ကောင်းကျိုးမပေးသော သမီးပျို
အပိုင်း(၃)
မှတ်ဉာဏ်အသစ်တွေအရ ရှန်ယန်ရှောင် သိရတာက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အဖေဟာ ယခုလက်ရှိ ဇာမဏီမိသားစုခေါင်းဆောင်ရဲ့ သားငယ်ဖြစ်တယ်ဆိုတာကိုပါ။ရှန်ယန်ရှောင် တစ်လသမီးအရွယ်မှာပဲ သူမရဲ့မိဘနှစ်ပါးလုံးဟာ အပြင်ကိုသွားတုန်းမှာ လုပ်ကြံခံလိုက်ရပါတယ်။မိသားစုသုံးဦးထဲကမှ သူမတစ်ဦးပဲရှင်သန် လွတ်မြောက်ခဲ့တာပါ။
မိသားစုအတွင်းက လူတွေက သူမကို သုံးစားမရသူအဖြစ် လေးစားမှုမရှိကြပေမယ့် သူမ၏အဖိုးဖြစ်သူ လက်ရှိမိသားစုခေါင်းဆောင် ရှန်ဖန်ကတော့ သူ့သားဖြစ်သူ၏ နာမည်နဲ့ဂုဏ်ဒြပ်ကို ဂရုစိုက်ခဲ့ပါတယ်။သူဟာ ရှန်ယန်ရှောင်ရဲ့ နေ့စဉ်ရှင်သန်နေထိုင် စားသောက်မှုကို တာဝန်ယူပေးဖို့ လူတစ်ယောက်ကို စေခိုင်းထားပေမယ့် ကူလုပ်ပေးသူဟာလည်း အရာရာတိုင်းကိုတော့ ဂရုစိုက်မပေးနိုင်ပါဘူး။မိသားစုကြီးဖြစ်တဲ့ ဇာမဏီမိသားစုအတွက်ကတော့ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာမှာပါ ဘာမှသုံးစားမရတဲ့ သူမတည်ရှိနေခြင်းဟာ ရှက်စရာ တစ်ခုဖြစ်နေပါတယ်။
နှစ်ပတ်လည်ညစာစားပွဲကိုတောင် သူမအနေနဲ့တက်ရောက်နိုင်တဲ့ အရည်အချင်းမပြည့်မှီပါဘူး။
ဒီသားရဲတွင်းကို ဝင်ရောက်တဲ့ကိစ္စအတွက်လည်း မသေရင်တောင်မှ အပြစ်တစ်ခုတော့ ပေးခံရမှာပါ။
သူမအဖေကြောင့်သာမဟုတ်ရင် ရှန်ဖန်ဟာ သူမကို သူ့မြေးအဖြစ်အသိအမှတ် မပြုလောက်ပါဘူး။ပြောနိုင်တာတစ်ခုကတော့ ရှန်ယန်ရှောင်ကို ထောက်ကူအားပေးမယ့်အားကိုးအားထားမရှိပါဘူး။
"ဒီအခြေအနေကတော့ လုံးဝကို စိတ်ဒုံးဒုံးချစရာပဲ"
ရှန်ယန်ရှောင် ပြုံးလိုက်ရင်းနဲ့ ထိုင်ခုံပေါ်မှနေကာ သုံးသပ်နေမိပါတယ်။
အညွန့်တုံးနေသူတစ်ယောက်အတွက် အခုလိုအခြေအနေဟာ လုံးဝမျှော်လင့်ချက် မဲ့စရာပါ။
"ဘာပဲဖြစ်ဖြစ်ပေါ့လေ စိတ်လျှော့ရမယ့် အခြေအနေတော့ မဟုတ်သေးပါဘူး"
အလွန်ညှို့ငင်အားကောင်းသော အသံတစ်သံဟာ ရှန်ယန်ရှောင်ရဲ့နားထဲကို ဝင်ရောက်လာပါတယ်။
ရှန်ယန်ရှောင်လည်း လျှင်မြန်စွာ ထရပ်လိုက်ပြီး ပတ်ပတ်လည်ကို သတိထားကာ ကြည့်ရှုလိုက်ပါတယ်။
ယခုခန္ဓာကိုယ်ဟာ ဘာအင်အားမှ မရှိဘူးလို့ပြောနိုင်သော်လည်း သူမရဲ့အရင်ဘဝမှာ ရှန်ယန်ရှောင်ဟာ ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်ခဲ့သူ စောရဘုရင်မတစ်ပါးဖြစ်ခဲ့တယ်လေ။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အနံ့အသက်မျှ သူမရဲ့အာရုံအတွင်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဒီအခန်းအတွင်းမှာတော့ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်နံ့ကိုသူမ မရရှိမခံစားမိပါဘူး။
ဒါဆိုရင် ဒီအသံက ဘယ်ကထွက်လာရတာလဲ။
"အသံပေးရဲပြီး လူကောင်ဘာလို့ ထွက်မပြရဲတာလဲ"လို့ပြောကာ ရှန်ယန်ရှောင် မျက်စိကိုမှေးကာ လိုက်လံရှာဖွေနေလိုက်ပါတယ်။
"ငါ့ကိုယ်ငါပြရမယ်လား"ဆိုပြီး အဲ့အသံဟာ အေးစက်မှုအငွေ့အသက်တို့ ပါဝင်လျက် ထပ်မံပေါ်ထွက်လာပါတယ်။
"ချာတိတ်မလေး ငါ့ကိုလိုက်ရှာနေစရာမလိုပါဘူး ဘာလို့လဲဆိုတော့ ငါက မင်းကိုယ်ထဲမှာရှိနေလို့ပါ"
သူမကိုယ်ထဲမှာလား
ရှန်ယန်ရှောင် စိုက်ကြည့်နေတာကို ရပ်လိုက်ပါတယ်။
"ငါက အစတုန်းက မင်းတစ်သက်လုံး ဦးဏှောက်မကောင်းဘဲ နေသွားရမယ်လို့ပဲ ထင်ထားခဲ့မိတာ ဒါပေမယ့် မင်းက ရုတ်တရက်ကြီး ပြောင်းလဲပြီး ဉာဏ်ကောင်းလာတယ်။လောကကြီးက လူတွေကို ဆော့ကစားတာပဲ။ကြည့်ရတာတော့ ကံတရားက ငါတို့ကို အခွင့်အရေးတစ်ခု ပေးတာထင်တယ်"
ရေခဲမှတ်ရောက်နေလောက်အောင် အေးစက်စက်အသံဟာ သူမနားထဲမှာ ကြားလိုက်ရပြန်ပါတယ်။ဒီတစ်ခါမှာတော့ အဲ့အသံဟာ တစ်ကယ်ကိုပဲ အပြင်ကလာတဲ့အသံမဟုတ်ဘဲ သူမ ဦးဏှောက်ကနေလာတယ်ဆိုတာကို သူမရှင်းလင်းစွာခံစားသိရှိလိုက်ပါတယ်။
"မင်းက ဘယ်လိုလူမျိုးလဲ"
ရှန်ယန်ရှောင်အနေနဲ့ သူမရဲ့ပြန်မွေးဖွားလာမှုကို လက်ခံနိုင်ပေမယ့် ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကိုတော့ လက်ခံဖို့ ခက်ခဲလွန်းလှပါတယ်။
"လူသားတဲ့လား ဒီကမ္ဘာထဲမှာတော့ ငါ့ကို လူလို့သတ်မှတ်ခေါ်ဝေါ်မယ့်အစား မိစ္ဆာလို့ပဲ ခေါ်ကြမယ့်လူတွေပဲရှိတယ်"
မိစ္ဆာတဲ့လား ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်မိတယ်။
"ကောင်မလေး သဘောတူညီမှုတစ်ခု အကြောင်း ဆွေးနွေးကြမလား"
"ဘာသဘောတူညီမှုအတွက်လဲ"
တစ်ဖက်သားရဲ့ အချက်အလက်ကို မသိရသေးသော်လည်း ရှန်ယန်ရှောင်အနေနဲ့ သူ့ကိုယ်သူ မိစ္ဆာလို့ပြောတဲ့တစ်ယောက်ဟာ သူမကိုယ်ထဲမှာ ရှိနေတယ်ဆိုတာကိုတော့နားလည်လိုက်ပါပြီ။
"မင်းဖက်က ငါ့ကို လူသားကမ္ဘာထဲ ပြန်ရောက်လာအောင် ကူညီပေးရမယ့်အတွက် ငါကလည်း မင်းရဲ့စွမ်းအားတွေကို အသုံးပြုမရအောင် ပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးရင်မင်းပိုင်ဆိုင်တဲ့ စွမ်းအားတွေ ပြန်ရလာမှာပဲ"
"ပိတ်ဆို့ထားတာ" ရှန်ယန်ရှောင်အတွက်တော့ နားထောင်လေလေ ခေါင်းရှုပ်လာလေလေပါပဲ။
"မင်းညာဖက်လက်မောင်းကအင်္ကျ ီစကိုလှန်လိုက်"
အသံကြားတဲ့အတိုင်း သူမရဲ့အင်္ကျ ီစကို လှန်လိုက်ပါတယ်။ညာဖက်လက်မောင်းရဲ့ အပေါ်ဖက်မှာ လက်ဝါးအရွယ်ရှိတဲ့ မည်းနေတဲ့အမှတ်အသားတစ်ခုရှိနေပါတယ်။ခုဏကသူမကိုယ်ကိုသူမ စစ်ဆေးခဲ့တုန်းက စိတ်ရှုပ်နေတာနဲ့ပဲ ဒီအမှတ်ကို သေချာသတိမထားမိလိုက်ပါဘူး။
"ဒါက တားမြစ်အမှတ်အသားလား"
သောက်ခွေးတဲ့မှပဲ။ဒီကောင်မလေးကိုယ်ပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။