရာနှင့် ဆက်စပ်နေသော ကိစ္စတစ်ခုကလဲ ရှိနေသေးသည်။ သူသည် ထိုအကြံအစည်ကို တွေးမိသောအခါ ဝေ့ရှောင်းသည် သူ၏ မျက်နှာကို ဖျန်းကနဲ ရိုက်လိုက်မိသည်။
စိတ်ငြိမ်ငြိမ်ထား စိတ်ငြိမ်ငြိမ်ထား ဂိမ်းပွဲပြီးသွားတဲ့နောက် ဂိမ်းကို နိုင်ပြီးတာနဲ့ သူကျန်တဲ့ အကြောင်းအရာတွေကို ဆက်တွေးလို့ ရပြီ။
ဒါပေမဲ့ ဘယ်လိုများခိုး နမ်းရမှာလဲ။
၁၉ နှစ် အရွယ် လူပျိုလေးသည် အနမ်းနှင့် ပတ်သက်ပြီး ဘာကိုမှ မသိပါပေ။
ဟုတ်တယ်။ ဝေ့ရှောင်းက bonus နှစ်သန်းကို လက်လျော့လိုက်ပြီး သူ့ရဲ့ဘဝကို လောင်းကြေး ထပ်ပြီး တိုက်ခိုက်ရမှာက ဒီအနမ်းလေးအတွက်ကြောင့်ပဲ။
သူက ခေါင်းဆောင်ကို နမ်းချင်တယ်။ ဒီလိုမှပဲ ခေါင်းဆောင်က သူရဲ့ ဆန္ဒကို သေချာနားလည်သွားမှာ။
ဒီသဘောကျတယ်ဆိုတာက အဲဒီ သဘောကျတဲ့ ပုံစံမျိုး မဟုတ်ဘူး။
အိမ်ထောင်စုစာရင်း တစ်ခုထဲကို အတူမျှဝေ အသုံးပြုတယ်ဆိုတာက အဖေနဲ့ သားဖြစ်မှ မဟုတ်တာ ညီအစ်ကိုတွေ အား နေပါအုံး ချစ်သူတွေလဲ ဖြစ်လို့ရတာပဲ။
ဝေ့ရှောင်းသည် အသက် ပြင်းပြင်းရှုလိုက်ပြီး သူ၏ cell phone ကို ဖွင့်ကာ အနမ်းနဲ့ ပတ်သက်ပြီး ရှာဖွေ၏။
သူသည် ရလဒ်ကို တစ်ချက်လေးသာ ခိုးကြည့်လိုရုံ ဖြစ်သည်။ ထို့ကြောင့် စာမျက်နှာ တစ်ခုကို ခပ်မြန်မြန် ကလစ်နိုပ်ကာ ဝင်ကြည့်လိုက်သည်။ ဒါက မကောင်းသေးပါဘူး။
သူ့အဘွားက အရင်က ပြောဖူးတယ်။
ပိုင်ဆိုင်မှုနဲ့ မပတ်သက်သင့်တဲ့ ကိစ္စတွေကို မကြည့်သင့်ဘူးတဲ့။ ထားလိုက်ပါတော့။ ဒီတိုင်း ချောင်းကြည့်ယုံပါပဲ။ သူ အရင်က ဝက်သား မစားဖူးပေမဲ့လည်း ဝက်တွေ ပြေးတာကို မမြင်ဖူးဘူးလို့တော့ မဆိုလိုဘူးလေ။
ဝေ့ရှောင်း၏ ဦးနှောက်အတွင်း ဗလာများက ပြည့်နှက်လာသည်။ သူ၏ စိတ်ကူးယဥ်မှုက သူ၏ ခန္ဓာကိုယ်ကို ပူတက်လာစေသဖြင့် သူ့အား အစပ် မာလာငါးတစ်ကောင်အသွင်ပင် ပြောင်းလုနီးပါး ဖြစ်သွားသည်။
အခန်းက ပူလွန်းသည်။ ထို့အတွက်ကြောင့် သူသည် ဒီနေရာတွင် ဆက်မနေနိုင်တော့ပေ။ ထို့ကြောင့် အပြင်ထွက်ကာ လေရှုသည်။
နည်းပြ ချန်းဖုန်း၏ တင်းကြပ်သော အမိန့်ကြောင့် FTW မှ အခြားသော သုံးယောက်သည် သူတို့၏ အခန်းများတွင် နာနာခံခံ ပုန်း၍ အိပ်နေကြသည်။
ဝေ့ရှောင်းကလည်း ပိုင်ချိုင်ကို သွားမရှာရဲပေ။
သူ ချိုင်ကောကိုလဲ ဒီအကြောင်းအရာ သွားပြောလို့လဲ မရဘူးလေ။ နောက်ပြီး ချိုင်ကောရဲ့ သေးငယ်တဲ့ သတ္တိလေးနဲ့သာဆိုရင် သူ စိတ်လွတ်လောက်အောင် ကြောက်သွားမှာပဲ။ ထို့ကြောင့် သူသည် ချိုင်ကောသည် ပြိုင်ပွဲအတွက် ကောင်းကောင်းအိပ်ပျော်ပြီး သူ့ကို အကူအညီပေးနိုင်ရန် မျှော်လင့်သည်။
သူသည် မည်သူ့ကိုမှ မပြောနိုင်ပေ။ သို့သော် နှလုံးသားရေးရာ ကိစ္စများက သူ၏ အတွေးအတွင်း ခုန်ပေါက်ကာ ပျံ့ကျဲနေ၏။ ထို့ကြောင့် ဝေ့ရှောင်းအနေဖြင့် ပင်လယ်ကမ်းခြေသို့သာ လမ်းဆင်းလျှောက်ပြီး လေတိုက်ခံရန် ဆုံးဖြတ်လိုက်သည်။
ညအချိန် ကျွန်းက နေ့အချိန်က ကျွန်းပုံစံမျိုးနှင့် ခြားနားသည်။ ပင်လယ်ပြာက မဲမှောင်နေပြီး ငွေဖြူရောင်သဲများက လျော့ပါးပျောက်ကွယ် သွားသည်။ ထိုနည်းအားဖြင့် ပင်လယ်လှိုင်းလုံးများ၏ အော်သံကသာ ကျန်ရစ်သည်။
ဝေ့ရှောင်းက အသင်းယူနီဖောင်းကို ဝတ်ထားသောကြောင့် မအေးပေ။ သို့သော် သူ၏ နှလုံးသားကမူ သိသိသာသာ တည်ငြိမ်သွားသည်။
သူသည် ကျောက်တုံးတစ်ခုကို ရှာပြီး ထိုင်လိုက်သည်။ သူက အသက်ရှုသွင်း လိုက်သောအခါ ပင်လယ်လေ အငံရနံ့ကို ရလိုက်သည်။
“Quiet လား”
112 02
ဝေ့ရှောင်းက အနည်းငယ် လန့်သွားသည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဘယ်အချိန်ကမှန်းမသိ သူ၏ ဘေးဘက်တွင် ထိုင်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်သည်။
ပင်လယ်ပြာရောင် အသင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး လေကြောင့်လွှင့်နေသော အနက်ရောင် ဆံပင်၊ မျက်ရစ် တစ်ခု၊ မျက်ရည်ခံမှဲ့တစ်ခုနှင့် သူ၏ မာနကြီးသည့်ပုံစံမျိုးအရာ….
ဝေ့ရှောင်းက အံ့ဩသွားသည်။
“နတ်ဘုရားကင်လား”
သူ၏ ဘေးဘက်တွင် ပင်လယ်လေတိုက်ခံရင်း ထိုင်နေသူမှာ တုန့်ပြန်မှုအနည်းငယ်နှင့် ခေါင်းညိတ်ပြသော ကင်ဆွန်းဟွန်းသာ ဖြစ်သည်။
ဝေ့ရှောင်းကလည်း သူ၏ လက်ချောင်းထိပ်မှ မီးပွားကို မြင်လိုက်ပြီး တစ်ဝက်ခန့် လောင်ကျွမ်းနေသော စီးကရက်ဖြစ်၏။
ကင်ဆွန်းဟွန်းကလည်း သူ၏ အကြည့်လားရာကို သတိထားမိသည်။
“တစ်လိပ်ယူမလား”
ဝေ့ရှောင်းကလည်း ခေါင်းခါသည်။
“ငါ ဆေးလိပ် မသောက်ဘူး”
ကင်ဆွန်းဟွန်း၏ နှုတ်ခမ်းက ကွေးသွားသည်။
“လိမ္မာတဲ့ကလေး”
ထိုအသံtone က ခွေးအိုကြီးယွမ်နဲ့ အလွန်တူသည်။ သူ့ကို ခွေးအိုကြီးယွမ်က သင်ကြားပေးခြင်း ဖြစ်ထိုက်သည်။
ဝေ့ရှောင်းက ကြက်သီး ထလာရင်း ပြောလိုက်သည်။
“ဓားမြယွမ်, ထွက်သွား”
ကင်ဆွန်းယွန်းက ခဏခန့် ကြောင်သွားပြီး သတိထားမိသွားသည်။ “ဖာ့ခ် သူ ငါ့ကို ဒီလို ပြောနေကြ”
ဝေ့ရှောင်းကလည်း ခန့်မှန်းမိသည်။
“သူက မင်းထက် အများကြီး အသက်ကြီးတာလား”
ယွမ်ဇယ်၏ အသက်က လျို့ဝှက်ဆန်းကြယ်သည်။ သူသည် အမြဲတစေ သားရဲကောင်လို ပြောတတ်၏။ သို့သော် သူ တိတ်ဆိတ်နေချိန်တွင် အသက်နှစ်ဆယ်အရွယ်ခန့်ဟု ထင်ရပြန်သည်။ သူ၏ အသက်က သူဟာ လူလို ပြုမူချိန် ရှိမရှိအပေါ် မူတည်နေသည်။
ကင်ဆွန်းဟွန်း “ငါ့ထက် ၅ ရက် ကြီးတယ်” ဝေ့ရှောင်းက ကြောင်သွားသည်။
“ဒါတောင် သူက ဘယ်လိုမျက်နှာနဲ့ မင်းကို ဒီလို ပြောတာလဲ”
ထိုသို့ ပြောပြီးတည်းက သူက နားလည်လိုက်သည်။ တဖက်သူက တရုတ်စကားကို မသိသော ကင်ဆွန်းဟွန်းကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ခဲ့ခြင်း ဖြစ်သည်။
ကင်ဆွန်းဟွန်း အနေဖြင့် ဒီနေရာတွင် ထိုင်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မသိနိုင်ပေ။ သို့သော် သူက စကားပြောချင်နေသေးပုံ ရသည်။
“ငါ FTW ကို စဝင်တော့ တရုတ်စကားတစ်ခွန်းမှ မပြောတတ်ဘူး။ ငါ သူ့ကိုပဲ မှီခိုပြီး ဘာသာပြန်ခိုင်းခဲ့ရတာ”
ဝေ့ရှောင်းကလဲ ထိုအချိန်တွင် အမှန်တကယ်ပင် သဘောကျမိသွားသည်။
“ခေါင်းဆောင်ယွမ်က တကယ်ပဲ ဘာသာစကား ရှစ်မျိုးလုံး ကျွမ်းတာလား”
ကင်ဆွန်းယွန်း “ရှစ်မျိုးလုံးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ငါးမျိုး ခြောက်မျိုးလောက်ကတော့ သေချာတယ်”
ဝေ့ရှောင်းက အံ့ဩသွားသည်။ “သူ ဘယ်လိုလုပ်တာလဲ”
ကင်ဆွန်းဟွန်းက Close ထက် နှစ်နှစ်ကြီးသည်။ သူသည် Close ထက်အရင် FTW သို့ တစ်နှစ်စောကာ ဝင်ခဲ့သောကြောင့် ထိုအချိန်က အသက် ၁၈ ၁၉ သာ ဖြစ်လောက်ပြီး ယွမ်ဇယ်က သူထက် ၅ ရက်ကြီးသောကြောင့် အသက်တူလောက်သည်။
ဒါဆိုရင် ၁၈နှစ်အရွယ် ခွေးအိုကြီးယွမ်က ဘာသာစကား ၅မျိုး ၆မျိုးကို ဘယ်လို ကျွမ်းနေတာလဲ။
ကင်ဆွန်းဟွန်း “သူ့ကို တရုတ်နဲ့ တူလွန်းနေတဲ့ပုံစံကိုပဲ ကြည့်ပြီး အကဲမဖြတ်လိုက်နဲ့ သူက တကယ်တော့ သွေးနှော”
ဝေ့ရှောင်းသည် ပထမဦဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် မေးလိုက်သည်။
112 03
“သူက တိုင်းပြည် ၅နိုင်ငံ ၆နိုင်ငံလောက် သွေးနှောနေတာတော့ မဟုတ်ပါဘူး”
ကင်ဆွန်းဟွန်း “အတူတူလောက်ပဲ”
ဝေ့ရှောင်းက တစ်စက္ကန့်ခန့် ကြောင်သွားသည်။
ယွမ်ဇယ်၏ အဖေသည် တရုတ်စစ်စစ် စီးပွားရေးသမား ဖြစ်သည်။ သို့သော် သူ၏အမေကမူ ကိုးရီးယားနှင့် သွေးနှော ဖြစ်သည်။
ထိုသွေးနှောအတွင်းတွင် ယွမ်ဇယ်သည် နိုင်ငံ ၅နိုင်ငံ ၆နိုင်ငံ၏ သွေးနှောသော ကလေးတစ်ယောက် ဖြစ်လာသည်။
ယွမ်ဇယ်၏ အဘွားက ဂျပန်-ကိုးရီးယားဖြစ်ပြီး အဘိုးက အင်္ဂလိပ်နှင့် ပြင်သစ် သွေးနှော ဖြစ်သည်။ ထို့အတွက်ကြောင့် သူသည် ဂျပန်၊ကိုးရီးယား၊အင်္ဂလိပ်၊ပြင်သစ်၊ တရုတ်ကျွမ်းကျင်နေသည်။
သူ၏ အကောင်းဆုံးသော ဘာသာစကားက ကိုးရီးယားဖြစ်သည်။ အကြောင်းမူက ယွမ်ဇယ်က ကလေးဘဝက ကိုးရီးယားတွင် နေခဲ့ဖူးသောကြောင့်ဖြစ်သည်။
တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။
ဝေ့ရှောင်းက အံ့အားတကြီး ပြောသည်။
“ခေါင်းဆောင်ယွမ်ရဲ့ ဘဝနောက်ခံက ဝတ္ထတွေတောင် ထည့်မရေးရဲတဲ့ ပုံစံမျိုးပဲ” ကင်ဆွန်းဟွန်းက ရယ်၏။
“ဒါကို ဘယ်လို ထည့်တွက်လို့ ရမှာလဲ နောက်ပိုင်း သူရဲ့မိဘတွေက ကွာရှင်းလိုက်ပြီး မိသားစုအသစ်တွေ ရလာတယ်။ အဲဒီနောက် သူက အမေနောက်ကို လိုက်ပြီး ကိုးရီးယားမှာ အသက် ၁၂ ရောက်တဲ့ထိနေပြီး အဲဒီနောက် အသက် ၁၃နှစ်မှာ USကို ပြောင်းသွားတယ်။ အသက် ၁၄နှစ်မှာ သူ့အဖေနဲ့ တရုတ်ကို ပြန်လာတယ်။ အဲဒီနောက်...”
ထိုအခြေအနေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်လာသောကြောင့် ဖြတ်လိုက်ပြီး ကင်ဆွန်းဟွန်းက အနားသို့ မှီကိုင်းလာ၍ ပြောပြသည်။
“သူ ငါနဲ့ တစ်နှစ်ထဲ FTWကို ဝင်လာခဲ့တာ။ ငါက ပတ်ဝန်းကျင်နဲ့ မရင်းနှီးသလို ဘာသာစကားကိုလဲ မကျွမ်းကျင်ဘူး။ ဒီတော့ သူနဲ့ပဲ စကားပြောနိုင်ခဲ့တယ်”
ထိုအခြေအနေကိုလဲ စိတ်ကူးယဥ် ကြည့်ရရင် ၁၈နှစ်အရွယ် ကင်ဆွန်းဟွန်းက သူနှင့် ထူးဆန်းလွန်းသော တရုတ်သို့ လာခဲ့ပြီး ကိုးရီးယားဘာသာစကား ပြောတတ်သော ယွမ်ဇယ်နှင့် ဆုံပြီး သူတို့ မရင်းနှီးမှသာ ထူးဆန်းပေလိမ့်မယ်။
ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်သွားပြီး ပြောလိုက်သည်။
“ဒါဆိုရင် မင်းတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက တကယ်ကောင်းမှာပဲ”
သူတို့ နေ့စဥ်နဲ့အမျှ တွေ့လိုက်ချိန်တိုင်း ရန်လိုသလို ဖြစ်နေပေမဲ့လဲ ဒါက အချင်းချင်း ခံစားချက် နက်ရှိုင်းနေမှ ဖြစ်နိုင်တဲ့ ကိစ္စမျိုးလေ။ အချင်းချင်း မရင်းနှီးဘူးတာဆိုရင် ဒီတိုင်း ခေါင်းငြိမ့် နှုတ်ဆက်ယုံပဲရှိမှာ။
ကင်ဆွန်းဟွန်းက သူ၏ လက်ချောင်းကြားမှ စီးကရက်ကို ကြည့်ပြီး ပြောသည်။
“ဟုတ်တယ် ဒါလဲ သူ ငါ့ကို သင်ပေးတာပဲ”
သူသည် စီးကရက်ကို မီးညှိ ထားသော်လည်း မသောက်ပါပေ။ ဒီအတိုင်း မီးကို အလိုလို လောင်ကျွမ်းသွားစေခြင်း ဖြစ်သည်။
ဝေ့ရှောင်းက သူ့ကို ပြောသည်။
“သူက ကောင်းတာတွေ မသင်ပေးဘူးလား”
အဖွားက အရင်က ပြောဖူးတယ်။ စီးကရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတယ်တဲ့။
ကင်ဆွန်းဟွန်း သဘောကျသွားသည်။
“Closeက သင်ဖို့ ငြင်းတယ်”
Close၏ နာမည်ကို ကြားရုံဖြင့် ဝေ့ရှောင်း၏ မျက်လုံးက ချက်ချင်းလက်ငင်း တောက်ပသွားသည်။
“သူက ငါ့ရဲ့ ခေါင်းဆောင်ကိုလဲ လွှမ်းမိုးဖို့ ကြိုးစားခဲ့ဖူးတာလား”
ကင်ဆွန်းဟွန်း “ဒါပေါ့ မင်းရဲ့ ခေါင်းဆောင်က အသင်းကို စဝင်လဲ တော်တော်လေး တိတ်ဆိတ်တယ်လေ။ ဒါကြောင့် သူက social phobia ရှိနေတယ်လို့ ထင်သွားတာ။ ဒါကြောင့် စိတ်ပညာစာအုပ် အမြောက်အများကိုတောင် လှန်ဖတ်ခဲ့သေးတာ”
ဝေ့ရှောင်းကလည်း ခဏတဖြုတ် တွေးကြည့်ပြီး စိတ်ကူးယဥ်ကြည့်၍ပင် မရပေ။
“ငါ့ရဲ့ခေါင်းဆောင်က ဘယ်လိုများ social phobia ရှိရမှာလဲ”
Closeနဲ့ ပတ်သက်သမျှ အရာအားလုံးက ကောင်းတယ်။ ထို့ကြောင့် Quiet အနေနှင့် တစ်ဖက်သူနှင့် ပတ်သက်ပြီး အလွန်သဘောဆောင်မည့် အကြောင်းအရာ စကားများ မပြောနိုင်ပေ။
112 04
ကင်ဆွန်းဟွန်းက သူ့ကိုပြောသည်။
“မင်း ၁၇နှစ် အရွယ် Closeလေးကို မမြင်ဖူးပါဘူး”
ဝေ့ရှောင်းကလည်း သဝန်တိုပြီး ချဥ်စုတ်သွားပြန်၏။ သို့သော် သူသည်လည်း မတတ်နိုင်ပေ။ သူ အမှန်တကယ် မမြင်ဘူးခဲ့ပေ။
အသက် ၁၇နှစ်ပဲ ရှိသေးတဲ့ ခေါင်းဆောင် အဲအချိန်ကဆိုရင် သူက အသက် ၁၅နှစ်ပဲ ရှိအုံးမှာပေါ့။ သူ အဲဒီအချိန်က Glory ကစားနေပြီဆိုပေမဲ့လဲ သူအခန်းဖော်တွေကို အဖော်ပြုပြီး လူသစ်တွေကို နှိပ်စက်ယုံလောက်ပဲ ရှိသေးတာ။ သူ ပြိုင်ပွဲရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံတွေကို မရသေးဘူးလေ။
“ငါ့ကို ပြောပြနိုင်မလား” ဝေ့ရှောင်းက နှလုံးသားထဲမှာ ချဥ်စုတ်နေသော ခံစားချက်ကို ဖိနိုပ်လျက် ကင်ဆွန်းဟွန်းကို သိချင်စိတ် ပြင်းပြစွာြဖင့် မေးလိုက်သည်။
ကင်ဆွန်းဟွန်းက စီးကရက်ကို လွှင့်ပစ်လိုက်ရင်း ပြောသည်။
“အဲဒီအချိန်က မင်းရဲ့ခေါင်းဆောင်က ငါ့ထက်တောင် အရပ်နဲနဲ ပုသေးတယ်။ သူက ချောပါတယ်။ ဒါပေမဲ့ အရှိန်အဝါကတော့ တအားအေးစက်လွန်းတယ်။ နောက်ပြီး ဘယ်သူ့ကိုမှလဲ ကပ်ခွင့် မပြုဘူး။ ငါဆိုရင် ပထမ လဝက်လောက်မှာ သူနဲ့ စကား၅ခွန်းတောင် ပြည့်အောင်မပြောဖူးဘူး”
“ငါတို့ လေ့ကျင့်ရေး ဂိမ်းအဖွဲ့တွေ ကစားတဲ့ အချိန်မှာတောင်မှ သူက တစ်ခွန်းမှ မပြောဘူး”
ဝေ့ရှောင်းက အံ့ဩသွားသည်။
“သူက jungler နေရာကစားနေတဲ့အချိန်မှာ စကားမပြောတာ အဆင်မပြေဘူး မဟုတ်လား”
ထိုအချိန်က နတ်ဘုရားများအသင်း FTW၏ စီမံညွှန်ကြားသူက အထောက်အပံ့နေရာမှ ကစားသမား ယန်ချန်းဖြစ်သည်။ Closeက ထိုသို့ ညွှန်ကြားသူ မဟုတ်သော်လည်း junglerသည် ဂိမ်း၏ အရှိန်အဟုန်ကို ဦးဆောင်ရသူ ဖြစ်သည့်အလျောက် အသင်းဖော်များ အကြားမှ ဆက်ဆံရေးကို ထိန်းသိမ်းထားပေးရန် လိုအပ်သည်။
ကင်ဆွန်းဟွန်းက သက်ပြင်း ချသည်။
“ဒါကြောင့်ပဲ အားဇယ်က အား… ငါဆိုလိုတာက လောင်ချီးက သူ့မှာ social phobia ရှိတယ်လို့ သံသယ ဝင်သွားတာပေါ့”
အရိုးရှင်းဆုံး အင်း အဲ အသံက လွဲပြီး ၁၇နှစ်အရွယ် ဆယ်ကျော်သက်လေးက အခြား စကားတစ်ခွန်းကိုမှ မပြောခဲ့ပေ။
သူဟာ တိတ်ဆိတ်ပြီး စိတ်ငြိမ်ကာ လူအများကို မိုင်ထောင်ကျော် အကွာသို့ တွန်းပို့ထားလေသည်။
ယွမ်ဇယ်က ခွေးဖြစ်လျှင် ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် နွေးထွေးသော ခွေးတစ်ကောင် ဖြစ်သေးသည်။ ထို့အတွက်ကြောင့် ကင်ဆွန်းဟွန်းကိုလည်း တရုတ်တွင် ကျင့်သားရအောင် ကူညီပေးလိုစိတ် ရှိခဲ့သည်။ ထို့အတွက်ကြောင့်လည်း Closeလေးကို သူ၏ စိတ်ပိုင်းဆိုင်ရာ အရံအတားထဲမှ ဆွဲထုတ်ပေးလိုခဲ့သည်။
ထို့ကြောင့် သူသည် ညနက်သည်အထိ စိတ်ပညာစာအုပ်များကို ဖတ်ခဲ့ပြီး လုဖုန်းနှင့် နီးကပ်ရန် ကြိုးစားခဲ့သည်။
ထိုသို့ဖြင့် အမျိုးမျိုးသော သီအိုရီဗဟုသုတများကို ထပ်ခါတလဲလဲ စမ်းသပ်ပြီးနောက်တွင် နောက်ဆုံးတွင် လုဖုန်းက သူ့အား စကားတစ်ခွန်းကို မေးလာသည်။
“ဘာကိစ္စလဲ”
ယွမ်ဇယ် “ ...”
လုဖုန်း “ငါက လူတွေနဲ့ စကားပြောရတာ မကြိုက်ဘူး။ မင်း အထီးကျန် ဆန်နေရင် အခြားတစ်ယောက်ကို သွားရှာလိုက်”
ယွမ်ဇယ် “...........”
“သောက်ကျိုးနည်းကို social phobiaလား။ ဒီကလေးက တအားကို ထောင်လွှားနေယုံ သက်သက်ပဲ”
******