Ch 111
Viewers 3k

အပိုင်း (111) ငါ့ကို တစ်ခုလောက် လုပ်ခွင့် ပြုပေးနိုင်မလား။ 


သူသည် သတ္တိများ အားလုံးကို စုစည်းပြီး ဝန်ခံခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သူကမျှ သူ့ကို မယုံကြပေ။ 


သူသည် အရွက်ကောက သူ့ကို မယုံသည့်အချက်ကို လျစ်လျူရှုနိုင်သည်။ သို့သော် ခေါင်းဆောင်ကပင် သူ့ကို မယုံကြည်ပေ။ 


ပိုင်ချိုင်သည် နောက်ဆုံးတွင် ဝေ့ရှောင်း၏ စိုနေသော ဆံပင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ 


“မင်း သောက်ကျိုးနည်း ဆံပင်တောင် မသုတ်ထားဘူး။ ဒါကို ဘာလို့ ပြေးထွက်လာတာလဲ။ မင်း နောက်ဆုံးနေ့က ပြိုင်ပွဲကို ကစားချင်သေးတာလား”


ဝေ့ရှောင်း “…”


ဒေါသထွက်လွန်းသဖြင့် အသည်းပင် နာနေသော ဝေ့ရှောင်းက သူ့ကို စိုက်ကြည့်သည်။ 


“သွား… မင်း ညစာ မင်းသွားစား”


ပိုင်ချိုင်က မင်းကို ကိုင်တွယ်ရန် ပျင်းလွန်းနေသည်။ 


“သတိထား အဲဒီလိုမှ မဟုတ်ဘဲ မင်း အအေးမိသွားတဲ့အခါ ကိစ္စတွေ အကုန် နှောင့်နှေးစေလိမ့်မယ်”


လုဖုန်းက ရေကစားသည့်နေ့က သူ မည်သို့ အအေးမိခဲ့ကြောင်း သတိရသွားပြီး အသွင်းသို့ ဝင်ရန် ချော့လိုက်သည်။ 


“အခန်းထဲဝင်”


ခေါင်းဆောင်က သူ၏ခါး အနောက်ဘက်အပိုင်းကို အသာတွန်းလိုက်သည်။ ဝေ့ရှောင်းကလည်း သူ့ခါးက ထုံထိုင်း သွားပြီး ယားယံလာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် ဆက်ပြီး စကား မများရဲတော့ဘဲ အတွင်းသို့ ဝင်လိုက်သည်။ 


သူ ဘာကို စိုးရိမ်နေတာလဲ။ 


သူ့ရဲ့ဝန်ခံမှုကို လျစ်လျူရှု ခံလိုက်ရတယ်။ သူက ဒီအတိုင်း အခန်းထဲကို ပြန်ဝင်ဖို့ အပြောခံလိုက်ရပြီး ဆံပင်သုတ်ဖို့တောင် ပြောခံလိုက်ရသေးတယ်။ 


သောက်ကျိုးနည်းကို ဆံပင် သုတ်ရမှာလား။ သူ ဒီခေါင်းကို ဘုန်းကြီး ဖြစ်အောင် ကတုံး တုံးပေးလိုက်မယ် ဟုတ်ပြီလား။ 


ဝေ့ရှောင်းသည် သူ့ဆံပင်ကို အလွန်အမင်း ကြမ်းတမ်းစွာ စတင်ကာ လေမှုတ်သည်။ သူ့ဦးနှောက်က အနည်းငယ် တည်ငြိမ်သွားသည်။ 


ဟုတ်တယ်။ အချို့ ကိစ္စတွေက အလောကြီးလို့ မရဘူး။ 


ဝေ့ရှောင်းသည် အချို့သော ဂေါ်ဖီဖြူထုပ်ကို ခုတ်ပိုင်းချင်နေသော်လည်း တခြားသော ရှုထောင့်တစ်ခုမှ ကြည့်သော် အရွက်ကောက သူ့အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်လောက်သည်။ 


မိုက်ရူးရဲဆန်ဆန် ဝန်ခံခြင်း၏ အကျိုးဆက်က ကပ်ဘေး ဆိုက်နိုင်သည်။ 


ခေါင်းဆောင်က သူ့ကို သဘောမကျ ဖြစ်သွားစေရုံသာ မကသေးလေဘဲ သူသည် အသင်းကိုပင် လှုပ်ကိုင်မိသွားလောက်သည်။ 


FTW အသစ်က သင့်တော်တဲ့ ပြိုင်ပွဲမျိုးကို ဝင် မကစားရသေးချေ။ 


ဒါကို ဘာလို့ ကျရှုံးရမှာလဲ။ တချို့ ကိစ္စတွေက တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ လိုအပ်တယ်။ သူ မိုက်ရူးရဲဆန်လို့ မရဘူး။ 


ဝေ့ရှောင်းက အသက်ပြင်းပြင်းရှုပြီး သူ၏ နှလုံးသားလေးကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ 


သူ အခြေအနေကို ဆက်လက်ပြီး စူးစမ်းလေ့လာရမယ်။ ဂရုတစိုက် စောင့်ကြည့်ရမယ်။ ဒီလိုနဲ့ ခေါင်းဆောင်ကလည်း အရိပ်အမြွတ်တချို့ကို သိအောင် လုပ်ပြီး သူ့ကို စိတ်ဝင်စားခြင်း ရှိမရှိ စုံစမ်း စစ်ဆေးရမယ်။ 


တကယ်လို့ ခေါင်းဆောင်ကလည်း သူ့ကို ကြိုက်နေရင် ဘယ်လို လုပ်ရမလဲ။ 


ဘန်း…


ရုတ်တရက် ဝေ့ရှောင်း၏ ခေါင်းတွင် မီးပွားများ ပေါက်ကွဲသွားပြီး သူ့အား ကြိုတင်ကာ မူးဝေသွားစေသည်။ 


ဆံပင်ကို သုတ်ပြီးနောက်လည်း လုဖုန်းက သူ့ပါးများက နီနေသေးကြောင်း သိလိုက်သည်။ 


“ငါ မင်းကို ဂျင်းရေနွေးတစ်ခွက် သွားယူပေးမယ်”


ဒီကလေးရဲ့ ခန္ဓာကိုယ်က တကယ်မကောင်းတာပဲ။ အရင်တစ်ခေါက်က ရေဆော့တယ်။ ဒီတစ်ခေါက်မှာလည်း လေထဲမှာ ရပ်နေရုံနဲ့ အအေးမိဖို့ လွယ်လွန်းနေတယ်။ 


ဝေ့ရှောင်းသည် ထိုသို့သော ပြောရခက်သည့် အရသာမျိုးရှိသည့် အရာမျိုးကို အမှန်တကယ် သဘောမကျသဖြင့် ခပ်မြန်မြန် ပြောလိုက်သည်။ 


“မလိုဘူး ငါ အအေးမမိပါဘူး”


လုဖုန်းကလည်း လက်မခံပေ။ 


“တဘတ်ခါ ဆိုရင် Prize Full ပြိုင်ပွဲ ရှိတယ်။ မင်းက …”


ဝေ့ရှောင်းကလည်း သူ့ကို စကားဆုံးသည်အထိ အပြောမခံဘဲ ရေချိုးခန်းထဲက ထွက်လာသည်။ 


“သွား… ရေချိုး… ငါက ရေပူနဲ့ ချိုးပြီးကာစ မို့လို့ နီနေတာ။ မင်း ပြန်ထွက်လာတဲ့အခါ အဆင်ပြေသွားမယ်လို့ အာမခံတယ်”


လုဖုန်း “…”


သူ၏ တစ်ကိုယ်လုံးက ချွေးများ စိုရွဲနေသည်။ သူသည် အမှန်တကယ်ပင် ရေချိုး ချင်နေသည်။ 


“အခန်းဝန်ဆောင်မှု စနစ်ကို တိုက်ရိုက်ခေါ်လိုက်”


လုဖုန်းက အမိန့်ပေးသည်။ 


ဝေ့ရှောင်းက ခေါင်းညိတ်သည်။ 


“ကောင်းပြီ ကောင်းပြီ ကောင်းပြီ”

111 02

ခေါင်းဆောင်အား ရေချိုးခန်းထဲသို့ သဘာဝကျကျက တွန်းထည့်လိုက်ပြီးနောက် ဝေ့ရှောင်းသည် ခပ်တိုးတိုး သက်ပြင်းရှုထုတ်လျက် သူ၏ အခန်းလွတ်ချင်နေသော ပါးကို တစ်ချက် ရိုက်သည်။ 


သောက်ကျိုးနည်းကို အအေးမိတာလား။ သူက တအားပူနေတာ။ သူ့ဦးနှောက်က မီးတွေ တောက်နေတာ။ ဒါက အလွယ်တကူ ဝန်ခံချင်လောက်တဲ့ ခံစားချက်မျိုးပဲ အား…..


ဒါပေမဲ့ သူ့ခံစားချက်တွေကို ဝန်ခံလို့ မရဘူး။ 


အိုး… သူ ဝန်ခံလည်း ဘယ်သူကမှ သူ့ကို မယုံဘူး။ 


ဝေ့ရှောင်းသည် အိပ်မက်ကြီးသော ငါးတစ်ကောင်ကဲ့သို့ အိပ်ရာပေါ်တွင် ပက်လက်လန် နေလိုက်သည်။ 


လုဖုန်းသည်လည်း သူ့ကို စိုးရိမ်သည်။ ထို့ကြောင့် ရေချိုးပြီးပြီးချင်း ဆံပင်ကို သုတ်၍ အပြင်သို့ ထွက်လာသောအခါ ဝေ့ရှောင်းကို တန်းကြည့်သည်။ 


ဝေ့ရှောင်း၏ မျက်နှာမှ အဖျားတက်နေသော အခြေအနေက ပျောက်ကွယ်သွားပြီ ဖြစ်ပြီး အသားအရေက ပုံမှန်အတိုင်း ပြန်ဖြူကာ တောက်ပနေသည်။ 


“ဂျင်းရေနွေး မှာပြီးသွားပြီလား”


ဝေ့ရှောင်းက ချက်ချင်းလိုလို ငါးကြင်းတစ်ကောင်ကဲ့သို့ ဖလက်ဖလက် ဖြစ်သွားသည်။ 


“ငါ အဆင်ပြေတယ်။ ငါ တကယ် အဆင်ပြေပါတယ်။ မင်း မယုံဘူးဆိုရင် ငါ့နဖူးကို စမ်းကြည့်”


သူက သူ့ဆံပင်များကို နောက်သို့ လှန်လိုက်ရင်း နဖူးကို ပေါ်အောင် ဖော်ပြသည်။ 


လုဖုန်း “…”


ယခုမှသာ သူ လုပ်လိုက်သည့် ကိစ္စကို သတိရသွားသော ဝေ့ရှောင်း 


‘Fuck’


သူ ခေါင်းဆောင်ကို ဆွဲဆောင်ဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ တကယ်ပါ မလုပ်ပါဘူး။ 


လုဖုန်းက ခပ်မြန်မြန် လက်ကို ဆန့်ထုတ်လိုက်ပြီး နဖူးကို စမ်းသည်။ 


“ကောင်းပြီ မင်း အဆင်ပြေတယ်.. ဒါဆိုလည်း အဆင်ပြေတာပေါ့”


ဝေ့ရှောင်းက အနည်းနှင့်အများ ကြိုးစားပြီး ဖြေလိုက်နိုင်သည်။ 


“တကယ် ဘာမှ မဖြစ်ပါဘူး”


နှစ်ယောက်လုံးက တစ်စက္ကန့် နှစ်စက္ကန့်ခန့် တိတ်သွားသည်။ လုဖုန်းက ရုတ်တရက် မေးလိုက်သည်။ 


“မင်း ဘာလို့ ရုတ်တရက် ငါ့ကို သဘောကျတယ် ဆိုပြီး ပြောဖို့တွေးမိတာလဲ”


ရေချိုးနေသော အချိန်ကမှ ခေါင်းဆောင်လုသည် စိတ်ငြိမ်သွားပြီး ထိုအကြောင်းအရာကို တွေးမိသွားသည်။ ဝေ့ရှောင်ရှောင်းက စကားအများကြီး ပြောခဲ့သည်။ ဘာမဆို ပြောရဲ၏။ သူသည် မကြာခဏ ဆိုသလို သဘောကျသည် ဆိုသော စကားလုံးကို သုံးတတ်ပြီး မကြာခဏဆိုသလို လုဖုန်း၏ နှလုံးသားကို ကုပ်ခြစ်တတ်သည်။ 


လုဖုန်းသည် ထိုစကားကို အကြိမ်ပေါင်းများစွာ နားထောင်ပြီးသည့်တိုင်အောင် ကျင့်သား မရသေးပေ။ သူ သည်တစ်ဘဝလုံး ကျင့်သားမရတာလည်း ဖြစ်နိုင်တာပဲ။ 


သူတို့က ယခုလေးတင် ပိုင်ချိုင်နှင့် တိုးသည်။ ထို့ကြောင့် အများကြီး မတွေးမိခဲ့ချေ။ သို့သော် ရေသွားချိုးသောအခါမှသာ ရုတ်တရက် ထိုသဘောကျသည် ဆိုသော အရာက ပုံမှန် မဟုတ်လောက်ကြောင်း တွေးမိသွားသည်။ 


အရင်က ဘာမှမဖြစ်လာဘူး။ တောင်းဆိုတာမျိုးလည်း မရှိဘူး။ နောက်ပြီး ဝေ့ရှောင်က ရုတ်တရက်ကြီး ထွက်လာပြီး ဒီစကားကို လာပြောတာ ဆိုတော့…


ဝန်ခံနေသလိုမျိုးပဲ။ 


လုဖုန်း၏ နှလုံးသားက တစ်ချက် ခုန်လှုပ်သွားသည်။ သူသည် အတွေးလွန်နေသည်ဟု ခံစားရသည်။ သို့ရာတွင် သူ မနေနိုင်ဘဲ မေးလိုက်မိသည်။ 


မေးမြန်းပြီးနောက် သူ ဝေ့ရှောင်းကို မကြည့်ရဲတော့ချေ။ 


ဝေ့ရှောင်းကလည်း သူ့ကို မကြည့်နိုင်ပြန်ပေ။ ဘာလုပ်ရမလဲ။ 


ဒီအခြေအနေအထိ ဖြစ်လာပြီလား။ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နေရမလား။ အရိုင်းဆန်ဆန် ကြမ်းတမ်း ပစ်လိုက်ရမလား။ Fuck …


သောက်ကျိုးနည်းကို သွေးတက်အောင် လုပ်ရမှာလား။ သောက်ကျိုးနည်းကို တည်ငြိမ်ရမလား။ သောက်ကျိုးနည်းကို အရိုင်းဆန်ရမှာလား။ 


ဟုတ်တယ်။ ကြမ်းတမ်းလိုက်ရမှာ ကြမ်းရမ်းပစ်တာကမှ ဘုရင်ပဲ။ 

111 03

ဝေ့ရှောင်း၏ စိတ်ပိုင်းဆိုင်ရာ တွေးတောမှုက တိုဖူးတစ်တုံးလိုပင် ဖိအားအောက်တွင် ချက်ချင်းလိုလို ပျော့ကျလာသည်။ 


“ငါ… ငါ ပြောချင်လို့ ပြောလိုက်တာ”


လုဖုန်း “??”


ဝေ့ရှောင်းက ဖြောင့်မတ်ပြီး ခေါင်းမာသည်။ 


“ငါမင်းကို သဘောကျတယ်။ အဲဒီလို တွေးမိလို့ ပြောလိုက်တာပဲ။ ပြောလို့ မရဘူးလား”


သူက လုဖုန်းကို တိုက်ရိုက်စိုက်ကြည့်ပြီး သူ၏ စူးရှမှုကို မဖုံးကွယ်ထားပေ။ လုဖုန်းကလည်း သူ့ကို ပြန်ကြည့်သည်။ သူ့ကို စက္ကန့်တစ်ဝက်ခန့် ကြည့်ပြီးနောက် နွေးထွေးသောအသံဖြင့် ဖြေသည်။ 


“အင်း…”


ဝေ့ရှောင်း “???”


အင်းက ဘာကို ဆိုလိုတာလဲ။


ဝေ့ရှောင်းက စကားကို ထပ်ဖြည့်ပြောသည်။ 


“ခေါင်းဆောင် ငါမင်းကို တကယ် သဘောကျတယ်နော်။ ငါ တကယ်ကို လိုချင်…”


သူ လက်ထပ်ချင်တယ်လို့ ပြောလို့မရဘူး။ အာ… သူ တကယ် ဘာမှ ပြောလို့ မရဘူးဘဲ။ 


အိုး ဟုတ်သားပဲ။ 


“မင်းနဲ့အတူ အိမ်ထောင်စု… စာရင်းတစ်ခုတည်းမှာ စာရင်းသွင်းချင်တယ်”


ဒါက သိသာဖို့ လုံလောက်ပြီ မဟုတ်ဘူးလား။ ခေါင်းဆောင်က သူ့ကို သေချာ နားလည် သင့်နေပြီနော်။ သူ နောက်ထပ် အင်းလို့ ပြောတာနဲ့ သူ ဒီနေရာမှာတင် ဖွင့်ပြောလိုက်တော့မယ်။ 


ထိုသို့ဖြင့် လေထန်နေသော ဝေ့ရှောင်းက ရှေ့ဆက်သာ တိုးချင်နေသည်။ 


လုဖုန်းက တစ်ခဏခန့် တောင့်ခဲသွားသည်။ ထို့နောက် ပြုံးရယ်တော့သည်။ 


“လုံလောက်တယ်”


ဝေ့ရှောင်းက အသက်အောင့်လိုက်သည်။ လုံလောက်တယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။ သူ တွေးသလိုမျိုး တောက်လျှောက် ဝင်တိုးမှာတော့ မဟုတ်ဘူး ထင်တယ်။ 


လုဖုန်းက ရှုပ်ထွေးနေသော သူ၏ အနက်ရောင်ဆံပင်ကို ပွတ်သပ်လျက် ပြောသည်။ 


“ငါက မင်းထက် နှစ်နှစ်ပဲ ကြီးတာ။ အဖေဖြစ်လို့ မရဘူး”


ဝေ့ရှောင်း “…”


လုဖုန်းက သူ၏ နှလုံးသားထဲမှ စကားလုံးများကို အမှန်တကယ်ပင် ကြောက်မိသည်။ ထို့ကြောင့် ထပ်ပြောလိုက်၏။ 


“ပြန်မအိပ်ခင် မနက်စာ သွားစားလိုက်အုံး။ ငါ လုပ်ဖို့ ကိစ္စတချို့ ရှိသေးတယ်။ အရင်ဆုံး အစည်းအဝေးခန်းထဲကို သွားလိုက်အုံးမယ်”


တံခါးက ပိတ်သွားသည်အထိ ဝေ့ရှောင်းက အသိ ပြန်မဝင်သေးပေ။ 


အိမ်ထောင်စု စာရင်းတစ်ခုတည်းမှာ စာရင်းသွင်းချင်တယ် ဆိုတာက ချစ်သူတွေ မဟုတ်ဘဲ အဖေလည်း ရတာလား။ ငါ မင်းကို လက်ထပ်ချင်တယ်။ ဒါပေမဲ့ မင်းက ငါ့ကို သားလို ဆက်ဆံချင်နေတယ်။ 


ရှောင်းကောသည် ဆုံးဖြတ်ချက် ပြတ်သားလွန်းသောသူ ဖြစ်နေသေးသော်လည်း သူကိုယ်တိုင်ကမူ စွမ်းအင်များ ပြတ်လပ်သွားသည်။ 


တအား ခက်ခဲတာပဲ။ ဝန်ခံတာက ဂိမ်းကစားရတာထက် အများကြီး ပိုခက်ခဲတယ်။ 


ဝေ့ရှောင်းသည် ဝေ့ပေါ်ပေါ် တက်ပြီး အကူအညီ တောင်းချင်သည်။ 


: ငါ ငါ့ရဲ့ လျှို့ဝှက် အချစ်ကို ဝန်ခံလိုက်တယ် ဒါပေမဲ့ သူ့ ငါ့ကို သားလို ဆက်ဆံနေတယ်။ ငါ ဘယ်လိုလုပ်ရမလဲ


ပို့စ်တင်ရန်ပင် မလိုအပ်ချေ။ အဖြေက မည်သို့ ဖြစ်နိုင်ကြောင်းကို ဝေ့ရှောင်းက ကြိုမြင်နေသည်။ 


အဖေနဲ့သား ချစ်ခြင်းလား။ Man မင်း ဂိမ်းအကြီးကြီး ကစားနေတာပဲ။ 


နတ်ဘုရားရှောင်းကဲ့သို့ ဂိမ်းအတွင်းမှ လူပေါင်းများစွာအတွက် ဒယ်ဒီ ဖြစ်နေသော သူက နောက်ဆုံးတွင် သူနှင့် Match ဖြစ်သော အဖေကို တွေ့လိုက်ရသည်။ 

111 04

ဝေ့ရှောင်းသည် တစ်နေ့လုံး ပြင်းပြင်းထန်ထန် ကြိုးစားတွေးတောပြီးနောက် အကြွင်းမဲ့ သက်ရောက်မှု ရှိသော အကွက်ကို ရှာတွေ့သွားသည်။ 


ပြောတာထက် လက်တွေ့က ပိုကောင်းတယ်။ သူကသာ အပြေးသွားပြီး နမ်းလိုက်ရုံနဲ့ ခေါင်းဆောင်က အရာအားလုံးကို နားလည်သွားဖို့ကို သူ အာမခံတယ်။ 


ခေါင်းဆောင်က ဖြောင့်နေရင် ဘယ်လိုလုပ်မလဲ။ သူ့ကို လက်ဝါးနဲ့ သေတဲ့အထိ ရိုက်သတ်ရင်တောင် ပြဿနာ မရှိဘူး။ ဒါပေမဲ့ FTWက မောင်းထုတ်ပြီး သူ့အိမ်ကို ဆုံးရှုံးလိုက်ရရင်တော့ ပြဿနာက ကြီးမားတယ်။ 


ပိုဆိုးသည်မှာ ဝေ့ရှောင်းသည် ခေါင်းဆောင်၏ အဖြောင့် ဖြစ်နိုင်ချေက ၃၀၀ရာခိုင်နှုန်းအထိ ရှိနေသယောင် ခံစားနေရသည်။ 


နည်းနည်းလေး ကွေးနေတဲ့ ဘယ်သူမဆို သူ့ရဲ့ ဆိုးနွဲ့လွန်းတဲ့ စကားတွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလေ ဟုတ်တယ် မလား။ 


နောက်ပြီး သူ တစ်နေ့မှာ သုံးကြိမ် ထုတ်ပြောသလိုမျိုး သူက FTWကို လက်ထပ်ဖို့ ဝင်ရောက်လာတာလို့တောင် ပြောဖူးသေးသလိုပဲ။ 


ဒီလို ဟိုလိုတွေ ပြောထားတာတောင် ခေါင်းဆောင်က ဘယ်လိုများ တောင့်ခံနိုင်တာလဲ။ 


ဝေ့ရှောင်း၏ အချစ်ကိုသာ အာရုံစိုက်နေသော ဦးနှောက်က တစ်ဝက်ခန့် သေသွားသည်။ ခေါင်းဆောင်က အဖြောင့်ပေါ့။ ဒါဆိုရင် သူ့ကို လုံးဝ စိတ်မဝင်စားဘူးပေါ့။ သူ့ကို သားလိုပဲ ဆက်ဆံနေတာပေါ့။ 


၁၉နှစ်အရွယ် လူငယ်လေးက ဝန်ခံရန် ကျရှုံးသွားရုံသာ မကသေးလေဘဲ မပျော်နိုင်သေးခင် အချစ်နာ ကျသွားရပြီ။ 


အား… ဒါက ထိုးနှက်ချက်ကြီးပဲ။ 


အပူတက်ပြီး ပျော်ရွှင်ဖွယ် ကောင်းသော လေ့ကျင့်ရေး ကာလနှင့် ခါးသီးပြီး သဘောကျဖွယ် ကောင်းသော သူ့ကိုယ်ပိုင် အတွေးများ အကြားတွင် ဝေ့ရှောင်းသည် လေ့ကျင့်ရေး ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် ဖြစ်သော Prize Full ကဏ္ဍသို့ အပြေး ဝင်ရောက်သွားသည်။ 


နောက်ဆုံးညတွင် ရမှတ်ပြိုင်ပွဲ မရချေ။ ထိုအစား ရမှတ် စစ်ထုတ်ခြင်း အသင်းဖယ်ရှားခြင်းတို့ ဖြစ်သည်။ 


စံချိန်မီသော အသင်း ၁၂သင်း ရှိသည်။ Prize Full က ၇သန်းကျော်သည်။ သက်ရောက်မှု မြင့်တင်နိုင်ရန် အလို့ငှာ ရင်းနှီးမြှုပ်နှံသူ ဒယ်ဒီများက မီးကို လောင်စာထည့်ခြင်းအားဖြင့် ၁၀သန်းအထိ တိုးပေးသည်။ 


၁၅ရက်ခန့် လေ့ကျင့်ပြီးနောက် နောက်ဆုံး ချန်ပီယံက Prize Money ၁၀သန်း ရနိုင်သည်။ ဆောင်းတွင်း လေ့ကျင့်ရေး ပြိုင်ပွဲက ယမ်းမှုန့်များ အပြည့်နှင့် ဖြစ်သည်။ မည်သူကမဆို နောက်နှစ် အနည်းငယ် ကြာသည်အထိ အပြောအများဆုံး အကြောင်းအရာ ဖြစ်လာနိုင်ကြောင်း ခန့်မှန်း မိနိုင်သည်။ 


မည်သူကများ ကစားသမားများကို လေ့ကျင့်ပေးနိုင်ရုံသာ မကသေးလေဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ဖိအားကိုလည်း ရရှိနိုင်ပြီး ဆုတောင် ရနိုင်သည်။ ထို့ကြောင့် တရားဝင်ပွဲစဉ်တွင် ယှဉ်ပြိုင်ရသည်နှင့် သိပ်မကွာခြားတော့ချေ။ 


သူတို့သည် အသင်းများကို သူတို့၏ အမှတ်အတိုင်း ရွေးချယ်ပြီး‌နောက် မဲနှိုက်ကြသည်။ 


ပထမနှင့် ဒုတိယနေရာက L&P နှင့် Pro ဖြစ်ပြီး ပထမတန်းစား အသင်း ဖြစ်လေရာ ပထမတစ်ပွဲတွင် အချင်းချင်း မဲနှိုက်မိကြလိမ့်မည် မဟုတ်ပေ။ 


ဒုတိယတွင်မူ 3U နှင့် FTW က ရှိလေသည်။ သူတို့သည်လည်း အချင်းချင်း တွေ့လိမ့်မည် မဟုတ်ပေ။ ကျန်သည့် ၈သင်းကမူ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ဝင်တိုးပိုင်ခွင့် ရှိသည်။ 


အတန်အသင့် မျှတသော အခြေအနေကို ထိန်းသိမ်းနိုင်ရန် အလို့ငှာ ထိုသို့ စီစဉ်လိုက်ခြင်းပင်။ သို့မဟုတ်ပါက အင်အားကြီးမားသော အသင်းများက အင်အားကြီးမားသော အသင်း အချင်းချင်း ရွေးချယ်ခဲ့သော် ထိုထဲမှ တစ်သင်းက အစပိုင်းကတည်းက ဖယ်ထုတ်ခံရနိုင်ချေ ရှိလေသည်။ 


Tomorrow သည် Bo1 (ဂိမ်းတစ်ပွဲတည်း ကစား) ဖယ်ထုတ်ခြင်း ပြိုင်ပွဲ ဖြစ်သည်။ 


၁၂သင်းလုံးက ၂သင်းစီ တိုက်ခိုက်မည့် ၆ဖွဲ့အဖြစ် ကွဲသွားသည်။ အနိုင်က တက်ပြီး အရှုံးက ဖယ်ထုတ်ခံရပေလိမ့်မည်။ 


အနိုင်သည် အရှုံးအသင်းဘက်မှ Prize Score ကို ရရှိပြီး ဒုတိယတစ်လှည့်သို့ ဝင်ရောက်နိုင်သည်။ 


ဒုတိယတစ်လှည့်ကမူ ထိပ်ဆုံး သုံးနေရာအတွက် တိုက်ခိုက်ရမည့် ၆သင်း ဖြစ်သည်။ ထို့နောက် တစ်ဖန် ထပ်ပြီး အနိုင်က တက်ပြီး အရှုံးက ဖယ်ထုတ်ခံရမည်။ 


အဆုံးသတ်တွင် ထိပ်ဆုံး ၃သင်းကသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရမည် ဖြစ်သည်။ 


၁၂သင်းကသာ စံချိန်မီသောကြောင့် ၁၂မှ ၆သို့ ကျသွားပြီး ၆မှ ၃သို့ ကျသွားပြီးနောက်တွင် ၃သင်းသာ ကျန်ပေလိမ့်မည်။ သို့ရာတွင် ဒုတိယနှင့် တတိယနေရာအကြားတွင် ခြားနားချက် မရှိချေ။ ပြိုင်ပွဲကော်မတီက match upအတွက် မဲနှိုက်ပေးမည် ဖြစ်သည်။ 

111 05

ထို၃သင်း အကြားတွင် မဲနှိုက်ပြီး ပြိုင်ဘက် ဖြစ်လာရသော သူများတွင် ရှုံးသွားသောအဖွဲ့က ဖယ်ထုတ်ခံရမည် ဖြစ်သည်။ အနိုင်အဖွဲ့ကမူ နောက်ဆုံးကျန်သော တစ်သင်းနှင့် တိုက်ခိုက်ပြီး ချန်ပီယံရှစ်ကို အရယူရမည် ဖြစ်သည်။ 


ပြိုင်ပွဲအချိန်ဇယားက တစ်ရက်တည်းတွင် ပြွတ်သိပ်နေသည်။ Bo1 သာလျှင် ဖြစ်သော်လည်း ဂိမ်းပေါင်းများစွာကို တစ်ဆက်တည်း ကစားရသောအခါ ပင်ပန်းနိုင်သည်။ ထို့အပြင် ဆယ်သန်းသည် နည်းပါးသော ပမာဏမဟုတ်ပေ။ မည်သူကမဆို ကြီးမားသော ဘောနပ်ကို ရချင်ပေလိမ့်မည်။ 


ထို့အပြင် Training Match မရှိတော့ကတည်းက အသင်းတိုင်းက လေ့ကျင့်ရေးခန်းထဲသို့ စောစော ပြန်ကြသည်။ 


ချန်းဖုန်းက သူတို့၏ အရှိန်အဟုန်ကို ထိပ်ဆုံးသို့ ရောက်အောင် တည်ဆောက်ပေးရင်း ပြိုင်ပွဲအတွက် ပြင်ဆင်စေသည်။ 


“ငါတို့ရဲ့ စည်းမျဉ်းက ငါတို့ နိုင်ရင် ဆုကို ညီညီမျှမျှ ခွဲမယ် ဆိုတာပဲ”


ချိုင်ကော၏ သေးငယ်သော မျက်လုံးက တောက်ပသွားသည်။ မီးအိမ်ထက်ပင် တောက်ပလေ၏။ 


ဆယ်သန်း… သူတို့ ငါးယောက်ခွဲလိုက်ရင် ၂သန်းစီပဲ။ 


Fuck … ချိုင်ကောက တိုက်ခိုက်ရယူလိုစိတ် အပြည့်နှင့် ဖြစ်သည်။ 


“ညီနောင်တို့ တိုက်ခိုက်ရအောင်…”


ရှောင်နင်အနေဖြင့် အသင်းထဲသို့ ဝင်ရောက်ပြီး ပထမဆုံး ဝင်ပြိုင်ရမည့်ပွဲ ဖြစ်သည်။ သူသည် အနည်းငယ် ထိတ်လန့်နေသည်။ 


“တိုက်… တိုက်ခိုက်တာပေါ့”


လောင်ယွဲ့က တည်ငြိမ်နေသည်။ 


“အိုး…”


ဝေ့ရှောင်းက စကားတစ်ခွန်းသာ ကောက်ပြောလိုက်သည်။ 


“မင်းသာ ၂သန်းရရင် အာလူးကြော် အထုတ် လေးသိန်းလောက် ဝယ်နိုင်လိမ့်မယ်”


ယွဲ့ဝမ်လဲ့က အနည်းငယ် မှင်တက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို အာရုံစိုက်လာသည်။ 


“ကြိုးစား ရအောင်”


ချန်းဖုန်း “…”


သူ အနာဂတ်မှာ အသင်းရဲ့ အရှိန်အဟုန်ကို တည်ဆောက်တဲ့ တာဝန်ကို ဒီအရူးလေးဝေ့ကို ပေးထား လိုက်ရင် ကောင်းမယ် ထင်တယ်။ ဒီကောင့်ရဲ့ စကားတစ်ခွန်းက သူ့ရဲ့ ဆယ်ခွန်ထက်ကို သက်ရောက်မှု ရှိတယ်။ 


မနက်ဖြန်၏ ဂိမ်းပွဲအတွက် လူတိုင်းက အခန်းသို့ စောစောပြန်ပြီး အနားယူလိုက်ကြသည်။ ဝေ့ရှောင်းက အခြားသူများကို အားပေးရာတွင် အလွန်တော်သည်။ သို့သော် သူ၏ ကိုယ်ပိုင် နှလုံးသားကမူ အခြားသော အကြောင်းအရာများနှင့် ပြည့်နေသည်။ 


သူတို့က ပို၍ အဆက်အဆံ များလေလေ သူတို့၏ ခေါင်းဆောင်က ကောင်းကြောင်း ခံစားမိလေလေ ဖြစ်သည်။ 


ခေါင်းဆောင်က ထိုသို့ ကောင်းမွန်ကြောင်း ခံစားမိလေလေ ပို၍ မထိန်းနိုင်လေလေ ဖြစ်သည်။ 


ဝေ့ရှောင်းသည် ရက်များစွာ ထိန်းထားခဲ့ပြီး ယခုအခါ သူ၏ အကန့်အသတ်သို့ပင် ရောက်နေလေပြီ။ 


ခေါင်းဆောင်က သူ့ကို မလိုချင်မည့် အခြေအနေကို ကြောက်လန့်မိသောကြောင့်သာ မဟုတ်လျှင် သူသည် လက်တွေ့လုပ်ရပ်ကို အသုံးပြုလျက် ဖွင့်ဟ ဝန်ခံပြီးလောက်လေပြီ။ 


ဝေ့ရှောင်းသည် အိမ်(FTW)မှ ကန်ထုတ်ခံရမည့် အခြေအနေကို ကြောက်သည်။ သူသည် သူ၏လက်ရှိ အခြေအနေကို လုဖုန်းထံမှ မဖုံးကွယ်ထားနိုင်တော့မည့် အခြေအနေကို ကြောက်လေသည်။ 


လုဖုန်းက လူတိုင်း ထွက်သွားသည်အထိ စောင့်ပြီးမှ လေ့ကျင့်ရေးခန်းထဲတွင် သူ့ကို အဖော်ပြုပေးသည်။ 


“Solo မလား”


ဝေ့ရှောင်း၏ စိတ်ဝိညာဉ်က ချက်ချင်းဆိုသလို ပြန်တက်လာသည်။ 


“ကောင်းပြီ”


နှစ်ယောက်က ဂိမ်းစလိုက်ကြသည်။ သူတို့ စတင်သည်နှင့် ဝေ့ရှောင်းက ရှုပ်ထွေးသော အတွေးများကို မမှတ်မိတော့ဘဲ နေရာချထားမှု၊ စီမံလည်ပတ်မှု စကေးနှင့် အနိုင်ကိုသာ အာရုံစိုက်တော့သည်။ 

111 06

လုဖုန်းကလည်း မညှာတာသေးပေ။ သူသည် မြေပြင်သို့ ကျရောက်အောင် ရိုက်ချလေပြီး ကြမ်းပြင်တွင် ကပ်ကာ သန့်ရှင်းရေး လုပ်စေသည်။ ဤနည်းအားဖြင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးပေ။ 


ဝေ့ရှောင်းက ထိုသို့ အရိုက်ခံရလေလေ ပို၍ ပူတက်လာလေလေ ဖြစ်သည်။ ထိုသို့ ပူတက်လာလေလေ အရိုင်းဆန်ဆန် ခုန်ပေါက်နေသော သူ့နှလုံးသားကို မထိန်းချုပ်နိုင်လေလေ ဖြစ်သည်။ 


လွန်ခဲ့သော ၁၇နှစ်နှစ် အတောအတွင်း သူသည် သူ့အဘွားကိုသာ စိတ်နှစ်ပြီး ထားခဲ့သည်။ ထိုနည်းဖြင့် သူမကို ကောင်းကောင်း ဂရုစိုက်ရန် မျှော်လင့်ထားခဲ့၏။ သူမ၏ ဂရုစိုက်မှုကို ပြန်လည်ပေးဆပ်လိုသည်။ သူမအား ပျော်ရွှင်ပြီး ကျန်းမာစွာ နေစေလိုခဲ့သည်။ 


သူ့အဘွား ထွက်သွားခဲ့ပြီးနောက် သူ့တွင် အထောက်အပံ့ မရှိတော့သောကြောင့် ရည်မှန်းချက် မဲ့သွားသည်။ ၂နှစ်လုံးလုံး ထိုအတိုင်း ဖြစ်ခဲ့၏။ ထို့နောက် လုဖုန်းနှင့် ဆုံသည်။ 


သူသည် သူ့ကို အသိအမှတ်ပြုသည်။ သူ့ကို သဘောကျသည်။ သူ့ကို မှီခိုသည်။ သူ့ကို ဆုံးရှုံးရမည့် အခြေအနေကို ပို၍ပင် ကြောက်သေးသည်။ 


ဝေ့ရှောင်း၏ ထိတ်လန့်မှုနှင့် ကြောက်လန့်မှုများ အားလုံးက လုဖုန်းထံမှ မြစ်ဖျားခံသည်။ လုဖုန်းက သူ့အတွက် အရေးကြီးလွန်းသောကြောင့် သူ၏ အရာအားလုံးနှင့် ချည်နှောင်ထားလုနီးပါး ဖြစ်နေသည်။


လုဖုန်းကလည်း သူသည် ကောင်းမွန်သော စိတ်အခြေအနေ မရှိကြောင်း သတိပြုမိသဖြင့် မောက်စ်ကို ချပြီး ကြည့်လိုက်သည်။ 


“ဘာဖြစ်လို့လဲ”


အရူးလေးဝေ့က မနက်ဖြန်ပွဲအတွက် စိုးရိမ်နေတာလား။ 


ဝေ့ရှောင်းက သူ့ကို ကြည့်သည်။ 


“ခေါင်းဆောင်”


သူ၏အသံထဲတွင် ယူကြုံးမရ ခံစားချက်များ အပြည့်နှင့် ဖြစ်သည်။ ထိုသို့ ဖြစ်နေလေရာ ရပ်မနေနိုင်တော့ဘဲ မေးလိုက်သည်။ 


“မင်းရဲ့ စိတ်ထဲ တစ်ခုခု ဖြစ်နေလို့လား”


ဝေ့ရှောင်း “…”


လုဖုန်းက အသက်ပြင်းပြင်းရှုသည်။ 


“ငါ့ကို ပြောမလား”


သူ ဘယ်လို ပြောရမှာလဲ။ ငါမင်းကို ကြိုက်တယ်လို့ ပြောရမလား။ ချစ်တယ်လို့ ပြောရမလား။ တစ်ဘဝလုံး အတူနေချင်တယ်လို့ ပြောရမလား။ ငါ ပြောရင် မင်းယုံမှာလား။ 


မင်း ယုံမှာပါ။ ဒါပေမဲ့ မင်း ယုံကြည်မှု ဦးတည်ရာက မှားနေတာ။ 


ဝေ့ရှောင်းက ကုလားထိုင်ကို မှီလိုက်ပြီး သက်ပြင်းချသည်။ 


“ခေါင်းဆောင်…”


သူက ထိုသို့ ခေါ်သောအခါ လုဖုန်း၏ နှလုံးသားက ယားယံလာသည်။ သူ့အသံကပင် နွေးထွေးမှု တိုးလာသည်။ 


“ပြောလေ”


စကားက နှစ်လုံးတည်း ဖြစ်သော်လည်း သူ လိုချင်သော ကတိကို ပေးလိုက်သလိုမျိုးနှင့် တူသည်။ 


အား… ဘာလို့ ခေါင်းဆောင်က ဒီလောက်အထိ ကောင်းနေတာလဲ။ 


ကောင်းလွန်းလို့ သူ ဖော်ပြဖို့ ခက်တဲ့ ကိစ္စတချို့တောင် လုပ်လိုက်ချင်တယ်။ 


ဝေ့ရှောင်းသည် ကိစ္စများတွင် လွန်ဆွဲနေတတ်သူမျိုး မဟုတ်ပေ။ သူသည် ကြောက်ကောင်း ကြောက်နိုင်သည်။ သို့သော် ဘယ်တော့အခါမှ နောက်မတွန့်ချေ။ သူ၏ ရည်ရွယ်ချက်က ရှိနေပြီးသား ဖြစ်သည်။ ထို့ကြောင့် ပုန်းကွယ်မနေတော့ချေ။ 


စောစော သေတာနဲ့ နောက်ကျမှ သေတာက သေတာချင်း အတူတူပါပဲ။ 


သူ နောက်တွန့်နေတဲ့ လိပ်လေး မလုပ်တော့ဘူး။ 


ရဲရင့်ပြီး ရည်မှန်းချက် အပြည့်ရှိတဲ့ ဝေ့ရှောင်ရှောင်က ခေါင်းကို လှည့်လျက် လုဖုန်းကို စိုက်ကြည့်လိုက်သည်။ လုဖုန်းကလည်း သူ့ကို ကြည့်သည်။ 


ဝေ့ရှောင်းက အသက်ပြင်းပြင်းရှုလျက် အလေးအနက်ထားတာ ပြောသည်။ 


“မနက်ဖြန်ရဲ့ ချန်ပီယံရှစ် Prize Score က ၁၀သန်း”

111 07

လုဖုန်းက အနည်းငယ် အံ့ဩသွားသည်။ ဝေ့ရှောင်းက မနက်ဖြန်ရဲ့ ဂိမ်းပွဲကို တကယ် စိုးရိမ်နေတာပဲ။ 


“ဟုတ်တယ်”


“FTW နိုင်ရင် ငါ ၂သန်းရမှာ”


ရယ်စရာပဲ။ သူ ရှေ့ပြန် နောက်ပြန် ပြောနေတာ ဒီရည်ရွယ်ချက်ပဲ ဖြစ်နေတုန်းပဲ။ 


လုဖုန်းက ခေါင်းညိတ်သည်။ 


“ဟုတ်တယ်”


ဝေ့ရှောင်းက သူ့နှလုံးသားထဲမှ အကြံကို ထုတ်ပြောသည်။ 


“ငါ ဒီ၂သန်းကို မလိုချင်ဘူး”


လုဖုန်းက ရုတ်တရက် အံ့ဩသွားသည်။ 


ဝေ့ရှောင်းက ဆက်ပြောသည်။ “ငါ ၂သန်းကို မလိုချင်ဘူး။ ဒါပေမဲ့ မင်းက ငါ့ကို တစ်ခု လုပ်ခွင့် ပြုပေးနိုင်မလား”


လုဖုန်းက ချက်ချင်း ပြန်ဖြေသည်။ “ဒီဘောနပ်က မင်း အပိုင်ပဲလေ”


ဝေ့ရှောင်းက ခေါင်းမာစွာ ပြောသည်။ “မဟုတ်ဘူး။ ငါ ဒီ၂သန်းကို မလိုချင်ဘူး။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ငါ့ကိုလည်း မောင်းမထုတ်ပါနဲ့။ မင်းငါ့ကို မမုန်းဘူးဆိုရင် အကောင်းဆုံးပဲ”


အရိုင်းဆန်သော လူငယ်လေးက အသံကို တိုးလျလိုက်ရင်း ပြောသည်။ သူ၏ ပုံစံလေးက သနားစဖွယ် ဖြစ်နေသည်။ လုဖုန်းက မျက်မှောင် ကြုတ်သည်။ 


“မင်း ငါ့ကို ဘာလုပ်ချင်လို့လဲ”


ဝေ့ရှောင်းက သဘာဝကျကျပင် ယခု ထုတ်မပြောနိုင်သေးပေ။ မတ်တပ်ထရပ်လျက် မေးသည်။ 


“ငါ့ကို ကတိပေးမှာလား”


လုဖုန်းက သူ့ကို ကြည့်သည်။ သူ့မျက်လုံးက မည်းမှောင်လျက် နက်ရှိုင်း၏။ 


“မင်းက FTW က ထွက်ချင်တာလား”


ဝေ့ရှောင်းက ချက်ချင်း ပြန်ဖြေသည်။ 


“ဘယ်လို ဖြစ်နိုင်မှာလဲ”


လုဖုန်း၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ သူ့ကို စိုက်ကြည့်သည်။ ဝေ့ရှောင်းကလည်း ထိုအကြည့်ကြောင့် သူ့နှလုံးသားက သေးငယ်သွားသလို ခံစားလိုက်ရသည်။ သူက လက်ဝေ့ယမ်းပြီး ပြောသည်။ 


“အချိန်ကျတဲ့အခါ မင်းငါ့ကို မောင်းမထုတ်နဲ့လို့ ငါ ပြောပြီးပြီလေ။ ငါ က ဘာလို့ FTWက ထွက်ရမှာလဲ”


လုဖုန်း၏ မျက်မှောင်က ပြန်ပြေသွားသည်။ သူသည် စကားလုံးအချို့ကို လွဲချော်သွားကြောင်း သိလိုက်၏။ 

111 08

ဝေ့ရှောင်းက ဘာလုပ်ချင်တာလဲ။ သူက ဘာကို ဒေါသထွက်ရမှာလဲ။ 


လုဖုန်းကလည်း FTWမှ ထွက်သွားချင်သော ကိစ္စနှင့် ပတ်သက်၍သာ တွေးလိုက်မိသည်။ ထို့အပြင် သူ့ကို ဒေါသထွက်အောင် လုပ်နိုင်သော ကိစ္စမျိုး မရှိပေ။ 


ဝေ့ရှောင်းက ခေါင်းဆောင်က နားလည်မှု လွဲမှားကြောင်း မြင်နိုင်သည်။ သူက အသံကို ခပ်မြန်မြန် ပျော့သွားစေလိုက်ရင်း ပြောသည်။ 


“မင်းသာ ငါ့ကို သဘောမကျ မဖြစ်သမျှ ငါ့ကို မမောင်းထုတ်သမျှ ငါ ဘယ်တော့မှ FTWကနေ မထွက်သွားဘူး”


လုဖုန်းက မျက်မှောင်ကြုတ် ပြန်သည်။ 


“ငါက ဘယ်လိုကြောင့် မင်းကို သဘောမကျ ဖြစ်ရမှာလဲ”


ဝေ့ရှောင်း၏ နှလုံးသားက ချိုမြိန်သွားသည်။ 


“ငါက မင်း ငါ့ကို မုန်းစေလောက်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တဲ့အချိန်မှာ…”


လုဖုန်း “…”


ဒါတော့ သူ မပြောနိုင်ဘူး။ ဝေ့ရှောင်းကို ဘယ်လို နည်းနဲ့မှ သူ မမုန်းဘူးဆိုတာ သူ မပြောနိုင်တဲ့ အရာပဲ။ 


ဝေ့ရှောင်းက စိတ်ဆုံးဖြတ်လိုက်သည်။ 


“အတိုချုံးပြောရရင် ငါ ဒီ၂သန်းကို မလိုချင်ဘူး အပြန်အလှန်အနေနဲ့ မင်း ငါ့ကို ကိစ္စတစ်ခု လုပ်ပေးရမယ်”


လုဖုန်းက အတွေးလွန်မည့် အခြေအနေကို ကြောက်သောကြောင့် သူဟာ အကန့်အသတ်ကို ပြောလိုက်သည်။ 


“စိတ်မပူနဲ့ ဒါက ဥပဒေကို မဆန့်ကျင်ဘူး။ မင်း အရမ်းကို ဒေါသထွက်ကောင်း ထွက်လာမဲ့ အရင်းအနှီးတစ်ခုလေးပဲ ရှိတာ”


လုဖုန်းက တကယ် သိချင်သွားသည်။ 


“မင်းက ဘယ်လို ကိစ္စမျိုးကို လုပ်မလို့လဲ”


ဝေ့ရှောင်း၏ အကြည့်က သူ၏နှုတ်ခမ်းထံ ရောက်သွားသည်။ သူ၏ နားများက အမှန်တကယ် ပူလာသည်။ 


“ငါ အခု မပြောနိုင်သေးဘူး”


လုဖုန်း၏ နှုတ်ခမ်းပါးက အနည်းငယ် ရွေ့သွားသည်။ 


“ခေါင်းဆောင်…”


ဝေ့ရှောင်းက လှည့်ကွက်များ သုံးလိုက်သည်။ 


“ငါ့ကို ကတိပေးပါ။ ဟုတ်ပြီလား”


လုဖုန်း “… ကောင်းပြီ”


ဝေ့ရှောင်းက စိတ်အေးသွားသည်။ ထို့နောက် သူ့ကို ကြည့်သည်။ 


“အချိန်ကျလာတဲ့အခါ မင်း တကယ် ဒေါသ မထွက်ရဘူးနော်”


လုဖုန်း “အင်း…”


ဝေ့ရှောင်း “ကောင်းပြီ မင်း ဒေါသ ထွက်လို့တော့ ရတယ်။ ငါ့ကိုတော့ မောင်းမထုတ်နဲ့”


လုဖုန်း “မဖြစ်နိုင်တာ”


ဝေ့ရှောင်း၏နှလုံးသားက အနိမ့်အမြင့် အတက်အကျကို ခံစားနေရသည်။ 


“ကတိပေးလား”


လုဖုန်း “ကတိ”


ဝေ့ရှောင်း ဘာလုပ်ချင်မှန်း သူ မသိပေမဲ့လည်း လုဖုန်းက လုပ်ခွင့် ပြုနိုင်ပါတယ်။ ဘာဘဲ ဖြစ်စေ သူက ဘောနပ် အကုန်လည်း ပေးနိုင်ပါတယ်။ 


******