124 01
သူဒီလောက် မနက်အစောကြီး တအားရူးနေပြီလား။
ကျောက်တုံးတစ်တုံးသည် လှိုင်းပေါင်းထောင်ကျော် မွှေနှောက်ပစ်နိုင်သည်။ ကောမန့်များက အလုံးစုံ စိတ်လှုပ်ရှား နေကြသည်။
“ထွက်ပြေးသွားတာက တကယ်ကို 6666”
“ငါ ငါ့ရဲ့အရွက်လေးအတွက် ရင်နာနေပြီ”
“အရွက်ကောက ထပ်ပြီးစိမ်းသွားပြန်ပြီ၊ နှစ်ကြိမ်ဆက်တိုက် စိမ်းသွားတာ”
“သေချာပေါက်ကိုပဲ၊ လူတစ်ယောက်မှာ လုံလောက်တဲ့ cpတွေရှိသမျှ မြင်းတွေတောင် ပတ်ပြေးနိုင်လောက်အောင် သူ့ရဲ့ခေါင်းက လုံလောက်အောင် စိမ်းနေခဲ့မှာပဲ”
ချိုင်ကောသည် ပရိသတ်များကို အလိုလိုက်သော တော်သည့် proကစားသမားတစ်ယောက် ဖြစ်သည်။ သူ၏ပရိသတ်များထဲတွင် ချစ်စရာကောင်းသော ကောင်မလေးများစွာ ရှိသည်။ ထိုကောင်မလေးများသည် သူ့အား နေ့တိုင်းလိုလို လူအများနှင့် တွဲဖက်ပေးရခြင်းကို သဘောကျလေသည်။
ချိုင်ကောသည် အတင်းအဖျင်းဧက္ကရာဇ်accကို ဦးစီးနေသော လူအမျိုးအစား ဖြစ်လေရာ ထိုစကားလုံးများက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေ။
သူ၏ ကာရိုက်တာသည် ထိုကောင်မလေးများအား သူတို့နှစ်သက်သလို ကြမ်းရမ်းခွင့် ပြုထားသော လူငယ်ဆန်မှုအပြည့်နှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
Trafficကို ယူဆောင်လာပေးနိုင်သမျှ အရာအားလုံး အဆင်ပြေသည်။ သူသည် လူကြီးတစ်ယောက် ဖြစ်နေပြီးလေရာ သူ့တွင် သေမျိုးတစ်ယောက်၏ ပင်ကိုအသိစိတ်ဆိုသော ကိစ္စမျိုးက မလိုအပ်တော့ပါပေ။
ပိုင်ချိုင်က weiboတွင် အချိန်အတန်ကြာအောင် နေနေလိုက်ပြီး ခိုးပြေးသွားသောအသင်းက ပေါ်လာသည်အထိ စောင့်နိုင်လိုက်သည်။
ဝေ့ရှောင်းက ဝံပုလွေတစ်ကောင်ကဲ့သို့ ပြုံးနေလေခြင်းဖြစ်သည်။ သို့သော် ချိုင်ကောကို မြင်လိုက်ရချိန်တွင် အပြုံးက ရပ်သွားသည်။
“မင်း စားလို့ မပြီးသေးဘူးလား”
ပိုင်ချိုင်..
“....”
မင်းငါ့ကို ဒီလိုအထင်တသေး ရှုတ်ချပြနေတာကို တကယ် မရှက်တဲ့ပုံပဲနော်။
ဝေ့ရှောင်းက အမှန်တကယ်ပင် အထင်သေးသွားသည်။
“နာရီဝက်တောင် ကျော်နေပြီ၊ မင်းက စားလို့ မပြီးသေးဘူးလား”
ချိုင်ကောသည် ခေါင်းဆောင်ကို ကြောက်လန့်သောကြောင့်သာ မဟုတ်လျှင် ပြန်ပြောပြီးလောက်လေပြီ...။.မင်းငါ့ကို ဒီလိုပြောရတာ မရှက်ဘူးလား၊ မင်းကရော ဒီနာရီဝက်လုံးလုံး ဘာသွားလုပ်နေတာလဲ။
ပိုင်ချိုင်က ဝေ့ရှောင်းကို လျစ်လျူရှုလိုက်သည်။
“ခေါင်းဆောင် ထိုင် ငါမင်းအတွက် အရသာရှိတာတချို့ သွားယူပေးမယ်”
ဝေ့ရှောင်း..
“ခေါင်းဆောင်က နံနံပင် လိုချင်တာ၊ ငါက ဖရဲသီးပဲ”
ပိုင်ချိုင်...
“....”
လုဖုန်း...
“....”
ဝေ့ရှောင်းက သဘောကျသွားပြီး လုဖုန်းကို ပြောသည်။
“ငါတို့နှစ်ယောက်လုံးက စိမ်းတဲ့စားစရာမျိုးကို သဘောကျတယ်၊ ငါတို့က တော်တော်လေးကို ကံစပ်တာပဲ”
သူသည် သကြားကို ရှာလိုသည်နှင့် နေရာတိုင်းတွင် ရှာလို့ရနိုင်သည်။
ချိုင်ကောကလည်း ဒီအခြေအနေကို မကြာခဏဆိုသလို တွေ့ကြုံနေရသဖြင့် ထူးဆန်းသည်ဟုပင် မခံစားမိတော့ချေ။ ထိုသားရဲကောင်၏ ရက်စက်ပြီး နှလုံးသားမဲ့သော စကားလုံးများကို နားထောင်ရသည်မှာ ပင်ပန်း၍ပင်လာပြီ ဖြစ်သည်။ ထိုအတွက်ကြောင့် အလေးအနက် ထားမနေတော့ပေ။
အနှစ်ချုပ်ဆိုရသော် ဝေ့ရှောင်းက ထိုသို့ပြောပြီးနောက် အနည်းငယ် အပြစ်မကင်းသလို ဖြစ်သွားသည်။ ထို့ကြောင့် ပိုင်ချိုင်ကို တစ်ချက် ခိုးကြည့်လိုက်သောအခါ တစ်ဖက်သူက စိတ်အနှောင့်အယှက်ဖြစ်ပုံ မရကြောင်း သိသဖြင့် လုဖုန်း၏နားသို့ ကပ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ချိုင်ကောက တော်တော်လေးကို မေ့ပျောက်လွယ်တယ်”
လုဖုန်း...
“အင်း”
ဝေ့ရှောင်းသည် အနားတွင် ဘယ်သူကမှမရှိသော အခြေအနေကို အခွင့်ကောင်း ယူခြင်းအားဖြင့် သူ၏လက်သန်းလေးကို လုဖုန်း၏လက်ထံ သွား၍ချိတ်လိုက်သည်။
လုဖုန်းကလည်း သူ၏လက်ကို ပြန်လှည့်လာရင်း ဝေ့ရှောင်း၏ လက်တစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်သည်။
ဝေ့ရှောင်းက ပျော်သွားသည်။
“ခဏနေရင် ငါချိုင်ကောကို မောင်းထုတ်လိုက်မယ်”
ဒါက သူတို့နှစ်ယောက်ရဲ့ သီးသန့်လောကလေ။ ဘာလို့ အသီးအရွက်မီးသီးလုံးက လိုမှာလဲ။
ပိုင်ချိုင်သည် တစ်ဖက်သောသူများဟာ သူ့အတွက် အကြံအစည် ချပေးပြီးကြောင်းကိုပင် မသိပေ။ သူသည် ရိုးသားစွာဖြင့် စားဖိုမှူးအား ဂဏန်းခြေထောက်ကိုပင် ဖြတ်ခိုင်းနေသည်။
စားစရာတစ်ပန်းကန်လုံး ပြင်ဆင်ပြီးနောက် ချိုင်ကောက ပြန်လာသောအခါ ခေါင်းဆောင်နှင့် ဝေ့ရှောင်းတို့က အတူကပ်ထိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက်....အလွန်အမင်း နီးကပ်လွန်းစွာ ရှိနေကြောင်း တွေ့လိုက်ရသည်။
ချိုင်ကောသည် စိတ်ထဲတွင် အထွန့် တက်လိုက်ပြန်သည်...။ဒီနှစ်ကောင်က အစစ်အမှန်စုံတွဲတွေထက်တောင် စုံတွဲဆန်နေသေးတယ်၊ အတင်းအဖျင်းဧက္ကရာဇ်တောင်မှ ဒီလိုအခန်းမျိုး ထုတ်မရေးရဲဘူး။
ပိုင်ချိုင် ပြန်လာသည်နှင့် ဝေ့ရှောင်းက စားပွဲအောက်မှ သူ၏လက်ကို ဆွဲထုတ်လိုက်သည်။
ဒါပေမဲ့ လုဖုန်းက ခပ်တင်းတင်း ပြန်ဆုပ်ကိုင်ထားပြီး မလွှတ်ပေးဘဲနေမယ်လို့ ဘယ်သူက သိထားမှာလဲ။
124 02
ဝေ့ရှောင်း...
“!”
သူက ရယ်သည်။ ဒီနည်းအားဖြင့် သူ၏နှလုံးသားထိပ်မှ ထုံထိုင်းသလို ယားယံမှုလေးကို ဖိနှိပ်ရန် ကြိုးစားလိုက်ပြီး ချိုင်ကောကို လှမ်းပြောလိုက်သည်။
“လောင်ပိုင် မင်း စားလို့ မပြီးသေးဘူးလား”
ပိုင်ချိုင်..
“???”
ဘာလို့ ဒီလောက်အထိ တောက်တောက်ပပကြီး ရယ်နေတာလဲ။
ဝေ့ရှောင်းသည် သူ၏လက်မဖြင့် လုဖုန်းကို အသာလှမ်းကုတ်နေခြင်း ဖြစ်သည်။ သို့သော် သူ၏ပါးစပ်ကမူ အများကြီးတည်ငြိမ်သည်။
“အရမ်းမစားနဲ့။ မင်းက လေ့ကျင့်ခန်း လုပ်ရတာကို သဘောကျတာလည်း မဟုတ်ဘူး၊ မင်း ဒီလောက် အများကြီးစားပြီး ပြန်ရောက်သွားတဲ့အချိန်မှာ ဝတုတ်ကြီးဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုဆိုရင် မင်းရဲ့ အဲဒီဇနီးလေးတွေကို ဘယ်လိုများ အလိုလိုက်တော့မှာလဲ”
ချိုင်ကော၏ အသံtoneက မသာယာတော့ပေ။
“ဒါက မင်းနဲ့မဆိုင်ပါဘူး၊ ဒီလောင်ဇီက ဘယ်လောက်စားစား မဝဘူး”
ထို့နောက်သူက အရှေ့တွင် တွင်းတစ်တွင်းရှိကြောင်း သိလိုက်သည်။
“ထွက်သွား မင်းဒယ်ဒီရဲ့ ဇနီးလေး ရှိရာမှာလည်း ငါက နတ်ဘုရားပိုင်ကွ”
ဝေ့ရှောင်းက သူ့ကို ချော့သည်။
“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ နတ်ဘုရားပိုင် မင်းလုံလောက်အောင် စားပြီးပြီဆိုရင် ပြန်တော့”
ပိုင်ချိုင်က သူ့ကို သံသယအပြည့်နှင့် ကြည့်သည်။
“မင်းငါ့ကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား”
ဝေ့ရှောင်း..
“အင်း”
ပိုင်ချိုင်..
“မင်းက သေချာပေါက်ကို....”
ဝေ့ရှောင်းက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဟုတ်တယ် ငါ မင်းကို ရှင်းရှင်းလင်းလင်းကို မောင်းထုတ်နေတာ”
ပိုင်ချိုင်..
“....”
Fuck။
လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။ သူသည် ဝေ့ရှောင်း၏ လက်ကို လွှတ်ပေးလိုက်၏။
“စား”
ဝေ့ရှောင်းကလည်း ချက်ချင်းဆိုသလို ချိုင်ကောကို မေ့သွားသည်။ သူသည် လုဖုန်းကို ပြုံးပြ၏။
“ကောင်းပြီ”
ထိုစကား၏ အဆုံသတ်နားက လေပေါ်မြောက်တက်သလိုမျိုး ထင်ရသည်။
ချိုင်ကော၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။
ဒီလောက် မနက်အစောကြီး ဒီလောက်ထိ ရူးနေဖို့လိုလို့လား။
နောက်ပြီး ဒီနေရာမှာ ဘယ်သူက ဇနီးလေးလဲ။
ပိုင်ချိုင်သည် သူ ဒီနေရာမှာ အရင်ထွက်သွားခြင်းက ပို၍ကောင်းမည်ဟု သိသိသာသာ ထင်ထင်ရှားရှား နားလည်လိုက်သည်။ ထို့ကြောင့် လုဖုန်းကို နှုတ်ဆက်လိုက်ပြီးနောက် လှည့်ထွက်လိုက်သည်။
ဝေ့ရှောင်းက ပြောသည်။
“ချိုင်ကော ဘာဖြစ်တာလဲ၊ မင်းက ခေါင်းဆောင်ကိုပဲ ဂရုစိုက်တာလား၊ ငါ့ကိုတောင် နှုတ်ဆက်စကား မပြောတော့ဘူးလား”
ပိုင်ချိုင်က ခြေချော် လဲချင်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် အဝေးသို့ ခပ်မြန်မြန် ပြေးသွားလိုက်သည်။
ဝေ့ရှောင်းက သူ့ကို မောင်းထုတ်ပြီးနောက် ပျော်သွားသည်။ သို့သော် သက်ပြင်း ချလိုက်သေးသည်။
“အရွယ်ရောက်လာပြီးတဲ့နောက်မှာ အနားမှာ သားတစ်ယောက် ခေါ်ထားရတာက တကယ်မလွယ်တော့ဘူး၊ ချိုင်ကောက ပုံမှန်ဆိုရင် ငါ့ကို အရမ်းလေးစားနေကျ”
လုဖုန်းက သူ၏နဖူးကို အသာတောက်သည်။
“တော်ပြီ စားတော့”
ဝေ့ရှောင်းက တစ်ဖက်လှည့်ကြည့်သည်။ မည်သူကမှ မရှိသောအခါ သူသည် ထပ်မံပြီး ခေါင်းမာလာပြန်သည်။
“အာ”
သူသည် ပါးစပ်ကိုဟပြီး အကျွေးခံရစောင့်ကြောင့် ဖော်ပြသည်။
လုဖုန်း..
“.....”
ဝေ့ရှောင်းသည် ထုတ်ပင်ပြောရဲသည်။
“လာလာလာ မြန်မြန်လေး၊ သိပ်မကြာခင် လူလာတော့မယ်”
လုဖုန်းက ဘယ်လိုများ လှုပ်ရမှာလဲ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က စားစရာဗန်းများကိုင်လျက် အနားသို့လာနေသလိုမျိုး စကားပြောသံကို ကြားလိုက်ရသည်။ ဝေ့ရှောင်းက ချက်ချင်းလိုလို ခပ်မတ်မတ်ထိုင်လိုက်ပြီး သင့်တော်သလို ပြုမူသွားသည်။
လုဖုန်းက စိတ်အေးသွားသည်။
ဝေ့ရှောင်းက တိတ်တဆိတ် ရေရွတ်နေသေးသည်။
“ငါ ဒီလိုမှန်းသာသိရင် ဧည့်ခန်းမှာပဲ စားပါတယ်”
ခက်ရင်းနှင့် ဓားကို ကိုင်ထားခဲ့သော လုဖုန်း၏လက်က တန့်သွားသည်။ သူ၏နှလုံးသားအတွင်း ပျော်ရွှင်မှုနှင့် နောင်တက ပြည့်လာသည်။
ကံကောင်းသည်မှာ သူတို့က ဧည့်သည်ခန်းထဲတွင် မဟုတ်ပေ။ သို့မဟုတ်လျှင် သူတို့ စားမည့်အရာကို ဆုံးဖြတ်ရန်ပင် ခက်ခဲသွားလောက်၏။ သူ၏ နောင်တကမူ သူတို့သည် ဧည့်သည်ခန်းတွင် မစားမိသောကြောင့် ဖြစ်သည်။ စားစရာကို စားသောက်ရခြင်းနှင့်ယှဥ်သော်....။
ညစာစားခန်းမကြီးသည် အလွန်ကြီးသည်။ စားပွဲတစ်ပွဲချင်းစီတိုင်းက အချင်းချင်း ဝေးကွာသေးသည်။ ပိုင်ချိုင်ကလည်း သီးသီးသန့်သန့် ရှိနိုင်ရန်အတွက် အခန်းတစ်ခန်းကိုပင် ရွေးချယ်ခဲ့ခြင်း ဖြစ်နေသည်။
124 03
သို့ရာတွင် ထိုအခန်းသည်လည်း အကာတစ်နေရာမျိုးသာရှိနေသော အနေအထားမျိုး ဖြစ်နေသည့်အလျောက် သေးငယ်သည့် လှုပ်ရှားမှုကို သတိမထားမိသော်လည်း ကြီးမားသည့် လှုပ်ရှားမှုကမူ အရင်းအနှီး ကြီးသည်။
ဝေ့ရှောင်းက နံနံပင်ကို တစ်ချက်ကြည့်လိုက်ပြီး တူဖြင့် တစ်ခု ကောက်ယူလိုက်သည်။
“ခေါင်းဆောင် ခေါင်းဆောင်ဘယ်လိုများ ဒါကိုသဘောကျတာလဲ”
ထိုသို့ပြောနေရင်း သူက နံနံပင်ကို ပါးစပ်ထဲသို့ ထည့်လိုက်ကာ စမ်းကြည့်လိုသည်။ သို့သော် အရသာက မည်မျှဆိုးကြောင်း သိလို၍သာဖြစ်သည်။
နံနံပင်သည် သဘောကျသောသူဟာ အချစ်ခံရလောက်ပြီး သဘောမကျသောသူကဆိုလျှင် ဆေးထက်ပင် အရသာဆိုးကြောင်း ခံစားမိမည့် အရာမျိုး ဖြစ်သည်။
ဝေ့ရှောင်းက နံနံပင်ကြောင့် အဆိပ်မိသွားသည်။
“အား အား”
လုဖုန်းက သူ့ကို ရေနွေးတစ်ခွက် ပေးသည်။
“မင်း သဘောမကျရင် မစားနဲ့လေ”
ဝေ့ရှောင်းက ရေတစ်ခွက် သောက်ပြီး ပြောသည်။
“အဲဒီလောက်တော့ မဆိုးပါဘူး”
လုဖုန်းက သူ့ကို ကြည့်သည်။
ဝေ့ရှောင်း၏ မျက်လုံးက ကွေးသွားရင်း ပြုံးကာပြောသည်။
“ငါသာ မင်းနဲ့အတူရှိမယ်ဆိုရင် အရာအားလုံးက ချိုနေတာ”
လုဖုန်း...
“.....”
ဝေ့ရှောင်းက သတ္တိကို စုစည်းပြီး နောက်ထပ် နံနံပင်တစ်စိတ်ကို ယူပြန်ကာ ကျင့်သားရစေရန်အလို့ငှာ စားကြည့်ရန် ကြိုးစားပြန်သည်။
အနာဂတ်မှာ သူသာ ခေါင်းဆောင်နဲ့ ထာဝရနေချင်တယ်ဆိုရင် ဒီလိုအရွက်မျိုးကိုလည်း ကျင့်သား ရနေသင့်တာပေါ့။
သို့သော် သူက စားတော့မည့်အချိန်တွင် လုဖုန်းက ပြောသည်။
“ငါလည်း တူတူပဲ”
ဝေ့ရှောင်းက ရုတ်တရက် ရပ်သွားသည်။ လုဖုန်းက ထပ်ဖြည့်ပြောသည်။
“မင်းသာ ငါ့ကို ဘာမဆိုပေးရင် အဲဒီအရာတိုင်းက အရသာရှိနေမှာ”
ဝေ့ရှောင်းက ရုတ်တရက် မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် ချက်ချင်းလိုလို နားလည်သွားသည်။
“မင်း နံနံပင် မကြိုက်ဘူးလား”
“အင်း”
“ငါက မင်းရဲ့ပါးစပ်ထဲကို ကျွေးလို့ စားတာပေါ့”
“ဟုတ်တယ်”
“ဒါပေမဲ့ ငါမင်းကို အရသာရှိလားလို့ weiboပေါ်မှာ မေးတုန်းက မင်းက....fuck”
ဒါကို ဘယ်သူက နားမလည်ဘဲ နေမှာလဲ။
ထိုအချိန်က ခေါင်းဆောင်သည် သူ့ကို ကြိုက်နေပြီ ဖြစ်သည်။ ထိုအတွက်ကြောင့် သူ သဘောကျသောသူက သူ၏ပါးစပ်နားသို့ သူ မကြိုက်သည့် တစ်စုံတစ်ရာကို ခွံ့ကျွေးလာမည်ဆိုလျှင်ပင် မည်သူကမှ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ဝေ့ရှောင်းကလည်း အရသာရှိမရှိ မေးမြန်းခဲ့သည်။ ထိုအတွက်ကြောင့် အရသာမရှိဟု မပြောနိုင်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် ဝေ့ရှောင်း၏ နှလုံးသားက အချိုဓာတ်များနှင့် ပြည့်နှက်သွားသလို အပြစ်မကင်းစိတ်ကိုလည်း ခံစားလိုက်ရသည်။
အချိုဓာတ်ကမူ...အား ခေါင်းဆောင် ဘယ်လိုကြောင့် ဒီလောက် ကောင်းလွန်းတာလဲ။ သူက အရမ်းကို ကောင်းလွန်းတယ်။
အပြစ်မကင်းစိတ်ကမူ..အား သူ ဘယ်လိုကြောင့် ဒီလောက် ရူးတာလဲ။ ခေါင်းဆောင်ကို စားရတာ သဘောမကျတဲ့ နံနံပင်တွေအများကြီး စားစေခဲ့သေးတယ်။
ဝေ့ရှောင်းက သူ့ကိုယ်သူ စိတ်ရှုပ်သွားသည်။
“ငါ ပေါက်ကရ လုပ်မိတာပဲ”
သူသည် ခေါင်းဆောင်ကို နားလည်ချင်သည်ဟု ပြောခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် တစ်ဖက်သူ၏ အကြိုက်စားစရာများကိုပင် မသိခဲ့ပေ။
လုဖုန်းကလည်း သူ၏ စိတ်ဓာတ်ကျနေသော အနေအထားကို မကြည့်ရက်ပေ။ ထို့ကြောင့် ပြောလိုက်၏။
“ငါ ပျော်ပါတယ်”
ဝေ့ရှောင်းက သူ့ကို ကြည့်သည်။
“မင်း မကြိုက်တဲ့အရာတစ်ခုကို စားနေရတာကို ဘယ်လိုပျော်မှာလဲ”
ခေါင်းဆောင်က သူ့ကို ဒီလိုချော့ပေးတာ တအားကောင်းလွန်းတာပဲ။
လုဖုန်းက မျက်လွှာချလျက် ပေါ့ပါးစွာ ပြောသည်။
“ငါ့ကို လူတွေ ဒီလိုဂရုစိုက်တာ တအားရှားပါတယ်”
သူ၏စကားလုံးများက ဝေ့ရှောင်း၏နှလုံးသားကို လှုပ်ခတ်ပြီး တုန်ယင်သွားစေသည်။
လုဖုန်းသည် သူ့ကို ချော့နေခြင်း မဟုတ်ပေ။ သူ၏စကားလုံးတိုင်း စကားတိုင်းက နှလုံးသားထဲမှ လာသည်။ သူ့အတွက် ထိုစကားလုံးများကို ကျယ်ကျယ်ပြောရန် မလွယ်ကူချေ။
ငယ်စဥ်ဘဝကို ထည့်မပြောလျှင်ပင် လုဖုန်းအနေဖြင့် လူများအကြားမှ ပြောဆိုဆက်သွယ်မှုသည် ရက်စက်ရန်လိုမှုများ မပါကြောင်းသိရန် အချိန် အတန်ကြာအောင် ယူခဲ့ရသည်။
FTWကို ဝင်ရောက်ပြီးနောက် နတ်ဘုရားများအသင်းမှ အဖွဲ့ဝင်များက သူ့ကို ဂရုစိုက်ပေးကြသည်။ သို့သော် ဂရုစိုက်မှုသည် နုနယ်ပြီး ကို့ယို့ကားယားပင် နိုင်သေး၏။ အင်အား အလွန်စိုက်ထုတ်ပြီးမှသာ နားလည်နိုင်သည်။
ထို့ကြောင့် လုဖုန်းအနေဖြင့် အချိန်အတန်ကြာအောင် ကြိုးစားပြီးမှ နားလည်လာခဲ့သည်။
နောက်ပိုင်းတွင် သူက ထောက်တိုင် ဖြစ်လာသည်။ တာဝန်ခံပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာ၏။ ထို့ကြောင့် ကမ္ဘာ့နံပါတ်တစ် တစ်ယောက်ဟုပင် အခေါ်ခံလာရသည်။
Closeအနေဖြင့် လူအများ၏ ဂရုစိုက်မှုကို မလိုအပ်ပေ။ မည်သူကမှလည်း ထိပ်ဆုံးတွင် ရပ်နေသောလူကို ဂရုမစိုက်ပေးကြပေ။
124 04
ဝေ့ရှောင်းကမူ ခြားနားသည်။ သူ၏ လုဖုန်းအပေါ် ကြင်နာမှုက အမြဲတစေ တိုက်ရိုက်ဆန်ပြီး ရိုးရှင်းသည်။ မည်သည့်အရာကိုမှ မဖုံးကွယ်ထားသလို လျှို့ဝှက်ထားခြင်းလည်း မရှိပေ။
လုဖုန်းသည်လည်း ....နားလည်သည်။ သူ၏ကိုယ်အတွင်းမှ တောက်ပပြီး လှပလွန်းသည့် ဝိညာဉ်ကိုပင် မြင်နိုင်၏။
ထိုကဲ့သို့သော ဂရုစိုက်မှုမျိုးကို လုဖုန်းက တောင်းဆိုလျှင်ပင် မရနိုင်သော အရာမျိုး ဖြစ်နေသည်။
ဒီလိုအရာနဲ့ပတ်သက်ပြီး သူ့ကို မသက်မသာ ဖြစ်စေတာမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ။
ထို့ကြောင့် နံနံပင်ကပင် အမှန်တကယ် စားရန် မခက်ခဲ့ပေ။
ဝေ့ရှောင်းသည်လည်း သူ၏နှလုံးသားဟာ နာကျင်လွန်းသဖြင့် ကွဲကြေတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူက စိုးရိမ်တကြီး ပြောလိုက်၏။
“ခေါင်းဆောင် ခေါင်းဆောင်မှာ ငါရှိနေပြီနော်၊ ငါက...”
လုဖုန်းက သူ့ကို ပြောခဲ့ဖူးသောစကားကို သတိရသွားပြီး ထုတ်ပြောလိုက်သည်။
“ငါက မင်းရဲ့မိသားစုပဲ၊ မင်းရဲ့မိတ်ဆွေလည်း ဟုတ်တယ်၊ မင်းရဲ့....”
တခြားသောသူများ ကြားသွားမည့် အခြေအနေကို စိုးရိမ်သွားသဖြင့် သူသည် တစ်ဖက်သူ၏ နားနားသို့ ကပ်လိုက်ကာ ထပ်ဖြည့်ပြောသည်။
“မင်းရဲ့ချစ်သူလည်း ဟုတ်တယ်”
လုဖုန်းက သူ၏လက်ကို တင်းကြပ်စွာကိုင်ပြီး အသံကို ဖိနှိပ်လျက် ပြောလိုက်သည်။
“စား”
ဝေ့ရှောင်း...
“...အင်း”
မည်သူကမှ တစ်ယောက်လက်ကိုမှ မလွှတ်ပေးချင်ကြပေ။
စားသောက်ပြီးနောက် ဝေ့ရှောင်းက သန့်စင်ခန်းထဲသို့အသွားတွင် ယွမ်ဇယ်နှင့်တိုးသည်။
ယွမ်ဇယ်က ပါးစပ်ထဲတွင် တစ်စုံတစ်ရာကို ဝှက်ထားသည်။ ဝေ့ရှောင်းက မျက်မှောင် ကြုတ်လိုက်သည်။
“ခေါင်းဆောင်ယွမ် ရေချိုးခန်းထဲမှာ ဆေးလိပ် သောက်လို့ မရဘူးနော်”
ယွမ်ဇယ်..
“သကြားလုံးပါ”
သူဟာ သူ့စုပ်လုံးကို ထုတ်ပြသည်။ အမှန်ပင် သကြားလုံးဖြစ်နေ၏။ စတော်ဘယ်ရီအရသာပင် ဖြစ်သေးသည်။
အိမ်သာထဲလာပြီး သကြားလုံး စားနေတယ်။ အား မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ လောင်ချီးဆိုတဲ့ အတိုင်းပါပဲ။
ဝေ့ရှောင်းသည် ထိုလူကို မည်သို့ အထင်သေးသင့်ကြောင်းပင် မသိတော့ချေ။
သူတို့နှစ်ယောက်က လက်ဆေးလိုက်ကြသည်။ ယွမ်ဇယ်က ဝေ့ရှောင်းကို တောက်ပသော မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်ကာ ပြောသည်။
“မနေ့က ဖျော်ဖြေမှုက တော်တော်လေး ကောင်းတယ်”
ဝေ့ရှောင်း..
“ဒီလောက် ဒီလောက်ပါပဲ”
ယွမ်ဇယ်က စလာပြန်သည်။
“မင်း တကယ် L&Pကို မလာချင်ဘူးလား”
ဝေ့ရှောင်းက ပြန်ပြောသည်။
“ငါ လာမယ်ဆိုရင် လောင်ချီက ဘာလုပ်မှာလဲ”
ယွမ်ဇယ်...
“ဂယ်ရီက closeကို တအားချစ်တာ၊ သူFTWကို သွားပါစေပေါ့”
ဝေ့ရှောင်း၏ ရေဒါက အလန့်တကြား ဖြစ်သွားသည်။
“closeကို ချစ်တဲ့သူတွေမှ အများကြီးပဲ၊ FTWက အားလုံးကို မခေါ်ထားနိုင်ဘူး”
ယွမ်ဇယ်..
“ဂယ်ရီက မတူဘူးလေ၊ ကောင်းကောင်းဆိုးဆိုး သူက ကမ္ဘာ့နံပါတ်၂ပဲ”
မနှစ်က soloပြိုင်ပွဲတွင် လောင်ချီသည် ဒုတိယနေရာ ရခဲ့သည်။
ဝေ့ရှောင်းက ရှာလကာရည် လျက်လိုက်ရသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူသည် ရှာလကာရည်ဝိညာဉ်ပင် ဖြစ်သွားသည်။
“ဟွန့် ငါ မပြိုင်ခဲ့လို့လေ”
ယွမ်ဇယ်က ရယ်သည်။ သူ၏အနက်ရောင်မျက်ဝန်းတစ်စုံက ဝေ့ရှောင်းကို လေးနက်စွာ စိုက်ကြည့်လာသည်။
“quietငါ့ကိုယုံ closeရဲ့ ပြိုင်ဘက် ဖြစ်ရတာကမှ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာ”
ဝေ့ရှောင်းကလည်း ကင်ဆွန်းဟွန်းနှင့် သူ၏စကားပြောခန်းကို သတိရသွားပြီး သူ၏နှလုံးသားအတွင်းမှ အလွန်အမင်း မသက်မသာဖြစ်သော ခံစားချက်ကြီးက ပေါ်ထွက်လာသည်။
“မင်းပဲ ခေါင်းဆောင်နဲ့ငါက ကောင်းကင်ဘုံက စပ်ဟပ်ပေးထားတဲ့ စုံတွဲ...”
အိုး အခုဆိုရင် ကောင်းကင်ဘုံက တကယ်ကို စပ်ဟပ်ပေးလိုက်ပြီ။
ယွမ်ဇယ်က ဆက်မပြောတော့ပေ။
“ကောင်းပြီ ကောင်းပြီ၊ globalပြိုင်ပွဲမှာ မင်းရဲ့ဖျော်ဖြေမှုကို ငါ စောင့်ကြည့်နေမယ်”
ဝေ့ရှောင်းသည် ဂိမ်းပွဲ၏ အမှိုက်လို စကားပြောခန်း ကာလအတောအတွင်း ဘယ်သောအခါမှ နောက်မဆုတ်တတ်လေရာ ယခုလိုအခြေအနေမျိုးတွင် ပို၍ဆိုးသေးသည်။
“မစိုးရိမ်ပါနဲ့ FTWက ဒီနှစ်ကမ္ဘာ့ချန်ပီယံရှစ်ကို grand slamနဲ့အတူ ဆွဲချပစ်မှာ”
Single ပြိုင်ပွဲ၊ doubleပြိုင်ပွဲ၊ teamပြိုင်ပွဲ....အားလုံးက FTWအပိုင်ပဲ။
အတိတ်က နတ်ဘုရားအသင်းက မလုပ်နိုင်ခဲ့သောအရာကို FTWက ယခုပင် လုပ်ပြနိုင်သည်။
ယွမ်ဇယ်က မြေခွေးတစ်ကောင်လို ပြုံးသည်။
“ဒီအစ်ကိုကြီးက မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်၊ မင်းရဲ့FTWက singleပြိုင်ပွဲကိုတောင် ရနိုင်မှာ မဟုတ်ဘူး”
ဝေ့ရှောင်းကလည်း singleပြိုင်ပွဲအကြောင်း ပြောနေသေးသည့် အကြောင်းအရာကို သတိထားမိသွားသည်။
“လုံလောက်ပြီ။ ငါ့ရဲ့ခေါင်းဆောင်က ဒီနှစ် မှတ်တမ်းကို ချိုးမှာ”
124 05
လေးနှစ်ဆက်တိုက် ချန်ပီယံရှစ်ဖလား ရသွားပြီးတဲ့နောက်မှာ ၅နှစ်ဆက်တိုက်ကို ထပ်ရလိမ့်မယ်။ “ချန်ပီယံရှစ်တွေအများကြီး ကိုင်ထားလွန်းလို့ လက်တောင် ထုံကျဥ်နေပြီ” ဆိုတဲ့ အဓိပ္ပါယ်က အမှန်တကယ် ပေါ်ထွက်လာလိမ့်မယ်။
ယွမ်ဇယ်က သွားယားလာသည်။ သူ၏သကြားလုံးက ကောင်းမွန်သော အရသာကို မပေးနိုင်ခဲ့ပေ။ ကံဆိုးသည်မှာ သူသည် ဆေးလိပ်သောက်၍ မရပေ။
“မင်းgp Bက rankingတွေ မကြည့်ရသေးဘူး မဟုတ်လား”
ဝေ့ရှောင်းသည် မကြည့်ရသေးပေ။ သူသည် ယခင်တစ်ရက်နှင့် တစ်ညလုံး ချစ်ကျွမ်းဝင်ရင်းဖြင့် အလုပ်များနေခဲ့လေရာ တခြားကိစ္စကို အာရုံမစိုက်နိုင်ခဲ့ပေ။
ယွမ်ဇယ်က သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ငါးစာပစ်သည်။
“ဘယ်သူက ဒုတိယလဲလို့ ခန့်မှန်းကြည့်စမ်း”
ဝေ့ရှောင်းက မျက်လုံး လှန်ပြသည်။
“ဘာလဲ Eveက Y1အပေါ်မှာ စားပွဲကို ပြောင်းပြန် လှန်လိုက်လို့လား”
Gp Bနှင့် Gp Aမှ အခြေအနေက တူညီသည်။ နှစ်သင်းလုံးက လွှမ်းမိုးနိုင်ကြသည်။
ချန်ပီယံteam Y1ကဲ့သို့ အလွန်အမင်း အပြတ်အသတ် သာလွန်လွန်းသော အသင်းကို ထည့်ပြောရန်ပင် မလိုအပ်ပေ။ Eveသည် ထိပ်တန်းအသင်းလေးသင်းထဲမှ တစ်သင်းဖြစ်သည့်အလျောက် ဘေးတိုက် လျှောက်နိုင်လောက်အောင် သန်မာပြီးသား ဖြစ်သည်။
အထူးသဖြင့် ထိုနှစ်သင်းလုံးက ဥရောပဘက်မှ ဖြစ်သည်။ ထိုသို့ဖြင့် ယမ်းမှုန့်ရနံ့က လေးလံသိပ်သည်းလွန်းနေပြီး မည်သည့်ဘက်ကမှ တခြားတစ်ဖက် မသေခင်အထိ နောက်ဆုတ်မည့်အခြေအနေမျိုး မရှိပေ။
ယွမ်ဇယ်က ရယ်သည်။
“အားအား”
ဝေ့ရှောင်းက မှင်တက်သွားသည်။
ယွမ်ဇယ်..
“ဟုတ်တယ် တရုတ်နိုင်ငံရဲ့ RR အသင်းပဲ”
Gp B၏ ဆောင်းတွင်းလေ့ကျင့်ရေးတွင် အမှန်တကယ်ပင် အံ့အားသင့်စရာကြီး ပေါက်ကွဲခဲ့သည်။
တရုတ်ပြည်၏ RR teamက အစောပိုင်းအဆင့်တွင် အကြိတ်အနယ် သေလောက်အောင် ကြမ်းတမ်းလာခဲ့ပြီး သူတို့၏ midlaner moonlitက ရှဲ့ဟယ်ကို တောက်လျှောက် ရန်စခဲ့ကာ စိတ်အားထက်သန်မှု စွမ်းအင်အပြည့်ဖြင့် တိုက်ခိုက်စေခဲ့သည်။
နောက်ဆုံးတွင် ပြိုင်ပွဲကော်မတီက စည်းမျဥ်းကို ပြောင်းလဲခဲ့ပြီးနောက်တွင် သူတို့၏ ပြိုင်ဆိုင်မှုက အချိန်တစ်ခုကြာ ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် RRသည် နောက်ဆုံး final prize pool ပြိုင်ပွဲတွင်လည်း Eveကို မဲနှိုက်ခဲ့သည်။
မည်သူကမှ RRအပေါ် အထူးတလည် ထင်မြင်ချက် မရှိကြပေ။ Eveကမူ တည်ငြိမ်လွန်းခဲ့၏။
RRခေါင်းဆောင် moneyကမူ weiboစာပင် တင်ခဲ့သေးသည်။
“ဒါလင်တို့ ငါတို့ရဲ့ လလေးအတွက် ကူပြီး အားပေးပေးကြဦး၊ ဟေး သူသာ နတ်ဘုရားရှဲ့နဲ့ ပြိုင်ပွဲမှာ နိုင်ခဲ့မယ်ဆိုရင် ငါ porsche cayenne တစ်စီး မဲနှိုက်ပေးမယ်၊ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ဝင်ကံစမ်းလို့ ရတယ်နော်”
ထို့နောက်....။
RRက Eveကို ယှဥ်ကာ နိုင်သွားသည်။
Moonlitကလည်း မှင်သက်ဖွယ်ကောင်းသော စီမံလည်ပတ်ပုံတစ်သုတ် ထုတ်လွှတ်ခဲ့လေပြီး ရှဲ့ဟယ်ကို ဆွဲချခဲ့သည်။
RRသည် Eveအား 2v2 ရင်ဆိုင်ရာတွင်ပင် ဆွဲချနိုင်ခဲ့၏။ ကျန်သော အသင်းတစ်သင်းလုံးကလည်း ပြင်းထန်သော တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ခဲ့ပြီး လှပလွန်းသော ပြောင်းပြန်လှန်သည့် ဂိမ်းပွဲမျိုးကို ကစားခဲ့ခြင်းအားဖြင့် matchပွဲတွင် နိုင်သွားသည်။
အချိန်ကွာဟချက်ကြောင့် gp Aမှ ကစားသမားအများစုက အိပ်နေသေးချိန်တွင် ထိုmatchပွဲက ကျင်းပခဲ့ခြင်း ဖြစ်သည်။ အိမ်မှ ပရိသတ်များကလည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲကုန်ကြ၏။
Moneyက အမှန်တကယ်ပင် ချမ်းသာသည်။ သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် weiboပေါ်တွင် တင်လိုက်သည်။
“ငါတို့သာ Y1ကိုနိုင်ရင် Ferreriတစ်စီး မဲနှိုက်ပေးမယ်”
ထိုသို့ဖြင့် ဒီမနက် ရှာဖွေမှုအများဆုံးစာရင်းက RRအကြောင်း ဖြစ်သလို ပိုက်ဆံရှိကြောင်းကို ပြောနေကြသည်။
အခြေအနေကို မသိသောသူများကပင် ဝင်နှိပ်ကြည့်ပြီး ကံစမ်းကြသေးသည်။
ကံဆိုးသည်မှာRRက ဖိုင်နယ်တွင် ရှုံးသွားသည်။ သို့တိုင်အောင် prize poolမှ ပိုက်ဆံက တခြားသော team ကပ္ပတိန်များ လျှောက်ရှုပ်နိုင်လောက်အောင် မလုံလောက်သေးပေ။
သူတို့က အောင်ပွဲခံပွဲ ပြီးသွားချိန်တွင် moneyက အချိန်ဖြုန်းမနေဘဲ အနိုင်ရသူကို ကြေညာလိုက်သည်။
ထိုသို့ဖြင့် အနိုင်ရသူ၏ နံပါတ်ထွက်လာပြီးပြီးချင်း networkကြီးတစ်ခုလုံးက အုတ်အော်သောင်းနင်း ဖြစ်သွားပြန်သည်။
အရွက်ကော၏ဘဝက အလွန်ဆိုးရွားသည်။ ထိုအသီးအရွက်ကောက အမှန်တကယ်ပင် ဆိုးရွားခဲ့၏။
သူသည် တစ်မနက်ခင်းလုံး တွင်းထဲ အမြုပ်ခံခဲ့ရသည်။ သူတစ်ယောက်တည်း စားသောက်ခဲ့ရ၏။ ထို့နောက် သူစောင့်နေသော လူများ လာခဲ့ချိန်တွင်လည်း မောင်းထုတ်ခံခဲ့ရသည်။
ဝမ်းနည်းသနားဖို့ ကောင်းလိုက်တာ။
Tragic ဆိုတဲ့စကားလုံးကို စာလုံးကြီးနဲ့တောင် ရေးရမယ်။
ပိုင်ချိုင်သည် weiboပေါ်တွင် လျှောက်ရှာနေရင်း တစ်ချိန်လုံး အားယားနေရင်း အချိန်ကို ကုန်ဆုံးစေလိုက်သည်။ ရုတ်တရက် သူ၏ပါးစပ်က အဟောင်းသား ဖြစ်သွားသည်။
ဘာ။
Wtf။
သူ ....သူမဲပေါက်သွားတယ်။ သူ Porshe....cayenne ကား ရသွားတယ်ပေါ့။
******