Ch 3
Viewers 3k

(3)


ကျန်းရန်တစ်ယောက် တစ်စုံတစ်ခုမှားယွင်းနေပြီလို့ ခံစားလိုက်မိပြီး တုံ့ပြန်နိုင်ဖို့အတွက် စက္ကန့်အနည်းငယ်လောက်ကြာသွားခဲ့ရတယ်။


သူ့ရဲ့လောင်ဖော... ငါ့ကို ပြောတာဖြစ်လောက်မဲ့ပုံပဲလားလို့?


_နေရာမှာပဲ ပေါက်ကွဲထွက်သွား!


“ဘယ်သောက်ကောင်က  ရှက်နေလို့လဲ?!”


ကျန်းရန် သူ့ရဲ့ လည်ပင်းကိုဆန့်တန်းရင်း ပြောလိုက်တယ်။


“လောပန် ဒီဓာတ်ပုံကို ဆယ်ဆလောက်ချဲ့ပြီး ဆိုင်ရဲ့ အထင်ရှားဆုံးနေရာမှာ ချိတ်ဆွဲထားလို့ရတယ်! ကျွန်တော် လုံးဝ စိတ်မရှိဘူး!”


ဆိုင်ပိုင်ရှင်ကတော့ အပျော်လွန်သွားရတယ်။


  “ကျေးဇူးတင်ပါတယ် ရှောင်တိ!”


တစ်ဖက်မှ လူငယ်လေးက အနည်းငယ် အံ့သြသွားခဲ့တယ်။


“မင်း တကယ်ပြောနေတာလား”


“ဘာလို့လဲ” 


ကျန်းရန်က သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်တယ်။


“ရဖို့  ခက်ခဲသလိုကစားချင်နေတာလား”


လူငယ်လေးက ပြုံးပြီး ထူးမခြားနားစွာကြည့်လာတယ်။


“မင်းပျော်ရင် ပြီးတာပါပဲ”


ဆိုင်ပိုင်ရှင်နှင့် ဓာတ်ပုံတည်းဖြတ်သူတို့က သူတို့ကို ဆိုင်အပြင်ထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ပြီး သူတို့အတွက် အကောင်းဆုံးသော  ကောင်းချီးကိုလည်း ပို့သပေးဖို့ မမေ့လျော့ခဲ့ဘူး။


“မင်းတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နှင့် အနှစ်တစ်ရာတိုင် ပေါင်းသင်းနိုင်ပြီး အတူတကွအိုမင်းကြီးပြင်းလာနိုင်စေဖို့ ဆုတောင်းပေးပါတယ်!”


“ပျော်ရွှင်စရာ လက်ထပ်ပွဲဖြစ်ပါစေ!  သားလေးတစ်ယောက် မွေးဖွားနိုင်ပါစေ!”


ကျင်းရန်ရဲ့ ပါးစပ်ထောင့်တွေ လှုတ်ခတ်သွားရတယ်။


အမျိုးသားနှစ်ယောက်က ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ?  မင်းတစ်ယောက်လောက်မွေးပြီး ငါ့ကိုပြကြည့်စမ်းပါ!


သူ အခု တကယ်နောင်တရသွားပြီ။ သို့ပေမယ့် ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့မျက်နှာကို ဘယ်လိုလုပ်ပြီး အဆုံးရှုံးခံနိုင်တော့မှာလဲ။


မင်းတို့သိသင့်တာက သူက ကျင်းမိသားစုတစ်ခုလုံးရဲ့ကိုယ်စား တိုက်ပွဲဝင်နေရတာလေ။ သူ့ရဲ့နာမည်က သေးငယ်ပြီးတော့ ကျင်းမိသားစုရဲ့ မျက်နှာကတော့ ကြီးမားတယ်။ 


ဘာပဲဖြစ်ဖြစ် ဒီဓာတ်ပုံစတူဒီယိုက ကျောင်းနဲ့ အရမ်းဝေးလွန်းနေတာပဲ။ သူ့ရဲ့ အသိမိတ်ဆွေတွေ ဒီကို မရောက်လာလောက်ပါဘူး.

ဟုတ်တယ်မလား?


ကျင်းရန် တစ်ချိန်လုံး မျက်မှောင်ကြုတ်နေတာကိုမြင်တော့ လူငယ်လေးက မေးလာတယ်။


“တကယ်လို့  မင်းနောင်တရနေတာဆိုရင် အရမ်းနောက်ကျနေပြီ”


ကျင်းရန်ဟန်ဆောင်ပြီးပြောလိုက်တယ်။


“ငါ ဘယ်တော့မှ နောင်တမရဘူး” 


အချက်အလက်တွေ အဆင်သင့်ဖြစ်ပြီဖြစ်လို့ သူတို့နှစ်ယောက် အရပ်ဘက်ဗြူရိုရုံးကို ပြန်သွားခဲ့ကြပြန်တယ်။


ကျင်းရန် အနည်းလောက်ဆုံးရှုံးသလိုခံစားနေရတယ်။


“ဒီတော့ အခု ငါ ဘာလုပ်သင့်လဲ”


လူငယ်လေးက သူ့ရဲ့ဖုန်းကိုထုတ်ယူပြီး လက်ထပ်မှတ်ပုံတင်ခြင်းလမ်းညွှန်ကို စစ်ဆေးကြည့်လိုက်တယ်။


“ကျွန်တော်တို့ လက်ထပ်မှတ်ပုံတင်လျှောက်လွှာမှာ အရင်ဖြည့်သင့်တယ်”


လူငယ်လေးက  လှည့်ပတ့ကြည့်လိုက်တယ်။


“လျှောက်လွှာကော်ပီနှစ်စုံသွားယူလိုက်လေ.. ကျွန်တော် ဒီမှာစောင့်နေမယ်”


ကျင်းရန် မကျေမနပ်ဖြစ်သွားရတယ်။


“ဘာလို့ ငါပဲသွားနေရတာလဲ”


လူငယ်လေးက တိုင်ကို မှီလိုက်ပြီး သန်းဝေလာတယ်။


“ကျွန်တော့်ရဲ့ခြေထောက်က ကျိုးထားတာ..  ဆရာဝန်က လမ်းအများကြီး မလျှောက်ဖို့ ပြောထားတယ်”


ကျင်းရန် လှောင်ရယ်လိုက်တယ်။


“ငါကတော့ မင်း အပျင်းထူတာလို့ ထင်တာပဲ”


“အာ”

လူငယ်လေးက ခပ်နိမ့်နိမ့်ပြုံးပြလာတယ်။


“ရှာတွေ့သွားပြီပဲ”


ကျင်းရန် ဆက်ပြီး လှောင်ပြောင်လိုက်တယ်။


“ မင်း ဒီလောက်တောင် ပျင်းရိနေတာ..  လက်မှတ်ရဖို့အတွက် ဘာလို့ လူကိုယ်တိုင်လာနေသေးတာလဲ”


လူငယ်လေးက နောင်တရစွာကြည့်လာတယ်။


“ကျွန်တော်လည်း ကျွန်တော့်နေရာကို အစားထိုးဖို့ တစ်စုံတစ်ယောက်ကို  လိုချင်ခဲ့တာ..  ဒါပေမယ့် လက်မှတ်ရဖို့အတွက် လူကိုယ်တိုင်ရှိနေရမယ်ဆိုတာ ကြားခဲ့လို့ ရောက်လာရတာပဲ”


“…”


အခု လက်ထပ်ပွဲကနေ နှုတ်ထွက်ဖို့အတွက် အရမ်း နောက်ကျသွားပြီလား။  


ကျင်းရန်တစ်ယောက် အခြေအနေကို လက်ခံပြီး ကောင်တာဆီသို့ လျှောက်သွားရုံသာ တတ်နိုင်ခဲ့တယ်။


လက်ထပ်မှတ်ပုံတင်ခြင်း လျှောက်လွှာကို နှစ်ပိုင်းခွဲထားခဲ့တယ်။


ကျင်းရန် သူ့ရဲ့အချက်အလက်တွေကို အမြန်ဖြည့်ပြီး သူ့ရဲ့ဘေးနားမှလူကို လောဆော်လိုက်တယ်။


“မြန်မြန်ရေး.. ပြီးသွားရင် လှဲရအောင်”


လူငယ်လေးက သူ့ရဲ့မျက်လုံးတွေကို မော့ကြည့်လာခဲ့ပေမဲ့ လိပ်အရှိန်ကို ထိန်းထားနေတုန်းပဲ။


ဖောင်ကို အချင်းချင်းလဲလှယ်ရေးသားပြီးနောက် ဝန်ထမ်းထံသို့ အချက်အလက်ဖောင်စာရွက်ကို လွှဲပြောင်းပေးအပ်လိုက်ကြတယ်။ 


ပြီးသွားတော့ သူတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်ခန်းမဆီသို့ သွားခဲ့ရပြီး နံပါတ်ခေါ်လာမဲ့အချိန်ကို စောင့်ဆိုင်းခဲ့ရတယ်။


ခန်းမရဲ့ အလှဆင်ထားမှုက ဖော်ပြရခက်လွန်းတယ်။


နံရံပေါ်မှာ ပန်းခရမ်းရောင်နှင်းဆီတွေရှိနေပြီး “မင်းကို ထာဝရချစ်တယ်” စတဲ့ အချစ်စာလုံးတွေ ရေးထားခဲ့တယ်။


ကျင်းရန်ရဲ့မျက်လုံးတွေက ထိုအရာတွေကို စိုက်ကြည့်ရင်း ပူလောင်လာရတယ်။


ထပ်ပြောရရင် ထိုနံရံပေါ်မှာ “လက်ထပ်ခြင်း ဥပဒေ” ဆီမှ ကောက်နှုတ်ချက်တွေကိုလည်း ကပ်ထားသေးတယ်။


ကျင်းရန် ထိုကောက်နှုတ်ချက်တွေကိုတော့ အနည်းငယ်စိတ်ဝင်စားတာကြောင့် နံရံရှေ့ကိုသွားပြီး ဖတ်ကြည့်လိုက်တယ်။


လူငယ်လေးကတော့ သူ့ရဲ့ဖုန်းကိုသာ ပျင်းရိငြီးငွေ့စွာ ကစားနေပြီး သူ့ရဲ့ ဘေးနားမှာ ထိုင်နေတဲ့စုံတွဲမှ နှစ်ယောက်လုံးက သူ့ကိုအချိန်အကြာကြီး စောင့်ကြည့်နေခဲ့တယ်။ ထို့နောက်မှာ အမျိုးသားက သူ့ရဲ့ဘေးနားကို တိုးကပ်လာကာ မေးလာခဲ့တယ်။


“သူငယ်ချင်းလေး.. မင်းလည်း လက်မှတ်ယူဖို့ ရောက်လာတာလား” 


လူငယ်လေးက သူ့ရဲ့ဖုန်းကို ပြန်ချရင်း ဖြေလိုက်တယ်။


“အမ်”


အမျိုးသမီးက ပြုံးပြီးပြောလာတယ်။


“ရှောင်တိက  အရမ်းချောမောတာဆိုတော့ မင်းရဲ့ဇနီးလေးကလည်း အရမ်းကိုလှရမယ်.. ဟုတ်တယ်မလား? ငါတို့ ဘာလို့ သူမကိုမမြင်ရတာလဲ? သန့်စင်ခန်းကို သွားနေတာလား?”


လူငယ်လေးကလေးက “လက်ထပ်ခြင်းဥပဒေ”ကို အာရုံစိုက်လေ့လာနေတဲ့ ကျင်းရန်ဆီသို့  လက်ညှိုးထိုးပြလိုက်တယ်။


“အဲဒီမှာ”


တစ်ဖက်မှ အမျိုးသားက ထိတ်လန့်သွားခဲ့တယ်။


“ဖာ့ခ်__”


အမျိုးသမီးက ခင်ပွန်းဖြစ်သူကို စိုက်ကြည့်ရင်း :


“9012 ကိုတောင် ရောက်နေပြီ.. လိင်တူလက်ထပ်တာက ဘာဖြစ်နေလို့လဲ”


(T/n _ တိုက်ရိုက် ကိုးထောင်ကျော်မဟုတ်ပါဘူး အင်တာနက်ဗန်းစကားလို  ပြောင်းပြန်ပြောတာ ဖြစ်နိုင်ပါတယ်)


ထို့နောက် သူမက လူငယ်လေးကို ချိုသာစွာ ပြုံးပြပြီး ဆက်ပြောလာတယ်။


“ရှောင်တိ.. မင်းရဲ့ဇနီးလေးကလည်း လုံးဝကိုချောမောလွန်းတယ်..   မင်းက အရမ်းမိုက်တာပဲ!”


လူငယ်လေးက သူ့နှုတ်ခမ်းတွေကို ဖိလိုက်ပြီး ပြုံးလာခဲ့တယ်။


“ကျွန်တော်လည်း ဒီလိုပဲထင်တယ်”


ထိုအချိန်မှာပဲ အသံလွှင့်စက်ဆီမှကြေငြာချက်ထွက်ပေါ်လာခဲ့တယ်။


“ဧည့်သည်အမှတ် (၉၉) .. မင်းတို့ရဲ့ အလှည့်ရောက်ပြီဖြစ်လို့ မှတ်ပုံတင်ရုံးအမှတ် (၉) သို့ သွားပေးပါ”


လူငယ်လေးက သူ့လက်ထဲက နံပါတ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။


“ကျင်းရန်”


ကျင်းရန်က ခံစားချက်ဆိုးရွားစွာနဲ့ပြောလာတယ်။


  “ဘာလုပ်မလို့လဲ”


“အလှည့်ရောက်ပြီ”


မှတ်ပုံတင်ရုံးတစ်ခုစီက သီးခြားအခန်းတစ်ခုထဲမှာဖြစ်ပြီး ကျင်းရန်ကတော့ ထိုအခန်းထဲကို ဝမ်းနည်းပူဆွေးစွာ ဝင်လာခဲ့ရတယ်။


သူ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်လက်ထပ်ခဲ့ရပြီ။ သူဒါကို အသိအမှတ်ပြုရမယ်။


ဝန်ထမ်းတွေက သူတို့ရဲ့ အချက်အလက်တွေကို ထပ်မံစစ်ဆေးခဲ့ကာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လေးလေးနက်နက်နဲ့ မေးမြန်းလာတယ်။


“မင်းတို့ရဲ့ ဆန္ဒအလျောက် လက်ထပ်မှာလား” 


လူငယ်လေး: “ဟုတ်ပါတယ်”


ဝန်ထမ်းတွေက ကျင်းရန်ဘက်ကို လှည့်ကြည့်လာတယ်။


ကျင်းရန် : “...ဟုတ်ပါတယ်”


ဝန်ထမ်းက ခေါင်းညိတ်ပြပြီး စာအုပ်နှစ်အုပ် ပေးလာတယ်။ 


“ကတိသစ္စာကို အတူတူဖတ်ပေးပါ


ကျင်းရန် စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်တော့ နိုင်ငံတော်အလံနှင့် နိုင်ငံတော်အမှတ်အသားကို တွေ့လိုက်ရပြီး သူ့အနေနဲ့ အလွန် လေးနက်သော အရာတစ်ခုကို လုပ်နေရသလိုမျိုး ရုတ်တရက် ခံစားလိုက်ရကာ နောက်ကျောကို ဖြောင့်တန်းလိုက်မိတယ်။


ဝန်ထမ်း: “နှစ်ယောက်လုံး စလိုက်ကြရအောင်”


ကျင်းရန်နှင့် လူငယ်လေးက တစ်ချိန်တည်းမှာပဲ ရွက်ဆိုခဲ့ကြတယ်။


“ကျွန်ုပ်တို့သည် မိမိ၏ သဘောဆန္ဒအလျောက် ဇနီးမောင်နှံအကြင်လင်မယားများဖြစ်လာခြင်း ဖြစ်သည်.. ယနေ့မှစ၍ ကျွန်ုပ်တို့သည် ဤအိမ်ထောင်ရေးအတွက် တာဝန်နှင့် ဝတ္တရားများကို အတူတကွ ကျေပွန်အောင် ထမ်းဆောင်ကြမည်ဖြစ်သည်..


တစ်ယောက်ကိုတစ်ယောက် လေးစားချစ်ခင်မှုရှိပြီး တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု အားပေးကာ အပြန်အလှန် ညှိနှိုင်းတိုင်ပင်ဆွေးနွေးကာ တစ်ယောက်ကိုတစ်ယောက် တစ်သက်လုံး ချစ်ခင်မြတ်နိုးမည်ဖနစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်”


ကျင်းရန်တစ်ယောက် စာဖတ်ပြီးနောက် မျက်နှာတွေ ထူပူလာရတယ်။


ဒါတွေအားလုံးက ဘယ်အကြောင်းအရာတွေလဲဟ!


ဝန်ထမ်းတွေက ပြုံးလိုက်ကြပြီး  မကြာသေးမီက ရိုက်ထားခဲ့တဲ့ လက်ထပ်ဓာတ်ပုံကို လက်ထပ်မှတ်ပုံတင်လက်မှတ်တွေမှာ ကပ်ပေးလိုက်ကြကာ အပေါ်မှ အထူးတံဆိပ်တုံးကို တံဆိပ်ရိုက်နှိပ်လိုက်ကြတယ်။


“အခုကစပြီး နှစ်ယောက်သားက တရားဝင် ဇနီးမောင်နှံတွေဖြစ်သွားပါပြီ .. ဂုဏ်ပြုပါတယ်!”


ကျင်းရန် လက်ထပ်ဓာတ်ပုံစာအုပ်ကို ယူကာ တစ်ချက်လောက်တောင်မကြည့်တော့ဘဲ အိတ်ကပ်ထဲသို့ တိုက်ရိုက်ထိုးထည့်လိုက်တယ်။


လက်ထပ်မှတ်ပုံတင်ခန်းမထဲက ထွက်လာပြီးနောက်မှာတော့ ကျင်းရန်ရဲ့ မျက်နှာပေါ်မှ ပူလောင်မှုတွေက မှေးမှိန်သွားခဲ့ပြီ။


လူငယ်လေးကတော့ သူ့ထက် နှေးကွေးစွာ လမ်းလျှောက်ခဲ့တယ်။ သူက လမ်းလျှောက်နေရင်းနှင့် လက်ထပ်မှတ်ပုံတင်စာအုပ် ငုံ့ကြည့်နေခဲ့တယ်။ သူ့ရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက ငိုက်စိုက်ကျနေခဲ့ပြီး ဖြောင့်တန်းတဲ့ နှာတံကတော့ ထင်ရှားစွာ ပေါ်လွင်နေခဲ့တယ်။


အခုအချိန်ကစပြီး ထိုလူက သူ့ရဲ့ တရားဝင် အိမ်ထောင်ဖက်ဖြစ်သွားခဲ့ပြီ။


ဒါပေမယ့် ကျင်းရန် သူ့နာမည်ကိုတောင် မသိသေးဘူး။


“ဟေး မင်းနာမည်ဘယ်လိုခေါ်လဲ”


ကျင်းရန် မေးမြန်းပြီးနောက် သူ့ဘာသာသူ ရယ်မောလိုက်မိတယ်။


သူက အရပ်ဘက်ဗျူရိုထဲကထွက်လာပြီးမှ ခင်ပွန်းဖြစ်သူရဲ့ နာမည်ကို မေးမြန်းခဲ့တယ်။ တိုင်းပြည်တစ်ခုလုံးကို ရှာကြည့်မယ်ဆိုရင်တောင်  ဒီလို ဝမ်းနည်းစရာကောင်းတဲ့ကိစ္စမျိုးကို သူတစ်ယောက်သာ လုပ်နိုင်လိမ့်မယ်။


လူငယ်လေးက သူ့ရဲ့မျက်ခွံတွေကို အနည်းငယ်ပင့်မ,လာတယ်။


“ကိုယ့်ဘာသာကိုယ်  ကြည့်လိုက်လေ”


“…”


ကျင်းရန် လက်ထပ်မှတ်ပုံတင်စာအုပ်ကို ထုတ်ယူလိုက်ပြီး အလယ်စာမျက်နှာသို့ တိုက်ရိုက်လှန်ကာ လူငယ်လေးရဲ့ အချက်အလက်ကို တစ်ချက်ကြည့်လိုက်တယ်။


အမည်- ရန်ချင်းလင်


လိင်: အမျိုးသား


နိုင်ငံသား : တရုတ်


မွေးသက္ကရာဇ် 200...


ကျင်းရန် အံသြသွားခဲ့တယ်။


ဒီရန်ချင်းလင်က သူ့ထက်တစ်နှစ်ငယ်ပြီး တရားဝင်အသက်အရွယ်ကို ကျော်လွန်ရုံပဲရှိနေသေးတယ်။


ကျင်းရန်ရဲ့ ခံစားချက်တွေရှုပ်ထွေးသွားရတယ်။


“မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေပြီးရုံပဲ ရှိသေးတာလား”


ရန်ချင်းလင် ခေါင်းညိတ်ပြလာတယ်။


“အမ်”


ကျင်းရန်က ဒီလိုအချိန်မျိုးကို အခွင့်ကောင်းယူဖို့ မမေ့လေဘူး။


“ဒါဆို မင်းငါ့ကို ကောကောလို့ ခေါ်ရမှာပေါ့”


ရန်ချင်းလင်ရဲ့ ပါးစပ်ထောင့်တွေက ကွေးညွတ်သွားခဲ့တယ်။


“လောင်ကုန်းလို့ ဖြစ်သင့်တာ မဟုတ်ဘူးလား”


ကျင်းရန်ရဲ့လျော့ပါးသွားတဲ့ ပူလောင်မှုတွေက နောက်တစ်ကြိမ်ပြန်တက်လာခဲ့ပြန်တယ်။


“ဟောင်မနေစမ်းနဲ့!”


ရန်ချင်းလင်:”အိုး~”


သူက လျှင်မြန်စွာ ပြောလာတယ်။


“ဒါဆို .. ကျင်းရန်.. ကောကော?”


ကျင်းရန်  သုံးစက္ကန့်ကြာအောင် မင်သက်နေခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။


“မင်းက တော်တော်လေး ဟိတ်ဟန်များလွန်းတယ်”


ရန်ချင်းလင်က အလွန်နှိမ့်ချစွာပြောလာတယ်: 


“အဆင်ပြေရုံလောက်ပါပဲ”