Ch 110
Viewers 3k

အခန်း 110 ငါလည်း မင်းကို သဘောကျတယ်။ မနက်စာ စားချင်လား။ 


ဝေ့ရှောင်းက ညနေပိုင်း Free Matching စမှသာ လုဖုန်းကို ပြန်တွေ့သည်။ 


လုဖုန်းသည်လည်း သူဟာ အခြေအနေ ကောင်းနေကြောင်း မြင်လိုက်သည်။ 


“နေ့လို့ ကောင်းသွားပြီလား”


ဝေ့ရှောင်က ခပ်မြန်မြန် ဖြေသည်။ 


“ခေါင်းဆောင်ရဲ့ ဂျင်းရေနွေးကို သောက်ပြီးတဲ့နောက်မှာ ငါ အအေးတောင် မမိရဲတော့ဘူး”


လုဖုန်းက သူ၏ မှတ်ချက်ကို လျစ်လျူရှုရင်း နဖူးကို သွားစမ်းကြည့်လိုက်သည်။ 


“သတိထား အအေးမမိစေနဲ့”


ဝေ့ရှောင်းက ကဆုန်ပေါက်ကာ ခုန်ပေါက် ပြေးလွှားနေသည့် သူ၏နှလုံးသား သေးသေးလေးကို ထိန်းလိုက်ရင်း ပြောသည်။ 


“ကောင်းပါပြီ”


လုဖုန်းက တစ်ဖက်သူ၏ အကြည့်က အနည်းငယ် ပူပြင်းသည်ဟုပင် ခံစားနေရ၏။ သို့သော် ပြန်မေးလိုက်သည်။ 


“Double ဝင်တိုးမလား”


ဒီကောင်လေးကို အရမ်း စိတ်အားထက်သန်စေမဲ့ အခြား အကြောင်းအရာကို သူ တကယ် မတွေးမိဘူး။ 


ဝေ့ရှောင်းက အပျော်များနှင့် တောက်ပသွားသည်။ 


ယေး…


ချိုမြိန်ပြီး ရင်းနှီးပူးကပ်လွန်းတဲ့ Double ဝင်တိုးတာ။ ဟီး… ဒါက ခံစားချက်တွေကို ပျိုးထောင်တဲ့ မဟာလမ်းကြောင်းပဲ။ 


လုဖုန်းက စိတ်အေးသွားသည်။ 


“ဒါဆိုလည်း လာလေ”


ဂိမ်းကစားသည်နှင့် ပတ်သက်လာသော် ဝေ့ရှောင်းဟာ စတင်ကာ ရိုးသားပြီဖြစ်သည်။ သူတို့၏ကံက အလွန်ကောင်းသည်။ သူတို့သည် ပထမဦးဆုံး တစ်ယောက်တည်း ဝင်တိုးသော ယွမ်ဇယ်နှင့် တွေ့သည်။ ထို့နောက် Double ဝင်တိုးသော လောင်ချီနှင့် တွေ့ပြန်သည်။ နောက်ဆုံးမှ ရေလျှင် ဒုတိယမြောက်တစ်ပွဲတွင် ကင်ဆွန်းဟွန်းနှင့် တွေ့သည်။ သို့သော် အသင်းဖော်အဖြစ်သာ ကစားရ၏။ တစ်ဖက်ခြမ်းက သူတို့၏ Line Up ကို မြင်သောအခါ အညံ့ခံချင်သွားကြသည်။ 


သူတို့ ဒီပွဲကို ဘယ်လို ကစားရမှာလဲ။ 


မဟာမိစ္ဆာဘုရင်ကြီးက Top Lane မှာ ဒယ်ဒီဟွန်းက Bottom Lane မှာ နောက်ပြီး အရူးလေးဝေ့က Jungler မှာ ကစားနေသေးတယ်။ 


သနားစရာ ကောင်းသည်မှာ သူတို့ကို ရင်ဆိုင်နေသော အသင်းက ကစားသမားအမျိုးမျိုး ပေါင်းထည့်ထားခြင်း ဖြစ်နေပြီး တစ်ယောက်ကိုမှ မှီခို၍ မရနိုင်ပေ။ 


ပရိုကစားသမားတစ်ယောက် ဆိုသော မာနက ထောက်ပံ့ပေးနေ၍သာ မဟုတ်လျှင် သူတို့သည် လက်ပြနှုတ်ဆက် ပြီးလောက်လေပြီ။ 


ဂိမ်းပွဲက ပြီးဆုံးသွားပြီးနောက် ဝေ့ရှောင်းက ကင်ဆွန်းဟွန်းကို အထင်သေးစိတ် အပြည့်နှင့် ပြောသည်။ 


“နတ်ဘုရားကင် Matching ခလုတ်ကို နည်းနည်း နောက်ကျပြီးမှ နှိပ်လိုက်ပါ”


သုံးယောက်အတူ ဝင်တိုးရတာ တအားပျင်းဖို့ ကောင်းတယ်။ Top Lane ကလည်း သူ့ အထောက်အပံ့ကို မလိုဘူး။ Bottom Lane ကလည်း သူ့ အထောက်အပံ့ကို မလိုဘူး။ Middle Lane ကို သွားပြီး သတ်ဖြတ်တာကလွဲလို့ သူ ခြုံပုတ်ထဲမှာပဲ ပတ်ပြီး ကစားနေရတယ်။ ဘာမှ ပျော်စရာ မကောင်းဘူး။ 


ကင်ဆွန်းဟွန်းက လှောင်သည်။ 


“ဟမ့်… နောက်တစ်ပွဲမှာ ငါတို့ ပြိုင်ဖက်တွေ ဖြစ်နိုင်တာပဲ”


ဝေ့ရှောင်း “…”

110 02

ကွိုင်(Koi)သည် နာမည်နှင့် ထိုက်တန်သည်။ ထိုစကားလုံးများက အမှန်တကယ် ကောင်းမွန်သည်။ နောက်ဆုံးတစ်ပွဲတွင် သူတို့သည် ပြိုင်ဖက် ဖြစ်လာသည်။ 


လုဖုန်းနှင့် ဝေ့ရှောင်းက သူတို့သည် ယွမ်ဇယ်နှင့် ကင်ဆွန်းဟွန်းနှင့် တိုးသည်။ နှစ်ယောက်လုံးက တစ်ယောက်စီ ဝင်တိုးကြခြင်း ဖြစ်သည်။ 


နတ်ဘုရားကင် “ဟယ်လို လောင်ချီး”


ယွမ်ဇယ် “…”


ပါ့ပလစ်ချက်ကို ဖွင့်ထားသောကြောင့် ဝေ့ရှောင်းက သဘောတကျ ရယ်လိုက်သည်။ 


“ဒီအိုမင်းနေတဲ့ ကြွက်ချေးက ဘယ်သူလဲ”


ယွမ်ဇယ် “…”


ဝေ့ရှောင်းကလည်း အလင်းရောင်ကို ရုတ်တရက် မြင်လိုက်သည်။ 


“လတ်စသတ်တော့ ခေါင်းဆောင်ယွမ်ကိုး…”


ယွမ်ဇယ်က စီးကရက်ကို ချ၏။


“မိတ်ဆွေလေး … လဲပြီးသား စောင့်နေ”


ဝေ့ရှောင်းက ငရဲလို ကြောက်ရမှာလား။ 


“လာ လာ ငါ စောင့်နေတယ်”


လုဖုန်းက ဂိမ်းတစ်ပွဲလုံး ယွမ်ဇယ်ကိုသာ ပိတ်လှောင်ထားပြီး သူ ကီးဘုတ်ကို ဖောက်ခွဲချင်သည်အထိ သွားရှုပ်သည်။ 


Fuck သူ အခု ရူးနေတာလား။ သူ ဒီအတိုင်း ပါးစပ်နဲ့ သင်ခန်းစာ ပေးရုံပဲ မဟုတ်ဘူးလား။ ဒီလောက်အထိ ကလဲ့စားချေဖို့ လိုလို့လား။ 


ကင်ဆွန်းဟွန်းနှင့် ယွမ်ဇယ်နှင့် အတွင်းပိုင်း တိုက်ပွဲက လေးလံသော ပြဿနာ ဖြစ်နေခဲ့သေးသည်။ အကြောင်းက သူတို့သည် အချင်းချင်း နားလည်မှု မရှိကြချေ။ လုဖုန်းက ယွမ်ဇယ်ကို သေသည်အထိ ဖိနှိပ်ထားပြီး အသက်ရှုချိန်ပင် အခွင့်အရေး မပေးပေ။ ဝေ့ရှောင်းကလည်း ဂိမ်းတစ်ပွဲလုံး ရူးသွပ်နေသလိုမျိုး သတ်ဖြတ်ခြင်း Spree ကို စတင်ပြီး အောင်မြင်မှုကို အရယူလိုက်သည်။ 


FTW၏ ထိုနေ့မှ ရမှတ်များက အလွန်မြင့်သည်။ သို့သော် ကံဆိုးသည်မှာ သူတို့သည် Training Match အတွက် အခွင့်အရေး မရှိပေ။ ထို့အတွက်ကြောင့် ဒီအတိုင်းသာ ထိုင်ပြီး တခြားသူများ ပျော်ရွှင်စွာ ကစားနေခြင်းအား ကြည့်လိုက်ရသည်။ 


ကြည့်ရတာ မျက်တောင် တစ်ခတ်လောက်ပဲ ကြာလိုက်သလိုပဲ။ 


စတင်လေ့ကျင့်ချိန်မှ ရေတွက်ကြည့်သော် ဆယ်ရက်ကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် Final Prize Full ပြိုင်ပွဲစရန် နှစ်ရက်သာ ကျန်တော့သည်။ 


ဝေ့ရှောင်းက လုဖုန်းနှင့် ဆက်လက်ပြီး ပြေးသည်။ သူသည် မည်သည့်နည်းနှင့်မဆို အိပ်ရာမှ အချိန်မှန် ထသည်။ ပြေးလေလေ ပိုတက်ကြွလာလေလေ ဖြစ်လာသေးသည်။ သူသည် ပြေးချိန်တိုင်းလိုလို အမြဲတစေ အငမ်းမရ အသက်ရှုနေရသေးသည့်တိုင်အောင် အစပိုင်းအခြေအနေနှင့် ယှဉ်လျှင် အများကြီး ကောင်းမွန်လာပြီ ဖြစ်သည်။ 


ထိုသို့ဖြင့် မနက်ပိုင်း ပြေးနေစဉ် ကာလအတောအတွင်း မိတ်ဟောင်းဆွေဟောင်းများနှင့် ဆုံသည်။ ဝေ့ရှောင်းက ခပ်မြန်မြန် နှုတ်ဆက်လိုက်၏။ 


“ခေါင်းဆောင်လီ… လက်ကောက်ဝတ်က သက်သာသွားပြီလား”


ဟုတ်တယ်။ သူတို့ တိုးတာ။ 


လီဟယ်ယန်က တရုတ်စကား အများအပြား နားလည်သည်။ 


“အခု ကောင်းသွားပြီ”


ဝေ့ရှောင်းကလည်း အမှန်တကယ်ပင် မျှော်လင့်စောင့်စားနေသည်။ 


“ဒါဆိုရင် တဘတ်ခါ တွေ့မယ်”


“အင်း… နောက်မှတွေ့မယ်”


သူတို့က ဆန့်ကျင်ဘက်သို့ ပြေးနေသောကြောင့် နှစ်ယောက်က ထိုသို့ နှုတ်ဆက်ပြီးသည်နှင့် လူစု ခွဲလိုက်ကြသည်။ 


ဝေ့ရှောင်းက Close ရှေ့နားသို့ ကပ်လာသည်။ 


“မင်းမြင်လိုက်လား။ ကင်ဆွန်းဟွန်းက မလုပ်နိုင်ဘူး။ သူက နှစ်ရက်ဆက်တိုက် ပြေးပြီးတာနဲ့ မထိန်းနိုင်တော့ဘူး။ ငါက ပိုပြီး အားကိုးလို့ ကောင်းတယ်”

110 03

သူသည် ထိုအခွင့်အရေးကို အရယူလျက် ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်သည်။ 


လုဖုန်း “အင်း မင်းက တော်တယ်”


သူ၏ စကားကို နားထောင်ရင်း ဝေ့ရှောင်း၏ နှလုံးသားလေးက ယားလာသည်။ သူက ဆက်ပြောသည်။ 


“ငါ မင်းရဲ့ မနက်တိုင်း ပြေးချိန်တိုင်းလိုလို ငါ မင်းကို ဆက်ပြီး အဖော်ပြုပေးလို့ ရတယ်။ ငါတို့ Base ကို ပြန်ရောက်သွားရင်လည်း ငါတို့ အတူ ဆက်ပြေးလို့ရတယ်”


လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။ 


“ကောင်းပြီ”


ဝေ့ရှောင်းသည် လုံလောက်အောင် မဝန်ခံရသေးဟု ယူဆရသည်။ 


“တကယ်နော် မင်း ပြေးသမျှ မိုးရွာရွာ နေပူပူ ငါ လိုက်ပြေးမှာ”


လုဖုန်းက သူ့ကို ကြည့်သည်။ 


“တကယ်လို့ ငါ မပြေးတော့ရင်ကော…”


ဝေ့ရှောင်းက သူ၏ သစ္စာရှိမှုကို ဖော်ပြလိုက်သည်။ 


“ဒါဆိုရင်လည်း မင်း ဘာလုပ်လုပ် ငါ လိုက်လုပ်မှာပဲ”


လုဖုန်း “…”


သူသည်လည်း ယခင်ရက်များအတွင်း ဝေ့ရှောင်ရှောင်က ပို၍ပင် စေးကပ်လာသည်ဟု အမြဲတစေ ခံစားနေရသည်။ 


လုဖုန်းကလည်း ဝေ့ရှောင်းက သူ့နှလုံးသားထဲသို့ သကြားတုများ ဆက်ထည့်မည့် အခြေအနေကို ကြောက်မိသဖြင့် အကြောင်းအရာကို ပြောင်းလိုက်သည်။ 


“ငါတို့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင် ပြည်တွင်းပြိုင်ပွဲတွေ စတော့မှာ”


ဝေ့ရှောင်းက အားအင်အပြည့်နှင့် ဖြေသည်။ 


“ငါ သိတယ်”


FTW အတွက် လွန်ခဲ့သော ၁၀ရက်တာ ကာလက သူတို့၏ အံ့အားသင့်ဖွယ် ကောင်းသော ကြီးပြင်းမှုမျိုးကို ရရှိလိုက်သည်။ ဝေ့ရှောင်းနှင့် လုဖုန်းတို့က အသီးသီးသော နေရာများတွင် အပြည့်အဝ ကျေနပ်သွားကြပြီ ဖြစ်ပြီး လောင်ပိုင်ကလည်း လေးနက်တည်ကြည် လာသည့်အလျောက် သူတို့ Line Up ၏ ခံနိုင်ရည်က များလာသည်။ 


ရှောင်နင်က ငယ်သေးသည်။ သို့သော် တိုးတက်ရန် အခွင့်အရေး အများကြီး ရှိနေသည်။ သူ့ကို ကောင်းကောင်း ပျိုးထောင်ပေးနိုင်သမျှ သူသည် မျိုးဆက်သစ်အတွက် မှော်ဆရာဘုရင် ဖြစ်လာပေလိမ့်မည်။ 


ယွဲ့ဝမ်လဲ့၏ တစ်ခုတည်းသော ပြဿနာက သူသည် မကြာခဏ ဆိုသလို ဂိမ်းထဲတွင် ဖမ်းမိခံရတတ်ခြင်း ဖြစ်သည်။ သူသည် လေ့ကျင့်ရေး Match ပွဲများကို မကြာခဏ ဆိုသလို ကစားခဲ့ပြီးနောက် အမြဲတစေ အာလူးကြော်သာ စားနေပြီး စကားအများကြီး ပြောလေ့ မရှိသော ကလေးမျက်နှာလေးနှင့် လူငယ်လေးက ဂိမ်း၏ အခြေအနေက ထိုးကျသွားသည်နှင့် သက်ရောက်ခံရမှု ရှိကြောင်း သိလာစေသည်။ သူသည် များများ ထုရိုက်ခံရလေလေ ပို၍ပင် ပြင်းထန်စွာ တုံ့ပြန်တတ်လေလေ ဖြစ်သည်။ သူသည် အခြားသော maskmanများနှင့်မတူပေ။ ချန်းဖုန်းက သူ့ကို ထပ်တလဲလဲ ဝေဖန် အကဲဖြတ်သည်။ ယွဲ့ဝမ်လဲ့က အလေးအနက် ထားကာ နားထောင်သည်။ 

110 04

“နောက်တစ်ကြိမ် သတိထားပါ့မယ်” သို့သော် နောက်တစ်ကြိမ်တွင်လည်း အတူတူသာလျှင် ဖြစ်သည်။ နောက်တွန့်လိုသော စိတ်မရှိခြင်းက ကောင်းမွန်သော ကိစ္စကောင်းဖြစ်သည်။ သို့သော် အကျိုးအကြောင်းပေါ် မူတည်ရအုံးပေမည်။ 


သူ့မှာ နိုင်ရန် အခွင့်အရေး ရှိလျှင် သူက တိုက်ခိုက်မည် ဖြစ်ပြီး မတိုက်ခိုက်နိုင်သောအခါ ဖွံ့ဖြိုးတိုးတက်ရန်သာ အာရုံစိုက်ပြီး ကစားရမည် ဖြစ်သည်။ 


ထို့နောက်ပိုင်းတွင် ဝေ့ရှောင်းက အတန်ငယ် ရှက်မိသည်။ ပိုင်ချိုင်ကိုလည်း ထပ်တလဲလဲ သီးသန့်ဆွေးနွေး၏။ 


“လောင်ယွဲ့က ငါ့ရဲ့ ရိုက်နှက်မှုကို ခံရပြီးတဲ့နောက်မှာ သက်ရောက် ခံရလိုက်ရတာ မဟုတ်ဘူးလား”


ပိုင်ချိုင်၏ စကားလုံးများက ချက်ကောင်းကို ထိမှန်သည်။ 


“မင်းကြောင့် ရိုက်နှက်ခံလိုက်ရပြီးနောက်မှာ သက်ရောက် ခံလိုက်ရသူ မရှိတဲ့သူက အတော်လေးတော့ နည်းတယ်”


အနီးအနားတွင် လောင်ယွဲ့နှင့် Asleep ရှိပြီး အဝေးတွင် moonlitနှင့် အူရိုစတား ရှိသည်။ ဆောင်းတွင်း လေ့ကျင့်ရေးစခန်းတွင် အတောက်ပဆုံးသော အကောင်ပေါက်လေးများက တရုတ်မှ ဖြစ်နေသည်။ 


နောက်ဆုံးနေ့ Prize Full ပြိုင်ပွဲတွင် ဂိမ်းအတွက် အထောက်အပံ့ ချန်နယ်များအားလုံးကို ကြိုတင်ဖွင့်ထားသည်။ 


နတ်ဘုရားအသင်း လေးသင်းကို ထည့်ပြောရန် မလိုလောက်ပေ။ သူတို့က ရရှိသော ထောက်ပံ့မှုများက မှင်တက်ဖွယ် ကောင်းလောက်အောင် မြင့်သည်။ 


Group Bတွင် RR ရှိသည်။ ဒီတစ်ကြိမ်တွင် Moonlit က အမှန်တကယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ရှဲ့ဟယ်ကို အနိုင်ရပြီးနောက် သူ့ကို ကျော်ကြားသွားစေခဲ့သည်။ သူက ယခုတွင် Group Bတွင် အသန်မာဆုံး မြင်းနက် ဖြစ်နေသည်။ 


ထို့နောက် Group A တွင် FTWက ရှိနေသည်။ Close က Jungler နေရာကို လက်လျော့လိုက်ပြီး Top Lane သို့ ပြောင်းသွားခဲ့သည်။ Quiet က မည်သည့် နေရာကမှန်းမသိ ထွက်လာခဲ့သော်လည်း L&Pနှင့် အဆင့်တူ ကစားနိုင်ပြီး Pro ၏ ရမှတ်များကိုပင် ယူနိုင်လောက်အောင် သွားနိုင်သည်။ သူတို့၏ အင်အားက မှင်တက်ဖွယ် ဖြစ်သည်။ 


တရုတ်၏ TPTက အစောပိုင်းတွင် တိတ်ဆိတ်နေသည်။ RRက pointပြိုင်ပွဲများတွင် အခွင့်အရေးများ မရရှိတော့ချိန်တွင် သူတို့က စတင်ကာ တောက်ပလာသည်။ 


တိတ်ဆိတ်ပြီး ငြိမ်သက်သော Team က ရုတ်တရက် အသင်း ၁၇သင်းထံမှ ကျန်ရစ်သော ဒေတာတိုင်းကို စုဆောင်းယူသွားသည်။ သူတို့သည် ဂိမ်း၏ P&B ကဏ္ဍတွင်ပင် ခြေလှမ်းပေါင်းများစွာ လှမ်းထားလေ့ ရှိသည်။ သူတို့၏ တွက်ချက်မှုက သူတို့ပြိုင်ဘက်များ၏ စိတ်အခြေအနေကို ပြိုလဲကျစေသည်။ 


အနှစ်ချုပ် ဆိုရသော် 3Uက လွှမ်းမိုးခံနေရသည်။ သို့သော် တစ်ရက်တွင် Free Matching ကာလအတောအတွင်း Asleep နှင့် ခုံးယီတို့က လီဟယ်ယန်နှင့် ကင်ဆွန်းဟွန်းတို့နှင့်အတူ Double တိုးနေကြသည်။ အစပိုင်းတွင် ပရိသတ်များက Koi အသင်းကိုသာ လာကြည့်ကြခြင်း ဖြစ်သည်။ ထို့နောက် ညအိပ်ဝတ်စုံ CP ကြောင့် လမ်းလွဲသွားကြသည်။ 


ဒီအထောက်အပံ့ ကစားသမားက မှင်တက်ဖွယ် ကောင်းတယ် ဟိဟိဟိ… သူက လီဟယ်ယန်လောက်နီးပါး ကောင်းနေတာပဲ။ 


ဒီဂျန်ဂဲလာကလည်း တအားလန်းတာပဲ တရုတ်နိုင်ငံက ခွေးရူးတွေ ပေါနေပြီလား


နောက်ပြီး ဒီလူသစ်တွေ သူတို့အားလုံး ဘာလို့ ဒီလောက်တောင် ရူးနေတာလဲ။ 


Koi အသင်းနှင့် Double ဂိမ်းတွင် အနိုင်ရရှိခဲ့ပြီးနောက် ညအိပ်ဝတ်စုံကလည်း ကျော်ကြားသွားသည်။ 

110 05

လီဟယ်ယန်က မကစားသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်ပြီး သွေးပူရုံသာ ရှိနေသေးသည့်တိုင်အောင် ကင်ဆွန်းဟွန်းကလည်း ပေါ့ပေါ့ပါးပါး ပေါ့သေးသေး ကစားနေခြင်း ဖြစ်ပြီး အကွာအဝေးတို ပစ်ခတ်၍ ရသော အမြောက်ကို ယူထားသည့်တိုင် အနိုင်က အနိုင်သာလျှင် ဖြစ်သည်။ 


3U၏ Asleep နှင့် ခုံးယီက တရုတ်အား ပို၍ပင် မျှော်လင့်ချက် များသွားစေသည်။ ဒီနှစ် Double ပြိုင်ပွဲ ချန်ပီယံအသစ်များကို စိတ်ကူးယဉ်ကြည့်၍ ရသည်။ 


လုဖုန်းသည် ဝေ့ရှောင်းနှင့်အတူ Double ပြိုင်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ အသင်းများကို ခွဲခြမ်းစိတ်ဖြာရန်အတွက် မဟုတ်လေဘဲ…


“ငါတို့ ပြန်ရောက်သွားတဲ့အခါ မင်းရဲ့ ကျောင်းရပ်နားတဲ့ ဖြစ်စဉ်တစ်ခုလုံး ပြီးအောင် အဖော်ပြုပေးမယ်” ဆိုသော စကားကြောင့် ဖြစ်သည်။ 


ဝေ့ရှောင်းက ကြောင်သွားသည်။ လုဖုန်း၏ အသံက နွေးထွေးသည်။ 


“လုပ်ရမဲ့ ဖြစ်စဉ်တွေက ဒုက္ခတော့ မများပါဘူး။ ဒီအတိုင်း စိုးရိမ်စရာတော့ မလိုဘူး”


ဝေ့ရှောင်းက လုဖုန်း၏ ဆိုလိုရင်းကို သိသည်။ 


သူ ပျင်းနေသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်က နွေးထွေးလာပြီး နှလုံးသားကလည်း မအေးတော့ပေ။ 


“ဒါဆို မိသားစုဝင်တွေ လိုက်ဖို့ လိုလို့လား”


လုဖုန်း “မင်းက အရွယ်ရောက်ပြီ ဆိုပေမဲ့လည်း မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အသိအမှတ် ပြုမှုကတော့ လိုအပ်သေးတယ်လေ”


ဝေ့ရှောင်း “…” သူ့မှာ မိဘတွေ ရှိတယ်။ သူ တစ်ခါမှ မမြင်ဖူးတဲ့ မိဘနှစ်ယောက်ပေါ့။ 


လုဖုန်းက အရှိန်ကို နှေးချလိုက်ပြီး တိတ်တဆိတ် ပြောသည်။ 


“မင်း အိမ်မပြန်ချင်ဘူးဆိုရင် ငါ သွားပြီး သူတို့နဲ့အတူ လိုက်သွားလို့ရ…”


ဝေ့ရှောင်းက ခေါင်းခါသည်။ 


“ရပါတယ်။ ငါ လုပ်နိုင်တယ်”


လုဖုန်းက ရင်နာနေသည်။ 


“ဒီနေ့တော့ ပြေးတာ ရပ်ရအောင်”


ဝေ့ရှောင်းက ခေါင်းညိတ်ပြီး သူ့နောက်မှ လိုက်ကာ ဟိုတယ်ခန်းထဲသို့ ပြန်သည်။ နှစ်ယောက်က လူခွဲကာ ရေချိုးလိုက်ကြသည်။ ဝေ့ရှောင်း၏ ဦးနှောက်က ရှုပ်ထွေးနေသည်။ 


သူ ငယ်တုန်းက သူ့မိဘတွေကို ဘယ်လောက်လွမ်းလဲ ဆိုရင် သူ ကြီးလာပြီးတဲ့နောက်မှာ ဘယ်လောက်မုန်းလဲ ဆိုတာနဲ့ ညီမျှနေတယ်။ 


အထူးသဖြင့် သူ့အဘွား ထွက်သွားခဲ့ပြီးနောက် သူ့နှလုံးသားအတွင်းသို့ စူးရှလွန်းသော နာကျင်မှုက ဝင်ရောက်လာခဲ့သလိုမျိုး တွေးမိချိန်တိုင်းလိုလို နှလုံးသားနဲ့ အဆုတ်က နာလာသည်။ 


သူ့အဖေ သားတစ်ယောက် အနေနဲ့ သူက မသိတတ်ဘူး။ အဖေတစ်ယောက် အနေနဲ့ သူက မချစ်ပေးဘူး။ 


သူ့အမေက ယောက်ျားကိုပဲ အရေးကြီးတယ်လို့ သတ်မှတ်တယ်။ တခြား ဘာမှ မမြင်ဘူး။ 


ဝေ့ရှောင်းသည် ထိုအကြောင်းအရာကို အမှန်တကယ်ကို နားမလည်နိုင်ပေ။ သူတို့ သူ့ကို မလိုရင် ဘာလို့ မွေးခဲ့တာလဲ။ 


သူလည်း ဒီမိဘတွေ မလိုပါဘူး။ ဒါကို ဘာလို့ သူက ဒီနှိပ်စက်မှုတွေ ဒုက္ခဆင်းရဲတွေကို ခံစားပေးရတာလဲ။ 


အဘွားက ထွက်သွားပြီ။ သူတို့က ပြန်လာတယ်။ အဲဒီတော့ နောင်တရပြီးတော့ အပြစ်ချေချင်တယ်တဲ့။ ပြီးတော့ တောင်းပန်လာတယ်။ ဒါက ဘာအသုံးဝင်တော့လို့လဲ။ ဘယ်လို အခြေအနေမျိုးနဲ့ သူတို့ကို ခွင့်လွတ်ပေးသင့်တာလဲ။ 


ဝေ့ရှောင်းက မျက်လုံးကို မှိတ်လိုက်ပြီး ရေပန်းအောက်ထဲသို့ ခေါင်းကို ထိုးထည့်လိုက်သည်။ ဤနည်းအားဖြင့် သူ၏ အသုံးမကျသော မျက်ရည်များကို ရေဖြင့် ဆေးကြော ပစ်လိုက်သည်။ 


သူသည် ရေချိုးခန်းထဲတွင် အချိန်အတန်ကြာအောင် နေသည်။ လုဖုန်းက တံခါးလာခေါ်၏။ 


ထိုအခါမှသာ ဝေ့ရှောင်းက အသိပြန်ဝင်လာသည်။ 


“လာပြီ”

110 06

သူ ထိုအကြောင်းအရာကို ဆက်မတွေးတော့ဘဲ တံခါးဖွင့်လိုက်သည်။ မျက်လုံးများက ဆုံသွား၏။ ရေများက ဆက်လက်စီးဆင်းနေသည်။ 


လုဖုန်း “??”


ဝေ့ရှောင်း “Fuck”


ထို့နောက် ဝေ့ရှောင်းက တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်သော အသံကြီးက ထွက်လာသည်။ သူ၏ အမူအရာက တောင့်ခဲသွားသည်။ 


သူ လူရမ်းကားလို ပြုမူမိဖို့ မရည်ရွယ်ပါဘူး။ ဒီအတိုင်း… ဒီအတိုင်း… အား… ခေါင်းဆောင်


အရူးလေးဝေ့သည် အမှန်တကယ် ရူးသွားသည်။ 


လုဖုန်းက ထိုနေရာတွင် အချိန်အတန်ကြာအောင် ရပ်နေပြီးမှ ဩရှသောအသံဖြင့် စကားစပြောသည်။ 


“မင်း မင်း… အ.. အချိန်ယူပါအုံး ငါ ဘေးအခန်းကို သွားလိုက်မယ်”


ဝေ့ရှောင်းက သူ၏အသံကို ကြားသည်။ သို့သော် အချိန်အတန်ကြာသည်အထိ အသိမဝင်ပေ။ သူ ပြန်ဖြေသည့် အချိန်တွင်ပင် ဝေဝါးဝါးနှင့် ဖြစ်သည်။ 


“ကောင်းပြီ”


ထို့နောက် အပြင်ဘက်မှ အသံ မကြားရတော့ပေ။ ဝေ့ရှောင်းက မှန်ထဲမှ သူ၏ အဝတ်မပါဘဲ စိုရွဲနေသော ခန္ဓာကိုယ်ကို ကြည့်သည်။ 


သူ သေချင်သွားသည်။ 


သူ ဝန်တောင် မခံရသေးဘူး။ သူက အချစ်နာ ကျနေရပြီ။ 


ယခင်က ကြိုးစား အားထုတ်ရထားသည့် ရမှတ်များက ထိုးကျသွားရန် မလွယ်ကူပေ။ သို့သော် သူ၏ ယခင် အားထုတ်မှုများက ယခုအခါ အလဟဿ ဖြစ်သွားရသည်။ 


ထိုအချိန်တွင် ဝေ့ရှောင်းက သူ့မိဘများအတွက် အတွေးအပိုများပင် မရှိနိုင်တော့ပေ။ သူ့ဦးနှောက် တစ်ခုလုံးက မစတင်မီကတည်းက သေဆုံးသွားသော သူ၏ ပထမအချစ်နှင့်သာ ပြည့်နှက်သွားသည်။ 


နေပါအုံး…


ဝေ့ရှောင်း၏ ဆားကစ်လိုနေသော ဦးနှောက်က အွန်လိုင်း ပြန်တက်လာသည်။ 



အချိန်ယူပြီး လုပ်လိုက်ပါအုံး ဘေးခန်းကို သွားလိုက်မယ်…။


ခေါင်းဆောင်က ဘေးခန်းကို သွားတာလား။ 


ဘေးခန်းမှာ ရေသွားချိုးတာလား။ ဘေးခန်းမှာ ဘယ်သူ နေသေးလဲ။ 


လောင်ပိုင်ပဲ…။


ယခုလေးတင် လူရမ်းကားအဖြစ် သရုပ်ဆောင်ပြီးကာစ ဝေ့ရှောင်းက ချက်ချင်းလိုလို သဝန်တိုသွားသည်။ 


ခေါင်းဆောင်က ဘာလို့ သူများအခန်းမှာ သွားပြီး ရေသွားချိုးတာလဲ။ ဒါက အဆင်မပြေဘူးလေ။ 


ဝေ့ရှောင်းသည် ဆံပင်ကိုပင် သုတ်မနေတော့ဘဲ ချက်ချင်းလိုလို တီရှပ်ကို ကောက်စွပ်လိုက်ပြီး ထွက်သွားသည်။ 


သို့သော် သူ အပြင်သို့ ထွက်လာပြီးပြီးချင်း လုဖုန်းကို တွေ့ရမည်ဟု မထင်ထားမိပေ။ 


လုဖုန်းက နံရံကို မှီနေသည်။ သူ၏ မေးစေ့မှ ထင်းထွက်နေသော ညှပ်ရိုးပေါ်သို့ ချွေးတစ်စက်က စီးကျသွားသည်။ 


ဝေ့ရှောင်း “…”


လုဖုန်းကလည်း တောင့်ခဲသွားပြီး သူ့ကို လှည့်ကြည့်သည်။ နှစ်ယောက်လုံးက အချင်းချင်း ကြည့်နေကြပြီး စကားမပြောကြချေ။ 


ဝေ့ရှောင်းက ရုတ်တရက် မနေနိုင်တော့ချေ။ သူ့နှလုံးသားထဲတွင် ဖိနှိပ်ထားသော စကားလုံးများကို ဆက်ပြီး ဖိချထား၍ မရတော့ချေ။ သူသည် ခေါင်းဆောင်ကို သဘောကျသည်။ Close ကို ကြိုက်သည်။ လုဖုန်းကို ချစ်သည်။ 


သူ ဆက်မစောင့်နိုင်တော့ဘူး။ သူ ပြောချင်တယ်။ 

110 07

တကယ်လို့…


ကလစ် ဆိုသော အသံက ထွက်လာပြီး ဘေးဘက်ရှိ တံခါးက ပွင့်သွားသည်။ ဖုန်းသုံးနေသည့် ပိုင်ချိုင်၏ ခေါင်းက ထွက်လာသည်။ သူသည် မျက်လုံးမှိတ်ပြီး လမ်းလျှောက်နေသလိုမျိုး ဝေ့ရှောင်း ရှိရာဘက်သို့ လာသည်။ ထို့‌နောက် သူက ဝေ့ရှောင်း၏အသံကို ကြားလိုက်ရသည်။ 


“ခေါင်းဆောင် ငါ မင်းကို သဘောကျတယ်”


ချိုင်ကောက ရုတ်တရက် မော့ကြည့်လိုက်သောအခါ မှင်တက်ဖွယ် ကောင်းသောအခန်းကို မြင်လိုက်ရသည်။ 


မည်းမှောင်နေသော လျှောက်လမ်း၊ နံရံကို မှီထားသော အမျိုးသား၏ မည်းမှောင်သော အရိပ်ကသာ ထင်းထွက်နေသော နေရာတွင် … 


သူ၏ ခန္ဓာကိုယ်က ပိန်ပါးသည်။ ခြေတံရှည်များက အနည်းငယ် ကွေးထားသည်။ ထိုပုံရိပ်သည် ချောမောလွန်းသဖြင့် အတွေးများကို ရှုပ်ထွေးသွားစေလောက်သည်။ 


သူ၏ အရှေ့တွင် ရပ်နေသည်မှာ ပိန်ပိန်ပါးပါးနှင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ ခပ်ကြီးကြီး အနက်ရောင် တီရှပ်က နှင်းလိုဖြူဖွေးသော လည်တိုင်းကို ထင်းထွက်နေစေသည်။ သူ၏ ခပ်တိုတို စိုစွတ်စွတ် ဆံပင်အောက်နားတွင် နားထိပ်များကို မြင်နိုင်သည်။ ထို့အပြင် ထိုလျှောက်လမ်းတစ်လျှောက် ငယ်ရွယ်သော လူငယ်၏ ကျွတ်ဆတ်ဆတ် အသံက ပြန့်လွှင့်နေသည်။ 


လုဖုန်းက ပိုင်ချိုင်ကို ကြည့်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောသည်။ 


“အင်း…”


ဝေ့ရှောင်း၏ နှလုံးသားက ခုန်သွားသည်။ 


ပိုင်ချိုင်က အသိပြန်ဝင်သွားသည်။ သူသည် အတော်များများ နိစ္စဓူဝ တွေ့ကြုံထားသည့် ဖြစ်သည့်အလျောက် အမှန်တကယ်ပင် ကြောက်လန့်နေပြီ ဖြစ်သည်။ 


ဝေ့ရှောင်းက ခေါင်းကို လှည့်ကြည့်လိုက်ပြီး မှင်တက်နေသော ချိုင်ကောကို တွေ့လိုက်ရသည်။ 


Fuck 


သူ ဝန်ခံချင်နေတာလေ။ ဘာလို့ ဘီရိုထဲက ထွက်လာရတာလဲ။ 


သို့သော် ပိုင်ချိုင်က 


“မင်း သောက်ကျိုးနည်း ဒါကို တစ်ရက်ကို သုံးကြိမ်လောက် ပြောနေတာ မဟုတ်ဘူးလား” ဟု ပြောလာမည်ဟု မထင်ထားမိချေ။ 


ဝေ့ရှောင်း “???”


ပိုင်ချိုင်က ကြောက်လန့်လွန်းပြီး အသားတွေ ကြေမွသည်အထိ ကွဲအက်ချင်နေသည်။ 


“တစ်လောကလုံးကလည်း မင်း ခေါင်းဆောင်ကို ကြိုက်မှန်း သိတယ်။ မင်း ဒါကို ခဏခဏ ပြောမနေပါနဲ့လား။ ဒီစကားကို မင်း တစ်နေ့ကို သုံးနပ် စားသလိုမျိုး သဘောထားနေတာပဲ”


လုဖုန်းက သူ၏ စိုနေသော ဆံပင်ကို လှမ်းပွတ်သည်။ 


“သွား… ဆံပင်ကို အခြောက်ခံလိုက်အုံး သတိထား အအေးမမိစေနဲ့”


ဝေ့ရှောင်းက သူ့ကို ရူးကြောင်ကြောင် ကြည့်သည်။ မဟုတ်သေးပါဘူး။ ဒါက…


ပိုင်ချိုင်က ထုံထိုင်းနေပြီ ဖြစ်သည်။ 


“ခေါင်းဆောင်လည်း မင်းကို ကြိုက်တာပဲ။ ငါလည်း မင်းကို ကြိုက်တယ်။ လူတိုင်းလည်း မင်းကို ကြိုက်တယ်။ မင်း မနက်စာ စားချင်လား”


ဝေ့ရှောင်း “…”


Fuck …

******