128 01
ဒီလောင်ဇီက တကယ်ကို သူတော်စင်ပဲ
လုဖုန်း၏ ပခုံးအခြေအနေကို မည်သူကမှ လုဖုန်းထက်ပိုပြီးမသိနိုင်ပေ။
ရှန်းလျို၏ ပူပန်မှုများကလည်း ကျိုးကြောင်းသင့်တော်သည်။ သို့သော် အဓိပ္ပါယ်မဲ့သည်။
ယခုနှစ်များအတောအတွင်း FTWသည် လုဖုန်း မရှိဘဲ ဘာမှမလုပ်နိုင်ခဲ့ပေ။ closeက လဲချပစ်ရန် မဆိုထားဘိ။ သူ၏ပခုံးဒဏ်ရာအကြောင်း သိသွားရုံနှင့် သက်ရောက်မှုက မြေကမ္ဘာကိုပင် တုန်ခါစေလောက်လေသည်။
တခြားအရာများကို ထည့်မပြောလျှင်ပင် capital divestment ဖြစ်သွားခြင်းကတင် FTWကို နစ်မြုပ်သွားစေရန် လုံလောက်နေသည်။
လွန်ခဲ့သော သုံးနှစ်ကာလအတောအတွင်း FTWသည် 5v5 ပြိုင်ပွဲတွင် global round trip လုပ်နေခဲ့ရသည်။
သူတို့က သူတို့ရဲ့လက်ရှိ scaleအချိန်အထားမျိုးကို တိုးတက်အောင် ဘယ်လိုလုပ်ရမှာလဲ။
သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု ပလတ်ဖောင်းနှင့် လက်မှတ်ထိုးကြေး တအားမြင့်နေခဲ့တာ ဘာလို့လဲ။
နောက်ပြီး သူတို့က စပွန်ဆာတွေရဲ့ အကြိုက်ဆုံးဖြစ်နေတာ ဘာလို့လဲ။
အကြောင်းပြချက်က တစ်ခုတည်းသာရှိသည်။
Close။
ကမ္ဘာ့ mvp ကစားသမားသည် FTW၏ ခေါင်းဆောင် ဖြစ်နေသည်။
ထိုအခြေအနေက သူတို့၏ ပါတနာတိုင်းကို စိတ်အေးအောင် ပြင်းထန်လွန်းသောဆေး ထိုးသွင်းထားသလိုမျိုး တည်ငြိမ်နေစေခဲ့ခြင်းဖြစ်သည်။
ကလပ်တစ်ခု၏ တန်ဖိုးသည် သူတို့၏ရလဒ်နှင့် ကစားသမားအပေါ် မူတည်သည်။ အချင်းချင်းက မှီခိုနေရပြီး ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်ပေ။
ရလဒ်များကို ထိန်းသိမ်းထားရန် လိုအပ်သည်။ ကစားသမားများက ရွှေ့လျား၍ရ၏။ capitalဘက်ခြမ်းကိုလည်း ထည့်သွင်းစဥ်းစားပေးရသေးသည်။
FTWကသာ ခြားနားလေသည်။ ကစားသမားတစ်ယောက်က တာဝန်ခံပုဂ္ဂိုလ်ဖြစ်နေသည်။ ထိုသို့ဖြင့် နောက်ခံ၂ထပ်က closeနှင့် FTWကို တွဲချည်ထားသလိုဖြစ်နေသည်။
နှစ်ခုလုံးကချည်နှောင်လျက်သား ဖြစ်နေပြီး လုံခြုံမှုလည်းရှိသည်။
Closeသည် ဘယ်သောအခါမှ FTWကို ထားသွားမည် မဟုတ်ချေ။ ထိုအခြေအနေကြောင့် အသင်း၏ လုပ်ဆောင်မှုက မည်သို့ဖြစ်နေစေကာမူ ကြီးမားသောတန်ကြေးကို သယ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
FTWက ကုန်လွန်ခဲ့သော နှစ်များအတွင်း တောက်လျှောက် မောင်းနှင်နိုင်ခဲ့သည်မှာလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်လောက်သည်။
ပရိသတ်များသည် မဟာမိစ္ဆာဘုရင်ကြီးက ကလပ်ကို တစ်ယောက်တည်း ထိန်းကိုင်ထားသည်ဟု ပြောရခြင်းအား သဘောကျသည်။ ထိုအခြေအနေက ချဲ့ကားပြောထားခြင်း မဟုတ်ဘဲ အချက်အလက် မှန်ကန်နေခြင်းဖြစ်သည်။
Closeသည် FTWအတွက် အရေးကြီးလွန်းသည်။ အရေးပါလွန်းသဖြင့် လုဖုန်းက စိတ်လိုက်မာန်ပါ မလုပ်ရဲလောက်အောင် ဖြစ်စေသည်။
Esportကစားသမားများအတွက် အကြီးမားဆုံးသော ကပ်ဘေးက အလုပ်အကိုင်ကြောင့် ဖြစ်သော ရောဂါမျိုးဖြစ်သည်။
ပြင်းထန်လွန်းသော လေ့ကျင့်မှုများနှင့် လေ့ကျင့်ခန်းလိုအပ်ချက်များ ရှိလာသောအခါ အသွေးအသားဖြင့် လုပ်ထားသော ခန္ဓာကိုယ်က တစ်စုံတစ်ရာ မမှားယွင်းဘဲ မနေပေ။
ကလက်အများစုသည် rebabလုပ်ပြီး prefessional များနှင့် နှိပ်နယ်မှုများ ပြုပေးလေ့ရှိသည်။ seasonတစ်ခု စတင်ပြီးနောက် ကစားသမားများက နေ့တိုင်းလိုလို ကြိုတင်ကာကွယ်သော ဇီဝကုထုံးများကို လုပ်လေ့ရှိကြသည်။
သို့တိုင်အောင် နှစ်တိုင်းလိုလို ဒဏ်ရာအများအပြား ရရှိကြသေးသည်။
Esportသည် အင်အားအလွန်ကုန်ဆုံးစေသည်။ သေးငယ်သောအမှားကတင် ဂိမ်းပွဲတစ်ခုလုံးကို သက်ရောက်သွားနိုင်သည်။
ဒဏ်ရာရသွားတဲ့ ကစားသမားတွေက ဘာလို့စပြီး ဆုတ်ယုတ်လာတာလဲ။
128 02
သူတို့ရဲ့ စီမံလည်ပတ်ပုံ operation skillက သူတို့၏အတွေးကို အမီမလိုက်နိုင်သောကြောင့်သာ မဟုတ်လေဘဲ သူတို့၏ စိတ်အခြေအနေက ပြိုလဲကျသွားသောကြောင့်သာ ဖြစ်သည်။
လီဟယ်ယန်က တိမ်ပေါ်မှ ပြုတ်ကျခဲ့သည်။
သူ့အနေနဲ့ ဘာလို့ မတ်တပ်ထရပ်ဖို့ တအားခက်ခဲနေတာလဲ။
အကြောင်းမူကား သူ၏ယုံကြည်မှုနှင့် သတ္တိတိုင်းက ကုန်ဆုံးသွားသောကြောင့် ဖြစ်သည်။
သူ၏ လက်ကောက်ဝတ် မှဒဏ်ရာက သူ့ကို အများကြီး သက်ရောက်သွားသည်။ သူ၏ပရိသတ်များကို ပို၍ကြီးမားစွာ သက်ရောက်သွားစေ၏။
သူ့ကို ရူးသွပ်စွာချစ်သော ပရိသတ်များက မရေမတွက်နိုင်အောင် များပြားသည်။ ထိုအခြေအနေကြောင့်လည်း မရေမတွက်နိုင်သော လူပေါင်းများစွာက ရင်ကွဲနာကျရ၏။
အင်တာနက်တစ်ခွင်လုံးအနှံ့ အော်ဟစ်နေသော အသံများက နှလုံးသားကို တုန်ယင်စေလောက်သည်။ မရေမတွက်နိုင်သော စကားလုံးများက သူတို့၏ ကိုယ်ပိုင်အသက်က အဆုံးသတ်တော့မလိုမျိုး ပြောဆိုနေခြင်းကလည်း ကစားသမားများအပေါ် ဖိအားပေးရာ ရောက်သည်။
“သူ့ကို အပြစ်မတင်ပါနဲ့။ သူ့ရဲ့လက်ကောက်ဝတ်က နာကျင်နေတာ”
“သူက စစ်သည်တော်တစ်ယောက်လွဲသွားတယ်၊ အရင်လီဟယ်ယန်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”
“ရတယ် ရတယ် ခေါင်းဆောင်လီ၊ ငါတို့အမြဲတမ်း မင်းကိုချစ်မှာပါ”
ကောင်းတာဆိုးတာ စာနာသနားတာ လှောင်ပြောင်ပြောဆိုတာ နှစ်သိမ့်ပေးတာ အနိုင်ကျင့်တာ.....။
အရာအားလုံးက တူညီသည်။
သူတို့သည် အချက်အလက် တစ်ခုတည်းကို ဖော်ပြ၏....။
လီဟယ်ယန် မင်း နေမကောင်းဘူး။
လုဖုန်းကသာ တစ်ယောက်တည်းဆိုလျှင် ထိုအရာများကို ထင်သလောက် ကြောက်မနေပေ။
သူ၏ပခုံးပေါ်တွင် ရှိသောထိုအလေးချိန်က မည်မျှလေးလေး သူ ဆက်ရပ်နေနိုင်သည်။
ကံဆိုးသည်မှာ သူ၏အနောက်တွင် FTWတစ်ခုလုံး ရှိနေသည်။ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ပြီးနောက် FTWက တစ်ဖန်ပြန်လည်ပြီး ထရပ်နိုင်ခဲ့၏။
ထိုFTWသည် သန်မာသည်ဟု ထင်ရသည်။ အမှန်အတိုင်းပြောရသော် ပါးလျသော စက္ကူထက်ပင် ပျက်စီးလွယ်နေသေးသည်။
အများအမြင် ထင်မြင်ချက်တစ်ခုက သူတို့၏ ကိုယ်ပေါ်သို့ ဖိချလာသောအခါ လုဖုန်းအပေါ်သာ သက်ရောက်လိမ့်မည် မဟုတ်လေဘဲ FTWတစ်ခုလုံးအပေါ်သို့ တက်ရောက်ပေလိမ့်မည်။
ထိုအတွက်ကြောင့် လုဖုန်းသည် ဘာကိုမှ မလုပ်နိုင်သည့် အခြေခံအချက်ဖြစ်သည်။
သူတို့သည် သုံးနှစ်ဆက်တိုက် ပြင်ဆင်ခဲ့ရင်း သုံးနှစ်ဆက်တိုက် စောင့်စားခဲ့ပြီး သုံးနှစ်ဆက်တိုက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြသည်။
ချန်းဖုန်း၊ ထန်ချန်း၊ ရှန်းလျိုနှင့် .....winnerများအပါအဝင် မရေမတွက်နိုင်သော ပရိသတ်များက သူတို့ကိုချစ်ခင်လျက် စောင့်ဆိုင်းနေခဲ့သည်။ သူတို့အားလုံးက FTW၏ အရှိန်အဟုန်အပြည့်နှင့် ပြန်လာမည့်အချိန်ကို မျှော်လင့်နေကြခြင်း ဖြစ်သည်။
ယခုလိုအခြေအနေမျိုးတွင် လုဖုန်းက closeအား တစ်စုံတစ်ရာဖြ စ်ခွင့်ပြု၍ မရပေ။
ဆောင်းတွင်းလေ့ကျင့်ရေးစခန်းတွင် လုဖုန်းက ခန်းမအခြေအနေကြောင့် ဇီဝကုထုံးနှင့် ချိန်းဆိုမှုများ မလုပ်နိုင်ခဲ့ပေ။
အိမ်သို့ ပြန်ရောက်ပြီးနောက် သူသည် ဇီဝကုထုံးအချိန်ဇယားကို တင်းကြပ်ပြီး ညှိယူခဲ့ရသည်။ ထို့အပြင် လုံလောက်အောင် လေ့ကျင့်ခဲ့ပြီး5v5 ကစားခြင်းက ပြဿနာ မရှိနိုင်ပေ။
သို့သော် soloပြိုင်ပွဲအတွက်ကမူ...။
လုဖုန်းသည် ထိုအခြေအနေအား ဝေ့ရှောင်းကိုလွှဲပေးလိုသည်။
ဝေ့ရှောင်းက soloကို သဘောကျသည်။ soloရာတွင်လည်း တော်၏။ သူသာ skillကို အတန်ငယ် အမွှန်းတင်နိုင်ခဲ့မည်ဆိုလျှင် ဒီနှစ်ရလဒ်ကောင်းများကို သေချာပေါက် ရပေလိမ့်မည်။
Doubleအတွက်ကမူ...။
ဝေ့ရှောင်းနှင့် ပိုင်ချိုင်ကလည်း doubleကစားရန်အတွက် အလွန်သင့်တော်သည်။ သို့ရာတွင် ဝေ့ရှောင်းက ဘာလို့လဲဟု မေးလာချိန်တွင် ထိုအရာများကို မပြောနိုင်တော့ပေ။
ဝေ့ရှောင်း၏ နှုတ်ခမ်းထောင့်စွန်းများက တင်းကြပ်သွားသည်။ သူ၏ တောက်ပသော အနက်ရောင်မျက်ဝန်းများက အနည်းငယ် မှေးမှိန်သွားပြီး အသံကလည်း တိတ်ဆိတ်သွားသည်။
“ဒီနှစ် ယွမ်ဇယ်နဲ့ ကင်ဆွန်းဟွန်းတို့ကလည်း စာရင်းသွင်းကြမှာ၊ သူတို့က မင်းနဲ့ soloချင်တယ်၊ ဒါပေမဲ့ မင်းက မပြိုင်တော့ဘူးလား”
လုဖုန်း...
“.....”
ဝေ့ရှောင်းက သူ့ကိုကြည့်သည်။ သူသည်လည်း တည်ငြိမ်သော မျက်နှာထားအနောက်မှ သူ၏အစစ်အမှန် ခံစားချက်ကို မြင်ချင်သည်။
“မင်းလည်း အမြဲတမ်း မျှော်လင့်စောင့်စားနေခဲ့တာ၊ မဟုတ်ဘူးလား၊ မင်းလည်း သူတို့နဲ့ တကယ် တိုက်ခိုက်ချင်ခဲ့တယ် မဟုတ်လား”
နတ်ဘုရားများအသင်းဟောင်းသည် မရေမတွက်နိုင်သော နောင်တများကို ချန်ထားရစ်ခဲ့သည်။
128 03
Closeသည် FTWတွင် ရှိနေသော်လည်း တခြားသောသူတိုင်းက လမ်းခွဲလျက် အသီးသီးသော နေရာသို့ ဆုတ်ခွာသွားခဲ့ကြသည်။
သူတို့သည် သူတို့၏ ကျန်ရစ်နေသေးသော အပြစ်မကင်းစိတ်နှင့် မသက်မသာဖြစ်သော ခံစားချက်များကြောင့် အသင်းဖော် မဖြစ်နိုင်ချေ။ ထို့အပြင် ပြိုင်ဘက်လည်း မဖြစ်နိုင်ခဲ့ပေ။
Closeသည် နောက်တွင် အချန်ထားခံခဲ့ရသူ ဖြစ်သည်။ closeက အမေ့ခံခဲ့ရ၏။ closeသည် အသိအမှတ် ပြုခံရလိုနေသည်။
သူ၏ သုံးနှစ်တာ singleချန်ပီယံရှစ်ဆိုသောဘွဲ့က ဒီနှစ်soloဂိမ်းပွဲကို မီနိုင်လိမ့်မည် မဟုတ်ပေ။
ဝေ့ရှောင်းကလည်း လုဖုန်း မပြိုင်ချင်ဟု မယုံကြည်ပေ။
ယွမ်ဇယ်၊ ကင်ဆွန်းဟွန်း၊ ရှဲ့ဟယ်.....။
သူ ဒီလူတွေဆီမှာ သူ့ကိုယ်သူ သက်သေ မပြချင်ဘူးလား။
ဆက်လက်ပြီး ဆွဲထားရန် ဆုံးဖြတ်ခဲ့သော close ၊ နောက်တွင် ကျန်ရစ်ခဲ့သော close၊ ဆက်နေပြီး FTWကို ကာကွယ်ပေးခဲ့သော close သူသည် သူ၏ယုံကြည်မှုနှင့် လက်ခံထားသော အခြေအနေတိုင်းကို သူ၏ခွန်အားဖြင့် သက်သေပြချင်နေခြင်း ဖြစ်လောက်သည်။
သုံးနှစ်ဆက်တိုက် စောင့်ဆိုင်းပြီး နောက်ဆုံးတွင် ရရန်မလွယ်သော အခွင့်အရေးမျိုး ရရှိလာခဲ့ပြီးနောက်တွင် သူသည် မည်သည့်အတွက်ကြောင့် လက်လျှော့ချင်နေမှန်း နားမလည်နိုင်ပေ။
ဝေ့ရှောင်း၏ တောင့်တင်းနေသောအသံက အနည်းငယ် တုန်ယင်နေသည်။
“ခေါင်းဆောင် ခေါင်းဆောင် ငါ့အတွက် ဒီလိုလုပ်ပေးဖို့ မလိုပါဘူး”
လုဖုန်း၏နှလုံးသားက တုန်ယင်သွားသည်။ သူသည် နူးညံ့သော လက်ကိုင်အရိုးရှည်သော အထုခံလိုက်ရသလို ခံစားလိုက်ရသည်။
မနာဘူး။ ဒါပေမဲ့ ထုံထိုင်းသွားတယ်။
ဝေ့ရှောင်း၏ နှာခေါင်းထိပ်က ကျိန်းစပ်လာသည်။ သူ၏ မျက်လုံးများက အနည်းငယ် နီလာ၏။
“ငါ စင်ဂယ်ပြိုင်ပွဲမှာ ဝင်မပါချင်ဘူး၊ ငါဒီတိုင်း မင်းနဲ့ပဲ soloရတာကို သဘောကျတယ်”
သူသည် ရှေ့ပြန်နောက်ပြန် တွေးကြည့်သည်။ ထိုအကြောင်းပြချက်သာ ရှိလောက်သည်။
Singleပြိုင်ပွဲတွင် နေရာကန့်သတ်ချက် ရှိသည်။ ကလပ်တစ်ခုတွင် လူတစ်ယောက်တည်းသာ စာရင်းသွင်းနိုင်သည်။
လုဖုန်းက စာရင်းသွင်းခဲ့သော် ဝေ့ရှောင်းက ဝင်မပြိုင်နိုင်တော့ပေ။ ခေါင်းဆောင်က သူ့ကို ထိုအခွင့်အရေးအား ပေးလိုနေသည်။
ဒါပေမဲ့....။
ဝေ့ရှောင်းက အနီးကပ်ပင် မှီလာသည်။
“ငါ မင်းပြိုင်တာကိုပဲ ကြည့်ချင်တာ၊ မင်း ယွမ်ဇယ်နဲ့ပြိုင်ပြီး အနိုင်ရတာ၊ ကင်ဆွန်းဟွန်းနဲ့ပြိုင်ပြီး အနိုင်ရတာ၊ အဲဒီလိုနဲ့ ချန်ပီယံရှစ် ရသွားတာကိုပဲ ငါ ကြည့်ချင်တာ”
လုဖုန်းက သူ၏အိပ်မက်ကို ဖြည့်စည်းပေးခြင်းထက် လုဖုန်းကိုယ်တိုင်က ဒီတန်ဖိုးအတွက် ဝန်ခံသွားခဲ့ပြီးနောက် သက်တံ့ရောင်များကို မြင်နိုင်ခဲ့ခြင်း အတတ်နိုင်ဆုံးကြိုးစားပြီး နောင်တ မကျန်ရစ်ခဲ့ခြင်းကိုသာ မြင်ချင်လေသည်။
ဖော်ထုတ်၍မရသော မပြီးဆုံးသေးသော စကားလုံးများက သူ၏ နှလုံးသားထဲမှ ထွက်လာသော အသံတစ်ခုအသွင် ပြောင်းလဲလျက် လုဖုန်း၏ နှလုံးသားအောက်ခြေသို့ တိုက်ရိုက်စီးဝင်သွားသည်။
လုဖုန်းကလည်း ကြားသည်။
“ငါ....”
လုဖုန်း၏အသံက အနည်းငယ် သြရှသွားသည်။ သူ၏ စကားလုံးတိုင်းကို လည်ချောင်းထဲမှ ဖျစ်ညှစ်နေရပုံ ပေါ်သည်။
“ငါက အသင်းပြိုင်ပွဲကို ပိုပြီးတန်ဖိုးထားတယ်၊ ငါတို့တွေ 5v5မှာလည်း တွေ့နိုင်တာပဲ”
ဝေ့ရှောင်းက သူ၏လက်ကို ကောက်ယူလိုက်ပြီး သူ၏ပါးနှင့် ပွတ်ကာပြောသည်။
“မင်း လိမ်နေတာ”
လူငယ်၏ ကြောင်တစ်ကောင်ကဲ့သို့ အပြုအမူနှင့် အရာအားလုံးက လုဖုန်း၏ အရံအတားတိုင်းကို ချိုးဖြတ်ပစ်သည်။
ဝေ့ရှောင်းက သူ့ကို ကြည့်သည်။
“ခေါင်းဆောင်”
လုဖုန်း..
“အင်း”
ဝေ့ရှောင်း..
“မင်း ငါ့ကို ဂရုစိုက်မှန်း ငါသိတယ်၊ ဒါပေမဲ့ ငါလည်း မင်းကို ဂရုစိုက်တာပဲ”
လုဖုန်း...
“....”
ဝေ့ရှောင်း..
“မင်းဒီနှစ်စာရင်းသွင်းလိုက်လေ၊ ငါနောက်နှစ် စာရင်းသွင်းမယ် ဟုတ်ပြီလား”
128 04
လုဖုန်း၏ လျှာဖျားထိပ်မှ စကားလုံးများကို ထုတ်မပြောနိုင်တော့ပေ။ သူသည်လည်း သူ့အပေါ် ကောင်းလွန်းသောလူများကို စိတ်မပျက်စေလိုပေ။
ဝေ့ရှောင်း၏ နှလုံးသားပေါ်သို့ ဖိချထားသော ဝေဝါးမှုက အနည်းငယ် ပျောက်ကွယ်သွားသည်။ သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူသည် လုဖုန်းနှင့် ဆိုးနွဲ့သလိုပင် ပြုမူလာသေးသည်။
“မင်းဒီနှစ်ကိုတော့ လွဲချော်လို့မရဘူးနော်၊ ခွေးအိုကြီးယွမ်က အသက် ဘယ်လောက်ဖြစ်နေပြီလဲ၊ သူ ဒီနှစ်ကစားပြီး အနားယူလောက်တာပဲ၊ အဲဒီလိုဖြစ်လာတဲ့အခါ မင်းသူ့ကို ဘယ်မှာသွားရှာပြီး ထုရိုက်လို့ရတော့မှာလဲ”
ဝေ့ရှောင်းက ပြောလေလေ သူ၏စကားလုံးများက အကျိုးအကြောင်းသင့်လေလေဟု ခံစားရလေလေ ဖြစ်သည်။
“ငါတို့ သူ့ကို အရမ်းထောင်လွှားခွင့် ပြုလို့မရဘူး၊ သူက အသက် ၁၇နှစ်မှာ soloချန်ပီယံ ဖြစ်နေတုန်းပဲ၊ မင်းသာ ဒီနှစ် သူ့ကို မနိုင်ဘူးဆိုရင် သူက ကမ္ဘာ့နံပါတ်၁ soloချန်ပီယံ ဖြစ်နိုင်တယ်လို့ တွေးနေတော့မှာ”
“မင်းသူ့ကို နေ့ခင်းကြောင်တောင် အိပ်မက်မက်ခွင့် ပြုလို့မရဘူး”
လုဖုန်းက သူ့ကို မော့ကြည့်သည်။
“သူ့ကို မြန်မြန်နိုးထပြီး အသိဝင်သွားအောင် လုပ်ရမှာ”
ထိုစကားကို ကြားပြီးနောက် လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးသွားသည်။
“မင်းလည်း သူ့ကို နိုင်နိုင်တယ်”
ဝေ့ရှောင်းက မပျော်မရွှင် ဖြစ်သွားပြန်သည်။
“ဒါက ဘယ်လိုတူမှာလဲ”
လုဖုန်း...
“....”
ဝေ့ရှောင်းက လည်ချောင်းကို ရှင်းလိုက်ပြီး သူ့ကိုယ်သူ ရှင်းပြသည်။
“ငါက သူ့ကို မကြောက်ပါဘူး။ အေး ဒီအတိုင်း မင်းတို့ကောင်တွေ တစ်ကြိမ်ထဲမှာပဲ တစ်ချိန်တည်း ကိစ္စအားလုံးကို ဖြေရှင်းလိုက်သင့်တယ်”
ကိစ္စတွေ ဖြေရှင်းရမယ်။
အရင်နတ်ဘုရားများအသင်းသည် သူတိုအကြားတွင် ဖြေရှင်းစရာကိစ္စများ အမှန်တကယ် ရှိသည်။
သို့မဟုတ်လျှင် ယွမ်ဇယ်နှင့် ကင်ဆွန်းဟွန်းတို့က သုံးနှစ်ဆက်တိုက် singleပြိုင်ပွဲတွင် စာရင်းမသွင်းဘဲ နေခဲ့လိမ့်မည်မဟုတ်ပေ။
လုဖုန်းက အကြည့်ကို မျက်လွှာချလိုက်သည်။
ဝေ့ရှောင်း၏ မျက်လုံးက တောက်ပသွားသည်။
“မင်း မကြိုးစားကြည့်ဘဲ ဆံပင်ခွဲချင်တာတော့ မဟုတ်ပါဘူးနော်”
လုဖုန်းက သူ၏လက်ကိုကိုင်သည်။
“ဒီကိုလာ”
ဝေ့ရှောင်း၏ အပြုအမူက ရင်းနှီးလွန်းစွာနှင့် တစ်ဖက်သူ၏ လည်ပင်းကို ပွေ့ဖက်လိုက်သည်။
လုဖုန်းကလည်း သူ၏ခါးကို ပွေ့ဖက်လိုက်သည်။ သို့သော် မနမ်းရှိုက်လေဘဲ မေး၏။
“ဝေ့ရှောင်း”
ဝေ့ရှောင်း...
“ဟင်”
လုဖုန်းက ခပ်တိုးတိုးပြောသည်။
“ငါမင်းကို သဘောကျတယ်”
ဝေ့ရှောင်း..
“!”
ဘာလို့ရုတ်တရက် ဝန်ခံနေတာလဲ။
သူ၏နှလုံးသားက ရင်ဘတ်ထဲကနေတောင် ထွက်တော့မလို့။
လုဖုန်းက သူ၏အနားသို့ ကပ်လာပြီးနောက် အလွန်အမင်းတိုးကာ ဆွဲဆောင်မှုရှိသော လေသံမျိုးဖြင့် ပြောသည်။
“ငါမင်းကို သဘောကျတယ်”
ဝေ့ရှောင်း၏ မျက်နှာက ရဲသွားသည်။
“ခေါင်းဆောင်”
လုဖုန်း..
“အင်း”
ဝေ့ရှောင်းက သူ့ကို တစ်ချက်နမ်းရင်း ပြောလိုက်သည်။
“မင်းကအရင် ငါ့ကို ဖျားယောင်းတာနော်”
ခေါင်းဆောင်က အရမ်းအရမ်း ကောက်ကျစ်တာပဲ။
ဝေ့ရှောင်းသည် အလွန်များပြားလွန်းသော.... ချိုမြိန်ပြီး ပျားရည်စမ်းထားသော အနမ်းများကို လက်ခံရရှိလိုက်သည်။ သို့သော် ထိုညတွင် အိပ်မက်ဆိုး မက်နေသေး၏။
128 05
သူ၏အိပ်မက်ထဲတွင် သူသည် တံခါးအပြင်ဘက်တွင်ရပ်ရင်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသည်။ သို့သော် ဝင်၍မရသလို ထွက်၍လည်း မရပေ။
အပြင်တံခါး၏ အပြင်ဘက်က ချောက်ကမ်းပါးဖြစ်သည်။ အတွင်းပိုင်းကမူ ဘာမှမရှိပေ။
ဝေ့ရှောင်းက တံခါးဘောင်ကို စိတ်ပျက်အားငယ်စွာ ကိုင်ထားသည်။ သို့သော် သူသည် မည်သည့်အရာကို ကြိုးကြိုးစားစား လုပ်ဆောင်နေကြောင်း နားမလည်တော့ပေ။
သူ၏အရှေ့တွင် ချောက်ကမ်းပါး ရှိသည်။ သူ၏အနောက်ဘက်တွင် မှောင်မည်းနေသော ငရဲရှိသည်။
တကယ်ပဲ သူဘာကိုဆုပ်ကိုင်ထားတာလဲ။
သူက အိပ်မက်မှ နိုးလာသောအခါ ဝေ့ရှောင်း၏နဖူးက ချွေးစေးများ ရွှဲနေသည်။
သူဘာလို့ ဒီအိပ်မက်ကို ထပ်မက်တာလဲ။
သေချာစွာပင် ခေါင်းဆောင်က သူ့ကို ကြောက်စေခဲ့သည်။
“အား”
ဝေ့ရှောင်းက သူ၏ဆံပင်ကို ဆုပ်ကိုင်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းသည်။
“အဆင်ပြေပါတယ် အဆင်ပြေတယ် ဘာမှမဖြစ်ပါဘူး”
ဝေ့ရှောင်းက အတတ်နိုင်ဆုံး သူ့ကိုကြိုးစားကာ စိတ်အားမြှင့်တင်လိုက်ရင်း သွားကိုတိုက်သည်။ မျက်နှာသစ်သန့်စင်ပြီးချိန်တွင် အိပ်မက်ဆိုးကို ဖယ်ထားလိုက်နိုင်၏။
အခန်းထဲတွင် ပဲပိစပ်လေးမရှိပေ။ သူသည် အပြင်သို့ထွက်ပြီး လျှောက်ပြေးနေလောက်သည်။
အချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေ့ရှောင်းကလည်း ဝမ်းနည်းသွားရသည်။
အား သူ ထပ်ပြီး အိပ်ရာထ နောက်ကျပြန်ပြီ။ ဒီမနက်ခေါင်းဆောင်နဲ့အတူ မပြေးလိုက်ရဘူး။
သေချာစွာပင် အားကစားသည် esportကစားသမားများ၏ အကြီးမားဆုံးသော သဘာဝရန်သူ ဖြစ်သည်။
ခေါင်းဆောင်ဟာ မည်သို့ ဆက်လက်ပြီး လုပ်နိုင်ကြောင်းကိုပင် အမှန်တကယ် နားမလည်ပါပေ။
ဝေ့ရှောင်းက လုဖုန်းကို တွေးလိုက်မိသည်နှင့် သူ၏နှလုံးသားအတွင်း ချိုမြိန်မှုနှင့် ပျော်ရွှင်မှုများက ပြည့်နှက်သွားသည်။
သူသည် မနက်စာစားရန် အပြင်ဘက်သို့ ထွက်လာသည်။ ထိုအချိန်တွင် သူ၏ကျောင်းရပ်နားမည့်အကြောင်းအရာကို တွေးမိသွားပြန်သည်။
ချိုင်ကောနှင့် တခြားသောသူများက အိမ်ပြန်ကုန်သည်။ baseကြီးတစ်ခုလုံးက ရှင်းလင်းပြီး လူသူမရှိပေ။ ဝေ့ရှောင်းက ရှည်လျားသော စားပွဲရှည်ကြီးတွင် ထိုင်လျက် sandwitchကိုစားရင်း ဖရဲသီးဖျော်ရည်ကို သောက်လိုက်သည်။
သူသည် အိမ်ပြန်ရန်အတွက် ခေါင်းဆောင်ကို တောင်းဆိုမည်ဟု ပိုင်ချိုင်ကို ပြောထားသည်။ သို့သော် အချိန်ရောက်လာသောအခါ သူသည် ပါးစပ်မဟနိုင်တော့ပေ။
မေ့လိုက်ပါတော့။
သူ ဒီလောက် သေးငယ်တဲ့ကိစ္စကို ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်တာကောင်းတယ်။
ခေါင်းဆောင်က အရမ်းအလုပ်များတာ။ အရာအားလုံးကို သူ့ကိုမှီခိုနေလို့မရဘူးလေ။
ဝေ့ရှောင်းက ကိုယ့်ကိုယ်ကိုယ် သုံးသပ်လိုက်သည်။
သူသည် ငယ်ရွယ်ချိန်က အချစ်ကို လိုအပ်ခဲ့သောကြောင့် ဖြစ်လောက်သည်။ ယခုလိုမျိုး အမှန်တကယ် ချစ်ကျွမ်းဝင်သွားသောအခါ အလွန်အမင်း ကပ်တွယ်တတ်လာ၏။
ခေါင်းဆောင်ကလည်း သူ့ကို သိသိသာသာပင် အလိုလိုက်သည်။ ထိုအတွက်ကြောင့် သူ့အား ပို၍ပင် ကပ်တွယ်စေရန်အတွက် မြောက်မြားလှစွာသော အခွင့်အရေးများ ပေးနေသည်။
ဒီတိုင်း ဆက်ဖြစ်နေလို့ မရဘူး။
ဝေ့ရှောင်းသည်လည်း ခေါင်းဆောင်ဟာ သူ့အတွက်ကြောင့်soloပြိုင်ပွဲကို လက်လျှော့လိုက်ကြောင်း နားလည်နေသည်။
128 06
သူက ဒီsoloကိုအရမ်း တပ်မက်လွန်းတဲ့ပုံစံကို ပြလိုက်မိတယ်။ အဲဒါကြောင့် ခေါင်းဆောင်က ဒီနေရာကိုပေးတာပဲဖြစ်မယ်။
ခေါင်းဆောင်က သူ့ကိုဂရုစိုက်သည်။ သူကလည်း ခေါင်းဆောင်ကို ဂရုစိုက်၏။
ထိုကဲ့သို့သောအရာမျိုးကို စကားများဖြင့် သို့မဟုတ် နှုတ်ဖြင့် ထုတ်ပြော၍မရနိုင်ပေ။ လက်တွေ့ကျကျ လုပ်ဆောင်ပြသင့်သည်။
ဝေ့ရှောင်းသည် ကျောင်းရပ်နားသည့်ကိစ္စကို ကိုယ်တိုင်ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် သူကိုယ်တိုင်သာ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခေါင်းဆောင်အဖို့ ဝန်ထုပ်ဝန်ပိုးများ မပေးတော့ပေ။
ဝေ့ရှောင်းက တစ်ယောက်တည်းစားသောက်နေရသည်က ပျင်းစရာကောင်းသည်ဟု ခံစားရသဖြင့် weibo ထိုင်သုံးနေလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် သူသည် @နှင့် tagတစ်ခုကို ရလိုက်သည်။
RR. Moonlit. ..@FTW. Quiet လာ soloမယ်
ဝေ့ရှောင်းက ကျွတ်စုပ်သပ်ရင်း ပြန်ဖြေသည်။
“မင်း ပြန်လာပြီလား”
Moonlit...
“အင်း”
ဝေ့ရှောင်း..
“ကောင်းကောင်းနား မင်းရဲ့ jed ladကို ပြင်လိုက်ဦး”
Moonlit....
“solo”
ဝေ့ရှောင်း၏ နှလုံးသားက ယားလာသည်။ သို့သော် သူသည် ဖိနှိပ်လိုက်၏။
“နိုး”
Moonlit....
“?”
ဝေ့ရှောင်း..
“ငါအနာဂတ်မှာ ဘယ်တော့မှ soloမလုပ်တော့ဖို့ ဆုံးဖြတ်ထားတယ်”
Moonlit....
“???”
ဝေ့ရှောင်းက အံကြိတ်သည်။
“ငါလက်လျှော့လိုက်ပြီ”
သေစမ်း ဒီစကားလုံး သုံးလုံးပြောလိုက်ပြီးတဲ့နောက် သူရင်နာသွားသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ရင်တင်မဟုတ်ဘူး နှလုံး၊အဆုပ်၊ကျောက်ကပ် အားလုံးနာနေတယ်။
သူ လက်လျှော့လိုက်ပြီ။ သူအချစ်အတွက်ကြောင့် soloကို လက်လျှော့လိုက်ပြီ။ ဒိလောင်ဇီက အချစ်အတွက်ကြောင့် သူတော်စင် ဖြစ်တော့မှာ။
******