Ch 109
Viewers 3k

အပိုင်း (109) ဝေ့ရှောင်း မတ်တပ်ရပ်စမ်း။ 


သေစမ်း သူ့မျာ အချစ်ပြိုင်ဘက်တွေ အများကြီးပဲ။ 


“မင်း အခု ခြေချော်သွားတာ ခြေထောက် အဆင်ပြေရဲ့လား”


လုဖုန်းက ကမ်းစပ်တွင် ထော့နင်း ထော့နင်း လမ်းလျှောက်နေသော ဝေ့ရှောင်း၏ ခြေထောက်ကို စိုးရိမ်နေသေးသည်။ ဝေ့ရှောင်းက ရေထဲသို့ ထပ်ဆင်းပြီး ကစားသွားသော်လည်း သူက ဒီအတိုင်း မလွတ်ပေးနိုင်သေးပေ။ 


ဝေ့ရှောင်းက သတိလက်လွတ်နိုင်လွန်းပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရထားလျှင်ပင် စိုးရိမ်မှု မရှိဘဲ ပေါ့ပေါ့လျော့လျော့နေမည့် အခြေအနေကို စိုးရိမ်နေခြင်း ဖြစ်သည်။ 


ဝေ့ရှောင်းက ထိုအခါမှသာ ရုတ်တရက် အသိပြန်ဝင်လာ၏။ 


“အာ”


လုဖုန်း “ထိုင်”


ယခုလေးတင် ကိုယ်ပိုင် အတွေးများဖြင့် အလဲထိုး ခံလိုက်ရသော ဝေ့ရှောင်းက အိပ်ရာပေါ်တွင် ထိုင်သည်။ လုဖုန်းက ငုံ့ကိုင်းလာသော သန့်ရှင်းကြည်လင်ကာ သွယ်လျသော လက်ဖြင့် သူ၏ ခြေမျက်စိကို ကိုင်ကာ မေးသည်။ 


“နာသေးလား”


ဝေ့ရှောင်း၏ ဦးနှောက်က တဂျီဂျီပင် မြည်လာသည်။ ထို့နောက် ပေါက်ကွဲသွားသည်။ 


လုဖုန်းက သူ့ကို မော့ကြည့်သည်။ 


“ဟင်…”


ဝေ့ရှောင်း၏ ပါးက နီလာသည်။ သူ၏အသံက တုန်ယင်သွားသည်။ 


“ယား… ယားတာ… တကယ်ယားနေတာ”


ခေါင်းဆောင် ထိတွေ့လိုက်သော နေရာတိုင်းက သူ့နှလုံးသားကို ခပ်ကြမ်းကြမ်း ခုန်ပေါက်စေလောက်အောင် တအားယားနေတယ်။ 


လုဖုန်းက သူ၏လက်ကို ခပ်မြန်မြန် ပြန်ရုတ်လိုက်သည်။ သူ့လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် အပူလောင်သွားသလိုပင် ထင်ရသည်။ ဝေ့ရှောင်းသည် သားရဲတစ်ကောင်ဟု ကြိမ်းဝါးရဲကောင်း ကြိမ်းဝါးရဲလောက်သည်။ သို့သော် သူသည် အမှန်တကယ်တော့ တိရိစ္ဆာန်တစ်ကောင် ဖြစ်လိမ့်မည်ဟု မတွေးထားမိချေ။ သူက အသက်ပြင်းပြင်းရှုပြီး ခုန်ထလာကာ ပြောသည်။ 


“တကယ်တော့ မနာသွားပါဘူး။ အဆင်ပြေပါတယ်။ ငါ ဆံပင် သွား အခြောက်ခံလိုက်အုံးမယ်”


လုဖုန်း၏ ဦးနှောက်အတွင်း ရေပူတစ်အိုးက ပွက်ပွက်ဆူနေသလို ထင်ရသည်။ 


သူ ဘယ်လိုများ ဆက်ပြီး စကားပြောရမှာလဲ။ 


ရေချိုးခန်းထဲတွင် ပုန်းနေပြီးနောက် ဝေ့ရှောင်းက လက်ကို မြောက်လျက် သူ့နှလုံးသားကို ဖိထားလိုက်သည်။ ဘုရားရေ လူသားတွေရဲ့ နှလုံးသားက ဒီလောက် မြန်မြန် ခုန်လှုပ်နိုင်တာလား။ 


ဒီနှလုံးသားက လောင်ဇီရဲ့ ကိုယ်ထဲမှာ ခုန်ပေါက်ပြီး ကနေတာ မဟုတ်ဘူးလား။ 


ဝေ့ရှောင်းက သူ့အကြည့်ကို မနေနိုင်ဘဲ အောက်သို့ ပို့လိုက်သည်။ ထို့နောက် ဘယ်ဘက်ခြေမျက်စိကို ကြည့်သည်။ ယခုလေးတင် ဖြစ်သွားခဲ့သော မြင်ကွင်းက သူ့စိတ်ထဲတွင် ထပ်တလဲလဲ ပြန်ပေါ်လာသည်။ 


ဖူး ဟူး ဟူး…


ခေါင်းဆောင်သည် ညင်သာပြီး ချောမောသည်။ ဈေးအကြီးဆုံး လက်ရည်အကောင်းဆုံး လက်ဟု ကျော်ကြားသော သူ၏ လက်တစ်စုံက သူ၏ ခြေမျက်စိကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ 


ထုံထိုင်းသွားသော လျှပ်စစ်လိုင်း တချို့က သူ့ခြေမျက်စိမှတစ်ဆင့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသို့ ကန်တက်လာကာ ပါးကိုပင် လောင်ကျွမ်း ပူတက်လာစေသည်။ 


ဝေ့ရှောင်းက မှန်ထဲမှ ဖျားနေပုံပေါ်သော ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှုသည်။ 


သောက်ကျိုးနည်း ဘယ်သူက အအေးမိနေတာလဲ။ 


အား…


ဝေ့ရှောင်းက ဆံပင်အခြောက်ခံစက်ကို ဖွင့်လိုက်ပြီး လေအေးခလုတ်ကို ပြောင်းနှိပ်လိုက်ရင်း ခေါင်းကို မှုတ်နေလိုက်သည်။ 


စိတ်ငြိမ်ငြိမ်ထား…

109 02

လောင်ဝေ့ မင်း သောက်ကျိုးနည်း ငရဲလို… စိတ်ငြိမ်စမ်းပါ။ 


ဒါက ခေါင်းဆောင်နော်…။ အဲဒါ Close အဲဒါ Glory ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ် ဒါက မင်း လိုက်နေတဲ့ ယုံကြည်သက်ဝင်မှု။ 


ရေအေးဖြင့် မျက်နှာသစ်ပြီး သူ၏ စိုထိုင်းနေသေးသော ဆံပင်ကို လေအေးဖြင့် တစ်ဖန် အခြောက်ခံပြီးနောက် ဝေ့ရှောင်းသည် သူ လိုချင်သော သက်ရောက်မှုကို ရလိုက်ပြီး ကျယ်လောင်စွာ နှာချေလိုက်၏။ 


ဆံပင်အခြောက်ခံစက်၏ အသံက မကျယ်ပေ။ ထို့ကြောင့် နှာချေသံက အခန်းထဲသို့ပင် ပျံ့နှံ့သွားသေးသည်။ 


လုဖုန်းက အသိပြန်ဝင်လာပြီး ထပ်ပြီး စိုးရိမ်သွားပြန်သည်။ 


သူ အအေးမိသွားတာလား။ အခုလေးတင် သူ့မျက်နှာက နီနေတာ။ ဖျားနေလို့လား။ 


လုဖုန်းသည် သွားကြည့်ချင်သည်။ သို့သော် သူ့လက်က တံခါးလက်ကိုင်သို့ ရောက်သွားသော အခိုက်အတန့်တွင် မဖွင့်နိုင်ခဲ့ပေ။ 


သူသည် အချိန်အတန်ကြာ စောင့်ဆိုင်းနေလိုက်သည်။ ဆံပင်အခြောက်ခံစက်သံက ပိတ်သွားပြီး လူထွက်လာသည်အထိ စောင့်၏။ 


ဝေ့ရှောင်းက ဆံပင်ကို အခြောက်ခံပြီးနောက် အောင်မြင်စွာဖြင့် စိတ်တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီ ဖြစ်၏။ 


အခု သူ နည်းနည်း အေးသွားလို့ ထင်ပါတယ်။ ကြည့်ရတာ အပူချိန်က အတော်လေး ကျနေတဲ့ ပုံပါပဲ။ 


ထို့ကြောင့် အပြင်သို့ ထွက်လာသောအခါ လုဖုန်းက သူ့ကို ရေပူတစ်ခွက် ပေးသည်။ 


“အအေးမိတာလား”


ဝေ့ရှောင်းက ရေပူခွက်ကို ယူသည်။ သူက တစ်စုံတစ်ရာ ပြောမည့်အချိန်တွင် နှာချေ ပြန်သည်။ 


လုဖုန်း၏ မျက်မှောင်က ကြုတ်သွားသည်။ 


“မင်း အခု ရေအေးနဲ့ ချိုးလိုက်တာလား”


ဝေ့ရှောင်းက ခေါင်းမော့သည်။ သူ၏ မျက်လုံးထဲတွင် စိုထိုင်းသော မြူထုက ရှိနေသည်။ 


“အင်း”


ဧည့်သည်များအတွက် ပြင်ဆင်ပေးထားသော ဟိုတယ်သည် ပင်လယ်ဘက်မှ ထွက်သော အထူးရေပန်းကိုလည်း ထည့်သွင်းပေးထားသည်။ ဝေ့ရှောင်းသည် အဆောက်အဦးထဲသို့ သဲနှင့် စိုထိုင်းသော ရေများကို ပြန်သယ်မလာချင်သည့်အတွက် တစ်ဖက်တွင် တစ်ခါတည်း ရေလောင်းခဲ့ခြင်း ဖြစ်သည်။ 


တရုတ်တွင် ဆောင်းတွင်း ဆိုသော်လည်း ဤကျွန်းပေါ်တွင် နွေရာသီ ဖြစ်နေသေးသည်။ ရေအပူချိန်ကလည်း အေးမြ၏။ ဝေ့ရှောင်းသည် ရေချိုးနေချိန်တွင် အလွန်အမင်း သက်တောင့်သက်သာ ရှိခဲ့သည်။ 


လုဖုန်းက ဆက်မေးသည်။ 


“ရေကို ခြောက်အောင် မသုတ်ဘဲ အပေါ်ကို ပြေးတက်လာခဲ့တာလား”


ဝေ့ရှောင်းက အပေါ်သို့ တက်ပြီး ခေါင်းဆောင်ကို တွေ့ချင်စိတ်က များလွန်းနေသဖြင့် တစ်ချက်နှစ်ချက် ဖြစ်သလို သုတ်ချလိုက်ပြီး အပေါ်သို့ ပြေးတက်လာခဲ့ခြင်း ဖြစ်သည်။ 


လုဖုန်းက သူ၏စိုထိုင်းနေသော ဆံပင်အကြောင်း တွေးမိသောအခါ သူ၏ထင်မြင်ချက်က မှန်လောက်မည်ဟု တွေးလိုက်သည်။ 


“နေအုံး”


လုဖုန်းက သူ့အား အိပ်ရာပေါ်သို့ ဖိချလိုက်သည်။ 


ဝေ့ရှောင်းကလည်း သေချင်လောက်အောင် နောင်တရသွားသည်။ သူသာ အခု သူ့ကိုယ်သူ လေအေးနဲ့ ဆံပင် အခြောက်မခံလိုက်ရင် သူ အအေးမမိလောက်ဘူး။ သူသာ ထိုသို့ မလုပ်ခဲ့လျှင်လည်း သူသည် သားရဲဆန်သော တစ်ခုခုကို လုပ်ကောင်း လုပ်မိနိုင်သည်။ 


အား… 


သူ ရူးသွားပြီ။ 


သူ ဘယ်လိုကြောင့်များ ခေါင်းဆောင်ကို သဘောကျသွားရတာလဲ။ 


ဒါက နွေဦးရာသီ မရောက်သေးဘူးလေ။ သူက ချစ်ချင်နေပြီ။ 


နောက်ပြီး ဒါက Close နဲ့ သေလိုက်ပါတော့…။


ဝေ့ရှောင်းက စောင်ထဲတွင် အုပ်ကာ လူးလိမ့်နေသည်။ သူသည် အဆုံးသတ်ပြီဟုပင် တွေးလိုက်မိ၏။ 


၁၉နှစ်ပဲ ရှိသေးတဲ့ လူငယ်လေး။ သူ ဒီလို အရာမျိုးအကြောင်း လုံးဝ မတွေးဘဲနဲ့ ဒီအသက်အရွယ်အထိ နေခဲ့တာ။ ဒါတောင်မှ ရုတ်တရက်ကြီး သူ Crush တစ်ယောက် ရသွားတယ်။ ပြီးတော့ ဒါက ယောက်ျားလေးတစ်ယောက်…


ကောင်းကင်ဘုံနှင့် မြေပြင်ကိုပင် မကြောက်ရွံ့သော ဝေ့ရှောင်ရှောင်က ယခု သူ တုန်လှုပ်နေပြီ ဖြစ်သည်။ 


သူ ဘာလုပ်ရမလဲ။ 


သူ ခေါင်းဆောင်ကို တွေ့ရမှာလည်း တအားရှက်တယ်။ 


လုဖုန်းက သိပ်မကြာခင် ဂျင်းရေနွေး တစ်ခွက်ကို ကိုင်ပြီး ပြန်ရောက်လာသည်။ ရှန်းလျို၏ လက်ထဲတွင် ဆေးမျိုးစုံ ရှိသည်။ သူသည် အပေါ်ထပ်သို့ ယူလာပြီးသည့်တိုင်အောင် ဝေ့ရှောင်းကို အတင်းမတိုက်ပေ။ 


ထို့ကြောင့် ဝေ့ရှောင်းက အအေးမိနေကတည်းက ဂျင်းရေနွေးကို အရင်သောက်ပြီး ခန္ဓာကိုယ်ကို နွေးအောင် လုပ်ပြီးမှသာ သင့်တော်သော ဆေးမျိုးကို သောက်ခြင်းအားဖြင့် အပူချိန်ကို လျော့ကျအောင် လုပ်ရလေသည်။ 


ဝေ့ရှောင်းက တံခါးဖွင့်သံကို ကြားသောအခါ ရိုးရှင်းစွာဖြင့် မျက်လုံး မှိတ်ထားရန် ဆုံးဖြတ်လိုက်သည်။ 


သူ ခေါင်းဆောင်ကို တွေ့ရမှာ တအားရှက်တယ်။ သူ မျက်လုံးကိုပဲ မှိတ်ထားလိုက်သင့်တယ် ထင်တယ်။ 


လုဖုန်း၏ လှုပ်ရှားမှုများကလည်း အလွန်ပေါ့ပါးပြီး အသံကလည်း တိုးလျပြီး ညင်သာလေကာ နားဘေးကပ်လျက် ပြောသလို ထင်ရသည်။ 

109 03

“အိပ်နေပြီလား”


ဝေ့ရှောင်း “…”


Fuk ဘာလို့ ခေါင်းဆောင်မှာ ရုတ်တရက်ကြီး လျှပ်စစ်စွမ်းအားတွေ ထွက်နေတယ်လို့ ခံစားမိလိုက်တာလဲ။ 


ဝေ့ရှောင်းက မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်ကာ မျက်လုံးပြူးပြီး ကြည့်လိုက်သည်။ လုဖုန်းက သူ့ကို ချော့သည်။ 


“အရင်ဆုံး ဂျင်းရေနွေးတစ်ခွက်လောက် သောက်လိုက်၊ ပြီးမှ အိပ်လိုက်လေ။ ညနေကျရင် အဆင်ပြေသွားလိမ့်မယ်”


ဝေ့ရှောင်းက ထထိုင်ရင်း ပူနွေးနေသော ရေနွေးကြမ်းခွက်ကို ကြည့်ကာ သူ၏စိတ်အခြေအနေက ရှုပ်ထွေးသွားသည်။ 


“ခေါင်းဆောင် ခေါင်းဆောင်က အအေးမိတာ မဟုတ်ဘူးလား”


လုဖုန်းက ထိုအကြောင်းအရာကို မေ့သွားပြီဖြစ်သည်။ သူယခင်က ရေထဲသို့ မဆင်းရရန် အလို့ငှာသာ ပြောခဲ့ခြင်း ဖြစ်သည်။ လုဖုန်းက ဟန်ဆောင် ချောင်းဆိုးလိုက်သည်။ 


“မင်းလည်း အအေးမမိသင့်ဘူးလေ”


ဝေ့ရှောင်းသည် ဂျင်းရေနွေးကြမ်းကို မသောက်ချင်ပေ။ သူက တုံ့ဆိုင်းနေရင်း ခံစားချက်များ အတွင်းမှ ဒွိဟ ဖြစ်နေသည်။ 


လုဖုန်းကလည်း မြင်သည်။ 


“ဒီအစပ်အရသာ မကြိုက်လို့လား”


ဒီကလေးက အစာနှင့် ပတ်သက်လျှင် အတော်လေး ချီးများသည်။ သူက အစပ်လည်း မကြိုက်၊ အချဉ်လည်း မကြိုက်၊ အခါးလည်း မကြိုက်၊ နောက်ပြီး အတော်လေး ငန်တာကိုလည်း မကြိုက်ပြန်ပေ။ သူက ဖရဲသီးကြိုက်သည်။ ကြွပ်ရွပြီး ချိုမြိန်တာမျိုးကို သဘောကျတာ ဖြစ်နိုင်သည်။ တစ်ခါတလေကျရင် ဖရဲသီးတစ်လုံးရဲ့ တစ်ဝက်တိတိ စားပြီးတစ်နပ်စာ ပြီးသွားတတ်သည်။ ထို့ကြောင့် ဒီလောက် ပိန်နေတာ ဖြစ်နိုင်သည်။ 


ဝေ့ရှောင်းက အစပ်အရသာကို သဘောမကျတာ မကသေးလေဘဲ သူ့နှလုံးသားက မီးတောက်လွန်းနေသည်ဟုပင် ခံစားနေရသည်။ သူ ယခု အခြေအနေလိုမျိုး ပြင်းထန်လွန်းသော ဂျင်းရေနွေးကြမ်းကို သောက်ခြင်းက မသင့်လျော်ဟု ခံစားနေရသည်။ 


အထီးကျန်သမားနဲ့ အမျိုးသားတစ်ယောက်က အဆောင်ခန်းတစ်ခုတည်းမှာ အတူနေတာ။ ခေါင်းဆောင် အန္တရာယ်ရှိမှာကို‌ ကြောက်ပါတယ်နော်။ 


လုဖုန်းက တစ်ငုံသောက်သည်။ “သကြားပါတယ်။ အရသာက သိပ်မဆိုးပါဘူး”


ဝေ့ရှောင်း “…”


လုဖုန်းက ဆက်ပြောသည်။ “ဒါမှမဟုတ် ငါ သကြားနည်းနည်း သွားယူ…”


သူ ခေါင်းဆောင်ကို ဘယ်လိုလုပ် သူ့အတွက်နဲ့ နှစ်ကြိမ်လောက် ပြေးလွှားခွင့် ပြုနိုင်မှာတဲ့လဲ။ 


ထို့ကြောင့် လုဖုန်း၏ စကားမဆုံးခင်တွင် ဝေ့ရှောင်းက ရေနွေးကြမ်းခွက်ကို သောက်ယူလိုက်ပြီး မျက်လုံးကို မှိတ်ကာ တစ်ငုံအပြည့်သောက်လိုက်သည်။ 


စပ်တယ်။ ပူတယ်။ နောက်ပြီး နည်းနည်းတော့ ချိုတယ်။ 


ဝေ့ရှောင်းက မျက်မှောင်ကြုတ်လျက် ခွက်ကို ပြန်ချသည်။ 


“ပြီးသွားပြီ”


လုဖုန်းသည် ရေနွေးကြမ်းခွက်တွင် ထပ်နေသော စိုထိုင်းထိုင်း နှုတ်ခမ်းရာကို ကြည့်လိုက်ပြီး မျက်လုံးက တစ်ချက် လက်သွားသည်။ 


ဝေ့ရှောင်းကလည်း သူ သောက်ခဲ့သော နေရာက တိုက်တိုက်ဆိုင်ဆိုင် လုဖုန်း အရသာ မြည်းကြည့်သော နေရာဖြစ်ကြောင်း သိလိုက်ရသည်။ 


ဒါက… သွယ်ဝိုက်ပြီး နမ်းတာလား။ 


ဝေ့ရှောင်း “???”


သူ မရည်ရွယ်ပါဘူး။ သူ တကယ် မရည်ရွယ်ဘူး။ 


မရည်ရွယ်သလိုလို ဖြစ်တယ် ဆိုပေမဲ့လည်းပေါ့။ 


လုဖုန်းက ရေနွေးကြမ်းခွက်ကို ချလိုက်ပြီး သူ့ကို စောင်ဖြင့် ခြုံပေးသည်။ 


“ခဏနားလိုက်”


ဝေ့ရှောင်းသည် အလွန်နာခံစွာဖြင့် လဲချလိုက်ပြီး သူ့ကို ကြည့်သည်။ 


“ခေါင်းဆောင်က ဘာလုပ်မှာလဲ”


“မင်းရဲ့လည်ချောင်းက မသက်မသာ ဖြစ်နေလား။ ဆေးသောက်ချင်သေးလား”


“အင်း…”


“ဘာလို့ ခဏလောက် မနားတာလဲ”


လုဖုန်း “…”


ဝေ့ရှောင်းကလည်း သူသည် ရူးတော့မည်ဟု ခံစားနေရသည်။ 


“ငါနဲ့နေပြီး အဖော် လုပ်ပေးမလား”


လုဖုန်းက အအေးကြောင့် နီရဲနေသော သူ့ပါးကို ကြည့်သည်။ သူ့နှလုံးသားက ခုန်လှုပ်လာသည်။ 


ဝေ့ရှောင်းသည် ထိုစကားလုံးများကို ပြောပြီးနောက် သေပြီဟုပင် ခံစားလိုက်ရသည်။ 


သို့ရာတွင် သူသည် ဆိုးသွမ်းသော နတ်ဘုရားဝေ့ ဖြစ်ထိုက်သည်။ သူ့ပါးစပ်က ဦးနှောက်ထက်ပင် သတ္တိကြီးသည်။ 


“ငါတို့ နှစ်ယောက်လုံး အအေးမိနေတယ် ဆိုတော့ အတူနေပြီး ချွေးထုတ်တာ မကောင်းဘူးလား”


ဝေ့ရှောင်းက သူ့ကိုယ်သူပင် အံ့ဩသွားသည်။ 

109 04

Fuck …


လောင်ဇီက တကယ်ကို သားရဲပဲ။ 


လုဖုန်းသည်လည်း အမှန်တကယ် သဘောမတူခဲ့ပေ။ သူ ကောင်စုတ်လေးရဲ့ ပါးစပ်က Filter ရှိတာ မဟုတ်ဘူး။ ဘာမဆို နောက်ရဲတယ်။ ဒါပေမဲ့ သူကတော့ မတူဘူးလေ။ သူတို့သာ ဒီလိုအခြေအနေမျိုးမှာ အတူရှိလိုက်ရင်…


လုဖုန်းက နဖူးကို တစ်ချက်တောက်သည်။ 


“အိပ်တော့…”


ဝေ့ရှောင်းအနေဖြင့် ယခုလို နဖူးအတောက်ခံရသည်က ပထမဆုံး အကြိမ် မဟုတ်သလို ဒုတိယတစ်ကြိမ်လည်း မဟုတ်ပေ။ သို့သော် ပထမဆုံးအနေဖြင့် သူ့မျက်ခုံးက ယားယံမှုကို ခံစားရခြင်း ဖြစ်သည်။ ယားယံပြီး သတ္တိကပင် ကြီးလာသည်။ 


“မင်းက သွားတော့မှာလား”


လုဖုန်း “ငါ မင်းအိပ်သွားတဲ့အထိ စောင့်မယ်”


ဝေ့ရှောင်း၏ ပါးစပ်က ချိုသွားသည်။ ယခုသောက်ထားသော ဂျင်းရေနွေးကြမ်းက ပျားရည်ရေနွေးကြမ်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။ 


“ငါ ငယ်ငယ်တုန်းက အအေးမိရင် အဘွားက ငါ့ကို ဒီလိုပဲ အဖော်ပြုပေးနေကျ…”


လုဖုန်း “…”


ဝေ့ရှောင်းသည် တွေးလေလေ ပို၍ သတ္တိကြီးလာလေလေ ဖြစ်သည်။ 


“အဲဒီနောက် လက်ကို ဒီနေရာမှာ တင်ထားတာ”


ထို့နောက် သူသည် လက်မောင်းဆန့်လျက် လုဖုန်း၏ လက်ကို သူ့နဖူးပေါ်သို့ တင်သည်။ 


နှစ်ယောက်လုံးက တစ်ခဏခန့် ကြောင်သွားသည်။ ဝေ့ရှောင်း၏ နဖူးက မပူပေ။ သို့သော် လုဖုန်း၏လက်က အလွန်ပူနေသည်။ တစ်ယောက်ကမူ အပူလောင်နေသလို ခံစားနေရပြီး အခြားတစ်ယောက်ကမူ… သူလည်း အပူလောင်တာပါပဲ။ 


လုဖုန်းက လက်ကို ပြန်ရုတ်၏။ 


“အိပ်မှာလား မအိပ်ဘူးလား”


ဝေ့ရှောင်းကလည်း ဖော်ပြရန် ခက်လောက်အောင် အပြစ်မကင်းစိတ်ကို ခံစားနေရသည်။ 


“အိပ်ပြီ”


ထို့နောက် သူသည် အမှန်တကယ် အိပ်ပျော်သွားသည်။ 


သူသည် နောက်ကျမှ အိပ်ပြီး စောစောထထားသည့်အပြင် တစ်မနက်ခင်းလုံး ရေဆော့ပြီး စိတ်လှုပ်ရှားနေခဲ့သေးသည်။ 


ထို့အပြင် သူသည် အအေးအနည်းငယ်လေး မိသွားခဲ့ပြီး ငိုက်မျည်းသောကြောင့် အိပ်ပျော်သွားခဲ့သည်။ 


ဝေ့ရှောင်းသည် အိပ်မက်တစ်ခု မက်သည်။ 


တစ်နာရီထဲတွင် သူသည် ရှည်လွန်းသော အိပ်မက်ကိုပင် မက်လိုက်သေးသည်။ သူ့အိပ်မက်ထဲတွင် သူသည် တောက်ပသော အလင်းများ ပြည့်နေသော စင်ပေါ်တွင် ရပ်နေသည်။ သူ့လက်ထဲတွင် မျက်စိကြိမ်းမတတ် တောက်ပသည့် ဖန်ဒိုင်းကြီးကို ကိုင်ရင်း လုဖုန်းကို ပြောလိုက်သည်။ 


“ငါ မင်းကို သဘောကျတယ်”


လူငယ် တစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေ အားလုံးကို ဒီလူတစ်ယောက်တည်းကိုပဲ ပေးမယ်။ 


ဒီလူက သူ့ကို ရွံ့ထဲက ဆွဲထုတ်ပြီး ဘဝအသစ်ပေးခဲ့တာ။ 


Close သူ့ရဲ့ ခေါင်းဆောင်


ဝေ့ရှောင်းက အိပ်ရာ နိုးလာသောအခါ လုဖုန်းက မရှိတော့ပေ။ သူသည် အချိန်ကို ကြည့်လိုက်ပြီးနောက် စိတ်အေးသွား၏။ ၁၂နာရီသာ ထိုးသေးသည်။ သူက ထိတ်လန့်ရန် မလိုပေ။ 


ပိုင်ချိုင်က သူ့ကို အတူသွားစားရန် လာခေါ်သည်။ 


ဝေ့ရှောင်းက စိတ်လွှင့်နေရင်း ဖုန်းကို ကလိလိုက်သည်။ 


ပိုင်ချိုင်က ပြန်သွားအိပ်ချင်နေသည်။ ထို့ကြောင့် သူက တန်းပြောသည်။ 


“မင်းက ဘာကြည့်နေတာလား”

109 05

ဝေ့ရှောင်းက ကြောင်သွားပြီး ရုတ်တရက် ဖုန်းကို သိမ်းလိုက်သည်။ 


ပိုင်ချိုင်က သံသယ ဝင်လာသည်။ 


“ဘာတွေ လျှို့ဝှက်နေတာလဲ။ မင်း ဘာလုပ်တာလဲ”


ဝေ့ရှောင်းက သူ့ကို တွန်းထုတ်သည်။ 


“သွား စားစရာတွေ သွားယူ၊ လောင်ဇီက ဗိုက်ဆာနေပြီ”


ပိုင်ချိုင်၏ စကားလုံးများက အမြဲတစေ သူ့အတွက် အထင်သေးစိတ် အပြည့်နှင့် ဖြစ်သည်။ 


“မင်း သောက်ကျိုးနည်း လက်မပါဘူးလား”


သို့သော် ခန္ဓာကိုယ်ကမူ ရိုးသားသည်။ အရသာရှိသော စားစရာယူလာပေးသည်။ 


ဝေ့ရှောင်းက အလွန်အလုပ်များနေသည်။ သူသည် ထိုင်ချလိုက်ပြီး ပိုင်တုကို စတင်ကာ ရှာဖွေနေသည်။ 


သူ နေ့လည်က မက်တဲ့ အိပ်မက်ကို သေချာတော့ နားမလည်ဘူး။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ ကြိုက်တယ် ဆိုတဲ့ အကြံက ရလာသည်။ 


Fuck သူက လုဖုန်းကို ကြိုက်နေတာ။ သူက Close ကို ကြိုက်နေတာ။ သူက ခေါင်းဆောင်ကို သဘောကျနေတာ။ 


ဒါက အဲဒီလို ကြိုက်တာကိုး။ သေချာပဲ ဒါက Gay ဖြစ်နေတာ။ 


စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုက ၃စက္ကန့်ခန့်ပင် ကြာသည်။ ၃စက္ကန့်ခန့် ကြာပြီးနောက် သူသည် Gay ဖြစ်ကြောင်း လက်ခံလိုက်သည်။ 


ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ သူ ဒီ ၁၉နှစ် မတိုင်မီအထိ ဘယ်သူ့ကိုမှ ကြိုက်ဖူးတာမှ မဟုတ်တာ။ အခု ကြိုက်စရာ လူတစ်ယောက် ရှိပြီ။ ဒါကြောင့် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက ခေါင်းဆောင် ဖြစ်နေတာပဲ။ 


သူ၏ ခံစားချက်များကို သိပြီးနောက် ဝေ့ရှောင်းတွင် မရေမတွက်နိုင်သော စိုးရိမ်စိတ်များ ရှိလာသည်။ 


ပထမဆုံး အနေဖြင့် သူသည် သူ၏ သူဌေးကို ကြိုက်သွားသည်။ ဒါက Office Romance လား။ သူ စမ်းကြည့်ရမယ်။ 


ဒုတိယအချက် အနေဖြင့် သူသည် သူ၏ဘဝ အကြံပေးဆရာကို ချစ်မိသွားသည်။ ဆရာနှင့် ကျောင်းသား (တကယ်တော့ မဟုတ်ပါဘူး) ရိုမန့်ပေါ့။ စမ်းကြည့်ရမယ်။ 


တတိယအချက် အနေဖြင့် သူသည် သောင်းပေါင်းများစွာသော သခင်မပရိသတ်များနှင့် ဇနီးပရိသတ်များ ပိုင်ဆိုင်ထားသော မင်းသားတစ်ယောက်ကို ချစ်မိသွားသည်။ Idol ရိုမန့်ပေါ့။ စမ်းကြည့်ရမယ်။ 


နောက်ဆုံးတစ်ချက် အနေဖြင့် လိင်စိတ်တိမ်းညွှတ်မှုကို သေချာမသိသော အမျိုးသားတစ်ယောက်ကို ချစ်မိသွားသည်။ ဒါက မရနိုင်တဲ့ ချစ်ခြင်း။ စမ်းကြည့်ရမယ်။ 


အား…


ဝေ့ရှောင်း၏ဘဝက ခက်ခဲလွန်းသည်။ ပိုင်တုကလည်း သူ့ရှာဖွေမှုများကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားသည်။ 


နူးညံ့လွန်းသော office romance က အလွန်ချိုသည်။ ဆရာတပည့်အချက်ကလည်း တားမြစ်ချက်ရှိပြီး အနည်းငယ် နှိပ်စက်ခံရနိုင်ခြေ များသည်။ Idol Love ကမူ အရင်းအနှီးကြီးသည်။ သူ၏ ဂုဏ်သတင်းကိုပင် သက်ရောက်နိုင်သည်။ နောက်ဆုံးတွင် အချစ်နာကျနိုင်သည်။


ကောင်းပြီလေ။ ရိုမန့်ရဲ့ အစပိုင်း အနည်းငယ်လေးတောင် မရှိဘူးလို့ ဘယ်သူက တွေးမိမှာလဲ။ 


သို့ရာတွင် ဝေ့ရှောင်ရှောင်းကမူ အချစ်တွင် ကျရှုံးသွားခဲ့ပြီးနောက် မည်သို့ ပြန်လည်သက်သာအောင် ကုစားရမည် ဆိုသော အကြောင်းအရာကိုပင် ရှာဖွေနေပြီဖြစ်သည်။ 


ဘေးမသင့်အောင် ကြိုတင်ပြင်ဆင် ရှောင်လွဲရမယ်။ 


ဘာပဲဖြစ်ဖြစ် ရှုံးနိမ့်နိုင်ခြေက ၇၀ရာခိုင်နှုန်းပဲ။ 


ဒါက သူ ခေါင်းဆောင်နဲ့ သူ့ရဲ့ Solo ဂိမ်းတွေရဲ့ နှုန်းထားနဲ့ အတူတူပဲ။ 


ထိုအရာများကို ရှာဖွေပြီးနောက် ဝေ့ရှောင်းသည် Keyword အသစ်ကို ရိုက်လိုက်သည်။ 


Close Romance…


ထိုသို့ဖြင့် ရလဒ်သောင်းကျော် ကျလာသည်။ အားလုံးက ဝိုင်နှစ်လုံးကပ်လျက် (YY) ဝတ္ထုများ ဖြစ်သည်။ 


နတ်ဘုရားလုနဲ့ ငါ့ရဲ့ လျှို့ဝှက်အချစ်ရေးရာ ကိစ္စ…


ငါက နတ်ဘုရားလုရဲ့ တစ်ဦးတည်းသော အမျိုးသမီးပဲ…


Close ရဲ့ လျှို့ဝှက်ချစ်သူအဖြစ် ကုန်လွန်ခဲ့တဲ့ နှစ်တွေ…


ငါက နတ်ဘုရားလုနဲ့ လက်ထပ်လိုက်တယ်…


ဝေ့ရှောင်း … “သေစမ်း သူ့မှာ ဘာလို့ အချစ်ပြိုင်ဘက်တွေ တအားများနေတာလဲ”


သူက Keyword များကို ပြန်ပြောင်းသည်။


Close လိင်တူ…


O...


ရလဒ်က ပို၍ပင် များသေးသည်။ မဟာတံတိုင်းအလား မြင့်မားလွန်းသော CP စာရင်းကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ယောက် အနေဖြင့် သူသည် မရေမတွက်နိုင်သော အမျိုးသားပေါင်းများစွာ၏ အချစ်ကို ခံယူထားရသည်။ 


သောက်ကျိုးနည်း သူ ဘာတွေ ရှာလိုက်တာလဲ။ 


ထိုစစ်တမ်းစာရင်းကို မဆိုထားဘိ ယခုလို ရှာဖွေ၍ ကျလာသော စာရင်းကတင် ဝေ့ရှောင်းကို ရှာလကာရည် အပြည့်ငုံမိစေသည်။ 


ချိုင်ကောက ပြန်လာသောအခါ ဝေ့ရှောင်းသည် ဆဲလ်ဖုန်းကို ဆက်ကိုင်နေကြောင်း တွေ့လိုက်ရသည်။ 


“မင်း စားမှာလား မစားဘူးလား”

109 06

ဒီကောင် ဒီတစ်ကြိမ် ဘာဖြစ်နေပြန်တာလဲ မသိဘူး။ 


ဝေ့ရှောင်းက ဆဲလ်ဖုန်းကို ချလိုက်ပြီး စိတ်လွှင့်လျက်သား ပုံစံမျိုးဖြင့် ကောက်စားနေသည်။ 


ပိုင်ချိုင် “မင်း စားမယ်ဆိုရင် စား မစားဘူးဆိုရင် စားစရာကို မဖြုန်းတီးနဲ့”


ဝေ့ရှောင်းတွင် အမှန်တကယ်ပင် စားချင်စိတ် မရှိပေ။ သူက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပိုင်ချိုင်ကို ကြည့်ပြီး သက်ပြင်းချသည်။ 


“ဟူး… ငါ တကယ် မင်းကို မနာလိုဖြစ်တယ်”


အရွက်ကော… “???” (ပိုင်ချိုင်ရဲ့ ချိုင်က အသီးအရွက်ရဲ့ ချိုင်နဲ့ အသံထွက်တူပါတယ်)


ဝေ့ရှောင်းက ခေါင်းကို ခါယမ်းပြီး ပါစတာအချို့ စားသည်။ သူ့ကို ပြောတာကလည်း အသုံးမဝင်ပါဘူး။ ချိုင်ကော အပါအဝင် သူ ဘယ်သူ့ကိုမှ ပြောလို့ မရပါဘူး။ 


ခေါင်းဆောင်ရဲ့ နောက်ခံက တအားထူးခြားတယ်။ သူ ဒါကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင် သူ စိုးရိမ်တာက FTWက စတင် ထိုးတက်လာကာစကနေ ပြန်လဲကျသွားလိမ့်မယ်။ 


သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကြောင့် လူပေါင်းများစွာ၏ အိပ်မက်ကို မဖျက်ဆီးသင့်ပါဘူး။ 


ဝေ့ရှောင်းသည်လည်း အရေးကြီးသော အကြောင်းအရာကို သိသည်။ 


အချိန်ယူရမယ်။ 


ဝေ့ရှောင်းက သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။ 


နှစ်တစ်ဝက်လောက် office romance ကို စတင်ပြီး ကိစ္စတွေကို စမ်းသပ်ကြည့်ရမယ်။ ဒါမှမဟုတ် ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးက ပိုပြီး ကြမ်းတမ်းနိုင်လို့ လုပ်ယူပြီးမှ ဖွင့်ပြောသင့်တယ်။ ဒါမှမဟုတ် Idol Romance လိုမျိုးလား… အိုး… Light Novel လိုမျိုး ဘဝအတွက် ကိုးကားပြီး အသုံးပြုလို့ မရနိုင်ဘူးပဲ။ 


ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ နေနိုင်တယ်။ စားနိုင်တယ်။ အိပ်နိုင်တယ်။ သူ ရှိနေနိုင်တာပဲ။ ဒီတော့ သူတို့နှစ်ယောက်က ဆက်ဆံရေး တစ်ခုတည်းမှာ မရှိနေရင်တောင်မှ ရှိနေသလိုပါပဲ။ 


တောင့်ထား… ရှောင်းကော မင်း တောင့်နိုင်ရမယ် မင်း နိုင်မှာပါ။ 


******