Ch 14
Viewers 5k

🍋 Chapter 14


ဟွာစန်းမှာ ဟွာရှင်း၏အေးစက်လှသော အကြည့်နှင့်ခြိမ်း ခြောက်မှုကို ကြောက်သွားပုံရသည်။ သူသည် ပါးစပ်မှ တတွတ်တွတ် ဆဲဆိုရင်း အခန်းထဲသို့ ဝင်သွားကာ တစ်အိမ်လုံးအား မွှေနှောက်ရှာဖွေတော့သည်။ သို့သော် ပိုက်ဆံကို ရှာမတွေ့ချေ။ သူ အပြင်သို့ပြန်ထွက်လာပြီး လီဟုန်ယင်းအား ဒေါသတကြီး စိုက်ကြည့်နေသော်လည်း လီဟုန်ယင်းမှာ သူ့အား လျစ်လျူရှုကာ စားပွဲပေါ်ရှိပန်းကန်များကိုသာ အေးအေးဆေးဆေး သိမ်းဆည်းနေလေသည်။


မြောင်ရင်လည်း ဒေါသထွက်လွန်းသဖြင့် ဟွာစန်း ထွက်ခွာသွားသည်ကိုကြည့်ပြီး ဟွာရှင်းအား မေးလိုက်သည်။


“သူ့ကို အိမ်ပေါ်ကနေ နှင်ချလို့ မရဘူးလားဗျာ?”


ထိုစဉ် လီဟုန်ယင်း ထွက်လာပြီး မြောင်ရင်ကို ကြည့်ကာ “မိသားစု ခွဲနေကြရင်တော့ ရတာပေါ့”  


မြောင်ရင် အမြန်ခေါင်းခါလိုက်ပြီး “ဘယ်လိုဖြစ်နိုင်မှာလဲ အမေရဲ့ ? မိသားစုခွဲတယ်ဆိုတာ ကျွန်တော်နဲ့ ဟွာရှင်းကပဲ ထွက်သွားရမှာလေ... အဲဒီကျရင် သူက အမေနဲ့ အဖွားကို ဆက်ပြီး နှိပ်စက်နေမှာ မဟုတ်လား ?”


လီဟုန်ယင်း အားနာနာဖြင့် ပြုံးလိုက်သည်။


"အမေက စနောက်ပြီး ပြောလိုက်တာပါ”  


“မရယ်ရပါဘူးဗျာ” 


မြောင်ရင် နှုတ်ခမ်းစူလိုက်ပြီး ဟွာရှင်းအား အခန်းထဲသို့ ဆွဲခေါ်သွားကာ ထပ်မေးမိသည်။


“သူ့ကို ကိုင်တွယ်ဖို့ တခြားနည်းလမ်း လုံးဝမရှိတော့ဘူးလား ?”  


ဟွာရှင်း သက်ပြင်းချရင်း “သူက... ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတစ်ယောက် ဖြစ်နေတာကိုး”


“လူကြီး... ဘာလူကြီးလဲ! အသုံးမကျတဲ့ ခေါင်းမာတဲ့လူကြီးပဲ”


မြောင်ရင် နှာမှုတ်လိုက်ရင်း “နေကောင်းရုံသာ စောင့်နေလိုက်၊ ကျွန်တော် နေကောင်းလာတဲ့အခါ သူ့ကို ဘယ်လို ပညာပေးရမလဲဆိုတာ ပြပေးမယ်”


ထို့နောက် မြောင်ရင်က ဟွာစန်း အရက်အတူသောက်လေ့ရှိသည့် လူများမှာ မည်သူနည်းဟုမေးရာ ဟွာရှင်းက ရွာထဲမှ လူလေလူလွင့် အချို့ဖြစ်ကြောင်း တစ်ဦးချင်းစီ ပြောပြလိုက်သည်။ မြောင်ရင် ခေါင်းညိတ်ကာ ထိုလူများအား မှတ်သားထားလိုက်၏။ ထိုညတွင် မြောင်ရင် ဒေါသတအုံ့နွေးနွေးဖြင့် အိပ်စက်ခဲ့သော်လည်း အရင်ညများကကဲ့သို့ပင် ဟွာရှင်းအနားသို့ တိုးကပ်ကာ အိပ်ပျော်သွားခဲ့သည်။ သူသည် အအေးဒဏ်ကို ကြောက်နေဆဲ ဖြစ်သောကြောင့်ပင်။


နောက်တစ်နေ့မနက်တွင် မြောင်ရင်သည် သူ့အလိုလို နိုးလာခြင်းမဟုတ်ဘဲ အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာခြင်းဖြစ်သည်။ ထူးဆန်းသည်မှာ ဟွာရှင်းလည်း မထသေးချေ။ ထိုအခါမှ မြောင်ရင် သတိထားမိသည်မှာ သူသည် မီးဖိုတစ်ခုကဲ့သို့ နွေးထွေးနေသော ဟွာရှင်းအား ဖက်တွယ်ထားခြင်းဖြစ်သည်။ တစ်ညလုံး အေးစိမ့်နေခဲ့သော သူ့ခြေထောက်လေးများမှာ ယခုမှနွေးထွေးနေသဖြင့် သူ အိပ်ရာမှမထချင်သေးချေ။


သို့သော် အပြင်ဘက်မှ ဆူညံသံများ ပိုကျယ်လာပြီးအငြင်းအခုန်ဖြစ်နေသံများ ကြားလာရသည်။ ဟွာရှင်း နိုးလာပြီး ချက်ချင်းပင် ထထိုင်ကာ အဝတ်အစားနှင့် ဖိနပ်ကို အမြန်ဝတ်ဆင်တော့သည်။ မြောင်ရင်ကမူ ပျင်းရိစွာဖြင့် အိပ်ရာထဲတွင် ကျန်ရစ်ခဲ့၏။


ဟွာရှင်း အဝတ်အစားဝတ်ပြီးနောက် မြောင်ရင့်အဝတ်များအား စောင်ထဲသို့ ထည့်ပေးခဲ့သဖြင့် မြောင်ရင် ခေတ္တစောင့်ပြီးမှ အပြင်ထွက်လာခဲ့သည်။ အပြင်တွင် အဝတ် အစားများစွာ ထပ်ဝတ်ထားသော်လည်း အနွေးထည်မပါသဖြင့် ချမ်းနေဆဲပင်။


သူ အပြင်ထွက်လိုက်သောအခါ ခြံထဲတွင် သူစိမ်းအမျိုး သမီးတစ်ဦးမှ လီဟုန်ယင်း လက်ကိုကိုင်ကာ အသနားခံနေသည်ကို တွေ့လိုက်ရသည်။


လီဟုန်ယင်းမှာမူ အလွန်စိတ်ပျက်နေပုံရပြီး သူမ အပြုံးမှာ ပျက်ယွင်းနေပြီဖြစ်သည်။


“တကယ်ကို မရလို့ပါဆိုနေ!”


“ငါ အကုန်ကြားပြီးသားပါ၊ နင်တို့ဆီမှာ ငွေ ၁၀ တုံးတောင် ရှိနေတာပဲကိုး...ငါ့ကို ၂ တုံးလောက် ချေးပေးရင် ဘာဖြစ်မှာလဲ ? ငါ့သား မိန်းမယူဖို့ တင်တောင်းငွေက အဲဒီ ၂ တုံး လိုနေလို့ပါ” 


ဒေါ်လေးကျန်းမှာ ရွာနီးချင်းဖြစ်ပြီး ပုံမှန်အားဖြင့် စကား ပြောဆိုဆက်ဆံနေကျသူ ဖြစ်သည်။


မြောင်ရင် ဖြစ်ကြောင်းကုန်စင်ကိုသိသွားသည်နှင့်မျက်လုံး လှန်ကာ ဝင်မေးလိုက်သည်။


"တင်တောင်းငွေက ဘယ်လောက်မို့လို့လဲ?”  


ဒေါ်လေးကျန်း မြောင်ရင်အား ကြည့်ကာ “ငါတို့က ၅ တုံးပေးဖို့ ရည်ရွယ်ထားတာ၊ အခု ၃ တုံးပဲ ရှိသေးလို့ပါ”


မြောင်ရင် လီဟုန်ယင်းအား လှမ်းကြည့်ရာ သူမက ခေါင်း ခါပြ၏။


“ဘာတွေ ပြောနေတာလဲ ? ကိုယ့်ဘာသာကိုယ်တောင် မတတ်နိုင်ဘဲ ၂ တုံး ချေးဖို့လုပ်နေသေးတယ်... ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်” 


မြောင်ရင် ဒေါ်လေးကျန်းအနားသို့ တိုးသွားလိုက်သည်။


ဒေါ်လေးကျန်း မျက်လုံးများ ဝင်းလက်သွားကာ “ဘာအကြံလဲ ?”


“ခင်ဗျား ကျွန်တော်တို့ မိသားစုဆီက ပိုက်ဆံချေးနေဖို့ မလိုတော့ဘူး... ကျွန်တော်တို့ကပဲ အဲဒီ ငွေ ၅ တုံးလုံးကို တိုက်ရိုက် ပေးလိုက်မယ်... အဲ့ဒီသတို့သမီးက ခင်ဗျားတို့အိမ်ကို သွားစရာမလိုတော့ဘူး၊ ကျွန်တော့်အိမ်ကိုပဲ တန်းလာပြီး မင်္ဂလာဆောင်လိုက်တော့မယ်!”


“မင်း...!” 


ဒေါ်လေးကျန်း မျက်လုံးပြူးသွားကာ “ဘာတွေ လျှောက်ပြောနေတာလဲ!”


“ဒါကို ‘ပွဲစားမပါဘဲ တိုက်ရိုက်အရောင်းအဝယ်’ လို့ ခေါ်တယ်ဗျ... ခင်ဗျား လုပ်ရမှာက အဲဒီမိန်းကလေးကိုဝေါယာဉ်ပေါ်တင်ပြီး ကျွန်တော့်အိမ်ကို ခေါ်လာပေးဖို့ပဲ၊ ကျွန်တော် လက်ခံလိုက်မယ်!”


ဒေါ်လေးကျန်းမှာ ဒေါသထွက်လွန်းသဖြင့် တဆတ်ဆတ် တုန်သွားကာ လီဟုန်ယင်းအား လှမ်းကြည့်သည်။


“ဟုန်ယင်း... နင် ဒီအတိုင်း ကြည့်နေတော့မှာလား! ကောတစ်ယောက်က မိန်းမယူချင်နေတယ်တဲ့အပြင်...”


လီဟုန်ယင်း မတတ်သာသည့် အပြုံးမျိုးပြုံးလိုက်ရင်း “ကျွန်မ... ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူးလေ”


မြောင်ရင် သူမအနားသို့ တိုးသွားပြီး မောက်မာသော မျက်နှာပေးဖြင့် “ကျွန်တော် ယူလိုက်ရင် ဘာဖြစ်လဲ ? ခင်ဗျားက ကျွန်တော့်အိမ်အတွက် မယားငယ်ယူပေးစေချင်တာလား? ကျွန်တော် မအပါဘူး... ငွေ  ၅ တုံးနဲ့ ကျွန်တော့် ယောက္ခမနဲ့ အဖွားကို ပြုစုပေးမယ့်သူတစ်ယောက်ကိုဝယ်လိုက်တာပေါ့... ဒါဆိုရင် လူတိုင်းက ကျွန်တော့်ကို သိတတ်တဲ့သူ၊ အကျင့်စာရိတ္တကောင်းတဲ့သူ၊ ရက်ရောတဲ့သူလို့ ချီးမွမ်းကြမှာ!”


ဒေါ်လေးကျန်းက လီဟုန်ယင်းအား တစ်ခုခုပြောရန်ကြိုး စားသေးသော်လည်း မြောင်ရင် ဦးအောင် ဖြတ်ပြောလိုက်သည်။


“ကျွန်တော့်အမေကို လာပူဆာနေလည်း အပိုပဲဗျ... ပိုက်ဆံအားလုံးက ကျွန်တော့်လက်ထဲမှာ... ကျွန်တော် သဘောမတူဘဲနဲ့တော့ ဘယ်သူမှ တစ်ပြားတစ်ချပ်မှ ယူသွားလို့မရဘူး”


ဒေါ်လေးကျန်းမှာ ဒေါသထွက်လွန်းသဖြင့် ဘာပြန်ပြောရမှန်းမသိတော့ဘဲ မြောင်ရင့်နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုရန် ပြင်တော့သည်။ မြောင်ရင် ပြန်ချရန် ကိုယ်ကို ဆန့်လိုက်စဉ်မှာပင် အရပ်ရှည်ရှည်ကိုယ်လုံး ကိုယ်ထည်ကြီးက သူ့ရှေ့တွင် ပိတ်ရပ်လိုက်၏။


ဟွာရှင်းသည် အရပ်အမောင်း ထွားကြိုင်းသူဖြစ်ပြီး မျက် နှာသေနှင့် စိုက်ကြည့်လိုက်လျှင် ပိုကြောက်စရာကောင်းလှသည်။ ဒေါ်လေးကျန်းမှာ ထိတ်လန့်သွားပြီး ဟွာအိမ်ထဲမှ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။


ထိုအခါမှ လီဟုန်ယင်းက ရှင်းပြသည်။


“တကယ်တော့ ကျန်းမိသားစုက အဲဒီလောက်မဆင်းရဲပါဘူး... သူတို့သမီးကို အိမ်ထောင်ချပေးတုန်းက တင်တောင်းငွေ ၈ တုံးတောင်တောင်းခဲ့တာ... အဲဒီပိုက်ဆံတွေကို သူတို့သား မင်္ဂလာဆောင်ဖို့ သုံးဖို့ သိမ်းထားတာလေ... ပိုက်ဆံရှိပါလျက်နဲ့ ငါတို့ဆီ လာချေးတာ”  


မြောင်ရင် ချက်ချင်းနားလည်သွားသည်။ နောက်ထပ် အမြတ်ထုတ်ချင်သူတစ်ယောက်ပေါ့။


လီဟုန်ယင်း  မြောင်ရင်အား မကျေနပ်သလိုကြည့်လိုက်သည်။


“သားရယ်... ဘာလို့ ကိုယ့်ဂုဏ်သတင်းကို အပျက်ခံပြီး အဲဒီလိုတွေ ပြောရတာလဲ”  


မြောင်ရင်မှာ အမေဖြစ်သူက သူ့ဂုဏ်သိက္ခာအတွက် စိုးရိမ်ပေးသဖြင့် စိတ်ထဲကြည်နူးသွားမိသည်။ သူ ရင်ဘတ်ကို ပုတ်ရင်း အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။ 


“တခြားလူတွေ ဘာထင်ထင် ဂရုမစိုက်ပါဘူး... ကျွန်တော့်အပေါ် စိတ်ရင်းရှိတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ သိရင် တော်ပါပြီ...နောက်ပြီး... ကျွန်တော့်မှာကော ကောင်းတဲ့ဂုဏ်သတင်း ရှိလို့လား?” 


သူ သံသယဖြင့် ဟွာရှင်းအား လှည့်ကြည့်ကာ  “ဒါနဲ့ မင်း ဒဏ်ရာရလို့ ပိုက်ဆံရတာကို ဘယ်သူတွေ သိနေတာလဲ? ဒီနေ့တော့ လူတွေ ထပ်လာဦးမယ်ထင်တယ်”


ဟွာရှင်း ခေါင်းခါပြသည်။ မတော်တဆဖြစ်သည့်နေ့မှ လူတွေအများကြီး ရှိနေခဲ့သလို၊ ဆေးခန်းလိုက်ပို့ပေးသူတွေဆီကတစ်ဆင့် သတင်းကပျံ့သွားပုံရသည်။


“စစ်လာရင် စစ်သူကြီးနဲ့ ခုခံမယ်၊ ရေလာရင် မြေနဲ့ တားမယ်ဗျာ”


 á€™á€źá€ąá€Źá€„်ရင်ကတ္ဏအ တစ်ယောက်လာရင် တစ်မျိုး၊ ဆယ်ယောက်လာရင် ဆယ်မျိုးရင်ဆိုင်ရန် အသင့်ပင်။


မြောင်ရင် ထင်သည့်အတိုင်းပင် အခြားမိသားစုအချို့ ပိုက်ဆံလာချေးကြသေးသည်။ မြောင်ရင် ကိုယ်တိုင်ထွက်ရှင်းချင်သော်လည်း လီဟုန်ယင်းက ဟွာရှင်းကို မြောင်ရင်အား အပြင်သို့ ခေါ်သွားခိုင်းလိုက်ပြီး ပိုက်ဆံများကိုလည်း တစ်ပါတည်း ယူသွားခိုင်းလိုက်သည်။


အိမ်ပြင်ထွက်လာစဉ် မြောင်ရင် အိမ်ဘက်သို့ ခဏခဏ လှည့်ကြည့်နေသဖြင့် ဟွာရှင်း “အဆင်ပြေပါတယ်” ဟု ဆိုကာ ပုခုံးအား ပုတ်၍နှစ်သိမ့်ပေးသည်။


လီဟုန်ယင်းမှ သူတို့နှစ်ဦးအား ချည်မျှင်အဝါရောင်များ ဝယ်ရန် လွှတ်လိုက်ခြင်းဖြစ်သည်။ လက်ကိုင်ပုဝါ ပန်းထိုးရန်အတွက် ချည်မျှင်များကုန်နေသောကြောင့်ပင်။ ရွာထဲတွင် ကုန်စုံရောင်းသည့် မိသားစုတစ်ခုရှိသည်။ သူတို့တွင် သားနှစ်ယောက်ရှိပြီး အိမ်နီးချင်းရွာများသို့ ပစ္စည်းလှည့်ရောင်းကြကာ အိုမင်းသောမိခင်ဖြစ်သူက အိမ်တွင် ကျန်သည့်ပစ္စည်းများကို ရောင်းချပေးသည်။ ထိုမိသားစုမှာ စားဝတ်နေရေး ပြေလည်သူများဖြစ်ကြသည်။


ချည်မျှင်အချို့ ဝယ်ယူပြီးနောက် မြောင်ရင် ဆိုင်ထဲရှိ တခြားပစ္စည်းများကို စူးစမ်းကြည့်နေမိသည်။ ရွာထဲမှ ဆိုင်လေးတွေမှာ အပ်ချုပ်စက်ပစ္စည်း၊ ဘီး နှင့် ကြယ်သီးများလောက်သာ ရောင်းသဖြင့် ဆန်းသစ်သည့်အရာ ဘာမှမရှိချေ။


မြောင်ရင် အိမ်ရှေ့သို့ ပြန်ရောက်သောအခါ ခြံထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။ သူ တံခါးကို အမြန်ဖွင့်ဝင်လိုက်ရာ လူနှစ်ယောက်က လီဟုန်ယင်းအား စကားပြောနေသည်ကို တွေ့ရသဖြင့် ဘာမပြောညာမပြော လီဟုန်ယင်းရှေ့တွင် ပိတ်ရပ်လိုက်သည်။


ထိုအခါမှ ထိုလူနှစ်ယောက်မှာ သူ့အား ထူးဆန်းသလို ကြည့်နေသည်ကို သတိထားမိသွား၏။ သူ ဟွာရှင်းကို လှည့်ကြည့်ရာ ဟွာရှင်းက သူ့နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။


 â€œá€Ąá€˛á€’ဍ မင်းရဲ့အမေနဲ့ မင်းရဲ့အစ်ကိုကြီးလေ”


မြောင်ရင် ခေတ္တမျှ ဆွံ့အသွားရသည်။ သူ့အစ်ကိုနှင့် အမေ ? သူတို့က မြောင်ရင်နှင့် လုံးဝ မတူကြချေ!


မြောင်ရင်သည် ရေထဲတွင် သူ့ပုံရိပ်အား မြင်ဖူးသဖြင့် မိမိကိုယ်ကိုယ် အလွန်ချောမောသည်ကို သိထားသည်။ သို့သော် သူ့အစ်ကိုမှာ ဘာကြောင့် ဤမျှ ရုပ်ဆိုးနေရသနည်း? အရပ်မရှည်သော်လည်း ပုခုံးကျယ်ကာ ခါးတုတ်လှသဖြင့် ဆောင်းတွင်းမုန်လာဥပုကြီးနှင့် တူနေသည်။ မျက် လုံးထောင့်တွင်လည်း အမာရွတ်တစ်ခုရှိရာကြည့်ရသည် မှာ အလွန်ကြောက်စရာကောင်းလှ၏။


အမေဖြစ်သူမှာလည်း ဝသည်မဟုတ်သော်လည်း အသားမည်းကာ မျက်လုံးစွေစွေနှင့် ဖြစ်သဖြင့် ဆက်ဆံရခက်မည့်ပုံပင်။ မြောင်ရင်ကတော့ မူလပိုင်ရှင်သည် မိဘနှစ်ပါးစလုံး၏ အကောင်းဆုံး အစိတ်အပိုင်းများကိုသာ အမွေဆက်ခံခဲ့ပုံရသည်ဟု တွေးမိလိုက်သည်။


အခြေအနေမှာ အနည်းငယ် အနေရခက်လှသည်။


မြောင်သုန် (အစ်ကိုဖြစ်သူ) မှာ မြောင်ရင်အား မယုံနိုင်သလို ကြည့်နေသည်။ မူလက မြောင်ရင်သည် ဟွာရှင်းကို လက်မထပ်ချင်ခဲ့သော်လည်း အမေဖြစ်သူမှ တင်တောင်းငွေ များပြားကြောင်း၊ ထိုငွေများကို မြောင်ရင်အတွက်သာ သုံးမည်ဖြစ်ကြောင်းနှင့် ဟွာရှင်းမှာ ကျွမ်းကျင်သော မုဆိုးဖြစ်ပြီး ချမ်းသာသော မိသားစုမှဖြစ်ကြောင်း ဖြားယောင်းခဲ့သဖြင့်သာ လက်ထပ်ခဲ့ခြင်းဖြစ်သည်။


အမှန်စင်စစ် ဤဒေသတွင် မူလပိုင်ရှင် မြောင်ရင်၏ဂုဏ်သတင်းမှာ အတော်ဆိုးရွားလှသည်။ အစ်ကိုဖြစ်သူ မြောင်တုန်းမှာ အိမ်ထောင်မကျသေးသော်လည်း မိဘများက မြောင်ရင်အား အရင်ဆုံးအိမ်ထောင်ချပေးရန် အလောတ ကြီး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။


ဟွာမိသားစုထဲသို့ ရောက်ရှိလာပြီးနောက်တွင်လည်း မြောင်ရင်သည် မိဘအိမ်သို့ ခဏခဏပြန်ကာ ဟွာမိသားစု ဆင်းရဲကြောင်း၊ ဟွာရှင်းက ထုံအကြောင်း၊ ယောက္ခမနှင့် အဖွားက သူ့အားမကြည်ဖြူကြောင်း တိုင်တောကာကွာ ရှင်းချင်သည်ဟုပင် ပြောဆိုခဲ့ဖူးသည်။ မိဘများကလည်း မြောင်ရင်အား ဟွာအိမ်သို့ပေးစားလိုက်မိသည်မှာ မှားလေပြီဟု ခံစားခဲ့ရသည်။ ထို့ကြောင့် မင်္ဂလာဆောင်ပြီးချိန်တွင် တင်တောင်းငွေ ၅ တုံးကိုမြောင်ရင်အား ပြန်ပေးလိုက်သည့်အပြင် ဆန်၊ ရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကိုလည်း ခမ်းနားစွာ ထည့်ပေးလိုက်ခြင်းဖြစ်သည်။


သို့သော် ရက်ပိုင်းအတွင်းမှာပင် မိသားစုဆက်ဆံရေးမှာ မည်သို့ကြောင့် ဤမျှပြောင်းလဲသွားရသနည်းဟု သူတို့ တွေးမရ ဖြစ်နေကြသည်။


လီဟုန်ယင်းနှင့် အဖွားဖြစ်သူတို့ တစ်ချက်ကြည့်ကာ အချက်ပြလိုက်ကြသည်။ ခမည်းခမက်များ ရောက်လာချိန်တွင် ထမင်းဟင်းကောင်းကောင်းဖြင့် တည်ခင်းဧည့်ခံရမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။


ဟွာရှင်းအား အသားသွားဝယ်ရန် ထပ်မံလွှတ်လိုက်ပြန် သည်။ သူတို့ရွာတွင် သားသတ်သမားမရှိသဖြင့် အတော်ဝေးသော ဘေးရွာသို့သွားရဦးမည်ဖြစ်သည်။


မြောင်ရင် ဟွာရှင်းနောက်သို့ လိုက်လာပြီး လက်ထဲမှ ပိုက်ဆံအိတ်ကို လှမ်းပေးလိုက်သည်။


“ဒါကို သေသေချာချာ ဝှက်ထားနော်... ကျွန်တော့်အထင် သူတို့ ကျွန်တော့်ဆီက ပိုက်ဆံလာတောင်းတာဖြစ်မယ်” 


သူသည် ဟွာရှင်း၏ထူးဆန်းသော အကြည့်ကို သတိမထားမိဘဲ စကားပြောပြီးသည်နှင့် ခြံထဲသို့အပြေးအလွှား ပြန်ဝင်သွားတော့သည်။


မြောင်သုန် မြောင်ရင်အားကြည့်ပြီး ခပ်ထစ်ထစ် အသံဖြင့် မေးလိုက်သည်။


“စောစောက မင်း ဘာဖြစ်နေတာလဲ?”  


မြောင်ရင်လည်း သူ့သရုပ်ဆောင်မှန်ကို အမိအရ ဖုံးကွယ်ရမည်ဖြစ်ရာ ခပ်တည်တည်ပင် ဖြေလိုက်၏။


“ကျွန်တော်က ဟန်ဆောင်ပြနေတာလေ”  


သူတို့မိခင် လျိုချုံမှာ မြောင်ရင့် မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။


“မင်းယောက်ျားက သူဌေးတစ်ယောက်ကို ကယ်လို့ ငွေ ၁၀ တုံး ရတယ်ဆိုတာ တစ်ရွာလုံးကပြောနေကြပြီ”  


“ယောက်ျား” ဟူသော စကားလုံးကြောင့် မြောင်ရင့်၏ ခန္ဓာကိုယ်လေး တုန်တက်သွားမိသည်။


မြောင်ရင် သက်ပြင်းချရင်း မျက်ရည်အတု နှစ်စက်ကို ညှစ်ထုတ်လိုက်ကာ “ငွေ ၁၀ တုံး ရှိတာတော့ အမှန်ပဲ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို အနားတောင်မကပ်ခိုင်းဘူး...ကျွန်တော်ကပဲ သူတို့ပိုက်ဆံကို နှိုက်တော့မလိုလို စိုးရိမ်နေကြတာ”


မြောင်သုန်နှင့် လျိုချုံတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မြောင်ရင်အားသံသယဖြင့် ပြန်မေးသည်။


“မင်းက ခုထိ သူ့ကို အနားမကပ်ခိုင်းသေးတာလား?”


မြောင်ရင်: !!! (ဒါမျိုးကို နေ့ခင်းကြောင်တောင်ကြီးပြောရသလား!)


“မင်းက ခုထိ အဲဒီ ချန်အာဝါးကိုပဲ စိတ်စွဲနေတုန်းလား?” 


မြောင်သုန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။


“အဲဒီ လူလေလူလွင့်က ဘာကောင်းလို့ မင်းက ခုထိ တွယ် ကပ်နေရတာလဲ! တစ်မိသားစုလုံးက မင်းကို ဟွာရှင်းနဲ့ အခြေချဖို့ ပြောနေတာပဲ... သူ့ရဲ့ သန်မာတဲ့ ကိုယ်လုံး ကိုယ်ထည်နဲ့ဆိုရင် မင်းဘဝ သာယာမှာပဲကိုး...ဘာလို့ နားမထောင်ရတာလဲ?”


မြောင်ရင် အံ့ဩသွားသည်။


 â€œá€’ဍဆို အခု ခင်ဗျားတို့ လာတာက...?”


လျိုချုံ မြောင်ရင့်ခေါင်းအား အသာခေါက်လိုက်ရင်း 


“မင်းကို လာစောင့်ကြည့်တာလေ! သူ့ပိုက်ဆံတွေကို ခိုးယူဖို့မကြိုးစားနဲ့... မင်း အခြေတကျနဲ့ ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်ဘူးလား ? ပြီးတော့ မင်းမှာရှိတဲ့ ပိုက်ဆံကိုလည်း သေသေချာချာသိမ်းထားဦး၊ လူတိုင်းကို လျှောက်ချေးမနေနဲ့”


ဟင် ? ဒါက မဟုတ်သေးပါဘူး! သူတို့က ပိုက်ဆံလာလုရမှာမဟုတ်ဘူးလား? ဘာလို့ အခုတော့ ပိုက်ဆံကိုသေသေ ချာချာ သိမ်းထားဖို့ လာသတိပေးနေရတာလဲ ?