Chapter-4
Viewers 321

ကောင်းကျိုးမပေးသော သမီးပျို

အပိုင်း (၄)


    "ဒါဟာ ခုနှစ်စဉ်ကြယ်လကိုချုပ်လို့ခေါ်ပြီး မင်းရဲ့အစွမ်းအားလုံးကို ချုပ်နှောင်ပြီးတော့ ဘာအစွမ်းမှမရှိတော့တဲ့အပြင် အမှိုက်လို့ပါ လှောင်ပြောင်ခံရစေတဲ့ ခုနှစ်လွှာပါတဲ့ တားမြစ် အမှတ်အသားပဲ။မင်းသာငါ့ကို ကူညီမယ်ဆိုရင် ငါလည်းအဲ့အမှတ်အသားကို ပြန်ဖျောက်ဖို့ကူညီပေးမယ်"


    ရှန်ယန်ရှောင်ဟာ သူမလက်မောင်းပေါ်ရှိ တခြားလူများအနေဖြင့် ခွဲခြားရန်ခက်တဲ့ ထိုအရာကိုကြည့်နေပါတယ်။ထိုမိစ္ဆာဆိုသူရဲ့ စကားအပေါ်ယုံကြည်လို့ရမရကို စဉ်းစားနေရင်း ညစ်တစ်တစ် ပြုံးလိုက်မိကာ


    "ဆွေးနွေးမှုကို အသေးစိတ်မပြောခင်မှာ ကျမအနာဂတ်ရဲ့ မဟာမိတ်က ဘယ်လိုအနေအထားလဲဆိုတာ သိဖို့ စေတနာရှိကြောင်းအရင်ပြသင့်ပါတယ်။နောက်ပြီး ရှင်က ဘာလို့ ကျမကိုယ်ထဲကို ရောက်နေရတာလဲ"


    လောကတစ်ခုလုံးမှာ မိစ္ဆာအပေါ်ကိုပြန်ပြီး အကြပ်ကိုင်ရဲတဲ့  ရှန်ယန်ရှောင်လိုလူ အနည်းငယ်ပဲရှိမှာပါ။


    အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးတဲ့အခါမှာတော့ ကြောချမ်းစရာအသံဟာ ပြန်ထွက်ပေါ်လာပါတယ်။


    "လက်ရှိမင်းရဲ့ အခြေအနေမျိုးနဲ့ ငါ့နာမည်ကိုသိဖို့ အရည်အချင်းမရှိသေးတော့ ယာယီအနေနဲ့ ငါ့ကို ရှူလို့ခေါ်။မင်းကိုယ်ထဲကိုရောက်နေရတဲ့အကြောင်းကိုတော့ မင်းရဲ့တားမြစ်အမှတ်ခုနှစ်လွှာလုံး ပျက်တဲ့အခါမှသာ ငါပြောပြမယ်။အခုချိန်မင်းသိထားရင် မင်းအတွက် ဆိုးကျိုးတွေပဲရှိတယ်"


    ရှန်ယန်ရှောင် ပြုံးလိုက်မိသည်။သူမအနေနဲ့ ရှူ ဟူသော အမည်တစ်လုံးကလွဲလို့ အသုံးဝင်မယ့်သတင်း ဘာမှမသိရ။


    "အဲ့လိုပုံစံနဲ့ ဘယ်လိုညှိနှိုင်းလို့ ရမလဲ။ခင်ဗျားကို လူ့လောကထဲ ပြန်ရောက်အောင် ကူညီပေးပြီးတဲ့အခါ ကျမကို ရှင်က ရှင်းထုတ်မယ်မထုတ်ဘူး ဘယ်လိုသိနိုင်မလဲ"


    စွမ်းအားက သူမအတွက် အခုအချိန်မှာ အလိုအပ်ဆုံးအရာပါ။ဒါပေမယ့်လည်း အခြေအနေတွေရှင်းရှင်းလင်းလင်း မဖြစ်ဘဲနဲ့ နောင်မှအဖြစ်ဆိုး ကျရောက်လာမှာကို သူမ မလိုလားပါဘူး။


    ပထမတန်း စောရဘုရင်မတစ်ယောက်အတွက် ဖြစ်လာမယ့်အန္တရာယ်ကို ကြိုတင်တွက်ချက်ထားဖို့လိုအပ်ပါတယ်။အန္တရာယ်အားလုံးကို ဖြေရှင်းပြီးမှာသာ တစ်ချက်တည်းနဲ့လိုချင်တဲ့အရာကို ယူတာဟာ ပိုနည်းစနစ်ကျပါတယ်။


    ပြန်တိတ်ဆိတ်သွားပြီးမှ ရှူကထပ်ပြောလာပါတယ်

    "မင်းကိုသတ်တာက ငါ့ကိုယ်ငါသတ်တာနဲ့အတူတူပဲ"


    "အခုအခြေအနေက ငါဟာမင်းဆီကို တွယ်ကပ်နေရပြီးတော့ မင်းသေတာနဲ့ ငါ့ဝိဉာည်လည်းပျောက်ကွယ်သွားမှာပဲ"


    ဒီသတင်းကတော့ မဆိုးဘူးပဲ။ရှန်ယန်ရှောင် ပြုံးလိုက်ရင်းနဲ့ နောက်ထပ်သတင်းတွေသိရဖို့ ထပ်မေးပါတော့တယ်။


    "ဒီတော့ ရှင်သာလွတ်လပ်သွားတာနဲ့ ကျမကို ရှင်းပစ်လို့ ရတယ်ဆိုတဲ့သဘောလား"


    "ငါ မင်းကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး"


    "အိုး ဘာလို့လဲ"ရှန်ယန်ရှောင် ပျော်ရွှင်စွာပြုံးလိုက်ရင်း ထပ်မေးလိုက်ပါတယ်။ဒါပေမယ့်လည်း သူမရဲ့ ရိုးသားတဲ့အပြုံးဟာ သူမမျက်ဝန်းထဲက ထက်မြက်မှုနဲ့ ကွဲပြားနေပါတယ်။


    "မင်းကိုယ်ထဲကိုနေဖို့ ရွေးချယ်ခဲ့တည်းက ငါတို့သဘောတူပြီး လက်မှတ်ထိုးခဲ့တဲ့ ဝိဉာည်သဘောတူညီချက်မှာပါတာက မင်းကိုငါသတ်ခဲ့လျှင် ငါ့ဝိဉာည်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းဆုံးရှုံးဖို့ပဲ"ဟု ရှူ ဟာ မတုန်မလှုပ်ပြောလိုက်တယ်။


    ကိုးဆယ်ရာခိုင်နှုန်းတောင် ဆုံးရှုံးမှာပဲ။ရှန်ယန်ရှောင် လက်ခုပ်တီးချင်စိတ်တောင်ဖြစ်လာတယ်။ရှူကသူမကိုယ်မှာ ကပ်နေနေရတဲ့အကြောင်းအရင်းကို မသိရပေမယ့်လည်းသူမအတွက်သေချာတာတစ်ခုကတော့ ရှူပြောသလိုပဲ သူမကိုသတ်တာဟာ သူ့ကိုယ်သူသတ်သေတာနဲ့ အတူတူပဲဆိုတဲ့အချက်ကိုပါ။အဲ့အတွက် ရှူဟာ ဘာကိုမှ ကို့ရိုကားယားလုပ်မှာမဟုတ်ပေ။


    "ကဲ ငါမင်းရဲ့ ပထမတားမြစ်အလွှာကို ပြန်ဖြေပေးလိုက်တာနဲ့ မင်းလည်း အတွင်းအားနဲ့မှော်ပညာကို သင်ယူနိုင်စွမ်းရသွားလိမ့်မယ်။ဒါက မင်းနဲ့မဟာမိတ်ဖွဲ့ဖို့ ငါ့ရဲ့ ပထမဆုံးလက်ဆောင်အဖြစ်ပေါ့"


    ရေခဲလိုအေးစက်တဲ့အသံဟာ သူမခေါင်းထဲပဲ့တင်ထပ်နေတုန်းမှာပဲ ညာဖက်လက်မောင်းမှာ စူးရှတဲ့နာကျင်မှုကို သူမ ခံစားလိုက်ရပါတယ်။


    စူးရှနာကျင်မှုဟာ ငလျင်ကြီးလှုပ်ခတ်သလို လှိုင်းများအဖြစ်နဲ့ အားလုံးကို တိုက်ထုတ်သွားပါတယ်။ထပ်မေးဖို့ ပါးစပ်မဟနိုင်ခင်မှာပဲ အမှောင်တိုက်ထဲကို သူမ ရောက်ရှိသွားပါတော့တယ်။


    နောက်တစ်ခါ သတိရလာချိန်မှာတော့ သူမရှေ့မှာ ကြီးရင့်ပြီးကြင်နာပုံပေါက်တဲ့လူကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။


    "ခုနှစ်ယောက်မြောက်သခင်မလေး သတိရလာပြီပဲ"ဟု လူကြီးမှ ပြုံးကာပြောလိုက်ပါတယ်။


    ရှန်ယန်ရှောင် မျက်မှောင်မသိမသာကျုံ့လိုက်မိတယ်။သူမ မှတ်ဉာဏ်တွေကို ပြန်ရှာလိုက်တဲ့အခါ သိလိုက်ရတာက ဒီအဖိုးကြီးဟာ ဇာမဏီ

မိသာစုရဲ့ သမားတော်ဖြစ်သူရှန်ကျူဆိုတာကိုပါ။