Ch 122
Viewers 3k

GLORY_122.1

Swae Nyoe Sales Channel • December 6 at 7:13 PM

122 01

အပိုင်း 122

ဝူအိုက်လင် 520

အနာဂတ်က မသေချာဘူး။ အသေအချာ မသိနိုင်တဲ့ အရာတွေကို ထုတ်ပြောနေတာထက် အချိန်ကို အမှန်တကယ်အသုံးချပြီး နှလုံးသားထဲက သဘောကျတယ်ဆိုတာကို နားလည်အောင် ထုတ်ပြောနေဖို့လိုအပ်တယ်။

ဝေ့ရှောင်းသည်လဲ ခေါင်းဆောင်၏ ထင်မြင်ချက်များကြောင့် သိပ်မကြာခင် ပေါက်ကွဲတော့မည်ဟု ခံစားနေရသည်။

အဟွတ် ငါ ရှုံးပါတယ်”

အချစ်ရေးရာ စကားတွေနဲ့ ပတ်သက်ပြီး သူ တကယ် သူ့ရဲ့ကောင်လေးဆီမှာ ရှုံးသွားတာပဲ အား…

အရူးလေးဝေ့သည် စကားနိုင်လုရာတွင် အနိုင်ရလိုစိတ်က ပြင်းထန်လာပြီး ချက်ချင်းလိုလို ပြောလိုက်သည်။

ဒါပေမဲ့ ငါကတော့ မတူဘူး”

လုဖုန်းက သူ့ကို မကြည့်ပေ။ သို့သော် ဝေ့ရှောင်း၏လက်ရှိပုံစံကို စိတ်ကူးကြည့်၍ ရသည်။

ဘယ်လိုမျိုးလဲ”

ဝေ့ရှောင်းက ဂုဏ်ယူစွာ ပြောသည်။

အနာဂတ်က ကိစ္စတွေအတွက်တော့ ငါက အပြုအမူရော စကားလုံးတွေနဲ့ရော ဖော်ပြမှာ”

လုဖုန်းက တိတ်တဆိတ် ရယ်သည်။

မင်း မအိပ်သေးဘူးဆိုရင် ကောင်းကင်က လင်းတော့မယ်”

ပြောရမည်ဆိုလျှင် ဝေ့ရှောင်းသည်လဲ အနည်းငယ် ပင်ပန်းနေလေပြီ။ သူ၏မျက်ခွံက သူနှင့်တိုက်ခိုက်နေပြီ ဖြစ်၏။ သို့သော် သူသည် မအိပ်ချင်သေးပေ။ သူ မအိပ်ရက်ဘူး ဖြစ်နေတယ်။

သူက ထပ်မေးလိုက်သည်။

ခေါင်းဆောင် ခေါင်းဆောင် ငါနဲ့ပတ်သက်ပြီး ဘာကိုသဘောကျတာလဲ”

ဝေ့ရှောင်းက ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ဘာကိုမှ မရှက်ရွံ့ဘဲ ပျော်ရွှင်နေသော ပုံစံမျိုးနှင့် မေးဖြစ်လောက်သည်။

လုဖုန်းက ဖြေသည်။

ငါ မသိဘူး”

ဝေ့ရှောင်းက မပျော်တော့ပေ။ သူသည် ဆက်မေးသည်။

မင်း မသိဘူးလား”

အွန်း”

လုဖုန်းက အခြားတစ်ဖက်ခြမ်းရှိ ပြတင်းပေါက်ပေါ်တွင် ချိန်ဆွဲထားသော လိုက်ကာများကို ကြည့်ကာ ပြောသည်။

တအားများလွန်းလို့” များလွန်းလို့ တကယ်ကို များလွန်းတာ

လွန်ခဲ့သော နှစ်နှစ်က နောက်ပြီး နှစ်နှစ်ကြာပြီးတဲ့နောက် ဝေ့ရှောင်းရဲ့ လှုပ်ရှားမှုတွေ ရွေ့လျားမှုတွေ အပြုအမူတွေအားလုံးက တအားသက်ရောက်မှု ပြင်းတာ။ ပြင်းလွန်းလို့ သူ့ရဲ့ versionကွင်းတစ်ခုလုံးကို သိမ်းကြုံး ယူသွားတော့တာပဲ။

ဝေ့ရှောင်း၏ပေါ်ပေါက်လာမှုဟာ လုဖုန်းကို အဆုံးအစမဲ့သော စွမ်းအင်နှင့် အဆုံးအစမဲ့သော မျှော်လင့်ချက်များကို မြင်ခွင့် ပြုလိုက်သလို ဖြစ်သွားသည်။ ဝေ့ရှောင်းက ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က တောင်ကြားထဲက အရိပ်သူခိုးက သူ့ကို အမှောင်ထုထဲက အလင်း ပေးခဲ့တာတဲ့။

ဒါဆိုရင် သူကလဲ ဝေ့ရှောင်းရဲ့ ခန္ဓာကိုယ်ဆီကနေ ဘာလို့ ဒီအလင်းကို မမြင်နိုင်ရမှာလဲ

လုဖုန်းသည် ဝေ့ရှောင်းကို မြင်မြင်ချင်း သဘောကျသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အချိန်ကြာပြီးမှသာ အချစ်က ဖြစ်လာခဲ့သည်။

ဝေ့ရှောင်းသည် Close၏ဘာသာပြန်စက် ဖြစ်ထိုက်သည်။ သူ၏ဆိုလိုရင်းကိုလဲ နားလည်ရန်ထိုက်တန်၏။ သူဟာ ပျော်သွားပြန်သည်။

မင်းက ငါနဲ့ပတ်သက်ပြီး ကိစ္စတွေအများကြီးကို သဘောကျနေလို့ ဘာကိုပြောရမယ်မှန်း မသိတော့တာလား”

လုဖုန်း “…”

ဝေ့ရှောင်းက အနည်းငယ်နှိမ့်ချလိုက်သည်။

ငါနဲ့ ပတ်သက်ပြီး သဘောကျဖို့ ထိုက်တန်တဲ့ အကြောင်းအရာတွေ အများကြီးတော့ မရှိပါဘူး”

လုဖုန်း “ရှိတာပေါ့”

ဒီအတိုင်းဒါက ရိုးရှင်းတဲ့ စကားလေးပဲ ဒါပေမဲ့ အရူးလေးဝေ့ရဲ့ မျက်နှာကိုတော့ နီသွားစေဖို့ လုံလောက်သည်။

သွားပြီ သွားပြီ။ သူတော့ တကယ်ကိုသွားပါပြီ။ သူက ခေါင်းဆောင်ကြောင့် လုံးဝကို အနိုင်ပိုင်းခံလိုက်ရပြီ။ အနာဂတ်မှာ သူဘယ်တော့မှ ပြန်လည် မသက်သာနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်သွားလောက်တယ်။

ဝေ့ရှောင်းက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ သို့သော် သူသည် သူ၏ နှလုံးသားလေး၏ ခုန်လှုပ်မှုကို မထိန်းထားနိုင်ပေ။

မင်းက ငါ့ကို အစောပိုင်းတည်းက သဘောကျတယ်ဆိုရင် ဘာလို့လုံးဝမပြောခဲ့တာလဲ”

စောစောသာ ပြောခဲ့မယ်ဆိုရင် သူတို့ အခုချိန်လောက်ဆိုရင် အကြိမ် သိန်းကျော်လောက် နမ်းရှိုက်ပြီးလောက်ပြီ

ထိုအတွေးနှင့် အတူ ဝေ့ရှောင်းကလဲ ဒေါ်လာ တစ်ဘီလီယံလောက် လွဲချော်သွားသလို ခံစားလိုက်ရသည်။ လုဖုန်းက တိတ်ဆိတ်သွားသည်။

သူဟာ စကားနည်းလေလေ ဝေ့ရှောင်းက သိချင်လေလေ ဖြစ်သည်။ ထို့ကြောင့် တောင်းပန်လိုက်သည်။

122 02

ဒါက နောက်ဆုံးမေးခွန်းပါ။ ဖြေပြီးရင် အိပ်လို့ရပြီ”

လုဖုန်း “…”

ဝေ့ရှောင်းက သူ့ကို ချော့သည်။

ဒါတကယ်နော်။ ငါသာ အဖြေကို ရပြီးလို့ မအိပ်ဘူးဆိုရင် ခွေးပဲ”

သူသည် ကြိုတင်ပြီး ဝုဆိုသော အသံလေးကိုပင် လုပ်ပြလိုက်သေးသည်။

လုဖုန်းက သက်ပြင်း အသာချလိုက်ရင်း သူ့ကို လှည့်ကြည့်လိုက်သည်။

မင်းက ငယ်သေးတယ်”

ဝေ့ရှောင်းက ကြောင်သွားသည်။

လုဖုန်းသည် အဖြူရောင် ခေါင်းအုံးကို မှီထားရင်း ကြမ်းခင်းမီးအိမ်၏နူညံ့သော အလင်းထက်ပင် နွေးထွေးသောပုံစံမျိုးနှင့် ကြည့်ကာ ပြောလာသည်။

ငါ မပြောနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါမင်းကို ဒီထက် အများကြီး ပိုပေးချင်သေးလို့”

ပြောရမည်ဆိုလျှင် ဝေ့ရှောင်းသည် အမှန်တကယ် နားမလည်ပေ။ သို့သော် သူသည်လဲ လုဖုန်း၏လက်ဖဝါးပေါ်တွင် နုနုရွရွလေး အတင်ခံပြီး ပစားပေးခံရသည့် ခံစားချက်မျိုးကို ရသည်။ ဒါဟာ ရတနာလို ဆက်ဆံခံရသည့် ဂရုစိုက်ခံရမှုမျိုး ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နှာခေါင်းထိပ်က အနည်းငယ် ကျိန်းစပ်လာသည်။ လုဖုန်းက ဆက်ပြောသည်။

မိတ်ဆွေဆက်ဆံရေး နောက်ပြီး ချစ်ကြိုက်ခံရတဲ့ ဆက်ဆံရေး အချစ် ငါ ဒါတွေအားလုံး မင်းကို ပေးချင်တာ”

သူသာ စောစောပြောခဲ့လျှင် စိတ်အားထက်သန်ပြီး ပြင်းပြတဲ့ ချစ်ခြင်းကို တစ်စုံတစ်ရာက လွှမ်းမိုးလောက်သည်။

ဝေ့ရှောင်း၏ နှလုံးသားက တစ်စုံတစ်ရာဖြင့် ခပ်ကြမ်းကြမ်း အထိုးခံလိုက်ရသလို ဖြစ်သွားသည်။ သို့သော် သေးငယ်သော နာကျင်မှုက ထုံထိုင်းမှုအဖြစ် ပြောင်းလဲလျက် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

တိမ်စိုင်အတွင်း မျောလွင့်နေချိန်တွင် လောကရဲ့အလှပဆုံးသော ရှုခင်းကို မြင်ရသလိုကို သူဟာ တစ်ခဏခန့် ကြာပြီးနောက် အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေမည်ဆိုလျှင်ပင် နောင်တ မရှိတော့သလို ဖြစ်သည်။

သူလည်း မတတ်နိုင်ဘူး။ ဝေ့ရှောင်းက အိပ်ရာပေါ်မှ ချက်ချင်းကုန်းထပြီး လုဖုန်း၏စောင်ထဲသို့ ဝင်သည်။

လုဖုန်း “…”

ဝေ့ရှောင်း၏ တလက်လက် တောက်ပနေသော မျက်ဝန်းတစ်စုံက လုဖုန်းနှင့်သာ ပြည့်နေသည်။

ဘာကိုမှ မခံစားတတ်ဘူး။ ခံစားချက်တွေ မရှိဘူးလို့ ထင်ရတဲ့ လုဖုန်းက ဒီလိုမျိုး နှိုင်းယှဉ်ဖို့ ခက်လောက်အောင် နူးညံ့ပြီး ညင်သာတဲ့ လုဖုန်း ဖြစ်နေတာပဲ။

ဝေ့ရှောင်းကလဲ သူ့ကို နမ်းရှိုက်ချင်သည်။ ပြင်းပြင်းထန်ထန် နမ်းရှိုက်ချင်၏။ ဒီနည်းအားဖြင့် သူ၏နှလုံးသားအောက်ခြေမှ ချိုမြိန်မှုများက အပေါ်သို့ရောက်ကာ ဖောင်းတက်လာရင်း လျှာထိပ်သို့ အတင်း ဝင်တိုးလာသလို ခံစားချက်မျိုးကို ရလိုက်သည်။

သူက လှုပ်ရှားရန်ပင် မလိုအပ်ပေ။ လုဖုန်းကလဲ ခေါင်းကို စောင်း၍ သူ့ကို အရင်နမ်းရှိုက်လိုက်သည်။

ဝေ့ရှောင်းက တုံ့ပြန်၏။ သူ၏လှုပ်ရှားမှုများက စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်ကာ ဖျတ်လတ်နေသည်။

သူတို့နှစ်ယောက်က လူခွဲလိုက်သောအခါ လုဖုန်း၏ အသံက အနည်းငယ် ဩရှနေသည်။

ရှောင်ရှောင်”

ဝေ့ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓာတ်လိုက်သွားသလိုမျိုး အံ့ဩတုန်လှုပ် သွားသည်။ သူက တုန်ရင်သွား၏။

အွန်း”

လုဖုန်းက သက်ပြင်း အသာချသည်။

ဒီနေ့မှ ပထမဦးဆုံးနေ့ပဲ ရှိသေးတာ”

သူတို့ ဝန်ခံတဲ့ ပထမနေ့၊ သူတို့အချင်းချင်း ခံစားချက်တွေ ဝေမျှတဲ့ ပထမနေ့၊ နောက်ပြီး ချစ်သူရည်းစားတွေ ဖြစ်သွားတဲ့ ပထမနေ့။

တစ်ရက်တောင် မပြည့်သေးဘူး။

ဝေ့ရှောင်းက နားမလည်ပေ။ ထို့နောက် သူသည် မယိုင်လဲသော တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

“...”

လုဖုန်း၏ အနက်ရောင်မျက်ဝန်းတစ်စုံက လောင်ကျွမ်းပြီး ပျက်စီးခြင်းနယ်မြေတစ်ခုလုံးကို သိမ်းပိုက်မည့် ပုံစံမျိုးဖြစ်သည်။

ငါတို့အခု အိပ်လို့ရပြီလား”

စကားတစ်ခွန်း စကားလုံး လေးလုံးတည်းဖြင့် စိတ်ရှည်ပြီး ချုပ်ထိန်းထားသော လေသံမျိုးနှင့် ပြောလိုက်သည်။ ဝေ့ရှောင်းက နားမလည်သေးလျှင် သူသည် လူမဟုတ်တော့ပေ။

သူသည် တစ်နှစ်ပတ်လုံး လူလို မပြုမူတတ်သော်လည်း သူက…အာ... ဒါ တအားစောလွန်းတယ်။ ကောင်းတဲ့ကိစ္စတွေကို ကြိုတင်ပြင်ဆင်ဖို့ အချိန်လိုတယ်။

ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို သူ အခမ်းအနားပွဲနဲ့ ကျင်းပရမှာ။

ဝေ့ရှောင်း၏ မျက်နှာက နီသွားသည်။ သူသည် လုဖုန်းကို မကြည့်တော့ပေ။

အိပ်ပြီ”

လုဖုန်းက သူ့ကို လွှတ်ပေးသည်။ ဝေ့ရှောင်းက ချက်ချင်းဆိုသလိုပင် ကိုယ်ပိုင်အိပ်ရာပေါ်သို့ပြန်တက်လိုက်ပြီး စောင်ဖြင့် ပိုးတုံးလုံးလို ပတ်လိုက်သည်။

“good night”

သူသည် ခေါင်းဆောင်ဟု ထည့်ပြောလိုသော်လည်း သူ၏ ပါးစပ်ကမူ စတင်ကာ လှုပ်ရှားပြန်သည်။

122 03

ကောင်လေး”

ထို့နောက် သူသည်မျက်လုံးကို ခပ်မြန်မြန်ပိတ်သည်။

လုဖုန်း “…”

ဝေ့ရှောင်းက စောင်အောက်မှ လှမ်းပြောသည်။

ငါလဲ ဂွတ်နိုက်…”

လုဖုန်း “အိပ်တော့”

ဝေ့ရှောင်းက မျက်လုံးကို ပိတ်သည်။ သို့သော် စောင်အောက်မှ သူ၏မျက်လုံးက ချက်ချင်းလိုလို ပြူးကျယ်ပြီး သည်းမခံနိုင်သလို ဖြစ်နေသည်။

လုဖုန်းက စောင်ကို ဘေးဘက်သို့ဆွဲလျက် အိပ်ရာထဲမှ ထသည်။ ဝေ့ရှောင်းက စောင်အောက်တွင် ပြန်ပုန်းလိုက်ချိန်တွင် ခြေလှမ်းသံများကို ကြားလိုက်ရသည်။ ထို့နောက် ခေါင်းဆန့်ထုတ်ကာ ကြည့်လိုက်ချိန်တွင် ခေါင်းဆောင်သည် ရေချိုးခန်းထဲ ဝင်သွားသည်အား တွေ့လိုက်ရသည်။

ဝေ့ရှောင်း “…”

သူသည် စောင်အောက်ထဲသို့ ပြန်ပုန်းလိုက်သည်။ သူ၏နှလုံးသားက ခုန်လှုပ်နေပြီး မျက်နှာက လောင်ကျွမ်းနေပြီး ခပ်တိုးတိုး ရေရွက်လိုက်သည်။

စိတ်အေးအေးထား။ စိတ်အေးအေးထား ဝေ့ရှောင်း။ ကျေးဇူးပြုပြီး စိတ်အေးအေးထားစမ်းပါ။ ဒါက ပထမနေ့ပဲ ရှိသေးတာ။ မင်း ဒီလိုသားရဲဆန်တဲ့ အကြောင်းအရာတွေကို မတွေးနဲ့”

ရေချိုးခန်းထဲမှ ရေကျသံက ထွက်လာ၏။ ဝေ့ရှောင်းက မျက်နှာကို ထုတ်ပြီး အသက်မြန်မြန် ရှူလိုက်သည်။

သူသည် မူလကမူ လုဖုန်းရှိရာဘက်ခြမ်းသို့ ဘေးတစောင်း လဲနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန် အိပ်ရာတွင် မည်သူမှမရှိချိန် ချက်ချင်းလိုလို ပြန်လှည့်လိုက်ပြီး ရေချိုးခန်းထဲမှ မီးအလင်းရောင်ကိုသာ မျက်နှာမူလိုက်သည်။

Standartဟော်တယ် အခန်းထဲတွင် pravicyကို စိတ်ချစေရန်အတွက် အထူးကောင်းမွန်စွာ ပြင်ဆင်ထားသည်။ ထို့ကြောင့် သူ ရှိနေရာနေရာမှ သေးငယ်စွာ ကျဆင်းနေသည့် မိုးစက်များကဲ့သို့ ရေစက်များကလွဲပြီး ဘာကိုမှ မမြင်ရချေ။ ဝေ့ရှောင်းက စောင့်ကြည့်နေသည်။ နားထောင်နေသည်။ ထို့နောက် တွေး၏…။

နောက်ဆုံးတော့ ငိုက်မျဉ်းစိတ်က သူ့ကို လွှမ်းခြုံလာပြီး မျက်လုံးများကို မှိတ်လိုက်သည်။ လုဖုန်းက ထွက်လာသောအခါ အိပ်ပျော်နေပြီဖြ စ်သည်။ ဝေ့ရှောင်ရှောင်းကို မြင်လိုက်ရသည်။

ဝေ့ရှောင်းက အမှန်တကယ်ပင် ငယ်သေးသည်။ သူ၏ခံစားချက်များနှင့် ပတ်သက်ပြီး တုန့်ပြန်ပုံက အထူးတလည်ပင် မရင့်ကျက်သေးပေ။

သူသည်‌ ငယ်သေးသဖြင့် သူ၏ခံစားချက်များကို ချုပ်ထိန်းမှုမရှိဘဲ ဖော်ပြသည်မှာ ကလေးတစ်ယောက်နှင့် တူသည်။ သူသည် ကလေးတစ်ယောက်လိုမျိုး လူကြီးများ၏ စိတ်ဆန္ဒများကို နားမလည်နိုင်ပေ။

လုဖုန်းက သူ့ကို သဘောကျသည်။ သူ၏အရာအားလုံးကို ကြိုက်၏။

သေးငယ်သောအရာမှ ကြီးမားသောအရာများအထိ…လုဖုန်းသည် သူနှင့်ပတ်သက်ပြီး အရာအားလုံးကို တန်ဖိုးထားသည်။

သူ၏ အံ့အားသင့်ရပြီး ကူကယ်ရာမဲ့ရသော ငယ်ဘဝ၊ သူ၏လဲပြိုကျပြီး အင်အားမဲ့ခဲ့သော လူငယ်ဘဝ၊ ထိုအချိန်မှ စတင်ပြီး အမှီအခို ကင်းမဲ့စွာ မားမားမတ်မတ် ရပ်နိုင်သော အတိုင်းအတာထိ အရာအားလုံးကို သဘောကျသည်။ သူသည် သူ တွေ့ကြုံခဲ့သမျှ ကောင်းမွန်သော အရာတိုင်းကို တန်ဖိုးထားသည်။ ထွက်ပြေးသွားခဲ့သော ဖြစ်ရပ်ကိုပင် တန်ဖိုးထား၏။

လုဖုန်းက ဝေ့ရှောင်း၏ဘေးဘက်သို့ ကျနေသော ဆံပင်များကို အသာသပ်တင်ပေးလိုက်ပြီး ကြည်လင်ရှင်းသန့်နေသော နှဖူးပေါ် နမ်းရှိုက်လိုက်သည်။

ဘာစိတ်ဆန္ဒမှမပါပဲ အချစ်သီးသန့်နှင့်...

လတ်စသတ်တော့ မဟာမိစ္ဆာဘုရင်ကြီးကလဲ အဲဒီညက မအိပ်နိုင်ခဲ့ဘူးဘဲ။

ကျောက်သားလို တင်းမာတည်ငြိမ်မှုကလဲ အသုံးမဝင်ပေ။ ထို့အပြင် နောက်ထပ်ပိုလာမည့် အခြေအနေများက ရှိနေသေးသည်။ ဝေ့ရှောင်ရှောင်းက အိပ်မောကျသွားသည်။ သူသည် နှစ်ခြိုက်စွာ အိပ်မောကျသွား၏။ သူ၏အိမ်မက်များက အရောင်အသွေးစုံကာ ပျော်ရွှင်နေသည်။ ထို့နောက်…သူသည် အိပ်နေရင်း လမ်းထလျှောက်ခြင်းဖြင့် အဆုံးသတ် သွား၏။

သွေးချင်းနီတဲ့ လမ်းဖြစ်ထိုက်လေသည်။ သူတို့သည် တစ်နေ့လုံးပြိုင်ပွဲနှင့် ပတ်သက်ပြီး အမြင့်ဆုံးသော အာရုံစူးစိုက်မှုအဆင့်နှင့် ကစားခဲ့ရသည်။ ထို့အပြင် နောက်ကျသည်အထိ နေခဲ့သေး၏။ သူသည် ခံစားချက် အတက်အကျပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ရပြီး ထိုသို့ ထလမ်းမလျှောက်မှသာ ထူးဆန်းပေလိမ့်မည်။ လုဖုန်းက အိပ်ပျော်ခါစသာ ရှိသေးသည်။ ရုတ်တရက် သူ၏စောင် မခံရသလို ခံစားလိုက်ရသည်။ သူ၏လက်မောင်းက အနည်းငယ် နိမ့်ကျသွားပြီးနောက် တစ်စုံတစ်ရာဟာ သူ၏ခါးကို ရစ်ပတ်လျက် ခပ်တင်းတင်း ပွေ့ဖက်လာသည်။ သူဟာ မျက်လုံးကို ဖွင့်လိုက်သည်။ လုဖုန်းက သူ၏လက်မောင်းကို ခေါင်းအုံးထားပြီး သူ့ကို အတင်းအကြပ် ဖက်လာသော အခြေအနေကို မြင်သောအခါ မအံ့ဩတော့ပေ။

လုဖုန်း “…”

ဝေ့ရှောင်းက သတိပင် မကပ်ထားချေ။ သူ၏ဖျော့တော့သော ပါးပြင်နှင့် သူ၏လက်မောင်းကိုပင် ပွတ်တိုက် လာသေးသည်။

လုဖုန်းကလဲ အသက်တစ်ချက် ရှူသွင်းလိုက်ရင်း ဝေ့ရှောင်းကို ပွေ့ဖက်လိုက်သည်။

ဒါဆိုလဲ အိပ်တာပေါ့။

သူ အိပ်မက် ကောင်းကောင်းမက်နေရင် လုံလောက်ပါတယ်။

ဝေ့ရှောင်း နိုးနေသောအခါ သူသည် အိပ်ရာ ပြောင်းနေကြောင်း တွေ့လိုက်ရပြန်သည်။

ထိုအခိုက်အတန့်တွင် ထိုအချိန်တွင် ရှောင်းကောဟာ အလွန်ဖိအား များသွားသည်။

ဒီလောင်ဇီက သားရဲဆန်တာမျိုးတွေ မလုပ်ခဲ့ပါဘူးနော်။ မလုပ်ဘူးမလား။

အချစ်ရဲ့ပထမနေ့မှာ စိတ်မရှည်ဖြစ်ပြီး မထိန်းနိုင်တာက တော်တော်လေးကို ဆိုးတာပဲ။ သူ ဝေ့ရှောင်းက ဒီလိုသားရဲကောင်မျိုး မဟုတ်ဘူး။