Ch 123
Viewers 3k

123 01



ခိုးပြေးပြီ။


ဝေ့ရှောင်း၏ သင်ယူလေ့လာနိုင်စွမ်းရည်က ချဲ့ကားနေခဲ့ခြင်း မဟုတ်ပေ။ သူသည် အရာအားလုံးကို အလွန်ပင် လျင်မြန်စွာ သင်ယူနိုင်သည်။ ထိုအရာကလဲ ပါဝင်၏။ အစပိုင်းတွင် သူသည် ဒီအတိုင်း ကြက်ပေါက်က ဆန်ဆိတ်နေသလိုမျိုးသာ တို့ဆိတ်တတ်သည်။ သို့သော် ယခုမူ သူသည် နှာခေါင်းဖြင့် အသက်ရှူရမည်ဖြစ်ကြောင်း သိလာသလို ခေါင်းကိုပင် ဘယ်ညာစောင်းပြီး ကိုယ့်ကိုယ်ကို ဆက်သနိုင်ပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က ကျဉ်းမြောင်းသော ထောင့်တစ်နေရာတွင် အချင်းချင်း ပြင်းပြစွာ နမ်းရှိုက်နေကြသည်။ 


သူတို့သည် တိုတောင်းသော ကာလတစ်ခုသာ အချင်းချင်း ခွဲခွာနေရသည်မှာ သေချာနေသေး၏။ သို့သော် ရှင်းလင်းစွာပင် မနေ့ညက တစ်ယောက်လက်မောင်းပေါ် တစ်ယောက် ခေါင်းအုံးပြီး အိပ်စက်ခဲ့ကြခြင်း ဖြစ်သည်။ ယခုလည်း အလွန်အမင်း နီးကပ်နေကြသေး၏။ သို့သော် ထိုအခြေအနေဟာ မလုံလောက်သေးဘူးဟု ခံစားနေရသေးသည်။ 


စိတ်ဆန္ဒက သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ကာ သူတို့၏စိတ်ဝိဉာဏ်ကို ရစ်ပတ်ထားသည်။ 


လုဖုန်းက အလျင်စလို မေးသည်။


“မင်းဗိုက်ဆာနေလောက်ပြီ”


ဝေ့ရှောင်း “မဆာပါဘူး”


သူ မသွားချင်သေးဘူး။ သူဒီနေရာမှာ နည်းနည်း ကြာကြာ နေချင်သေးတယ်။ 


ဂွီ


သို့သော် သူ၏အစာအိမ်က သူ့ကို သစ္စာဖောက်လိုက်သည်။ လုဖုန်းက ပြုံးပြီး သူ့ကို ကြည့်၏။


ဝေ့ရှောင်း “…”


သူရဲ့ကိုယ်ပိုင်အစာအိမ်ကတောင် သူ့ကို စိတ်ပျက်စေတယ်။


သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော လုဖုန်း၏လက်က အောက်သို့ လျောကျသွားပြီး သူ၏လက်ဖဝါးကို ဖိကိုင်လျက် သူ၏လက်ချောင်းများကို လိမ်ယှက်လိုက်သည်။ 


“လုံလောက်ပြီ။ အရင်သွားစားရအောင်။ ငါလဲ ဗိုက်ဆာပြီ”


နောက်ဆုံးသော စကားလုံးက အခြားသောစကားလုံး ထောင်ပေါင်းများစွာထက်ပင် ထိုက်တန်သေးသည်။ ဝေ့ရှောင်းက ချက်ချင်းလိုလို သဘောတူလိုက်သည်။


“ကောင်းပြီ”


ခေါင်းဆောင်က ဗိုက်ဆာနေပြီ။ ဒီတော့ သူတို့ မြန်မြန်သွားပြီး စားရမယ်။ ဒါပေမဲ့ ဒီစားသောက်ဆိုင်မှာ နံနံပင်ရလား မရလားတော့ မသိဘူး။


သူတို့နှစ်ယောက် အပြင်ဘက်သို့ ခြေလှမ်းထွက်ရုံသာ ရှိသေးသည်။ အပြင်ဘက်မှ တင်ဆိုသော အသံကို ကြားလိုက်ရ၏။


ထိုအသံသည် မီးခြစ်ခြစ်သံဖြစ်သည်။ တစ်စုံတစ်ယောက်က ရှိနေသည်။


ဝေ့ရှောင်းကဲ့သို့ အမြဲတစေ ခေါင်းမာသောသူပင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ 


အခုက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းနေတာ။ ဒါပေမဲ့ သူတို့တစ်ယောက်ယောက်နဲ့ တိုးချင်တယ်လို့ မဆိုလိုဘူးလေ။


ဘီဒိုထဲက ထွက်လာတယ်ဆိုတဲ့ ကိစ္စမျိုးက ရေရှည်ရှုထောင့်ကနေ စဉ်းစားဆင်ခြင်သင့်တာ။ လုဖုန်းက သူ့ကို ဆွဲ‌ခေါ်လိုက်သဖြင့် သူတို့နှစ်ယောက် တံခါးအနောက်ဖက်တွင် ပုန်းနေလိုက်ကြသည်။ ထိုနေရာက ဆေးလိပ်သောက်သောနေရာ ဖြစ်သည်။ ခြေလှမ်းများက ရပ်တန့်သွားပြီး အမျိုးသားတစ်ယောက်၏ ရင်းနှီးကျွမ်းဝင်သော နူးညံ့သည့်အသံက ထွက်လာသည်။ 


“လိုချင်လား”


“မယူဘူး”


“ခေါင်းဆောင်လီမှ မရှိတာ”


“ငါ သူ့ကြောင့် ဆေးလိပ် မသောက်တာ မဟုတ်ဘူး”


“အိုး”


ကြာရှည်ဆွဲထားသော ထိုအသံtoneက သံသယဝင်စရာ မလိုလောက်အောင် ယွမ်ဇယ်ဖြစ်ပြီး အခြားသော တစ်ယောက်ကမူ အလွန်အမင်း သိသာထင်ရှားသော အသံပိုင်ရှင် ဖြစ်သည်။ အနည်းငယ် ထူးဆန်းသော တရုတ်အသံထွက်နှင့် ကင်ဆွန်းဟွန်း ဖြစ်သည်။ 

123 02

လတ်စသတ်တော့ ဒီနှစ်ယောက်ကိုး။


ပုန်းနေသော ဝေ့ရှောင်းက ရုတ်တရက် အပြင်သို့ ပြေးထွက်ချင်သွားသည်။ နတ်ဘုရားများအသင်းက မည်သို့အဆုံးသတ်သွားစေခဲ့ကာမူ ထိုနှစ်ယောက်လုံးက Closeအတွက် အလွန်အမင်း အရေးပါခဲ့သည်။ 


ဝေ့ရှောင်းက သူတို့ကို သွားပြောချင်တာ။


Closeမှာ အခုကောင်လေးရှိနေပြီ။ မင်းတို့တွေ ဘယ်သူလဲသိလား။


ကောင်းကင်တမျှ ဝေးကွာနေတာမျိုးလဲ မဟုတ်ချေ။ မင်းတို့ရဲ့ အရှေ့မှာ ရှိနေတာ။


ဟုတ်တယ် ဟုတ်တယ် ငါလေ။


အိုး ဒါဟာ အကြံကောင်းမဟုတ်ပါဘူး။


ဝေ့ရှောင်းကလဲ သိပ်မကြာခင် စိတ်ပြောင်းသွားသည်။ 


သူသည် သိပ်မကြာခင်ကမှ ယွမ်ဇယ်ကို ရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သိပ်မကြာခင်ကလေးတင် ကင်ဆွန်းဟွန်းကို ရှုံးထားသေးပြန်သည်။ ထို့ကြောင့် ထိုသို့ စကားမျိုးသွားပြောလျှင်ပင် သက်ရောက်မှုအားက သိပ်မပြင်းနိုင်ချေ။ 


သူတို့သေသေချာချာ နက်နက်ရှိုင်းရှိုင်း မှတ်မိနေအောင် သေချာအောင်လုပ်ဖို့ လိုအပ်တယ်။


ထို့ကြောင့် ဝေ့ရှောင်းက တွေးကြည့်လေလေ ပို၍ တက်ကြွလေလေဖြစ်လာသည်။ သူက ခေါင်းဆောင်ကိုပင် ပို၍နီးကပ်အောင် ဆွဲလိုက်၏။ ထိုအတွက်ကြောင့် သူတို့က အချင်းချင်း ထပ်မတပ်ဖြစ်ရင်း တံခါးနောက် ဝင်ပုန်းလိုက်ကြသည်။ 


လုဖုန်း “…”


ခေါင်းဆောင်လု၏ အိုင်ကျူက မည်မျှမြင့်စေကာမူ သူသည် သူ၏လက်မောင်းအတွင်းမှ ထိုအမျိုးသား၏ အတွေးများကို အချိန်တိုင်း မသိနိုင်ပေ။


အပြင်ဘက်မှ နှစ်ယောက်က စကား ဆက်ပြောနေကြသည်။ 


ယွမ်ဇယ်နှင့် ကင်ဆွန်းဟွန်းကြားမှ ဆက်ဆံရေးသည် အမှန်တကယ်ပင် ကောင်းမွန်သည်။ သူတို့သည် FTWတွင် ရှိနေခဲ့ချိန်အတောအတွင်း ကင်ဆွန်းဟွန်းက အထီးကျန်ကာ ကူကယ်ရာမဲ့ခဲ့ချိန်တွင် ယွမ်ဇယ်ကို လူကြီးတစ်ယောက်အနေဖြင့် အမှန်တကယ် လေးစားခဲ့သည်။ ထိုလူကြီးက မှီခိုအားကိုး၍ မရသည့်တိုင်အောင် ထိုသို့လေးစားပေးခဲ့၏။ 


ကင်ဆွန်းဟွန်းက အသက်၁၈နှစ်အရွယ်က ယခုထက်ပင် ပို၍ကြည့်ကောင်းသေးသည်။ 


ထိုအချိန်က သူ၏မျက်နှာမှာ ကလေးအဆီများက မပျောက်သေးပေ။ သူသည် ချွန်ထက်သော ဖရဲသီးမျက်နှာပုံစံမျိုးနှင့်ဖြစ်ပြီး သူ၏မျက်ရည်ခံမှဲ့လေးကြောင့် ကိုရီးယားဒရာမာအတွင်းမှ ခေါင်းဆောင်မင်းသားနှင့်ပင် တူသည်။ အထူးသဖြင့် ကျောင်းတွင်းthemeမျိုးတွင် ပါနေကြ မင်းသားမျိုးနှင့် တူသည်။


ထိုရုပ်ရည်နှင့် သူ၏လုပ်ဆောင်မှု၊ သူ၏အင်အားများကြောင့် ကင်ဆွန်းဟွန်းသည် မရေမတွက်နိုင်သော ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ 


ကျော်ကြားမှုသည် အသွားနှစ်ဖက်နှင့် ဓားဖြစ်သည်။ သူ့ကိုချစ်သောသူများရှိလျှင် သေချာပေါက် မနာလိုကြီးသောသူများ ရှိပေလိမ့်မည်။ သူ၏အစောပိုင်းနှစ်များတွင် ကင်ဆွန်းဟွန်းက တိုင်းတပါးနယ်မြေတွင် နေထိုင်ရင်း အချိန်အတန်ကြာအောင် ပုန်းလျက် ဒုက္ခဆင်းရဲပေါင်းများစွာကို ခံစားခဲ့ရသည်။ 


ကံကောင်းသည်မှာ ယွမ်ဇယ်က သူ့ကိုကာကွယ်ပေးပြီး လမ်းညွှန်ပေးကာ မန်ဒရင်းဘာသာစကားကို သင်ကြားပေးရင်း FTWအတွင်း ဝင်ဆံ့အောင် ကူညီပေးခဲ့လေသည်။ 


ထိုကဲ့သို့သော ဆက်ဆံရေးမျိုးနှင့် သူတို့က နှစ်ပေါင်းများစွာ ခွဲနေပြီးသည့်တိုင်အောင် တစ်ယောက်ကိုတစ်ယောက် ညီအကိုကောင်းများသဖွယ် မှတ်ယူနေကြအုံးမည် ဖြစ်သည်။ 


ယွမ်ဇယ်က အချိန်အတော် ကြာအောင် ဆေးလိပ်သောက်ခဲ့သူ ဖြစ်သည်။ သူက စီးကရက်နှင့်ခွဲနေသည်နှင့် နေရာတွင်ပင် သေမည်ဟုပင် ခံစားရသူ ဖြစ်၏။


သူ၏နှုတ်ခမ်းအစွန်ဘက်တွင် စီးကရက်ကို ကိုက်ထားရင်းနှင့် ကင်ဆွန်းဟွန်းကို မေးလိုက်သည်။


“ခေါင်းဆောင်လီက သက်သာလာပြီလား”


ထိုမေးခွန်းက အချက်အလက် အမြောက်အမြားကို ညွှန်ပြနိုင်သည်။ 


ခေါင်းဆောင်လီ၏ လက်ဒဏ်ရာက သက်သာနေသည်မှာ ရှင်းလင်းနေသည်။ သူသည် မနေ့က ဂိမ်းပွဲတွင် ကောင်းကောင်း ကစားနိုင်ခဲ့ပြီး သေချာပေါက် ဒဏ်ရာ ရရှိထားလျှင် တက်ကစားနိုင်ခဲ့မည် မဟုတ်ချေ။ ယွမ်ဇယ်ကလဲ ကောင်းကောင်း မြင်သည်။ သို့တိုင်အောင် ထိုသို့မေးလာသေးသောကြောင့် ထိုစကားလုံးများက နက်ရှိုင်းသော အဓိပ္ပာယ်ကို တင်စားထားကြောင်း ဖော်ပြသည်။ 


ကင်ဆွန်းဟွန်းကလဲ သူ၏ဆိုလိုရင်းကို နားလည်သဖြင့် ဝေဝေဝါးဝါးသာ ဖြေလိုက်သည်။ 


“အွန်း”


ယွမ်ဇယ်က အသာရယ်သည်။


“မင်းက တကယ်ကို…”


ကင်ဆွန်းဟွန်းက သူ့ကို ကြည့်သည်။


“မင်းသာ သူဆိုရင် ငါမင်းကို ဘေးမှာ ပစ်ထားပြီး စိုးရိမ်ပေးနေမှာ မဟုတ်ဘူး”


ယွမ်ဇယ်က တစ်ခဏခန့်ကြောင်သွားပြီးနောက် ခပ်တိုးတိုး ရယ်သည်။


“Shit”


ကင်ဆွန်းဟွန်းက မီးခိုးလုံးများကို သီးသွားပုံရပြီး အထင်တသေး ပြောသည်။


“လျော့သောက်စမ်းပါ”


ယွမ်ဇယ်က သက်ပြင်းချ၏။ 


“မင်းရဲ့ အသံtoneက Closeအတိုင်းပဲ”

123 03

ခေါင်းဆောင်၏ နာမည်ကို ကြားသောအခါ ဝေ့ရှောင်းက လုဖုန်းကို ကြည့်ပြီး မျက်လုံး မှိတ်ပြသည်။ 


လုဖုန်း၏လက်ညှိုးက နှုတ်ခမ်းနားသို့ ကပ်ပြီး ရှူးဆိုသော ဟန်အမူအရာကို ပြသည်။ 


ဝေ့ရှောင်း၏ မျက်လုံးက တစ်ချက် လက်သွားသည်။ သူ၏နှုတ်ခမ်းပေါ် လာတင်ထားသော ထိုလက်ချောင်းကို အသာနမ်းလိုက်သည်။ 


လုဖုန်း “…”


အပြင်ဘက်၌ လူ ရှိသောကြောင့်သာ မဟုတ်လျှင် လုဖုန်းက…


အား သူ နမ်းပဲ နမ်းမှာပါ။


ကင်ဆွန်းဟွန်း “Closeကလွဲပြီး ဘယ်သူကများ မင်းရဲ့အဆုတ်တွေ မည်းတာနီတာကို ဂရုစိုက်နေမှာလဲ”


ယွမ်ဇယ်က ခေါင်းမာစွာ ပြောသည်။


“သူက ဒီအတိုင်း မီးခိုးအနံ့ကို မုန်းတာ”


ကင်ဆွန်းဟွန်းကလဲ ယဉ်ကျေးမနေပေ။ 


“သူက မင်းကိုလဲ မုန်းတာပါပဲ”


ယွမ်ဇယ်က ကျွတ်စုတ်သတ်သည်။ ကင်ဆွန်းဟွန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သိသာစွာပင် စိတ်အခြေအနေ ကောင်းနေခဲ့ခြင်း ဖြစ်သည်။ သူတို့က ဆောင်းတွင်းလေ့ကျင့်ရေးစခန်းတွင် နေခဲ့ရသောကြောင့် ဖြစ်လောက်သည်။ သို့မဟုတ် လီဟယ်ယန်နှင့် နေရသောကြောင့် သို့မဟုတ် သူ၏မိတ်ဆွေဟောင်းများက ကောင်းမွန်သည်ထက် ကောင်းမွန်လာသည်ကို မြင်ခဲ့ရခြင်းကြောင့် ဖြစ်လောက်သည်။ 


ယွမ်ဇယ်က သူ၏စကားကို တစ်ကြိမ်ခန့် နားထောင်ပေးရင်း စီးကရက်ကို ငြိမ်းလိုက်သည်။ 


“ဒီနှစ်FTWက ထူးခြားလိမ့်မယ်”


ကင်ဆွန်းဟွန်းက ပြောသည်။


“နုပါသေးတယ်”


“နုတယ် ဟုတ်လား”


ယွမ်ဇယ်က ရယ်သည်။ 


“ပြည်တွင်းပွဲတွေ အဆုံးမသတ်ခင် အချိန်လောက်မှာတင် မင်း အဲဒီကောင်လေးကို တားနိုင်တော့မှာ မဟုတ်ဘူး”


သူသည် နာမည်ကို ထုတ်မပြောချေ။ နမ်စားတစ်ခုသာ သုံးသွားသည်။ သို့သော် သူရည်ညွှန်းသောသူကို လူတိုင်းသိကြသည်။ 


ဝေ့ရှောင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး သူ၏မျက်လုံးက တောက်ပစွာဖြင့် ပြောသည်။ 


ခွေးအိုကြီးယွမ်ပြောနေတာ သူလား။


လုဖုန်း “…”


သူ အနှေးနဲ့ အမြန် ဝေ့ရှောင်းရဲ့ ချစ်စရာကောင်းမှုတွေကြောင့် အသတ်ခံရမှာပဲ။


ကင်ဆွန်းဟွန်းက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာ ပြသည်။ 


“လက်ရှိ FTWက Closeပေါ် မှီခိုလွန်းတယ်”


ယွမ်ဇယ် “ဒါလည်း ဟုတ်တာပဲ”


ကင်ဆွန်းဟွန်း “quietက တော်တော်လေး ထူးချွန်ပါတယ်။ ဒါပေမဲ့ သူသာ Closeရဲ့ ကာကွယ်မှုအောက်မှာပဲ ရှိနေတယ်ဆိုရင် ကြီးပြင်းလာမှာ မဟုတ်ဘူး”


ယွမ်ဇယ်က ရပ်တန့်သွားပြီးနောက် ဝေ့ရှောင်းအစား ပြောပေးသည်။ 


“အဲဒီလိုလည်း မဟုတ်ပါဘူး။ Closeက အများကြီး‌ ပြောင်းလဲသွားပြီ”


ကင်ဆွန်းဟွန်း “ငါတို့အားလုံး အသင်းကခေါင်က အဆင်ပြေနေပြီး အင်အားကြီးမားတဲ့ ပြိုင်ဘက်ကို တွေ့တဲ့အခါ Closeက ဘာဖြစ်မလဲဆိုတာကို သိကြတာပဲ”


ယွမ်ဇယ်က မပြောတော့ပေ။ 


ကင်ဆွန်းဟွန်း “အမှန်တရားကို ပြောရရင် gloryအသိုင်းအဝိုင်းတစ်ခုလုံးမှာ Closeကို ခပ်ကြမ်းကြမ်း ကစားခွင့် ပြုပေးနိုင်တာက ခေါင်းဆောင်ယန်ပဲ ရှိတယ်လို့ ငါခံစားရတယ်”


ယွမ်ဇယ်ရဲ့အသံက ပေါ့ပါးသည်။ သူ၏အသံက သံမဏိလို မာကြောလာသည်။


“နတ်ဘုရားယန် မပူးပေါင်းပေးနိုင်တဲ့သူ ရှိလိုလား”


ကင်ဆွန်းဟွန်း “ဒါလဲ ဟုတ်တာပဲ”


ယန်ကျင်း… FTW၏ယခင်ခေါင်းဆောင်သည် ပြီးပြည့်စုံသော အထောက်အပံ့ကစားသမားဖြစ်ပြီး အကြွင်းမဲ့အမြုတေ ဖြစ်လာချိန်တွင် ပြိုင်ဘက်ကင်းသောနေရာကို ထိန်းထားနိုင်ဆုံးသောလူ ဖြစ်လေသည်။ 


ပြောရမည်ဆိုလျှင် ယခင်FTWအဟောင်းက dubbleပြိုင်ပွဲကို နိုင်နိုင်ခဲ့သည်။ သူတို့သည် ပြိုင်ဘက်များကို အကြွင်းမဲ့ အလဲထိုး ချေမွလျက် သီးသန့်ခွန်အား တစ်ခုတည်းနဲ့ အနိုင်ယူနိုင်ခဲ့သည်။ 


ထိုကိစ္စကလဲ အလွန်ရိုးရှင်းသည်။ ယန်ကျင်းကို ပြိုင်ပွဲအတွင်း လက်မှတ် ထိုးခိုင်းရုံသာ လိုအပ်၏။ အခြားတစ်ယောက်ကမူ ကိစ္စမရှိပါပေ။ 


ကင်ဆွန်းဟွန်း၊ ရှဲ့ဟယ်၊ ယွမ်ဇယ်ပင်ဖြစ်စေ Closeပင်ဖြစ်စေ သူတို့အားလုံး လုပ်နိုင်သည်။ 

123 04

ယွမ်ဇယ်က Closeနှင့် မပူးပေါင်းနိုင်ပေ။ ကင်ဆွန်းဟွန်းနှင့် ရှဲ့ဟယ်ကလဲ dubble မကစားနိုင်ပေ။ သို့သော် ယန်ကျင်းက လုပ်နိုင်သည်။ သို့သော်… ကံဆိုးသည်မှာ မည်သူကမှ ထိုကိစ္စကို ထုတ်မပြောကြပေ။ ယန်ကျင်းကလဲ ဘယ်တော့မှsingle dubbleပွဲများကို ဝင်မပြိုင်သောကြောင့် ဖြစ်သည်။ ကစားသမားများအတွက်သာ မဟုတ်လေဘဲ ကလပ်မှ စီမံခန့်ခွဲမှု ထိပ်တန်းအဆင့်ခေါင်းဆောင်များကပင် ထိုအကြောင်းအရာကို ထုတ်မပြောကြပေ။ 


စီမံခန့်ခွဲသူများက သူ့ကို ဖိအား ပေးလိုက်လျှင် ယန်ကျင်းက ဝင်ပါပေလိမ့်မည်။ သို့သော် ထိုအခြေအနေက အသုံးမဝင်နိုင်ပေ။ သူသည် လုံးဝအမှားမရှိသော ပုံစံမျိုးဖြင့် ကစားနိုင်သည်။ သူက တတ်နိုင်သမျှ ထောက်ပံ့ပေးပြီး စိတ်ရင်းဖြင့် နစ်မြုပ်ကာ ကစားပေးနိုင်သည်။ သို့သော် သူတို့က မနိုင်နိုင်ပေ။


ဘာအမှားမှ မရှိဘူး။ ဒါပေမဲ့ သူ မကြိုးစားနေဘူးလို့လဲ ပြောလို့မရဘူး။ ဒီအတိုင်း သူ့ရဲ့လုပ်ဆောင်မှုကလဲ ပြီးပြည့်စုံတယ်။ ဒီအတိုင်း သူတို့ ရှုံးရုံပဲ။


အခြေအနေသည် ကြမ်းတမ်းသည်။ ကြမ်းတမ်းလွန်းနေပြီး ဘယ်သူကမှ ဘာမှ မလုပ်နိုင်အောင် ဖြစ်သည်။ 


ထို့ကြောင့် FTWက ကူကယ်ရာမဲ့စွာဖြင့် dubbleကို လက်လျော့ခဲ့ရသည်။


ယွမ်ဇယ်ကလဲ ‘တစ်ယောက်ယောက်ကသာ Closeနှင့် ပူးပေါင်းနိုင်ရင် ငါ ချီးစားရင်း liveလွှင့်ပြမယ်’ ဟု ပြောရဲခဲ့သည်မှာ အကြောင်းပြချက် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ 


Glory၏တစ်ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုလုံးတွင် ယန်ကျင်းတစ်ယောက်တည်းသာ ရှိသည်။ ယန်ကျင်းကလဲ dubble မကစားနိုင်ပေ။ သူ့ကို ချီးစားစေချင်လျှင် မဖြစ်နိုင်ပေ။ 


ယွမ်ဇယ်က ဝေ့ရှောင်းကို အမှန်တကယ် သဘောကျကြောင်းကိုလဲ မြင်နိုင်သည်။ သူ၏ စကားလုံးများထဲတွင်လည်း သိသာသည်ဖြစ်စေ မသိသာသည်ဖြစ်စေ အသိအမှတ်ပြုမှုများက ပြည့်နေသည်။ 


“သူက ယန်ကျင်းလောက် မကောင်းရင်တောင်မှ quietက နောက်ထပ် အကောင်းဆုံး တစ်ယောက်ပဲ”


ကင်ဆွန်းဟွန်းက ခေါင်းညိတ်သည်။ 


“ဟုတ်တယ်”


“အတိုချုံးပြောရရင် ဒီနေ့ရဲ့ FTWက မဆိုးဘူး”


ကင်ဆွန်းဟွန်းက သူ့ကို ကြည့်သည်။


“L&Pက ဘယ်လိုလဲ”


ယွမ်ဇယ်က ရယ်သည်။


“မင်းက ဘာတွေတွေးနေတာလဲ။ ငါက ယန်ကျင်းကို ထပ်ရှုံးမယ် ထင်လို့လား”


မနှစ်က ချန်ပီယံရှစ်တွင် အနိုင်ရသူက Y1ဖြစ်သည်။ ထိုအသင်းသည် ယွမ်ကျန်း၏အသင်းဖြစ်ပြီး L&Pကrunner upဖြစ်သည်။ 


ကင်ဆွန်းဟွန်း “အချိန်က ပြောင်းတော့မှာ မင်းက Proဆီမှာ အခုရှုံးသွားပြီ”


ယွမ်ဇယ် “အိပ်မက် မက်နေတာ”


ကင်ဆွန်းဟွန်းက သူနှင့် စကားနိုင်လုရန် ပြင်းလွန်းသွားသည်။ ထို့ကြောင့် မေးလိုက်၏။


“မင်း ဒီနှစ် singleပွဲမှာ ဝင်ပါမှာလား”


ယွမ်ဇယ် “အွန်း”


ကင်ဆွန်းဟွန်းက ရယ်သည်။


“ကောင်းတယ် gloryက No.1ကဘယ်သူလဲ ကြည့်တာပေါ့”


နှစ်ပေါင်းများစွားကုန်လွန်ပြီးနောက် Closeကသာ နတ်ဘုရားများအသင်းမှ singleပွဲကို မပြိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဒီနှစ်တွင် ကင်ဆွန်းဟွန်းနှင့် ယွမ်ဇယ်ကလဲ ဝင်ပြိုင်မည် ဖြစ်သည်။ ကမ္ဘာ့ရဲ့ အစစ်အမှန်နံပါတ်၁... ဘယ်သူဖြစ်မှာလဲ။


ထိုအခြေအနေက FTWတွင် ရှိနေခဲ့ချိန်က မရနိုင်ခဲ့သော အရာဖြစ်ပြီး ယခု ရအောင်လုပ်ရမည့် အခွင့်အရေးလဲ ဖြစ်လာသည်။


လုဖုန်းနှင့် ဝေ့ရှောင်းတို့က သူတို့နှစ်ယောက် စကားပြောပြီး လျှောက်သွားပြီးသည်အထိ ထွက်မလာကြပေ။ ဝေ့ရှောင်းကလဲ ချောင်းနားထောင်ရန် မရည်ရွယ်ထားပေ။ 


ပြောရမည်ဆိုလျှင် ကင်ဆွန်းဟွန်း၏ စကားလုံးများက သူ၏ရင်ထဲကို ထိုးစိုက်လိုက်သည်။ 


အမှန်အတိုင်း ပြောရမယ်ဆိုရင် gloryအသိုင်းအဝိုင်းတစ်ခုလုံးမှာ Closeကို ခပ်ကြမ်းကြမ်း ကစားစေနိုင်တာက ခေါင်းဆောင်ယန်ပဲ ရှိတယ်လို့ ငါ ခံစားရတယ်။ 


ဝေ့ရှောင်းကလဲ သည်းမခံနိုင်ဘဲ တိုက်ရိုက် မေးလိုက်သည်။

123 05

“ခေါင်းဆောင် ယန်ကျင်းက အင်အားကြီးတာလား”


သူက သေချာပေါက်ကို အင်အားကြီးလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ စိုးရိမ်စရာမလိုဘဲ Closeကို ခပ်ကြမ်းကြမ်း ကစားခွင့် ပြုနိုင်လောက်အောင် သူက ဘယ်လောက်ထိ အတိအကျ အင်အားကြီးတာလဲ။ 


ဝေ့ရှောင်းဟာ သဝန်တိုနေခြင်း ဖြစ်သည်။ ထိုစကာလုံးက ရှာလကာရည်တစ်အိုးလုံးကို လောင်းချနိုင်ရန် လုံလောက်သည်။ လုဖုန်းက သူ၏ဆံပင်ကို ပွတ်သပ်ပေးသည်။ 


“အဲဒီလောက်ကြီးထိတော့ မဟုတ်ပါဘူး”


ဝေ့ရှောင်း “ခေါင်းဆောင်ယွမ်နဲ့ နတ်ဘုရားကင်တို့ရဲ့ ပြောစကားအဓိပ္ပာယ်အရ မင်း တိုက်ခိုက်တဲ့အချိန်တိုင်း အမြဲတမ်း ထိန်းထားခံရတာ မဟုတ်လား”


လုဖုန်း “…”


ဝေ့ရှောင်း၏ နှလုံးသားက ခုန်လှုပ်သွားသည်။ 


“မင်းသာ လွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့က မလိုက်နိုင်ဘူး ဟုတ်လား”


လုဖုန်းက ခေါင်းခါသည်။


“5V5က အသင်းပြိုင်ပွဲလေ ကောင်းမွန်တဲ့ပူးပေါင်းမှုက တစ်ယောက်တည်း ထူးချွန်နေတာထက် ပိုပြီးတော့ အရေးကြီးတာပေါ့”


ထိုအခြေအနေက ဝေ့ရှောင်းနားလည်သော အမှန်တရား ဖြစ်သည်။ သို့သော် သူ၏စိတ်အတွင်း သက်တောင့်သက်သာရှိသည်ဟု မခံစားရသေးပေ။ 


“ငါကလဲ အားနည်းသေးတာပဲ”


လုဖုန်းက စိတ်ဓာတ် ကျသွားသည်။ သူသည် လက်ကို ထိန်းထားရင်း ပြောသည်။


“ယန်ကျင်းက အဲဒီလောက် အင်အားမကြီးပါဘူး”


ဝေ့ရှောင်းက သူ့ကို မယုံကြည်ပေ။ 


“မင်းက ငါ့ကို ချော့ဖို့ ကြိုးစားနေတာ”


ယွမ်ဇယ်နှင့် ကင်ဆွန်းဟွန်းတို့က ထိုစကားလုံးများအားလုံးကို ပြောပြီးသွားလေပြီ။ သူဟာ အင်အားမကြီးဘဲ မနေပေ။ ပို၍ဆိုးသည်မှာ ဝေ့ရှောင်းက ကမ္ဘာ့ဖလားကို ကြည့်လေ့ မရှိသော်လည်းY1ကမူ အင်အားကြီးမားလွန်းသဖြင့် လူတိုင်းကို ခေါင်းကြီးစေလောက်လေသည်။ 


လုဖုန်းက လေသံကို တိုးကာ ပြောသည်။


“ယန်ကျင်းက လူတွေကို တော်တော်လေးကို ကောင်းကောင်းမွန်မွန် နားလည်တတ်တာ”


ဝေ့ရှောင်းက ကြောင်သွားသည်။ လုဖုန်းက ပြောသည်။ 


“သူက ကစားသမားတွေကို နားလည်တယ်။ ဒီတော့ ဒီလူတွေနဲ့ ကောင်းကောင်း ပူးပေါင်းနိုင်တယ်”


ဝေ့ရှောင်း “သူက မင်းကိုလဲ တော်တော် ကောင်းကောင်းနားလည်တယ်”


လုဖုန်း “သူက သူ နားလည်ချင်တဲ့ လူတိုင်းကို ကောင်းကောင်း နားလည်တာ”


ဝေ့ရှောင်း “…”


လုဖုန်းက ဆက်လက်ပြီး ချော့တော့မည့်အချိန်တွင် ဝေ့ရှောင်းက ရုတ်တရက် ပြောသည်.။ 


“ဒါဆိုရင်လဲ ငါ သူ့ကို မရှုံးဘူး”


လုဖုန်းကလဲ သူ၏စိတ်အားထက်တန်သည့် မျက်ဝန်းများက နွေးထွေးမှုကို မြင်သည်။ 


ဝေ့ရှောင်း “ငါကလဲ မင်းကို အကောင်းဆုံး နားလည်တဲ့သူဖြစ်လာမှာ”


“ယန်ကျင်းက လူအများကြီးကို နားလည်ချင်နားလည်လိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မင်းတစ်ယောက်တည်းကိုပဲ နားလည်ချင်တာ”


လုဖုန်း “…”


ထိုကဲ့သို့သော စကားလုံးများကို ကြားလိုက်ရသည့် မည်သူကမဆို သူတို့၏နှလုံးသားက နူးညံ့သောမက်ရှ်မယ်လိုများ အပြည့် ထိုးထည့် ခံရသူလိုမျိုး ချိုမြိန်ကာ ပြည့်အင့်သွားလောက်သည်။


ဝေ့ရှောင်း “…”


လုဖုန်းက သူ့ကို လေသံကို တိုးကာခေါ်သည်။ 


“ဝေ့ရှောင်း”


ဝေ့ရှောင်း “အွန်း”


လုဖုန်းက သူ့ကို နမ်းသည်။ ထိုအရာကလွဲပြီး သူသည် တစ်ဖက်လူအတွက် ခံစားရသည့် နက်ရှိုင်းသော ခံစားချက်ကို မည်သို့မည်ပုံ ထုတ်ပြရမည်ဖြစ်ကြောင်းမသိတော့ပေ။


စားသောက်ဆိုင်ထဲတွင် အထီးကျန်ချိုင်ကောက အလက်စကား ဂဏန်းဘုရင်ခြေထောက်ခြောက်ချောင်း၊ ဩစတြေးလျရေဘဝဲ အကောင်တစ်ဝက်နှင့် ပင်လယ်မျော့ဆာရှိမိ ပန်းကန်တစ်ဝက်ကို စားပြီးလေပြီ။


သူဟာ စားနေရင်း ဝေ့ပေါ်ပို့စ်ကို တင်လိုက်သည်။ 


“ငါ တစ်ယောက်တည်းဆိုပေမဲ့လည်း ဗိုက်ပြည့်သွားပြီ”


ထိုသို့ဖြင့် ပြန်စာများက ပြည့်နှက်လာသည်။


“ချိုင်ကော နတ်ဘုရားလုက ဘယ်မှာလဲ”


“အချစ်အရွက်လေး မင်းရဲ့ခေါင်းဆောင် ဘယ်မှာလဲ”


“နတ်ဘုရားပိုင် မင်းရဲ့ junglarဘုရင်က ဘယ်မှာလဲ”


ပိုင်ကောသည် သူ၏ခေါင်းဆောင်နှင့် junglarဘုရင်သွားသောနေရာကိုလဲ အမှန်တကယ် သိချင်နေသည်။


သူတို့ အောက်ထပ်ကို အတူဆင်းလာတာ။ ဓာတ်လှေကားကို အတူစောင့်တာ။ ဘယ်လိုဖြစ်ပြီး သူ တစ်ယောက်တည်း စားနေရပြန်တာလဲ။ 


သူတို့၏ ဟော်တယ်ခန်းသည် ငါးလွှာတွင် ဖြစ်သည်။ ထိုကြောင့် ထိုအချိန်မှ ဆင်းလာမည်ဆိုလျှင်ပင် လှေကားထစ်က အထစ်ငါးရာရှိလျှင်ပင် ရောက်နေသင့်လောက်နေပြီ။ 


ပိုင်ချိုင်က ပရိသတ်တစ်ယောက်ကို စာပြန်သည်။


“သူတို့ ဘယ်သွားလဲတော့ ငါ မသိဘူး။ ဖြစ်နိုင်တာက …သူတို့ ခိုးပြေးသွားလောက်ပြီ”

******