Chapter-5
Viewers 322

ကောင်းကျိုးမပေးသော သမီးပျို

အပိုင်း (၅)


    မူလရှန်ယန်ရှောင်ဟာ မောင်နှမနှစ်ယောက်ရဲ့ မကြာခဏ အနိုင်ကျင့်မှုတွေကြောင့် ရှန်ကျူရဲ့ ကုသမှုကို မကြာခဏ ခံယူခဲ့ရသော လူနာဟောင်းတစ်ဦးလို့ ပြောလို့ရပါတယ်။


   ရှှန်ယန်ရှောင်အပေါ် ဆိုးရွားစွာပြောဆိုပြုမူမှု သိပ်မရှိတဲ့လူရှိပါက ရှန်ကျူလည်းအဲ့ထဲမှာပါဝင်ပါတယ်။


    "ဦးလေးကျူ"


    ရှန်ယန်ရှောင် တွေဝေတဲ့ပုံနဲ့ ရှန်ကျူကိုစိုက်ကြည့်တဲ့အချိန်မှာပဲ သူမရဲ့ပါးနပ်တဲ့ မျက်ဝန်းကို ဖုံးကွယ်ထားလိုက်ပါတယ်။


    အရူးမလေးဖြစ်တဲ့ ခုနှစ်ယောက်မြောက်သခင်မလေးကို ကြည့်ပြီး ရှန်ကျူစိတ်ထဲ ကူရာမဲ့စွာခံစားလိုက်ရပါတယ်။သူ့မျက်နှာပေါ်မှာတော့ ကြင်နာစွာနဲ့ပြုံးနေလိုက်ပါတယ်။


    အဲ့နောက်မှာတော့ သူပြောလိုက်တာက"ခုနှစ်ယောက်မြောက်သခင်မလေး၊သခင်မလေးဟာ အားမရှိသေးပါဘူး။အနားယူဖို့လိုပါသေးတယ်။ဦးလေးက သခင်မလေး အကြိုက်ဆုံး မုန့်ယူလာခဲ့ပါတယ်"


    ဇာမဏီမိသားစုရဲ့ အားထားရသူတစ်ဦးဖြစ်သူ ရှန်ကျူဟာ ဆေးစွမ်းထက်တဲ့ သမားတော်တစ်ဦးဖြစ်တာကြောင့် ရှန်ဖန်ရဲ့ အားကိုးအားထားပြုခြင်းကို ခံရသူပါ။ရှန်ကျူဟာ ဆေးပညာအတွက် ကျားကုတ်ကျားခဲကြိုးစားခဲ့သူတစ်ဦး ဖြစ်ကာ မိန်းမ မရှိသလိုသားသမီးလည်းမရှိသူပါ။သူမကြာခဏ ကုသပေးနေရတဲ့ ရှန်ယန်ရှောင်ကို သူ့ရဲ့ မြေးအရင်းအဖြစ် သူသတ်မှတ်ထားပါတယ်။ 

     သူက ရှန်မိသားစုဝင်အစစ်မဟုတ်ပေမယ့်လည်း ရှန်ယန်ရှောင်ကိုတော့ တစ်ကယ်ဂရုစိုက်သူပါ။ရှန်ဖန်၏အမိန့်မရဘဲတော့ သူလည်းဘာမှဝင်စွက်ဖက်ခွင့် မရှိပါ။


    ရှန်ယန်ရှောင် ပျော်ရွှင်စွာ ပြုံးလိုက်ရင်း မုန့်ကိုလှမ်းယူလိုက်ပုံက သူမကိုယ်ပေါ်က နာကျင်မှုတွေဟာ မုန့်နဲ့ယှဉ်ပါက ဘာမှမဟုတ်တဲ့အတိုင်းပင်။


    ပြောရမယ်ဆိုလျှင် သူမကို အခြေခံလိုအပ်ချက်တွေအားလုံးကို ထောက်ပံ့ပေးထားသော်လည်း သူမစားရသောက်ရတာတွေဟာ ဇာမဏီမိသားစုရဲ့ အနိမ့်ကျဆုံး အစေခံများစားရသည်တို့နှင့်အတူတူပင်ဖြစ်လေသည်။ထို့ကြောင့်လည်း အခုမုန့်က သူမအတွက်တော့ အခွင့်ထူးခံမုန့်တစ်ခုဖြစ်နေသည်။


    သူ့ရှေ့က ကောင်မလေးအားကြည့်ကာ ရှန်ကျူ သက်ပြင်းမောချမိပြန်သည်။သူသိထားသည်ကတော့ ကောင်မလေး၏ ဉာဏ်ရည်အရ စကားကို ရှုပ်ထွေးအောင်ပြောလို့အဆင်မပြေ။အဲ့ဒါကြောင့် သူပြောပြီးသားတို့အား ပြန်ပြောရန်အတွက် မလိုအပ်ပေ။


    "သခင်မလေး ဒီတစ်ခါကိစ္စမှာ သခင်ကြီး တစ်အားစိတ်ဆိုးနေလို့ ဦးလေးလည်းဘာမှ ကူညီမပေးနိုင်တော့ဘူး။အခုလောလောဆယ်တော့ ကျန်းမာဖို့ကိုပဲ ဂရုစိုက်နေပါဦး။ဘာပဲဖြစ်ဖြစ်ပါလေ သခင်မလေးရဲ့ချိနဲ့နေပုံနဲ့ သခင်ကြီးဆီက အပြစ်ဒဏ်ခံယူဖို့ကလည်း မဖြစ်နိုင်တော့ ဦးလေး ကူပြီးတော့ပြောပေးကြည့်ပါမယ်လေ"


    ရှန်ယန်ရှောင်ဟာ မျက်တောင်တောင်မခတ်ဘဲ မုန့်စားနေပေမယ့် ရှန်ကျူပြောသမျှစကား တစ်လုံးကိုမျှအလွတ်မခံဘဲ သေချာနားစွင့်ထားလေသည်။


    ဇာမဏီမိသားစုရဲ့ သားရဲတွင်းဟာ မြေးများအားလုံးအတွက် ကန့်သတ်နယ်မြေတစ်ခုဖြစ်ပါတယ်။သူမကိုအသာထား ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ပင် ဝင်ရောက်ခွင့်မရှိပေ။သူမ၏ဖြတ်သန်းဝင်ရောက်မှုဟာ ရှန်ဖန်၏ အမိန့်ကိုဖီဆန်မှုပင်။အဲ့ဒီအပြင် ထိုငဆိုးနှစ်ယောက်က ရှန်ဖန်အား သူမကိုမေးမြန်းရန်မှာ သူ့တာဝန်ဖြစ်ကြောင်းသတိပေးကြသေးသည်။


    သို့သော်လည်း အရင် ရှန်ယန်ရှောင်ဟာ ဘာလို့ အဲ့ထဲသွားရသလဲဆိုတာကိုတော့ အခု ရှန်ယန်ရှောင်မသိပေ။ထိုအချိန်ကဖြစ်ပျက်ထားသော မှတ်ဉာဏ်တို့သည်လည်းတောင်စဉ်ရေမရပင်။နက်မှောင်မှုနဲ့ကြောက်ရွံ့မှုကလွဲလို့ သူမဘာကိုမှ မတွေ့ရပေ။


    ရှန်ယန်ရှောင်အတွက် သေချာတာကတော့ ရှန်ဖန်ဟာ သူမကို ဂရုမစိုက်ဆိုတာကိုပင်။ဇာမဏီမိသားစုရဲ့အရှက်ရစေသူ သူမက သားရဲတွင်းသို့ဝင်မိလို့ အန္တရာယ်ဖြစ်မှာထက်သူ၏ စကားကို မနာခံတာကိုပဲ စိုးရိမ်နေမှာပါ။


    ကံကောင်းတာတစ်ခုက ရှန်ကျူဟာ သူမအတွက် အချိန်ဆွဲပေးထားလို့ပါပဲ။ရှန်ကျူ၏ အခုလို တစ်ကိုယ်ကောင်းမဆန်ဘဲနဲ့ ကူညီပေးမှုကြောင့်တင်ပဲ သူမအနေနဲ့ ရှန်ကျူကိုလူကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါပြီ။


    ရှန်ကျူဟာ ကုတင်ဘေးမှာထိုင်လိုက်ပြီး သူမကို ပြုစုပေးနေပြန်ပါတယ်။ရှန်ကျူအနေနဲ့တွေးတာကတော့ လေးနှစ်သမီးဉာဏ်ရည်သာရှိသော ကောင်မလေးကို စကားတွေပြောနေတာဟာ အဆင်မပြေဘူးလို့တွေးမိနေပါတယ်။အချိန်အတော်ကြာအောင် ပြုစုကုသပေးပြီး ဘာပြသနာမှမရှိတော့ဟု စိတ်ချရမှ ပြန်ထွက်သွားပါတော့တယ်။


    ရှန်ကျူထွက်သွားတာနဲ့တစ်ပြိုင်နက် သူမလည်းကုတင်ပေါ်က ဆင်းလိုက်ပါတယ်။


    သူမဟာ စိတ်မရှည်စွာနဲ့ သူမကိုယ်ကို ပြန်စစ်ဆေးနေပါတယ်။သူမသေချာမှတ်မိနေတာက သတိမမေ့ခင် ဆယ့်ငါးမိနစ်လောက်မှာ ရှူက သူမရဲ့ ပထမအလွှာတားမြစ်မှုကိုအောင်မြင်စွာ ဖျက်ပေးလိုက်တာကိုပါ။ထို့အပြင် သူမအနေနဲ့ အတွင်းအားနဲ့မှော်ပညာကို လေ့ကျင့်နိုင်ပြီလို့လည်း ပြောသွားပါသေးတယ်။