Ch 4
Viewers 3k

4: ရွှယ်ကျန်း


လူနှစ်ယောက်ရဲ့ စကားအကြောင်းအရာတွေက တူညီတဲ့ ချန်နယ်ထဲမှာ ရှိမနေခဲ့ဘူး။ သို့ပေမယ့် မမျှော်လင့်ဘဲ လိုက်ဖက်ညီစွာရှိနေကြပြန်တယ်။


ထိုဖုန်းက ရုတ်တရက်တုန်ခါသွားပြီး သူတို့ အိပ်ဆောင်ဂရုဆီသို့ စာတွေဝင်လာခဲ့တယ်။


ဂရုနာမည်- [ လောဘကြီးလွန်းတဲ့ အဖွဲ့]


ကျိယွမ်ရှီး: ခွေးလေး.. မင်းရဲ့ခွေးခြေထောက်က ဘယ်လိုနေသေးလဲ။ [မချိုမချဥ် အပြုံး:jpg]


ရှန်ကျစ်ရှောင်း: ဘာမှ လာပြောမနေစမ်းနဲ့.. ဒီကိစ္စက မင်းတို့တွေ လေတိုက်ရလောက်တဲ့အထိ ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူး


ခယ့်ယန်: ရှန်ကျစ်ရှောင်းရဲ့ခြေထောက်က ဘာဖြစ်သွားတာလဲ


ကျိယွမ်ရှီး: သူ့ရဲ့ခြေထောက်က ရန်ရန်ဆီမှာ တက်နင်းခံလိုက်ရတယ်လေ.. ဘယ်သူက ပြသနာကြီးရှိနေတာလဲဆိုတာ မင်း မြင်နိုင်လား


ခယ့်ယန်: အိုး..အိုး


ကျိယွမ်ရှီး: ရှိနေလား 【စုံစမ်း】


ကျင်းရန်: ပြော..မင်းရဲ့ပါးပါး နားထောင်နေတယ်


ကျိယွမ်ရှီး: ငါ့ရဲ့ဇနီးလေးက အခုပဲ ပြောခဲ့တယ်.. ကျောင်းမြက်စိမ်းလေးအတွက် မဲပေးတာ ပြန်ဖွင့်ရင် ငါတို့ အတန်းထဲက မိန်းကလေးတွေအကုန်လုံး မင်းကို ထောက်ပံ့ပေးလိမ့်မယ်တဲ့


ရှန်ကျစ်ရှောင်း : ဝိုး~ ပျော်ရွှင်စရာ ပွဲတော်ပဲ


ကျိယွမ်ရှီး : ဒါဆို အားတင်းထားဦး.. ငါတို့ အနိုင်ယူနိုင်တယ်!


ကျင်းယွင်: [မင်းက အရူးမဟုတ်လား: jpg]


ရှန်ကျစ်ရှောင်းက သူ့ရဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိပ်ယာထဲသို့ ဝင်သွားခဲ့တယ်။


“ကျင်းရန် ငါ့အတွက် နေ့လည်စာ ယူလာဖို့ မမေ့နဲ့ “


ကျင်းရန် တစ်ဖက်ကို ငုံ့ကြည့်လိုက်တယ်။


ရှန်ကျစ်ရှောင်းက ယုံကြည်ချက်ရှိစွာပြောလာတယ်။


“ဒီလိုဆိုရင် ငါ့ရဲ့ ခြေထောက်အတွက် အဆင်မပြေနိုင်ဘူးလား”


ရှန်ကျစ်ရှောင်းရဲ့ ရောဂါမရှိဘဲ ညည်းတွားနေတဲ့ အကျင့်စရိုက်ကိုမြင်တော့ ကျင်းရန်တစ်ယောက် ရန်ချင်းလင်ကို တွေးတောမိသွားခဲ့တယ်။ အစပိုင်းမှာတုန်းက ရန်ချင်းလင်က သူ့ကို လှည့်စားပြီးခေါ်ခဲ့ကာ လက်မှတ်ယူဖို့အတွက် ပေကျင်းသို့ လာခိုင်းခဲ့တယ်လေ။


ကျင်းရန် ဖုန်းကို အိတ်ကပ်ထဲသို့ ထည့်ကာ မတ်တပ်ရပ်လိုက်တယ်။


“ထွက်သွားစမ်း”


ကျင်းရန် အိပ်ခန်းနှင့် အနီးဆုံးမှာရှိတဲ့ကန်တင်းကို သွားခဲ့တယ်။


သူ အထဲသို့မဝင်ခင်မှာ အသံက သိပ်ပြီး မမှန်သလိုခံစားရပြီး ဆူညံလွန်းတယ်လို့ တွေးလိုက်မိတယ်။ သူ အထဲကို ဝင်လိုက်တာနဲ့ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြောင့် ချက်ချင်းပဲ မျက်စိကွယ်သွားတော့မလိုပဲ။


ကျင်းရန် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ကောင်းမွန်သပ်ရပ်တဲ့ ယူနီဖောင်းကိုတောင် မ၀တ်ထားခဲ့ဘူး။


သူနဲ့မထိုက်တန်ပါဘူး။ သူက ဒီအချိန်မှာ ကန်တင်းမှာ ပေါ်ထွက်လာဖို့ မထိုက်တန်ဘူး။ အခုလေးတင် စစ်ရေးလေ့ကျင့်မှုပြီးသွားတဲ့ ဂျူနီယာလေးတွေဆီကနေ အစားအသောက်လုမယူသင့်ဘူး။


ကျင်းရန် အပြင်သို့ထွက်စားရန် စဉ်းစားနေချိန်မှာ ထန်ထန်အမည်ရှိတဲ့ အတန်းတူ ကောင်မလေးဆီမှာ အတားခံလိုက်ရတယ်။


“ကျင်းရန် နင်လည်း ဒီမှာလာစားတာလား”


“ဟုတ်တယ်” 


ကျင်းရန် ပြုံးပြီး ပြောလိုက်တယ်။


“လူတွေအများကြီး ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး”


“ ကျောင်းသားသစ်တွေက စစ်ရေးလေ့ကျင့်မှုလုပ်နေကြတာကိုး” 


ထန်ထန်က အနည်းငယ် ရှက်ရွံ့စွာနဲ့ပြောလာတယ်။


“အမ်.. နင် ငါနှင့်အတူတူ အပြင်ကိုထွက်စားချင်လား”


ကျန်းရန် ခဏလောက်စဉ်းစားပြီး ပြောလိုက်တယ်။


“အဆင်ပြေပါတယ်.. ဒါပေမယ့် ငါ့အခန်းဖော်က ငါ သူ့အတွက် အစားအသောက်ယူလာမှာကို စောင့်နေတယ်၊ ဒါကြောင့် ပြန်ထုပ်ပိုးသွားရလိမ့်မယ်”


“အာ အဆင်ပြေပါတယ်” 


ထန်ထန် ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့လိုက်ပြီး ကျင်းရန်နဲ့ အခုလိုအကွာအဝေးကနေ လမ်းလျှောက်ရတာကလည်း မဆိုးဘူးလို့ တွေးလိုက်တယ်။


သူတို့နှစ်ယောက် ကျောင်းထဲမှ အတူ ထွက်လာကြတယ်။ နေ့လယ်စာစားချိန်အတွင်းမှာ တက္ကသိုလ်ကျောင်းဝင်းက အလွန်အသက်ဝင်နေခဲ့ပြီး လမ်းတစ်လျှောက်လုံး အသိမိတ်ဆွေတွေနှင့် ဝင်တိုးမိခဲ့တယ်။


ထို “မြေခွေးနှင့် ခွေးလို သူငယ်ချင်း” တွေက ကျင်းရန် လှပတဲ့မိန်းကလေးတစ်ဦးနှင့်အတူ လျှောက်လာနေတာကို တွေ့လိုက်ကြတော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ အတင်းအဖျင်းပြောလိုတဲ့အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ပြီး ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ နှုတ်ဆက်လာကြတယ်။


ထန်ထန်က သိသိသာသာကို စိတ်လှုပ်ရှားနေခဲ့ပြီး သူတို့ရဲ့စကားတွေကြောင့် လန့်သွားပုံရတယ်။ ကျင်းရန် သူမနှင့် လုံခြုံတဲ့ အကွာအဝေးအထိ ခြားထားလိုက်ပြီး ပရော်ဖက်ရှင်နယ် အတန်းတွေရဲ့အကြောင်းကို ပြောကာ သူမကို စိတ်ပြေလျော့သွားစေခဲ့တယ်။


“မင်း ဘာစားချင်လဲ?” 


ကျင်းရန် မေးလိုက်တယ်။


“အာ.. ငါ့ဘာသာ လုပ်နိုင်ပါတယ်.. နင် ကိုယ်စားချင်တာကိုပဲ ကြည့်လေ”


ကျင်းရန် ဟော့ပေါ့အစပ်အစုံလိုက်ကို ပေါ့ပေါ့တန်တန် ညွှန်ပြလိုက်တယ်။


“ငါက ဒါကို မှာလိုက်မယ်”


ထန်ထန်က ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြလာတယ်။


“ကောင်းပြီ”


ကျင်းရန် မီနူးကို တစ်ချက်ကြည့်လိုက်တယ်။


“တစ်ယောက်စာ ဟော့ပေါ့အစပ် နှစ်ပွဲယူမယ်.. တစ်ပွဲက ထုံထုံစပ်စပ်နဲ့၊ တစ်ပွဲက အစပ်မပါပဲ ထုံတာပဲထည့်မယ်” 


ထို့နောက် သူက ထုန်ထုန်ဘက်ကို လှည့်ပြီး မေးလိုက်တယ်။


“မင်းရော ဘယ်လိုလဲ”


ထန်ထန်က အစားအသောက်ကို မှာယူပြီးနောက် ကျင်းရန် ဘေလ်ကို စုပေါင်းပြီး ရှင်းပေးလိုက်တယ်။ ထို့နောက် ဘေးနားမှာရှိတဲ့ ဆိုင်မှ နို့လက်ဖက်ရည် သုံးခွက်ဝယ်ပြီး တစ်ခွက်ကို ထုန်ထုန်ဆီသို့ ပေးလိုက်တယ်။


“ကျေးဇူးတင်ပါတယ် ကျင်းရန်”


ထန်ထန်က ပြုံးပြီး ပြောလာတယ်။


“နောက်တစ်ခါ ငါ နင့်ကို ဖိတ်ကျွေးမယ်”


ကျင်းရန် “မလိုပါဘူး” လို့ မပြောရသေးခင်မှာဘဲ သူ့ရဲ့နောက်မှ လူငယ်တစ်ယောက်ရဲ့ ရှင်းလင်းတဲ့စကားသံက ထွက်လာခဲ့တယ်။


“တဆိတ်လောက်ပါ-“


ထိုအသံက ကျင်းရန်ကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပြီး နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်လိုက်မိကာ တစ်ဖက်လူရဲ့ ရင်ဘတ်ကို တိုက်မိသွားခဲ့တယ်။


ထန်ထန်က သူ့ကိုမြင်တော့ မျက်လုံးတွေ ရိုင်းစက်သွားခဲ့တယ်။


“ဟေး အဲဒါ နင်ပဲမဟုတ်လား...”


ကျင်းရန် ခေါင်းကို တောင့်ခဲစွာ လှည့်လိုက်တယ်။


ငါ_ိုး!


တကယ်ကြီး သူ့ရဲ့အိမ်ထောင်ဖက်ဖြစ်နေတာပဲ။


ရန်ချင်းလင်က စစ်ယူနီဖောင်းကို ၀တ်ဆင်ထားပြီး အကြမ်းထည်ဆန်ပြီး စျေးပေါတဲ့ ဝတ်စုံက သူ့ရဲ့ကိုယ်ပေါ်မှာတော့ ဖက်ရှင်ကျစွာရှိနေပြီး ထိုဝတ်စုံကို ဖန်တီးသူတွေကိုတောင် အံ့အားသင့်စေလိမ့်မယ်။


ချွေးတွေထွက်နေတာကြောင့် ဖြစ်နိုင်တယ်။ သူ့ရဲ့နဖူးပေါ်ရှိ ဆံစလေးတွေက အနည်းငယ် စိုစွတ်နေခဲ့ပြီး သူ့ရဲ့မျက်တောင်ရှည်ရှည်တို့ရဲ့အပေါ်မှာ ဝဲခိုပြီး တင်နေခဲ့တယ်။


နေ့ခင်းဘက် အလင်းရောင်ရဲ့အောက်မှာ သူ့ရဲ့မျက်နှာပေါ်မှ ဘယ်လို အပြစ်အနာအဆာ အရိပ်အယောင်ကိုမှ မမြင်နိုင်သလို သူ့အသားအရေကလည်း မိန်းကလေးထက်တောင်မှ နူးညံ့ချောမွတ်နေခဲ့ပေမဲ့ မိန်းမဆန်တဲ့အရိပ်မျိုး အနည်းငယ်လောက်တောင် မမြင်ရဘူး။


“ရွှယ်ကျဲ ..ဒီဆိုင်က နို့လက်ဖက်ရည်က ဘယ်အရသာ ပိုကောင်းလဲ” 


ရန်ချင်းလင်က ထန်ထန်ဆီကို ယဉ်ကျေးစွာ မေးလာတယ်။


“ကျွန်တော်က ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာမို့လို့ပါ”


ထန်ထန်က သူ့ရဲ့မျက်နှာကို ကြည့်ပြီး စက္ကန့်အတော်ကြာအောင် အံ့အားသင့်နေခဲ့ပြီးမှ ပြောလာတယ်။


“မင်း အချိုကြိုက်လား?”


“ကြိုက်တယ်”


“ဒါဆို မင်း နို့ဆန်းထားတဲ့ ‘ ယွီယွီသစ်ခွ’ ကို စမ်းကြည့်နိုင်တယ်.. အဲဒါက အရမ်းအရသာရှိတယ်”


ရန်ချင်းလင်က နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးပြီးပြောလာတယ်။


“ကျေးဇူးတင်ပါတယ် ရွှယ်ကျဲ”


ကျင်းရန် တိတ်တဆိတ်နဲ့ ဘေးဘက်ကို ဆုတ်ခွာသွားပြီး ခေါင်းငုံ့ရင်း ဖုန်းကို ဆော့ကစားနေကာ သူ ဒီနေရာမှာမရှိသလို ဟန်ဆောင်နေလိုက်တယ်။


ရှောင်တိတိရဲ့ ရုပ်ရည်က ချောမောပေမဲ့လည်း ထန်ထန်ရဲ့ နှလုံးသားက တခြားတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် သူ့ရဲ့ရှေ့မှာ ကျင်းရန်တုန်းကလိုမျိုး စိတ်မလှုပ်ရှားနေခဲ့ဘူး။


“ရွှယ်တိ.. ငါ ကျောင်းဖိုရမ်မှာ မင်းရဲ့ဓာတ်ပုံကို မြင်ဖူးတယ်.. မင်းလည်း network အင်ဂျင်နီယာ အဖြစ် မေဂျာယူထားတာပဲ ဟုတ်တယ်မလား”


“ရွှယ်ကျဲရောလား?”


ထန်ထန်က ပြုံးပြီး ပြောခဲ့တယ်။


“ဟုတ်တယ် ငါတို့က မင်းထက် တစ်တန်းပိုကြီးတယ်လေ”


ရန်ချင်းလင် မျက်ခုံးပင့်လိုက်ပြီး :


“ငါတို့?”


“အင်းလေ” 


ထန်ထန်က လှည့်ကြည့်လိုက်တယ်။


“အိုး.. ကျင်းရန် ဘယ်ကိုရောက်သွားတာလဲ၊ ခုနတုန်းက ဒီမှာပဲရှိသေးတယ်လေ”


“ဒီမှာ” 


ကျင်းရန်က သူ့ရဲ့လက်တွေကို အိတ်ကပ်ထဲသို့ထည့်ကာ ခေါင်းကို အနည်းငယ်မော့ကြည့်ပြီး ရန်ချင်းလင်ဆီကို သတ်ဖြတ်လိုစိတ်အပြည့်ပါတဲ့ မျက်လုံးတွေနှင့် ကြည့်ကာ ရန်ချင်းလင်ကိုပြောနေခဲ့တယ်__ မင်းသာ ဟောင်ရဲရင် ငါမုဆိုးဖို လုပ်ပစ်မယ်!


ရန်ချင်းလင် ရယ်မောလိုက်တယ်။


“ဟဲလို-“


ကျင်းရန်က လက်သီးတွေကို ဆုပ်ထားပြီး တစ်ဖက်လူရဲ့ပါးစပ်ကို သူ့ရဲ့လက်သီးတွေနဲ့ ပိတ်ဆို့ဖို့ အသင့်ဖြစ်နေပြီ။


ရန်ချင်းလင်ရဲ့ မျက်လုံးတွေက နေရောင်ခြည်အောက်တွင် အထူးတောက်ပပြီး ဆွဲဆောင်မှု ရှိလွန်းနေခဲ့တယ်။


“_ ရွှယ်ကျန်း”


ကျင်းရန်ရဲ့နှလုံးသားက သူ့ရဲ့လည်ချောင်းထဲသို့ ပြန်ကျသွားတယ်။ ဒီရန်မျိုးရိုးက လုံးဝမျှော်လင့်ချက်ကင်းမဲ့နေတာတော့ မဟုတ်သေးတဲ့ပုံပဲ။


ကျင်းရန်က နှုတ်ဆက်စကားကို အေးစက်စွာ ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်တယ်။


ရန်ချင်းလင်က သူ့ကို အပြုံးတစ်ခုနဲ့ ကြည့်လာခဲ့တယ်။


“စကားမစပ် ရွှယ်ကျန်း အုပ်ချုပ်ရေးအဆောက်အအုံကို ဘယ်လိုသွားရမလဲဆိုတာ သိလား.. ကျောင်းအတိုင်ပင်ခံက ကျွန်တော့်ကိုသွားခိုင်းပေမဲ့ ကျွန်တော် နေရာမသိဘူးဖြစ်နေလို့”


ကျင်းရန် ခဏလောက်တွေးလိုက်တယ်။


“အဲဒီဘက်မှာ.. ငါ မင်းနဲ့ လိုက်ခဲ့ပေးမယ်”


သူ့အနေနဲ့ ဒီအခွင့်အရေးကို ယူပြီး ရန်ချင်းလင်နှင့် ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောရမယ်။ အနည်းဆုံး သူ့ကို ပိုးဖလံလိုမျိုး ကိုယ်ကိုယ်ကိုယ် ပြသနာမရှိဖို့ ပြောရမယ်။


ရန်ချင်းလင်က မြှောက်ပင့်လိုတဲ့ အကြည့်နဲ့ ပြောလာတယ်။


“ဒါဆို ရွှယ်ကျန်းကို ကျေးဇူးတင်ပါတယ်”


ထန်ထန်: “ငါလည်း အတူလိုက်ခဲ့မယ်လေ”


“မိန်းကလေးတွေရဲ့ အိပ်ဆောင်က ဝေးလွန်းတယ်.. မင်းပြန်သွားသင့်ပြီ”


ကျင်းရန် သူမရဲ့ လက်ထဲမှ ပါဆယ်ထုပ်ကို လက်ညိုးထိုးပြလိုက်တယ်။


“မဟုတ်ရင် အစားအစာတွေက အေးသွားလိမ့်မယ်”


ထန်ထန် စိတ်ပျက်သွားခဲ့တယ်။ သို့ပေမဲ့ ပြန်တွေးကြည့်လိုက်တော့ တကယ်လို့ သူမသာ ကျောင်းထဲမှ အချောဆုံးကောင်လေးနှစ်ယောက်နဲ့ အတူလမ်းလျှောက်နေမယ်ဆိုရင် အဝတ်အစားကတော့ လှပစွာ ဝတ်ဆင်ထားတာကြောင့် ကိစ္စမရှိပေမဲ့ လက်ထဲမှာ ဟော့ပေါ့အစပ်ထုပ်ကိုဆွဲပြီး သွားနေမယ်ဆိုရင်... ကောင်းပြီ။ နောက်တစ်ကြိမ်ကျမှ ကြိုးစားကြည့်ကြကြတာပေါ့။


“ဒါဆို ငါအရင်သွားနှင့်လိုက်တော့မယ်နော်”


ထန်ထန်က သူတို့ကို နှုတ်ဆက်ပြီး အပြုံးတစ်ခုနဲ့ ဆက်ပြောလိုက်တယ်။


“ကျင်းရန်.. နေ့လည်မှတွေ့မယ်နော်~”


အမျိုးသမီးရဲ့ ဆံပင်နှင့်ခါး နောက်ဘက်ကိုကြည့်ရင်း ရန်ချင်းလင်က ပြောလာတယ်။


“နေ့လည်မှာတွေ့ဦးမယ်တဲ့လား”


ကျင်းရန် နားမလည်နိုင်စွာနဲ့ ပြောပြောလိုက်တယ်။


“နေ့လည်ကျရင် ပရော်ဖက်ရှင်နယ်အတန်းတွေရှိတယ်လေ.. ငါတို့ တွေ့ရဦးမှာပဲ”


ရန်ချင်းလင်က ဖြည်းညင်းစွာပြောလာတယ်။


“အိုး~” 


“မင်း”


ကျင်းရန် သူ့ရဲ့မေးစေ့ကို မော့လိုက်တယ်။


“ငါ့နောက်ကိုလိုက်ခဲ့”


ရန်ချင်းလင် နာခံမှုရှိစွာနဲ့ သဘောတူလာတယ် ။


“အိုကေ ရွှယ်ကျန်း”


ကျင်းရန် မျက်မှောင်ကြုတ်လိုက်မိတယ်။


ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလားဆိုတာကိုတော့ မသိဘူး။ ရန်ချင်းလင်က သူ့ကို အရင်တုန်းက “ကောကော”ဒါမှမဟုတ် “လောင်ကုန်း” လိုခေါ်ခဲ့တာက သေချာပေါက် စနောက်ဖို့အတွက်ပဲဆိုတာ သိသာလွန်းတယ်။ နောက်ဆုံးမှာ သူက ပုံမှန်ဆန်တဲ့ နာမည်ကို ပြောင်းပြီးခေါ်လာချိန်မှာ သူ့ရဲ့ ပါးစပ်ကထွက်လာတဲ့အသံကလည်း ထူးဆန်းသလို ခံစားရပြန်တယ်။


ကျင်းရန်အနေနဲ့ ဘာမှားနေတာလဲဆိုတာကိုတော့မပြောတတ်ဘူး။ ဒါပေမယ့် ဒါက သူ ထန်ထန်ကို “ရွှယ်ကျဲ”လို့ခေါ်တဲ့လေသံနဲ့ ကွာခြားနေတာတော့ သေချာတယ်။


တကယ့် အဆိပ်လိုကောင်ပဲ။


Note_


ရွှယ်ကျန်း : စီနီယာအစ်ကို


ရွှယ်ကျဲ: စီနီယာအစ်မ


ရွှယ်တိ: ဂျူနီယာ ညီ/မောင်လေး


**