Ch 30
Viewers 2k

အခန်း (၃၀)

ဆုဝန်နှင့် ရှန်မိသားစုတို့ မနက်စာစားပြီးသောအခါ ရှန်လင်းသည် ကွင်းထဲသို့ အလုပ်လုပ်ရန် သွားလေသည်။ ဆုဝန်သည် ခြံထဲတစ်ပတ် လမ်းဆင်းလျှောက်ကြည့်သောအခါ ရှန်မိသားစုခြံဝန်းသည် သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပြီးအောင် လုပ်ရန်အလုပ်များ ကျန်ရှိနေသေးသော်လည်း ရှင်းလင်းနေသည်။ ဆုဝန်သည် တစ်ပတ်ပတ်ကြည့်ပြီးနောက် ရှန်မိသားစု အပြီးသတ်ရန် ကျန်နေသေးသော အလုပ်များကို လက်စသတ်ပေးလိုက်လေသည်။ 

ရလဒ်အနေနှင့် ရှင်းလင်းချောမွေ့နေသော ရှန်မိသားစု ခြံဝန်းသည် ပို၍ချောမွေ့သွားလေသည်။ ဆုဝန်သည် ရှန်မိသားစု၏ ထင်းတဲလေးဆီသို့ လျှောက်သွားလိုက်သောအခါ ဝါးခြင်းတောင်း အကြီးကြီး ယူလာသော ရှန်ယာယာကို တွေ့လိုက်ရသည်။ ရှန်ယာယာက “မမဆုဝန် ညီမလေး ဟင်းသီးဟင်းရွက်ရိုင်းတွေ သွားတူးမလို့။ မမ အိမ်မှာပဲ နားနားနေနေ နေဦးလေ” 

ရှန်ယာယာ၏ ခန္ဓာကိုယ်သည် သေးသေးလေးဖြစ်သည်။ သို့သော် သူ့ကိုယ်ပေါ်မှ ဝါးခြင်းတောင်းသည် ပို၍ကြီးနေလေသည်။ ဆုဝန်သည် ရှန်ယာယာက လူစားဖို့ ဟင်းသီးဟင်းရွက်များသာ သွားတူးမှာ မဟုတ်မှန်း သိသည်။ သူမသည် ကြက်များနှင့် ဝက်များအတွက် မြက်များပါ ရိတ်လာမှာ ဖြစ်သည်။ 

ရှန်မိသားစုတွင် ကြက်သုံးကောင်နှင့် ဝက်မတစ်ကောင်ရှိလေသည်။ ၄င်းတို့သည် မြက်ကြမ်းများသာ စားရသောကြောင့် ကြက်နှင့်ဝက်တို့မှာ အလွန် ပိန်ပေသည်။ ဆုဝန်က “အစ်မဒီမှာ ကြက်တွေနဲ့ ဝက်တွေအတွက် မြက်ကြမ်းတွေ တွေ့တယ်။ အဲဒါတွေ တူးမနေနဲ့တော့။ ခု မြို့ထဲသွားကြရအောင်။ အဲ့က ပြန်လာမှ ဟင်းရွက်တွေ တူတူတူးကြတာပေါ”

သူမသည် စိတ်အားတက်ကြွပြီး ပျော်သွားသော်လည်း ဆုဝန်ကို သူမနှင့်အတူ ဟင်းရွက်တူးခိုင်းရမည်မှာ မကောင်းဟု ထင်မိသည်။ 

ရှန်ယာယာက ဆုဝန်ကို သူမနှင့်အတူ ဟင်းရွက်ရိုင်းများ တူးရန် ခွင့်မပြုနိုင်ကြောင်းနှင့် ဆုဝန်အား အလုပ်အများကြီး လုပ်ခိုင်းရန်မှာ မသင့်တော်ကြောင်းပြောသည်။ 

ဆုဝန်က ပြုံးလိုက်သည်။ ဒီမိန်းကလေးငယ်လေးသည် သူမကိုယ်တိုင်၏ စိတ်ဝင်စားမှုကို မည်သို့ကာကွယ်ရမည်မှန်း မသိသေးချေ။ ဆုဝန်က “အစ်မက ညီမလေးတို့ မိသားစုက ကျွေးတာကို စားပြီး၊ ညီမလေးတို့မိသားစုနဲ့အတူ နေပြီး၊ ညီမလေးတို့နဲ့အတူ အလုပ်လုပ်တယ်ဆိုတာ ပုံမှန်ပါပဲ။ အရမ်းအားနာနေစရာ မလိုပါဘူး” 

ဆုဝန်သည် ပြောရင်းဆိုရင်း ရှန်ယာယာ့ ကိုယ်ပေါ်မှ ဝါးခြင်းတောင်းကြီးကို ဆွဲယူလိုက်သည်။ ရှန်ယာယာ့အတွက် သူမယခင်က ဝယ်ထားဖူးသော အဝတ်အစားများကို ရှန်ယာယာ့အား ဝတ်ဆင်စေပြီး ဆံပင်လေးနှစ်ဖက်ကို စည်းပေးလိုက်သည်။ လှပသော မိန်းမငယ်လေးအဖြစ် ပြင်ဆင်ပြီးသောအခါ ရှန်ယာယာ့အဖို့ ယနေ့ယူလာသော ပန်းလေးကိုပါ ပန်ပေးလိုက်သည်။ 

ရှန်ယာယာသည် နဂိုကတည်းက ကြည့်၍ကောင်းသည်။ သို့သော် သူမသည် သူမ၏ ကြည့်ကောင်းမှုကို ပျောက်ကွယ်စေသော  စုတ်ပြတ်နေသော အဝတ်များကိုသာ ဝတ်ဆင်ခဲ့ရသည်။ 

ယခု ဆုဝန် ဆင်ပေးလိုက်သော အဝတ်များနှင့် သူမသည် ပန်းချီကားထဲမှ မိန်းမငယ်လေးသဖွယ် ချစ်ဖို့ကောင်းပြီး ကြည့်ကောင်းနေပေသည်။ 

သို့သော် မလိုက်ဖက်သည်တစ်ခုမှာ ရှန်ယာယာ၏ အသားအရေသည် ယခင်က ဆုဝန်၏ အသားအရေကဲ့သို့ မည်းညစ်နေခြင်းပင် ဖြစ်ပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆုဝန်သည် သွမ့်အိမ်တော်၌ ချက်ပြုတ်ခဲ့ရသည်။ သို့သော် သူမ၏ အသားအရေသည် မည်းညစ်နေဆဲပင် ဖြစ်ပေသည်။ ထို့ကြောင့် ဆုဝန်သည် သူမတို့ မြို့ထဲသွားလျှင် အစိုဓာတ်ဖြည့်ပေးသော လိုးရှင်းတစ်ခုခု ဝယ်ရန် ဆုံးဖြတ်ခဲ့လေသည်။ 

ရှန်မိသားစုသည် တကယ့်ကို ဆင်းရဲလှသည်။ သန့်ရှင်းသပ်ရပ်သော အိမ်မှလွဲ၍ ကျန်သော မီးဖိုချောင်သုံး ပစ္စည်းများသည် အိုမင်းယိုယွင်းနေပြီ ဖြစ်သည်။ ကြောင်အိမ်ထဲရှိ ဆန်နှင့် ခေါက်ဆွဲတို့မှာလဲ ရက်လွန်နေပြီ ဖြစ်သည်။ ရာသီပေါ် အစားအစာဟူ၍ ဘာမှလဲ မရှိပေ။ ဆုဝန်သည် ပါဝင်ပစ္စည်းအချို့ ဝယ်ရန် ပြင်ဆင်လိုက်သည်။ 

အစားအစာဟူသည် လူတို့အတွက် အရေးအကြီးဆုံးသော အရာပင် ဖြစ်သည်။ သို့သော် ရှန်မိသားစုသည် အလွန်ပင် ဆင်းရဲသဖြင့် ရိုးရှင်းသော အရာများကိုပင် အိမ်၌ ဝယ်မသိမ်းထားနိုင်ပေ။ 

ဆုဝန်သည် အပွင့်အခက်များမပါသော ဗြောင်အဝတ်အစားများကို ဝတ်ဆင်ပြီး လှလှလေး ဝတ်ဆင်ထားသော ရှန်ယာယာ့ကို ခေါ်ကာ မြို့ထဲသို့ သွား‌လေသည်။ 

ယခုအချိန်တွင် ရွာထဲမှ အမျိုးသားများအားလုံးတို့သည် လယ်ယာထဲသို့ သွားကာ အလုပ်လုပ်နေကြပြီ ဖြစ်ပြီး၊ အမျိုးသမီးများသည်လည်း အိမ်တွင် သန့်ရှင်းရေး လုပ်‌နေကြပြီ ဖြစ်လေသည်။ ဆုဝန်နှင့် ရှန်ယာယာတို့သည် လမ်းတစ်လျှောက် မည်သည့်ရွာသားနှင့်မျှ မတွေ့ခဲ့ပါချေ။ သူတို့သည် ချင်းရှီရွာကို အနည်းငယ် ဖြတ်လျှောက်ပြီးနောက်မှ ချင်းယွင်ကောင်တီကို သွားနေကြသည့် လူများကို တွေ့ရသည်။ ဆုဝန်သည် ပဲနိနှစ်ပြား ထုတ်ပေးလိုက်ပြီး ရှန်ယာယာနှင့်အတူ နွားလှည်းပေါ်သို့တက်ကာ ထိုလူများနှင့် လိုက်လာခဲ့လေတော့သည်။ 

ဝမ်မိသားစုသည် မနက်စောစောစီးစီးတွင် ဆုဝန်၏ ပိုက်ဆံများကို ထိန်းချုပ်ရန် အစီအစဥ် ဆွဲနေကြသည်။ တစ်မိသားစုလုံးက အလွန် ပျော်ရွှင်နေကြလေသည်။ 

မနက်စာ စားပြီးသောအခါ ဝမ်လော့ရှန်းသည် ကျောင်းသို့သွားသည်။ ဝမ်အဖေသည် ကြိတ်ခွဲရုံသို့သွားသည်။ ဝမ်ရှီနှင့် ဝမ်လော့ရွှယ်တို့ကမူ အမျိုးသမီးကြီးအား အိမ်တွင် လုပ်ရမည့် အလုပ်များကို ညွှန်ကြားနေလေသည်။ 

ဆုဝန်သည် ယခုအခါ ဝမ်မိသားစုမှ မဟုတ်တော့ပါ။ ထို့ကြောင့် ဝမ်မိသားစုအနေဖြင့် စိတ်မသက်မသာ ဖြစ်ရသည့် အချက်မှာ ဆုဝန်၏ လစာကို သူတို့ရနိုင်သေးသလား သေချာမသိရသော အချက်ပင် ဖြစ်လေသည်။ ဝမ်လော့ရွှယ်နှင့် အတူ အိမ်အလုပ်များကို လုပ်နေပေသည်။ 

ယခင်က အမျိုးသမီးဝမ်သည် ဝမ်လော့ရွှယ်အတွက် ဆုဝန်လုပ်ပေးသော အစားအစာများကို စားခဲ့သည်။ ယခုအခါ ဆုဝန်ထွက်သွားပြီးနောက် ဝမ်မိသားစုသည် အမျိုးသမီးတစ်ဦးအား ထမင်းချက်ရန် ခန့်ထားခဲ့သည်။ အခြားသူများသည်ပင် ဝမ်မိသားစုမှ အစားအစာများမှာ ယခင်ကဲ့သို့ မကောင်းကြောင်း သိနိုင်ပေသည်။ သို့သော် သူမ တွေးလိုက်သည်မှာ ဝမ်လော့ရွှယ်သည် အစားအသောက်များ မချက်ရတော့ဘဲ အမျိုးသမီးကြီးကသာ ချက်ပြုတ်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်၊ အခြားသော အကြောင်းပြချက်ဟူ၍ မရှိပေ။ 

အမျိုးသမီးဝမ်သည် ဤအစေခံနှစ်ဦးအား အလွန် စိတ်တိုင်းမကျပေ။ အမျိုးသမီးဝူသည် အလုပ်လုပ်တာ နှေးလွန်းသည်။ သူသည် နေရာတိုင်းကို သေချာ သန့်ရှင်းရေးမလုပ်ပေ။ အမျိုးသမီးဝမ်သည် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်ရပေသည်။ 

မူလက ဝမ်လော့ရွှယ်သည် ဆုဝန်အား အလုပ်များ ပြန်လာလုပ်ဖို့ တိုက်ရိုက်ပြောရန်စီစဥ်ထားသည်။ သို့သော် အမျိုးသမီးဝမ်က ရက်အနည်းငယ် စောင့်ကြည့်ဦးမည်ဟု ပြောသည်။ ဆုဝန်ကို ရှန်မိသားစု၌ စောင့်ရှောက်ပေးထားရန် ပြောလိုက်နိုင်လျှင် ဆုဝန်သည် သူမတို့မိသားစုကို နောက်ထပ် ပြဿနာ မဖြစ်စေနိုင်ဟု ဆိုသည်။ 

အစေခံနှစ်ဦးတို့သည်လည်း ဝမ်အမေနှင့် ဝမ်သမီးတို့ စိတ်အလိုကျ လိုက်လုပ်ရတာ မောနေလေပြီ။ ထိုနှစ်ယောက်သည် မျက်ကန်းကဲ့သို့ပင် တစ်ယောက်က အရှေ့ကို ခိုင်းလျှင် နောက်တစ်ယောက်က အနောက်ကို ခိုင်းသည်။ 

အမျိုးသမီးဝမ်သည် အမျိုးသမီးဝူကို ခြံတွင်း တံမြက်စည်း လှည်းခိုင်းသည်။ ဝမ်လော့ရွှယ်ကမူ သူမကို အိမ်ပေါ်ကို တံမြက်စည်း လှည်းခိုင်းသည်။ အမျိုးသမီးဝူသည် ခြံထဲကို တံမြက်စည်းလှည်းပြီး တစ်ဝက်တစ်ပျက်၌ အိမ်ပေါ်ကို တံမြက်စည်းတက်လှည်းရပြန်သည်။ 

ဝမ်အမေနှင့် သမီးတို့သည် သူတို့ အိမ်တံခါးအပြင်ဘက်ရောက်သည့်တိုင် အစေခံအမျိုးသမီးအား အမိန့်ပေးခိုင်းစေမြဲဖြစ်သည်။ ဝမ်အမျိုးသမီးနှင့် ရင်းနှီးသော အမျိုးသမီးများ ပိတ်ရက်တွင် အိမ်သို့ လာလည်ကြသောအခါ ပိုဆိုးလေသည်။ 

ယခုအချိန်တွင် လယ်ထဲမှ ကောက်ပဲသီးနှံများကို ရိတ်သိမ်းကြရလေပြီ။ ရိတ်သိမ်းရသည့် အလုပ်သည် အမျိုးသားများ၏ အလုပ်ပင်ဖြစ်ရာ အမျိုးသမီးများသည် အားသောအခါ ဝမ်အိမ်တော်သို့ လာကြလေသည်။ 

ထိုအမျိုးသမီးများသည် ကောက်ရိတ်သိမ်းပြီးချိန်အထိ အားကြလေသည်။ ဝမ်မိသားစုသည် ကြိတ်ခွဲစက်ကိုသာ တာဝန်ယူရသဖြင့် အမြဲနီးပါး အားနေလေသည်။ ဝမ်မိသားစုသည် လယ်ယာထဲတွင် အလုပ်လုပ်ရန် မလိုပါ။ ယခုအခါ ဝမ်မိသားစူသည် အစေခံအမျိုးသမီးတစ်ဦးကို ခန့်ထားသဖြင့် ဝမ်မိသားစုသည် အိမ်အလုပ်များပင် လုပ်ရန် မလိုတော့ပေ။ ထိုအမျိုးသမီးများသည် အမျိုးသမီးဝမ်အား မနာလို အားကျ ဖြစ်နေကြပေသည်။ 

ယမန်နေ့က ဝမ်မိသားစုအိမ်တော်တွင်ရယ်စရာတစ်ခု ဖြစ်ခဲ့ပေသည်။ ထိုအမျိုးသမီးများသည် အစေခံအမျိုးသမီးကြီးနှင့် ဝမ်မိသားစုသည် မည်သိူ့‌သော နိဗ္ဗာန်ဘုံကဲ့သို့ဘဝတွင် နေနေကြောင်း စပ်စုလိုကြသဖြင့် ဝမ်အိမ်တော်သို့ လာလိုကြသည်။ တစ်နည်းအားဖြင့် မနေ့က ဘာဖြစ်ခဲ့ကြောင်း ဝမ်မိသားစုနှင့် စကားပြောလိုကြသည်။ 

မည်သို့ပင်ဖြစ်စေ ဝမ်မိသားစုသည် ဆုဝန်ကို လျစ်လျူရှုရန်မှာ မသင့်တော်ပေ။ ထို့ပြင် ထိုမိန်းမကြီးများ၏ ရင်ထဲတွင် ဝမ်မိသားစုအား ရှက်ဖို့ကောင်းသည်ဟု မြင်နေကြသည်။ 

အမျိုးသမီးဝမ်သည် တံခါးကိုဖွင့်ကာ အမျိုးသမီးများအား ဝင်ခွင့်ပေးလိုက်သည်။ 

အနည်းငယ်သော အမျိုးသမီးကြီးများသည် ဝမ်အိမ်တော်ထဲသို့ ရောက်လာကြသောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့သည် အစေခံအမျိုးသမီးကို ခန့်ထားပြီး‌နောက် ဝမ်အိမ်တော်သည် တောက်ပသန့်ရှင်းသပ်ရပ်နေလိမ့်မည်ဟု ထင်ထားကြသည်။ ဝမ်မိသားစု ခြံဝန်းသည် အမြဲလှပ သန့်ရှင်းနေခဲ့တာ ဖြစ်သည်။ 

သို့သော် ယခုတွင် ဝမ်မိသားစု ခြံဝန်းသည် သူတို့နှင့် ဘာမှမကွာပေ။ အမျိုးသမီးဝမ်သည် နည်းနည်းလေးမှ ရှက်ရွံ့မှုကို မခံစားရပေ။ သူမကိုယ်တိုင် သန့်ရှင်းရေး လုပ်သည်လဲ မဟုတ်သောကြောင့် သူမသည် ယခုကဲ့သို့ သပ်ရပ်နေသည်ကိုပင် သာမန်ပဲဟု ထင်သည်။ ထို့ကြောင့် အမျိုးသမီးဝမ်သည် ထိုအမျိုးသမီးများ ရင်ထဲမှ တတွတ်တွတ်တီးတိုး ပြောနေကြမည်ကို ခံစား၍ မနေပေ။ 

ဟင်း... ပြောရမည်ဆိုလျှင် အစေခံအမျိုးသမီးကြီးက အလုပ်ကြမ်းများကို သေချာမလုပ်လျှင်လဲ နောက်ပိုင်းတွင် ဆုဝန်သည် ခြံဝန်း တံမြက်စည်း လှည်းခြင်းကဲ့သို့ အလုပ်ကြမ်းများကို ကောင်းကောင်းလုပ်မည်သာ ဖြစ်ပေသည်။ 

အမျိုးသမီးများအနက် ဆန်ဟုခေါ်သော အမျိုးသမီးကြီးသည် နေ့စဥ်ဘဝတွင် မြင်တွေ့နေရသော အရာများကို သဘောမကျတတ်ပေ။ အထူးသဖြင့် အမျိုးသမီးဝမ်နှင့် ပတ်သက်၍ဖြစ်သည်။ ဝမ်မိသားစု၏ ခြံဝန်းကို မြင်လိုက်ရသောအခါ အမျိုးသမီးဆန်သည် မှားယွင်းနေမှုတစ်ခုခုကို ခံစားလိုက်ရသည်။

အမျိုးသမီးဆန်က “အစ်မဝမ် တို့ညီအစ်မတွေ အားလုံးထဲမှာလေ အစ်မက ကံအကောင်းဆုံးပဲ။ မိသားစုကလဲ အစေခံတောင် ခန့်ထားနိုင်တာဆိုတော့လေ။ ကျွန်မတို့ ဘယ်လိုလုပ်ရင် အစ်မလို ကံကောင်းနိုင်ပါ့မလဲရှင်” 

ဝမ်ရှီသည် ပြုံးပြီး “အစ်မ အစေခံခန့်ရတယ်ဆိုတာလဲ အလုပ်တွေနဲ့ တကယ့်ကို ပင်ပန်းလွန်းလို့ပါကွယ်။ ဘယ်သူကတော့ ငွေကို ဒီလိုနေရာမှားမျိုးမှာ သုံးချင်ပါ့မလဲ”

နေရာမှားဟု သူမပြောလိုက်သော စကားမှာပင် ဝမ်ရှီးသည် ထိထိရှရှဖြစ်သွားရသည်။ ယခင်က သူမသည် ဆုဝန်၏ လစာဖြင့် အစေခံခန့်ထားရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဆုဝန်သည် ဝမ်အိမ်တော်မှ သီးခြားခွဲထွက်သွားသောကြောင့် ဆုဝန်ငွေနှင့် အတည်မပြုရသေးမချင်း သူမသည် သူမ၏ ကိုယ်ပိုင်ပိုက်ဆံကို သုံးထားခြင်းသာ ဖြစ်ပေသည်။ 

သို့သော် ယခုအချိန်တွင် သူမသည် ထိုအစေခံအမျိုးသမီးကို ထွက်မသွားစေနိုင်ပါ။ အိမ်အလုပ်လုပ်စရာ ဘယ်သူမှ မရှိတာမျိုး မဖြစ်လိုလျှင် ဤလူကိုတော့ ဆုံးရှုံး၍ မဖြစ်ပါချေ။ ငါတို့ကတော့ မနာလိုဖြစ်လိုက်ရတာ သူကတော့လေ အစေခံကို တစ်လလောက်ပဲ သုံးနိုင်တာ။ သူမသည် ဒီအစေခံအမျိုးသမီးလုပ်သည်မှာ ကောင်းလွန်းလှတာ မဟုတ်မှန်းသိသော်လည်း အခြားသူများက အစေခံမသုံးနိုင်ဟု ထင်မြင်မည်ကို မလိုလားပေ။ လူအများရှေ့တွင် ကျော်ကြားနေသော အမျိုးသမီးဝမ်သည် ထိုကျော်ကြားမှုကို အဆုံးရှုံးမခံနိုင်ပါချေ။ 

အမျိုးသမီးဆန်က “ဒါဆို အစ်မဝမ်က တကယ့်ကိုကံကောင်းတာပေါ့။ ကျွန်မတို့တွေတော င်မနာလို ဖြစ်လာပြီ။ အစ်မတို့အိမ်က ခန့်ထားတဲ့ အမျိုးသမီးကို ကြည့်ပါရ‌စေဦး။ ကျွန်မက သိရုံပဲသိတာ တစ်ခါမှ အစေခံ မသုံးဖူးဘူးလေ။ ကြည့်ခွင့်ပေးတော့ ကောင်းတာပေါ့” 

အမျိုးသမီးအများစုက ထောက်ခံကြလေသည်။ 

အမျိုးသမီးဝမ်သည် အမျိုးသမီးများကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ 

ထိုအမျိုးသမီးများသည် အိမ်ထဲသို့ ဝင်လာကြသောအခါ အနည်းငယ် အံ့အားသင့်၍သွားလေသည်။ သူတို့သည် ဝမ်မိသားစု အ‌စေခံ မခန့်ထားခင်ကထက် တစ်အိမ်လုံးသည် ပိုမိုသန့်ရှင်းသပ်ရပ်နေမည်ဟု ထင်ထားကြသည်။ သို့သော် ယခုအခါတွင်မူ ဝမ်အိမ်တော်သည် ရှုပ်ပွမြဲ ရှုပ်ပွနေမြဲ ဖြစ်သည်။ 

အမျိုးသမီးလီသည် တံမြက်စည်းများလှည်းပြီးနောက် ဝမ်လော့ရွှယ်၏ အခန်းထဲတွင် ဝမ်လော့ရွယ်၏ အဝတ်များကို ခေါက်နေလေသည်။ 

တိုင်းပြည်ထဲမှ လူများအား လာလည်ရန် တားမြစ်ထားခြင်းမရှိပါချေ။ အားလုံးသည်လည်း မြို့ထဲမှ အမျိုးသမီးများသာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဝမ်လော့ရွယ်၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ကြသည်။ အထဲသို့ ဝင်လိုက်သောအခါ မျှော်ပင် မမျှော်လင့်ထားမိပေ။ ဝမ်လော့ရွှယ်၏ အခန်းသည်လည်း ရှုပ်ပွ၍နေသည်။ 

ချင်းရှီရွာ တစ်ရွာလုံးတွင် ဝမ်လော့ရွှယ်သည် ဤသို့သော အသေးစိတ်အလုပ်များ လုပ်ရာတွင် တော်သည်ဟု မည်သူကမှ မသိကြပေ။ နည်းကျကျပြောရလျှင် သူမတို့ အစေခံသာ မခန့်ထားလျှင် ဝမ်လော့ရွှယ်သည် သူမအခန်းကို သူမ သန့်ရှင်းနိုင်သည်။ ယခုတွင်မူ ရှုပ်ပွ၍နေသည်။ 

ဝမ်မိသားစုမှ ခန့်အပ်ထားသော အမျိုးသမီးနှစ်ဦးကို ကြည့်သောအခါ သူမတို့သည် သူမတို့အလုပ်တွင် အားစိုက်ဟန် မတူပေ။ ယခုအခါ ရုတ်တရက်ဆိုသလို အမျိုးသမီးများ၏ ဝမ်အမျိုးသမီးအပေါ် မနာလို အားကျဖြစ်မှုသည် တစ်ဝက်ကျော်ကျော်ခန့် လျော့ကျသွားပေပြီ။ 

အားလုံးပြီး‌‌နောက် ဝမ်မိသားစုသည် အခြားလူချမ်းသာမိသားစုများနှင့် တကယ်ကို ကွဲပြားလေသည်။ ထို့ပြင် အားလုံး၏ ဝမ်လော့ရွှယ်အပေါ် အမြင်များသည်လည်း သိသိသာသာ ပြောင်းလဲသွားလေသည်။ ဤကလေး လော့ရွယ်သည် မိသားစုတွင် အမျိုးသမီးကလေးတစ်ဦးဖြစ်သည်။ သူမသည် သူမအိမ်ကို‌တော့ သန့်ရှင်းရေး လုပ်နိုင်ရမည်။ အဲ့လိုမှမဟုတ်လျှင် သူမကို ဘာအတွက် သွားသုံးရမည်နည်း။ ယောက္ခမဖြစ်သူရော ချွေးမရောက သေချာ သန့်ရှင်းရေး လုပ်နိုင်မည့်ပုံမရှိပေ။ 

အမျိုးသမီးများထဲမှ အနည်းစုသည် ဝမ်လော့ရွှယ်ကို သူမတို့ချွေးမအဖြစ် မျှော်လင့်ထားခဲ့ကြသည်။ သိူ့မှသာ သူတို့သည် ဝမ်မိသားစုနှင့် နီးစပ်နိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။ 

သို့သော် ယခုအခါ ထိုအမျိုးသမီးများ၏ ဝမ်လော့ရွှယ်အပေါ် ထားသော သဘောထားသည် ပြောင်းလဲသွားလေပြီ။ 

အိမ်တစ်အိမ်လုံးသည် လုံလုံလောက်လောက် မသန့်ရှင်းနေဟု အမျိုးသမီးဝမ်က ခံစားလိုက်ရသည်။ သူမသည် အမျိုးသမီးလီအား အလုပ်ကောင်းကောင်း မလုပ်နိုင်ဟုဆိုကာ အနည်းငယ် ဆူငေါက်လိုက်လေသည်။ 

ထိူအစေခံအမျိုးသမီးသည် တကယ့်ကို မှားသည်။ သူမသာ ဝမ်အိမ်တော်သည် အတွင်းရောအပြင်ပါ ရှုပ်ပွနေသည်ဟု ပြောလျှင်၊ ဒါမှမဟုတ် သူမကိုယ်တိုင် တစ်ခုချင်းကို သေချာသန့်ရှင်းရေး လုပ်ထားပါလျက် ဝမ်မိသားစုသာ ကောင်းကောင်းထိန်းသိမ်းထားနိုင်ပါလျှင် ဒီလောက်ရှုပ်ပွမနေနိုင်ပေ။ 

ဝမ်အမျိုးသမီးသည် အမျိုးသမီးဝူကို ထပ်၍ ဒေါသထွက်လာပြန်သည်။ ကံကောင်းသည်မှာ အခြားအမျိုးသမီးများ အနားမှာ ရှိနေ၍ဖြစ်သည်။ မဟုတ်လျှင် သူမသည် အမျိုးသမီးဝူအား သွား၍ အနည်းငယ် ရိုက်မိမည် ဖြစ်သည်။ 

...

အခန်း (၃၀) (ခ)

အမျိုးသမီးအချို့သည် အမျိုးသမီးဝမ်ကို အပြင်သို့ ဆွဲထုတ်လာပြီး ဧည့်ခန်းထဲတွင် ထိုင်ကာ စကားပြောစေသည်။ ထိုင်ပြီးမကြာမီပင် အမျိုးသမီးဆန်သည် သူမမပြောခဲ့ရသော စကားများကို ပြောတော့သည်။ 

“အစ်မဝမ် ကျွန်မအမြင်တော့လေ အဲ့ဟိုကောင်မလေးဆုဝန်က ရုပ်ဆိုးပြီး ပေရေနေပေမဲ့ အစ်မအိမ်မှာ သူနေတုန်းကဆို အစ်မကို အများကြီး ကူညီပေးခဲ့တာပဲမလား။ အစ်မက သူ့ကို မနေ့ကလိုမျိုးကြီးတော့ မဆက်ဆံသင့်ပါဘူး။ သူခံစားသွားရမှာပေါ့ အစ်မရဲ့”

အမျိုးသမီးများအားလုံးကလဲ အမျိုးသမီးဝမ်ကို သူမဆုဝန်အပေါ် ထိုသို့မဆက်ဆံသင့်ကြောင်း ပြောကြလေသည်။ အမျိုးသမီးဝမ်သည် ထိုကိစ္စနှင့် ပတ်သက်၍ တကယ်ကို မပြောချင်သော်လည်း အားတင်းပြီး ပြောလိုက်လေသည်။ “ညည်းတို့က ဘယ်လောက်နာစရာကောင်းတယ်ဆိုတာ မသိလို့ သူ့ဘက်က ရပ်တည်ပြီး ပြောနေကြတာပါ။ သူငါ့အိမ်မှာနေတုန်းကဆို ငါ့အိမ်မှာပဲ စားတယ်။ ငါကလေ မိသားစုအတွက်အလုပ်အများကြီးမလုပ်နိုင်ပေမဲ့လေ ငါ့မိသားစုက သူ့ကို ခုချိန်မတိုင်ခင်အထိ ထောက်ပံ့ပေးထားခဲ့တာ။ အဲ့ထက်ပို လူသားဆန်လို့တော့ မရတော့ဘူး။ အဲ့ ဆုဝန်မကြောင့်သာ မဟုတ်ရင်လေ ငါ့မိသားစုက တိုက်တာတွေတောင် ခုချိန်ဆောက်နိုင်နေလောက်ပြီ” 

ချင်းရှီရွာတွင် တိုက်အိမ်ဟူသည် ကြွယ်ဝမှု၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။ ယခင်က ရှန်လင်းတို့ မိသားစုသည် တိုက်အိမ်ဆောက်နိုင်သဖြင့် တစ်ရွာလုံး၏ စိတ်ဝင်စားမှုကို ခံခဲ့ရဖူးသည်။ အားလုံးက မနာလို အားကျခဲ့ရပေသည်။ 

သို့သော် ယခုအခါတွင်မူ ရှန်လင်းတို့မိသားစုသည် တိုက်အိမ်ရှိသည်ကလွဲ၍ အလွန် ဆင်းရဲသွားကြသောကြောင့် ဘယ်သူကမှ မနာလို ဝန်တို၍ မနေပေ။ 

ဝမ်အမျိုးသမီးသည် ဆုဝန်အား သူ့အိမ်ကို တိုက်မဆောက်ရသည့်အပေါ် မူတည်၍ အပြစ်ဖို့၍နေသည်။ သူ့ကိုယ်သူ ဆုဝန်အပေါ်ကောင်းသည်ဟုဆိုကာ သူတော်ကောင်းယောင်ဆောင်၍ နေပေသည်။ 

အမျိုးသမီးတစ်ဦးကမူ “အစ်မရယ် အဲ့ဒီ့ကလေးမ ဆုဝန်အစ်မတို့အိမ်မှာနေတုန်းက သူတစ်ခါမှ အလုပ်နဲ့လက်နဲ့ ပြတ်တယ်လို့ကို ကျွန်မတော့ မတွေ့ဖူးပါဘူး။ သူ့ကို ပိုက်ဆံလဲမပေးရဘဲနဲ့ကို အလုပ်ကြမ်းတွေ လုပ်ပေးနေတာလေ။ အစ် မသူ့အပေါ် အဲ့လိုတော့ မပြောသင့်ပါဘူး” ဟု ဆိုလေသည်။ 

အမျိုးသမီးဝမ်ကမူ ထိုစကားများကို မကြားချင်ဟန် မျက်မှောင်ကြုတ်ပြီး “နင်ပြောသလို မဟုတ်ပါဘူးဟယ် နင်တို့ မသိပါဘူး။ ငါသူ့ကို ဝမ်အိမ်တော်ဆီ ပြန်မခေါ်တာကလေ သူ နေမကောင်းဖြစ်နေလို့ မဟုတ်ဘူး။ သူငါ့အိမ်လာရင်လေ ကံဆိုးမှုတွေ သယ်သယ်လာလို့ဟေ့။ သူအိမ်ရောက်လာတာနဲ့ မကောင်းတာတစ်ခုမဟုတ် တစ်ခုကဖြစ်တယ်လေ၊ ဆိုတော့ အဲ့လို ကံဆိုးမ မျိုးကို ငါကဘယ်လို အိမ်ထဲအဝင်ခံနိုင်ပါ့မလဲ” 

ဝမ်အမျိုးသမီးသည် ဆုဝန် သူမတို့အိမ် ဝင်လာကတည်းက မိသားစုဝင်အားလုံး နှာခေါင်းများနှင့် မျက်လုံးများတွင် ကံမကောင်းမှုများ ဖြစ်ရဟန် သူတော်ကောင်းမကြီးအယောင်ဆောင်ကာ ဆိုလေသည်။ 

အမျိုးသမီးဝမ်သည် ဆုဝန်ဖျားနေချိန်တွင် သူမ၏ ဆုဝန်အပေါ် အညှာအတာမဲ့စွာ ရက်စက်မှုများကို လူအများ ပြောဆိုခြင်းမှ ကာကွယ်နိုင်ခြင်းအလို့ငှာ ဤသို့စကားများကို ပြောပေသည်။ 

သူမပြောသည်များကို ပို၍ယုံကြည်လာအောင်  အဆုံးတွင် သူမသည် အချို့စကားများကိုပါ ထည့်ပြောလေသည်။ 

“အဲ့ကလေး ဆုဝန်ဟာလေ တကယ့်ကို ကံဆိုးမလေး။ သူ့ကိုခေါ်သွားတဲ့ လူတိုင်းဟာလေ ကံမကောင်းဘူး။ မယုံရင်လေ စောင့်ကြည့်နေလိုက်။ ခု ရှန်မိသားစုက သူ့ကိုခေါ်သွားတယ်မလား။ ငါလောင်းတောင် လောင်းရဲသေးတယ်။ ရှန်မိသားစုက ဒီထက်ပိုပြီး ဆင်းရဲဒုက္ခတွေ ကြုံရလိမ့်ဦးမှာ” 

ရှန်မိသားစု ဆုဝန်ကို ခေါ်သွားခြင်းအပေါ် အမျိုးသမီးများသည် တစ်ယောက်ကိုတစ်ယောက် ပြောနေကြလေသည်။ ဆုဝန်ကို ခေါ်သွားသော ရှန်မိသားစု၏ အလှည့်ပေလား။ 

မနေ့က ရှန်လင်းထွက်လာပြီး ဆုဝန်ကို လာခေါ်သွားလေသည်။ ရွာသားများသည် ရှန်လင်းကို အိပ်မက်မက်နေသည့်သူ ဟုပင် ထင်ကြသည်။ သူ့မိသားစုသည် အလွန်ပင် ဆင်းရဲလေသည်။ အစားပင် မစားနိုင်ပေ။ ထိုသို့လူသည် မည်သို့ငွေခုနစ်တုံးကို ပေးနိုင်ပါမည်နည်း။ 

ယခု အမျိုးသမီးဝမ်ဆီမှ တိကျသော အဖြေကို သိရသောအခါ အမျိုးသမီးအားလုံးတို့သည် ဆုဝန်ကို ခေါ်ထားပြီးနောက် ရှန်မိသားစုတွင် ဘာတွေဖြစ်လာမည်နည်းကို စပ်စုလိုလာကြသည်။ 

အမျိုးသမီးဝမ်က “အဲ့ ရှန်မိသားစုဟာလေ ကိုယ့်ဘဝကိုယ် သိပ်ရောင့်ရဲနိုင်ကြလွန်းတယ်၊ ကိုယ့်မိသားစုမှာ ကံလဲမကောင်း၊ ဆင်းကလဲ ဆင်းရဲနေပါတယ်ဆို ဒီလိုကံဆိုးမမျိုးကိုပါ ခေါ်ထားချင်တယ်တဲ့လေ။ သူတို့ အနာဂတ်မှာ ဘယ်လိုနေမလဲ ကြည့်ချင်ပါသေးတယ် အတိတ်မှာတုန်းက ရှန်မိသားစုရဲ့ဘဝက တကယ့်ကို လှပခဲ့တာ ခုဘယ်လို ပျက်စီးသွားလဲ ကြည့်ပါဦး။ ခု ဒီဆုဝန်ကိုပါ ခေါ်လာပြီဆိုတော့ သူတို့ရဲ့ဘဝဟာ ရှေ့လျှောက် ပိုခက်ခဲတော့မှာ” 

သူတို့သည် အခြားသူများ၏ ဘဝအကြောင်းကို ပြောနေကြလေသည်။ သူတို့သည် ထိုအကြောင်းများကို ပြောရာတွင် နာကျင်မှု၊ မလုံမလဲမှုတို့ပါ မခံစားရဘဲ အချို့အချိန်များတွင် ရယ်ပါရယ်နေကြသည်။ 

စကားပြောနေရင်း မိန်းမကြီးတစ်ဦးသည် တကယ့်ကို စပ်စုချင်လာသည်။ ထို့ကြောင့် သူမသည် 

“ဆုဝန်ခုဆို ဘာတွေလုပ်နေလဲတောင် မသိဘူးနော် ဘာဖြစ်ဖြစ် တို့တွေ သွားလည်ကြမယ်လေ။ ဟိုဘက်ခြံက ဆုဝန်ဆီ နေ့လယ်နေ့ခင်း ဘာလို့ သွားမကြည့်ကြရမှာလဲ။ တို့တွေ အစ်မရှန်ဆီပါ တစ်ခါတည်း သွားလည်ကြတာပေါ့” 

အမျိုးသမီးကြီးများသည် ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိပေ။ ထို့ကြောင့် သူမသည် ချက်ချင်း အကြံရပြီး ရှန်အိမ်သို့ နေ့လယ်ဘက် သွားလည်ရန် ရုတ်တရက် ဆုံးဖြတ်လိုက်လေသည်။ 

နေ့လယ်သို့ ရောက်သောအခါ အမျိုးသမီးများသည် ရှန်အိမ်သို့ သွားလည်ကြပေတော့မည်။ 

ထမင်းချက်ရန်အချိန်လည်း ကပ်နေပြီဖြစ်ရာ ရှန်အိမ်တော်တွင် အချိန်အကြာကြီး စကားထိုင်ပြောရန် အချိန် မလောက်တော့ပေ။ သို့သော် အမျိုးသမီးအချို့သည် ရှန်အိမ်တော်သို့ သွားကြလေသည်။ 

အမျိုးသမီးဝမ်သည်လည်း ရှန်မိသားစုအိမ်သို့ သွားရန်အလွန် စိတ်ဝင်စားနေလေသည်။ အစက အမျိုးသမီးရှန်သည် သူမထက် အရာရာပို၍ သာလွန်ပေသည်။ သူမသည် ယခုအခါ အမျိုးသမီးရှန် မည်မျှ စိတ်မချမ်းမြေ့ဖွယ်ကောင်းနေမည်ကို ကြည့်ကာ လှောင်ပြောင်ချင်ပေသည်။ 

လွန်ခဲ့သော နှစ်အနည်းငယ်က ရှန်လင်း၏ မိသားစုသည် ချင်းရှီရွာတွင် အချမ်းသာဆုံးဖြစ်ခဲ့သည်။ အမျိုးသမီးရှန်၏ အဝတ်အစားများသည် ချင်းရှီရွာမှ အမျိုးသမီးတိုင်းထက် သာလွန်ပေသည်။ နောက်ပိုင်း ရှန်လင်းအဖေ ကွယ်လွန်သွားပြီးနောက်တွင် သူတို့မိသားစုသည် အဘိုးအဘွားများ၏ ခွဲခြားခြင်းကို ခံလိုက်ရသည်။ ထပ်၍ ရှန်အမျိုးသမီးသည် နေမကောင်းဖြစ်ပြီး စျေးကြီးသော ‌ဆေးများ သောက်ရသောကြောင့် ရှန်မိသားစုသည် ချင်းရှီရွာတွင် အဆင်းရဲဆုံးမိသားစု ဖြစ်လာခဲ့ပေသည်။ 

ရှန်မိသားစုသည် ရုတ်တရက် ချမ်းသာကြွယ်ဝရာမှ ဆင်းရဲမွဲတေသွားသဖြင့် အားလုံး၏ အထင်အမြင်သေး နှိမ့်ချမှုကို ခံခဲ့ရပေသည်။ 

ရှန်မိသားစုစီးပွားရေး ကျဆင်းပြီးကတည်းက ရှန်အိမ်တော်၏ တံခါးသည် တစ်နှစ်ပတ်လုံး ပိတ်ထားပြီး ဘယ်သူမှ ထွက်မလာကြပေ။ အမျိုးသမီးများသည် ရှန်မိသားစုကို အချိန်အတန်ကြာ မမြင်ကြရပေ။ ယခု ဆုဝန်သည် ရှန်မိသားစုအိမ်တွင် ရှိနေပြီ ဖြစ်သဖြင့် ဤလူများသည် ရှန်ရှီ မငြင်းနိုင်အောင် ဆုဝန်၏ နာမည်ကို သုံးကြမည် ဖြစ်သည်။ 

နေ့လယ်သို့ ရောက်သောအခါ အမျိုးသမီးများသည် ရှန်မိသားစုအိမ်တော်ရှေ့သို့သွားကာ အတူတူ တံခါးကို သွားခေါက်ကြပေသည်။ 

ရှန်မိသားစုသည် စီးပွားရေး ကျဆင်းသွားသော်လည်း သူတို့တံခါးသည် ရွာထဲတွင် အခိုင်ခံ့ဆုံးဖြစ်မြဲဖြစ်သည်။ ခြံတံခါးနှင့် နံရံများသည် သေချာတင်းကြပ်စွာ ပိတ်ဆို့ထားပြီး အပြင်မှ အထဲသို့ မြင်နိုင်ရန်မှာ မဖြစ်နိုင်ပါချေ။ ထို့ကြောင့် ထိုမိန်းမကြီးများသည် ရှန်မိသားစုကို အချိန်အတန်ကာ မမြင်တွေ့ကြရခြင်းပင် ဖြစ်ပေသည်။ 

အမျိုးသမီးကြီးများသည် တံခါးကို ခေါက်ပြီး “အစ်မရှန် ဆုဝန်နေမကောင်းဘူးလို့ ကြားလို့ ကျွန်မတို့ လာကြည့်တာပါ” ဟု အော်ခေါ်လိုက်လေသည်။ 

နောက်အချို့က “အစ်မရှန် အစ်မအိမ်မှာ ရှိတာ သိပါတယ်။ တံခါးလေးဖွင့် ပေးပါဦး ကျွန်မတို့ အစ်မကို လှောင်ဖို့ လာတာ မဟုတ်ပါဘူး။ ဆုဝန်ကို လာကြည့်ကြတာပါ” ဟု ပြောလေသည်။ ဤသည်ကို ကြားသောအခါ အနောက်မှ အမျိုးသမီးများသည် ပြန်၍တွေးကြလေသည်။ သူမတို့သည် ဒီကို ဟာသကြည့်ရန် ရောက်နေခြင်းနှင့် တူနေသည်မဟုတ်ပါလော။ 

အိမ်ထဲရှိ ခုတင်ပေါ်တွင် အားဖြည့်ရန် လှဲလျောင်းနေသော အမျိုးသမီးရှန်သည် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမ နေမကောင်း မဖြစ်ခင်ကလည်း ထိုအမျိုးသမီးများသည် ရံဖန်ရံခါ သူမအား လှောင်ပြောင်သရော်ရန် လာတတ်ကြသည်။ သူမဖျားပြီးနောက်ပိုင်းတွင်မူ သူတို့၏ ကဲ့ရဲ့ရှုတ်ချစကားများကို မကြားချင်တော့သောကြောင့် သူမတံခါးများကို ပိတ်ခဲ့သည်။ ယခုအခါတွင်မူ သူတို့ကိုယ်တိုင် တံခါးရှေ့သို့ ရောက်လာကြပြန်ပါသည်။ 

ရှန်ရှီသည် တကယ့်ကို အိပ်ရာမှထကာ တံခါးကိုဖွင့်ပြီး ဆုဝန်အပြင်သို့ ထွက်သွားသဖြင့် နောက်နေ့မှလာကြရန် ပြောချင်သော်လည်း ရှန်ရှီ၏ ခန္ဓာကိုယ်နှင့် ခြေထောက်များသည် တံခါးဆီသို့ မလျှောက်နိုင်‌‌ပေ။

ထိုသို့ တွေးနေစဥ်မှာပင် ရှန်ရှီ၏ ခြေထောက်များသည် မမျှော်လင့်ဘဲ လှုပ်ရှား၍ရသွားပြီး ထူးခြားသောခံစားချက် ဖြစ်ပေါ်၍လာသည်။  

ရှန်ရှီသည် သူမခြေထောက်ကိုလှုပ်ရန် ကြိုးစားရာတွင် ယခင်ကဲ့သို့ အများကြီး အားမစိုက်လိုက်ရပေ။ ထပ်လှုပ်ရှားရန် ကြိုးစားသောအခါတွင်လဲ မမျှော်လင့်ဘဲ အများကြီး မကြိုးစားလိုက်ရပေ။ 

ရှန်ရှီသည် ရုတ်တရက် သူမခန္ဓာကိုယ်ကို သူမကိုယ်တိုင် ထိန်းချုပ်လာနိုင်သည်ဟု ခံစားလိုက်ရသည်။ 

တစ်လှမ်းချင်း သူမ၏ခြေလှမ်းများကို ခက်ခက်ခဲခဲလှမ်းကာ တံခါးဝသို့ လျှောက်သွားလိုက်လေသည်။ 

အမျိုးသမီးများသည် စိတ်မရှည်စွာ စောင့်နေကြသည်။ ထို့နောက် သူမတို့ကို ဝင်ခွင့်ပေးရန် အထဲရှိ ဆုဝန်နှင့် ရှန်ရှီကို ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။ 

ရုတ်တရက် တံခါးသည် ကျွီခနဲ မြည်လာပြီး ရှန်ရှီသည် တံခါးကို ဖွင့်ပေးလိုက်လေသည်။ 

အသက်ကြီးကြီး၊ အရိုးငေါငေါ ခါးကုန်းကုန်း နှင့် သူတို့အရှေ့မှ အမျိုးသမီးကြီးကို တွေ့လိုက်ရသောအခါ အားလုံးက ကြောင်သွားသည်။ သူတို့သည် အမျိုးသမီးရှန်သည် တောက်လျောက်အိမ်တွင် ရှိနေသည်ကို သိသော်လည်း ဤမျှလောက် ဖျားနေသည်ကိုတော့ မသိကြပေ။ 

အမျိုးသမီးဝမ်သည် ပထမဆုံး‌ပြောလိုက်သည်။ “အစ်မရှန် ဘယ်လိုဖြစ်လို့ ခုလိုဖြစ်နေတာလဲ”

အားလုံးတို့သည် အမျိုးသမီးရှန်၏ လဲပြိုကျမတတ်အခြေအနေကို အံ့အားသင့်သွားကြသည်။ အမျိုးသမီးရှန်သည်ကား သူမအခန်းမှ ခြံတံခါးဂိတ်အထိ လမ်းလျှောက်လာနိုင်ခဲ့သဖြင့် ဝမ်းမြောက်၍နေသည်။ 

အမျိုးသမီးရှန်သည် အသက်ရှူရင်း ဖြည်းဖြည်းချင်းပြောသည်။ “အခြားနေ့တွေနဲ့ မတူဘူး ဒီနေ့ကလေ....”

ဤသည်ကို ကြားသောအခါ အမျိုးသမီးဝမ်သည် အမြန်သံယောင်လိုက်ပြီး “အစ်မရှန်ရဲ့အဖျားက အရင်ရက်တွေတုန်းက အဲ့လောက်မဆိုးဘဲ ဒီနေ့မှ ပိုဆိုးလာတာလား။ ဟုတ်လား”

အမျိုးသမီးဝမ်သည် ကျန်အမျိုးသမီးများဘက်လှည့်ကာ ပြောလိုက်သည်။ “ကြည့်ပါလား ကျွန်မ ဘာပြောလဲ ဆုဝန်က တကယ့် ကံဆိုးမပါဆို သူအစ်မရှန်အိမ်ကို ရောက်လာတော့ အစ်မရှန်က ပိုပြီးနေမကောင်းဖြစ်ရပြီ” 

အမျိုးသမီးများသည်လည်း ကြောင်သွားကြသည်။ သူတို့သည် မူလက အမျိုးသမီးဝမ်ပြောသည့် ဆုဝန်က ကံဆိုးမတစ်ဦးဟူသည့် စကားကို မယုံကြပေ။ သို့သော် ယခုကြည့်ရသည်မှာတော့ ဆုဝန်သည် သူမနံဘေးမှ လူများအားလုံးကို ထိခိုက်စေနေသည်။ 

ရှန်ရှီသည် သူမလက်ကို အမြန်ဝေ့ယမ်းလိုက်သည်။ သူမလက်ကို ယမ်းလိုက်ချိန်တွင် ရှန်ရှီသည် အရင်ထက် အင်အားနည်းနည်း ပိုရှိလာကြောင်း ခံစားလိုက်ရသည်။ အမျိုးသမီးရှန်က 

“အဲ့လိုမဟုတ်ပါဘူး။ ဒီနေ့မတိုင်ခင်က အိပ်ရာထဲကတောင် မထနိုင်ဘူး။ ဒီနေ့မှ ရုတ်တရက် အိပ်ရာထဲကနေ ထနိုင်သွားတာ” 

အမျိုးသမီးများသည် ဝမ်အမျိုးသမီး၏ စကားအရ ဆုဝန်အား ကံဆိုးသည့်ကြယ်ဟူသည့်စကားအပေါ် ပြန်စဥ်းစားနေကြသည်။ ဆုဝန်ရောက်လာပြီးမှ အိပ်ရာထဲမှပင် တစ်ခါမျှ မထနိုင်ခဲ့သည့် ရှန်အမျိုးသမီးသည် နောက်ဆုံးတွင် အိပ်ရာထဲမှ ထနိုင်ခဲ့ပေသည်။ 

ဝမ်ရှီသည်လည်း မယုံနိုင်သဖြင့် “အစ်မရှန် အစ်မက ကိစ္စတွေ ချောချောမွေ့မွေ့ အဆင်ပြေအောင် လုပ်နေကျလေ။ ခုက တစ်ယောက်ချင်းတောင် မတိုက်နိုင်ဘူးလေ။ အရင်က အိပ်ရာထဲကတောင် မထနိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား” အမျိုးသမီးဝမ်သည် အသံခပ်ကျယ်ကျယ်နှင့် မြန်မြန် ပြောလိုက်သည်။ သူမသည် သူမအား ပြန်ချေပ ပြောမခံနိုင်ချေ။ 

ရှန်ရှီဘာမှ ပြန်မပြောနိုင်သည်ကို မြင်သောအခါ အမျိုးသမီးဝမ်သည် “ကျွန်မက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာတော့ မဟုတ်ပါဘူး။ ဆုဝန်က တကယ့်ကို ကံမကောင်းတဲ့သူပါဆို အဲ့လိုသာမဟုတ်ရင် ကျွန်မမိသားစုကလဲ အစ်မထက်တောင် ပိုပြီး ကောင်းတဲ့ တိုက်အိမ်ကြီးမှာ နေနေရရောပေါ့”  ဟု ပြောလိုက်သည်။ 

ဝမ်မိသားစုအတွက် ကံမကောင်းခြင်းဟူသည် သဖန်းရွက်ကြွေများ ကြွေကျခြင်းလောက်သာ ဖြစ်သည်။ ထို့ပြင် ဝမ်အမျိုးသမီးသည် ထိုကိစ္စကို ယခုအချိန်ထိ ပြောနေဆဲဖြစ်သည်။ 

အမျိုးသမီးဆန်က “ခု ဆုဝန်ကအစ်မဝမ်တို့ အိမ်မှာ မရှိတော့ဘူးဆိုတော့ အစ်မတို့ မိသားစု တိုက်အိမ် မြန်မြန်ဆောက်သင့်တယ်နော်” 

အမျိုးသမီးဝမ်သည် ဝမ်လော့ရှန်းပြောသည်များကို ပြန်၍ စဥ်းစားလိုက်သည်။ ယန်ယွင်ရန်သည် ခန်းဝင်ပစ္စည်းအနေဖြင့် ငွေတုံးတစ်ရာကို ယူလာမည်ဟု ပြောဖူးသည်။ ထို့ကြောင့် သူမသည် ယုံကြည်မှုအပြည့်ရှိနေခြင်းဖြစ်သည်။ “ကြည့်နေလိုက်ပါ။ ကျွန်မအိမ် တိုက်တွေ တိုင်တွေနဲ့ ဆောက်ဖို့က သိပ်ကြာတော့မှာ မဟုတ်ပါဘူး” 

တစ်ယောက်ကမူ “အစ်မဝမ် တိုက်အိမ်မဆောက်ရသေးခင် အစ်မရှန်အိမ်က အုတ်တွေ တိုင်တွေပုံစံကို လိုက်ကြည့်ကြည့်ကြရအောင်လား” ဟုပြောလိုက်သည်။ အမျိုးသမီးဝမ်က တွေးလိုက်သည်။ 

အမျိုးသမီးရှန်က ဖျားနေသလို ဆုဝန်ကလဲဖျားနေသည်။ ရှန်မိသားစုအိမ်တော် အတွင်းသည် ကျိန်းသေပေါက် ရှုပ်ပွနေလိမ့်မည်။ သူမ၏ မနက်က အရှက်ရမှုကို ပြန်တွေးပြီး အမျိုးသမီးဝမ်သည် ရှန်မိသားစုအိမ်က ဘယ်လောက်ထိ ရှုပ်ပွနေကြောင်း လူတိုင်းကို ပြချင်သွားသည်။ 

အမျိုးသမီးဝမ်က “အစ်မရှန် တံခါးကိုဖွင့်ပြီး ကျွန်မတို့ကို ဝင်ခွင့်ပြုပါလား။ ဆုဝန်ကို ကြည့်ချင်လို့ပါ” ဟု ပြောလိုက်သည်။ 

မောဟိုက်နေရင်း အမျိုးသမီးရှန်က ပြောလိုက်သည်။ “မိန်းကလေးဆုဝန်က မနက်က အပြင်ထွက်သွားတယ်။ အကယ်၍ ဆုဝန်ကို တွေ့ချင်ရင် နောက်အခြားအချိန်မှ လာတာ ပိုအဆင်ပြေမယ်ထင်တယ်” 

အမျိုးသမီးများသည် မူလက ဆုဝန်သည်လည်း အိပ်ရာထဲ လဲနေမည်ဟု ထင်ထားကြသည်။ သို့သော် ယခုအခါတွင် ဆုဝန်သည် အပြင်ထွက်သွားသည်ဟု သူတို့ကြားလိုက်ရပေသည်။ 

ဝမ်ရှီသည် လူအများရှေ့တွင် ရှန်ရှီအရှက်ရမည်ကို မြင်ချင်ပေသည်။ ထို့ကြောင့် သူမသည် ရှန်ရှီအား အမြန်ပြောလိုက်သည်။ 

“အစ်မရှန်ရယ် ဆုဝန်ရှိတာ မရှိတာ အရေးမကြီးပါဘူး။ ညီမတို့က အစ်မကို တွေ့ဖို့ လာကြတာပါ” 

ထိုအချိန်တွင် သူမသည် ဤအမျိုးသမီးများနှင့် စကားအများကြီး မပြောလိုပေ။ သူမ မပြောလို၍ မဟုတ်။ ထိုအမျိုးသမီးများ၏ စကားများထဲမှ လှောင်ပြောင်သရော်မှုများကို မခံနိုင်သောကြောင့် ဖြစ်ပေသည်။ အမျိုးသမီးရှန်သည် ငြင်းဖို့လုပ်နေစဥ် အမျိုးသမီးဝမ်က ပြောလိုက်သည်။ “အစ်မရှန်ရယ် အစ်မတို့အိမ်က ရှုပ်ပွနေမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မြင်မှာကို မရှက်ပါနဲ့။ အစ်မဆီ လာလည်ရုံလေးတင်ပါ” 

အခြားအမျိုးသမီးများကလဲ ထောက်ခံသည်။ “အစ်မရှန် ကျွန်မတို့ အစ်မအိမ်ညစ်ပတ်နေတာကို မလှောင်ပါဘူး။ ကျွန်မတို့က အစ်မနဲ့ စကားပြောချင်ရုံပါ” 

သေချာပြီ။ အမျိုးသမီးရှန်ထင်ထားသည့်အတိုင်းပင် ဒီအမျိုးသမီးများသည် အုပ်စုဖွဲ့ သရော်ချင်ကြခြ င်းဖြစ်ပေသည်။ သို့သော် အမျိုးသမီးရှန်သည် အိပ်ရာထဲမှ မထနိုင်လောက်အောင် ဖျားနာနေသော်လည်း ရှန်လင်းနှင့် ရှန်ယာယာကို အိမ်ကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထားရမည်ဟူသော အလေ့အကျင့်ကောင်းကို သင်ပေးဖို့ရာ မမေ့လျော့ခဲ့ ဖူးပါချေ။ 

ယခုအချိန်တွင် ဤလူများသည် သူမကို ဟာသလုပ်ရန်လာတာမဟုတ်ဟု ပြောကြသော်ငြား သူတို့သည် သူမအိမ်ကိုပင် မသန့်ရှင်းနိုင်ဟု အရှက်ရသည့်ပုံစံကို မြင်လိုသောကြောင့် လာကြခြင်းပင် ဖြစ်ပါပေသည်။ 

----------------------------