Ch 121
Viewers 3k


GLORY_121

Swae Nyoe Sales Channel • December 5 at 8:04 PM

121 01

အပိုင်း 121

 

မင်းကြိုက်လား မကြိုက်ဘူးလား

 

ဘယ်လိုကြောင့် ဒီလိုမျိုး နမ်းလို့ရသေးတာလဲ

 

မဟုတ်သေးပါဘူး။ ဒါကမှ အစစ်အမှန် အနမ်းဆိုတာပဲ ဖြစ်မယ်။

 

ဝေ့ရှောင်းသည် အသက် ၁၇နှစ်အရွယ် လူပျိုတစ်ယောက်ဖြစ်လေသည်။ သို့သော် သူသည် ဘာကိုမှ မသိလောက်အောင် အပြစ်ကင်းစင်လွန်းနေသည်တော့ မဟုတ်ပေ။

 

ထို့အပြင် သူသည် အတင်းအဖျင်းဧကရာဇ်၏ ပို့စ်လေးများကို အနည်းငယ် ကြည့်ခဲ့ဖူးသည့်အလျောက် ယေဘုယျလမ်းကြောင်းကိုတော့ဖြင့် သိလေသည်။

 

သိတာက သိတာသက်သက် အမှန်တကယ် ကြုံတွေ့ခံစားရတာက သက်သက်ပဲ။

 

ဥပမာ နမ်းသလိုပေါ့။

 

သူသည် သူတို့၏ နှုတ်ခမ်းမှ ထိတွေ့မှုကြောင့် ထုံထိုင်းပြီး ကျိန်းတက်သလိုပင် ခံစားလာရ၏။ အခု…

 

သူ၏ ဦးနှောက်က ပေါက်ကွဲသွားသည်။ သူ၏သွေးများက ပွက်ပွက်ဆူနေသော ရေပူများအသွင် ပြောင်းလဲသွားပုံရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်အောင် ဆက်တင် ချလိုက်သည်။

 

သူသည် ထိုခံစားချက်ကို ဖော်ပြနိုင်စွမ်းရည်ပင် မရှိချေ။ ဖော်ပြရန် ခက်ခဲလွန်းသော လှုံ့ဆော်မှုမျိုးတစ်မျိုးလည်း ရှိနေခဲ့ပြီး သူ၏ခေါင်းက မူးဝေလာကာ မှင်သက်လာလျက် အနည်းငယ်ပင် သတိလစ်ချင်လာသည်။

 

ဒါက ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူး။ သူ တကယ် ခေါင်းမူးလာတာ။

 

လုဖုန်းက သူကို လွှတ်ပေးသည်။ ထို့နောက် အသာယိမ်းရင်း ချော့မြူသည်။

 

အသက်ရူ”

 

ဝေ့ရှောင်း “…”

 

သူ၏နားထိပ်များက နီနေလောက်ပေသည်။

 

လုဖုန်းက သူ၏ကျောကို ညင်သာစွာ ပုတ်ပေးလျက် နူးညံ့သော လေသံနှင့် ပြောသည်။

 

နှာခေါင်းနဲ့ အသက်ရှူ”

 

ဝေ့ရှောင်းက အတတ်နိုင်ဆုံး ကြိုးစားပြီး ရင်ဘတ်ထဲမှ ခုန်ထွက်လာချင်နေသည့် နှလုံးသားကို ပြန်ဖိနှိပ်လိုက်ကာ တုန်ရင်စွာ ပြောသည်။

 

ခေါင်းဆောင်”

 

သူသည် မူလကမူ မူလက လုဖုန်း၏ခြေထောက်ပေါ် ထိုင်နေခဲ့ခြင်းဖြစ်ပြီး ယခုမူ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နူးအိကာ နယ်ထားသော ဂျုံများအလား ဖြစ်သွားပြီး တစ်ဖက်လူအပေါ် မှီချလိုက်သည်။ လုဖုန်းသည်လဲ သူ၏ထိုသို့ပြုမူပုံကို အမှန်တကယ်‌ ကြောက်သွားသည်။

 

သူတို့နှစ်ယောက်သည် ရေချိုးဝတ်စုံ နှစ်စုံဖြင့် ခြားထားသည်မှာ ပို၍ ရှင်းလင်းနေသည်။ တစ်ယောက်ကို တစ်ယောက်ထိတွေ့ခြင်း မရှိသည်မှာလဲ ရှင်းလင်းနေသည်။ သို့သော် ဝေ့ရှောင်း၏ အရေပြားက ရေချိုးပြီးခါစ ဖြစ်သောကြောင့် နွေးထွေးနေပြီး ပါးများကလဲ ရှက်ရွံ့နေသလိုမျိုး နီတက်နေသည်။ သူ၏တုန်ရင်သောအသံနှင့် အမောတကော အသက်ရှူ၍ ထုတ်လွှတ်လိုက်သော လေပူများက သူ၏နှလုံးသားထဲ တောက်လျှောက် ဝင်ရောက်ကာ လောင်ကျွမ်းစေသည်။ လုဖုန်းက အသက်ပြင်းပြင်းရှူလျက် ဖြောင့်မတ်မှန်ကန်စွာ ပုံစံချနိုင်ရန် ကြိုးစားသည်။

 

အချိန်ကလဲ မစောတော့ဘူးဆိုတော့ ငါတို့တွေ….”

 

ဝေ့ရှောင်းက လုဖုန်း၏လည်တိုင်ကြားသို့ မျက်နှာကို ဖွက်လိုက်သည်။ သူ၏မျက်နှာက ပူလွန်းနေပြီး အသံကလဲ တိုးလျနေသည်မှာ ခြင်အလား ထင်ရသည်။သို့သော် သူ၏စကားလုံးများကမူ အလွန်အမင်း ခေါင်းမာသည်။

 

လိုချင်သေးတယ်”

 

လုဖုန်း “...”

 

ဝေ့ရှောင်း၏စိတ်တွင် ယခုလေးတင် ပြီးသွားခဲ့သော အနမ်းများနှင့် ပြည့်နေသည်။ သူသည် ဒီအတိုင်းသာ လျှို့ဝှက်ဆန်းကြယ်လွန်းသလို မှော်ဆန်လွန်းပြီး ဖော်ပြရန် ခက်ခဲလွန်းသည်ဟုသာ ခံစားရသည်။

 

သူသည် ခေါင်းမူးကာ သတိလစ်ပြီး မူးဝေသွားသည်အထိ အနမ်းခံလိုက်ရသည်။ သို့သော် ထပ်လိုချင်သေးသည်။

 

ပိုလိုချင်တယ်။ ပိုပြီးတော့တောင် လိုချင်သေးတယ်။ လိုချင်လွန်းလို့ သူ ဘယ်လောက်လိုချင်လဲဆိုတာကို အတိအကျ မသိတော့တဲ့ အထိပဲ။

 

သူ တကယ်လိုချင်တယ်။ ဝေ့ရှောင်းက ခါးကို ပြန်မတ်လိုက်ပြီး လုဖုန်းကို စူးရှစွာကြည့်တယ်။ လုဖုန်းသည် သူ၏ရှင်းလင်းသပ်ရပ်သော မျက်နှာလေးကို ကြည့်ရင်း သူ့ရဲ့နှလုံးသားက ပူပြင်းကာ လောင်ကျွမ်းလာသည်။ ဝေ့ရှောင်းက အောက်နှုတ်ခမ်းကို ကိုက်လျက် ပြောသည်။

 

အခုနမ်းသွားတဲ့ အနမ်းလေ ငါ လိုချင်တယ်”

 

ဘန်း

 

လုဖုန်း၏စိတ်ကသာ ကြိုးတစ်ချောင်းဆိုလျှင် ထိုကြိုးက ယခုအခါ ဖြောင်းကနဲ ဖြတ်ရိုက်ခံလိုက်ရသည်။

 

သူသည် ဝေ့ရှောင်းကို ခါးမှကိုင်ထား၍ မတ်တပ် ထရပ်လျက် အနီးအနားရှိ အိပ်ရာပေါ်သို့ ပစ်တင်လိုက်သည်။ ကောင်းကင်ကပင် ရုတ်တရက် လေဝဲတိုက်သွားသလို ဖြစ်သွားပြီး ဝေ့ရှောင်း၏ခေါင်းကလဲ အနည်းငယ် မူးဝေသွားသည်။ လုဖုန်းက တစ်ဖက်လူ၏နားဘေးနား သူ၏လက်ဖဝါးများကို ချရင်း နူးညံ့သော ကုတင်ပေါ်သို့ ဒူးတစ်ဖက်ကို ထောက်ဖိလိုက်ကာ အပေါ်စီးမှ ငုံ့မိုးကြည့်သည်။

 

ဝေ့ရှောင်းက သူ့ကို အကြည့်မလွှဲဘဲ စိုက်ကြည့်သည်။

 

ခေါင်း…”

 

လုဖုန်းက ခေါင်းကိုငုံ့လျက် ထိုနှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ ဝေ့ရှောင်း၏ လက်မောင်းများက အလိုအလျောက် သူ၏လည်ပင်းကို သိုင်းဖက်လိုက်ရင်း သူ့အား နှစ်သက်သလောက် နမ်းရှိုက်စေသည်။

 

ပထမဦးဆုံးအကြိမ်ဆိုလျှင် သစ်လွင်သည်။ ဒုတိယအကြိမ်ဆိုလျှင် ရင်းနှီးသွားပြီဖြစ်ပြီး တတိယအကြိမ်ဆိုလျှင် ဝေ့ရှောင်ရှောင်းက စတင်ကာ ပြုမူလှုပ်ရှားပြန်သည်။

121 02

ခေါင်းဆောင် သဘောကျလား”

 

လုဖုန်း “…”

 

ဝေ့ရှောင်း “အခု...အခု အနမ်းလေ သဘောကျလား”

 

လုဖုန်း “အွန်း”

 

ဝေ့ရှောင်းက လက်မခံလိုသေးပေ။

 

သဘောကျလား မကျဘူးလား”

 

လုဖုန်း “…သဘောကျတယ်”

 

ဝေ့ရှောင်းက ကျေနပ်သွားသည်။

 

ငါလဲ သဘောကျတယ်။ ငါလဲ အရမ်းသဘောကျတယ်။ လတ်စသတ်တော့ အနမ်းချင်း ဖလှယ်တာက ဒီလိုမျိုး ခံစားချက် ကောင်းစေလွန်းတာကို”

 

လုဖုန်းက မျက်လုံးကို ဖြတ်ခနဲ ပိတ်သည်။ ဝေ့ရှောင်းက ပက်လက်လှန် လဲနေရင်း သူ့ကို ကြည့်သည်။

 

ခေါင်းဆောင်”

 

လုဖုန်းက သူ့ကိုကြည့်သည်။

 

အိပ်တော့မှာလား”

 

ဝေ့ရှောင်းသည် သူ့အား မျက်တောင်ပင် မခတ်ဘဲ ကြည့်သည်။

 

ငါ အိပ်မပျော်ဘူး”

 

လုဖုန်းကလဲ မအိပ်နိုင်ပြန်ပေ။ သူသည် အိပ်၍မရရုံသာမကသေး။ လက်ရှိအခြေအနေက သူ၏ အကျိုးအကြောင်း သိစိတ်နှင့် အခြေခံ သဘောသဘာဝအကြား တိုက်ခိုက်နေသော အခြေအနေမျိုး ဖြစ်နေသေးသည်။ သူသည် ရေခဲနယ်မြေသို့ သွားပြီး နှင်းထုထဲသို့ တိုးဝင်ကာ စိတ်ငြိမ်အောင် ထိန်းချင်နေသည်။

 

လုဖုန်း “တစ်နာရီ ထိုးပြီ”

 

ဝေ့ရှောင်းက ဂရုမစိုက်ပေ။

 

ဒါပေမဲ့ ငါမှ အိပ်လို့မရတာ”

 

သူ၏နှလုံးသားက ခုန်လှုပ်နေသည်။ သူ၏မျက်လုံးများက မှိတ်ထားနိုင်၏။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်နေရသလိုမျိုး သူ၏ဦးနှောက်အတွင်း လုဖုန်း၊ ခေါင်းဆောင်၊ Close၊ ကောင်လေး နမ်းရှိုက်နေသော အကြောင်းအရာများက ပြည့်နှက်နေ၏။ ထိုkey wordများက သူ၏စိတ်screenတွင် ပြန့်သွားသလိုမျိုး တောက်လျှောက်ကို လိပ်တက်ကာ ဖော်ပြနေရင်း အိပ်ချင်စိတ်ကို ပျောက်ဆုံးသွားစေသည်။

 

လုဖုန်းသည် သူ့ကို ရန်စရန် မတတ်နိုင်ချေ။ ထို့အတွက်ကြောင့် အတတ်နိုင်ဆုံး ကြိုးစားပြီး အကြောင်းအရာကို ပြောင်းသည်။

 

ဒီညပြိုင်ပွဲရဲ့ နောက်ဆုံးတစ်သုတ်မှာ မင်း အလင်းစက်ကွင်း ကိုးကွင်းကို ထုတ်လွှတ်ချင်ခဲ့တာ မဟုတ်လား”

 

Gloryအတွက်ပဲဖြစ်ဖြစ် Closeအတွက်ပဲဖြစ်ဖြစ် လုဖုန်းက သူကို နားလည်ဆုံးပင်။

 

ဝေ့ရှောင်း၏အာရုံက အမှန်ပင် အောင်မြင်စွာ ပြောင်းလဲခံလိုက်ရသည်။

 

ဟုတ်တယ်”

 

Proကို ရင်ဆိုင်တဲ့ အသင်းလိုက်ပြိုင်ပွဲ နောက်ဆုံးအသုတ်မှာ ဝေ့ရှောင်းက ဒီလိုအကြံမျိုး ရှိတယ်။

 

ထိုအချိန်က သူ လောင်ပိုင်နှင့် နင်ကျယ်ဟန်တို့က Proမှသုံးယောက်ကို ထိပ်တိုက်ရင်ဆိုင်နေချိန် ဖြစ်သည်။ ပြောရမည်ဆိုလျှင် အနိုင်ရနိုင်သော အခြေအနေကလဲ ထင်သလောက် မကောင်းပါပေ။ အမတမှော်ဆရာ၏ damageက ဂိမ်း၏နောက်ပိုင်းအဆင့်တွင် ခုခံနိုင်သည်။ ပိုင်ချိုင်၏ အလင်းဘုန်းတော်ကြီးကလဲ ထိပ်တန်းအဆင့် ကစားသမားသုံးယောက်ကို ပိတ်လှောင်ထားရန် နည်းလမ်း မရှိပါပေ။

 

အခြားတစ်ဖက်ခြမ်းတွင် ပတ်ကွေ့ကျစ်၏ စွမ်းအားသူခိုးက ပြင်းထန်သန်မာလွန်းသော ထိန်းချုပ်စွမ်းရည်က ရှိနေသည်။ ထို့အပြင် လီဟယ်ယန်၏ အခြေပြုမှော်ဆရာက မှင်သက်ဖွယ် ကောင်းသေးပြန်ပြီး ကင်ဆွန်းဟွန်း၏ ရွှေမုဆိုးကို ထပ်ပေါင်းထည့်လိုက်သော် glory၏ ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းအတွင်းတွင် ထိုသို့3v3 ချနိုင်ချေက အလွန်အမင်း နည်းကျသွာလေသည်။

 

ဝေ့ရှောင်းက ထိုအချိန်က ရှေ့ဆက် တက်သွားရန် ရွေးချယ်ခဲ့သည်မှာ အနည်းငယ် လောကြီးသော ဆုံးဖြတ်ချက်ဟု ထင်ရလောက်စရာ ရှိသည်။ လုဖုန်းက လူနှစ်ယောက် သတ်ထားသည်။ သူသည် အံ့အားသင့်ဖွယ်ကောင်းသော အခွင့်အရေးတစ်ခုကို ပေးထားခဲ့ပြီး ဖြစ်သည်။ နင်ကျယ်ဟန်က ရှဲ့ဟယ်၊ ပိုင်ချိုင်က ယွမ်ကျန်းနှင့် ဝေ့ရှောင်းကသာ ယွမ်ဇယ်ဆိုလျှင် သူတို့သုံးယောက်သည် Proဘက်ခြမ်းမှ သုံးယောက်ကို သေအောင် ကိုင်တွယ် နိုင်လောက်သည်။

 

ကံဆိုးသည်မှာ သူတို့က ထိုလူများ မဟုတ်နေခဲ့ချေ။

 

သူတို့ကြားမှ ကွာခြားချက်က သာမာန်မျက်လုံးဖြင့်ပင် ကြည့်၍ရသည်။ လုဖုန်းသည် အကြောင်းအရာကို ပြောင်းချင်ရုံသာဖြစ်ပြီး သူ့ကို အမှန်တကယ် မပျော်မရွှင် မဖြစ်စေလိုပါပေ။

 

မင်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်။ အသင်းတိုက်ပွဲ အားလိုင်းတွေက ဒီလိုမျိုးပဲ တိုက်ခိုက်သင့်တာ”

 

နတ်ဘုရား၏ရှုထောင့်မှ ကြည့်သော FTW၏နောက်ဆုံးတစ်သုတ် အားလိုင်းက ရုတ်တရက်ဆန်သော အသေအကြေတိုက်ပွဲဟု ခေါ်၍ ရသည်။

 

ရှင်းလင်းစွာဖြင့် သူတို့၏ဘက်ခြမ်းတွင် လူငါးယောက်ရှိသည်။ သို့သော် Proဘက်မှ လူသုံးယောက်က သူတို့ကို ရှင်းသွား၏။ ထိုသို့ဖြင့် သူတို့က ကို့ရို့ကားယားနိုင်စွာ ရှုံးသွား၏။ သို့သော် ပြောရမည်ဆိုလျှင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုပါက ကြည့်ရှုသူများကလဲ သူတို့ မည်သို့ တိုက်ခိုက်သင့်ကြောင်း နားလည်လောက်လေသည်။

 

ဝေ့ရှောင်း၏ ထင်မြင်သုံးသပ်ချက်က မှားယွင်းခဲ့ခြင်း မရှိပေ။ သူတို့ကသာ နောက်ဆုတ်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် ရွှေမုဆိုးအနေဖြင့် အများဆုံး ငါးမိနစ်အတောအတွင်း တောင်ကြားတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အရှင်သခင်ကြီး ဖြစ်သွားပေလိမ့်မည်။

 

အခြေပြုနတ်ဆရာက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူသည် အဓိက tankဂီယာကို တည်ဆောက်နိုင်သွားမည် ဖြစ်သည်။ သူ၏ heal volumeကသာ ပြဇာတ်ဆန်ဆန် မြင့်တက်လာခဲ့ပြီးနောက် အဆောင်ရုပ်များကို ကောက်ပစ် နိုင်ပေလိမ့်မည်။

121 03

ထို့ကြောင့် အခြေပြုအဆောင်ရုပ်များ ပတ်ပတ်လည် အောင်မြင်စွာ ဝိုင်းနေမည်ဖြစ်သည့် ရွှေမုဆိုးကို ရင်ဆိုင်ရသောအခါ ဝေ့ရှောင်းကိုပင် မဆိုထားဘိ Close၏ အရိပ်သူခိုးကပင် သူကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

 

လုဖုန်း “မင်းလုပ်တာ မှန်တယ်”

 

ဝေ့ရှောင်း၏ ပါးစပ်က ချက်ချင်းလိုလို ဆူသွားသည်။

 

မင်းသာဆိုရင် ရွှေမုဆိုးက သေမှာ”

 

လုဖုန်းသာဆိုရင် သူသည် အလင်းစက်ကွင်း ကိုးကွင်းကို လွှတ်ထုတ်နိုင်ပေလိမ့်မည်။ ထိုသို့ဖြင့် dubble damageအောက်တွင် အခြေပြုနတ်ဆရာကလဲ ပြန်လည်ရှင်သန်ခြင်း အဆောင်ရုပ်ကို ထုတ်ပေးနိုင်လောက်အာင် healကျန်လောက်မည် မဟုန်ချေ။ ရွှေမုဆိုးက ပြန်လည်မရှင်နိုင်ခဲ့လျှင် သူသည် မြေပြင်တွင် အလောင်းအသွင်ပြောင်းလျက် သေဆုံးသွားရလောက်လေသည်။

 

လုဖုန်းကပင် မဖြေပေ။ ဝေ့ရှောင်းကလဲ သူ၏ဆိုလိုရင်းကို နားလည်ပုံပေါ်သည်။

 

ရပါတယ် မင်းသာjunglarဆိုရင်လဲ ငါတို့ ဒီအခွင့်အရေး မရဘူး”

 

ဟုတ်တယ် ဒီလို တစ်ကြိမ်မှာ တစ်ခါသာ ရသော အခွင့်အရေးကို သေဆုံးခြင်း သူရဲကောင်းပေါ်မှာ လုဖုန်းက ဖန်တီးပေးခဲ့တာ သူသာ junglarဆော့ရင် Proဘက်က သုံးယောက်ကို 1v2ချပြီး အခွင့်အရေးကို ယူပေးမှာလဲ။ ထန်ချန်းက မလုပ်နိုင်ပေ။ ဝေ့ရှောင်းကလဲ မလုပ်နိုင်ပေ။

 

လုဖုန်းတစ်ယောက်တည်းသာ ရှိသည်။ သူက အရှေ့ပိုင်းကို ဦးဆောင်နေခဲ့လျှင် နောက်ပိုင်းကို ဂရုမစိုက်နိုင်ပေ။

 

သူ၏အတွေးများက ထိုအထိရောက်သွားပြီးနောက် သူက တစ်ဖန်ပြန်လည်ပြီး မသက်မသာ ဖြစ်လာသည်။

 

ငါက တအား အားနည်းသေးတာပဲ”

 

လုဖုန်း “မစိုးရိမ်နဲ့”

 

ယခုလေးတွင် healအပြည့်နှင့် ပြန်လည်ရှင်သန်ခဲ့သော‌ ဝေ့ရှောင်းက ဒီလိုအရာမျိုးကြောင့် ပြန်လည်ထုတ်ခံလိုက်ရသည်။

 

နောက်တစ်ကြိမ် ငါနတ်ဘုရားကင်ကို မြေပြင်မှာလဲပြီး ငိုအောင်လုပ်မှာ”

 

ခေါင်းဆောင်က ပြောတယ်။ သူရဲ့ရှေ့မှာ ပိုမိုကောင်းမွန်တဲ့အလားအလာက ရှိနေတယ်တဲ့။

 

သူတို့ တရုတ်ကို ပြန်သွားတဲ့အခါ သူသေချာပေါက် အရိပ်သူခိုးနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားမှာ။ globalပြိုင်ပွဲမှာ သူ ဒီအခွင့်အရေးတွေကို မလွဲချော်စေရဘူး။

 

လုဖုန်းကလဲ သူ၏စိတ်ဝိဉာဉ်က ကောင်းမွန်နေကြောင်း မြင်သောအခါ ကျေနပ်သွားသည်။

 

ဝေ့ရှောင်းက တစ်ဖန်ပြန်လည်ပြီး စတင်လာပြန်သည်။

 

ခေါင်းဆောင် ခေါင်းဆောင် အရိပ်သူခိုးကို ဘယ်လိုမျိုး သုံးရမလဲဆိုတာကို ငါ့ကို သင်ပေးရင်ရော ဘယ်လိုလဲ”

 

လုဖုန်းက သူ့ကိုကြည့်ရင်းပြောသည်။

 

ဘယ်လိုသင်မှာလဲ”

 

ဝေ့ရှောင်းက အားအင်အပြည့်နှင့် ဖြစ်သည်။

 

လက်ချင်းထပ်ပြီး သင်ပေးလေ။ မင်းရဲ့ဘယ်ဘက်လက်က ငါ့ရဲ့ဘယ်ဘက်လက်ပေါ်မှာ မင်းရဲ့ညာဘက်လက်က ငါ့ရဲ့ညာဘက်လက်ပေါ်မှာ။ အဲဒီလိုနဲ့ အလင်းစက်ကွင်း ကိုးကွင်းလုံးကို ကောင်းကင်ပေါ် အပြည့် ထုတ်လွှတ်ကြမယ်လေ”

 

လုဖုန်း “…”

 

ဝေ့ရှောင်းက လည်ချောင်း ရှင်းသည်။

 

မင်းသာ ငါနဲ့လုပ်မယ်ဆိုရင် ငါ အလင်းစက်ကွင်း တစ်ကွင်းတောင် ထုတ်နိုင်မှာ မဟုတ်ဘူး”

 

လုဖုန်းကလဲ သူ့ကို အမှန်တကယ် လုပ်ချင်နေသည်။

 

အိပ်တော့ “

 

မဟာမိစ္ဆာဘုရင်ကြီးက တစ်ဖက်သို့ လှည့်သွားပြီး သူ့ကို မကြည့်တော့ပေ။ ဝေ့ရှောင်းကလဲ မအိပ်ပျော်ပေ။ သူသည် ဒီနေ့ စိတ်လှုပ်ရှား လွန်းနေခဲ့သည်။ သူ၏ စိတ်အခြေအနေက အတက်အကျ အမြောက်အမြားကို ကျော်ဖြတ်ခဲ့သောကြောင့် ကောင်းကောင်း မအိပ်နိုင်ပေ။

 

တိတ်တိတ်နေခဲ့သည်မှာ သုံးစက္ကန့်ခန့် ကြာသွားပြီးနောက် သူဟာ ပြန်လည်ပြီး စကားစပြောပြန်သည်။ “ခေါင်းဆောင်”

 

ဒီစကားလုံးလေးက သူ့အတွက် နှိပ်စက်မှုတစ်မျိုး ဖြစ်မယ်လို့ လုဖုန်းက ဘယ်လို ထင်ထားမှာလဲ။

 

လုဖုန်းအနေဖြင့် အသံတစ်သံပင် မထွက်ဘဲ အိပ်ချင်ဟန် ဆောင်နေလိုက်သည်။

 

ဝေ့ရှောင်းကလဲ ဒီလိုမျိုး သူ အိပ်ပျော်သွားလိမ့်မည်ဟု မယုံကြည်ပါပေ။

 

မင်း ဘယ်အချိန်ကစပြီး ငါ့ကို သဘောကျတာလဲ”

 

လုဖုန်း “…”

 

ဝေ့ရှောင်းက သူ့ကို သူသဘောကျသည့် အကြောင်းအရာကို ပြောသည်။

 

ငါကတော့ ငါမင်းနဲ့အတူ မနက်ပိုင်း ပြေးတဲ့ အချိန်ကစပြီး‌ သဘောကျသွားတာ ထင်တယ်။ အိုး ဒါလဲ မဟုတ်သေးဘူး။ ငါ့အထင် ငါမင်းကို သဘောကျတာ တော်တော်ကြာပြီထင်တယ်”

 

ဝေ့ရှောင်းက မအိပ်ချင်ပေ။ ထိုအတွက်ကြောင့် ယခင်အကြောင်းအရာကိုသာ ပြန်လည်မှတ်ဉာဏ်ခေါ်လိုက်ပြီး သူ၏စိတ်ပိုင်းဆိုင်ရာ ဒိုင်ယာရီကို ဖွင့်ဖတ်လိုက်သည်။ သူ ဘယ်အချိန်က စပြီး ခေါင်းဆောင်ကို သဘောကျတာလဲ။

 

လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်ကလား။ မဟုတ်သေးဘူး ထင်တယ်။

 

သူ ခေါင်းဆောင်ကို သဘောကျတာ တော်တော်လေး ကြာပြီထင်တယ်။ ဒါပေမဲ့ ဘယ်လောက်ကြာတာလဲ။

 

သူ တစ်ယောက်တည်း ရှိနေတဲ့အချိန်၊ အင်တာနက်ကော်ဖီဆိုင်ထဲမှာ ပုန်းနေတဲ့အချိန်၊ အနိုင်ရဖို့အတွက်နဲ့ အဆုံးထိ တောက်လျှောက်သွားတဲ့ အရိပ်သူခိုးကို မြင်လိုက်တဲ့ အချိန်ကလား။

121 04

ထိုအချိန်တွင် Closeဆိုသော နာမည်က သူ၏နှလုံးသားအတွင်း တံဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

ထိုအချိန်က တစ်ဖက်လူက မည်သူဖြစ်ကြောင်းကို သူမသိပေ။ ထိုIDအောက်တွင် မည်သို့သော စိတ်ဝိဉာဉ်မျိုး တည်ရှိနေကြောင်းကိုပင် မသိခဲ့ချေ။

 

သူ တကယ်ကို Closeကြောင့် ဖမ်းစားခံလိုက်ရတာ ထင်တယ်။ ဝေဝါးနေတဲ့ တောင်ကြားကို ဒီတိုတောင်းတဲ့ သွေးနီရောင်ဓားသွားက စုတ်ဖြဲခဲ့ရုံတင်မကဘဲ သူရဲ့ ဝေဝါးပြီးခက်ခဲတဲ့ အတွင်းလောကကိုပါ စုတ်ဖြဲပြီး ဝင်ရောက်လာခဲ့တာ။

 

Closeက သူ့ကို အလင်းရောင်နဲ့ ဦးတည်ရာဘက်တစ်ခု ပြသပေးခဲ့တာပဲ။

 

ထိုစကားလုံးများက အမြဲတစေ အရေထူသော ဝေ့ရှောင်းအတွက်ပင် ကျယ်လောင်စွာ ထုတ်ပြောပြီး ရှက်သွားစေခဲ့သည်။ အခြားတစ်ဖက်ခြမ်း၌ လုဖုန်းကမူ သူ၏နှလုံးသားအတွင်း ချိုမြိန်မှုများ တစ်ဖြောင့်တည်း ဝင်ရောက်လာသလိုမျိုး ခံစားလိုက်ရသည်။ ချိုမြိန်လွန်းသဖြင့် သူ၏ပါးစပ်ထဲမှ သကြားအရသာကိုပင် ရလိုက်သည်။ ဝေ့ရှောင်းက အနှစ်ချုပ် မေးပြန်သည်။အရင်က ငါစိတ်ရှုပ်ထွေးပြီး အချိန်တွေအများကြီး ဖြုန်းခဲ့မိတာပဲ။ ခေါင်းဆောင်လီရဲ့ ဒဏ်ရာက ငါ့ကို ကြောင့်လန့်ပြီး အသိဝင် နိုးထလာခဲ့စေတာ။ မဟုတ်ရင် ငါထပ်ပြီး ရူးကြောင်ကြောင် ဖြစ်နေအုံးမှာပဲ။

 

လုဖုန်း၏ရင်ဘတ်ထဲမှ သကြားများက အနည်းငယ် ပြေသွားသည်။

 

ဟင်”

 

ဝေ့ရှောင်း “မင်း မသိပါဘူး။ ဒါပေမဲ့ ငါအဲဒီအချိန်က အိမ်မက် မက်သေးတယ် ။အိမ်မက်ထဲမှာ မင်းရဲ့လက်မောင်းက ကျိုးသွားတာ မင်းက မောက်စ်တောင် မကိုင်နိုင်တော့ဘူးတဲ့။ အဲဒီနောက် ငါချွေးတွေရွှဲပြီး နိုးလာတာပဲ ငါသေအောင်ကြောက်သွားတာ”

 

လုဖုန်း “…”

 

သူက ကျောပေးထားသောကြောင့် ဝေ့ရှောင်းက လုဖုန်း၏မျက်နှာထားကို မမြင်နိုင်ပေ။ သူ၏နှလုံးသားအတွင်းတွင် ကြောက်လန့်မှုက ရှိနေသေးသည်။ ထို့ကြောင့် သူက ပြောလိုက်၏။

 

မစိုးရိမ်ပါနဲ့ အဖွားကပြောဖူးတယ် အိမ်မက်တွေကို ပြောင်းပြန်ယူရတယ်တဲ့ ဒါကြောင့်မင်းက ကျန်းမာပြီး ခန္ဓာကိုယ်ကြံ့ခိုင်နေမှာပဲ အသက်ရှစ်ဆယ် အရွယ်လောက်ထိ လုပ်နိုင်အုံးမှာ”

 

လုဖုန်းက ကျောခိုင်းထားသော သူ့ကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သည်။ ထိုသို့ဖြင့် သူ့ကို လှည့်ကြည့်လိုက်၏။

 

လူနှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေကြသည်။ ဝေ့ရှောင်း၏နှလုံးသားက ရှင်းပြရန် ခက်ခဲလောက်အောင် တုန်ရင်သွား၏။

 

လုဖုန်းက သူ့ကို တစ်ခဏခန့် စိုက်ကြည့်ပြီးနောက် ပြုံးကာပြောသည်။

 

အသက်ရှစ်ဆယ်အရွယ်လောက်ထိ လုပ်နိုင်အုံးမှာ ဟုတ်လား”

 

ဝေ့ရှောင်း “!”

 

ဝေ့ရှောင်ရှောင်၏ ရှင်းပြရန်ခက်ခဲသော စိုးရိမ်မှုများက အဝေးသို့ ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ မျက်နှာက ပူတက်လာ၏။

 

ခေါင်းဆောင် ငါ့အထင် ခေါင်းဆောင်က…”

 

လုဖုန်း “ထင်စရာမလိုဘူး။ ငါတကယ်ပဲ လူရမ်းကားလို ပြုမူနေတာ”

 

ဝေ့ရှောင်း “…”

 

ရန်စသော စကားအများအပြား ပြောပြီးနောက် သူ့ကို ပြန်လည်ကိုက်လာသော အတိုင်းအတာမျိုးက ရှိပေလိမ့်မည်။

 

ဝေ့ရှောင်းအနေဖြင့် စကားပြောခန်းကို ပြန်မစသော အခြေအနေမျိုးဟာ ရှားပါးသည်။ လုဖုန်းက ကျောကပ်လျက် ပက်လက်လှန် လဲလိုက်ပြီး မျက်နှာကျက်ကို ကြည့်သည်။

 

ငါဘယ်အချိန်က မင်းကိုစပြီးတော့ သဘောကျလဲတော့ မသိဘူး”

 

ဝေ့ရှောင်း၏နားက စွင့်ကားသွားသည်။

 

ငါ့လောက်တော့ ကြာမှာမဟုတ်ဘူး”

 

လုဖုန်းက မျက်ဝန်းထောင့်ဆုံးက သူ့ကို ကြည့်ပြီး အဓိပ္ပာယ်အပြည့်နှင့် ပြောသည်။

 

ဒါပေမဲ့ ငါက မင်းထက် အရင်သိတာ”

 

ဝေ့ရှောင်က မျက်တောင်ခတ်သည်။ သူသည် တစ်ဖန်ပြန်လည်ပြီး တက်ကြွသွားပြန်သည်။

 

ငါအသင်းကို ပထမဆုံး ဝင်ရောက်တဲ့ အချိန်ကများ ဖြစ်နေမလား”

 

လုဖုန်း “…”

 

ဝေ့ရှောင်းက အံ့ဩသွားသည်။

 

“penta killက မင်းအပိုင်ပဲ မင်းကတော့ ငါ့အပိုင်တော့ မဟုတ်ပါဘူးနော်”

 

လုဖုန်းက သူ့ကို ကြည့်သည်။

 

မင်း ဒီစကားလုံးတွေကို တခြားတစ်ယောက်ကို ပြောခဲ့တာလေ”

 

ဝေ့ရှောင်း၏ ရေဒါက သတိပေးချက်ပြနေသည်။ သူ၏ အသက်ရှင်သန်လိုစိတ်က ပေါက်ထွက်လာ၏။

 

ငါ ငါမင်းကိုဘဲ ပြောဖူးတာပါ”

 

လုဖုန်းက သူ့အကြောင်း ဖော်သည်။

 

အဲဒီအချိန်က လုက ငါမှန်း မင်းမသိဘူးလေ”

 

ဝေ့ရှောင်း “…” အံ့ဩစရာပဲ ပြီးပြည့်စုံတဲ့ လှည်းကျင်းချက်

 

လုဖုန်းက တစ်ဖက်လှည့်သွားပြီး သူ့ကို မကြည့်တော့ပေ။

 

ဝေ့ရှောင်းက ခပ်မြန်မြန်ရှင်းပြသည်။

 

မင်း မင်းလဲ သိတာပဲ ငါအဲဒီအချိန်က မင်းမှန်း မသိခဲ့ပေမဲ့လဲ မင်းနဲ့ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ ခံစားချက် ရနေတာပဲလေ”

121 05

လုဖုန်း “အိုး”

 

ဝေ့ရှောင်းက ဆက်လက်ပြီးချော့ရသည်။

 

ငါမင်းကို ကောင်မလေးလို့တောင် သဘောထားခဲ့တာ”

 

လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့သွားပြန်သည်။ဝေ့ရှောင်းကလဲ တုန့်ဆိုင်းမနေဘဲ ခေါင်းဆောင်ကို ချော့မြူရန်အလို့ငှာ ကိုယ့်ကိုယ်ကို မဲစေလိုက်သည်။

 

ငါမင်းကို ကောင်မလေးအဖြစ် နှစ်ကြိမ်တောင် သတ်မှတ်ခဲ့တာ။ ရိုးရိုးသားသားပြောရရင် ငါမှာ ကောလဟလကောင်မလေး နှစ်ယောက်ပဲရှိတာ။ နှစ်ယောက်လုံးက မင်းပဲလေ”

 

လုဖုန်းက ဆက်လက်ပြီး နားမထောင်ရဲတော့ပေ။

 

အိပ်တော့”

 

ဝေ့ရှောင်းက စကားလုံးများကို အဆုံးသတ်ပြီးပြီးချင်း ပျော်ရွှင်သွားပြန်သည်။

 

မင်းက ငါ့ရဲ့ တစ်ယောက်တည်းသော ကောင်လေးလဲ ဟုတ်တယ်”

 

လုဖုန်း “…”

 

ဝေ့ရှောင်း၏ ပါးစပ်က မရပ်တန့်နိုင်ပေ။

 

မင်းရော ဘယ်လိုလဲ”

 

လုဖုန်းက ရပ်တန့်သွားသည်။

 

ဝေ့ရှောင်းက သူသည် ထုတ်မပြောနိုင်လောက်ဟု တွေးမိသည့်အချိန်တွင် လုဖုန်းက ပြောသည်။

 

ငါလဲ တူတူပဲ”

 

ဝေ့ရှောင်းသည်လည်း မျှော်လင့်ထားပြီးသည့်တိုင်အောင် လုဖုန်းက အမှန်တကယ် ပြောလာသည့်အခါ သူသည် ပျော်လွန်းသဖြင့် သူ၏ရင်ထဲတွင် ပန်းများ ပွင့်လာသည်။

 

သူသည် လည်ချောင်းကို ရှင်းသည်။

 

မင်းက ငါသဘောကျဖူးတဲ့ ပထမဦးဆုံးတစ်ယောက်ပဲ”

 

လုဖုန်း “ငါလဲတူတူပဲ”

 

ငါအနာဂတ်မှာ မင်းကိုပဲ ကြိုက်မှာ”

 

အွန်း”

 

ခေါင်းဆောင် ငါလဲတူတူပဲလို့ ဘာလို့မပြောတော့တာလဲ”

 

အနာဂတ်က ကိစ္စတွေအတွက်ကတော့ ပြောတာထက် အစစ်အမှန်လုပ်ရပ်က ပိုပြီး ကျယ်ပါတယ်”

 

******