အပိုင်း ၁၇၆ (End)
Viewers 18k

End of Extra 


Chapter 176


ထိုညတွင် ရမ်ရှန့်က ကျောက်လင်းယွီကို သူလေ့ကျင့်ဖူးသည့် ခန္ဓာကိုယ်သန့်စင်ရေးနည်းလမ်းအကြောင်း မေးလိုက်တော့၏။ 


ကျောက်လင်းယွီသည် စိတ်စွမ်းအင်အမြောက်အများ ပိုင်ဆိုင်ထားသည့် ထူးကဲရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုင်ဆိုင်ထားသူဖြစ်ရာ ရမ်ရှန့်က သူ့လို ဆေးလုံးများစွာ တိုက်ကျွေးနိုင်ပေသည်။ ကျင့်ကြံရာတွင်လည်း အလွန်မြန်ဆန်သောကြောင့်သာ  သူ့ခန္ဓာကိုယ်ကို အပြတ်အသတ် မာကျောနေအောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သော်ငြား ထိုနည်းလမ်းမှာ အခြားသူများနှင့် မသင့်လျော်လှချေ။ အခြားကျင့်ကြံရေးနည်းလမ်းများမှာမူ စိတ်စွမ်းအင် အနည်းငယ်ပင် မရှိသည့် ဤကမ္ဘာရှိ လူများနှင့် ပို၍ပင် မသင့်တော်လှချေ။  


"လင်းယွီ အချစ်လေး ပေါင်ပေ့လေး ..." 


သူက ကျောက်လင်းယွီ၏ ခန္ဓာကိုယ်အပေါ် ထပ်လျက်လဲလျောင်းလိုက်ပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။ 


"ဘာလိုချင်လို့လဲ ..." 


ကျောက်လင်းယွီက သူ့ခေါင်းကို ဆွဲယူကာ နမ်းလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စနိုးစနောင့် ဖြစ်နေပေသည်။


ရမ်ရှန့်မှာ အကြံဆိုးတွေ ထပ်ထွက်လာ‌တာတော့ မဟုတ်ပါဘူးနော် ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူ့နှာခေါင်းထဲကို အမြစ်နဲ့ ထိုးချင်လို့ဆိုပြီး ဒီလိုမျိုး ချိုချိုသာသာလေးတွေ ပြောဖူးသေးတယ် ... 


"ကျွန်တော့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းလမ်းတစ်ခုလောက် ကူစဉ်းစားပေးလို့ ရမလား အဆင့်နိမ့်စွမ်းရည်ပိုင်ရှင် လိုက်လုပ်နိုင်တာမျိုးလေ  ..." 


သူက ကျောက်လင်းယွီနှင့် အကြည့်ချင်းဆုံကာ ပြောလိုက်သည်။ 


သူ့ရဲ့ ကျင့်ကြံမှုကြောင့် အဆင့်နိမ့်စွမ်းရည်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်တဲ့နည်းလမ်းတွေ အကုန်ရှိနေပြီးသား မဟုတ်လား စတူးဝပ်လိုလူမျိုးအတွက်ကကျ နည်းနည်းလေး အဆင့်နိမ့်တဲ့နည်းလမ်းမျိုး လိုအပ်တယ်လေ ... 


ရမ်ရှန့်က သူတစ်ဦးတည်း စဉ်းစားချင်သော်ငြား ကျောင်းတွင် မက်ခါနှင့်  သရုပ်ပြစစ်သင်္ဘောများ မောင်းနှင်ရင်း အလုပ်ရှုပ်နေကာ ကလေးများကို ဂရုစိုက်ရန်ပင် အချိန်မရှိပေ။ ထိုထက် အဓိကကျသည့် အကြောင်းအရင်းမှာမူ သူ နားမလည်၍ဖြစ်သည်။ သူသည် ဂျင်ဆင်းဝိဉာဉ်တစ်ဦးဖြစ်ရာ ကျင့်ကြံရေးနည်းလမ်းများကို များစွာ အာရုံမထားခဲ့ပေ။ 


"ဒီဟာလေးပဲလား ပြဿနာ မရှိပါဘူး ..." 


စိတ်တည်ငြိမ်သွားရှာပြီဖြစ်သော ကျောက်လင်းယွီက သဘောတူလိုက်သည်။ 


"ရမ် အာဟာရလိုချင်သေးလား ..." 


"ဟုတ်ကဲ့ ... " 


သူက ချက်ခြင်း သဘောတူလိုက်သည်။ 


ခြောက်ကပ်သွားတဲ့အထိ အစုပ်ခံရချင်လည်း အစုပ်ခံရပါစေ အဆိုးဆုံးမှ နေရောင်ထဲ လှဲရင်း စွမ်းအင်ပြန်ဖြည့်ရုံပေါ့ သူက ဂျင်ဆင်းဝိဉာဉ်ဆိုတော့ ဘယ်နေရာနေနေ သိပ်ပြီး ပူနေစရာမှ မလိုတာ ... 


ထိုစကားကို ကြားသည်နှင့် ကျောက်လင်းယွီကလည်း သူ့အပေါ် မဆိုင်းမတွ ခုန်အုပ်လိုက်တော့သည်။ 


ရမ်ရှန့်က ထိုနည်းလမ်း စဉ်းစားပေးရန် အကူအညီတောင်းခြင်းမှာ ၎င်းသည် ခန္ဓာကိုယ်၏ ပျော့ပြောင်းမှုကို တိုးမြှင့်ပေးနိုင်လျင် စတူးဝပ်အနေဖြင့် သူ့ကို မေးခွန်း ထပ်မေးမလာတော့ရန်သာဖြစ်သည်။ သူ့အတွေးများက ရိုးရှင်းသော်ငြား ကျောက်လင်းယွီ၏ အတွေးများမှာမူ ပိုပြီး နက်ရှိုင်းပေသည်။ 


ဖက်ဒရယ်နှင့် အင်ပါယာနှစ်ခုလုံးတွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကာ စွမ်းရည်တိုးမြှင့်ပေးနိုင်သည့် လေ့ကျင့်နည်းများကို အသီးသီးပိုင်ဆိုင်ထားကြသူည်။ သို့သော် ထိုနည်းလမ်းများမှာ အလွန်သာမန်ဆန်လွန်းပြီး စွမ်းရည်ကိုသာ အဆင့်မြှင့်ပေးနိုင်သည့်အတွက် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အပေါ် အကျိုးသက်ရောက်မှု မရှိချေ။ 


ဖက်ဒရယ်ရော လောယာမှာပါ ကလေးရဖို့ ခက်ခဲတာက ခန္ဓာကိုယ်ထဲမှာ ရှုပ်ထွေးနေတဲ့စွမ်းရည်တွေ များနေလို့ မဟုတ်လား... စွမ်းရည်တူတဲ့ လူတွေကတောင် မိခင်ရဲ့ စွမ်းရည်နဲ့ မတူညီလို့ ပြဿနာတက်နေကြသေးတာပဲ မဟုတ်လား သဟဇာတမဖြစ်တဲ့ စွမ်းအင်တွေဆို ပြောကို မနေနဲ့တော့ ... အာဟာရဆေးရည်ကလည်း ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ပြုပြင်ပြီးတော့ သန္ဓေသားကို သန့်စင်တဲ့ စွမ်းရည် ထောက်ပံ့ပေးနိုင်ရုံသပ်သပ်ပဲလေ တကယ်လို့သာ စွမ်းအင်တွေကို မရီဒျန်အမှတ်မှာ စုပ်ယူ‌စေနိုင်မယ့် ခန္ဓာကိုယ်သန့်စင်ရေးနည်းလမ်းတစ်ခု ထုတ်ဖော်နိုင်မယ်ဆိုရင် အာဟာရဆေးရည်လိုမျိုးပဲ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးနိုင်မယ်ထင်တယ် ... 


အာဟာရဆေးရည်က ကောင်းပေမယ့် လူတိုင်းအတွက် မဟုတ်ဘူး ဒါပေမယ့် ကျင့်ကြံရေးကတော့ မတူဘူး ... 


ကျောက်လင်းယွီသည် ဖက်ဒရယ်အရေးကို သူ့တာဝန်အဖြစ် သတ်မှတ်ထားသည့်အတွက် ထိုကျင့်ကြံရေးလမ်းစဉ် ဖော်ထုတ်ရန် အားကြိုးမာန်တက် ကြိုးစားနေလိုက်သည်။ သူသည် နေ့အချိန်တွင် ကလေးများကို ထိန်းကာ ညအချိန်တွင် စာလေ့လာရသေးသည့်အတွက် ယခင်ကကဲ့သို့ ရမ်ရှန့်ကို ပင်ပန်းအောင် မလုပ်နိုင်တော့ချေ။ 


အတိတ်အချိန်များကမူ အလကားစားရ‌တိုင်း ဝမ်းသာအားရ စားရသည့်တိုင်  အလွန်အကျူး မဖြစ်စေရန် အချိန်ကို ကြန့်ကြာရန် ဆွဲထား‌တတ်သော်ငြား ယခုမူ အလျင်အမြန် ဆုံးဖြတ်သည့် နည်းလမ်းကို ပြောင်းလဲလိုက်သည်။ 


ရမ်ရှန့်ကမူ စိတ်မကျေနပ်တော့။ 


"ကျောက်လင်းယွီ အခုတလော ဘာတွေဖြစ်နေတာလဲ ..." 


"ဘာလို့လဲ ထပ်လုပ်ချင်သေးလို့လား ..." 


သူက ရမ်ရှန့်မှာ အာဟာရမလုံလောက်သေး၍လားဟုသာ တွေးမိလိုက်သည်။ 


"မဟုတ်ဘူး ခင်ဗျားက ကျွန်တော့်ကို လျစ်လျူရှုထားတယ်လေ ..." 


"ကိုယ်က ကျင့်ကြံရေးအကြောင်း စဉ်းစားနေလို့ပါ ..." 


သူက ရမ်ရှန့်ကို နမ်းကာ ပြောလိုက်သည်။ 


"အဲ့ဒီ့အကြောင်းတွေးမိတော့ နည်းနည်းလေး စိတ်အေးလာတယ် ..." 


ထိုကိစ္စပြီးသွားပါလျှင် ရမ်ရှန့်မှာလည်း ဆေးပင်စိုက်ပျိုးခြင်း၊ ဆေးဝါးဖော်စပ်ခြင်းတို့ဖြင့် အလုပ်များနေရန် မလိုအပ်တော့သည့်အတွက် အနည်းငယ် အနားယူနိုင်ကာ နှစ်ဦးသားပျားရည်ဆမ်းခရီးပင် ထွက်နိုင်တော့မည်ဖြစ်သည်။ 


သူက ထိုသို့ပြောကာ ကျင့်ကြံရေးနည်းလမ်းအကြောင်းသာ ဆက်လေ့လာနေသည့်အတွက် ရမ်ရှန့်က မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ဂျင်ဆင်းပုံစံပြောင်းကာ ပန်းအိုးထဲ ဝင်နေလိုက်တော့၏။ 


ဟမ့် ကျောက်လင်းယွီက သူ့အနံ့လေးက ကောင်းလွန်းလို့ စိတ်သက်သာရာရအောင် ဖက်ထားချင်တယ်လို့ ပြောထားတယ် မဟုတ်လား အခု သူ့ကို လုံးဝ ဖက်ခွင့်မပေးတော့ဘူး ...သို့သော် ကျောက်လင်းယွီကမူ မသိချင်ယောင်ဆောင်ကာ ဆက်လေ့လာနေသည့်အတွက် ဂျင်ဆင်း‌ပင်လေးမှာ ပို၍ပင် ပျင်းရိလာတော့သည်။ ထို့နောက် သက်ပြင်းအရှည်ကြီးချကာ ပန်းအိုးထဲမှ ထွက်ပြီး ကျောက်လင်းယွီ၏ ဆံပင်ကို ဆွဲကိုင်ထားရင်း အိပ်ပျော်သွားတော့သည်။ 


ကျောက်လင်းယွီရဲ့ ဆံပင်တွေသာ ကျွတ်လာရင် အဲဒါက မတော်တဆ ဖြစ်တာပဲနော် ... 


တစ်လတာ လေ့လာပြီးနောက်တွင်တော့ ကျောက်လင်းယွီသည် သူ့ကိူယ်ပိုင်ကျင့်ကြံနည်းနှင့် ပေါင်းစပ်ကာ ပြီးပြည့်စုံသော ကျင့်ကြံနည်းတစ်စောင်ကို ရေးသားနိုင်သွားတော့သည်။ ၎င်းမှာ အလုပ်ဖြစ်မဖြစ် မသေချာသေးသော်ငြား ရမ်ရှန့်က လူထွားကြီး စတူးဝပ်ဖြင့် စမ်းသပ်ထားသည့်အတွက် များမကြာမီ သိနိုင်တော့မည်ဖြစ်သည်။ 


လက်ထဲသို့ ကျင့်ကြံရေးနည်းလမ်း ရောက်လာမှသာ ရမ်ရှန့်လည်း စိတ်သက်သာရာ ရသွားတော့သည်။ 


"ကျွန်တော့်ကို ထပ်ပြီး ပစ်မထားတော့ဘူး မဟုတ်လား ..." 


သူတို့ တူနှစ်ကိုယ်ကျင့်ကြံချိန်က သေချာပေါက်ကို အရှည်ကြီး ဖြစ်ရမယ်နော် သေချာပေါက် ... 


"လုံးဝကို ပစ်မထားတော့ပါဘူး..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


သူလည်း ရမ်ရှန့်ရဲ့ အနားမှာပဲ ကပ်နေချင်တာပေါ့ အာ သန့်စင်မြေကို နည်းနည်းလေးတောင် မစမ်းရဘဲ ထုတ်လွှတ်လိုက်ရတာက တကယ်ကို နှမြောစရာပဲလေ... 


"ကောင်းတယ် ..." 


ရမ်ရှန့်က ကျင့်ကြံရေးနည်းလမ်းကို စတူးဝပ်ထံ အားရဝမ်းသာ လွှဲပေးလိုက်သည်။ စတူးဝပ်သည် အလွန်ကြိုးစားသူဖြစ်သည့်အပြင် ဤနည်းလမ်းမှာ သူနှင့် အထူးကိုက်ညီသည့်အတွက် စာသင်သားများအကြား ဖျက်မြင်းတစ်ကောင် ဖြစ်လာတော့သည်။ 


"ဂရင်တန် ကျေးဇူးတင်ပါတယ် မင်းက ငါ အလေးစားရဆုံးသူ ဖြစ်သွားပြီ ..." 


စတူးဝပ်က သူ့ကို ကျေးဇူးတတင်ဖြင့် ပြောလိုက်သည်။ 


ဘာကွာလို့လဲ... 


ရမ်ရှန့်က မျက်မှောင်ကြုတ်လိုက်၏။ 


"ဂရင်တန် စတူးဝပ်က မင်းကြောင့် တိုးတက်လာတာလား ..." 


စတူးဝပ်၏ တိုးတက်မှုမှာ အလွန်ထင်သာမြင်သာ ရှိလှသည့်အတွက် ဂရင်တန်ကို အမြင်မကြည်သူများကပင် အနားသို့ ဝိုင်းအုံလာကြတော့သည်။ 


"ဂရင်တန် ငါ့ကိုရော မက်ခါမောင်းတဲ့နည်းလမ်း နည်းနည်းလောက် သင်ပေးလို့ ရမလား ..." 


"ဂရင်တန် မင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေတာလား ..." 


"ဂရင်တန် ငါက မက်ခါအစည်းအရုံးရဲ့ ဥက္ကဌပါ ..." 


... 


လူများ စုရုံးလာလေ ရမ်ရှန့်မှာ စိတ်မရှည်တော့လေပင် ဖြစ်သည်။ 


သူသာ အိမ်မပြန်နိုင်သေးဘဲ ကျောက်လင်းယွီတို့က အရင်ပြန်ရောက်သွားရင် ကျောင်းခိုးတက်နေတဲ့ကိစ္စ ပေါ်သွားမှာပေါ့ အာ ဒါမျိုး လုံးဝ အဖြစ်မခံနိုင်ဘူး ... 


"လမ်းဖယ်ပေး ..." 


ဩဇာအာဏာ ပြည့်ဝသည့် အသံတစ်ခု ထွက်ပေါ်လာကာ ရမ်ရှန့်ဘေးတွင် ဝိုင်းအုံနေသူများကို ဖိနှိပ်ပစ်လိုက်သည်။ ထိုသူများမှာ မလှုပ်ရှားရဲတော့သည့်အတွက ရမ်ရှန့်မှာ သိပ်မကြာခင်တွင်ပင် မလှမ်းမကမ်း၌ ကလေးများချီကာ ရပ်နေသော ကျောက်လင်းယွီကို တွေ့လိုက်ရတော့သည်။ 


"လင်းယွီ ..." 


သူက မလုံမလဲဖြစ်ဟန်ဖြင့် လှမ်းခေါ်လိုက်သည်။ 


"အိမ်ပြန်‌ချိန်ရောက်ပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ရမ်ရှန့်လည်း အားရအောင် ကစားပြီးလောက်ပါပြီ ဟုတ်တယ် မဟုတ်လား ... 


"ဟုတ်ကဲ့ ..."


သူက ကျောက်လင်းယွီကို မလုံမလဲဖြင့် ခိုးကြည့်လိုက်သည်။ 


"မာရှယ် ..." 


တော်ဝင်အကယ်ဒမီ ကျောင်းသားတစ်ဦးက ကျောက်လင်းယွီကို မှတ်မိသွားကာ ဖက်ဒရယ်၏ ဂုဏ်ပုဒ်အတိုင်း ခေါ်လိုက်သည်။ 


"ဟုတ်တယ် ငါ့လက်တွဲဖော်ကို အိမ်ပြန်ရအောင် လာခေါ်တာ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"ဒါဆိူ ... ဂရင်တန်က အရမ်းစွမ်းအားကြီးတဲ့ ဆယ်ကျော်သက်ကလေးလား ..." 


နောက်ဆုံးတွင်တော့ သဘောပေါက်သူတစ်ယောက် ထွက်လာတော့သည်။ 


"ဟုတ်တယ် သတိထားကြဦး သူ့မှာ ကိုယ်ဝန်ရှိနေတယ် ..." 


သူက ခပ်ပြုံးပြုံးဖြင့်ပင် ပြောလိုက်သည်။ 


"လင်းယွီ ..." 


ရမ်ရှန့်က သူ့ကို ထပ်ခေါ်လိုက်ပြန်သည်။ 


"ဘာလို့လဲ ..." 


ကျောက်လင်းယွီက ရယ်ချင်စိတ်ကို ထိန်းထားရင်း သူ့ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ 


"ဟုတ်ပြီ အပြစ်မကင်းဖြစ်နေစရာ မလိုဘူး ဟုတ်ပြီလား ဒီကိုလာတာ ကိုယ်မသိဘူးလို့များ ထင်နေသေးတာလား ..." 


"သိနေတာလား ..." 


ရမ်ရှန့်က ထခုန်တော့မည့်ဟန် ပြုပြီးကာမှ ခေါင်းကိုတစ်ဖန်ပြန်ငုံ့လိုက်သည်။ 


"အဲဒါကြောင့် မသက်မသာ ဖြစ်နေတာ မဟုတ်ပါဘူး ကလေးမွေးတော့မယ်ထင်တယ် ..."


Xxxxxxxxပြီးပါပြီxxxxxxx


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘