127 01
မင်းနိုင်ရင် ငါမင်းကိုနမ်းမယ်၊ ငါနိုင်ရင် မင်းကငါ့ကိုနမ်း ဟုတ်ပြီလား
တရုတ်သို့ ပြန်ရောက်ပြီးနောက် နေ့ရက်များဟာ တိုတောင်းသထက် တိုတောင်းလာပုံ ပေါ်သည်။
ပုံမှန်seasonအတွက် အဖွင့်ပွဲရက်ကိုပင် သတ်မှတ်ပြီးလေပြီ။ အသင်းများအတွက် rostarကိုလည်း ဖွင့်ပြီးလေပြီ။
၁၄သင်းကို နှစ်ဖွဲ့ခွဲထားပြီး intra. gp circle ပုံစံနှစ်သုတ် ရှိနေမည်ဖြစ်ကာ ထိုနှစ်သုတ်ကို ပြီးဆုံးမှသာ နောက်ပိုင်းတွင် mix ပြန်လုပ်ထားသော gp circleတစ်ခုက ပြန်လည်ရရှိလာမည် ဖြစ်သည်။
ပုံမှန်seasonတစ်ခုက ၂လ ကျော်ခန့် ကြာမည်ဖြစ်ပြီး တစ်သင်းချင်းစီတိုင်းက ၁၉ပွဲ ကစားရပေလိမ့်မည်။
သူတို့က အားလုံးကို အနိုင်ရခဲ့လျှင် ၁၉မှတ်ဆိုသည့် အမြင့်ဆုံး scoreကို ရရှိနိုင်မည်။
လက်ရှိ တရုတ်ပြည်ပုံမှန်seasonအတွက် အမြင့်ဆုံး ဖြစ်နိုင်ချေsocreက 19မှတ်ဖြစ်သည်။ သို့သော် မည်သည့် ကလပ်ကမှ မရဖူးသေးချေ။
အတိတ်က FTWက ပုံမှန်seasonအတောတွင်း grand slamကို ရရှိခဲ့သည်။ သို့သော် ပြည်တွင်းပုံမှန်seasonက စနစ်ဟောင်းအတိုင်းသာ ကျင့်သုံးသေးလေရာ single intra.gp circleနှင့် 1 mixed gp circleတစ်ခုသာလျှင် ရှိနေသေးပြီး အားလုံးမှာ 13ပွဲသာ ရှိလေသည်။
ထိုအတွက်ကြောင့် နတ်ဘုရားများ teamက ဂိမ်းပွဲတိုင်းကို အနိုင်ရရှိခဲ့ပြီးသည့်တိုင်အောင် သူတို့သည် 13မှတ်သာ ရရှိခဲ့သည်။
ပုံမှန်seasonသည် bo3 ponitလုခြင်းစနစ်တစ်မျိုး ဖြစ်သည်။ ထိုအတွက်ကြောင့် ပြိုင်ပွဲများအားလုံး ပြီးဆုံးသွားပြီးနောက် gp နှစ်ခု၏ stats များက point rankingကို အခြေခံပြီး စုစည်းကာ အစဥ်လိုက် ဖော်ပြမည် ဖြစ်သည်။
Gpတစ်ခုချင်းစီတိုင်းမှ ထိပ်ဆုံးလေးသင်းက playoffsအတွင်းသို့ ဝင်နိုင်သည်။ playoffsများသည် ရက်စက်သော ထုတ်ပယ်ခြင်းစနစ်ဖြင့် ကျင်းပတတ်သည်။ ထို့ကြောင့် ရှုံးသွားလျှင် အားလပ်ရက် စောစောရသည်။ နိုင်သွားလျှင်မူ ဆက်လက်တိုက်ခိုက်ရပေမည်။ ချန်ပီယံရှစ်ကို အနိုင်ရသည်အထိ တိုက်ခိုက်ရမည် ဖြစ်သည်။
FTWသည်လည်း ပြိုင်ပွဲစနစ်နှင့် ပတ်သက်ပြီး အလွန်ရှင်းလင်းစွာ နားလည်ထားပြီးသား ဖြစ်သည်။
ဝေ့ရှောင်းသည်လည်း မထူးဆန်းနေပေ။ ၂၀၂၀ ပြည်တွင်းပြိုင်ပွဲကာလအတောအတွင်း သူသည် တစ်ချိန်လုံးနီးပါး ပိုင်ချိုင်ကို အဖော်ပြုပေးခဲ့သူ ဖြစ်သည်။
ပရိသတ်များက ချိုင်ကော၏ နောက်မှ junglerဘုရင်အကြောင်း ပြောသောအခါ သူတို့သည် ဝေ့ရှောင်းအကြောင်း ပြောနေကြခြင်း ဖြစ်သည်။
ပြည်တွင်းပြိုင်ပွဲက ကာလကြာရှည်သော စစ်ပွဲသဘောမျိုးဖြစ်ပြီး ပုံမှန်seasonကာလ အတောအတွင်းတွင်လည်း ထိုသို့ဖြစ်ကာ pointများကို အရယူရန်သာ မကသေးဘဲ လေ့ကျင့်ရန်လည်း လိုအပ်သေးသည်။
ထို့ကြောင့် ပြိုင်ပွဲကာလ ၂လကျော် ကျော်ဖြတ်ပြီးနောက်တွင် မည်သည့်proကစားသမားကမဆို ကြီးမားသည့် ပြောင်းလဲမှုကြီးကို ကျော်ဖြတ် ပြီးလောက်လေပြီ။
RR၏ moonlit၊ TPT၏ eurostar၊ 3U၏ Asleep. ...။
ထိုကစားသမားများသည် မဟာဆရာသခင်၏ ထုရိုက်ကာ အလဲထိုးမှုကို အရယူခံရပြီးသည့်တိုင်အောင် ပြိုလဲသွားကြခဲ့ခြင်း မရှိလေဘဲ ပြည်တွင်းပြိုင်ပွဲကို ကျော်ဖြတ်ပြီးရုံနှင့် အများကြီး တိုးတက်သွားကြသည်။
ပြည်တွင်းပြိုင်ပွဲထဲတွင်သာ ထိုကဲ့သို့သော အတွေ့အကြုံမျိုး မရှိခဲ့ပါက ဆောင်းတွင်းလေ့ကျင့်ရေးစခန်း ဖျော်ဖြေမှုတွင် ထိုမျှအထိ ထူးချွန်နေလိမ့်မည် မဟုတ်ပေ။
ဒီနှစ် တရုတ်နိုင်ငံ၏ ပြိုင်ပွဲရေးဇုံသည် ပြင်းထန်သန်မာလွန်းသော အရှိန်အဟုန်အပြည့်နှင့် ဖြစ်သည်။
ဝေ့ရှောင်းက စာရင်းကိုကြည့်ပြီး အလွန်ပျော်ရွှင်သွားသည်။
“အဖွင့်တိုက်ပွဲက ငါတို့နဲ့RRပဲ”
ချန်းဖုန်းက ခေါင်းညိတ်သည်။
“seasonအသစ်ကို စဖို့အတွက် ပထမနေရာနဲ့ runner upက စရတယ်”
ပုံမှန်season၏ ပထမနေ့မှ အဖွင့်ဂိမ်းသာဖြစ်သည်။
အဖွင့်ဂိမ်းဆိုကတည်းက ဖျော်ဖြေမှုပြိုင်ပွဲ ဖြစ်လေသည်။
အနိုင်အရှုံးက သူတို့၏ pointအပေါ် မသက်ရောက်ပေ။ နှစ်တစ်နှစ်၏ seasonအသစ်တစ်ခု စတင်ခါစအတွက် ဂိမ်းပွဲတစ်ပွဲသာ ဖြစ်လေသည်။
127 02
ကုန်လွန်ခဲ့သော နှစ်များတွင် ထိုကဲ့သို့သော ပွဲစဥ်မျိုးက ချန်ပီယံနှင့် runner upအကြားမှ ဖြစ်ခဲ့ဖူးလေသည်။
နိုင်ငံတစ်နိုင်ငံချင်းစီတိုင်း၏ ပြိုင်ပွဲအစီစဥ် တစ်ခုချင်းစီတိုင်းကို ချန်ပီယံနှင့် runner upက ဖွင့်ပေးလေ့ရှိသည်။
Globalပြိုင်ပွဲတွင်လည်း အလားတူသာလျှင်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံနှင့် runner upက ဖွင့်ရမည်ဖြစ်သည်။ ထိုစင်သည် သူတို့အပိုင်သာဖြစ်၏။
ဒီနည်းအားဖြင့် အတိတ်က အောင်မြင်မှုကို ကြွားဝါပြရာရောက်သလို starting pointတစ်ခုအသစ်လည်း ဖြစ်သောကြောင့် အတိတ်က ဝန်ထုတ်ဝန်ပိုးများကို ချထားခဲ့လျက် ခရီးလမ်းအသစ်ကို စတင်ရန်လည်း ရည်ရွယ်သည်။
2020တွင် တရုတ်နိုင်ငံ ပြည်တွင်းဇုံ၏ ချန်ပီယံက FTWဖြစ်ပြီး runner upက RRဖြစ်သည်။ 2021 တရုတ်ပြိုင်ပွဲရေးဇုံ၏ ပထမပွဲကလည်း သူတို့အကြားမှ ဖြစ်လေသည်။
ထိုသို့ဖြင့် ဆယ်ရက်ခန့် ကြာပြီးလျှင် ထိုပွဲက စတင်ပေလိမ့်မည်။
ယေဘူယျအခြေအနေကို ရှင်းပြပြီးနောက် ချန်းဖုန်းက ပြောသည်။
“မင်းတို့အတွက် အားလပ်ချိန် နောက်ဆုံးသုံးရက်ပဲ ရှိတော့တယ်”
FTWမှ အကောင်ငယ်လေး လေးကောင်က နားစွင့်လိုက်ကြသည်။
ချန်းဖုန်း၏ အေးစက်ပြီး လေးလံသောအကြည့်က တစ်ယောက်ချင်းစီကို ကျော်ဖြတ်လာပြီး အလေးအနက်ထားကာ ပြောသည်။
“ဒါက ဒီနှစ်ရဲ့ နောက်ဆုံးအားလပ်ရက်လည်း ဖြစ်တယ်၊ ဒီတော့ ကောင်းကောင်း အခွင့်ကောင်းယူပြီး ဖြေရှင်းကိုင်တွယ်ချင်တာတွေရှိရင် စောစောလုပ်ထားကြ၊ အဲဒီနောက် ငါတို့ ချန်ပီယံရှစ်မရခင်အထိ အားလပ်ချိန် မရှိတော့ဘူး”
ချိုင်ကောနှင့် ယွဲ့ဝမ်လဲ့တို့ကလည်း တွေ့ကြုံဖူးကြလေသည်။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြော၏။
“နားလည်ပါတယ်”
ရှောင်နင်ကလည်း စိတ်အားထက်သန်မှုများဖြင့် တောက်ပဆူပွက်နေသည်။ သူ၏အသံက အလွန်ကျယ်၏။
“သိပါပြီ”
ဝေ့ရှောင်းကသာ ထိုအားလပ်ရက်ကို စိတ်မဝင်စားချေ။ သူ၏အတွေးနှင့် နှလုံးသားက တစ်စုံတစ်ရာနှင့် ပြည့်နှက်နေခဲ့သည်။
အား သူကျောင်းဆိုင်းငံ့ဖို့အတွက် လျှောက်ရဦးမယ်။
ကလပ်က ကျောင်းကို ထိုဖောင်တင်ထားပြီးသားဖြစ်သည်။ သို့သော် သူသည် ကိုယ်တိုင် ကိုင်တွယ်ရဦးပေမည်။
သုံးရက်ထဲမှ တစ်ရက်ကိုရွေးပြီး ထိုကိစ္စကို သွားလုပ်ရပေမည်။
ဆိုင်းငံ့ခြင်းအတွက် တောင်းဆိုခြင်းက မခက်ခဲပေ။
ဝင်ခွင့်အမှတ် ၉၈၅ဖြင့် ရထားသော ကျောင်းသားတစ်ယောက်အနေနှင့် ထိုနေရာမှ ပြေးထွက်ပြီး proအဖြစ် ကစားနေခဲ့ခြင်းဟာ ဖော်ပြရန် ခက်ခဲလောက်သော်လည်း မြောက်ပိုင်းတက္ကသိုလ်မှ ထူးချွန်လွန်းသော ကျောင်းသားဖူလီသည်လည်း လမ်းကို ဖောက်ခဲ့ဖူးလေသည်။ ထိုအတွက်ကြောင့် သင်ကြားရေးတက္ကသိုလ်မှ ဝေ့ရှောင်းအနေဖြင့် ထင်သလောက် မထူးခြားတော့ပေ။
FTWသည် ဒီအကြောင်းအရာကိုသုံးပြီး ဝေ့ရှောင်း၏ အများပုံရိပ်ကို ဖန်တီးရန်လည်း မရည်ရွယ်ထားပါချေ။ ထိုအတွက်ကြောင့် အထူးတလည် မထုတ်ပြန် ကြေညာမထားပေ။
ဝေ့ရှောင်းက အိမ်ပြန်ရမည့် ကိစ္စကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။ မိဘလက်မှတ်သာ လိုအပ်ခဲ့လျှင် သူသည် သေချာပေါက် တွေ့ရတော့ပေမည်။ ဝေ့ချွမ်ပင်ဖြစ်စေ လီဆုအတွက်ပင်ဖြစ်စေ သူသည် မည်သူ့ကိုမှ မမြင်ချင်ပေ။
သူ့အဖွား ရှိနေခဲ့တဲ့အချိန်က သူ သူတို့နဲ့ ပတ်သက်ပြီး ဘာမှ မမျှော်လင့်ခဲ့ဘူးဆိုရင် သူ့အဖွား သေသွားပြီးတဲ့နောက်မှာတော့ ဒီမိဘတွေအပေါ် လုံးဝအေးစက်သွားပြီ။
ဖခင်အချစ် မိခင်အချစ်နှင့် ပတ်သက်လာသော် ဝေ့ရှောင်းအတွက် သူတို့၏ မိသားစုဆိုင်ရာ ဆက်ဆံရေးက အဖွားဖြစ်သူ သေဆုံးသွားသော ရက်ကတည်းက အဆုံးသတ်သွားပြီ ဖြစ်သည်။
ဝေ့ချွမ်နှင့် လီဆုတို့က သွေးသားချင်းတော်စပ်သော်လည်း သူစိမ်းများသာဖြစ်သည်။
သူတို့ကို လူစုခွဲခိုင်းပြီးနောက် လူတိုင်းက ခရီးဆောင်အိတ်များကို သိမ်းလျက် အိမ်သို့ ရက်အနည်းငယ်ခန့် ပြန်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ချိုင်ကောက သူ၏အဝတ်အိတ်များကို သိမ်းနေရင်း သီချင်းပင် ညည်းနေသေးသည်။
ဝေ့ရှောင်းကလည်း မပျော်ရွှင်ပေ။ သို့သော် အတတ်နိုင်ဆုံး ကြိုးစားပြီး တစ်ဖက်သူကိုပါ မြေမြှုပ်ရန် ဆုံးဖြတ်လိုက်သည်။
“ဘာလို့ မင်းရဲ့ဒေါ်လာ၆၆၀၀၀တန် ခရီးဆောင်အိတ်ကို မသယ်သွားတာလဲ”
127 03
ချိုင်ကော၏ အရွက်များထဲမှတစ်ခုက 66000တန် ခရီးဆောင်အိတ်ဖြစ်ပြီး ချန်ပီယံရှစ် ရသွားသောကြောင့် သူ့ကိုယ်သူ ဆုပေးထားခြင်း ဖြစ်သည်။ brand နာမည်ပါသော ခရီးဆောင်အိတ်ကြီး ဖြစ်သည့်အလျောက် အလွန်ဈေးကြီးကာ အလွန်အဆင့်အတန်း မြင့်သည်။
ပိုင်ချိုင်က မျက်လုံးလှန်သည်။
“မင်း ဘာနားလည်လို့လဲ၊ ငါ့အမေ မွေးထားတဲ့ အဲဒီကြက်သိုက်နဲ့ဆိုရင် ငါ ငါ့ရဲ့ဒီချစ်စရာလေးကိုသာ ပြန်သယ်သွားခဲ့ရင် ကြက်ချီးတွေပဲ ပြည့်သွားလိမ့်မယ်”
ချိုင်ကောသည် လွန်ခဲ့သောနှစ်နှစ်အတွင်း ပိုက်ဆံ လုံလောက်အောင် စုဆောင်းနိုင်ခဲ့ပြီး ရွာတွင် သူ၏မိဘများအတွက် စံအိမ်အကြီးကြီးကို တည်ဆောက်ထားသည်။
ကံဆိုးသည်မှာ မားမားပိုင်က လယ်ယာစိုက်ပျိုးရခြင်းအား သဘောကျသည့်အတွက် စံအိမ်၏ ဥယျာဥ်က ရာသီအရွက်ပင်များနှင့် ပြည့်နှက်သွားသည်။ ထို့အပြင် သူမသည်လည်း ထိုခြံဝန်းထဲတွင်ရှိသော ရေကူးကန်ကို ပြန်လည်မွမ်းမံပြင်ဆင်လျက် ကြက်ခြံ ပြောင်းလိုက်သည်။
ပိုင်ချိုင်သည် ကြွယ်ဝမှုအဆင့်အတန်းမြင့်မားမှု အပြည့်နှင့် အိမ်ကို ပြန်သွားခဲ့သော် သူ၏ဒေါ်လာသန်းချီတန်သော စံအိမ်ကြီး၏ ခြံဝန်းကြီးက ကြီးမားသော စိုက်ခင်းခြံကြီးဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ပြိုလဲကျပြီး ဝေ့ရှောင်းကို နာရီဝက်ခန့် အော်ညီး ခဲ့သေးသည်။
ဝေ့ရှောင်းကလည်း ရယ်ချင်စိတ်ကို ဖိနှိပ်ထားသည်။
“မင်းရဲ့သာ့ကောကြီး မြင်နိုင်အောင် vdဖွင့်လိုက်”
အရွက်ကောကလည်း vdဖွင့်ပေးသည်။
ဝေ့ရှောင်းက တစ်ချက်သာကြည့်ပြီး အော်ရယ်သည်မှာ ဘဲငန်းအော်သံနှင့်ပင် တူသေးသည်။
အရွက်ကောက ဖော်ပြရန်ခက်ခဲလောက်အောင် ဒေါသထွက်သွားသည်။
“မင်း သောက်ကျိုးနည်း နည်းနည်းလေး စာနာသနားပေးလို့ ရမလား”
ဝေ့ရှောင်းက ရယ်လွန်းသဖြင့် အသက်ပင် မရှူနိုင်ပေ။
“ဒါက ဒီလောက် ကောင်းတာ၊ အသက်စွမ်းအားတွေ အပြည့်ပဲ”
အသက်စွမ်းအားများ ပြည့်နေရုံသာ မကသေးလေဘဲ ကြက်ချေးနံ့ ဝက်စာနံ့နှင့် ကျွဲချေးနံ့များပင် နံသေးသည်။
ထိုအကြောင်း သတိရသွားသောအခါ ဝေ့ရှောင်းက သဘောကျသွားပြီး ချိုင်ကော၏ ပခုံးကို ပုတ်သည်။
“မင်း လုပ်နိုင်ပါတယ်”
ချိုင်ကောက သူ့ကိုကြည့်သည်။
“မင်းက ဘယ်လို လုပ်မှာလဲ”
သူသည် ဝေ့ရှောင်း၏ အခြေအနေကိုသိသည်။ ဝေ့ရှောင်း၏ အပြုံးက အနည်းငယ် ပျောက်ကွယ်သွား၏။
“ရပါတယ်”
ချိုင်ကောက တစ်ချက်တွေးလိုက်သည်။
“ငါမင်းနဲ့ လိုက်ခဲ့ရင်ဘယ်လိုလဲ”
ပိုင်ချိုင်က ရှေ့ပြန်နောက်ပြန် တွေးလိုက်မိသည်။ သူသည် ထိုသားရဲကောင်ကို မစိုးရိမ်ဘဲ မနေနိုင်ပေ။
ဝေ့ရှောင်းက ဘာကိုမှ မစိုးရိမ်သလိုမျိုး ပုံစံဖြစ်နေတယ်ဆိုပြီးတော့ မတွေးနဲ့နော်။ အဲဒီ နှလုံးသားမဲ့တဲ့ သူ့ရဲ့မိဘတွေနဲ့ ပတ်သက်လာတဲ့ ကိစ္စမျိုးဆိုရင် သူ့ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတတ်တယ်။
ပိုင်ချိုင်က အလွန် စိုးရိမ်နေမိသည်။
ဝေ့ရှောင်းကလည်း သူ၏ရှားပါးသော အားလပ်ရက်ကို ဖြုန်းတီးလိုစိတ် မရှိချေ။ ထို့ကြောင့် တစ်ချက်သာ ကြည့်လိုက်သည်။
“မင်းက ကားမောင်းတတ်လား”
ပိုင်ချိုင်..
“....”
ဝေ့ရှောင်း...
“ငါ့လောက် အရပ်ရှည်လား”
ပိုင်ချိုင်..
“....”
ဝေ့ရှောင်း၏အသံက ဂရုမစိုက်သလိုသာ ဖြစ်သည်။
“အရင်ဦးဆုံးအနေနဲ့ မင်းက ကား မမောင်းတတ်ဘူး၊ ဒုတိယတစ်ချက်အနေနဲ့ ငါ့လောက်လည်း မတိုက်ခိုက်နိုင်ဘူး၊ ဒါတောင် မင်းက ငါနဲ့အတူ လိုက်ခဲ့ချင်သေးတယ် ဟုတ်လား၊ မင်း ဘာတွေးနေတာလဲ၊ ငါ့ရဲ့မိသားစုက gloryရဲ့ တောင်ကြားမှ မဟုတ်တာ”
သူ၏စကားလုံးများကို ပြောင်းလိုက်ပြီးနောက် ဝေ့ရှောင်းက ပျော်ရွှင်စွာပြော သည်။
“ငါ ခေါင်းဆောင်ကိုပဲ အဖော်ပြုပေးဖို့ ပြန်မေးလိုက်မယ်”
ချိုင်ကော...
“.....”
ငါက မင်းကို အလဟဿစိုးရိမ်မိတဲ့ အရူးတစ်ယောက်ပါပဲ။
ချိုင်ကောကို ထိုသို့ချော့မြူကာ ပို့ဆောင်လိုက်ပြီးနောက် ဝေ့ရှောင်းက ခေါင်းဆောင်ကို သွားရောက်မေးမြန်းရန် အမှန်တကယ် ရှက်နေမိသည်။
127 04
ခေါင်းဆောင်က baseကို ပြန်လာကတည်းက အလုပ်များနေတာ။ တစ်မနက်ခင်းလုံးတောင် မတွေ့ရသေးဘူး။
ဝေ့ရှောင်း၏ ဟက်စကီး၏ နဖူးကို ပွတ်ရင်း ရေရွတ်သည်။
“မင်းရဲ့အဖေက မင်းကို မလိုချင်တော့ဘူး”
တိရစ္ဆာန်လေးကလည်း သူနှင့် ပူးပေါင်းပေးသည်။
“အူး”
ဝေ့ရှောင်းက နဖူးကို ခေါက်သည်။
“မင်းရဲ့အဖေက မင်းကို မလိုချင်တော့ဘူး။ ဒါပေမဲ့ သူက ငါ့ကို လိုချင်တယ်”
ပဲပိစပ်လေး၏ မျက်လုံးက အပြစ်ကင်းစင်မှုအပြည့်နှင့် ပြူးသွားသည်။
“အာဝူး”
[ဒီအချိန်မှာ ငါ့အဖေ ဘာတွေးနေလဲဆိုတာကို ဘယ်သူက သိမှာလဲ]
FTW ခြောက်လွှာ....။
တစ်မနက်ခင်းလုံး အလုပ်များနေသော လုဖုန်းက သူ၏ပခုံးကို အသာလှုပ်ခါလိုက်သည်။ သူ၏မျက်ခုံးများကလည်း ကျုံ့သွားသည်။
ဘေးဘက်ခြမ်းတွင်ရှိသော ရှန်းလျိုက သူ၏လှုပ်ရှားမှုကို မြင်သောအခါ စိုးရိမ်တကြီး မေးသည်။
“မင်း ခဏလောက် မနားချင်ဘူးလား”
လုဖုန်းက ခေါင်းခါသည်။
“ရပါတယ်”
ရှန်းလျိုက စိုးရိမ်နေသည်။
“မင်း ဒီလဝက်ကျော်လုံးလုံး ကုသမှု ခံယူထားရတာ မဟုတ်ဘူး၊ မင်း.....”
လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။ ရှန်းလျိုက ပါးစပ်ပိတ်သွားသည်။
လုဖုန်းက fileများကို တစ်ချက်ငုံ့ကြည့်သည်။
“ငါ ဘာလုပ်နေလဲ ငါသိတယ်”
အဖြစ်အပျက်ကို သိသည့် တစ်ယောက်တည်းသောသူဖြစ်သည့် ရှန်းလျိုက စိုးရိမ်စိတ်များပြီး ကြောက်လန့်နေတတ်သည်။
သူသည်လည်း ပြောချင်သည်။ သို့သော် မပြောရဲပေ။
မပြောရဲသည့်တိုင်အောင် စိုးရိမ်နေရသေးသည်။
FTWအနေဖြင့် ဒီလိုဝန်းကျင်အသစ်မျိုးကို ရရှိရန် မလွယ်ကူခဲ့ပေ။ Closeသာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့သော်....။
အကျိုးဆက်အားလုံးသည် ကြောက်စရာ ကောင်းသည်။
ရှန်းလျိုက တွေးတောင်မတွေးရဲပေ။
သူတို့ သုံးနှစ်လုံးလုံး စည်းခံလာခဲ့တာ။
အစပိုင်းတွင် ဘာမှမဟုတ်ရာက ယခုလိုလက်ရှိ ပြည်တွင်းချန်ပီယံပင် ဖြစ်လာစေခဲ့သည်အထိ ဖြစ်သည်။
ရှန်းလျိုသည်လည်း ဆောင်းတွင်းလေ့ကျင့်ရေးစခန်းမှ သူ၏လုပ်ဆောင်မှုမှတ်တမ်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့သည်။ ဝေ့ရှောင်းက FTWသို့ ဝင်ရောက်ပြီးနောက် outlookတစ်ခု ဖြစ်လာလေပြီး လူတိုင်းကို မျှော်လင့်ချက် အလင်းတန်းအသစ်အား မြင်စေခဲ့သည်။
သုံးနှစ်....။
Proကစားသမားတွေအတွက် သုံးနှစ်က ဘယ်လောက် များနိုင်မှာလဲ။
လုဖုန်းသည် အကြာကြီး စောင့်ပြီးလေပြီ။ ......တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ရ၏။
သူတို့သည်လည်း တောက်ပသော ရွှေရောင်ဖလားကို လိုအပ်သည်။ အဆုံးအစမဲ့သော အောင်မြင်မှုများကို ကိုယ်စားပြုသည့် ကမ္ဘာ့ဖလားကြီးကို လိုအပ်သည်။ ထိုသို့ အရေးအကြီးဆုံးသော အချိန်တွင် အမှားအယွင်းရှိ၍ မရပေ။
သို့ရာတွင်....ရှန်းလျိုက ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားသည်။ သို့သော် မနေနိုင်ဘဲ ပြောလိုက်၏။
“ပုံမှန်seasonက နှစ်လကျော်ကြာမှာ၊ နောက်ပြီး playoffတွေက လာဦးမှာ၊ နောက်ပြီး ပြည်တွင်းချန်ပီယံရှစ်....”
ဒီပြိုင်ပွဲအချိန်ဇယား၏ သိပ်သည်းလွန်းသောအဆင့်က အလွန်မြင့်မားသည်။
ပွဲများက ဆက်တိုက်ရှိနေရုံသာ မကသေးလေဘဲ သူတို့၏လေ့ကျင့်ရေးmatch upများကလည်း ဘိုကင်အပြည့်နှင့် ဖြစ်သည်။ ချန်းဖုန်းက ပြောထားသလိုမျိုး အဓိကseasonကြီး စတင်သည်နှင့် starterကစားသမားများအတွက် ဆက်တိုက် လှည့်ပတ်ကာ ကြိုးစားနေရမည် ဖြစ်လေသည်။ သူတို့က ဖယ်ထုတ်ခံရခြင်း မရှိသမျှ အနားယူ၍ မရနိုင်ပေ။
မရေမတွက်နိုင်သော ကျန်းမာရေးကောင်းသည့် ကစားသမားများကပင် ဒီဒဏ်ကို မခံနိုင်လေရာ လုဖုန်း၏ ပခုံးဆိုလျှင်.....။
ရှန်းလျိုက အံကို ကြိတ်သည်။
“မင်း စနစ်တကျ ကုသမှုခံယူလိုက်တာ အကောင်းဆုံးပဲ၊ ဒီနှစ် FTWက သေချာပေါက် globalပြိုင်ပွဲကို ဝင်မှာ၊ အချိန်ကျလာတဲ့အခါ မင်း individualမှာရော teamပြိုင်ပွဲမှာရော ကစားရမှာပဲ၊ အဲဒီအခါ ဘယ်လိုများ....”
သူသည် စကားလုံးများကို ထိန်းလိုက်သည်။ အဆုံးထိ မပြောခဲ့ချေ။ သို့သော် လုဖုန်း၏ မျက်မှောင်က ကြုတ်သထက် ကြုတ်သွားသည်။
“ရှန်းလျို”
ရှန်းလျို...
“.....”
လုဖုန်း..
127 05
“ထွက်သွား”
အဆုံးသတ်တွင်မူ ရှန်းလျိုက ဆက်လက်ပြီး မဖျောင်းဖြ ရဲတော့လေဘဲ သက်ပြင်းချကာ ထွက်သွားလိုက်ရသည်။
ရုံးခန်းကြီးထဲတွင် မည်သူမှ မကျန်ရစ်တော့သောအခါ လုဖုန်းက မတ်တပ်ထရပ်လျက် ပြတင်းပေါက်အရှေ့တွင် ရပ်သည်။
ပြတင်းပေါက်၏ အပြင်ဘက်တွင် FTW base၏ တောင်ကြားဥယျာဥ်ကြီး ဖြစ်သည်။ ဒီဇိုင်နာက glory၏ တောင်ကြားပုံစံကို ပြန်လည်ဖန်တီးပေးထားပြီး ဂိမ်းပွဲအတွင်းမှ မြေပုံကို အစစ်မှန်ပုံစံသို့ ပြောင်းလဲပေးခဲ့သည်။
တောက်ပလွန်းသော အစိမ်းရောင်မြက်ခင်းပြင်များ၊ ကြီးမားလွန်းသော ခုခံခြင်း မျှော်စင်များနှင့် အနီအပြာ သလင်းတုံးများအားလုံးက အသီးသီးသော စခန်းတိုင်းကို ကိုယ်စားပြုသည်။
သလင်းတုံးက ပေါက်ကွဲသွားရင် ဂိမ်းက အဆုံးသတ်ပြီ။
တိကျသေချာတဲ့ ဖောက်ခွဲမှုနဲ့ matchပွဲတွေ ဘယ်လောက်များ အဆုံးသတ်သွားမှာလဲ။
လုဖုန်းက ပြတင်းပေါက်အပြင်ဘက်သို့ မျက်တောင်မခတ်ဘဲ ကြည့်သည်။ ရှန်းလျို၏ စကားလုံးများက စိတ်ထဲ ဟိန်းထွက်လာပြန်၏။
“အချိန်ကျလာတဲ့အခါ မင်းက individualရော teamပြိုင်ပွဲတွေရော ကစားရမှာလေ”
Individualနှင့် teamပြိုင်ပွဲသာ မဟုတ်ချေ။ doubleဂိမ်းပွဲကလည်း ရှိသည်။
ထိုလူငယ်၏ ကြည်လင်ပြီး ရှင်းလင်းသောအသံက သူ၏နှလုံးသားအတွင်းတွင် ပဲ့တင်ထပ်နေသေးသည်။
“ခေါင်းဆောင် ငါတို့ဒီနေ့ doubleအတွက် စာရင်း သွင်းလိုက်ရမလား”
“ငါတို့က ကင်ဆွန်းဟွန်းနဲ့ လီဟယ်ယန်ထက် အချင်းချင်းနားလည်မှုရှိမှာပဲ”
“singleချန်ပီယံရှစ်ကလည်း ငါတို့အပိုင်ပဲ၊ doubleချန်ပီယံရှစ်ကလည်း ငါတို့အပိုင်ပဲ၊ 5v5ကလည်း ငါတို့အပိုင်ပဲ”
“ချန်ပီယံရှစ်သုံးခုလုံးကို တစ်သုတ်တည်း ဆွဲချရအောင်၊ တစ်သုတ်တည်းဆွဲချလိုက်ရင် တခြားသူတွေကိုနည်းနည်း အနိုင်ကျင့်သလို မဖြစ်သွားဘူးလား”
“ဘာပဲဖြစ်ဖြစ်ပါ ဒီတိုင်း အနိုင်ကျင့်တာပေါ့”
လုဖုန်းက ခေါင်းကိုငုံ့လျက် လက်သီးကို ညင်သာစွာဆုပ်လိုက်သည်။ သူ၏လက်ချောင်းထိပ်များက ထုံထိုင်းလာပြီး နာကျင်မှုက သူ၏တံတောင်ဆစ်မှ စတင်လျက် ပခုံးတောက်လျှောက် အပ်ဖြင့်ထိုးသလိုမျိုး ပျံ့နှံ့သွားသည်။
သူသည် လက်ကို အသာ ဖြေလျှော့လိုက်သည်။ သူ၏နဖူးတွင် ချွေးစီးများပင် စိမ့်ထွက်လာ၏။
ဝေ့ရှောင်းက သေလောက်အောင် ပျင်းနေသည်။ သူသည် ဟက်စကီးကို ဘေးဘက်သို့ တွန်းထိုးလဲနေရင်း အဆင့်တက်ဂိမ်းပွဲကို ဝင်တိုးကစားရန် ပြင်ဆင်နေခဲ့ချိန်တွင် ဖုန်းကမြည်လာသည်။
ဝေ့ရှောင်းက ဖုန်းကို ခပ်မြန်မြန် ကောက်ယူလိုက်သည်။ ခေါ်သူကို မြင်သည်နှင့် ပြုံးလိုက်၏။
လုဖုန်း “အသင်း အထဲမှာလား”
“ငါ အခုလေးတင် လေ့ကျင့်ရေးအခန်းကိုသွားမလို့၊ ခေါင်းဆောင် ခေါင်းဆောင် အလုပ်တွေပြီးသွားပြီလား”
သူသူ့ကို လွမ်းနေပြီ။
လုဖုန်း..
“အွန်း ငါ လာရှာမယ်”
ဝေ့ရှောင်း...
“ကောင်းပြီ”
ဝေ့ရှောင်းက မူလကမူ အဖွဲ့လိုက် လေ့ကျင့်ရေးခန်းထဲသို့ သွားရန် ဦးတည်ထားခြင်း ဖြစ်သည်။ ယခုအခါ....ဒါပေါ့ သူ double training ကွင်းကိုပဲ သွားတာပေါ့။
အား FTWရဲ့ baseက တကယ်ကောင်းတာပဲ။ double training ခန်းကတောင်မှ တော်တော်လေးချိုတဲ့ကိစ္စတွေ လုပ်လို့ရတယ်။
ဝေ့ရှောင်းက အခန်းထဲသို့ ဝင်ရောက်ကာ ဆက်တိုက် ရှိနေသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။ ထို့ကြောင့် တံခါးနောက်တွင်ပုန်းရင်း အသက်ရှူသံကိုပါ ဖုံးကွယ်ထားလိုက်သည်။
တံခါးက ပွင့်သွားသည်။ လုဖုန်းက ဝင်လာသည်။
လေ့ကျင့်ရေးခန်းထဲတွင် မည်သူမှမရှိပေ။ သို့သော် လုဖုန်းကမူ ဝေ့ရှောင်း၏ ဖုန်းက စားပွဲပေါ်တွင်ရှိကြောင်း သတိထားမိသဖြင့် နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် ဘန်းခနဲမြည်သံနှင့်အတူ တံခါးက ပိတ်သွားသည်။
လုဖုန်းက တစ်ဖက်သို့လှည့်လျက် တံခါးအနောက်ဘက်တွင် ပုန်းနေသော ဝေ့ရှောင်းကို ကြည့်လိုက်သည်။
ဝေ့ရှောင်းက အံ့သြသွားသည်။
“မင်း....အွန်း”
သူ ဒီမှာပုန်းနေမှန်း ဘယ်လိုသိတာလဲ။
သူ၏မေးခွန်းကပင် မဆုံးသေးခင် လုဖုန်းက သူ၏ခါးတစ်ဝိုက်ကို လက်မောင်းဖြင့် သိုင်းဖက်လျက် နမ်းရှိုက်လေသည်။ ဝေ့ရှောင်းကလည်း ထိုအရာ၊ဒီအရာကို စိုးရိမ်မနေတော့ချေ။ သူ၏ခန္ဓာကိုယ်က တစ်ဖက်သို့ ကပ်သွားလေပြီး အလျင်လက်ဦးမှု ယူကာ ပြန်လည်နမ်းရှိုက်လိုက်သည်။
နှစ်ယောက်က လူစုခွဲလိုက်ချိန်တွင် ဝေ့ရှောင်း၏ပါးက နီရဲနေသည်။
“ငါ ဒီလိုနှုတ်ဆက်တာမျိုးကို အရမ်းကြိုက်တယ်”
သူ၏ ရိုးရှင်းမှုက သေလောက်အောင် ချစ်စရာကောင်းသည်။ သူသည် တွေ့ဆုံချိန်တိုင်းလိုလို နမ်းရှိုက်ရန်ပင် မျှော်လင့်မိသေးသည်။
လုဖုန်းက သူ့ကိုကြည့်သည်။
“soloချင်လား”
127 06
ထိုစကားကို ကြားသောအခါ ဝေ့ရှောင်း၏မျက်လုံးက တောက်ပသွားသည်။
“အခုလား”
လုဖုန်း..
“အင်း”
ဝေ့ရှောင်းက မှင်တက်သွားသည်။
“ငါက ဘာလို့ မလိုချင်ရမှာလဲ၊ အိပ်မက်ထဲမှာဆိုရင်တောင် လိုချင်တယ်”
လုဖုန်း၏ အသံတိုးတိုးက အလိုလိုက်မှုအပြည့်နှင့်ဖြစ်သည်။
“ငါနောက်သုံးရက်အတွင်း အားတယ်၊ ဒီတော့ မင်းကြိုက်သလောက် soloပေးလို့ ရတယ်”
ဝေ့ရှောင်းက ရုတ်တရက် အံ့အားသင့်ဖွယ်ကောင်းသော အံ့အားသင့်မှုကြောင့် မှင်တက်သွားသည်။
“ငါ ကြိုက်သလောက်လား”
လုဖုန်း..
“အင်း မင်း ကြိုက်သလောက်”
ဝေ့ရှောင်းက စိတ်လှုပ်ရှားလွန်းသဖြင့် အပေါ်သို့ ခုန်တက်လိုက်သည်။
“ခေါင်းဆောင်”
လုဖုန်းကလည်း သူ့ကိုဖက်သည်။
“အင်း”
ဝေ့ရှောင်းက သူ၏မျက်နှာနှင့် တစ်ဖက်သူ၏ လည်တိုင်ကို ပွတ်သပ်ရင်း ပြောသည်။
“ဒါက ချစ်ကျွမ်းဝင်သွားတဲ့နောက်မှာ ရရှိတဲ့အကျိုးအမြတ်လား”
လုဖုန်း...
“မဟုတ်ဘူး”
ဝေ့ရှောင်းက လွှတ်ပေးလျက် သူ့ကိုကြည့်သည်။ လုဖုန်းက သူ့ကိုနမ်း၏။
“ဒါပဲ”
ဝေ့ရှောင်း၏ နှလုံးသားထိပ်က ယားယံသွားသည်....fuck။
သူ အနှေးနဲ့အမြန် ခေါင်းဆောင်ကြောင့် သေအောင်အစွဲဆောင်ခံရမှာပဲ။
ဝေ့ရှောင်းက ထိုတစ်ညနေလုံး အလွန်ပျော်သွားသည်။
ရိုးရှင်းစွာပင် ဆိုလိုရင်းကလည်း သူ့ကို စိတ်လှုပ်ရှားစေသည်။ သို့သော် ပို၍ပင်ကောင်းမွန်သည့်အရာက ရှိနေသေး၏။
“ခေါင်းဆောင် ငါတို့ soloရုံတင် မဟုတ်ဘူး၊ ဆုလည်း လိုသေးတယ်”
“ဘာဆုလဲ”
“ဥပမာအနေနဲ့ မင်းနိုင်ရင် ငါမင်းကိုနမ်းမယ်၊ ငါနိုင်ရင် မင်းငါ့ကိုနမ်း ဟုတ်ပြီလား”
ထိုစကားကိုပြောပြီးနောက် ဝေ့ရှောင်းကလည်း သူသည် ဉာဏ်ကောင်းသလို ခံစားလိုက်ရ၏။ သူသည် သူ့ကိုယ်သူပင် 9999ကြိမ်ခန့် လက်မ ထောင်ပြချင်သွားသည်။
လုဖုန်းက အသာရယ်ရင်း ပြောသည်။
“နည်းနည်း ပြောင်းလိုက်”
ဝေ့ရှောင်း...
“????”
လုဖုန်းက အလွန်အမင်း လေးနက်သောလေသံဖြင့် တဖြည်းဖြည်းချင်းစီ ပြောသည်။
“ငါ နိုင်မယ်ဆိုရင် ငါမင်းကိုနမ်းမယ်၊ မင်းနိုင်မယ်ဆိုရင် မင်းငါ့ကိုနမ်း”
သူသည်လည်း စကားလုံးသာ ဖြစ်သော်လည်း စကားလုံးများကို ရှေ့ပြန်နောက်ပြန် ပြောင်းလိုက်ရုံဖြင့် တခြားတစ်ယောက်က ပြောသောအခါ သက်ရောက်မှုဟာ ခြားနားသွားသည်။
ဝေ့ရှောင်းက ရှက်သွားပြီး နှလုံးသားက ခုန်လှုပ်သွားသည်။
“ခေါင်းဆောင်”
လုဖုန်း...
“အင်း”
ဝေ့ရှောင်းက သူ့ကိုစသည်။
“ခေါင်းဆောင် ခေါင်းဆောင်ရဲ့အလှကို သုံးပြီး လိုချင်တာကို ရအောင် လုပ်ခွင့်မပြုဘူးနော်”
ဒါက သူ့ရဲ့ လုပ်နိုင်စွမ်းရည်အပေါ် အများကြီး သက်ရောက်မှုရှိတယ်။
Soloတစ်ပွဲက နာရီဝက်ခန့် ကြာသည်။ ကစားပြီးနောက် နှစ်ယောက်လုံးက ၅မိနစ်ခန့် ဆော့ကစား လိုက်ကြသည်။
မျက်တောင်တစ်ခတ်အချိန်အတွင်း ကောင်းကင်က မှောင်လာသည်။ ဝေ့ရှောင်းကလည်း သူ မစတင်ရသလိုမျိုး ခံစားရ၏။
လုဖုန်းက သူ့ကိုဖက်လျက် ပေါင်ပေါ်တွင် တင်သည်။
“ဗိုက်ဆာပြီလား”
ဂိမ်းတစ်ပွဲ ရှုံးပြီးထားသလို မျက်နှာနီရဲသည်အထိ အနမ်းခံထားရသော ဝေ့ရှောင်း..
“မဆာပါဘူး”
လုဖုန်းက သူ၏အတွေးကို သိသည်။
127 07
“ညစာစားပြီးမှ ဆက်မယ်”
ဝေ့ရှောင်းက ချက်ချင်းဆိုသလို စကားကို ပြောင်းပြောသည်။
“ဗိုက်ဆာပြီ”
လုဖုန်းက သူ့ကို ခေါ်သည်။
“သွားစားရအောင်”
နှစ်ယောက်က ည၁၁နာရီအထိ တောက်လျှောက် soloလိုက်ကြသည်။
ဝေ့ရှောင်းကလည်း ကျေနပ်သွားသည်။
“ခေါင်းဆောင် ခေါင်းဆောင် စောစောထရဦးမှာ၊ သွားအိပ်တော့”
Soloခြင်းပင်ဖြစ်စေ နမ်းရှိုက်သည်နှင့်ပင်ဖြစ်စေ ပတ်သက်လာလျှင် အရာအားလုံးကို သင့်တော်စွာကိုင်တွယ်ရန် လိုအပ်သည်။ ဝေ့ရှောင်းကလည်း အလျင်မလိုပါပေ။
လုဖုန်းက မေးသည်။
“မsoloတော့ဘူးလား”
ဝေ့ရှောင်း၏ နှလုံးသားက မဟာ့မဟာ ယားယံလာသည်။
“ငါတို့ ဆက်လုပ်လို့ရသေးလား”
လုဖုန်း...
“ရတာပေါ့”
ဝေ့ရှောင်း..
“.....”
အား ခေါင်းဆောင်က သူ့ကိုအပျော်လွန်ပြီး သေအောင်လုပ်နေတာပဲ။
တစ်နာရီခန့်ကြာပြီးနောက် ဝေ့ရှောင်းက လုဖုန်းအတွက် ရင်နာလာသည်။ ထိုအတွက်ကြောင့် ဆက်ပြီး မကစားတော့ချေ။
အတိတ်တွင် သူက ငယ်ရွယ်ပြီး မိုက်မဲသောကြောင့် ၄၈နာရီဆက်တိုက် soloခဲ့သည်။ ယခုအခါ နေ့ရက်များဟာ ကြာရှည်သည်။ သူသည် တိုတောင်းသော ကာလအတွက် စိုးရိမ်တကြီးစောင့်ရန် မလိုအပ်တော့ပေ။
လုဖုန်းကလည်း သူ၏အခြေအနေကို မြင်သဖြင့် ဂိမ်းမှထွက်လိုက်သည်။
ဝေ့ရှောင်းက esport ကုလားထိုင်ပေါ်တွင် အကြောသေသွားသလို လဲနေသည်။ သူသည် အချိန်အတန်ကြာအောင် စိတ်လှုပ်ရှားပြီးနောက် ပင်ပန်းနွမ်းနယ် လာသည်။
လုဖုန်းက ရေတစ်ငုံခန့်သောက်ပြီးနောက် သူ့ကို ခပ်တိုးတိုးခေါ်သည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက ပျင်းရိစွာ ပြန်ဖြေသည်။
“အင်း”
လုဖုန်းက ဖန်သားပြင်ပေါ်မှ gloryဆိုသော စကားလုံးကို ကြည့်ရင်း ပြောသည်။
“မင်း ဒီနှစ် singleပြိုင်ပွဲကို ကိုယ်စားပြုလိုက်”
ကလပ်တစ်ခုစီမှ လူတစ်ယောက်သာလျှင် ဝင်ပါနိုင်မည်ဖြစ်သည်။ သူဟာ FTWသို့ ဝင်ရောက်ခဲ့သော နေ့ကစပြီး ဝေ့ရှောင်းကလည်း singleပြိုင်ပွဲအတွက် လက်မှတ်ထိုးရန် မစဥ်းစားထားပေ။
အားလုံးကလည်း လုဖုန်းကသာ အကောင်းဆုံးပြိုင်ပွဲဝင်ဖြစ်ကြောင်း သိနေကြသည်။ သူသည် ချန်ပီယံရှစ် 3ကြိမ်ဆက်တိုက် ရထားဖူးပြီး သံသယဝင်ရန် မလိုလောက်အောင် soloနှင့်ပတ်သက်လျှင် နံပါတ်၁ ဖြစ်လေသည်။
ဝေ့ရှောင်းက နားကြားမှားသည်ဟုပင် တွေးလိုက်မိသည်။
“ဘာ”
လုဖုန်းက သူ့ကိုခေါင်းလှည့်ကြည့်သည်။
“ဒီနှစ် singleပွဲမှာ မင်း စာရင်းသွင်းလိုက်”
ဝေ့ရှောင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းမှ အပြုံးက ပျောက်ကွယ်သွားပြီး ကျောကမတ်သွားသည်။
“ဘာလို့လဲ”
******