Ch 13
Viewers 5k

🍋 Chapter 13


ဟွာရှင်းမှာ ကျောင်းတက်ရမည့် အရွယ်ပင်။ ထိုညက မြောင်ရင်သည် ဆီမီးခွက် ထွန်းလိုက်ပြီး ဟွာရှင်း ဒဏ်ရာအား သေသေချာချာစစ်ဆေးပေး၏။ ဒဏ်ရာစည်းထားသည့် အဝတ်ဖြူပေါ်တွင် သွေးစအချို့ စွန်းထင်နေသည်။


“ဆေးထုပ် ဘယ်တော့ပြန်လဲရမယ်လို့ သမားတော်က ပြောလဲ” 


မြောင်ရင် သူ့အတွက် အင်္ကျီအား ပြန်ဖုံးပေးလိုက်ပြီးနောက် ချမ်းတုန်စွာဖြင့် ကုတင်ပေါ်သို့ လှဲချလိုက်သည်။


“နှစ်ရက်ကြာရင်” 


ဟွာရှင်း ကုတင်ပေါ်တက်ကာ ဆီမီးခွက်အား ငြှိမ်းလိုက်သည်။


သူ လှဲချလိုက်သည်နှင့် အေးစိမ့်နေသော ခြေဖဝါးတစ်စုံမှာ သူ့ခြေသလုံးများအား လာရောက်ထိကပ်သည်ကိုခံစား လိုက်ရသည်။ ဟွာရှင်း မလှုပ်မယှက် ငြိမ်နေသဖြင့် မြောင်ရင် အခွင့်ကောင်းယူကာ ခြေထောက်များကို ပိုတိုးကပ်ရင်း ညည်းတွားလိုက်သည်။


“အရမ်းချမ်းတာပဲ.. တစ်ယောက်တည်း အိပ်ရင် တစ်ညလုံး ခြေထောက်တွေကအေးစိမ့်နေတာ... ဒီနေ့ည မြည်းရေကော်နဲ့ ကြက်စွပ်ပြုတ် သောက်ထားတာတောင် အခုထိ ချမ်းနေတုန်းပဲ”  


ဟွာရှင်းက ‘တစ်ရက်တည်း သောက်ရုံနဲ့တော့ အာနိသင်မပြသေးဘူး၊ ဒါက နတ်ဆေးမှ မဟုတ်တာ’ ဟု ပြန်ပြောချင်သော်လည်း အဆုံးတွင် ဘာမှမပြောဘဲ မြောင်ရင် သူ့အနားသို့ တိုးကပ်လာသည်ကိုသာ ခွင့်ပြုထားလိုက်ရတော့ဘသည်။


မြောင်ရင် မျက်လုံးမှိတ်ထားရင်း တတွတ်တွတ်ဆက်ပြောနေသည်။


“မနက်ဖြန် မြို့ကို သွားကြမလား ? ဘာတွေဝယ်ရမလဲ စဉ်းစားဦးမယ်... အမေနဲ့ အဖွားအတွက် အဝတ်အစား၊ ရှောင်ပေါင်အတွက် မုန့်တွေ၊ ပြီးတော့ မင်းအတွက် စွပ် ပြုတ်လုပ်ဖို့ အရိုးတွေ၊ ဟင်းခတ်အမွှေးအကြိုင်ရှိလား ကြည့်ရမယ်၊ နှစ်သစ်ကူးအတွက် သစ်သီးနဲ့ မုန့်တွေ၊ နှစ်သစ်ကူးစာသားတွေကော ဝယ်ရမလား? ငါတို့မှာ ပိုက်ဆံကော လောက်ပါ့မလား...”


စကားသံ ရုတ်တရက် ရပ်တန့်သွားသဖြင့် ဟွာရှင်း လှည့်ကြည့်လိုက်ရာ မြောင်ရင်မှာ အိပ်ပျော်သွားပြီဖြစ်သည်။


မြောင်ရင့်ခြေဖဝါးလေးများ တဖြည်းဖြည်း နွေးလာသော် လည်း သူက ဖယ်မသွားဘဲ ဟွာရှင်းရှိရာဘက်သို့ ပိုလို့ပင် လူးလှိမ့်ကပ်ပါလာသည်။ ထိုနေရာမှာ ပိုနွေးထွေးသော ကြောင့်ပင်။


ဟွာရှင်းမှာမူ နှာခေါင်းထဲတွင် တစိမ့်စိမ့်နှင့် ကိုယ်ထဲ၌ အပူ ရှိန်များ တက်လာသလိုခံစားရသဖြင့် မြောင်ရင်နှင့်အနည်း ငယ် ခွာလိုက်သည်။ သို့သော် အပူရှိန် လျော့သွားသည်နှင့် မြောင်ရင် သူ့ကျောပြင်အားနဖူးဖြင့်ထိကပ်ကာ တကောက် ကောက် လိုက်ပါလာပြန်သည်။


သူ နှာခေါင်းကို ပွတ်လိုက်မိသည်၊ ညကသောက်လိုက်သည့် မြည်းရေကော်စွပ်ပြုတ်ကြောင့် အပူကန်နေခြင်း ဖြစ်မည်ဟု တွေးလိုက်မိ၏။ 


‘မြည်းရေကော်က တကယ် အာနိသင်ရှိတာပဲ’


ညက ကုတင်ပေါ်တွင် နွေးနွေးထွေးထွေး အိပ်စက်ခဲ့ရသဖြင့် မြောင်ရင် တစ်ယောက် မနက်စောစောမထနိုင်ချေ။ စောင်ခြုံထဲမှ နွေးထွေးမှုတွေ တဖြည်းဖြည်း လျော့နည်းလာမှသာ သူ နိုးလာတော့သည်။ ဟောင်းနွမ်းနေသော ပြတင်းပေါက်အပြင်ဘက်မှ ရှောင်ပေါင် ဆော့ကစားနေသံအား ကြားနေရသည်။ မြောင်ရင် သမ်းဝေလိုက်ပြီးချမ်း တုန်စွာဖြင့် အဝတ်အစားလဲလိုက်၏။


ဟွာစန်းမှာ မနေ့ညက အိမ်ပြန်မလာခဲ့ချေ။ အဝတ်အစားလဲပြီးနောက် မြောင်ရင်သည် မွေ့ရာအောက်တွင် ဟွာရှင်း ပေးထားသော ငွေ ၁၀ တုံးနှင့် ငွေစကို တွေ့လိုက်ရသည်။ ပန်းဒီဇိုင်းရောင်းရငွေနှင့် အသားဝယ်သည့် စရိတ်တို့အား နှုတ်လိုက်သော်လည်း သူတို့တွင် ငွေ ၁၃ တုံးနှင့် ငွေပြား ရာဂဏန်းခန့် ကျန်ရှိနေသေးသည်။


မြောင်ရင်အတွက် အခြေအနေမှာ များစွာ ကောင်းမွန်သွားပြီဖြစ်သည်။ အနည်းဆုံးတော့ စားဝတ်နေရေးအတွက် ပူပန်စရာ မလိုတော့ချေ။


သူ ငွေများကို အဖွားလုပ်ပေးထားသော ပိုက်ဆံအိတ်လေးထဲသို့ ထည့်လိုက်သည်။ ထိုအိတ်ပေါ်တွင် သူကိုယ်တိုင်ဆွဲပေးထားသည့် "လာဘ်လာဘ" ကို ကိုယ်စားပြုသော ဂေါ်ဖီ ထုပ်ပုံလေး ပါရှိသည်။


သူ အခန်းပြင်ထွက်၍ မျက်နှာသစ်ရန်ပြင်သည်။ ပုံမှန်အားဖြင့် မနက်ခင်းတွင် ရေအေးဖြင့်သာ သစ်နေကျဖြစ်သော်လည်း ယနေ့မနက်တွင်မူ ရေနွေးရှိနေသည်။ ဟွာရှင်း သူ့အတွက် ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်မည်မှာ သေချာသည်။


နွေးထွေးသော ရေနွေးလေးဖြင့် မျက်နှာသစ်လိုက်ရသဖြင့် အိပ်ချင်မူးတူး ဖြစ်နေမှုများ ပြေပျောက်သွားရသည်။ မျက်နှာသစ်ပြီးမှ သူအသုံးပြုနေသည့် ရေဇလုံမှာ ဟွာရှင်း၏ဇလုံဖြစ်နေပြီး ထိုဇလုံဖြင့်ပင် သူ ခြေထောက်ဆေးခဲ့ဖူးသည်ကို သတိရသွားမိသည်။


...


မနက်စာမှာ မနေ့ညက ကျန်သော စွပ်ပြုတ်တစ်ဇလုံနှင့် ပေါက်စီတစ်လုံးပင်။ ရှောင်ပေါင်မှလွဲ၍ လူကုန်ရှိနေကြသည်။ အားလုံး ဘယ်ရောက်ကုန်သလဲဟု သူ မေးရန်ပြင်စဉ်မှာပင် ဟွာရှင်း ရေပုံးများအားထမ်းပိုးဖြင့် ထမ်း၍ ပြန်ဝင်လာသည်ကို မြင်လိုက်ရသည်။ မြောင်ရင် အပြေးအ လွှားသွား၍ ထမ်းပိုးကို ကူမလိုက်ရင်း “မင်း လက်နာနေတာ မဟုတ်လား? ဘာလို့ ရေသွားခပ်တာလဲ”


ဟွာရှင်းမှာ ကောင်းသည့်လက်တစ်ဖက်ဖြင့် ရေပုံးများကို မကာ ရေအိုးထဲသို့ လောင်းထည့်လိုက်သည်။


“လက်တစ်ဖက်တည်းနဲ့ ရပါတယ်”  


မြောင်ရင် ဆက်ပြီးတားမနေတော့ချေ။ ဟွာရှင်း၏ "အိမ်ထောင်ဦးစီး စိတ်ဓာတ်" အား သူ နားလည်သည်။ အိမ်မှုကိစ္စအားလုံးကို သူသာ တာဝန်ယူရမည်ဟု ဟွာရှင်းက ခံယူထားပုံရသည်။ ‘ဝါးညံ့မှ မျှစ်ကောင်းထွက်သည်’ ဆိုသကဲ့သို့ ဟွာရှင်းမှာ သူ့အဖေနှင့် မတူဘဲ သိတတ်လွန်းလှသဖြင့် မြောင်ရင် စိတ်သက်သာရာရမိသည်။


“မြို့ကို သွားကြမလား? ဈေးဝယ်ထွက်မယ်လို့ ပြောထားတယ်လေ”


မြောင်ရင် ရေပုံးနှင့် ထမ်းပိုးအား နေရာတကျပြန်ထားလိုက်သည်။


ဟွာရှင်း ခက်ခဲနေသည့် မျက်နှာထားဖြင့် “အမေက မသွားနဲ့လို့ ပြောတယ်”


မြောင်ရင် ထိုစကားအား ဂရုမစိုက်ဘဲ ဟွာရှင်း အင်္ကျီလက်ကိုဆွဲကာ “ငါတို့ နှစ်သစ်ကူးပစ္စည်းဝယ်ဖို့ သဘောတူထားပြီးသားပဲလေ၊ သွားရအောင်ပါ!”


“နှစ်သစ်ကူးပစ္စည်း ဝယ်ဖို့က မလောပါဘူး” 


ဟွာရှင်း ခြံထဲတွင် ဝင်ထိုင်လိုက်သည်။ စောစောက ရေခပ်လိုက်သဖြင့် သူ့လက်မောင်းမှာ အနည်းငယ်နာကျင်နေ၏။


မြောင်ရင် ထိုအမူအရာကို သတိထားမိသွားပြီး ဟွာရှင်း၏ ဒဏ်ရာမရထားသော ပုခုံးအား လှမ်းဆွဲလိုက်ကာ “လုပ်ပါ... တစ်နှစ်မှတစ်ခါ အဝတ်အစားသစ်ဝတ်ရတာ ထုံးစံပဲဥစ္စာ ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေ ရှိမရှိလည်း ငါ သွားကြည့်ချင်သေးတယ်”


ဟွာရှင်းမှာ ဘာပြောရမှန်းမသိ ဖြစ်နေရသည်။


“အမေက ပြောတယ်...”


“‘အမေပြောတယ်’ ဆိုတာကြီးပဲ အမြဲမပြောပါနဲ့... မင်းက အမေပြောသမျှပဲ နားထောင်တဲ့ ကလေးလား ?” 


မြောင်ရင် ခါးကို ဆန့်လိုက်ရင်း “မင်းက ယောက်ျားပဲ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေရမှာပေါ့၊ကဲ... အခု ဆုံးဖြတ်လိုက်တော့၊ ငါ့ကို မြို့ထဲ ခေါ်သွားမယ်လို့”


ခြံထဲတွင် သူတို့အား ငေးကြည့်နေသော ဟွာရှောင်ပေါင်ကို မြင်သောအခါ ဟွာရှင်း အကြောင်းပြချက်တစ်ခု ရှာတွေ့သွားပုံရသည်။ 


“ရှောင်ပေါင်က အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့”


“ခေါ်သွားမှာပေါ့” 


မြောင်ရင် အခန်းထဲသို့ အပြေးအလွှားဝင်ကာ ပိုက်ဆံအိတ်ကို ယူပြီး ဟွာရှင်းရှေ့တွင် ပြန်ရပ်လိုက်သည်။ 


“ကဲ... သွားရအောင်”


ဟွာရှင်း စိတ်မရှည်သလို သက်ပြင်းချကာပြောလိုက်သည်။


“ရှောင်ပေါင်က ငယ်သေးတယ်၊ အဲဒီလောက် အဝေးကြီး လမ်းမလျှောက်နိုင်ဘူး ပြီးတော့ မင်းရဲ့ ဒဏ်ရာကလည်း မကျက်သေးဘူးလေ၊ နောက်ထပ် နှစ်ရက်လောက် စောင့်ဦးမလား?”


မြောင်ရင် နှုတ်ခမ်းစူလိုက်သည်။ ဤသည်မှာ အချိန်ဆွဲသည့် နည်းလမ်းမှန်း သူသိသော်လည်း တခြားနည်းလမ်းမရှိချေ။ ဟွာရှင်းက ဒဏ်ရာရထားသဖြင့် သူ့အား မသယ်နိုင်သလို၊ လှည်းကြုံရမှသာ အဆင်ပြေမည်ဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုမျှအကွာအဝေးကို လမ်းလျှောက်ရန် ခန္ဓာကိုယ်က ခွင့်မပြုသေးချေ။


“ကောင်းပြီလေ” 


မြောင်ရင် စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲပြန်ဝင်ကာ ပိုက်ဆံအား ပြန်ဝှက်လိုက်သည်။ သူက ပစ္စည်းဝယ်ချင်ရုံသက်သက်မဟုတ်ဘဲ အိမ်မှာနေရသည်မှာ ပျင်းလွန်းသဖြင့် ထွက်ချင်နေခြင်းဖြစ်သည်။ အလုပ်လုပ်နေကျလူမို့ ယခုလို အားယားနေရသည်မှာ သူ့အတွက် ခက်ခဲလှသည်။ ပိုက်ဆံအချို့ရှာထားနိုင်ပြီ ဖြစ်သော်လည်း မိသားစုစားဝတ်နေရေးအတွက် မလုံလောက်သေးသဖြင့် တစ်ခုခုလှုပ် လှုပ်ရှားရှား လုပ်ချင်နေမိသည်။


ဟွာရှင်း မြောင်ရင်အား အကြိမ်ကြိမ်ခိုးကြည့်နေပြီးမှ အားနာနာဖြင့် မေးလိုက်သည်။


“မြစ်ထဲမှာ ငါးသွားဖမ်းမလား ?”


မြောင်ရင့် မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသော် လည်း ချက်ချင်းဆိုသလိုပြန်မှိန်သွားသည်။ 


“ချမ်းလွန်းတယ် ပြီးတော့ မင်းက ဒဏ်ရာနဲ့၊ ရေထဲဆင်းလို့ မဖြစ်ဘူး”


ဟွာရှင်း ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေစဉ်မှာပင် မြောင်ရင် ရှောင်ပေါင်အား လှမ်းခေါ်လိုက်သည်။ ခြံထဲရှိ သဲပြင်ပေါ်တွင် မြောင်ရင်က သစ်သားချောင်းတစ်ချောင်းဖြင့် ရှောင်ပေါင်အား စာစသင်ပေးတော့သည်။ ရှောင်ပေါင်ကလည်း မြောင်ရင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အလွန်ကြိုးစား၍ လေ့လာနေရှာသည်။


ဟွာရှင်း အနားသို့လာကြည့်သောအခါ မြောင်ရင်မှာ အလွန်တည်ကြည်နေသည်ကို တွေ့ရသည်။ သို့သော် သူရေးနေသည့် စာလုံးအချို့မှာ အနည်းငယ်လိုအပ်ချက်ရှိနေပုံရသည်။ ဟွာရှင်းသည် မုဆိုးကြီးထံမှ စာအချို့ သင်ယူဖူးသဖြင့် မြောင်ရင် သင်ပေးနေသည့် စာလုံးအချို့မှာ မပြည့်စုံသည်ကို သတိထားမိလိုက်ခြင်းဖြစ်သည်။


စာရေးနေရင်းမှ မြောင်ရင်က မော့ကြည့်ကာ မေးလိုက်သည်။


"ဟွာရှင်း... ရှောင်ပေါင်က ကျောင်းတက်ရမယ့်အရွယ် ရောက်နေပြီ မဟုတ်လား ?” 


ဟွာရှင်း ခေါင်းညိတ်သည်။ ရှောင်ပေါင်အား သူတွေ့ခဲ့စဉ်က တောင်ပေါ်တွင် အားကိုးရာမဲ့ ငိုယိုနေသော မွေးကင်းစ ကလေးငယ်လေးတစ်ဦးသာ ဖြစ်သည်။ သူသာ အချိန်မီ မရောက်ခဲ့လျှင် ရှောင်ပေါင်မှာ တောဝံပုလွေစာဖြစ်သွားလောက်ပြီ။ သူ ရှောင်ပေါင်ကို စစ်ဆေးကြည့်သောအခါ ကလေးတွင် ခြေချောင်းတစ်ချောင်း လိုနေသည်ကို တွေ့ခဲ့ရသဖြင့် မိဘများက ဘာကြောင့် စွန့်ပစ်ခဲ့သည်ကို သူ နားလည်သွားခဲ့သည်။


“ဒါဆိုရင် နှစ်သစ်ကူးပြီးတာနဲ့ ရှောင်ပေါင်ကိုကျောင်းပို့ကြစို့” 


မြောင်ရင်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ 


“သူ အခု လေးနှစ်ရှိပြီပဲ၊ ကျောင်းစတက်ဖို့ အကောင်းဆုံးအရွယ်ပေါ့”


ဟွာရှင်း မျက်နှာထက် စိုးရိမ်ရိပ်များ ပေါ်လာသည်။


မြောင်ရင် ပိုက်ဆံအတွက် စိတ်ပူနေသည်ဟု ထင်သဖြင့် လက်ကာပြလိုက်သည်။


“ပိုက်ဆံအတွက် စိတ်မပူနဲ့၊ ငါ တာဝန်ယူတယ်...ငါ နေကောင်းတာနဲ့ နှစ်ယောက်အတူ ပိုက်ဆံရှာကြတာပေါ့”


“ပိုက်ဆံကြောင့် မဟုတ်ပါဘူး” 


ဟွာရှင်း မတ်တတ်ရပ်ကာ မြောင်ရင်အနားသို့ တိုးကပ်သွားပြီး ရှောင်ပေါင် အခြေအနေအား လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။


မြောင်ရင် ခေတ္တမျှ ငြိမ်သွားပြီးမှ ရှည်ရှည်ဝေးဝေး ရှင်းပြလေသည်။


“စာသင်တယ်ဆိုတာ ပညာရှိကြီးဖြစ်ဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး.... စာတတ်ထားရင် လူတောတိုးတဲ့အခါ အပြောအဆို အနေအထိုင် သိတတ်လာမယ် အနည်း ဆုံးတော့ စာရင်းကိုင်ဖြစ်ဖြစ်၊ စာဖတ်ပေး စာရေးပေးတဲ့သူဖြစ်ဖြစ်လုပ်ပြီး ဝမ်းစာရှာလို့ ရတာပဲ မဟုတ်လား?”  


ဟွာရှင်းသည် မြောင်ရင့်စကားများအား နားထောင်ရင်း အံ့ဩနေမိသည်။ မြောင်ရင် ယခင်က သူပြောခဲ့သည့် သူ့မူလဘဝအကြောင်းများကို အမှန်တကယ်ပဲသိနေတာလား သို့မဟုတ် လျှောက်ပြောနေတာလားဟု တွေးတောနေမိသည်။


မြောင်ရင့် ဆုံးဖြတ်ချက်အားပြောင်းလဲရန် ခက်ခဲလှသည်။ ထို့ကြောင့်ပင် ညစာစားသည့်အချိန်တွင် ရှောင်ပေါင်အား ကျောင်းပို့မည့် အစီအစဉ်ကို သူ တစ်အိမ်သားလုံးရှေ့တွင် ကြေညာလိုက်တော့သည်။


အဖွားဖြစ်သူသည် မြောင်ရင်အား စိုက်ကြည့်နေမိသည်။ သူ ဒဏ်ရာမရခင်က မည်ကဲ့သို့သောသူ ဖြစ်ခဲ့သည်ကိုပင် မေ့သွားပုံရ၏။ ထိုစဉ်က မြောင်ရင်သည် ဤမိသားစုအား အလွန်မုန်းတီးခဲ့သည်မှာ ထင်ရှားပါလျက်၊ ယခုမူ မိသားစုအကျိုးအတွက် အရာရာကိုလုပ်ဆောင်ပေးနေပြန်သည်။ အဖွားအို၏မှုန်ဝါးနေသော မျက်လုံးများဖြင့် မြောင်ရင်၏ စိတ်ရင်းအား အကဲမဖြတ်နိုင်တော့ချေ။


လီဟုန်ယင်းမှာမူ ရှောင်ပေါင်အား ကျောင်းပို့ချင်သည်ဟု မြောင်ရင် ပြောနေသည်ကို ကြားဖူးပြီးသားဖြစ်၍ သိပ်မအံ့ဩတော့ဘဲ “ရွာထဲမှာတော့ စာသင်ကျောင်းမရှိဘူး သားရဲ့”  


မြောင်ရင် ဆံပင်ကို ထိုးဖွလိုက်ရင်း “ဒါဆိုရင် ဘယ်မှာရှိလဲဟင် ?”


ဟွာရှင်းက “မြို့နယ်ထဲမှာ ရှိတယ်၊ ခရိုင်မြို့ထဲမှာလည်း ရှိတယ်” 


“ဒါဆို ခရိုင်မြို့ကိုပဲ သွားကြတာပေါ့...ကျောင်းထားမယ်ဆိုမှတော့ အကောင်းဆုံးကျောင်းမှာပဲ ထားရမယ်”


လီဟုန်ယင်း မြောင်ရင်၏ဟုတ်လှပြီဆိုသည့် အမူအရာကို ကြည့်ကာ ရယ်မောလိုက်ပြီး “ရှောင်ပေါင်ကလေးနှစ်ပဲ ရှိသေးတာ.. ခရိုင်မြို့ထဲမှာ သူတစ်ယောက်တည်း ဘယ်လိုနေမလဲ ?”


“ကျောင်းမှာပဲ အိပ်၊ ကျောင်းမှာပဲ စားလို့ မရဘူးလား?”


 á€™á€źá€ąá€Źá€„်ရင် မျက်လုံးဝိုင်းသွားသည်။ 


“ကျောင်းတက်တဲ့ ကလေးတွေက နေ့တိုင်း အိမ်ပြန်ရတာလား ?”


လီဟုန်ယင်း ခေါင်းခါပြ၏။ 


“လေးနှစ်သားနဲ့ ကျောင်းတက်တဲ့သူမရှိပါဘူး.... ခရိုင်မြို့က ပညာသင်တဲ့သူတွေတောင် ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တဲ့အရွယ်ကျမှ ကျောင်းသွားကြတာ”


“ဒါကြောင့်လည်း ရွာထဲမှာ ကျောင်းမရှိတာကိုး” 


မြောင်ရင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။ 


“ရွာထဲမှာ ကလေးတွေ အများကြီးပဲဥစ္စာ”


“နောက်ထပ် နှစ်အနည်းငယ်လောက်စောင့်ပါဦး... ရှောင်ပေါင်က ငယ်လွန်းသေးတယ်” 


လီဟုန်ယင်း နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ 


“ဒီလောက်ငယ်ငယ်လေးနဲ့ကျောင်းသွားလည်း ဘာမှတတ်လာမှာ မဟုတ်ဘူး”


မြောင်ရင် နှုတ်ခမ်းစူသွားသည်။ ခေတ်သစ်ကာလတွင် သုံးနှစ်သားဆိုလျှင် မူကြိုတက်နေကြပြီ ဖြစ်သည်။ ဟွာရှောင်ပေါင်မှာ လေးနှစ်ရှိပြီဖြစ်သော်လည်း ကျောင်းမသွားရသေးချေ။


ထိုညက ဆွေးနွေးမှုမှာ ခဏချင်းပင် ပြီးဆုံးသွားပြီး ရှောင်ပေါင်၏ကျောင်းကိစ္စမှာ နှစ်ဦးနှစ်ဖက် ကျေနပ်လောက်သည့် အဖြေမရဘဲ ရပ်တန့်သွားခဲ့သည်။


ဟွာစန်းသည် မနေ့မနက်က ထွက်သွားကတည်းက အိမ်ပြန်မလာသေးချေ။ မြောင်ရင် လီဟုန်ယင်းအား လှမ်းကြည့်လိုက်ရာ သူမသည် စိုးရိမ်ပုံမရဘဲ ဟွာစန်းသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူမနှင့် မဆိုင်သကဲ့သို့ရှိနေ သည်။


အဖွားဖြစ်သူအား ကြည့်ပြန်တော့လည်း ထိုနည်းတူပင်။


အမှန်တကယ်တော့ ထိုကဲ့သို့သော အမျိုးသားမျိုးမှာ သေသွားသည်ကမှ ပိုကောင်းဦးမည်။ သူရှိနေခြင်းမှာ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်သည်။ ဟွာစန်းသာ မရှိလျှင် သူတို့ဘဝတွေ ပိုကောင်းမွန်နေမည်မှာ သေချာသည်။


မြောင်ရင် ပန်းကန်များအား သိမ်းရန် ပြင်ဆင်နေစဉ်မှာပင် ခြံတံခါးကို ဝုန်းခနဲ ကန်ဖွင့်သံကြားလိုက်ရသည်။ အရက်နံ့များ လှိုင်နေသော ဟွာစန်းသည် တံခါးဝတွင် ရပ်နေ၏။


 â€œá€Ÿá€˝á€Źá€›á€žá€„်း...  ကောင်စုတ်လေး! ပိုက်ဆံတွေ ဘယ်မှာလဲ!” 


သူသည် ဟွာရှင်းရှိရာသို့ ယိုင်တိယိုင်တိုင် လျှောက်လာသည်။ 


“မင်း ငွေ ၁၀ တုံး ရထားတယ်လို့ ငါ ကြားတယ်၊ ဘယ်မှာလဲ အဲဒီပိုက်ဆံ! အခုချက်ချင်း ထုတ်ပေးစမ်း”


သူသည် မောက်မောက်မာမာဖြင့် ဟွာရှင်းရှေ့ ရပ်လိုက် သည်။ အရက်ကြောင့် ရီဝေနေသော သူ့မျက်လုံးများမှာ ဟွာရှင်းမျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း အော်ဟစ်တော့သည်။


 â€œá€„ဍက မင်းအဖေကွ၊ ပိုက်ဆံပေးစမ်း”  


သူသည် ဟွာရှင်း ဒဏ်ရာရထားသည်ကို ကြားသိထားပြီး ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဟွာရှင်းအား သူ ရှောင်ရှားတတ်သော်လည်း ယခု ဟွာရှင်း လက်နာနေသည်ကို သိသဖြင့် မကြောက်မရွံ့ ဖြစ်နေခြင်းဖြစ်သည်။


ဟွာရှင်း မတ်တတ်ရပ်လိုက်သည်။ သူသည် ဟွာစန်းထက် များစွာ အရပ်ရှည်ပြီး သန်မာလှရာ ဟွာစန်းအား အေးစက် စက် စိုက်ကြည့်လိုက်သည်။


 â€œá€‘á€˝á€€á€şá€žá€˝á€Źá€¸á€…á€™á€şá€¸â€  


“ဒါ ငါ့ အိမ်ကွ!” 


ဟွာစန်း ယောင်ယမ်းကာပြောလိုက်သည်။ မီးဖိုချောင်ထဲသို့ ဝင်သွားသော မြောင်ရင်မှာ ဟွာစန်းနောက်မှ လျှောက် လာပြီး မမြင်ချင်ယောင်ဆောင်ကာ ဟွာစန်း ခြေထောက်ကို အားဖြင့်တက်နင်းပစ်လိုက်သည်။ ဟွာစန်း နာကျင်လွန်းသဖြင့် ခုန်တက်သွားပြီး မြောင်ရင်ကို ပါးရိုက်ရန် လက်ရွယ်လိုက်သော်လည်း ဟွာရှင်း မြောင်ရင်အား သူ့နောက်သို့ ဆွဲပို့လိုက်ကာ ဟွာစန်းလက်ကို ဖမ်းချုပ်လိုက်သည်။


ဟွာရှင်းမျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး 


“ထွက်သွားလို့ ပြောနေတယ်နော်!”