126 01
လုဖုန်းက သူ့ကို လူရှင်းသော လျှောက်လမ်းတစ်နေရာသို့ ခေါ်သွားသည်။
“ဘာလိုချင်လဲ”
သူဟာ လေဆိပ်သို့ ရောက်သွားသောအခါ ဝေ့ရှောင်းက မှင်သက်နေသေးပြီး စိတ်လွင့်နေသည်။
ဆောင်းတွင်းလေ့ကျင့်ရေးသည် ၁၅ ရက်ခန့် ကြာသည်။ တစ်နေ့ချင်းစီတိုင်းက ပြင်းထန်လွန်းသော လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ရသည်။
ဝေ့ရှောင်းသည် မြင့်မားစွာ အာရုံစူးစိုက်တတ်သော စိတ်နေသဘောထားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် ဘယ်သောအခါမှ ဘာကိုမှ ပေါ့သေးသေး မလုပ်တတ်ပေ။ ပြိုင်ပွဲသာ မဟုတ်ဘဲ သူသည် match ပွဲတိုင်းကို အလွန်အမင်း အလေးအနက်ထားကာ အာရုံစိုက်ပေးလေသည်။
ထိုအတွက်ကြောင့် တင်းကြပ်စွာ ဆွဲထားသော လေးကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့အပြင် သူ၏ ပထမဦးဆုံးသော ချိုမြိန်သော ချစ်ခြင်းကလဲ ထပ်ပေါင်းထည့်ထားခဲ့သော် သူသည် မပင်ပန်းရုံသာ မကသေးလေဘဲ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသည်။
ယခုအခါ ထိုကိစ္စက အဆုံးသတ်သွားသည်။ သူသည် ကောင်းကောင်း အနားမယူထားရသလိုမျိုး ငိုက်မြည်းကာ အိပ်ချင်စိတ်ကိုသာ ရနေ၏။
သူသည် မည်သည့် ခရီးဆောင်အိတ်ကိုမှ မယူလာပေ။ သူ၏ ကျောပိုးအိတ်ကလဲ လုဖုန်း၏ ခရီးဆောင်အိတ်ပေါ်တွင် ဖြစ်သည်။ သူ၏ လက်က ရှင်းလင်းနေသည်။ ပိုင်ချိုင်က သူ့ကို အထင်တသေး ပြောသည်။
“မင်း ကိုယ့်ပစ္စည်းကို မသယ်နိုင်ဘူးလား”
ဝေ့ရှောင်းက သန်းရင်း တစ်ကိုယ်လုံးက လုဖုန်းပေါ် မှီထားသည်။
“မင်းနဲ့ မဆိုင်ပါဘူး”
ပိုင်ချိုင် “ကံကောင်းတာက ဘာဖန်မှ ရှိမနေတာဘဲ။ ဒီလို အခြေအနေမျိုးကိုသာ ဓာတ်ပုံ ရိုက်သွားခဲ့ရင် မင်း ရှာဖွေမှု အများဆုံးစာရင်းကို ပြေးဝင်သွားမှာ”
ဝေ့ရှောင်း၏ စိတ်က ယိမ်းယိုင်သွားသည်။
ဆောင်းတွင်းလေ့ကျင့်ရေး စခန်းမတိုင်ခင်ကသာဆိုလျှင် သူသည် သူ့နည်းသူ့ဟန်ဖြင့် ဓာတ်ပုံအရရိုက်ယူပြီး သူ့ဘာသာသူ ကြိုးစားပစ်လောက်လေသည်။ တစ်နည်းအားဖြင့် Close နှင့် Quiet တို့၏ အိုင်ဒီကို နေ့တိုင်းလိုလို တွဲလျက် ပေါ်ထွက်နေအောင် ကြိုးစားလောက်သည်။
ဒီအချိန်တွင်မူ သူသည် သူတို့နှစ်ယောက်ကို အတူသာ တွဲယှဉ်လိုသည်။ သို့သော် အပြစ်မကင်းစိတ်ကလဲ ရှိနေသေး၏။ ဝေ့ရှောင်းက ချက်ချင်းလိုလို ထခုန်လိုက်ရင်း ဖြောင့်မတ်မှန်ကန်သော မျက်နှာတည်နှင့်ပြောသည်။
“ဘာတွေ ဓာတ်ပုံရိုက်စရာ ရှိမှာလဲ။ ခေါင်းဆောင်ကို ကိုင်ပေးပါလို့လဲ ပြောတာ မဟုတ်ဘူးလေ”
လုဖုန်း “…”
ပိုင်ချိုင်က မျက်လုံးလှန်သည်။
“မင်းက မင်းသမီးလေးလို အပွေ့ခံချင်လို့လား”
ဝေ့ရှောင်း “…”
လုဖုန်းက သူ၏ အဝတ်အပြင်ဘက်မှတစ်ဆင့် ခါးကို လာဆိတ်သည်။ သူသည် ယားယံမှုကို ခံစားလိုက်ရ၏။ ထိုယားယံစိတ်က နှလုံးသားကို ခုန်လှုပ်စေသည်။
ဝေ့ရှောင်းက ဘာမှ သူ့ကို ပြန်ပြောမလာကြောင်း မြင်သောအခါ ပိုင်ချိုင်က သူ့ကို တစ်ချက် ကြည့်သည်။
“Fuck မင်းက ရှက်နေတာလား”
ဝေ့ရှောင်း၏ နားထိပ်က အနည်းငယ် နီနေသည်။ သို့သော် သူသည်လည်း မင်းသမီးတစ်ပါးလို ပွေ့ချီသည်နှင့် ပတ်သက်ပြီး မပတ်သက်ကြောင်း သူကိုယ်တိုင်သာ နားလည်၏။ ခေါင်းဆောင်က လူရမ်းကားလို သရုပ်ဆောင်နေလို့လေ။
အား.. မရိုးသားတဲ့ ခေါင်းဆောင်က တော်တော်လေး လန်းဆန်းစေတာပဲ။ သူ တကယ်ကို သဘောကျတယ်။
ကောင်းပြီလေ။ သူတို့က အပြင်ဘက်မှာဆိုတော့ သူအခု ဘာမှ မလိုချင်ပါဘူး။
ဝေ့ရှောင်းက ပိုင်ချိုင်ကို စိုက်ကြည့်သည်။
“မင်း ဆက်ပြောနေမယ်ဆိုရင် မင်း လာပြီး မင်းရဲ့ ကျောကုန်းနဲ့ မင်းရဲ့အဖေကို လာသယ်တော့”
ပိုင်ချိုင် “…”
126 02
မေ့လိုက်တော့ မေ့လိုက်တော့။ porshe ကားကို ရထားသော ချိုင်ကောအနေဖြင့် ဂရုမစိုက်မှု တစ်ခဏအတွက်ကြောင့်နဲ့ သူ့အတွက် သားရေခံ မဖြစ်ချင်ပါဘူး ဟီး ဟီး။
သူ၏ အကျိုးအမြတ်အတွက် ဂုဏ်ယူနေသော ချိုင်ကောက ရှောင်နင်ကိုသာ သွားရှာလိုက်ပြီး အကိုကြီးတစ်ယောက်၏ ကဏ္ဍမှ တစ်ဆင့် ဂရုစိုက်ပေးနေလိုက်သည်။ သူသည် အနောက်ဖက်မှ သားရဲကောင်ကို လျစ်လျူရှုလိုက်၏။
မည်သူကမှ နောက်ပြန်လှည့်မကြည့်သော အချက်ကို အခွင်ကောင်းယူခြင်းအားဖြင့် ဝေ့ရှောင်းက လုဖုန်း၏ လက်ချောင်းများကို အသာဆိတ်လိုက်သည်။ လုဖုန်းက ရှေ့သို့သာ တည်ငြိမ်စွာ ကြည့်နေသည်။
ဝေ့ရှောင်းက ဗန်ကားပေါ်မှ ဆင်းကတည်းက အရိုးမရှိသလိုမျိုး ပြုမူနေခဲ့သည်။ ယခုအခါ သူသည် ပို၍ပင် မှီကပ်လာသေးပြီး နားနားကပ်ကာ ခပ်တိုးတိုးခေါ်သည်။
“ခေါင်းဆောင်”
လုဖုန်း “အွန်း”
ဝေ့ရှောင်း၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ သူ၏ ရယ်သံကလဲ ဆိုးညစ်ညစ် ဖြစ်လာသည်။
“အဖက် ခံချင်တယ်”
လုဖုန်း “…”
ဝေ့ရှောင်းကလဲ သူ၏ စကားလုံးများကို သူ့ဖာသာသူ သေလောက်အောင် သဘောကျသွားသည်။ ဒီနည်းအားဖြင့် လုဖုန်း၏ လက်ကို လွှတ်ပေးလိုက်ပြီး အရှေ့ဘက်မှ ပိုင်ချိုင်ဆီ အပြေးသွားချင်သွားသည်။
သို့သော် သူ မထွက်သွားသေးခင် လုဖုန်းက သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကြောင်း သိလိုက်သည်။ ဝေ့ရှောင်းက အံ့အားတကြီး လှည့်ကြည့်၏။ လုဖုန်းက သူ့ကို ကြည့်ပြီး ရှမ်းလျို့ကို ပြော၏။
“ငါ သန့်စင်ခန်း သွားလိုက်အုံးမယ်”
ရှမ်းလျို့က သူ၏ ခရီးဆောင်အိတ်ကို လာဆွဲယူသည်။
“ကောင်းပြီ”
ဝေ့ရှောင်းက မျက်တောင် တစ်ချက်ခတ်၏။ လုဖုန်းက သူ့ကို မေးသည်။
“သွားမှာလား”
ဝေ့ရှောင်း “အွန်း”
သောက်ကျိုးနည်းကို သန့်စင်ခန်းကို သွားမှာလား။ လုဖုန်းက သူ့အား လူရှင်းသော လျှောက်လမ်းတစ်နေရာသို့ ခေါ်သွားလေသည်။ သူတို့၏ နှာခေါင်းထိပ်များက အတူပွတ်တိုက်သွားသည်။
“ဘာလိုချင်လဲ”
ဝေ့ရှောင်းသည်လဲ သူ၏ နှုတ်ခမ်းထောင့်စွန်းများကို အပေါ်သို့ မတက်အောင် မထိန်းထားနိုင်တော့ပေ။
“ဖက်”
လုဖုန်းက သူ့ကို ခါးမှနေ၍ ကောက်ဖက်လိုက်ရင်း အပေါ်သို့မြှောက်ကာ ချီလိုက်သည်။
ဝေ့ရှောင်းက အသံတိုးတိုး အုပ်လိုက်ပြီးနောက် သူ၏ လက်မျာက လုဖုန်း၏ လည်ပင်းကို ရစ်ပတ်လျက်သား ဖြစ်သွားသည်။ ကိုယ်လုံးက အပေါ်သို့ မြောက်တက်သွား၏။
လုဖုန်းက သူ့ကို နံရံနှင့် ကပ်ထားရင်း ဆက်မေးသည်။
“ဘာလိုချင်သေးလဲ”
သူ၏ မည်းမှောင်လွန်းသော မျက်ဝန်းတစ်စုံက ဝေ့ရှောင်း၏ နှုတ်ခမ်းကို စိုက်ကြည့်နေသည်။
သူက အနမ်းလိုချင်တာကြောင့် မဟုတ်လား။ ဝေ့ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ထုံထိုင်းသွားသည်။ ထို့နောက် သူက မနေနိုင်ဘဲ ပြော၏။
“အနမ်းလို…ဝူး”
သူ၏ နှုတ်ခမ်းက အအုပ်ခံလိုက်ရပြီး ဝေ့ရှောင်းကလဲ ကြမ်းတမ်းသော အနမ်းကြောင့် မူးဝေချင်သွားသည်။
သွားပြီ သွားပြီ။
သူ နဂိုကတည်းက အရမ်းပင်ပန်းနေတာ အခုတော့ သူ လမ်းတောင် မလျှောက်ချင်တော့ဘူး။
126 03
သူတို့ နှစ်ယောက်က ဆယ်မိနစ်ခန့် ကြာပြီးမှသာ အဓိက အဖွဲ့ကို မှီသွားသည်။
ဝေ့ရှောင်းက ယခင်ကထက်ပင် ပိုကပ်သွားသေးသည်။ သူသည် လုဖုန်းနှင့် လက်ချင်းတွဲလျက် လျှောက်ချင်နေသည်။
ချိုင်ကောက ရှောင်နင်က စကားများနေသည့် အချိန်ကို အခွင့်ကောင်းယူပြီး ဝေ့ရှောင်းကို လှည့်ကြည့်သည်။
“!”
သူ့ရဲ့ ပူလောင်တဲ့ ပုံစံက ဘာဖြစ်တာလဲ။
ခေါင်းဆောင်က သူနဲ့ နေ့ရောညပါ Solo ပေးမယ်လို့ ပြောလိုက်လို့လား။
လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်ပြီးနောက် လေယာဉ်ပေါ်သို့ မတက်ခင် အချိန်အနည်းငယ် ရလေသည်။
နားနေခန်းထဲတွင်လည်း ကွန်ပြူတာ ရှိသည်။ Glory ကိုလည်း install ထား၏။
ဝေ့ရှောင်းက ချက်ချင်းလိုလို ဆွဲဆောင်ခံလိုက်ရသည်။
“လောင်ပိုင် ငါတို့ နှစ်ယောက်အတူတူ Dubble…”
သို့သော် ဝင်တိုးမည်ဆိုသော စကားလုံးကို မပြောရသေးခင် လုဖုန်းက ဖြတ်ပြောသည်။
“ငါနဲ့ လိုက်ခဲ့”
ဝေ့ရှောင်း၏ နှလုံးသားက ခပ်ကြမ်းကြမ်း ခုန်လှုပ်သွားပြန်သည်။ မျက်လုံးကလဲ တိတ်တဆိတ် ပြောသည်။
ခေါင်းဆောင်က ထပ်ပြီး အနမ်း လိုချင်ပြန်ပြီလား။ အို့ မဟုတ်သေးပါဘူး ခေါင်းဆောင်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နေတာလဲ။ သူက အရမ်းကို သဘောကျချင်စရာပဲ။
အံ့အားတကြီး နားလည်သွားသော လုဖုန်း “…”
ချိုင်ကော “ဒီအချိန်မှာ ဘာလို့ ဝင်တိုးမှာလဲ။ မင်းက မိနစ်သုံးဆယ်အတွင်း ဂိမ်းနိုင်မယ်လို့ အာမခံချက် ရှိလို့လား”
ပိုင်ချိုင်က ထိုသို့ ပြောနေခဲ့သည့် တိုင်အောင် သူသည် ကွန်ပြူတာရှေ့သို့ ရောက်သွားပြီး login ဝင်နေပြီ ဖြစ်သည်။ ထို့နောက်…
အာ လူ ဘယ်ရောက်သွားလဲ။
ဝေ့ရှောင်းက အဝေးသို့ ရောက်သွားပြီ ဖြစ်သည်။ ထို့နောက် လှမ်းအော်သည်။
“ဘာလို့ ကစားနေမှာလဲ မိနစ်သုံးဆယ်တည်း ရှိတာ တစ်ပွဲမပြီးရင် ဘယ်လို လုပ်မလဲ။ ငါတို့ရဲ့ အသင်းဖော်တွေကို အနှောက်အယှက် ပေးဖို့လား”
ချိုင်ကော “???”
ဝေ့ရှောင်း၏ အသံက အဝေးမှ ထပ်လာသေးသည်။
“မင်းသာ မင်းရဲ့ စကေးတွေကို မြှင့်တင်ချင်တယ်ဆိုရင် မင်း လေ့ကျင့်ရေးနယ်မြေကို သွားပြီး စစ်သားတွေပဲ သတ်နေလိုက်။ ပြင်းပြင်းထန်ထန် ကြိုးစားထား Veggre”
ချိုင်ကောသည် သန့်စင်သော အထောက်အပံ့ ကစားသမားသာ ဖြစ်သည်။
စစ်သားတွေ သတ်ရမယ် ဟုတ်လား။ ဘယ်စစ်သားကို သွားသတ်ရမှာလဲ။ သူက သတ်လိုက်တော့ လောင်ယွဲ့က သူ့ရဲ့ ဒီအရွက်ခေါင်းလေးကို လာဖောက်ခွဲမှာပေါ့။
ဝေ့ရှောင်းက အဝေးသို့ ထွက်သွားပြီ ဖြစ်သည်။
ပိုင်ချိုင်၏ မျက်နှာထားက စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်လာသည်။ ထိုအကောင်သည် ယခုတစ်လော နားလည်ရန် ခက်ခဲသထက် ခက်ခဲလာကြောင်းကို ခံစားနေမိသည်။
ဝေ့ရှောင်းက လုဖုန်းနှင့် အတူ နားနေခန်းထဲမှ ထွက်လိုက်ပြီးနောက် ဘေးဘီကို ကြည့်သည်။
“ဒီမှာနေစရာ အကြောင်း ရှိလို့လား”
သူတို့ လုံခြုံရေး စစ်ဆေးမှုကို ကျော်ဖြတ်ခဲ့ပြီးတော့ အကွယ်နေရာတွေလဲ မရှိပါဘူး။ လုဖုန်းက ရည်ရွယ်ချက်ရှိရှိ မပြောပေ။
“ရှိတယ်”
ဝေ့ရှောင်းက စိတ်လှုပ်ရှားသွားသည်။
“ခေါင်းဆောင် ခေါင်းဆောင်က တကယ်တော်တာပဲ”
လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။
ဝေ့ရှောင်းက သူ့ကို သိချင်စိတ် ပြင်းပြစွာ မေးသည်။
126 04
“အရင်က ဒီလေဆိပ်ကို ရောက်ဖူးလို့လား”
လုဖုန်း “မရောက်ဖူးပါဘူး”
ဝေ့ရှောင်း “ဒါဆိုရင် နေရာကောင်းကို ဘာလို့ ဒီလောက်ထိ မြန်မြန် ရှာတွေ့တာလဲ”
လုဖုန်း “ရောက်တော့မယ်”
လုဖုန်းက ပြောနေချိန်တွင် သူ့အား ကြီးမားသော အရုပ်ရောင်းသည့် Super market သို့ ခေါ်သွားသည်။ ဝေ့ရှောင်းက အံ့ဩသွားသည်။
“ဒါက … နေရာကောင်း မဟုတ်ဘူးမလား”
နေရာတိုင်းမှာ ကလေးတွေ ရှိတယ်လေ။ သူတို့ ဒီနေရာမျာ တစ်တီတူးနေပြီး ပျော်ရွှင်နေဖို့ အဆင်မပြေဘူးလားလို့။
လုဖုန်းက သူ၏ အမူအရာလေးကို ကြည့်လိုက်ပြီး အမှန်ပင် မထိန်းနိုင်တော့ဘဲ နှဖူးကို အသာခေါက်သည်။
“တော်ပြီ”
ဝေ့ရှောင်း “ဟမ်”
လုဖုန်းက သတိပေးသည်။
“ငါတို့ Base ကိုတောင် ပြန်တော့မှာ မင်း ပဲပိစပ်လေးအတွက် ဘာမှ မဝယ်တော့ဘူးလား”
ဝေ့ရှောင်း “!” Fuck
သူ တစ်ချိန်လုံး ချစ်ဖို့ကိုပဲ အာရုံစိုက်နေလို့ သူ့ရဲ့ ဒီခွေးသားကို မေ့နေတာ။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝေ့ရှောင်းသည် နေ့တိုင်းလိုလို ပဲပိစပ်လေး၏ ဗွီဒီယိုများကို ကြည့်နေခဲ့ပြီး သူ၏ ခွေးလိုအော်သံကို နားထောင်နေကြ ဖြစ်သည်။
နောက်ပိုင်းတွင် လေ့ကျင့်ရေးနောက်ဆုံးတစ်ရက်တွင် ဝေ့ရှောင်း၏ နှလုံးသားက လုဖုန်းနှင့် ပြည့်နှက်နေခဲ့သည်။
ဒါကို သူသည် Soy ကောကို ဘယ်လို မှတ်မိမှာလဲ။
သို့သော် သူဟာ မထွက်လာခင်ကတည်းက ထိုပဲပိစပ်လေးအား အပြန်တွင် လက်ဆောင်ဝယ်ခဲ့မည်ဟု ကတိပေးခဲ့ပြီးသား ဖြစ်သည်။
အခု သူဟာ ပြန်ရတော့မည်ဖြစ်ပြီး ခွေးစာအချို့ကို ဝယ်သွားခဲ့ရင်း လက်ဆောင်အဖြစ် ပေးသင့်လေသည်။ ဟား ဟား ကြင်နာပေးရတာပေါ့။
လုဖုန်းက ပြောသည်။
“ကျွန်းပေါ်မှာ သင့်တော်တဲ့ လက်ဆောင်ဆိုင်တွေလဲ မရှိဘူး။ နောက်ပြီး လေဆိပ်မှာ အရုပ်ဆိုင် ရောင်းတယ်ဆိုတာ သိလိုက်ရလို့ လာခဲ့တာ”
ထိုနေရာတွင် တိရစ္ဆာန်ပစ္စည်း ရောင်းသောဆိုင်များ မရှိသော်လည်း အရုပ်ဆိုင်ရှိသည်။
မည်သို့ပင်ဆိုစေ ထိုခွေးသားသည်လဲ သားဖြစ်သေးလေသည်။ အရုပ်များက ငါးနှစ်ခြောက်နှစ်အရွယ် ကလေးများအကြိုက် ဖြစ်သောကြောင့် ခွေးများတွင်လဲ ကျော်ကြားသည်။
ဝေ့ရှောင်းက ရှက်သွားသည်။
“ငါက အဖေတစ်ယောက်အနေနဲ့ တကယ်ကို အသုံးမကျတာပဲ။ မင်းလိုမျိုး အဖေသစ်လောက်တောင် မတော်ဘူး”
လုဖုန်း၏ နှုတ်ခမ်းများက ကော့တက်သွားပြန်သည်။
“ဒီလိုဆိုရင် ငါ ဒီထက်ပိုပြီး ကောင်းကောင်း လုပ်ရတော့မှာပေါ့”
တရုတ်စကားပြောတတ်သော ဆိုင်လက်ထောက်လေးက ချောမောသော အာရှအမျိုးသားများ ဆိုင်ထဲသို့ ဝင်ရောက်လာကြောင်း မြင်သောအခါ ပျော်ရွှင်စွာဖြင့် လာမေးသည်။
“လူကြီးမင်းတို့ လူကြီးမင်းတို့ အသက် ဘယ်လောက်ရှိတဲ့ မိတ်ဆွေလေးအတွက် လက်ဆောင် ဝယ်သွားကြမှာလဲ”
ဝေ့ရှောင်းက တွေးလိုက်ပြီး လုဖုန်းကို ပြောသည်။
“ငါတို့ရဲ့ သားက ဒီနှစ်မှ နှစ်နှစ် မဟုတ်လား”
ဆိုင်လက်ထောက် ညီမလေး “???”
သား… ငါတို့ရဲ့ သားလို့ ပြောလိုက်တာလား။ မင်းတို့နှစ်ယောက်က…. သားရှိတာလား။
လုဖုန်းက မရှင်းပြပေ။
“အွန်း”
ဝေ့ရှောင်းက ဆိုင်လက်ထောက်ကို တောက်ပစွာ ပြုံးလျက် ကြည့်သည်။
“ခလေးက နှစ်နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့လည်း တော်တော်လေးတော့ မွှေနှောက် ဆော့ကစားနိုင်တယ်။ စက်ရုပ်လို ဟာမျိုး မရှိဘူးလား။ လျှပ်စစ်နဲ့ဆိုရင် အကောင်းဆုံးပဲ”
ဆိုင်လက်ထောက်၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဟာလဲ အလွန်မြင့်သည်။ ထိုအတွက်ကြောင့် တစ်ခဏခန့် မှင်သက်ပြီးရုံနှင့် ပြန်ဖြေနိုင်သည်။
“ခဏ ခဏ ခဏ စောင့်ပါ”
ထို့နောက်ပိုင်းတွင် ရှေ့ပြန် နောက်ပြန် လျှောက်ရှာပြီးနောက် လုဖုန်းက အကြီးဆုံး တစ်ခုကို ရွေးသည်။
ဝေ့ရှောင်းက အလွန်အံ့ဩသွားသည်။
“ဒါက ပရိုဂရမ်နဲ့တောင် လုပ်လို့ရတာပဲ။ သူ ဘယ်လိုကစားမှာလဲ”
ပဲပိစပ်သည် လျှောက်သွားတတ်ပြီး အလင်းများ ထုတ်တတ်သော စက်ရုပ်မျိုးကို သဘောအကျဆုံး ဖြစ်သည်။ ဒါပေမဲ့ ဒီလောက်အဆင့်မြင့်တာမျိုးကို ဒီခွေးသားက ဘယ်လိုဆော့မှာလဲ။
လုဖုန်း “ငါ အတူတူ ဆော့ပေးလိုက်မယ်”
ဝေ့ရှောင်းက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။
“ငါ ရှုံးပါတယ်။ မင်းက တကယ်ကို အဖေကောင်းပဲ”
126 05
ဆိုင်လက်ထောက် “…”
ဘုရားရေ သူတို့က အသက် ၂၀လောက်ပဲ ရှိသေးတာနော်။ ဒါတောင်မှ သားရှိနေပြီလား။
မဟုတ်သေးပါဘူး။ နှစ်ယောက်လုံးက ယောက်ျားတွေ။
သေချာပေါက်ကိုပဲ လောကမှာ တကယ် တော်တဲ့ အမျိုးသားတွေဆိုရင် အခြားအမျိုးသားတွေက လုသွားတတ်တာပဲ။
ဝေ့ရှောင်းက နားနေခန်းသို့ ပြန်လာသောအခါ လက်ထဲတွင် ကြီးမားသော လက်ဆောင်ဘူးကြီးကို ကိုင်လာနေသည်။ ရှောင်နင်က သတိထားမိသွားသည်။
“ဘယ်သူ့အတွက် လက်ဆောင်လဲ”
ဝေ့ရှောင်း “ပဲပိစပ်”
ရှောင်နင်က ချက်ချင်းလိုလို နားလည်သွားသည်။
“ဟုတ်သားပဲ။ ငါတို့ အကြာကြီး ထွက်လာတာ ငါတို့ ပြန်တဲ့အခါ လက်ဆောင်တော့ ဝယ်သွားသင့်တာပေါ့”
ချိုင်ကောသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော ကြွယ်ဝခြင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အလျောက် ထို့ကြောင့် အလွန်သဘောထား ကြီးသင့်သည်။ ထို့ကြောင့် သူဟာ လက်ဆောင်ဘူးကို ကြည့်ပြီး ပြောသည်။
“ငါ့ရဲ့ Soyကော အတွက်လား။ မင်း ဘာဝယ်လာတာလဲ ငါ ပေးမယ်။ ဦးလေးတစ်ယောက်အနေနဲ့ ငါ့ရဲ့တူကိုတော့ အလိုလိုက်ရမှာပေါ့”
ဝေ့ရှောင်းက သဘောကျသွားသည်။
“တကယ်လား”
ဒါက ခွေးအရုပ်ပဲ မဟုတ်ဘူးလား။ ဘူး အနေအထားအရ ခွေးကုတင် ထင်တယ်။
အများဆုံးမှ ခွေးကုတင်က သုံးရာ လေးရာလောက်ပဲ ကျမှာလေ။ ဒီချိုင်ကောက Porshe ကိုတောင် အနိုင်ရထားတာ ဒီပိုက်ဆံ သေးသေးလေးလောက်ကို ဂရုစိုက်နေမှာလား။
သူ တစ်ချိန်လုံး အရွက်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ညီအောင် နေနေလို့မှ မရတာ။
ချိုင်ကော “ဒါပေါ့ ငါ့ကို နံပါတ်ပြောလိုက် ငါ Wechat ကနေ လွှဲပေးလိုက်မယ်”
ဝေ့ရှောင်းက သူ့အား ဘောင်ချာကို ပြသည်။
ပိုင်ချိုင်က ချက်ချင်းလိုလို မှင်သက်သွားသည်။
“FUCK”
ဝေ့ရှောင်က မြေခွေးလို ပြုံးသည်။
“ခေါင်းဆောင် ရှင်းထားတာလေ။ မင်း ဒီအတိုင်း ခေါင်းဆောင်ဆီကို ပိုက်ဆံလွှဲလိုက်”
ထိုသို့ဖြင့် သူသည် ခေါင်းဆောင်ရှိရာဘက်သို့ မျက်လုံး မှိတ်ပြလိုက်သည်။
…ငါ ဘယ်လောက်တော်လဲ ကြည့်အုံး။ ပိုက်ဆံကိုတောင် ပြန်ရအောင် လုပ်နိုင်တယ်။
လုဖုန်း “…”
သူသည် အကြည့်ကိုသာ လွှဲသွားသည်။
ချိုင်ကော၏ လက်က တုန်သွားသည်။
“မင်းတို့ကောင်တွေ မင်းတို့တွေ…”
သူ ခေါင်းဆောင်ကို ဘာမှ မပြောရဲပေ။ ထိုအတွက်ကြောင့် စိတ်ထဲတွင်သာ အော်ဟစ်ရဲသည်။
မင်းတို့တွေ သောက်ကျိုးနည်း ရူးနေတာလား။ Husky တစ်ကောင်အတွက် ဒေါ်လာတစ်သောင်းနှစ်ထောင်တောင်တန်တဲ့ ဉာဏ်ရည်မြင့်စက်ရုပ်ကို ဝယ်လာတယ် ဟုတ်လား။
ပြန်ယူသွားပြီးရင် ဘာလုပ်မှာလဲ။
သူ ကစားနိုင်မှာလား။ ဒါမှမဟုတ် အား… ကစားတော့ ကစားနိုင်လောက်ပါတယ်…။
ဝေ့ရှောင်းက သူ့ကို ပြောသည်။
“မြန်မြန်လေး လေယာဉ်ပေါ် တက်ရတော့မယ်”
အရွက်ကောက သေချင်ယောင် ဆောင်နေသည်။
ဝေ့ရှောင်း “ဘာဖြစ်တာလဲ ဦးလေးနဲ့ တူအကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးက ဘာဖြစ်သွားတာလဲ”
ချိုင်ကော “ဆောရီးပါ အဲဒီလောက်ထိတော့ မနက်ရှိုင်းဘူး”
ဝေ့ရှောင်းက ရယ်ရင်း ဆဲသည်။
“မင်းက ဒေါ်လာတစ်သန်းကျော် ကားရထားတာနော်။ ဒါပေမဲ့ မင်းရဲ့ ဒီတူကြီးအတွက် ဒေါ်လာတစ်သောင်းနှစ်ထောင်တောင် မပေးနိုင်ဘူးလား”
ပိုင်ချိုင် “ငါ တွေးကြည့်ပြီးသွားပြီ။ ငါ မှားတာပါ။ တကယ်တော့ ငါ ဒီ Soy ကောရဲ့ ချစ်ခြင်းအတွက် ခေါင်းဆောင်နဲ့ မတိုက်ခိုက်သင့်ဘူး”
ဝေ့ရှောင်းက နှုတ်ခမ်းသပ်သည်။
“ငါတို့ရဲ့ ခေါင်းဆောင်ကို တစ်ချက်ကြည့်စမ်း။ နောက်ပြီး ငါတို့ရဲ့ အရွက်ကောကို ပြန်ကြည့်။ လူလူချင်း ယှဉ်ဖို့တောင် ရှက်တယ်”
ချိုင်ကောက နားကို ပိတ်ထားပြီး ဘာကိုမှ မကြားတော့ချေ။
ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဒီပိုက်ဆံ ထုတ်ပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ပိုက်ဆံ သုံးရာ ကျော်သွားပြီဆိုရင် ဒါက သူ့ရဲ့ အသက်ကို တောင်းသလို ဖြစ်နေပြီ။
လေယာဉ်ပေါ်သို့ တက်ပြီးနောက် ဝေ့ရှောင်းက First class မှ အခန်းများကို သဘောမကျတော့ချေ။
သူက လုဖုန်းရဲ့ ဘေးနားမှာ ထိုင်နေတာ ရှင်းနေတာ။ ဘာလို့ လက်ကိုတောင် ခိုးပြီး ကိုင်လို့ မရတာလဲ။
126 06
ဒီလောက်နေရာကြီးနေတော့ ဘာလုပ်ရမှာလဲ။
လူတွေက နီးနီးကပ်ကပ်ပဲ နေသင့်တာလေ။
လေယာဉ်ထဲတွင် လေးနာရီ ဗန်ကားပေါ်တွင် နှစ်နာရီခန့် ကြာပြီးနောက် ညကိုးနာရီတွင် သူတို့က Base သို့ ရောက်သွားသည်။
ဝေ့ရှောင်းက ကားထဲမှ ထွက်ခါစသာ ရှိသေးသည်။ Husky ၏ ပြေးခုန်လာသံကို ကြားလိုက်ရသည်။
ဗီလာတံခါးက ပွင့်သွားပြီးပြီးချင်း အဖြူအနက် ခွေးကြီးက ခုန်ထွက်လာသည်။
ပဲပိစပ်လေးက စိတ်အား ထက်သန်လွန်းနေကြောင်း မြင်သောအခါ ၁၅ရက်ပင် ခွဲနေသော အဖေတစ်ယောက်အနေနှင့် သူ၏ နှလုံးသားအတွင်းတွင် ပြင်းထန်လွန်းသော ဖခင်စိတ်က ယိုဖိတ်ကျလာကြောင်း ခံစားလိုက်ရသည်။
အား သူ့ရဲ့ ဒီခွေးသားက သူ့ကို တကယ် လွမ်းနေတာပဲ။
ပဲပိစပ်လေးက တောက်လျှောက် အပြေးလာသည်။ လေကြောင့် သူ၏ ရှည်လျားသော အမွှေးများကပင် လွင့်ခါနေ၏။ ထို့အပြင် သူ၏ တောက်ပသော မြူထုပြာရောင်မျက်ဝန်းအပြင် တစ်ကိုယ်လုံးမှ တက်ကြွမှုများက ပြင်းပြသော လွမ်းဆွတ်တောင့်တစိတ်ကို ဖော်ပြနေသည်။
ဝေ့ရှောင်းက နေရာတွင်သာ ရပ်လျက် လက်မောင်းကို ဖွင့်ပြီး စောင့်လိုက်သည်။
“Soy ကော”
ပဲပိစပ်လေးက အော်သည်။ ထို့နောက် နောက်ဖက်သို့ ခုန်အုပ်လိုက်၏။
ဝေ့ရှောင်း “???”
သူဟာ နောက်ကို လှည့်ကြည့်လိုက်သောအခါ … အား ဘယ်လောက်ကောင်းတဲ့ ကောင်လဲ။ သူ့ရဲ့ ဒီခွေးသားက သူ့ကောင်လေးကို မျက်စိကျနေတာ။
ပဲပိစပ်လေးက ပျံသန်းမတတ် ခုန်ပေါက် ရောက်ရှိလားသော်လည်း ဝေ့ရှောင်းကို မခုန်အုပ်ခဲ့လေဘဲ အနောက်ဖက်တွင် ရပ်နေသော လုဖုန်းထံသို့ သွားသည်။
ပဲပိစပ်လေးက အချောဆုံးတစ်ယောက်ကိုသာ ခုန်အုပ်လိုက်သည်။ ထို့နောက် သူက ကျေနပ်သွားသည်။
ဝေ့ရှောင်း “…”
ချိုင်ကော၊ ရှောင်နင်နှင့် လောင်ယွဲ့အပြင် ချန်းဖုန်းနှင့် ထန်ချန်းတို့ကပင် အော်ရယ်ကြသည်။
အရူးလေးဝေ့ ဒီလိုမျိုး စိတ်ပျက်လက်ပျက် ဖြစ်သွားတာကို မြင်ရဖို့ တော်တော်လေး ခက်ခဲတာ။ တော်တော်လေးကို ပုံမှန်မဟုတ်တဲ့ ပျော်ရွှင်စရာ ကိစ္စပဲ။
ဝေ့ရှောင်းက ဖိအားများသလို စိတ်ပျက်သွားသည်။
“ပဲပိစပ် မင်းတော်တော်လေးကို ရူးကြောင်ကြောင်နဲ့ မျက်နှာကို အသားပေးလွန်းတဲ့ ခွေး ဒီလောင်ဇီက မင်းကို နှပ်စားပစ်မှာ”
Soy … အစစ်အမှန် face con ခွေး…bean.. သူ၏ အမျိုးသား နတ်ဘုရား၏ ပွေ့ဖက်မှုအတွင်း ပျော်ရွှင်စွာ အော်ဟစ်နေသူ…
ဆိုးနွဲ့နေတဲ့ အကြည့်က တစ်ယောက်ယောက်ဆီကနေ အမွေဆက်ခံထားတဲ့ အတိုင်းပဲ။
******