Ch 5
Viewers 2k


🥚 Chapter 5



"ခင်ဗျား အဆိပ်မိထားတယ်"


ရှန်ထန်ချီ အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများက နဂါးဖြူ၏ရွှေရောင် မျက်ဝန်းများနှင့် ဆုံသွားသည်။ ထိုမျက်ဝန်းများထဲတွင် တောက်ပသော အလင်း ရောင်တစ်ခုရှိနေသယောင်။ နဂါး၏အကြည့်မှာ လေးနက်တည်ကြည်နေပြီး သူ့ကို ညင်သာစွာ လွှတ်ပေးလိုက်သည်။


ဂူတစ်ခုလုံး နောက်တစ်ကြိမ် သေလုနီးပါး တိတ်ဆိတ်သွားပြန်သည်။ ရှန်ထန်ချီ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး သူ့အကြည့်များက လမ်းပျောက်ကာ စိတ်ဓာတ်ကျနေပုံ ပေါ်သည်။


ဖန်းဝမ်ရွှင်း တကယ်ရက်စက်တာပဲ။ သူ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျပြီး မသေမှာ စိုးရိမ်လို့ စိတ်ချရအောင် အဆိပ်ခတ်ပေးလိုက်သေးတယ်။


လွှမ်းမိုးထားတဲ့ မျှော်လင့်ချက်မဲ့မှုက သူ့အပေါ် လွှမ်းခြုံလာတယ်။ သူငယ်ချင်းလည်း မရှိ၊ System လည်း မရှိ၊ အဆုံးမရှိတဲ့ အမှောင်ထု၊ နဂါးဖြူတစ်ကောင်နဲ့ ရှန်ထန်ချီ ကိုယ်တိုင်သာရှိတော့တယ်။


နဂါးဖြူတစ်ကောင်?


သေးငယ်တဲ့ အလင်းရောင်တစ်ခု ရှန်ထန်ချီရဲ့ မျက်လုံးထဲ တဖြည်းဖြည်း ပေါ်လာတယ်။ နဂါးဖြူ မီးညှိပေးထားတဲ့ ခြောက်ခြားဖွယ်ရာ အပြာရောင် ဝိညာဉ်မီးတောက်ပေါ့။


သူ နဂါးဖြူဘက် လှည့်ကြည့်လိုက်ပေမဲ့ သူ စကားမပြောနိုင်ခင်မှာပဲ နဂါးဖြူက သူ ဘာပြောမလဲဆိုတာ ကြိုသိနေပြီးသား ဖြစ်နေတယ်။


နဂါးဖြူ : "...မင်း အလိုက်သင့် စီးမျောတာ မြန်သားပဲ၊ ဒါပေမဲ့ ငါ မင်းကို မကူညီနိုင်ဘူး၊ ငါ့ကိုယ် ငါတောင် မနည်း ကယ်တင်နေရတာ"


ရှန်ထန်ချီ ချက်ချင်း သူ့အနား ကပ်သွားပြီး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။


"ပုံမှန်ဆိုရင် ဂူအောင်းနဂါးတွေက ဇာတ်လိုက်မင်းသားအတွက် သီးသန့်ထားတဲ့ Cheat code တွေလေ၊ ကိုယ့်လူရာ၊ ငါ့ခန္ဓာကိုယ်ကို ကြည့်ပါဦး၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက ပြောဖူးတယ်၊ ဟို ယွီမျိုးရိုးနဲ့ လူကလွဲရင် ငါတို့ ဂိုဏ်းခွဲမှာ ငါက အစွမ်းအထက်ဆုံးပဲတဲ့၊ ခင်ဗျားရဲ့ Cheat code ကို ငါ့ကို ပေးလို့မရဘူးလား"


ရှန်ထန်ချီ ဒီစကားကို ပြောလိုက်ပြီးနောက် ခြောက်ကပ်အေးစက်နေတဲ့ ဂူက ပိုပြီးအေးစက်သွားသလိုပင်။


"ယွီမျိုးရိုးနဲ့ လူ ?"


နဂါးဖြူမျက်လုံးများ ရှန်ထန်ချီမျက်နှာအနှံ့ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ့မျက်လုံးထဲက လိမ်ညာမှုအရိပ်အယောင် နည်းနည်းလေးအား ရှာဖွေနေသလိုပင်။


ရှန်ထန်ချီ မျက်တောင်ခတ်ပြလိုက်ပြီး သူ့အလှနဲ့ ညှို့ယူဖို့ ကြိုးစားလိုက်တယ်။


နဂါးဖြူ : ...


သူ မတတ်သာသည့်ပုံစံဖြင့် စကားစလိုက်သည်။ 


"ငါ ဒီရက်ပိုင်း အားနည်းနေလို့ ဂူထဲမှာ ပုန်းနေတာ၊ ဒါ့အပြင် ငါ့မှာ မင်းကို ကယ်ဖို့ နည်းလမ်းမရှိဘူး၊ ဒါပေမဲ့..." 


တားမြစ်ထားတဲ့ အရာတစ်ခုခုကို သတိရသွားသလို သူ စကားတစ်ဝက်နဲ့ ရပ်သွားသည်။


ဒါပေမဲ့ အဲဒီ "ဒါပေမဲ့" ဆိုတဲ့ စကားတစ်ခွန်းက ရှန်ထန်ချီကို မျှော်လင့်ချက်ရောင်ခြည် ချက်ချင်းသန်းလာစေသည်။


"ခင်ဗျားမှာ ငါ့ကို ကယ်ဖို့ နည်းလမ်း ရှိတယ်မလား ? ဘာနည်းလမ်းလဲ ? အသား စားချင်တာလား၊ သွေး သောက်ချင်တာလား၊ ဒါမှမဟုတ် ဝိညာဉ်စွမ်းအင် လိုတာလား၊ ငါ့မှာ အကုန် ရှိတယ်!"


"အဲဒါ မင်းကိစ္စ မဟုတ်ဘူး၊ ငါ မင်းကို မကူညီနိုင်ဘူး"


"ခင်ဗျား ငါ့ကို ကယ်ဖို့ ဆန္ဒရှိနေသရွေ့ ငါ ဘာမဆို လုပ်ပါ့မယ်၊ ငါ့အသက်က အရမ်းအရေးကြီးတယ်၊ အပြင်မှာ ငါ ကယ်တင်ဖို့ စောင့်နေတဲ့ သူတစ်ယောက် ရှိတယ် — ငါ့ရဲ့ ဂိုဏ်းတူညီလေးလေ၊ သူက ဆယ်ကျော်သက်လေးပဲ ရှိသေးတာ၊ အရမ်းငယ်တယ်၊ အရမ်းချောတယ်၊ ပြီးတော့ အလားအလာကောင်းရှိတယ်၊ တကယ်လို့ ငါသာ အသက်ရှင်လျက် အပြင်မထွက်နိုင်ဘဲ သူ့အတွက် ဝိညာဉ်ဆေးပင် မခူးပေးနိုင်ရင် သူ သေချာပေါက် သေလိမ့်မယ်" 


ရှန်ထန်ချီ သူ့လက်ကို နဂါးဖြူအမြီးပေါ် ညင်သာစွာ တင်လိုက်ပြီး မျက်လုံးတွေကမူ နဂါးဖြူကိုစိုက်ကြည့်ကာ အသနားခံတဲ့ ပုံစံနဲ့ လက်ယပ်ခေါ်လိုက်သည်။


"ကိုနဂါးဖြူကြီးရေ၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါနော်"


ဒီစကားကို ပြောပြီးနောက် ရှန်ထန်ချီ မနေနိုင်ဘဲ နှစ်ချက်လောက် ချောင်းဆိုးလိုက်မိသည်။ သူ့ရဲ့ လက်ဖက်ရည်နံ့ (ဟန်ဆောင်မှု) ကြောင့် နင်သွားခြင်းသာ။


နဂါးဖြူ ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်၏။ သူ့အမြီးပေါ်မှ ခံစားမှုက သူ့အား သည်းမခံနိုင်လောက်အောင် ပူလောင်စေပြီး၊ ရှန်ထန်ချီ ဘာပြောနေသလဲ ဆိုတာကိုတောင် သူ မကြားတော့ချေ။


သူ ရှင်းရှင်းလင်းလင်း ပြောထားတယ်လေ၊ ဟိုဟိုဒီဒီ မလှုပ်နဲ့၊ မကိုင်နဲ့လို့။


ဘာလို့ နားမထောင်တာလဲ ??


"မင်း ဘာမဆို လုပ်မယ်ဆိုတာ သေချာလား"


နဂါးဖြူရဲ့အသက်ရှူသံ ပိုမြန်လာပြီး သူ့အသံမှာ မတတ်သာတဲ့ လေသံ စွန်းထင်းနေသည်။ သူ့ပတ်ပတ်လည်ရှိ အေးစက်တဲ့ မြူခိုးတွေ အတော်များများပျောက်ကွယ်သွားပြီး နွေးထွေးကာ ဂဏှာမငြိမ်သည့် အပူဓာတ်နှင့် အစားထိုးလိုက်သည်။ သူ့အကြေးခွံတွေ တောက်ပနေပြီး အရည်ပျော်နေတဲ့ ရေခဲရုပ်တုတစ်ခုအလားပင်။


သူ့နှုတ်ခမ်းတွေ ပျော့ပျောင်းသွားတာကိုမြင်ချိန် ရှန်ထန်ချီ တုံ့ဆိုင်းမနေဘဲ ကြေညာလိုက်သည်။ 


"ငါ သေချာတယ်!"


သူ့နှုတ်ခမ်းက စကားလုံးတွေ ထွက်သွားသည့် ခဏမှာပင် ဂူထဲရှိ ဝိညာဉ်မီးတောက် ရုတ်တရက် ငြိမ်းသွားသည်။


ရှန်ထန်ချီ တောင့်ခဲသွားပြီး ဝါးတားတား အမှောင်ထုထဲမှာ စမ်းတဝါးဝါး ခေါ်လိုက်၏။


 "နဂါးဖြူ?"



နောက်တစ်ခဏမှာပဲ သူ ရုတ်တရက် ပူလောင်တဲ့ရင်ခွင်တစ်ခုထဲ ဆွဲသွင်းခံလိုက်ရသည်။ ရှန်ထန်ချီ အသက်ရှူ မှားသွားပြီး သူ့အဝတ်အစားတွေက ပူပြင်းတဲ့ သံပူနဲ့ကပ်ထားသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ ထိတ်လန့်တကြား အသက်ရှူသံတွေက သူ့နောက်ကျောဘက်က အေးစက်တဲ့ လေထုနဲ့ ရောနှောသွားတယ်။ သူ အသည်းအသန် လက်လှမ်းပြီး စမ်းကြည့်လိုက်ပေမဲ့ အေးမြတဲ့ အသားအ ရေကိုသာ ထိလိုက်မိတယ်။


အကြေးခွံတွေ မဟုတ်ဘူး၊ နဂါးလည်း မဟုတ်ဘူး။


လူသားတစ်ယောက်ပဲ!


တစ်ဖက်လူက နဂါးဖြူရဲ့လူသားပုံစံ ဖြစ်နေမှန်း ရှန်ထန်ချီ သဘောပေါက်လိုက်တဲ့ အချိန်မှာတော့ နောက်ပြန်လှည့်လို့ မရတော့ပေ။ သူ့အဝတ်အစားတွေ ဆွဲဖြဲခံလိုက်ရပြီး သူ့ဘေးနား အေးစက်ပြီး နက်ရှိုင်းသည့် အသက်ရှူသံကို ကြားလိုက်ရသည်။


"နဂါးတွေ မိတ်လိုက်ချိန်ရောက်ရင် အကြာကြီးကြာတတ်တယ်၊ သည်းခံလိုက်"


"ဘာ... ဘာပြောလိုက်တာလဲ"


...


အေးစက်သည့် ဂူနံရံများကပင် သူ့ရင်ထဲက ပူလောင်မှုအား မငြိမ်းသတ်နိုင်တော့ချေ။ ရှန်ထန်ချီ အံကြိတ်ထားပြီး ရှက်စရာကောင်သည်ါ ရှိုက်သံ မထွက်မိအောင် ထိန်းထားသည်။


 "ပြီးခါနီးပြီလား"


နက်ရှိုင်းတဲ့အသံတစ်ခုကမူ သူ့အား ပြန်ဖြေလာသည်။


 "မပြီးသေးဘူး"


သူ့ခြေကျင်းဝတ် ဖမ်းဆွဲခံလိုက်ရပြီး အနောက်ကိုဆွဲယူခံလိုက်ရပြန်သည်။


...


အချိန်ဘယ်လောက် ကုန်သွားမှန်း သူ မသိတော့ပေ၊ ရှန်ထန်ချီ ထုံကျင်နေပြီ၊ နေ့အလင်းရောင်ကိုမမြင်ရသဖြင့်၊ သူတို့ကြား အမှောင်ထုကသာ သူ့အား ရှည်လျားသည့်အိပ်မက်တစ်ခုထဲ ရောက်နေသလို ခံစားရစေသည်။


ကြောက်စရာကောင်းတယ်လို့တော့ မဆိုနိုင်ပေမဲ့၊ ဒီရက် ပိုင်း အတွေ့အကြုံတွေက သူ့ရဲ့လောကအမြင်ကို ရိုက်ချိုးပစ်လိုက်လေပြီ။


သို့တိုင် ပျင်းရိတဲ့လူတစ်ယောက် အနေနဲ့ သူ အကျွမ်းကျင်ဆုံးနဲ့ သူ လုပ်နိုင်တာ တစ်ခုတည်းကတော့ ရေလိုက်ငါး လိုက်နေပြီး အရာရာကို အလိုက်သင့် နေထိုင်တတ်ဖို့ပင်။


ရှန်ထန်ချီ အဝတ်အစားပြန်ဝတ်ပြီး ထောင့်တစ်နေရာမှာ ကွေးနေလိုက်သည်။ သရဲမီးလို အပြာရောင် ဝိညာဉ်မီးတောက်တစ်ခု ပြန်လည်တောက်လောင်လာပြီး သူ့ရှေ့မှာ မျက်နှာဖုံးစွပ်ထားတဲ့ အဖြူရောင်ဝတ်ဆင်ထားသူ တစ်ယောက်ပေါ်လာခဲ့သည်။


သံသယဖြစ်စရာကို မလိုဘူး၊ ဒါ နဂါးဖြူပဲ။


သူ့လက်ဖဝါးထဲ ဝိညာဉ်မီးတောက်တစ်ခု တောက်လောင်နေပြီး မျက်နှာဖုံးနှင့် ဖုံးကွယ်ထားသည့် သူ့မျက်နှာသွင်ပြင် တဝက်တပျက်ကို အလင်းပေးထားသည်။


ရှန်ထန်ချီ သတိထားပြီး ခိုးကြည့်လိုက်ရာ ပိုင်လုံရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တော်တော်လေး ကောင်းမွန်တာ တွေ့လိုက်ရတော့ စိတ်နည်းနည်း သက်သာသွားသည်။


(ပိုင် အ‌ဖြူ / လုံ နဂါး = နဂါးဖြူ)


သူလည်း ဂေး (Gay) တစ်ယောက်မို့ ဒီကိစ္စကို လက်မခံနိုင်တာ မဟုတ်ပေမဲ့၊ အချိန်အကြာကြီး ရှန်ထန်ချီ သူ့ကိုယ်သူ အပေါ်ကနေတဲ့သူ (Top) ဟုသာ ယုံကြည်ထားခဲ့ရာ၊ ယခုလိုကြီးမားတဲ့ကွာခြားချက်က သူ့အတွက် လက်သင့်ခံဖို့ခက်ခဲစေသည်။


"ရှန်ထန်ချီ"


ပိုင်လုံ ရုတ်တရက်စကားပြောလိုက်တော့ ရှန်ထန်ချီ လန့်သွားသည်။


"ကူအဆိပ်ကို ဖယ်ရှားပြီးပြီ၊ ဒါပေမဲ့ မင်း ဒီနေရာကနေ ထွက်သွားလို့ မရသေးဘူး" 


ပိုင်လုံ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ အစားအသောက်တချို့ ထုတ်လိုက်သည်။ ကြည့်ရတာ သူ့ကိုယ်ပိုင် ရိက္ခာတွေ ဖြစ်ပုံရသည်။ သူ ကိုယ့်အတွက် ဘာမှမချန်ထားဘဲ အကုန်လုံးကို ရှန်ထန်ချီဆီ ပေးလိုက်၏။


ဒါတွေက သူ မိစ္ဆာနှိမ်နင်းရေး ခရီးထွက်တုန်းက ပြည်သူတွေက သူ့ကို အတင်းအကြပ်ပေးလိုက်တဲ့ ရိက္ခာတွေပဲ။ သူက အစေ့အဆန် စားသုံးခြင်းကို ရှောင်ကြဉ်ထားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်လို့ မလိုအပ်တော့ပေမဲ့၊ သူတို့ရဲ့ စေတနာကိုမငြင်းဆန်နိုင်ခဲ့ဘူး။ ပိုင်လုံ ခေတ္တ ရပ်တန့်သွားပြီး ရှန်ထန်ချီက အစေ့အဆန်စားသုံးခြင်းကိုရှောင် ကြဉ်ထားသလား ဆိုတာ မေ့သွားပေမဲ့ ရိက္ခာတွေကိုတော့ ပေးပြီးသွားပြီ။


ရှန်ထန်ချီ သဘာဝကျကျပဲ လက်လှမ်းပြီး ရိက္ခာခြောက်တွေပါတဲ့ အဝတ်အိတ်ကိုယူလိုက်ရာ အထဲမှာ သူအကြိုက် ဆုံး မုန့်တချို့ ပါနေတာ တွေ့လိုက်ရတယ်။


ဒီလောက်ရှည်လျားပြီး ပင်ပန်းခက်ခဲတဲ့ ခရီးလမ်းမှာ အေးစက်ပြီး ဆာလောင်နေတဲ့အပြင်၊ ချောက်ကမ်းပါးပေါ်ကနေ လှည့်စားပြီး တွန်းချခံရ၊ အဆိပ်ခတ်ခံရ၊ ပြီးတော့ မာကျောတဲ့ ဂူထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပြီးတဲ့နောက်၊ အခု ဒီအစားအသောက်တွေကို မြင်လိုက်ရတော့ ရှန်ထန်ချီ မျက်လုံးတွေထဲ မျက်ရည်တွေဝဲလာတယ်။


သူ တစ်ဖက်ကစားကာ တစ်ဖက်က ငိုနေသည်။


သူ တိတ်တဆိတ် မျက်ရည်ကျနေတာကိုမြင်ချိန် ပိုင်လုံ ခဏတာ ရပ်တန့်သွားပြီး နူးညံ့စွာမေးလိုက်သည်။


 "မင်း မကြိုက်လို့လား"


တကယ်တော့ ရှန်ထန်ချီလို မြင့်မြတ်တဲ့ မိသားစုက သခင်လေးတစ်ယောက် အနေနဲ့ ဒါတွေကို မျိုချနိုင်မှာမဟုတ်ဘူး။


ရှန်ထန်ချီ နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးတွေက နီရဲနေတုန်းပဲ။ 


"မဟုတ်ပါဘူး၊ အရမ်း စားကောင်းလွန်းလို့ပါ၊ ပုံမှန်ဆို ကျွန်တော် ဒီလို မဟုတ်ပါဘူး" 


သူ မတရားမှုတွေ အများကြီး ခံစားခဲ့ရပြီး အခုတော့ လုံးဝပင်ပန်းနွမ်းနယ်နေပြီ။ တကယ်တော့ သူ ဗိုက်အဆာလွန်နေခြင်းပင်။


ပိုင်လုံ ရှန်ထန်ချီကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ပြောသည်။ 


"ငါ စောစောက ပြောလိုက်တာ မင်း ကြားလိုက်လား"


"မကြားဘူး" 


ရှန်ထန်ချီ ဇီးယိုမုန့်လေးကို ဝါးရင်း ရိုးသားစွာ ဖြေလိုက်သည်။



ပိုင်လုံ မျက်လွှာချပြီး သူ့ကိုကြည့်လိုက်ကာလေသံ အနည်း ငယ် ပျော့ပြောင်းသွားကာ


 "မင်းခန္ဓာကိုယ်ထဲက ကူအဆိပ်ကို ဖယ်ရှားပြီးပြီလို့ ငါ ပြောတာ"


နဂါးမျိုးနွယ်ဆိုတာ သားရဲတွေရဲ့ ဘုရင်ပဲ၊ ကူပိုးကောင်တွေတောင် သူတို့ရှေ့မှာ ဦးညွှတ်ရတယ်။


"တခြား ဘာရှိသေးလဲ" 


ရှန်ထန်ချီ နောက်ထပ် ဘီစကွတ်လေး တစ်ခုကောက်ယူပြီး စားရင်း သူ့ကို လိမ်လိမ်မာမာလေး ကြည့်နေသည်။


ပိုင်လုံ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပြောလာသည်မှာ


 "ဒါပေမဲ့ မင်း အခု ဒီကနေ ထွက်သွားလို့မရဘူး"


ရှန်ထန်ချီ စားနေတာကို ချက်ချင်းရပ်လိုက်ပြီး ကြောက် လန့်နေတဲ့ ဟမ်စတာလေးလို အံ့သြတကြီးကြည့်လိုက်သည်။ 


"ဘာလို့လဲ"


သူ့မျက်နှာထားကိုမြင်ချိန် ပိုင်လုံ ခဏတာစကားမပြောနိုင် ဖြစ်သွားရသည်။ သူ အကြည့်လွှဲလိုက်ပြီး တိုးတိုးလေး ပြောလာသည်မှာ


"မင်း ငါ့ရင်သွေးကို လွယ်ထားရပြီ"


ဒါ မိုးကြိုးပစ်ချလိုက်သလိုပင်၊ ရှန်ထန်ချီ ခေါင်းတည့်တည့် ထိမှန်သွားသည်။ သူ့ ဦးခေါင်းခွံ ပေါက်ထွက်သွားသလို ခံစားလိုက်ရ၏။


ဘာတွေ လာနောက်နေတာလဲ အစ်ကိုရာ!


သူက ယောကျ်ားလေးလေ


သူ့မှာ သားအိမ် မရှိဘူး


ဘယ်လိုလုပ် ကလေးရနိုင်မှာလဲ?!


"ငါ့အပြစ်လည်း ပါပါတယ်၊ ဒီကိစ္စမှာ လူသစ်ဖြစ်နေတော့ ငါ ခဏလောက် သတိလက်လွတ်ဖြစ်သွားတယ်" 


ပိုင်လုံ ပြောလိုက်ပြီး သူ့အသံမှာ ပုံမှန်မဟုတ်တဲ့ နောင်တရမှုတွေ စွန်းထင်းနေသည်။


 "သဘာဝတရားအရဆိုရင် နဂါးတွေက သူတို့မျိုးနွယ်အချင်းချင်းပဲ ကလေးယူကြတာ၊ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားနေတယ်..."


"တော်တော့၊ ဆက်မပြောနဲ့တော့" 


ရှန်ထန်ချီ ရုတ်တရက် ဖြတ်ပြောလိုက်ပြီး သူ့မျက်နှာကမူ လေးနက်နေသည်။


ယောကျ်ားတစ်ယောက်က ကလေးမွေးတယ်တဲ့လား။ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး။ သူ လက်မခံနိုင်ဘူး။ သူ့ဂိုဏ်းတူညီလေးအတွက် ဝိညာဉ်ဆေးပင်ရှာဖို့ ထွက်ပေါက် ရှာရမယ်။


ဝိညာဉ်မီးတောက်ရဲ့ မှိန်ဖျဖျ အလင်းရောင်ကိုအသုံးပြုပြီး ရှန်ထန်ချီ ကျောက်နံရံကို မှီကာ ထရပ်လိုက်သည်။ သူ ကိုယ်တိုင် ဂူပေါက်ဝကို ရှာချင်သည်။ သူ ထွက်သွားဖို့ပြင်လိုက်ချိန်မှာပင် ပိုင်လုံက သူ့လက်ကောက်ဝတ်ကိုဆွဲပြီး သူ့ဘေးနား ပြန်ဆွဲခေါ်လိုက်သည်။


သူ မတတ်သာတဲ့ လေသံဖြင့် "မင်း ကိုယ့်ကိုယ်ကိုယ် မခံ စားမိဘူးလား"


ရုတ်တရက် စိတ်တိုဒေါသထွက်မှုတစ်ခု ရှန်ထန်ချီ ရင်ထဲမှာ ပြည့်တက်လာပြီး သူ့ကို တွန်းထုတ်ကာမေးလိုက်သည်။


 "ဘာကို ခံစားရမှာလဲ"


မကြာခင်မှာပဲ အေးစက်တဲ့ လက်တစ်ဖက်က သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ရှန်ထန်ချီ၏ ဝမ်းဗိုက်အောက်ပိုင်း (ဆီးစပ်) ပေါ် တင်ပေးလာသည်။


နဂါးဖြူ၏နွေးထွေးတဲ့ အသက်ရှူသံမှာ သူ့လည်ပင်းပေါ် ကျရောက်လာပြီး၊ အလိုအလျောက် ရှန်ထန်ချီ ခန္ဓာကိုယ် ပျော့ခွေသွားသည်။ 


"အခုလောလောဆယ် ဒီနေရာမှာ ငါ့ကလေး ရှိနေတယ်၊ ဒါကြောင့် မင်း ငါ့ကို ခဏလောက်ထားသွားလို့မရဘူး"


သူ့မျက်တောင်တွေ အနည်းငယ် တုန်ခါသွားပြီး ရှန်ထန်ချီ လဲကျလုနီးပါးဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ရဲ့ အပူဓာတ်က တဖြည်းဖြည်းပျံ့နှံ့လာပြီး၊ မီးပေါ်မှာ အကြိမ်ကြိမ် ကင်ခံနေရသလို ခံစားရစေကာ သည်းမခံနိုင်လောက်အောင်ပူလောင်ပြီး ဂဏှာမငြိမ် ဖြစ်လာရသည်။


သူ သတိမထားမိတာကိုမြင်တော့ နဂါးဖြူက လက်လှမ်းပြီး ရှန်ထန်ချီကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ သူ မနေနိုင်ဘဲ ရှန်ထန်ချီ၏နီရဲနေတဲ့ နားသီးလေးတွေကို ညင်သာစွာ ပွတ်သပ်ရင်း နူးညံ့စွာချော့မြှူလိုက်သည်။


 "ငါ မင်းကို သတိပေးသားပဲ၊ နောက်တစ်ခါလောက် ထပ်ပြီး သည်းခံလိုက်ပါ"


...


နဂါးတွေ အရွယ်ရောက်ပြီးပါက တစ်နှစ်မှာတစ်ခါမိတ် လိုက်ချိန် ရောက်တတ်သည်။ ထို့ပြင် နဂါးမျိုးစေ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်မှင့် ကာလရှည်ကြာ မှီခိုအားထားမှုကို ဖြစ်ပေါ်စေပြီး၊ ထိုကာလအတွင်း နဂါးမျိုး စေ့မမွေးဖွားမချင်း နေ့တိုင်း ရေလောင်းပေး (ဆက်ဆံ) ရပြီး ဘယ်တော့မှပစ်မထားရချေ။


ရှန်ထန်ချီ အံကြိတ်ပြီး ပိုင်လုံပခုံးကိုဖိကာ တိုးတိုးလေး အသနားခံလိုက်သည်။ 


"တော်ပါတော့၊ တကယ် တော်ပါတော့"


ပိုင်လုံ လက်လှမ်းလိုက်ရာ သူ့လက်ဆစ်တွေ နီရဲနေပြီး ရှန်ထန်ချီမျက်လုံးတွေကို ညင်သာစွာ အုပ်လိုက်သည်။ 


"ငါ့ကို မကြည့်နဲ့၊ ငါ့ကို ကြည့်ရင် ငါ အတင်းအဓမ္မမလုပ် ရက်တော့ဘူး"


ရှန်ထန်ချီ : ?


"ဒါဆို ခင်ဗျား... ရပ်လိုက်လေ!" 


ရှန်ထန်ချီ သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်ရာ အရာလေးကျန်ခဲ့သည်။


ကိုက်လိုက်တာ သိပ်မပြင်းထန်ပေမဲ့ ပိုင်လုံနှလုံးသားကိုပိုပြီး ယားယံလာစေကာ သူ့လည်စေ့ အနည်းငယ်လှုပ်ရှားသွားပြီး ရှန်ထန်ချီအား ရင်ခွင်ထဲပြန်ဆွဲသွင်းဖို့ လက်လှမ်းလိုက်သည်။ 


"ခဏလောက် ထပ်ပြီး သည်းခံလိုက်ပ့"


အချိန်အတော်ကြာပြီးနောက် ဂူထဲက သနားကြင်နာဖို့ တောင်းဆိုသံတွေ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ ငြိမ်သက်သွားရသည်။


"ရှန်ထန်ချီ..."


ညဉ့်နက်နေပြီဖြစ်ပြီး ပိုင်လုံ တိုးတိုးလေးခေါ်လိုက်သည်။


ဒါပေမဲ့ ရှန်ထန်ချီကတော့ ပင်ပန်းနွမ်းနယ်နေပြီဖြစ်လို့ ပိုင်လုံရင်ခွင်ထဲ အိပ်ချင်မူးတူး ကြောင်ပေါက်လေးလိုခွေလျက် အိပ်ပျော်နေလေပြီ။


အိပ်ပျော်နေသည့် ရှန်ထန်ချီ အိပ်မက်ထဲမှာ ချိုသာစွာ ရေရွတ်နေတာကို ကြည့်ရင်း ပိုင်လုံ အတွေးနက်နေပုံရသည်။


ရှန်ထန်ချီ အသက်ရှင်ဖို့အတွက် ရူးချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲ ပြင်းထန်တဲ့ဖျားနာမှုကြောင့် ရူးသွားတာလား ဆိုတာ သူ မသိပေမဲ့၊ သူ အလွယ် တကူမယုံကြည်နိုင်ပေ။


လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဒီနေ့ရက်မျိုးရောက်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။


ရှန်ထန်ချီနဲ့ သူလား?


လုံးဝ ယုံနိုင်စရာ မရှိဘူး။


သူ ပထမဆုံးအကြိမ် တပည့်ခံဖို့တောင်ပေါ်တက်ခဲ့တဲ့ အဲဒီ ဆောင်းယဉ်စွန်းချိန်ကို သူ မှတ်မိနေသေးတယ်။ လူငယ်လေးကမြင့်မားတဲ့ အစိမ်းရောင် လှေကားထစ်တွေပေါ်မှာ ရပ်နေတယ်၊ သူ့မျက်နှာသွင်ပြင်က နူးညံ့သိမ်မွေ့ပေမဲ့ သူ့မျက်လုံးတွေက အေးစက်ပြီးအထင်သေးနေတယ်။


"မိစ္ဆာသတ္တဝါလေးတစ်ကောင်ကများ အတွင်းဂိုဏ်းထဲ ဝင်ရဲတယ်ပေါ့လေ၊ ငါ့ဆရာသခင်ကို အရိုအသေပေး၊ ငါ့ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်စမ်း"


သူကမူ မျက်နှာထား မပျက်ဘဲ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်ကာ မည်သည့်စကားမှမပြောဘဲ လူငယ်လေးထံ လေးလေးစားစား ဦးညွှတ်လိုက်သည်။


ဦးညွှတ်တာ တစ်ဝက်လောက် ရောက်တဲ့အချိန်မှာပဲ တစ် ဖက်လူရဲ့ လက်ဖဝါးကြောင့် လက်ဖက်ရည်ခွက်က ရုတ် တရက် မြေကြီးပေါ် ပြုတ်ကျသွားပြီး၊ လက်ဖက်ခြောက်တွေ နေရာအနှံ့ပြန့်ကျဲသွားကာ တက်လာတဲ့ ရေနွေးငွေ့တွေက လူငယ်လေး၏နူးညံ့တဲ့ မျက်နှာကို ဝါးတားတား ဖြစ်လုနီးပါးဖြစ်စေသည်။


တစ်ဖက်လူက သူ့ကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းမှာ ယုတ်မာတဲ့ အပြုံးတစ်ခုဖြစ်ပေါ်လာကာ စကားလုံး အနည်းငယ်ကို တစ်လုံးချင်းပြောလိုက်သည်။


"ငါ ဒီသားရဲကောင်ရဲ့ လက်ဖက်ရည်ကိုမသောက်ဘူး"


သူ့မျက်လုံးတွေ အရမ်းအေးစက်ပြီး၊ သူ့စကားတွေမှာ အရမ်းပြတ်သားနေခဲ့သည်။


"တကယ်လို့ မင်း ငါ့ကို 'ဂိုဏ်းတူအစ်ကို' လို့ တစ်ဝက်လောက်ပဲ ခေါ်ရဲရင်တောင်၊ ငါ မင်းခြေထောက်တွေကို ရိုက်ချိုးပြီး အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ရှေ့မှာ မင်းရဲ့ အကြောတွေကို ဖြတ်ပစ်မယ်၊ ဒါကို သေချာ မှတ်ထား၊ ငါ့နာမည်က ရှန်ထန်ချီ၊ ရှန်မိသားစုရဲ့ ရှန်၊ စန္ဒကူးရဲ့ ထန်၊ ပြီးတော့ ယွန်းထည်ရဲ့ ချီ"


သူ တိတ်တဆိတ် နားထောင်နေပြီး လက်ဖက်ရည်ကို သုံးကြိမ်သာ လဲလှယ်ကာထွက်ခွာသွားတဲ့ ရှန်ထန်ချီကျောပြင်ကို ထပ်ခါတလဲလဲဦးညွှတ်ခဲ့သည်။


"သူ ဘယ်လောက်ပဲ ဆိုးဆိုး၊ သူက ငါ ဂိုဏ်းထဲဝင်တုန်းက လက်ဖက်ရည် သုံးခွက်နဲ့ ဦးညွှတ်ခဲ့ရတဲ့ ဂိုဏ်းတူအစ်ကို ဖြစ်နေတုန်းပါပဲ"


"ငါ သူ့ကို ကယ်တင်တာက မှန်ကန်ပါတယ်"


သူ ဒီစကားကို တခြားသူတွေကိုပြောနေတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပြောနေတာလား။


ရှန်ထန်ချီရဲ့မောက်မာပြီး အေးစက်တဲ့ အပြုံးကိုပြန်အမှတ် ရလိုက်ချိန်၊ အကယ်၍ ရှန်ထန်ချီသာ ချောက်ကမ်းပါး အောက်ခြေမှာ သောင်တင်မနေဘဲ၊ မျှော်လင့်ချက်မဲ့စွာနဲ့ သူ့ကို လိုက်မရှာခဲ့ဘူးဆိုရင်၊ သူတို့နှစ်ယောက် လက်ထပ်ပြီး ဆင်းရဲဒုက္ခတွေကို အတူတကွမျှဝေခဲ့ကြရင်တောင်မှ၊ ရှန်ထန်ချီ သူ့ဗိုက်ထဲက ဒီကလေးကို ဘယ်တော့မှလိုချင်မှာ မဟုတ်ဘူး ဆိုတာ သူ ရှင်းရှင်းလင်းလင်းသိနေသည်။


ပိုင်လုံ မျက်လုံးမှိတ်လိုက်ပြီး သူ့မူလပုံစံ (နဂါးပုံစံ) သို့ ပြောင်းလဲကာ ရှန်ထန်ချီဝမ်းဗိုက်အောက်ပိုင်း ဘေးနားမှာ လှဲလျောင်းလိုက်ပြီး သူ့ကလေးရဲ့ အသံကိုတိတ်တဆိတ် နားထောင်နေလိုက်သည်။ 


မကြာခင် ဒီနေရာမှာနောက်ထပ် နှလုံးခုန်သံ သေးသေးလေးတစ်ခု ကြားရတော့မယ်။


တကယ်လို့ ရှန်ထန်ချီ ငြင်းဆန်ခဲ့ရင်၊


သူ ကလေးကို ခေါ်သွားလိုက်မယ်


ဟုတ်တယ်


ဒီကလေးကို သူ ကိုယ်တိုင်ပဲ ပြုစုပျိုးထောင်လိုက်မယ်