Ch 120
Viewers 3k


GLORY_120.1

Swae Nyoe Sales Channel • November 30 at 7:12 PM

120 01

အပိုင်း 120

 

ငါက မင်းရဲ့ကောင်လေးဖြစ်ချင်တဲ့ သဘောကျမှုမျိုး

 

အနမ်းသည် အလွန်ပေါ့ပါးသည်။ ဖျတ်ကနဲ နမ်းလိုက်သော ပုံစံမျိုးဖြစ်ပြီး ပုစဉ်းရင်ကွဲကောင်လေးက ရေကန်အပေါ်မှ ဖျတ်ကနဲ လျောတိုက်သွားသော ပုံစံမျိုးနှင့် တူသည်။

 

ဝေ့ရှောင်းက အဖြစ်အပျက်ကိုပင် သတိမပြုမိလုနီးပါး ဖြစ်သည်။ ၀.၅စက္ကန့်ခန့်ကြာသော်

 

“fuck”

 

ဝေ့ရှောင်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ထိုပုစဉ်းရင်ကွဲကောင်က ဗုံးတစ်လုံးဖြစ်လာပြီး ဖောက်ခွဲပစ်လိုက်ကာ သူ့ကို ကောင်းကင်ပေါ်သို့ မြောက်တက်သွားစေသည်။ ခေါင်းဆောင်က သူ့ကို နမ်းလိုက်တယ်။

 

ခေါင်းဆောင်က သူ့ကိုနမ်းလိုက်တာ။

 

နဖူးလဲ မဟုတ်ဘူး။ ပါးလဲမဟုတ်ဘူး သူ့ကို ပါးစပ်ပေါ်ကို နမ်းလိုက်တာ

 

လုဖုန်းက မျက်လွှာချရင် သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ကာပြောသည်။

 

ဝေ့ရှောင်း”

 

ဝေ့ရှောင် “!!!”

 

သူ၏နားက နူးညံ့၍သွားသည်။

 

ဘာဖြစ်သွားတာလဲ။ ဒီနားတွေက marsh mallowအဖြစ် ပြောင်းတော့မယ်ထင်တယ်။

 

မင်း..”

 

လုဖုန်း၏အသံက အနည်းငယ် ဩရှသည်။

 

မင်း သိလား”

 

ဝေ့ရှောင်း သိလား။

 

သူ သိတာပေါ့။

 

ဒါပေမဲ့ သူ မသိသေးသလိုပဲ။

 

ဝေ့ရှောင်းသည် သူ့ကို မကြည့်ရဲချေ။ သူသည် တုန်ရင်သောလေသံနှင့် တုန်ရင်စွာ မေးလိုက်သည်။

 

ဘာလို့ ငါ့ကို နမ်း တာလဲ”

 

ခေါင်းဆောင်ကသာ ဒီအတိုင်း နိုင်ငံခြားသားတွေလို အလေ့အကျင့်တစ်ခုလို့ ပြောလာမယ်ဆိုရင် သူသည် နေရာမှာတင် သေပစ်လိုက်မယ်။

 

လုဖုန်းသည် သူ၏လက်ကောက်ဝတ်ကို လွှတ်ပေးရင်း သူ၏ သွယ်လျသည့် လက်ချောင်းများကို အောက်သို့ လျောဆင်းလိုက်လျက် သူ၏လက်ချောင်းများကို လိမ်ယှက်ကာကိုင်သည်။ ဝေ့ရှောင်းသည် ဓာတ်လိုက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူသည် မလှုပ်နိုင်ချေ။ တွေးလဲ မတွေးနိုင်ပေ။ တစ်ဖက်လူ၏လက်ချောင်း ထိပ်ဖျားလေးများထံမှ ထွက်လာသော ခံစားချက်ဟာ ခန္ဓာကိုယ်အတွင်းတောက်လျှောက် ဆက်သွယ်စီးဆင်းသွားပုံကိုသာ ခံစားမိနေသည်။ လုဖုန်းက ခပ်တိုးတိုး ပြောသည်။

 

ဘာလို့လဲဆိုတော့ ငါမင်းကို သဘောကျလို့ပေါ့”

 

ဝေ့ရှောင်း၏မျက်နှာက နီနေလောက်သည်။ ဝိုင်မူးနေသလိုမျိုးပင် နီနေလောက်၏။ သူ၏ဦးနှောက်ကလဲ ဝေဝေဝါးဝါးဖြစ်နေပြီး ထွေချင်လာသည်။

 

အသက်ပိုကြီးတဲ့ မျိုးဆက်နဲ့ လူငယ်မျိုးဆက်ကြားက သဘောကျမှုမျိုးလား”

 

လုဖုန်း “မဟုတ်ဘူး”

 

ဝေ့ရှောင်း “မိသားစုဝင်တွေကြားက သဘောကျမှုမျိုးလား”

 

လုဖုန်းက အနားသို့ ကပ်လာပြီး သူ၏ မျက်လုံးထဲသို့ စိုက်ကြည့်သည်။

 

ငါက မင်းရဲ့ ကောင်လေးဖြစ်ချင်တဲ့ သဘောကျမှုမျိုး”

 

ဝေ့ရှောင်း “…”

 

သူ၏ ခေါင်းထဲတွင် Disney မီးပန်းရှိုးပွဲလိုမျိုး ဘန်းကနဲ အော်ဟစ်ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။

 

ထိုမီးပန်းများကို လွှတ်နိုင်လျှင် အပန်းဖြေဟော်တယ် ညကောင်းကင်ကြီးတစ်ခုလုံးက နေ့အလား တောက်ပသွား လောက်သည်။

 

ကောင်လေး။

 

ကောင်လေး။

 

လတ်စသတ်တော့ ဒီလိုစကားလုံးမျိုး ရှိသေးတာကို။

 

ခေါင်းဆောင်က တအားအံ့ဩဖို့ ကောင်းတာပဲ။

 

ဝေ့ရှောင်းက လုဖုန်းကို ခပ်ကြောက်ကြောက် ဖက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို တစ်ဖက်လူ၏ အရေပြားနှင့် ကပ်ပစ်လိုက်ချိန်အထိ တင်းကြပ်စွာ ဖက်ရင်း တစ်ဖက်လူ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ဖြစ်သွားချင်ပုံ ရသည်။

 

ငါလဲ တူတူပဲ”

 

လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများကလဲ ကွေးသွားသည်။ သူကလည်း ပြန်ဖက်၏။

 

ဝေ့ရှောင်းက ကျယ်လောင်စွာ ပြောသည်။

 

ငါလဲတူတူပဲ”

 

လုဖုန်း၏ နှလုံးသားက သူ့ထက်ပို၍ မနှေးသော အရှိန်နှုန်းနှင့် ခုန်နေသည်။

 

အွန်း”

120 02

ဝေ့ရှောင်းသည် ထိုအခြေအနေဟာ မလုံလောက်သေးဟု ခံစားရပုံရသည်။ လုံလောက်ရန်လဲ ဝေးကွာ လွန်းနေသေးလောက်၏။ သူ၏ နှလုံးသားအတွင်းတွင် ခံစားချက်ပေါင်းများစွာက အတူ ဖျစ်ညှစ်လျက် ဝင်တိုးလာရင်း ‘ငါလဲ တူတူပဲ’ ဆိုသော ရိုးရှင်းသော စကားလုံးလောက်က သူခံစားရသည့် ခံစားချက် ထောင်ပေါင်းများစွာကို ဖော်ပြရန် မလုံလောက်နိုင်တော့ပေ။

 

ငါလဲ မင်းကို သဘောကျတယ်။ လူငယ်မျိုးဆက်က အကြီးအကဲတစ်ယောက်ကို သဘောကျတာမျိုး မဟုတ်ဘူး။ မိသားစုရဲ့ ချစ်ခြင်းလဲ မဟုတ်ဘူး။ မိတ်ဆွေတွေရဲ့ ချစ်ခြင်းလဲ မဟုတ်ဘူး။ ဒါက …”

 

ထိုစကားလုံးများဟာ ပါးစပ်ဖျားသို့ ရောက်လာသောအခါ ဝေ့ရှောင်းဟာ အနည်းငယ် ရှက်သွားသည်။ သူသည် အသံကို တိုးလိုက်ပြီး သူ၏ မျက်နှာကို လုဖုန်း၏ နားရွက်ကြား ဝင်တိုးလျက် ခပ်တိုးတိုးသာ ပြောသည်။

 

ငါက မင်းရဲ့ ကောင်လေးဖြစ်ချင်တဲ့ သဘောကျမှုမျိုးပဲ”

 

သူ၏ ခါးကို ပွေ့ဖက်ထားသော လုဖုန်း၏ လက်မောင်းက ခပ်တင်းတင်း တင်းကြပ် သွားသည်။

 

ဝေ့ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးတောက်နေသည်။ သူသည် အလျံတညီးညီး တောက်လောင်နေသော မီးလုံးကဲ့သို့ ခံစားလာရ၏။ ထိုမီးကို မည်သို့ မှုတ်ထုတ်သင့်ကြောင်း မသိတော့ပေ။ ထို့ကြောင့် ထိုစကားလုံးများကိုသာ ထုတ်ပြောနိုင်တော့သည်။

 

ငါတို့ ငါတို့ လုပ်လို့ရလား”

 

လုဖုန်း “...”

 

ဝေ့ရှောင်းက လုဖုန်း၏ လည်တိုင်ကို သူ၏ လက်မောင်းများဖြင့် ရစ်ပတ်လာသည်။ သူ၏ ပူနွေးသော ဝင်သက်က အရေပြားတစ်လျှောက် ပျံ့သွားသည်။

 

ငါ ဂိမ်းပွဲမှာ ရှုံးသွားပေမဲ့လည်း ငါ့မှာ နှစ်သန်း မရှိတော့ပေမဲ့လည်း… ငါ လုပ်ချင်တာကို လုပ်လို့ရသေးလား”

 

လုဖုန်း၏ ခန္ဓာကိုယ်ထဲမှ သွေးများက တဖြည်းဖြည်းချင်းစီ လည်ပတ်နေခဲ့ရာမှ ချက်ချင်းဆိုသလို စတင်ကာ စီးဆင်းပြန်သည်။

 

သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ခါးကို ဖိချရင်း ပြောသည်။

 

မင်းက ဘာလုပ်ချင်တာလဲ”

 

ဝေ့ရှောင်းက အသာတိုးတိုး ပြောသည်။

 

ယားတယ်”

 

လုဖုန်း “…”

 

သူသည် ကျောက်တုံးတစ်တုံး မပြီး ကိုယ့်ခြေထောက်ပေါ်ကို ပြန်ရိုက်ချခြင်း ဖြစ်လောက်သည်။ မဟာမိစ္ဆာဘုရင်ကြီးက နောင်တအပြည့် ရသွားသည်။

 

ဝေ့ရှောင်းကမူ လူကြီးများ၏ လောကနှင့် ပတ်သက်ပြီး ဘာကိုမှ နားမလည်ပေ။ သူသည် သူ၏ ကိုယ်ပိုင် အတွေးသေးသေးလေးထဲတွင် နစ်မြုပ်နေသေးသည်။

 

ဒီလိုမျိုး…”

 

သူသည် လုဖုန်း၏ လက်မောင်းကို ဖက်ထားသော လက်မောင်းကို ပြေလျော့လိုက်ပြီး လုဖုန်း၏ နှုတ်ခမ်းနှင့် သူ့နှုတ်ခမ်းကို လာထိသည်။

 

လုဖုန်းက သူ့ကို နမ်းခဲ့သလိုမျိုး ဝေ့ရှောင်းက သူ့ကို ပြန်နမ်းသည်။

 

ဒါ သူ အမြဲတမ်း လုပ်ချင်နေတဲ့အရာပဲ။ သူလုပ်ဖို့ သတ္တိတွေ စုစည်းထားတာလဲ ဒါပဲ။ သူ နောက်ဆုံးတော့ လုပ်နိုင်သွားပြီ။

 

ထိုသို့နမ်းပြီးနောက် ဝေ့ရှောင်းက ရှက်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်သွားသည်။

 

နမ်းရတာက တကယ် အံ့ဩဖို့ ကောင်းတာပဲ။ ဒီလိုနှုတ်ခမ်းနှစ်စုံ ထိသွားတာက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။

 

လုဖုန်း၏ ခန္ဓာကိုယ်က ပူလွန်းသဖြင့် မီးတောက်နေသည်ဟုပင် ထင်ရသည်။ သူက ကောင်းကောင်း အသက်ပြန်ရှူနိုင်ပြီး ပါးစပ်ကို ဖွင့်ကာ စကားပြောမည့်အချိန်တွင် ဝေ့ရှောင်းက တစ်ဖန်ပြန်လည် မှီကိုင်းလျက် နောက်ထပ် နမ်းပြန်သည်။

 

လုဖုန်း “…”

 

ဝေ့ရှောင်းက သူ့ကို ထပ်နမ်းသည်။

 

လုဖုန်းက မလှုပ်ပေ။ ဝေ့ရှောင်းက နောက်ထပ် နောက်ထပ် နောက်ထပ် တစ်ကြိမ် ထပ်နမ်းပြန်သည်။

 

လုဖုန်းသည် တစ်ဖက်သူအား နေရာတွင်ပင် အိပ်ရာပေါ်သို့ ဖိချလုနီးပါးပင် ဖြစ်သွားသည်။ ကံကောင်းသည်မှာ သူ၏ ကျန်‌ရစ်နေသေးသော အကြောင်းပြချက်ကို နားလည်နိုင်စွမ်းအားအရ ဝေ့ရှောင်းသည် အလွန်ငယ်ရွယ်သေးကြောင်း ပြောနေသည်။ သူသည် အသက် ၁၉ နှစ်သာ ရှိသေးပြီး အရွယ်ရောက်ပြီးခါစသာ ဖြစ်သေးသည်။ ထို့ကြောင့် သိသာစွာပင် ခံစားချက်များက မရင့်ကျက်သေးပေ။

 

လုဖုန်းက မျက်လုံးကို မှိတ်ပြီး သူ့ကို လွှတ်ပေးလိုက်သည်။

 

ငါ ရေသွားချိုးတော့မယ်”

 

ဝေ့ရှောင်း၏ နှလုံးသားအတွင်း ချိုမြိန်မှုနှင့် ပျော်ရွှင်မှုများက ပြည့်နှက်နေသည်။ သူသည် တစ်ဖက်လူ၏ စကားလုံးတိုင်းကို နာခံ၏။

 

ကောင်းပြီ”

 

လုဖုန်းက ရေချိုးခန်းထဲ ဝင်သွားသည်။ ဝေ့ရှောင်းက အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ တစ်ခဏခန့် ရူးကြောင်ကြောင် ဖြစ်နေပြီးနောက် သူသည် အိပ်ရာပေါ်သို့ ပက်လက်လှန် လဲချလိုက်သည်။

 

ထိုအခိုက်အတန့်မှ သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြသင့်ကြောင်း မသိတော့ပေ။

 

ပျော်ရွှင်တယ်။ တော်တော်လေး ပျော်တယ်။

 

မရေမတွက်နိုင်သော ခံစားချက်ကောင်းများက သူ၏ ရင်ဘတ်ထဲသို့ တောက်လျှောက် ဖျစ်ညှစ်ဝင်တိုး လာလေပြီး သူ၏ လက်သီးဆုပ် အရွယ်အစားသာ ရှိသော နှလုံးသားလေးကို ပေါက်ထွက်အောင် လုပ်နေသည်။

120 03

ကံကြမ္မာက တကယ်ပဲ မျှတတာလား။

 

ပထမ ၁၉နှစ်က ဒုက္ခဆင်းရဲတွေကို ခံစားခဲ့ရတယ်။ ဒါတွေအားလုံးက ဒီထက်ပိုကောင်းတဲ့ လူတွေနဲ့ နောက်ပိုင်းမှာ တွေ့ဖို့အတွက်တဲ့လား။

 

သူ့ရဲ့ အဖွားက မှန်တယ်။ ရှေ့ဆက်သွားနေသမျှ တိမ်တွေက သေချာပေါက် ကွဲထွက်သွားမှာပဲတဲ့။ အဲဒီနောက် လရဲ့ တောက်ပမှုကို မြင်နိုင်မှာပဲလေ။

 

ဝေ့ရှောင်း၏ နှာခေါင်းက အနည်းငယ် ကျိန်းစပ်လာသည်။ သူသည် သူ၏ မျက်နှာကို ခေါင်းအုံးဖြင့် အုပ်ထားလိုက်၏။

 

နည်းနည်းလေးတော့ ပိုပြီး အလားအလား ကောင်းတယ်။

 

မငိုနဲ့။

 

ဒီလောက် ပျော်ဖို့ကောင်းတဲ့ အခြေအနေမှာ သောက်ကျိုးနည်း ဘာလို့ ငိုနေမှာလဲ။

 

ဝေ့ရှောင်းက အပျော်လွန်နေသည်မှာ ပထမဦးဆုံးအကြိမ် သကြားလုံး တစ်လုံးရသော ကလေးတစ်ယောက်နှင့် တူသည်။ သူသည် ပျော်လွန်းသဖြင့် ဘာလုပ်ရမှန်းပင် မသိပေ။

 

ခေါင်းဆောင်က သူ့ကို ကြိုက်တယ်။

 

သူကလဲ ခေါင်းဆောင်ကို သဘောကျတာပဲ။

 

ဒါက ကောင်လေးလိုမျိုး။

 

သူက ခေါင်းဆောင်ရဲ့ ကောင်လေးပေါ့။

 

ဝေ့ရှောင်းသည် မထိန်းနိုင်တော့ပေ။ သူသည် ဆဲလ်ဖုန်းကို လွှတ်လိုက်ပြီး ဝေ့ပေါ်ကို ဖွင့်သည်။ ထို့နောက် စာတစ်ကြောင်းကို ရိုက်သည်။ …Close က ငါ့အပိုင်ပဲ။

 

သူသည် တင်သည်ဆိုသော ခလုတ်ကို နှိပ်ရန် ပြင်ပြီးမှ ထိန်းလိုက်ရသည်။

 

အား...”

 

ဆံပင်တမျှ ပါးနေသော အကျိုးအကြောင်းကို နားလည်နိုင်စွမ်းအား ရှိသည်အထိ အမြင်က ချိတ်တစ်ခုလိုမျိုး သူ့ကို ပြန်လည်ချိတ်ကာ ဆွဲယူလျက် ပယ်ဖျက်သည် ဆိုသော ခလုတ်ကို နှိပ်မိစေသည်။

 

သူ ထိုစာကို တင်၍ မရပေ။ အခြားသောသူများကို ပြော၍ မရပေ။ ကောင်ကင်ကြီးတမျှ ကြီးသော ထိုပျော်ရွှင်မှုက ဖုန်းကွယ်ကာ ပိတ်လှောင် ထားရလေသည်။

 

ဝေ့ရှောင်းက ပေါက်ကွဲမတတ် ဖြစ်လာသည်။

 

ခေါင်းဆောင်”

 

သူက အပြင်ဘက်မှာ နေတဲ့ လုဖုန်းကို လှမ်းအော်ခေါ်လိုက်သည်။ လုဖုန်းက ထိုစကားကို ကြားသောအခါ ရေပန်းကို ပိတ်သည်။

 

ဟင်”

 

ဝေ့‌ရှောင်း “ငါ မင်းကို သဘောကျတယ်”

 

လုဖုန်း “…”

 

ရေပန်းက ပြန်ဖွင့်ပြီး သူသည် ဆက်လက်ပြီး ရေအေးကို ချိုးရပြန်သည်။

 

ဝေ့ရှောင်းကလဲ ထိုအခြေအနေက မလုံလောက်သေးဟု ယူဆပုံရပြီး ထပ်ခေါ်သည်။

 

“Close”

 

ရေပန်းက ပိတ်သွားပြန်သည်။

 

ဝေ့ရှောင်း၏ မျက်လုံးများက အပြုံးကြောင့် ကွေးတက်နေသည်။

 

“Close က ငါ့အပိုင်ပဲ”

 

လုဖုန်းက အသာ ပြုံးပြန်သည်။

 

ဟုတ်တယ်”

 

ကံကောင်းသည်မျာ ကျွန်းပေါ်ရှိ ရာသီဥတုက ပူသည်။ သို့မဟုတ်လျှင် လုဖုန်း၏ ရေအေးကို ချိုးနေရသော နှုန်းထားအတိုင်းသာ ဆိုပါက နှစ်ရက်ခန့် ဆေးရုံ တက်ရလောက်သည်။

 

သူဟာ မည်သည့်စကားမျိုး ပြောစေကာမူ တစ်စုံတစ်ရာဟာ လိုအပ်နေသေးသည်ဟု ခံစားနေရ၏။ ဝေ့ရှောင်း၏ ပေါက်ထုတ်စရာမရှိသော စိတ်အခြေအနေက သူ၏ ညီအကိုခေါင်းကို ကွက်တိ ချိန်ရွယ်လိုက်သည်။

 

သူသည် လုဖုန်းကို မနှောက်ယှက်တော့ပေ။ ထို့အစား ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပိုင်ချိုင်ကို ‘.’ ပို့လိုက်သည်။

 

ထို့နောက် ထို ‘.’ များကို ဆယ်ခုကျော်ခန့် ဆက်တိုက်ပို့လိုက်ပြီး စာရွက် တစ်မျက်နှာလုံးကို ပြည့်သွားစေလိုက်သည်။

 

ဘေးခန်းမှ ချိုင်ကောသည် အမှန်ပင် စိုးရိမ်နေသည်။

 

သူတို့ ဒီနေ့ ဂိမ်းပွဲရှုံးသွားတော့ ဝေ့ရှောင်းရဲ့ အခြေအနေက စိုးရိမ်စရာပဲ။ အကျိုးအကြောင်းကျကျ ပြောရသော် ထိုသို့ မဖြစ်သင့်ပေ။ သူသည် ဝေ့ရှောင်း၏ ဘေးဘက်တွင် ထိုင်နေခဲ့သောကြောင့် သူတို့၏ ခေါင်းဆောင်လက်ပေါ် ကျသွားသော မျက်ရည်စက်များကို မြင်လိုက်ရသည်။

 

သူက ဘယ်လိုဖြစ်ပြီး ငိုတာလဲ။

 

သူ ဝေ့ရှောင်းကို သိတာ ၂နှစ် ၃နှစ်လောက် ကြာပါပြီ။ ဒါပေမဲ့ ဒီလို ငိုတတ်တယ်လို့ တစ်ခါမှတောင် တွေးကြည့်လို့ မရဘူး။

 

ထိုကောင်စုတ်လေးသည် ကောင်းကင်ကိုလဲ မကြောက်သလို မြေပြင်ကိုလဲ ဂရုမစိုက်ပေ။ သူသည် သန်မာလွန်းသဖြင့် ကောင်းကင် ပြုတ်ကျလာလျှင်ပင် သယ်သွားနိုင်လောက်သည်။ သို့သော် အခုလောက် အားနည်းသော ဘက်ခြမ်းက ရှိနေသေးသည်။

 


GLORY_120.2

Swae Nyoe Sales Channel • November 30 at 7:17 PM

120 04

ချိုင်ကော၏ နှလုံးသားက ဆိုးရွားစွာ ပူတက်နေသည်။ သို့သော် သူသည် စကားတစ်ခွန်းခွန်းမှပင် ထုတ်မပြောရဲပေ။

 

ဝေ့ရှောင်းသည် ဒီပြိုင်ပွဲကို အလွန်အလေးထားကြောင်းကို သူသည် သိထားပြီးသား ဖြစ်သည်။ သို့သော် သူတို့က ရှုံးသွားသည်။ ချိုင်ကော အနေဖြင့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။

 

သူသည် အခန်းထဲသို့ ပြန်ရောက်သောအခါ စိတ်ငြိမ်သည်ကို မခံစားရသေးပေ။ သူသည် ဆဲလ်ဖုန်းကို တောက်လျှောက် ကိုင်ထားပြီး ဝေ့ရှောင်းထံ စာပို့သင့်မပို့သင့် စဉ်းစားနေခဲ့သည်။

 

ထို့ကြောင့် Wechatကို ကလစ်နှိပ်ကာ ဝင်လိုက်ပြီးနောက်တွင်ပင် ဘာပို့ရမှန်း မသိသေးပေ။

 

ထိုသို့ဖြင့် အထုံးပေါင်းများစွာကို လိမ်တွန့်နေခဲ့သော အရွက်ကောက ရုတ်တရက် ‘.’ အပြည့်ကို ရင်ဆိုင်လိုက်ရသည်။

 

“...”

 

သူတို့သည် ဂိမ်းပွဲရှုံးသွားခဲ့ပြီး ထိုပွဲသည် ဒီအတိုင်း ဆောင်းတွင်း လေ့ကျင့်ရေးပွဲသာ ဖြစ်သည်။ သို့သော် ထိုအကောင်ကမူ ရူးသွားလေပြီ။

 

ဒါတကယ် ကိစ္စကြီးတော့ မဟုတ်သေးဘူးလေ။

 

အရွက်ကောက သတိ ပြန်ကပ်လိုက်သည်။ သူသည် နုနယ်ပြီး ဖျော့တော့ ကွဲကြေလွယ်သော သားရဲကောင်လေးကို နှစ်သိမ့်ပေးရန် အသင့်ပြင်လိုက်သည်။ သူ ဘယ်လို နှစ်သိမ့်ပေးရမလဲ။

 

သူ ကြက်စွတ်ပြုတ် စာကြောင်းအချို့ အရင်ပို့လိုက်ရမလား။

 

အရွက်ကောက အလွန်အမင်း ဒုက္ခများသွားသည်။ ထို့နောက် သူသည် ဝေ့ရှောင်းက ပို့လာသော expression pack များကို တွေ့လိုက်ရသည်။

 

[ဟား ဟား ဟား .jpg]

 

[ဟီး ဟီး ဟီး ဟီး .jpg]

 

[အွောင်း အွောင်း အွောင်း အွောင်း .jpg]

 

[ပျော်ရွှင်မှုအပြည့်နဲ့ ရယ်နေတဲ့ .jpg]

 

[ညီအကိုရေ ငါက အရမ်းပျော်တယ် အရမ်းပျော်တယ် .jpg]

 

[ကိုလာရယ် ရေခဲရယ် လီမွန်ရယ်…ဒါဆိုရင် သုံးဆပျော်ရွှင်မှုပဲ .jpg]

 

[ပြိုင်ဘက်ကင်း ပျော်ရွှင်မှု .jpg]

 

[ရင့်ကျက်တဲ့ သူတွေက ပျော်ရွှင်မှုကို သူတို့ရဲ့ မျက်နှာပေါ်မျာ မရေးထားဘူး။ သူတို့က အကျယ်ကြီး အော်ပြီး ထုတ်ပြောကြတာ .jpg]

 

ပိုင်ချိုင် “...”

 

သူသည် စကားလုံးများကိုပင် တောက်လျှောက် ရိုက်နှိပ်မိသွား၏။

 

မင်း သောက်ကျိုးနည်း နောက်ဆုံးတော့ ရူးသွားပြီလား”

 

သို့သော် ထိုစာကို မပို့ရဲခဲ့ပေ။

 

သူသည် စိုးရိမ်နေသည်။ ကြောက်လန့်နေပြီး ကူကယ်ရာ မဲ့နေသည်။

 

ဝေ့ရှောင်းက တကယ်ပဲ ရူးသွားခဲ့ပြီဆိုရင် ဘယ်လို လုပ်ရမလဲ။

 

ဝေ့ရှောင်းသည် အချိန် အတော်ကြာအောင် ပျော်ရွှင်နေသော expression pack များကို ဆက်တိုက် ပို့ထားသည်။ သို့သော် တစ်ဖက်ခြမ်းက ပြန်ဖြေ မလာခဲ့ပေ။ ထို့ကြောင့် သူက မပျော်မရွှင် ဖြစ်သွားသည်။

 

မင်းက အိပ်နေပြီလား”

 

ချိုင်ကောက ထိုစကားလုံးများကို ကယ်တင်ရှင်ကို တွေ့လိုက်သလို ကြည့်သည်။

 

မင်း… အဆင်ပြေရဲ့လား”

 

သူ၏ စကားလုံးများကို အလွန် သတိထား ထားသည်။ အလွန်အမင်းလဲ စိုးရိမ်ထိတ်လန့် နေရသေး၏။ တစ်ဖက်လူကို ဆေးရုံ၏ ဂရုစိုက်မှု ခံယူရန် ပို့ဆောင်ရသည်အထိ ဖြစ်မသွားစေရန်လဲ သတိထားရသေးသည်။

 

ဝေ့ရှောင်းကလဲ သူ၏ ပြန်ဖြေစာကို မြင်သောအခါ သူ၏ ပဲစေ့အညှောက်ပေါက် (ပဲပင်ပေါက်) အပင်ပေါ်သို့ တံတွေး ထွေးချင်စိတ်က ပြင်းထန်လာသည်။

 

တကယ်တော့လဲ မဟုတ်ပါဘူး”

 

ချိုင်ကော၏ နှလုံးသားက ခုန်လှုပ်သွားသည်။

 

ဝေ့ရှောင်းက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် စာရိုက်လိုက်သည်။

 

ငါ တအားပျော်နေတာလေ။ အား တအားကို ပျော်နေတာ။ အား ငါ ငါ့ကိုယ်ငါ ဒုံးပျံနဲ့ ချည်ပြီး ကောင်းကင်ပေါ်ကိုတောင် မြောက်တက်သွားရင်း မီးပန်းတွေ ဖောက်ပစ်ချင်နေတာ”

 

မီးပန်းတွင် Clos သည် Quiet ၏ ကောင်လေးဆိုသော စကားကို တွဲချည်ထားချင်သည်။

 

ပိုင်ချိုင် “…”

 

ဒီစကားပြောခန်းရဲ့ လားရာက … သေစမ်း သူ 120 ကို ခေါ်ရတော့မလား။

 

ဝေ့ရှောင်း၏ Typing သည် သူ၏ ပျော်ရွှင်မှုကို ဖော်ပြရန် မမြန်ပေ။ ထို့ကြောင့် သူသည် voice message ပို့လိုက်သည်။

 

ငါ ဒီကိစ္စကို မင်းကို အသေးစိတ်တော့ မပြောပြနိုင်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ ငါတအားပျော်နေတယ် ဆိုတာကို သိဖို့ပဲ လိုအပ်တယ်။ ငါ အရမ်းကို ပျော်နေတယ်။ ငါ ပျော်လွန်းလို့ သောက်ကျိုးနည်း ကောင်းကင်ပေါ်ကိုတောင် ခုန်တက်ချင်နေပြီ”

 

ချိုင်ကော၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။ သူသည် မနေနိုင်ဘဲ မေးလိုက်သည်။

120 05

မင်းက Pro ကို ရှုံးတာကို တအား ပျော်နေတာလား”

 

အခုလေးတင် ငိုနေတာ ဘယ်အကောင်လဲ။

 

မင်းက ပျော်လွန်းလို့ မျက်ရည်တွေ ကျတယ်ပေါ့လေ။

 

ဝေ့ရှောင်းက အံ့ဩသွားသည်။

 

ဒါက ဂိမ်းလေးတစ်ပွဲပဲလေ။ နိုင်တာ ရှုံးတာက တအားပုံမှန်ပဲ”

 

ပိုင်ချိုင် “…”

 

ဝေ့ရှောင်းသည်လဲ ချိုင်ကောဟာ ထင်သလောက် မပျော်ကြောင်း ယခုမှသာ သတိထားမိလိုက်သည်။

 

ဝေ့ရှောင်းကမူ အလွန်ပျော်ရွှင်စွာနှင့် တောက်လျှောက် တွေးတောနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရိုးသားစွာနှင့် စာရေးပြီး နှစ်သိမ့်ပေးလိုက်သည်။

 

နိုးထတော့ လောင်ပိုင်။ ဒါက ဒီအတိုင်း ဆောင်းတွင်းလေ့ကျင့်ရေးစခန်းပဲလေ။ ငါတို့ရဲ့ FTW က အတူရှိမဲ့ နေ့ရက်တွေက ဘယ်လောက်များမှာလဲ။ ဒီတော့ ချန်ပီယံရှစ်ကို ဒီအတိုင်းနဲ့ ရမှာတဲ့လား။ နောက်ပြီး L&P နဲ့ Pro ကသာ ဒီအတိုင်း ရှုံးသွားမယ်ဆို ရှက်စရာ ကောင်းလွန်းမနေဘူးလား။ အော် ဟုတ်သားပဲ အဲဒီ ခွေးအိုကြီးယွမ်က တကယ်ကို မျက်နှာမရှိပေမဲ့လဲ သူတို့က တကယ် အလေးအနက် ထားတာတောင်မှ ငါတို့ ဆီမှာ ရှုံးသွားခဲ့မယ်ဆိုရင် ဒီလောင်ဇီရဲ့ ပြိုင်ဘက်ဖြစ်ဖို့ တန်ပါအုံးမလား”

 

သူက ထိုစာအတန်းလိုက် တောက်လျှောက် ပို့လိုက်သည်။ ပိုင်ချိုင်က တစ်ခဏခန့်ပင် မှင်သက်သွားသေးသည်။ သူသည် စက္ကန့် ၁၀ကျော်ခန့် ရှည်သော voice message ကို ထပ်ခါတလဲလဲ နားထောင်သည်။ သုံးကြိမ် ဆက်တိုက် နားထောင်၏။

 

သူ တကယ်ကို သေချာပါတယ်။ လုံးဝကို သေချာတယ်။ တော်တော်လေးကို သေချာနေတာ။

 

ဒီကောင်ရဲ့ အသံထဲမှာ စိတ်ထွေနေတဲ့ အနေအထားမျိုးက လုံးဝကို မရှိဘူး။ သူ့ရဲ့ အသံက နွေရာသီ နေ့လည်ခင်းက နေမင်းထက်တောင် တောက်ပနေသေးတယ်။

 

ဘာကို စိတ်ဓာတ် ကျတာလဲ။ ဘာကို အရှုံးကို ခံစားနေတာလဲ။ ဘာကို ငိုတာလဲ။ ဒီချိုင်ကောက ကန်းနေတာပဲ ဖြစ်မယ်။

 

ပိုင်ချိုင်က တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် သူ့ကို မေးလိုက်သည်။

 

မင်း မင်း ခံစားချက် မကောင်းဘူး မဟုတ်ဘူးလား”

 

ဝေ့ရှောင်း “ဘာကို ခံစားချက်မကောင်းရမှာလဲ နတ်ဘုရားကင်က ဒီလောက်တော်တာ။ သူ့ရဲ့ကြိုတင် ခန့်မှန်းတွက်ချက်မှုက နတ်ဘုရားအဆင့်မှာ ရှိနေပြီးသား။ သူ့ရဲ့ ပြိုင်ဘက်ကင်းအကွက်ရဲ့ နေရာချထားမှုကလဲ ပြီးပြည့်စုံသေးတယ်။ သူက နိုင်ဖို့ ထိုက်တန်တယ်”

 

ချိုင်ကော “…”

 

ဝေ့ရှောင်းက ဆက်ပြောသည်။

 

ချိုင်ကော မင်း မင်းက တကယ်မကောင်းတာပဲ။ မင်း ဒီလို စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမျိုးနဲ့ ပြိုင်ပွဲတွေမှာ ဘယ်လိုကစားမှာလဲ။ ပြည်တွင်းပြိုင်ပွဲတွေက ရောက်လာတော့မယ်။ နောက်ပြီး Global ပြိုင်ပွဲတွေကမှ အစစ်အမှန် ဂိမ်းပွဲတွေဖြစ်မှာ။ မင်းက ဆောင်းတွင်း လေ့ကျင့်ရေးစခန်း ပြိင်ပွဲတစ်ခုလောက်နဲ့ ဒီလိုမျိုး စိတ်ထိုးကျသွားမယ်ဆိုရင် မင်း အနာဂတ်မှာ ဘယ်လိုများ ဆက်သွားမှာလဲ”

 

ပိုင်ချိုင် “…”

 

မအေ… ငါသောက်ကျိုးနည်း မင်းကို စိုးရိမ်နေတာကွ။ ငါကမှ တကယ့် အရူးပဲ။

 

မင်း သောက်ကျိုးနည်းကို အဆင်ပြေတယ်ဆိုရင်လဲ ဘာလို့ ငရဲလို ငိုနေရသေးတာလဲ”

 

ပိုင်ချိုင်က မထိန်းနိုင်တော့ပေ။

 

ဝေ့ရှောင်းက တစ်ခဏခန့် တောင့်ခဲသွားပြီး အနည်းငယ် ရှက်သွားသည်။

 

ဘယ်သူက ငိုတာလဲ။ နောက်ကျတဲ့အထိ မနေနေနဲ့။ မင်း မျက်လုံးလေ့ကျင့်ခန်းလေး ဘာလေး လုပ်အုံး။ မင်းကန်းသွားမယ်ဆိုရင် ရွေးစရာမရှိဘဲ အနားယူရလိမ့်မယ်”

 

ပိုင်ချိုင်၏ လေသံက မကောင်းပေ။

 

သောက်ကျိုးနည်း မင်းက ဘာဖြစ်နေတာလဲ”

 

‌ဝေ့ရှောင်းက မူရင်းအကြောင်းအရာသို့ ပြန်ရောက်သွားပြီး သူ၏ နှလုံးသားဟာ တစ်ဖန်ပြန်လည်ပြီး ပျားရည်များနှင့် ပြည့်နှက်သွားပြန်သည်။

 

လျှို့ဝှက်ချက်”

 

အရွက်ကော “.....”

 

ဝေ့ရှောင်းသည် ပျော်ရွှင်တောက်ပ နေသည်။

 

အကျဉ်းချုံးပြောရရင်တော့ ကောင်းကင်လောက်ကြီးတဲ့ ကောင်းမွန်တဲ့ ကိစ္စကြီးပေါ့။ ငါမင်းကို အခုပြောလို့ မရသေးဘူး။ ဒါပေမဲ့ အနာဂတ်တော့ ပြောပြမှာပါ”

 

ပိုင်ချိုင်က သိချင်သွားသည်။

 

ဘာအကြောင်း မလို့လဲ”

 

ထို့နောက် ဝေ့ရှောင်းက သူ့ကို နောက်ဆုံးသော စကားစုအဖြစ် ပို့လာသည်။

 

အား‌ ခေါင်းဆောင် ရေချိုးလို့ ပြီးသွားပြီ တာ့တာ”

 

ထိုစကားလုံးများက စိတ်လှုပ်ရှားမှု အပြည့်နှင့် ဖြစ်သည်။ ချိုင်ကောက တစ်ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် တစ်စုံတစ်ရာကို သိလိုက်သည်။

 

Fuck

 

ဘဝရဲ့ အရေးအကြီးဆုံး အဖြစ်အပျက် ။

 

ဖြစ်နိုင်တာက … သူတို့နှစ်ယောက် ဒီည…

 

အရွက်ကောက ညစ်ပတ်သွားသည်။ သူက ညစ်ပတ်လွန်းသဖြင့် ရထားသေးသေးလေး အလားပင် ထင်ရသည်။

120 06

လုဖုန်းက ရေချိုးလို့ ပြီးသွားသောအခါ သူ့ကိုယ်သူ ရေချိုးဝတ်ရုံဖြင့် တင်းတင်းပတ်ပြီး သွယ်လျသော လည်တိုင်ကိုသာ ဖယ်ထားသည်။

 

ဝေ့ရှောင်းက တစ်ဖက်လူကို မြင်ရုံနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုစိတ် ပျောက်ဆုံးလေပြီး ချက်ချင်းလိုလို ပြေးဖက်ကာ နှုတ်ခမ်းကို ဘတ်ကနဲ နမ်းလိုက်သည်။

 

လုဖုန်း “…”

 

ဝေ့ရှောင်းသည် နမ်းရသည်အား စွဲလမ်းနေပုံရပြီး ထပ်ခါတလဲလဲ တစ်ကြိမ်ပြီး တစ်ကြိမ် လာနမ်းသည်။ လုဖုန်းက တောင့်မခံနိုင်တော့ဘဲ ‘ရေသွားချိုးတော့’ ဟု ပြောရသည်အထိ နမ်းနေ၏။

 

ဝေ့ရှောင်းက ထွက်ပြေးသွားသည်။ လုဖုန်းက သူ၏ ရင်ဘတ်ထဲမှ မီးတောက်ကို အတတ်နိုင်ဆုံး ငြိမ်းအေးသွားအောင် လုပ်ရပြန်၏။

 

ဝေ့ရှောင်းက ငယ်သေးတယ်။

 

သူ ဘာမှ သိတာမဟုတ်ဘူး။

 

သူ တကယ် အနိုင်ကျင့်လို့ မရဘူး။

 

လုဖုန်းက မျက်လုံးကို အသာပိတ်လိုက်သည်။ တစ်နည်းအားဖြင့် ဖော်ပြရန် ခက်ခဲသော အဖိုးတန် ဆန်လွန်းသည့် ခံစားချက်များကို အသုံးပြုရင်း စိတ်ဆန္ဒများကို ဖိနှိပ်လိုက်ရသည်။

 

ဝေ့ရှောင်းက လုဖုန်းထက် မြန်ဆန်စွာ ရေချိုး၍ ပြီးသွားသည်။ ထို့နောက် ချက်ချင်းလိုလို ပြန်ထွက်လာ၏။

 

သူကိုယ်တိုင်လဲ ဟော်တယ် ရေချိုးဝတ်စုံကို ဝတ်ထားသည်။ သို့သော် ကိုယ်ပေါ်တွင် ပြေလျော့စွာသာ ရှိနေ၏။ ခါးကိုလည်း တင်းတင်းကြပ်ကြပ် မချည်ထားပေ။ လည်တိုင်ကလဲ ပွင့်နေသည်။ ဒီနည်းအားဖြင့် နက်ရှိုင်းထင်းထွက်နေသော ညှပ်ရိုးများက ပေါ်လွင်နေလေပြီး အနက်ရောင် အဝတ်ဖြင့် ဘောင်ခတ်ထားခံရသလိုမျိုး ပို၍ပင် ဖြူဖွေးနေသေးသည်။

 

လုဖုန်းကလဲ ချက်ချင်း အပြေးသွားပြီး သူ၏ အဝတ်အစားကို သပ်ရပ်အောင် ပြင်ဆင်ပေးလိုသည်။

 

ဝေ့ရှောင်းသည် တစ်ဖက်လူ အနားရောက်လာသည်အထိ စောင့်ပြီးနောက် ပါးစပ်ကို ထပ်နမ်းပြန်သည်။ ထိုသို့ နမ်းပြီးနောက် ပြော၏။

 

အနမ်းက တော်တော်လေး ကောင်းတာပဲ”

 

အရင်ကဆိုရင် ဒီရေချိုးဂျယ် အနံ့က တော်တော်လေး ကောင်းတယ်လို့ သူ မသိပါဘူး။ ဒါပေမဲ့ အခုတော့ တော်တော်လေးကို မွှေးတယ်လို့ ခံစားလာရပြီ။ လတ်ဆတ်ပြီး ချိုမြိန်နေတာပဲ။ မက်မွန်ပန်းတွေ အပြည့်ပွင့်နေတဲ့ တောအုပ်လိုပဲ။

 

လုဖုန်းသည် အမှန်တကယ်ပင် တောင့်မခံနိုင်တော့ပေ။

 

သူက ဝေ့ရှောင်းကို သူ၏ ခြေထောက်ပေါ်တွင် ထိုင်ရန် ဆွဲခေါ်လိုက်ပြီး လက်တစ်ဖက်က သူ၏ ခေါင်းအနောက်ဘက်သို့ ရောက်သွားလျက် အမှန်တကယ် နမ်းသည်။

 

ဒါက နှုတ်ခမ်းကို ထိတွေ့ရုံလောက် ပေါ့ပေါ့ပါးပါး မဟုတ်သလို အရသာ ခပ်တိမ်တိမ် ခံစားတာမျိုးလဲ မဟုတ်ဘူး။ ပါးစပ်ထဲကို အမှန်တကယ် ဝင်ပြီး ဝိဉာဉ်တစ်ခုလုံးကို လဲကျင်းပစ်နိုင်တဲ့ နက်ရှိုင်းတဲ့အနမ်းပဲ။

 

‌ဝေ့‌ရှောင်းက ကြောင်သွားသည်။ သူ အသက်ရှူရန်ပင် မေ့သွားသည်အထိ ကြောင်အ သွား၏။

 

******