Ch 130
Viewers 3k

130 01

ခန္ဓာဗေဒ ကုထုံး


တည်နေရာကို မျှဝေပေးမှုမှတစ်ဆင့် လူနှစ်ယောက်သည် တွေ့ဆုံလုနီးပါး ဖြစ်လာသောအခါ ဝေ့ရှောင်းက တက္ကစီဒရိုင်ဘာကို ရပ်ခိုင်းလိုက်သည်။


ဖေဖော်ဝါရီရာသီဥတုက အေးနေသေးသည်။ ဝေ့ရှောင်းသည်လည်း ထူထူထည်းထည်း ဝတ်မထားချေ။ ထို့ကြောင့် ကားအပြင်ဘက်သို့ ထွက်လိုက်ချိန်တွင် လေအေးများကို ရှူရှိုက်မိပြီး တုန်ယင်သွားရသည်။


ကျဥ်းမြောင်းသော စီရင်စု highwayလမ်းအထက်ဘက်ခြမ်းတွင် ငွေရောင်နှင့် မီးခိုးရောင် zrolls royce cullilanက ရပ်တန့်သွာသည်။ rolls royce suvသည် rigitလိုင်းပေါင်းများစွာပါပြီး ကိုယ်ထည်ရှေ့က အမိုးမြင့်သည်။ သာမန်လူများက ထိုကား၏ ဘေးဘက်တွင် ရပ်လိုက်လျှင် လူပုများ ဖြစ်သွားတတ်သည်။ သို့သော် လုဖုန်းကမူ ကွက်တိသာဖြစ်နေသည်။


သူသည် အညိုရင့်ရောင် trenchကုတ်ကို လည်အထောင်ဆွယ်တာ အနက်နှင့် တွဲလျက် ဝတ်ဆင်ထားသည်။ သူ၏လက်က သွယ်လျပြီး ဖျော့တော့လေသည်။ ထိုလက်ချောင်းများအကြားတွင် အနက်ရောင် ဖုန်းကို ကိုင်ထားသည်။


အရောင်က အေးစက်ပြီး မျက်နှာကလည်း မပြုံးမရယ်သောကြောင့် သူသည် သူ၏ပတ်ဝန်းကျင်မှ ဆောင်းတွင်းထက်ပင် ၃မှတ်ခန့် ပို၍ အေးစိမ့်နေပုံ ပေါ်သည်။


သို့ရာတွင် သူ၏အကြည့်က ဝေ့ရှောင်းရှိရာ ဘက်သို့ ရောက်လာသောအခါ ဝေ့ရှောင်းသည်လည်း အရည်ပျော်ကျလာသော နွေးထွေးမှု၏ ပတ်ပတ်လည် အဝိုင်းခံရသလိုမျိုး ချက်ချင်းလိုလို ခံစားလိုက်ရသည်။


နွေးထွေးမှုသည် သူ၏ရင်ဘတ်ထဲသို့ အေးစက်သော လေများနှင့်အတူ ဆောင့်တိုးဝင်လာပြီး အတွင်းသို့ ဝင်ရောက်နေခဲ့ပြီးသား အအေးဓာတ်များကို ရေငွေ့ပြန်စေလျက် သူ၏မျက်လုံးအိမ်ထဲသို့ တောက်လျှောက် စီးဝင်သွားစေသည်။


ဝေ့ရှောင်းက သူတို့သည် လမ်းဘေးတွင်သာ ရှိနေသေးသော ဖြစ်ရပ်ကိုပင် ထည့်သွင်း စဥ်းစားနိုင်စွမ်းရည် မရှိတော့ချေ။ သူက trafficကို လျစ်လျူရှုလိုက်ပြီး cullinaleအမြင့်ကို အခွင့်ကောင်းယူလျက် လုဖုန်းကို ပြေးဖက်လိုက်သည်။


“ခေါင်းဆောင်”


လုဖုန်း၏ အသံကလည်း အလွန်တိုးသည်။


“အင်း”


ဝေ့ရှောင်းက လုဖုန်း၏ လည်တိုင်နှင့် သူ၏မျက်နှာကို အပ်ထားလိုက်သည်။ သူ၏နှလုံးသားအတွင်းမှ ခံစားချက်များက ပြင်းထန်လွန်းသဖြင့် စကားလုံးငါးလုံးဖြင့်သာ ဖော်ပြနိုင်တော့သည်။


“ငါ မင်းကို နမ်းချင်တယ်”


လုဖုန်း..


“....”


သူက မပြောခဲ့လျှင် အဆင်ပြေသည်။ သို့သော် ပြောလိုက်သည်နှင့် ဝေ့ရှောင်း၏ ရင်ထဲမှ ချိုမြိန်မှုနှင့် အချစ်ဓာတ်များကို ဖိနှိပ်၍ မရနိုင်တော့ပေ။


သူသည် လုဖုန်းအား တင်းတင်း ဖက်ထားလိုသည်။ တစ်ဖက်သူကို ပစ်ကန်မှီထားလိုသည်။ တစ်ဖက်သူကို နမ်းချက်သည်။ တစ်ဖက်သူသည် သူ့အား ထိုအတိုင်း ထာဝရသာ ဖက်နေစေလိုသည်။


အလိုလိုက်ခံရသလို ပြုမူခြင်းဟာ စွဲလမ်းစေသည်။ အထူးသဖြင့် သူ့ကို အလိုလိုက်မည့် တစ်စုံတစ်ယောက်ဟာ ရှိနေချိန်တွင်ဖြစ်သည်။


ဝေ့ရှောင်းသည် လုဖုန်း၏ ကော်လံအောက်မှ အရေပြားကို ခိုးကြောင်ခိုးဝှက် ထိတွေ့လိုက်သည်။ ထိုအရာကို အနမ်းဟု မဆိုနိုင်ပေ။ ဒီအတိုင်း သူ၏ အေးစက်သောနှုတ်ခမ်းက လုဖုန်း၏နွေးထွေးသော လည်တိုင်ကို ထိကပ်ထားရုံသာ ဖြစ်သည်။


လုဖုန်းက သက်ပြင်းအသာ ရှိုက်ထုတ်လိုက်သည်။


“ရှောင်ရှောင်း”


ဝေ့ရှောင်းက သူ့ကိုလွှတ်ပေးရန် ငြင်းဆန်သည်။


“ဘယ်သူမှ မမြင်ပါဘူး”


သူ နမ်းတော့ မနမ်းရဲဘူး။ ဒါပေမဲ့ ဘာမှမလုပ်ဘဲ နေဖို့ကလည်း တအားခက်ခဲတယ်လေ။


သူ၏ခါးကို ပွေ့ဖက်ထားသော လုဖုန်း၏လက်က ပြေလျော့သွားပြီး ကားနောက်ခန်းအမိုးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။


ဝေ့ရှောင်းကလည်း တံခါးဖွင့်သံကို ကြားသည်။

130 02

“ခဏနေဦး”


သူ နည်းနည်း ပိုဖက်ချင်သေးတယ်။


သို့သော် လုဖုန်း၏ ဘယ်ဘက်လက်ဟာ အင်အား စိုက်ထုတ်လာမည်ဟု မည်သူကမှ မထင်ထားလောက်ချေ။ ထိုနည်းအားဖြင့် ဝေ့ရှောင်းကို နောက်ခုံသို့ တွန်းထည့်လိုက်သည်။


ကား၏ အတွင်းပိုင်းတွင် အလွန်ကျယ်သည်။ အထူးသဖြင့် နောက်ခုံဆိုလျှင် အိပ်ရာဟုပင် ခေါ်၍ရသည်။


လုဖုန်းက အတွင်းဘက်တွင် မထိုင်ခဲ့ချေ။ ထို့အစား ပစ်လဲခံရသလိုမျိုး လဲကျသွားသည်။


သူသည် ညာဘက်ခြမ်းရှိ ဘေးတံခါးနှင့် ပြတင်းပေါက်ကို မှီလျက် လှဲလိုက်သည်။


“အာ”


လုဖုန်းက ဝေ့ရှောင်း၏ ခြေထောက်အကြားသို့ ဒူးခေါင်းတစ်ဖက် လျိုသွင်းလာရင်း သူ၏နှုတ်ခမ်းကို နမ်းရှိုက်လာသည်။


ဝေ့ရှောင်း..


“!!”


နောက်ခန်းတံခါးက ပိတ်သွားသည်။ ပြတင်းပေါက်များကိုလည်း ပိတ်ထား၏။ ထို့ကြောင့် မည်သူကမှ မမြင်နိုင်ပေ။ 


ကားအတွင်းပိုင်းမှ နွေးထွေးသော နေရာကျယ်အတွင်း နွေးထွေးသော စူးရှသည့်အနမ်းများသာလျှင် ရှိနေသည်။


ကားဟာ မည်မျှကျယ်စေကာမူ နောက်ခုံအတွင်း လူနှစ်ယောက် ဝင်တိုးသည့်အတွက် ကျပ်နေပေလိမ့်မည်။


သို့ရာတွင် ထိုကိစ္စက အရေးမကြီးပေ။ သူတို့က နီးကပ်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ သူတို့နှစ်ယောက်အကြားတွင် အကွာအဝေး မရှိနေလျှင် အကောင်းဆုံး ဖြစ်သည်။


ကားက လမ်းမပေါ်တွင် စတင်ပြေးလွှားချိန်တွင် ဝေ့ရှောင်းက ကားရှေ့ခန်း ဘေးထိုင်ခုံတွင် ရောက်နေပြီး အင်္ကျီများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးလေပြီ။


“ခေါင်းဆောင်”


လုဖုန်းက ကားမောင်းနေသော အခြေအနေကို အခွင့်ကောင်း ယူခြင်းအားဖြင့် သူ၏ပါးစပ်မှ filterက ပြန်ပွင့်သွားသည်။


“မင်းအခု ငါ့ကို ခြောက်လိုက်တာပဲ”


လုဖုန်း ပိန်သွယ်သွယ်လက်ချောင်းများက စတီယာဘီးကိုသာ ကိုင်ထားပြီး ရှေ့သို့သာ ကြည့်နေသည်။


ဝေ့ရှောင်းက သူ့ကို ခိုးကြည့်ရင်း ပြောသည်။


“မင်းငါ့ကို ကားထဲမှာ လုပ်တော့မယ်လို့ ထင်နေတာ”


လုဖုန်း..


“....”


အရေးပေါ်ကား ဘရိတ်အုတ်သံက ဝေ့ရှောင်းကို လန့်အော်စေသည်။ ကံကောင်းသည်မှာ သူသည် လုံခြုံရေးခါးပတ်ကို ကောင်းကောင်း ပတ်ထားသည်။


လုဖုန်းက ကားကို လမ်းဘေးတွင်ရပ်လိုက်ရင်း သူ့ကို ကြည့်သည်။


“baseကို ပြန်ချင်လား”


ဝေ့ရှောင်း၏ မျက်လုံးက ကွေးသွားသည်။


“မပြန်ချင်ပါဘူး”


လုဖုန်းက မျက်ခုံးပင့်သည်။


ဝေ့ရှောင်းက gear stickကို ကိုင်ထားသော သူ၏လက်ချောင်းများကို ခိုးကြောင်ခိုးဝှက် လှမ်းချိတ်လိုက်ရင်း ပြောသည်။


“ငါက အိမ်ပြန်ချင်တာ”


သူသည် သူ၏အသံကို ပြောင်းလဲ၍ အိမ်ဆိုသော စကားလုံးကို ဖိကာ ပြောလိုက်ခြင်း ဖြစ်သည်။


သူက baseကို ပြန်ချင်တာမဟုတ်ဘဲ အိမ်ပြန်ချင်တာ။ ဒီအိမ်က သူတို့ရဲ့အိမ်လေ FTW တဲ့။

130 03

လုဖုန်းသည် သူ၏လေးနက်တည်ကြည်နေသော မျက်နှာကို မထိန်းနိုင်တော့ပေ။ သူ၏ လက်ချောင်းများဖြင့် ဝေ့ရှောင်း၏ မနာခံသော လက်ချောင်းများကို ပြန်လည်ယှက်နွှယ်ကာ ဆုပ်ကိုင်လိုက်သည်။ ဝေ့ရှောင်း၏ နှုတ်ခမ်းများက ကော့တက်ကာ ပြုံးလေသည်။


Baseသို့ ပြန်ရောက်ပြီးနောက် ဝေ့ရှောင်းက လက်မှတ်ထိုးထားသော စာချုပ်ကိစ္စများအားလုံးကို ရှန်းလျိုကို ပေးလိုက်သည်။


ထို့နောက် သူသည် ကျောင်းသို့ တစ်ခေါက်သွားရလောက်သည်။ ဒီနည်းအားဖြင့် သူ၏ကျောင်းရပ်နားသည့်ကိစ္စကို အတည်ပြု၍ရသည်။


ဝေ့ရှောင်းကလည်း စိတ်အေးသွားသလို ခံစားလိုက်ရသည်။


သူသည် ကိုင်တွယ်ရမည့် ကိစ္စများကို ကိုင်တွယ်ပြီးလေပြီ။ သူ လုပ်ရန် ကျန်ရှိသမျှက လာမည့်တိုက်ပွဲများတွင် အာရုံစိုက်ရန်သာ ဖြစ်သည်။


ပုံမှန်season playoffs ပြည်တွင်းဖိုင်နယ်နှင့် global ဂိမ်းပွဲများသာလျှင်ရှိသည်။


ဒီနှစ် gloryပြိုင်ပွဲတွင် ဝေ့ရှောင်းသည် FTWအား ချန်ကီယံရှစ်ဖလား ရအောင် ထွင်းထုရပေမည်။


ပိတ်ရက်များက အမြဲတစေ တိုသည်။ သုံးရက်က မျက်တောင်တစ်ခတ်အချိန်အတွင်း ကုန်သွားသည်။


တက္ကသိုလ်သို့ တစ်ခေါက်ပြန်သွားရသော ခရီးကလွဲပြီး ဝေ့ရှောင်းသည် baseအပြင်ဘက်သို့ ခြေတစ်လှမ်းမှ မထွက်ခဲ့ပေ။


လုဖုန်းကလည်း သူ၏အလုပ်များဖြင့် မအားလပ်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝေ့ရှောင်းက တစ်ယောက်တည်းသာ rankတက်နေလေ့ရှိသည်။ လုဖုန်းက အောက်ထပ်သို့ ဆင်းလာသောအခါ သူသည် လုဖုန်းကိုကပ်ပြီး doubleဝင်တိုးလေ့ရှိသည်။


မကြာခဏဆိုသလို သူ၏နှလုံးသားက ယားယံလာချိန်တွင်လည်း ခေါင်းဆောင်နှင့်အတူ soloပွဲအနည်းငယ် ဆော့တတ်သည်။ သို့သော် အများကြီးမကစားရန် သေချာစေသေးသည်။


နှစ်ယောက်၏ ချိုမြိန်ပြီး ပျော်ရွှင်စရာကောင်းသော လောကက ချိုင်ကောက တံခါးကို တွန်းဖွင့်လာချိန်တွင် ပြိုကွဲသွားရသည်။


ဝေ့ရှောင်းသည် ထိုအရွက်ပင်ကို ယခုလောက်အထိ သဘောမကျ မဖြစ်ဘူးပါပေ။


“မင်းက ဘာလို့ ဒီလောက် အစောကြီး ပြန်လာတာလဲ”


သူတို့ ကျောင်းတက်နေတဲ့ အချိန်ကဆိုရင် ဒီလောက်အစောကြီး ကျောင်းကို ပြန်မလာတတ်ပါဘူး။


ပိုင်ချိုင်က ကြောင်သွားသည်။


“လောင်ဇီက ကလပ်ကိုချစ်လို့ အတင်းတွေ စောစောပြန်လာတာလေ၊ မင်းငါ့ကို မချီးကျုးရင် လုံလောက်ပြီ၊ ဒါကို အထင်လာသေးနေသေးတာလား”


စိတ်မရှိပါနဲ့။ ဝေ့ရှောင်းကတော့ ဒီရှင်းလင်းနေတဲ့ ကလပ်ထဲမှာပဲ ချစ်ကျွမ်းဝင်ချင်နေတာ။


အနားမှာ ဘယ်သူမှမရှိတာ ဘယ်လောက်ကောင်းလိုက်သလဲ။ သူနဲ့ခေါင်းဆောင်က ဘယ်နေရာမှာမဆို ကြိုက်သလို နမ်းရှိုက်လို့ရတယ်။ အခုကြည့်ပါလား သူတို့ပုန်းကွယ်ပြီး ကစားရတော့မယ်။


ကောင်းပြီလေ။ ပုန်းပြီး ခိုးကြောင်ခိုးဝှက်လုပ်တာကလည်း တော်တော်လေးတော့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။


ဝေ့ရှောင်းက ချိုင်ကော၏ အိတ်တစ်အိတ်ကို သယ်ပေးသည်။


“မင်း ကျောက်တုံးတွေ ထည့်လာတာလား၊ ဘာလို့ဒီလောက်ထိ လေးနေတာလဲ”


ပိုင်ချိုင်က မျက်လုံး လှန်သည်။


“ဒါမင်းအတွက်”


ဝေ့ရှောင်း..


“???”


ချိုင်ကော..


“မင်း မလိုချင်လည်း ထားလိုက်လေ”


ဝေ့ရှောင်းက ဇစ်ကိုဖွင့်လိုက်ပြီး အတွင်းမှ စိမ်းလန်းကာ တောက်ပြောင်နေသော အနက်ရောင်အလှလေးများကို မြင်လိုက်ရသည်။


“သေစမ်း ချိုင်ကော မင်း တော်တော် တော်တာပဲ”

130 04

ပိုင်ချိုင်ကလည်း ထိန်းထိန်းသိမ်းသိမ်း ပြောသေးသည်။


“ငါ ဒီတိုင်း လမ်းဘေးမှာတွေ့လို့ နည်းနည်းပါးပါး ဝယ်လာရုံပါ”


ဒီသားရဲကောင်က တခြားဘာမဆို စားနိုင်ပေမဲ့လည်း သူက ဖရဲသီးကို အထူးတလည် သဘောကျတာ။ ဒီလိုအသီးမျိုးက ဈေးမကြီးဘူး။ ဒါပေမဲ့ တော်တော်လေးတော့ လေးတယ်။ နတ်ဘုရားမှပဲ သူသည် ဖရဲသီးသုံးလုံးကို မွေးရပ်မြေကနေ ဘယ်လို သယ်လာရလဲဆိုတာကို သိလိမ့်မယ်။


ဝေ့ရှောင်းက သူ့ကိုလည်း ဖောက်မြင်နိုင်သည်။


“မင်းရဲ့မြေယာက စိုက်တဲ့အသီးတွေ မဟုတ်လား”


ပိုင်ချိုင်..


“....”


ဝေ့ရှောင်း၏ နှလုံးသားက ပျော်ရွှင်နေသေးသည်။


“ကျေးဇူးတင်ပါတယ် နတ်ဘုရားပိုင် ငါweibo postတင်ပြီး အချစ်တွေကို ကြွားဦးမယ်”


ချိုင်ကော..


“...”


သူသည်လည်း တစ်စုံတစ်ရာက မမှန်ကြောင်း အမြဲတစေ ခံစားနေရသည်။


....အိုး သူ ဘာလဲဆိုတာ သိပြီ။


သူက ခပ်မြန်မြန်အော်လိုက်သည်။


“သောက်ကျိုးနည်းကို မင်းအချစ်ကို ကြွားမှာလား၊ လောင်ဇီက မင်းကိုမချစ်ဘူးနော်”


ဝေ့ရှောင်း..


“အွန်းအွန်း မင်းမချစ်ပါဘူး မင်းမချစ်ပါဘူး။ မင်းကဒီတိုင်း ငါ့ကို အရမ်းအရမ်းချစ်တာပါ”


ပိုင်ချိုင်..


“.....”


သူ အရှက်မဲ့တဲ့လူတွေကို အရင်က မြင်ဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ အရှက်မဲ့တဲ့ တစ်စုံတစ်ယောက်ကိုတော့ မမြင်ဖူးသေးဘူး။


သူသည် ပင်ပန်းလွန်းသဖြင့် သေချင်နေပြီဖြစ်သည်။ ထို့ကြောင့် အပေါ်ထပ်သို့ ရောက်ပြီးပြီးချင်း အဝတ်များကို ထုတ်နေလိုက်သည်။ နာရီဝက်ခန့် ကြာပြီးနောက် အရာအားလုံး ပြီးသွားသည်။


ချိုင်ကောက သန့်ရှင်းသပ်ရပ်သွားသော အခန်းကို ကြည့်လိုက်ရင်း သူ၏နှလုံးသားက သက်သောင့်သက်သာ ရှိလွန်းသလို ခံစားလိုက်ရသည်။


ကောာင်းလိုက်တာ။


ပိုင်ချိုင်က အိပ်ရာပေါ်တွင် လှဲလိုက်ကာ တစ်ရေးအိပ်ချင်သည်။ ထို့နောက်....။


သူသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ ယခင်က တွေ့လိုက်ရသည့် ခေါင်းဆောင်၏ ရှင်းပြရန်ခက်ခဲသော အေးစိမ့်သည့် အကြည့်ကို သတိရသွားသည်။


ချိုင်ကော၏ ရေဒါမှ alarmသံများက ချက်ချင်းလိုလို မြည်ဟီးလာပြီး သူသည် ဝေ့ရှောင်း၏ အိပ်ခန်းထံ ပြေးသည်။


“မင်း သောက်ကျိုးနည်း ပေါက်ကရ weibo postတွေ မတင်နဲ့နော်”


သို့သော် ဝေ့ရှောင်းက အခန်းထဲတွင် မရှိပေ။


ချိုင်ကောက ဖိအားများသွားသည်။


ကောင်စုတ်လေး သူ ဒီလောင်ဇီကိုတော့ ဒုက္ခမပေးလောက်ပါဘူးနော်။


မင်း သောက်ကျိုးနည်း ငါ့ကိုချစ်တယ်ဆိုရင်လည်း ခေါင်းဆောင်ကိုတော့ သဝန်တိုအောင် မလုပ်ပါနဲ့။


ခေါင်းဆောင်သာ သဝန်တိုသွားရင် သူ ကလပ်ကနေ အထုတ်ခံရမှာလား။


ချိုင်ကောက အတင်းအဖျင်းဧက္ကရာဇ်၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်ရန် ထိုက်တန်သည်။ သူ၏ ဦးနှောက်အတွင်း ကိစ္စများကို ဖန်တီးသောစွမ်းရည်က တခြားသောလူဆယ်ယောက် ပေါင်းစီးကာ ကြံစည်သော အခြေအနေမျိုးနှင့်ပင် ယှဥ်နိုင်သည်။


ပိုင်ချိုင်သည် ဝေ့ရှောင်းကို ရှာမတွေ့ပေ။ ထို့ကြောင့် weiboကိုသာ clickနှိပ်လိုက်ပြီး ဝေ့ရှောင်း တင်ထားခြင်း ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။

130 05

ဘာမှ မတင်ပါစေနဲ့။ ကျေးဇူးပြုပြီး ဘာမှမတင်ပါစေနဲ့။ သားရဲဝေ့ ကျေးဇူးပြုပြီး လူလိုနေစမ်းပါ။


ထို့နောက်....။


ပိုင်ချိုင်က postကို မြင်လိုက်သည်။ သူ၏နှုတ်ခမ်းများက တွန့်သွားသည်။ သူ၏မျက်လုံးက ကန်းမတတ်ဖြစ်သွားသည်။


ဝေ့ရှောင်းက weibo postကိုတင်ထားသည်မှာ လွန်ခဲ့သော တစ်မိနစ်ခန့်ကမှ တင်ထားခဲ့ခြင်း ဖြစ်သည်။


အချစ်ကို ကြွားထားခြင်းလည်းဖြစ်သည်။ ဖရဲသီးနဲ့လည်း ဆက်စပ်သည်။ ချိုင်ကော၏ နာမည်ကလည်း ပါ၏။ သို့ရာတွင်.....။


FTW. Quiet. .ချိုင်ကော ပြန်သယ်လာတဲ့ ဖရဲသီးတွေက တကယ်ချိုတာပဲ ဟုတ်တယ်မလား ခေါင်းဆောင် @FTW. Close


ထို့အပြင် ပုံတစ်ပုံကလည်း ပါသေးသည်။ ပုံထဲတွင် မည်သူမှ မပါချေ။ ဖြူဖျော့သော အသားအရည်နှင့် လက်ချောင်းအဆစ်များ သိသိသာသာထင်းထွက်နေသော သွယ်လျသည့် လက်တစ်စုံသာ ဖြစ်သည်။ ထိုလက်က ငွေရောင် ခက်ရင်းလေးကို ကျွမ်းကျင်စွာ ပေါ့ပေါ့ပါးပါး ကိုင်ထားသည်မှာ အနုပညာလက်ရာတစ်ခုအလား ထင်ရသည်။


ငွေရောင်ခက်ရင်းတွင် ဖရဲသီးတစ်စိတ်ကို ထိုးထားသည်။ အရည်ရွှမ်းပုံကလည်း အလွန်ကြည်လင်ထင်ရှားနေလေပြီး ချိုမြိန်မှုကလည်း သိသာထင်ရှားနေလေသည်။


ပုံထဲတွင် မည်သူမှမပါပေ။ သို့သော် နေရာချထားမှုအရ တစ်စုံတစ်ယောက်ကို ခွံ့ကျွေးနေသလိုမျိုး ထင်ရသည်။


ထို့အပြင် weibo၏ စာသားနှင့် ပေါင်းစပ်လိုက်သော်....။


ချိုင်ကောသည် ဖုန်းကို လွှင့်ပစ်လိုက်ပြီး သေချင်သွားသည်...။ဒီကောင်ကို အလကားနေရင်း မျက်ကန်း စိုးရိမ်ပေးနေတာက အရူးပဲ။


ဒါက အချစ်ကိုကြွားတာတော့ မှန်တယ်။ ဖရဲသီးကိုလည်း စားတယ်။ ချိုင်ကောရဲ့နာမည်လည်း ပါတယ်။ ဒါပေမဲ့ သူက ဒီအတိုင်း ခဲပတ်ပဲ။


ဝေ့ရှောင်းသည် ခေါင်းဆောင်နှင့်အချစ်ကို ကြွားနေသည်မှာ ရှင်းလင်းနေသည်။


Weibo post၏ ပထမဦးဆုံး ကောမန့်က closeထံမှဖြစ်ပြီး ရိုးရှင်းသော စကားလုံးတစ်လုံးတည်းသာ ဖြစ်သည်။


“ထျန်း(ချိုတယ်)”


ပုံမှန်အားဖြင့် စကားအများကြီး ပြောလေ့ပြောထ မရှိလေဘဲ စကားကို ရွှေအလားဆက်ဆံသော လူတချို့ရှိသည်။ သို့သော် ထိုကဲ့သို့သော လူမျိုး၏ စကားလုံးတစ်လုံးတည်းကတင် အင်တာနက်တစ်ခုလုံးကို ပေါက်ကွဲစေနိုင်ရန် လုံလောက်သည်။


Close ချိုတယ်။


ထိုသို့ဖြင့် ရှာဖွေမှုအများဆုံး ခေါင်းစီးတစ်ရပ်က အလင်းကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် မြောက်တက်လာသည်။


ဝေ့ရှောင်းကလည်း ဖရဲသီးစားနေရင်း ပျော်နေသည်။


“လျိုကော badass ဓာတ်ပုံရိုက်တာ တကယ်တော်တာပဲ”


ရှန်းလျို..


“....”


သူ တကယ်ကို badass မဖြစ်ချင်ပါဘူး။


လက်က closeရဲ့လက်။ အကျွေးခံရတာက ဝေ့ရှောင်း။


ရှန်းလျိုသည် ဖြစ်စဥ်တစ်ခုလုံးကို ဓာတ်ပုံရိုက်ယူပေးခဲ့သူ ဖြစ်သည်။ ကင်မရာထဲတွင် မည်သူမှ မပါပေ။ သို့သော် စီးပွားရေးမိစ္ဆာကြီးက မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း အလွန်အမင်း ကောင်းမွန်စွာ နားလည်လွန်းနေသည်။


Panoramiac shootသည် သူတို့၏ editများကို ပြသနိုင်လွန်းသည်။ ထို့အတွက်ကြောင့် တစ်ယောက်ကိုယ်တစ်ယောက်သာ ခိုးကြည့်နိုင်ကြသည်။


တည်းဖြတ်ထားသော screenshotကို တင်လိုက်လျှင်ပင် အလွန်မှော်ဆန်နေပေလိမ့်မည်။


ဝေ့ရှောင်းက အကြည့်မရပ်နိုင်တော့ပေ။


“ခေါင်းဆောင် ခေါင်းဆောင်ရဲ့လက်တွေက တကယ်ကြည့်ကောင်းလွန်းတာပဲ”


လုဖုန်းသည် သူ့အား ကူညီပြီး ဖရဲသီးစိတ်များ ဖယ်ပေးသည်။


“အများကြီး မစားနဲ့၊ အေးတယ်”

130 06

ဝေ့ရှောင်းက ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။


“သုံးစိတ်ပဲ”


လုဖုန်း...


“နှစ်စိတ်ပဲ”


ဝေ့ရှောင်း...


“ဒါဆိုရင်လည်း တစ်စိတ်ပဲ စားမယ်လေ”


လုဖုန်းက သူ့ကိုကြည့်သည်။ ဝေ့ရှောင်းက စကားလုံးကို အဆုံးသတ်၏။


“ငါ့ကို ခွံ့ကျွေး”


ရှန်းလျို...


“.....”


သူ ဒီမှာ မရှိသင့်ဘူးထင်တယ်။ သူ စားပွဲအောက်မှာ နေသင့်တာ။


လုဖုန်းကလည်း ရှန်းလျိုထံမှ ဖုံးကွယ်ထားရန် မကြိုးစားပါပေ။ သို့သော် သူ၏အရှေ့တွင် ဝေ့ရှောင်းကို ဘာမှမလုပ်နိုင်ရုံသာ ဖြစ်သည်။


“မစားရင်လည်းနေတော့”


ဝေ့ရှောင်း..


“ဟူး”


သူ တော်တော်လေးကို ဆိုးသွမ်းလာတာပဲ။ အခု ဖရဲသီး မရှိတော့သလို အနမ်းလည်း မရှိတော့ဘူး။


ထိုအချိန်တွင် ရှန်းလျို၏ ဖုန်းက မြည်လာသည်။ wechat စာရောက်လာခြင်း ဖြစ်လောက်၏။


သူက တစ်ချက်ကြည့်ပြီးနောက် လုဖုန်းကိုပြောသည်။


“ဒေါက်တာချန်း ရောက်လာပြီ”


လုဖုန်းက ငွေရောင်ခက်ရင်းကို ချသည်။ ထို့နောက် ဖြေ၏။


“ကောင်းပြီ”


ဝေ့ရှောင်းက ထိုစကားကို ကြားသောအခါ သိချင်သွားသည်။


“ဒေါက်တာချန်း  ဟုတ်လား”


ရှန်းလျိုက ရှင်းပြသည်။


“ငါတို့အသင်းရဲ့ ဇီဝကုထုံးဆရာလေ၊ မင်းအရင်က သူနဲ့မတွေ့ရသေးဘူး မဟုတ်လား”


ဝေ့ရှောင်းက နားလည်သွားသည်။


“အိုး”


Esportအသိုင်းအဝိုင်းသည် ထိုကဲ့သို့သော အလုပ်အကိုင်နှင့် ပတ်သက်သောရောဂါများ အဖြစ် များလေသည်။ ထို့ကြောင့် ကလပ်တိုင်းနီးပါးတွင် ဇီဝကုထုံးဆရာနှင့် ခန္ဓာဗေဒအကြံပေး ဆွေးနွေးသူများ ရှိလေသည်။


FTWကဲ့သို့သော ကြွယ်ဝသလို ကစားသမားများကိုလည်း ချစ်သောအသင်းတွင်လည်း သဘာဝအလျောက်ပင် ရှိလေသည်။ ယခင်က ဆောင်းတွင်းလေ့ကျင့်ရေးစခန်းတွင် သူတို့က ၁၅ရက်သာရှိသော ခရီးကြောင့်သာ အသင်းကို အဖော်မပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပြည်တွင်းပြိုင်ပွဲများက စတင်တော့မည်ဖြစ်လေရာ နောက်ကွယ်မှ logistic teamကလည်း နေရာအပြည့်အဝ ယူရလေပြီ။


ဝေ့ရှောင်းက အလွန်သိချင်နေသည်။


“ဇီဝကုထုံးက နာလား”


ရှန်းလျို...


“....”


သူသည် လုဖုန်းကို ခိုးကြည့်လိုက်ပြီး သူ၏နှလုံးသားက ဗုံလိုမြည်ဟီးလာသည်။


နာလားတော့ သူ မသိဘူး။ သူလည်း တစ်ခါမှ မလုပ်ဖူးဘူးလေ။ ဒါပေမဲ့ မြင်တော့မြင်ဖူးတယ်။


ယခင်က လုဖုန်းသည် ဇီဝကုထုံး လုပ်ရန် လိုအပ်သောအခါ လူတိုင်းကို ရှောင်နေရသည်။ ထို့ကြောင့် ရှန်းလျိုတစ်ယောက်တည်းကသာ ကိစ္စအားလုံးကိုသိသော အတွင်းလူဖြစ်သည်။


လုဖုန်းက အသံတစ်ချက်ပင် မထွက်ပေ။


သူ၏ အသက်ရှူနှုန်းကလည်း တည်ငြိမ်သည်။ ဇီဝကုထုံး ပြီးဆုံးသွားမှသာ သူ၏ဖျော့တော့သော မျက်နှာနှင့် နဖူးမှချွေးများက သူ၏နာကျင်မှုကို ဖော်ပြနိုင်ခြင်း ဖြစ်သည်။


ဒဏ်ရာတစ်ခုကို ဖိပြီး နှိပ်နယ်ရခြင်းကြောင့် မနာကျင်ဟုပြောလျှင် လိမ်ရာ ရောက်ပေလိမ့်မည်။


နဂိုအတိုင်း ပြန်ကောင်းအောင် လုပ်ဆောင်ပေးရသော ဇီဝကုထုံးနှင့် ပတ်သက်လာသော် မနာကျင်လျှင် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။


လုဖုန်းက မတ်တပ်ထရပ်လျက် ဝေ့ရှောင်း၏ လက်ကောက်ဝတ်ကို သူ၏လက်ချောင်းများနှင့် အသာစိတ်လာသည်။ ဝေ့ရှောင်းက ခပ်တိုးတိုးညည်းသည်။


“ယားတယ်”


သူ တစ်ကိုယ်လုံး ယားနေတာ။ လုဖုန်းက သူ့ကို လာထိတာနဲ့ အဲဒီနေရာက ယားယံသလို ခံစားရတာပဲ။


လုဖုန်းက အားအနည်းငယ် ထုတ်လိုက်ပြီး သူ၏လက်ညှိုးတစ်ချောင်းနှင့် သူ၏အကြောမှတ်တစ်နေရာကို ဖိကာပြောသည်။


“နာလား”


ထုံထိုင်းပြီး ယားယံသော ခံစားချက်က သူ၏ တံတောင်ဆစ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ဝေ့ရှောင်းက ခေါင်းခါသည်။

130 07

“မနာပါဘူး”


သက်သောင့်သက်သာတောင် ရှိသေးတယ်။


လုဖုန်းက သူ့ကို လွှတ်ပေးသည်။


“မစိုးရိမ်နဲ့ ကြိုတင်ကာကွယ်တဲ့ ခန္ဓာကုထုံးတွေက မနာဘူး”


ဝေ့ရှောင်းကလည်း သူ၏လက်ကောက်ဝတ်ကို အသာပွတ်သည်။


“ခေါင်းဆောင် ခေါင်းဆောင်က တကယ်တော်တာပဲ၊ ဘယ်လိုလုပ်ရမှန်းတောင် သိတယ်”


လုဖုန်း...


“.....”


ဝေ့ရှောင်းသည်လည်း သူသည် နောက်တွင်ကျစ်ရစ်ခဲ့၍မရဟု ခံစားလိုက်ရသည်။ သူသည်လည်း တွေးလိုက်၏။


နေပါဦး ငါ ကောင်းကောင်း သင်လိုက်ပြီးတဲ့အထိစောင့်။ အဲဒီကျမှ ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်ပေးရမည်။


ဝေ့ရှောင်းက တက်ကြွသော အမျိုးအစားမျိုး ဖြစ်သည်။ ထိုညနေခင်းတွင် ကြိုတင်ကာကွယ်ရေး ဇီဝကုထုံးကို လုပ်ဆောင်သောအခါ ဝေ့ရှောင်းက နှိမ့်ချစွာနှင့် အကြံကို တောင်းခံလေသည်။


ဒေါက်တာချန်းက သက်လတ်ပိုင်း အမျိုးသမီးကြီးဖြစ်ပြီး သူမသည် ပါးစပ်ချိုကာ ကောင်းကောင်း ရယ်မောတတ်သော ချောမောသည့် လူငယ်လေးမျိုးကို အလွန်အမင်း သဘောကျသူ ဖြစ်သည့်အလျောက် သူမကို မေးလာသမျှ မေးခွန်းတိုင်းကို သေချာဖြေပေးလေသည်။


******