129 01
ဒါက ဝေ့ရှောင်း ဒီဘဝမှာ လုပ်ခဲ့ဖူးသမျှထဲမှာ တစ်ဇွတ်ထိုး အဆန်ဆုံးကိစ္စပဲ
ဝေ့ရှောင်း၏ ယခင်က moonlitနှင့် ဆက်သွယ်ဖူးသမျှသည် ပိုင်ချိုင်မှတစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ မဟာဆရာသခင်တစ်ယောက်အနေနှင့် သူသည် ကစားရန်သာ တာဝန်ယူခဲ့သည်။
ပိုင်ချိုင်သည် ကစားသမားများကို ဆက်သွယ်ပေးသည်။ ထို့နောက် သူက သွားပြီးကစားကာ ပြီးသွားသောအခါ ပိုက်ဆံရှာနိုင်ပေလိမ့်မည်။ သူတို့၏ ဆက်ဆံရေးက ရိုးရှင်းပြီး ရှင်းလင်းပြတ်သားသည်။
အိုး သို့သော် ထိုအခြေအနေက ဝေ့ရှောင်း၏ တစ်ဖက်သတ်ရှုထောင့်မှသာ ဖြစ်သည်။ သူက သို့မဟုတ် သူနှင့်ကစားခဲ့သော ကစားသမားတိုင်းက သူ့ကို အမြဲတစေတွေးပြီး ဘယ်သောအခါမှ မမေ့ကြပေ။ သူတို့သည် ချိုင်ကောနောက်မှ တောက်လျှောက်လိုက်ပြီး သူ၏ဆက်သွယ်ရမည့် အချက်အလက်ကို အမြဲတစေ တောင်းနေလေ့ရှိသည်။
ချိုင်ကောက တစ်ခဏခန့် တွေးတောပြီးနောက် ဖြေသည်။
“ကုန်သွယ်ရေးလျှို့ဝှက်ချက်”
သူသည်လည်း မပေးနိုင်ခဲ့ပေ။ အကြောင်းမူကား ကြားလူအနေဖြင့် သူ၏ commissionမရှာနိုင်တော့မည့် အခြေအနေကို စိုးရိမ်သောကြောင့် မဟုတ်လေဘဲ မဟာဆရာသခင်က ပတ်ပတ်လည် အဝိုင်းခံရပြီး ချောင်းရိုက်ခံရမည့် အခြေအနေကို စိုးရိမ်ခြင်းဖြစ်သည်။
ချိုင်ကောတွင် မိတ်ဆွေအများကြီး မရှိပေ။ သူသာ ဒီတစ်ယောက်လေးကို ဆုံးရှုံးသွားခဲ့သော် မည်သည့်တစ်ယောက်နှင့်မှ အစားထိုးနိုင်တော့မည် မဟုတ်ပေ။
နောက်ပိုင်းတွင် ဝေ့ရှောင်း၏နောက်ခံက ပေါ်သွားသည်။ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းက ချက်ချင်းလိုလို စတင်လာခဲ့၏။
တရုတ်ပြိုင်ပွဲရေးဇုံ တစ်ခုလုံးတွင် 3Uနှင့် FTWကသာ အဖွဲ့တစ်ဖွဲ့တည်း ကျခဲ့သည်။ ထို့ကြောင့် asleepက ဝေ့ရှောင်း၏ ဆက်သွယ်ရမည့် အချက်အလက်ကို ရခဲ့သည်မှာ ကြာပြီဖြစ်သည့်တိုင်အောင် moonlitအနေဖြင့် group bသို့ ရောက်သွားသောကြောင့် မဆက်သွယ်နိုင်ခဲ့ပေ။
ထိုအတွက်ကြောင့်လည်း moonlitက weiboပေါ်မှတစ်ဆင့် ဝေ့ရှောင်းကို လှမ်းကာ အော်ခေါ်နေခဲ့ခြင်း ဖြစ်သည်။
သူသည် မူလကမူ ဝေ့ရှောင်းက သဘောတူမည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် ဝေ့ရှောင်းက ထပ်ခါတလဲလဲ ငြင်းသည်။
Moonlitက စကားအများကြီး ပြောတတ်သောသူ မဟုတ်ပေ။ သူ၏ weiboပေါ်မှ အခြေအနေက asleepနှင့်ပင် ယှဥ်နိုင်သည်။ နှစ်ဖက်လုံးမှ ပရိသတ်များက နေ့စဥ်နှင့်အမျှ ယှဥ်ပြိုင်နေကြ၏။
......
[မင်းတို့မြင်လား ငါ့ရဲ့မိသားစုက လမင်းကြီးက စကားလုံးနှစ်လုံး ပြောထားတယ်]
[ကျွတ် ငါ့ရဲ့ အိပ်စက်ခြင်းနတ်ဘုရားကတော့ စာတစ်ကြောင်း တင်လိုက်တယ်]
ပရိသတ်များက ထိုကဲ့သို့သော အရာမျိုးဖြင့်ပင် တိုက်ပွဲကို စနိုင်သည်။ မည်သည့်ဖန်အဖွဲ့က စိတ်ဓာတ်ကျသလို ခံစားရမည်ဖြစ်ကြောင်း မသိနိုင်ပေ။
“စကားလုံးများနှင့် ပတ်သက်ပြီး မသန်စွမ်းသူ”
တော်လွန်းသော ကစားသမားတစ်ယောက် ဖြစ်သည့်အလျောက် ဝေ့ရှောင်းအား များပြားလွန်းသော စကားလုံးများ ပြောရန်အတွက် အချိန်အတန်ကြာ ယူရသည်။
“မင်း ဘာလို့ ထပ်ပြီးမsoloတော့တာလဲ၊ ဘာလို့လက်လျှော့လိုက်တာလဲ”
စာကြောင်းနှစ်ကြောင်း မေးခွန်းသင်္ကေတနှစ်ခုကတင် moonlit၏ဖန်များအား နှစ်သစ်ကူးကို အောင်ပွဲခံရန် လုံလောက်နေပြီဖြစ်သည်။
ဝေ့ရှောင်းက သူ၏စကားလုံးများကို ထိန်းချုပ်ခြင်းမရှိဘဲ ဖြေပေးချင်သည်။
“မမေးနဲ့။ မင်းမေးရင်တော့ ငါက ငါ့ရဲ့ကောင်လေးနဲ့ပဲ soloချင်တာလို့ ပြောရလိမ့်မယ်”
အား ကံဆိုးတာက သူ သူ့ရဲ့ကောင်လေးဆိုတာကို ထည့်ပြောလို့မရဘူး။
ဝေ့ရှောင်း၏ နှလုံးသားက တုန်ယင်သွားသည်။ သူသည် moonlit၏ weibo postကို forwardလိုက်၏။
သူ၏စကားလုံးများက ရိုးရှင်းကာ တိုက်ရိုက်ကျပြီး သူ၏ နောက်ဆုတ်မည့်လမ်းကို ကိုယ်တိုင် ဖြတ်တောက်လိုက်သည်။ သူသည် မည်သူနှင့်မှ မsoloချင်ဟု ပြောလိုက်၏။
အနာဂတ်တွင် သူသည် ခေါင်းဆောင်၏ အထူးသဲအိတ်သာ ဖြစ်လာပေလိမ့်မည်။ ဒီနည်းအားဖြင့် ခေါင်းဆောင်သာ အသုံးပြု၍ရသည်။
[FTW. Quit....solo ဘာကို soloလဲ၊ အနာဂတ်မှာ ငါက အသင်းပြိုင်ပွဲကိုပဲ အာရုံစိုက်တော့မှာ၊ ဘယ်သူနဲ့မှ မsoloတော့ဘူး @RR. Moonlit]
ထိုweiboစာကိုတင်ပြီးနောက် ဝေ့ရှောင်း၏ နှလုံးသားက ရှင်းလင်းကာ ဗလာဖြစ်သွားသည်။
မေ့လိုက်တော့။ သူ့ရဲ့ခေါင်းဆောင်နဲ့ ဘယ်သူကမှ မယှဥ်နိုင်ဘူး။ moonlitက အလင်းအမြန်နှုန်းနဲ့ ကြီးပြင်းလာခဲ့ပြီး နတ်ဘုရားရှဲ့ကို နိုင်သွားခဲ့မယ်ဆိုရင်တောင်မှ သူ့ရဲ့ခေါင်းဆောင်ခေါင်းပေါ်က ဆံပင်တစ်မွှေးနဲ့ မယှဥ်နိုင်ဘူး။
129 02
ဝေ့ရှောင်းသည် ဆေးလိပ် မသောက်တတ်ပေ။ သို့သော် မီးခိုးမွှန်သည့် ခံစားချက်ကိုမူ ခံစားဖူးသေးသည်။
ဒါတအား ခက်ခဲတယ်။ ခက်ခဲလွန်းလို့ သူ့ရဲ့နှလုံးသားနဲ့ အဆုပ်တွေကို ကုတ်ဖြဲချင်တဲ့အထိပဲ။
သူ၏ weibo postက မြောက်မြားလှစွာသော trafficနှင့် အာရုံစိုက်မှုများကို လက်ခံရရှိလိုက်သည်။
ဆောင်းတွင်းလေ့ကျင့်ရေးစခန်းသည် ပြီးဆုံးသွားသည်။ ပုံမှန်seasonစရန် ရက်အနည်းငယ် လိုအပ်နေသေးသည်။ လူတိုင်းက အားယားပြီး ပျင်းနေကြသည်။ ထိုအတွက်ကြောင့် ထိုpostကိုမြင်သောအခါ ချက်ချင်းလိုလို သဘောကျသွားကြသည်။
“မဟာဆရာသခင်က ဘာဖြစ်တာလဲ”
“gloryရဲ့ အသိုင်းအဝိုင်းတစ်ဝက်လောက်ကို ပေါက်ကွဲသွားတဲ့အထိ ထုရိုက်ခဲ့တဲ့သူက အခု ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် ဆေးကြောချင်နေပြီလား”
“မဟာဆရာသခင်က ကြောက်သွားတာလား”
“မင်း ကြောက်တယ်ဆိုရင် တိုက်ရိုက်ပြောလိုက်လေ၊ ဘာလို့ အသင်းရဲ့ပြိုင်ဘက်ကို အကြောင်းပြချက်အဖြစ် သုံးနေတာလဲ”
“ကျွတ်ကျွတ်ကျွတ်… quiet တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းက မင်းရဲ့အရှိန်အဟုန်နဲ့ အရှိန်အဝါတွေ ဘယ်ရောက်သွားလဲ၊ မကြောက်နဲ့”
“ငါ့ရဲ့ လနတ်ဘုရားက နတ်ဘုရားရှဲ့ကို ယှဥ်ပြီး နိုင်သွားတာ၊ မဟာဆရာသခင် မင်းက ဘာလဲ အိုး မင်းက daddy moonကြောင့် ပိတ်လှောင်သွားတဲ့အထိ ထုရိုက်ခံလိုက်ရပြီပေါ့”
“အခက်အခဲတွေကို တွေ့တဲ့အချိန်မှာ နောက်ဆုတ်သွားတာက မဆိုးပါဘူး မဟာဆရာသခင်”
ထိုမှတ်ချက်များသည် ဝေ့ရှောင်း၏ အခြေအနေကို မလှုပ်ခါစေနိုင်ပေ။
အရာအားလုံးက အင်တာနက်ပေါ်တွင်သာ ဖြစ်သည်။ ပရိတ်သတ်များနှင့် haterများလည်း ရှိသည်။ မည်သို့ပင်ဆိုစေ ကီးဘုတ်ပေါ်မှ စကားလုံးများကို ရိုက်လိုက်ရုံမျှသာ ဖြစ်သည်။ သူတို့က ပြောချင်သမျှကို ပြောနိုင်၏။ အလေးအနက် ထားသောသူတိုင်းက အရှုံးသမားသာ ဖြစ်သည်။
ဝေ့ရှောင်းကလည်း ထိုအခြေအနေကို စိတ်မဆိုးပေ။ သူသည် ဖရဲသီးဖျော်ရည်ကို အေးအေးဆေးဆေး စုပ်သောက်နေလိုက်သည်။
ထို့နောက် သူ၏weiboတွင် မေးခွန်းသင်္ကေတpartyက ပေါ်လာသည်။
ပထမကမူ 3U၏ asleep “?”
ထို့နောက် TPT၏ eurostar “??”
ထို့နောက် ဒီအသိုင်းအဝိုင်းအတွင်း နာမည်ကြီးအောင် မလုပ်နိုင်သေးသော လူငယ်မျိုးဆက်ဖြစ်သည့် ဘလူးနှင့် ရှားတန်တို့အားလုံးကလည်း? များ ပို့ကြသည်။
Proကစားသမားများ အားလုံးသည် weiboပေါ်တွင် အသိအမှတ်ပြု တံဆိပ်ရအကောင့်များ ရှိသည်။ ထို့ကြောင့် သူတို့က ပေါ်လာသည်နှင့် ပြည်သူများကလည်း ချက်ချင်းလိုလို ပေါက်ကွဲဆူညံကုန်ကြသည်။
“fuck မဟာဆရာသခင်က တကယ်လုပ်နိုင်တာပဲ”
“gloryရဲ့ လရောင်ဖြူဆိုတဲ့အတိုင်းပဲ”
“ဒါက.. ..သူက soloရတာ တအား amazaingဖြစ်စေတာကို ဘာလို့သူတို့က မတွေးဘဲ မနေနိုင်ကြတာလဲ”
“အပေါ်က တစ်ယောက် မင်း မာကျောက်ရှုံးရင် ဘယ်လိုခံစားရလဲ”
“ဒါပေါ့ ငါ ပြန်နိုင်ချင်တာပေါ့”
“ဒီလိုပဲ”
ကစားသမားများက မဟာဆရာသခင်ကို မမေ့နိုင်သည်မှာလည်း ထိုနည်းနှင့် အလားတူသည်။ မာကျောက် ကစားရသလိုသာ ဖြစ်သည်။ သူတို့က တစ်ပွဲ ရှုံးသွားခဲ့သော် ပြန်လည် အနိုင်လိုချင်ကြသည်။
တစ်ပွဲရှုံးသွားပြီးတဲ့နောက်မှာ သူတို့ ဘယ်လိုများ စိတ်အေးပြီးနေနိုင်မှာလဲ။
ဝေ့ရှောင်းသည် ပြောသင့်သမျှ အရာအားလုံးကို ပြောပြီးလေပြီ။ ထိုအတွက်ကြောင့် လက်လျှော့သင့်သည့် အရာအားလုံးကို စတင်ကာ လက်လျှော့လိုက်၏။ ထိုနည်းအားဖြင့် weiboထဲမှ ထွက်သည်။
သူ၏ ဖရဲသီးဖျော်ရည်ကို တစ်ငုံတည်းနှင့် အကုန်သောက်လိုက်ပြီးနောက် လုပ်ရမည့် ကိစ္စများကို သွားလုပ်ရန်ဆုံး ဖြတ်လိုက်သည်။
အိမ်ပြန်ပြီး ဝေ့ချွမ်ကိုတွေ့ နောက်ပြီး ကျောင်းရပ်နားတဲ့ကိစ္စကို အဆုံးသတ်ပေါ့။
မနေ့ညက သူနှင့် လုဖုန်းတို့ ပြောခဲ့သော စကားပြောခန်းက ဝေ့ရှောင်းကို လှုံ့ဆော်ခဲ့သောကြောင့် ဖြစ်လောက်သည်။ သူသည် အိမ်သို့ပြန်သည့် ကိစ္စနှင့် ပတ်သက်ပြီး အများကြီး မတုံ့ဆိုင်းတော့ပေ။
သေချာစွာပင် တစ်စုံတစ်ယောက်၏ အလိုလိုက်ခံရသောအခါ အမျိုးမျိုးသော ခံစားချက်များကို ထိန်းသိမ်းပေးနိုင်သည်။ ဒီတိုင်း အိမ်ပြန်ရုံပဲလေ။ ဘာများ ခက်ခဲနေစရာရှိလဲ။
129 03
ဝေ့ရှောင်းက သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ အထင်သေး ရှုတ်ချသည်နှင့် ပတ်သက်ပြီး ယဥ်ကျေးမနေပေ....။ခေါင်းဆောင်က သူ့ကို တအားကောင်းပေးတာ။ ဒါကြောင့် သူ့ကို တအားနူးညံ့ပြီး ဇီဇာကြောင်စေတာပဲ။
ဝေ့ရှောင်းကလည်း အိမ်သို့ပြန်သော လမ်းတောက်လျှောက် လုဖုန်းကိုသာ တွေးနေမိသည်။ လုဖုန်းအကြောင်း တွေးလိုက်ရုံနှင့် သူ၏နှလုံးသားက နွေးထွေးသွားလေသည်။ ထို့အပြင် အိမ်သို့ ပြန်ရသောကြောင့် ကြောက်လန့်သော ခံစားချက်ကပင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူသည် အိမ်တံခါးဝရှေ့သို့ ရောက်သွားသောအခါ ဝေ့ရှောင်းက bellတံခါးကို တီးလိုက်သည်။
လီဆုက တံခါးကို လာဖွင့်ပေးသူ ဖြစ်သည်။ ဝေ့ရှောင်းကိုမြင်သောအခါ မှင်တက်သွားသည်။
“ရှောင်ရှောင်း”
ဝေ့ရှောင်းက ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“မား”
နာမည်အခေါ်ခံရသူသည် အရင်းနှီးဆုံး အကျွမ်းဝင်ဆုံး အနွေးထွေးဆုံးတစ်ယောက် ဖြစ်သင့်သည်။ သို့သော် သူစိမ်းတမျှ အေးစက်နေ၏။
လီဆုကလည်း ပျော်ရွှင်စွာ အံ့သြသွားသည်။ သို့သော် အနည်းငယ် စွံ့အသလိုလည်း ခံစားရသေးသည်။
“သားပြန်လာတာ အွန်း သားစားပြီးပြီလား မားက...”
ဝေ့ရှောင်းက လိုရင်းကိုသာ ပြောသည်။
“စားပြီးပြီ ဒီတစ်ခေါက် အကူအညီ တောင်းစရာရှိလို့ပြန်လာတာ”
ယဥ်ကျေးပြီး ပုံစံကျသည်။ ဖုံးကွယ်ရန်ပင် ခက်ခဲသော အလှမ်းကွာဝေးမှုက ရှိနေသေးသည်။
လီဆု၏ အမူအယာက မှေးမှိန်သွားသည်။
“ဘာကိစ္စလဲ၊ သားရဲ့ပါးက အလုပ်သွားတာ ပြန်မလာသေးဘူး”
အလုပ်ဆိုသော စကားက ဝေ့ရှောင်း၏ နားအတွင်း ကြမ်းတမ်းသြရှလွန်းသည်။
သူ အသက်၁၇နှစ်မတိုင်ခင်က သူ၏မိဘများနှင့် ပုံမှန်ဘဝနေထိုင်ပြီး တခြားသောမိဘများနည်းတူ 9 to 5 အလုပ်လုပ်ရန် မျှော်လင့်ခဲ့သေးသည်။ သို့သော်....။
သူ သူ့မိဘတွေကို တစ်နှစ်ပတ်လုံး ဒါမှမဟုတ် နှစ်တိုင်းထင်တယ် မမြင်ဖူးဘူး။
ယခု သူ စိတ်ပျက်မှုပေါင်းများစွာကို တောက်လျှောက် ကျော်ဖြတ်ခဲ့ပြီးမှသာ ဝေ့ချွမ်က အလုပ်စလုပ်နေသည်။
ဘယ်လောက် ironicဖြစ်လိုက်လဲ။
ဝေ့ရှောင်းက မျက်လုံးကို အသာမှိတ်သည်။ ထို့နောက် ဖိုင်တစ်ခုကို ဆွဲထုတ်သည်။
“ငါ ကျောင်းရပ်နားဖို့အတွက် လျှောက်လွှာ တင်ထားတယ်၊ မိဘလက်မှတ် လိုလို့”
လီဆုက ကြောင်သွားသည်။ သူမသည်လည်း စာဖတ်တတ်သည်။ ထို့ကြောင့် ဖိုင်ပါအကြောင်းအရာများကို နားလည်နိုင်သည်။ သို့သော် ဒါဟာ ကိစ္စကြီး ဖြစ်နေသေးသည်။
“သားရဲ့ပါး ပြန်လာပြီး သူ့ကို လက်မှတ် ထိုးခိုင်းရင် ဘယ်လိုလဲ”
ဝေ့ရှောင်းက အသံတစ်စမထွက်ဘဲ အနက်ရောင်မျက်ဝန်း တစ်စုံဖြင့်သာ သူမကို တိတ်တဆိတ် ကြည့်သည်။
လီဆုက ရင်နာသွားပြီး ခပ်မြန်မြန် ပြောလိုက်သည်။
“မား မားထိုးလိုက်မယ်”
ဝေ့ရှောင်း...
“အင်း”
ဖိုင်ကို လက်မှတ် ထိုးပြီးနောက် ဝေ့ရှောင်းက အကြည့်ကိုပြန်ရုတ်သည်။
“သွားတော့မယ်”
လီဆုက ပါးစပ်ပွင့်သွားသည်။ သူမသည် တစ်စုံတစ်ရာကို ပြောလိုသည်။ သို့သော် မပြောနိုင်ခဲ့ပေ။
ဝေ့ရှောင်းက သူမကို ထပ်မကြည့်တော့ပေ။
တံခါးက ပိတ်သွားသောအခါ လီဆုက ရုတ်တရက် ထိုင်ကျသွားပြီး မျက်နှာကို အုပ်လျက်ငိုသည်။
“တောင်း တောင်းပန်ပါတယ်။ တကယ် တောင်းပန်ပါတယ်”
FTW base ၅လွှာ။
နေ့လယ်ခင်းနေမင်းက ပြတင်းပေါက်အပြင်ဘက်တွင် တောက်ပစွာနှင့် ရွှေရောင်အလင်းများအလား ကော်ဇောကို လွှမ်းခြုံပေးထားသည်။
129 04
အခင်းက တောက်ပနေသည်။ သို့သော် အတွင်းမှ လေထုအခြေအနေကမူ လေးလံပြီး စိတ်ဓာတ်ကျဖွယ်ရာ ဖြစ်သည်။
ချန်းဖုန်း၏ ဘယ်လက်က ဆိုဖာပေါ် အသာခေါက်နေသည်။ သူ၏မျက်မှောင်က အတင်းကြုတ်နေ၏။
“မင်းက singleပြိုင်ပွဲအတွက် ဝေ့ရှောင်းကို စာရင်း သွင်းစေချင်တာလား”
အနက်အညို ကော်ဖီစားပွဲ၏ တခြာတစ်ဖက်ခြမ်းတွင် တစ်ယောက်ထိုင်ဆိုဖာ ရှိသည်။
လုဖုန်းက ထိုဆိုဖာပေါ်တွင် ထိုင်နေသောအခါ အရပ်ပိုရှည်ပြီး ခြေတံရှည်သွားပုံပေါ်သည်။ သူ၏ ရှင်းလင်းစွာ ရိတ်သင်ထားသော မျက်နှာက တည်ငြိမ်ပြီး အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင် တည်ငြိမ်မှုများ ရှိနေသည်။
“အင်း”
နေအလင်းရောင်က သူ၏ပခုံးပေါ်သို့ ဖြာကျပြီး အနက်ရောင်ရှပ်အောက်မှ သူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် ခက်ခဲသည်။
ချန်းဖုန်းက အလွန်စိုးရိမ်နေသည်။
“ငါ ဝေ့ရှောင်းရဲ့စွမ်းရည်ကို အသိအမှတ် ပြုပါတယ်၊ ဒါပေမဲ့ သူ့မှာ အတွေ့အကြုံ လိုအပ်သေးတယ်”
လုဖုန်းက တည်ငြိမ်စွာ ဖြေသည်။
“အတွေ့အကြုံဆိုတာက အချိန်ကြာလေလေ ရနိုင်တဲ့အရာပဲ”
ချန်းဖုန်း..
“ဒါက သီအိုရီအရလေ၊ သူက ဒီနှစ်မှ အသင်းကို ဝင်တာ၊ မင်းက အသင်းပြိုင်ပွဲမှာ သူ့ကို ကစားချင်တယ်၊ singleပြိုင်ပွဲမှာရော၊ နောက်ပြီး doubleပြိုင်ပွဲမှာရော ပါစေချင်တယ်ဆိုရင် သူက ထိန်းနိုင်မှာလား”
ချန်းဖုန်းက ရပ်တန့်သွားသည်။
“doubleပြိုင်ပွဲက အခြေအနေအရ ရွေးချယ်လို့ ရတယ်”
ချန်းဖုန်း၏ စိတ်ထဲတွင်လည်း အကြံများရှိသည်။ သူက ပြောသည်။
“မင်းsingleပြိုင်ပွဲကို ဝင်ပြိုင်သင့်တယ်၊ ဝေ့ရှောင်းက လုပ်နိုင်စွမ်းရည်ကို ကျော်လွန်နေပြီဆိုရင် သူပိုင်ချိုင်နဲ့အတူ double ဝင်ပြိုင်လို့ရတယ်”
ထိုအခြေအနေက လက်ရှိ FTWအတွက် အလုံခြုံဆုံးဖြစ်သည်။
အသင်းပြိုင်ပွဲကို ထည့်ပြောနေရ န်မလိုအပ်ပေ။ FTWက သူတို့၏ အိပ်မက်ထဲတွင်ပင် ပထမ လိုချင်သည်။
Closeက singleပွဲတွင် ဝင်ပြိုင်သည်နှင့် single ချန်ပီယံရှစ်က သေချာသည်။
Doubleပြိုင်ပွဲအတွက်ကမူ ကစားသမားများက စိတ်ဝင်စားလျှင် စာရင်းသွင်းပြီး စမ်းကြည့်၍ ရသည်။ ဒါဟာ သူတို့အတွက် ကောင်းမွန်သော အတွေ့အကြုံလည်း ဖြစ်သည်။ သို့ရာတွင် လုဖုန်းက ဒီနေ့တွေးသော ကမ်းလှမ်းချက်ကမူ ချန်းဖုန်း၏ အကြံတိုင်းကို ပြောင်းပြန် လှန်ပစ်လိုက်သည်။
သူက singleပြိုင်ပွဲမှာ ဝေ့ရှောင်းကို ပြိုင်စေချင်နေတယ်။
ဒါက global single ချန်ပီယံရှစ်ကို လက်လျှော့လိုက်သလို မဖြစ်သွားဘူးလား။
ဘာလို့လဲ။
ချန်းဖုန်းက သက်ပြင်းအသာချပြီး လုဖုန်းကိုမေးသည်။
“မင်း ဝေ့ရှောင်း ဘာလိုချင် လိုချင် ပေးမလို့လား”
လုဖုန်းက မျက်လွှာချလိုက်၏။ သူက စားပွဲပေါ်မှ အေးသွားပြီဖြစ်သော ရေနွေးကြမ်းဖြူကို ကြည့်သည်။
ချန်းဖုန်းက သူ၏နောက်တွင် နှစ်ပေါင်းများစွာ လိုက်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ့ကို နားမလည်ဘဲ မနေပေ။
“သူ သဘောမတူဘူး မဟုတ်လား”
သူ သိတယ်။
အရူးလေးဝေ့က soloကို အရမ်းရူးရင် ရူးလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်တမျှ ကြီးတဲ့ကိစ္စဆိုရင်တောင်မှ closeကို မယှဥ်နိုင်ဘူး။
လုဖုန်းကသာ singleပြိုင်ပွဲက သူ့ရဲ့နေရာကို လက်လျှော့လိုက်မယ်ဆိုရင် သူ ဘယ်တော့မှ ယူမှာမဟုတ်ဘူး။
အမှန်အတိုင်းပြောရရင် ချန်းဖုန်းကိုယ်တိုင်ကပင် လက်မခံနိုင်ပေ။ ဒီနှစ်က ခြားနားလွန်းသည်။
ယွမ်ဇယ်နှင့် ကင်ဆွန်းဟွန်းတို့က စာရင်းသွင်းထားမည်ဖြ စ်သည်။ ရှဲ့ဟယ်ကလည်း ဝင်ပါမည်ဟု ကောလာဟလရှိ၏။
နတ်ဘုရားများအသင်းက အတူစုစည်းနေကြသည်။ သို့သော် closeက လက်လျှော့လိုက်၏။
ဒါက ဘာလဲ။
129 05
သုံးနှစ်ဆက်တိုက် ချန်ပီယံရှစ်နိုင်ထားတဲ့closeက ကြောက်တာလား။
သူ တစ်ယောက်တည်းအင်အားနဲ့ ပြိုကျလာတဲ့ အဆောက်အအုံကို ထိန်းထားတဲ့closeက လက်တွန့်သွားတလား။
ဒီလောက် အချိန်အကြာကြီး စောင့်ပြီးမှ ကမ္ဘာ့နံပါတ်၁ ကစားသမားကို အဆုံးအဖြတ်ပေးမဲ့ အခွင့်အရေးရမှ သူက ထွက်ပြေးသွားတာလား။
Closeကသာ ဒီနှစ် singleချန်ပီယံရှစ်မရခဲ့လျှင် FTWက အဆင်မပြေနိုင်တော့ပေ။
ဒီတိုင်း လက်ရှိFTWတင် မဟုတ်ဘူး။ အတိတ်က FTWလည်းပဲ။
FTWကစားသမားများသာ မဟုတ်ပေ။ FTW ပရိသတ်များအတွက်လည်း ဖြစ်သည်။
ဒီလောက် လူတွေအများကြီး ဒီလောက် နှလုံးသားတွေအများကြီး ဒီလောက် ပြင်းထန်လေးလံလွန်းတဲ့ မျှော်လင့်ချက်တွေနဲ့.....closeကလွဲပြီး မည်သူကမှ မလုပ်ပေးနိုင်ပေ။
“ဒါပဲ”
လုဖုန်းက အကြောင်းအရာကို အဆုံးသတ်ပြီး မည်သည့်မေးခွန်းကိုမှ လက်မခံသောလေသံမျိုးဖြင့် ပြောသည်။ သူက ကုလားထိုင်နောက်ဘက်သို့မှီလိုက်ပြီး နေရောင်ကို ရှောင်လိုက်သည်။ သူ၏ပုံစံက ပို၍ပင် လေးလံသွားလေသည်။
“ငါဝေ့ရှောင်းနဲ့ ပြောလိုက်မယ်”
ချန်းဖုန်း...
“....”
လုဖုန်းက တည်ငြိမ်သည်။
“သူ သဘောတူမှာပါ”
သူ ဘယ်သူ့ကိုမှ ပြောလို့မရဘူး။ ဒါပေမဲ့ ဝေ့ရှောင်းကိုတော့ ပြောနိုင်တယ်။
သူ မည်သူ့ကိုမှ အသိမပေးသော အကြောင်းအရာများကို ဝေ့ရှောင်းကိုမူ အသိပေးရပေမည်။
ထုတ်ပြောရန် မည်မျှခက်ခဲစေကာမူ သူပြောရပေမည်။ ကံကောင်းသည်မှာ အချိန်ရှိသေးသည်။ သူ ကိစ္စများကို ဖြည်းဖြည်းချင်း ပြော၍ရသည်။
ချန်းဖုန်းက သက်ပြင်းချသည်။ ထို့နောက် မတ်တပ်ထရပ်ပြီး ထွက်သွားသည်။
ရုံးခန်းကြီးအတွင်း လုဖုန်းတစ်ယောက်တည်းကသာ ထိုင်လျက် ကျန်ရစ်ခဲ့သည်။ သူ၏ အနက်ရောင်မျက်ဝန်းတစ်စုံက မျက်နှာကျက်ကိုသာ စိုက်ကြည့်နေသည်။
ချန်းဖုန်းက ပြောချင်သေးသည့် မပြီးဆုံးသေးသော စကားလုံးများကိုလည်း သူ သိသည်။ သို့သော်.....။
သူကလည်း လက်မလျှော့လိုဆုံးဖြစ်သည်။
သူက မည်သူ့ကိုမှ စိတ်မပျက်စေလိုဆုံး ဖြစ်သည်။
သူက ဝေ့ရှောင်း ငိုမည့်အခြေအနေကို အကြောက်ဆုံးလည်း ဖြစ်သည်။
......။
ဝေ့ရှောင်းက တက္ကစီထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ရင်ဘတ်ထဲသို့ ထိုးစိုက်နေခဲ့သော ဝန်လေးများက အနည်းနှင့်အများ ပြန်ထွက်နိုင်သွားသည်။
ဖိုင်ကို လက်မှတ် ထိုးပြီးလေပြီ။ လုပ်ရန်ကျန်ရစ်သမျှက ကျောင်းသို့သွားပြီး ဖြစ်စဥ်ကို ပြီးဆုံးစေရန်သာ ဖြစ်သည်။
အလုပ်အများအပြား စရန် တစ်ပတ်အထိ စောင့်ကောင်း စောင့်ရလောက်သည်။ ထို့အတွက်ကြောင့် သန်ဖက်ခါလောက်ဆိုလျှင် ကိစ္စများက ပြီးလောက်လေပြီ။
အခက်ခဲဆုံးအပိုင်းက ပြီးဆုံးသွားသော် ကျောင်းကိစ္စက ရိုးရှင်းသည်။
ဝေ့ရှောင်းက ကားထိုင်ခုံနောက်ဘက်သို့ မှီလိုက်သည်။
သူတကယ် ခေါင်းဆောင်ကို လွမ်းတယ်။
သူ တကယ်ကို လွမ်းနေတာ။ အခုချက်ချင်းတောင် တွေ့ချင်တယ်။
ဝေ့ရှောင်းက ဖုန်းကို ထုတ်လိုက်သည်။ သူ၏သွယ်လျသော လက်ချောင်းများက ဖုန်း၏ ဖန်သားပြင်ပေါ်သို့ ထိမိရုံသာ ရှိသေးသည်။ ရပ်တန့်သွားလေသည်။
“နည်းနည်းလေးပိုပြီး အလားအလာ ကောင်းရမယ်”
ဝေ့ရှောင်းက ကိုယ့်ကိုယ်ကိုယ် ဆူလိုက်သည်။ ထို့နောက် ဖုန်း၏ interfaceမှ ထွက်လိုက်၏။
တင်။
ကား၏ နောက်ထိုင်ခုံသို့ ပစ်လိုက်သောဖုန်းက မြည်လာသည်။
ဝေ့ရှောင်းက ဖုန်းကို ကောက်ယူလိုက်သောအခါ ရလာသည့်စာကို တွေ့သည်။
129 06
လုဖုန်း...
“အပြင်ထွက်သွားတာလား”
ရိုးရှင်းသော စကားသုံးလုံးသာဖြစ်သည်။ သို့သော် ဝေ့ရှောင်းက အတင်း တည်ဆောက်ထားသော မြင့်မားသောနံရံကြီးက ပြိုကျသွားသည်။
“ခေါင်းဆောင်”
လုဖုန်းက သူ့ကို ခေါ်သည်။
ဝေ့ရှောင်းက ဖုန်းကိုချက်ချင်း လက်ခံလိုက်၏။ လုဖုန်း၏အသံထဲတွင် လျှပ်စစ်စီးကြောင်း ပါဝင်သလို မိုက်ခရိုဖုန်းမှတစ်ဆင့် သူ၏နှလုံးသားထဲသို့ တိုက်ရိုက်ဖောက်ဝင်သည်။
“ဘာဖြစ်တာလဲ”
ဝေ့ရှောင်းက တိတ်သွားသည်။ လုဖုန်းကပင် ခပ်မတ်မတ် ထိုင်လိုက်၏။
“အိမ်ပြန်သွားတာလား”
ဝေ့ရှောင်း အတင်းတည်ဆောက်ထားသော စိတ်အခြေအနေက ရှုပ်ထွေးပြိုလဲ ကျသွားသည်။
“အင်း”
အမြဲတစေ တည်ငြိမ်သော လုဖုန်း၏ အသံကပင် စိုးရိမ််စိတ် ပါလာသည်။
“ဘာလို့ ငါ့ကို မစောင့်တာလဲ”
ဝေ့ရှောင်း၏အသံက တုန်သွားသည်။
“ခေါင်းဆောင်”
သူဘာမှ မပြောခဲ့ပေ။ သူသည် စကားတစ်ခွန်းမှပင် ထည့်မပြောခဲ့ပေ။ ခေါင်းဆောင်ဟုသာခေါ်ပြီး အွန်းဆိုသော စကားလုံးတစ်လုံးသာ ပြောရသေးသည်။ သို့သော် လုဖုန်းကမူ မိုင်ပေါင်းတစ်ဆယ်ကျော်အကွာမှတင် နားလည်နေသည်။
သူ အိမ်ပြန်သွားမှန်း သိသည်။ သူ၏အခြေအနေက ဆိုးရွားနေကြောင်းကိုလည်း သိ၏။ သူ ငိုချင်နေမှန်းကိုလည်း သိလောက်သည်။
လုဖုန်းက အောက်ထပ်သို့ပင် ရောက်နေပြီ ဖြစ်သည်။
“တည်နေရာ ပို့လိုက်”
ဝေ့ရှောင်း..
“ငါ အခု တက္ကစီထဲမှာ”
လုဖုန်း...
“တည်နေရာ”
ဝေ့ရှောင်း..
“ငါသိပ်မကြာခင် baseကို ရောက်တော့မှာ”
လုဖုန်း..
“လိမ္မာ”
ထိုစကားလုံးနှစ်လုံးက အလွန်ညင်သာသည်မှာ ရေခဲနှင့် နှင်းများအကြားမှ ထင်းမီးအလား ထင်ရသည်။ နွေးထွေးလွန်းသဖြင့် သူ၏နှာခေါင်းထိပ်ကိုပင် အနည်းငယ် ယားယံလာစေသည်။
ဝေ့ရှောင်းက တည်နေရာကိုပို့လိုက်သည်။
ဝေ့ရှောင်း သူ၏ဘဝတွင် လုပ်ခဲ့ဖူးသမျှထဲကမှ တဇွတ်ထိုးအဆန်ဆုံး ကိစ္စဖြစ်လောက်သည်။
တစ်နာရီကျော်ခန့် ကားစီးလိုက်ရုံနှင့်....ကီလိုမီတာအနည်းငယ်ကို ကျော်ဖြတ်လိုက်ရုံနှင့် သူသည် baseသို့ ပြန်ရောက်သွားနိုင်သည်။ ထို့အပြင် သူသည် တက္ကစီနှင့် အပြန်လမ်းတွင်လည်း ဖြစ်နေသည်။
သို့သော် သူသည် တဇွတ်ထိုးဆန်စွာနှင့် လုဖုန်းထံ တည်နေရာ ပို့လိုက်သည်။
ဝေ့ရှောင်းက သူ၏ငယ်ဘဝမှ မှတ်ဉာဏ်တစ်ခုကို ရုတ်တရက် သတိရသွားသည်။
ထိုအချိန်က သူသည် ငါးနှစ်အရွယ်သာ ရှိသေးပြီး ဖုန်းစသုံးတတ်ချိန်လည်း ဖြစ်သည်။ သူက သူ၏နှလုံးသားထဲတွင် မှတ်သားထားသော နံပါတ်တစ်ခုကို ဖုန်းခေါ်သောအခါ မိခင်ဖြစ်သူ၏ အသံကို ကြားရသည်။
“လိမ္မာနော် ရှောင်ရှောင်း နှစ်သစ်ရောက်တဲ့အခါ ပါးနဲ့မားက ပြန်လာပြီးခေါ်မယ်”
ဝေ့ရှောင်းကလည်း အမှန်တကယ် မျှော်လင့်စောင့်စားခဲ့သည်။ သူသည် နေ့ရက်တိုင်းလိုလို လက်ချောင်းများအပြည့် တစ်ရက်ချင်း ချိုးရေရင်း စောင့်ခဲ့ရသည်အထိ မျှော်လင့်စောင့်စားခဲ့၏။
သူသည် သူ၏ဖခင် ပြန်လာမည့်အချိန်ကို စောင့်သည်။ မိခင်ဖြစ်သူ ပြန်လာမည့်အချိန်ကို စောင့်သည်။ မိသားစုက နှစ်သစ်ကို အတူအောင်ပွဲခံမည့် အခြေအနေကို စောင့်သည်။
သို့ရာတွင် သူတို့သည် နှစ်သစ်ကူးအဆောင်လက်ဖွဲ့များကို စုစည်းထားနိုင်ခဲ့သည်။ မီးအိမ်များကို ချိတ်နိုင်သည်။ မီးပန်းများကိုလည်း ဖောက်နိုင်သည်။ သို့သော် သူ၏မိဘများက ပြန်မလာခဲ့ပေ။
ထိုအချိန်မှ စတင်ပြီး ဝေ့ရှောင်းက တစ်စုံတစ်ယောက် သူ့ကို လာခေါ်မည့်အတွေးမျိုး မရှိတော့ပေ။
အခု.....။
လုဖုန်းက သူ့ကို လာခေါ်သည်။ တစ်နာရီမှ မိနစ်၂၀သာ ကြာသောခရီးအထိ တိုတောင်းသွားခဲ့ပြီး နှစ်ယောက်အကြားမှ အကွာအဝေးကလည်း သုံးပုံနှစ်ပုံအထိ လျော့ကျသွားပြီ ဖြစ်သည်။ သို့သော် လုဖုန်းက သူ့ကို စောစီးစွာ တွေ့ရရုံအတွက်ကြောင့်နှင့် တကူးတက လာခေါ်ပေး၏။
******