Ch 5
Viewers 3k

5: ကျောင်း စဖွင့်ပြီ


ကျင်းရန်: ? ? ?


ထူးထူးဆန်းဆန်း တစ်ခုခုဝင်လာသလိုပဲ။


ကျင်းရန်  ဒေါသထွက်လွန်းလို့ သွားကိုက်ဝေဒနာကိုပါ ခံစားလာရတယ်။ သူ ဒါကို ဘယ်လို အသေစေနိုင်ဆုံးသောအရာနဲ့ တုံ့ပြန်ရမလဲဆိုတာ စဉ်းစားနေစဥ်မှာပဲ နောက်ထပ်ပြန်စာတစ်ခုကို ရုတ်တရက်တွေ့လိုက်ရလေတယ်။


ဘော့စ်မားမားမှ R. ကိုစာပြန်ထားပါတယ်:[ သေချာတာပေါ့ ငါနဲ့တူလို့ ခြေတံတွေရှည်နေတာလေ.. ဟားဟား.. ချင်းလင် မင်းတို့တွေ ထိုင်းမှာပျော်နေကြတာလား]


ကျင်းရန် အသက်ပြင်းပြင်းရှူလိုက်မိတယ်။ သူ မေ့သွားတော့မလို့။ သူ့အမေဆီမှာ ရန်ချင်းလင်ရဲ့ WeChat အကောင့်ရှိနေတာပဲ!


အခြေအနေ ပိုဆိုးမလာခင် ကျင်းရန် ရန်ချင်းလင်ကို သူ့ဝီချက်ရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှ  ပြတ်ပြတ်သားသား ဘလော့လိုက်တော့တယ်။


ကျင်းရန် ပြုံးလိုက်တယ်။ အရမ်းကောင်းတယ်။ အခု ကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်သွားပြီ။


WeChat ရဲ့အချက်ပြသံတစ်ခုက ထွက်ပေါ်လာတာကြောင့် ကျင်းရန် အပြုံးတစ်ဝက်တစ်ပျက်နဲ့ မက်ဆေ့ချ်ကို နှိပ်ကြည့်လိုက်တယ်။


.R : [ဒါဆို ကျွန်တော်တို့ ဟန်းနီးမွန်း ထွက်နေကြတာလား?]


.R: [ ကျွန်တော် ဘာလို့ ဒါကိုမသိလိုက်ရတာလဲ 【ပြုံး】]


ဒီပြုံးရယ်နေတဲ့မျက်နှာပုံစံက ကျင်းရန်ကို တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်စိတ်တွေဖြစ်ပေါ်စေတယ်။


ကျင်းရန်ရန်ရန် : [ဒါဆို မင်းအခု သိသွားပြီလား 【ပြုံး】]


ကျင်းရန်ရန်ရန်: [ မင်းရဲ့ပါးစပ်ကို ဂရုစိုက်.. ငါ့အမေကို အဓိပ္ပါယ်မရှိတဲ့စကားတွေပြောမနေနဲ့..  မဟုတ်ရင်တော့ [ဓား] ]


.R:[ [ဘော့စ်ကို လက်ဖက်ရည်ငဲ့ပေး.jpg] 

ဒါပေမယ့် မင်းရဲ့အမေက ဟန်းနီးမွန်းမှာ ဘာတွေလုပ်မလဲလို့ မေးနေတယ်]


ကျင်းရန်ရန်ရန်:[ မင်းသေချင်ယောင်ဆောင်နေလိုက်ရင်ရော?]


.R: [သူမက အကြီးအကဲတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ရဲ့ယောက္ခမလည်းဖြစ်နေသေးတယ်လေ.. သူ့ကို လျစ်လျူရှုလိုက်လို့ အဆင်မပြေဘူး]


ကျင်းရန် ထို “ယောက္ခမ” ဆိုတဲ့ စကားကို စိုက်ကြည့်ပြီး ဖုန်းကိုပစ်ချလိုက်လုနီးပါးပဲ။


ဒီရန်ချင်းလင်က ခွေးတစ်ကောင်လိုပဲ။  သူ့ရဲ့ အကျင့်စရိုက်က ဘာလို့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေရတာလဲ!


ကျင်းရန်ရန်ရန် : [သောက်ကျိုးနည်း ဘယ်သူက မင်းရဲ့ယောက္ခမလဲ! မင်းက သူမကို အဖွားလို့ ခေါ်သင့်တာ![ ငါ လိမ္မော်သီးသွားဝယ်မလို့ မင်း ဒီမှာရပ်နေလိုက်! မလှုပ်နဲ့! Jpg] ]


[.R က သူ့ရဲ့မက်ဆေ့ချ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါသည်]


အိုကေ။ မထင်မှတ်ပဲ ထိုမျိုးရိုးနာမည်ရန်က အတော်လေး ဉာဏ်ကောင်းနေခဲ့တယ်။ ကျင်းရန်ရဲ့ မျက်နှာက အနည်းငယ်ပြေလျော့သွားခဲ့တယ်။


.R: [ဒါဆို ကျွန်တော် ထပ်မေးဦမယ်.. ကျွန်တော့်ရဲ့အဖွားက ဟန်းနီးမွန်းအကြောင်း မေးလာရင် ဘယ်လိုပြန်ဖြေရမလဲ ]


ကျင်းရန်ရန်ရန်:...


ဂါး!


.R: [ကောင်းပြီး မင်း အမှတ်တရလက်ဆောင်တွေ ယူလာပေးမယ်လို့ပြောလိုက်.. ငါနဲ့ ထိုင်းမှာတုန်းက အတူတူဝယ်လာတာလို့ ပြောလို့ရတယ်]


လိမ်လည်တဲ့အချိန်မှာ စကားတွေ ညီဖို့က အရေးကြီးတယ်လေ။ ကျင်းရန် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရတယ်။ ရန်ချင်းလင်ကို ဂရုမစိုက်နေနဲ့။ သူလိုမျိုး လိုက်လုပ်နေစရာမလိုဘူး။


ကျင်းရန်ရန်ရန် :[ ကြောက်နေစရာမလိုဘူး..  ငါ မင်းဆီကို ဓာတ်ပုံတွေပို့ပေးမယ်]


.R: [ ဒါဆို မင်း Moments မှာ ပို့စ်တင်လိုက်ပါလား.. တရားဝင်ကြေညာပြီးသားဖြစ်သွားတာပေါ့]


ကျင်းရန်ရန်ရန်: [မင်းညီမကိုပဲ တရားဝင်ကြေညာချက်တင်လိုက်..  မင်းဘာလိုချင်လဲ ရှင်းရှင်းပြော]


ကျင်းရန် ထိုင်းမှာ နာမည်ကြီးတဲ့ ပစ္စည်းတချို့ကို ခဏလောက် တွေးတောလိုက်တယ်။


ကျင်းရန်ရန်ရန် - [ရော်ဘာခေါင်းအုံး?]


.R : [ကျွန်တော် နေ့တိုင်း ကောရဲ့အကြောင်းကိုတွေးပြီးမှ အိပ်ပျော်သွားစေချင်လို့လား]


ကျင်းရန် တစ်မိနစ်လောက် တိတ်ဆိတ်နေခဲ့ပြီး ရန်ချင်းလင်ကို blacklistထဲသို့ ပြတ်သားစွာထည့်လိုက်တော့တယ်။


ထိုင်းနိုင်ငံမှ ပြန်လာပြီးနောက် ကျင်းရန်နဲ့ ရှန်ကျစ်ရှောင်းတို့ အိမ်မှာ ရက်အနည်းငယ်လောက် ဆန်ပိုးလုံးတွေလိုနေခဲ့ကြပြီး နောက်ဆုံးတော့ ကျောင်းကို သတင်းပို့ရမဲ့ နေ့သို့ ရောက်ရှိလာခဲ့တယ်။


ကျင်းရန် အဆောင်ခန်းထဲသို့ ရောက်ပြီးနောက် သူတို့အခန်းရဲ့ ကြမ်းပြင်က ညစ်ပတ်နေတာမျိုး မရှိတာကို  တွေ့ရှိခဲ့ရတယ်။ နောက်ပြီး သူတို့ရဲ့  ရွှယ့်ပါ့ အခန်းဖော်က သူ့ရဲ့ စားပွဲကိုပါ သုတ်ပေးနေခဲ့တယ်။


ကျင်းရန် အလျှင်အမြန်လှမ်းပြောလိုက်ရတယ်။


“ခဲ့ယန်.. ငါနောက်မှလုပ်မယ် “


မူလတန်းကျောင်းတွင်းအနိုင်ကျင့်သူက သူ့ကို ရှက်ရွံ့စွာ ပြုံးပြလာတယ်။


“ရပါတယ်.. ငါ သုတ်လို့ပြီးခါနီးပြီ”


ကျင်းရန် ရှက်ရွံ့စွာပြောလိုက်တယ်။


“တကယ် မလိုပါဘူး...”


“သူ သုတ်ချင်နေရင် သုတ်ခိုင်းလိုက်”


ရှန်ကျစ်ရှောင်းက ခရီးဆောင်အိတ်ကိုယူကာ အခန်းထဲသို့ဝင်လာပြီး စားပွဲပေါ်သို့ ခြေထောက်ဆန်တင်ကာ ထိုင်လိုက်တယ်။


“ငါ ပင်ပန်းနေပြီ”


မူလတန်းကျောင်းတွင်းအနိုင်ကျင့်သူလေးက သူအခုလေးတင်သုတ်ထားတဲ့နေရာမှာ ကျန်နေခဲ့တဲ့ ခြေရာတွေကို ကြည့်ရင်း ရှန်ကျစ်ရှောင်းဆီကို ပြန်ကြည့်လိုက်တယ်။ ထို့နောက် ဘာမှ မပြောလာခဲ့ဘူး။


အဆောင်ခန်းတစ်ခုမှာ လူလေးယောက်နေရလေ့ရှိတယ်။  ဒီအထဲမှာ ခဲ့ယန်ရဲ့ပုံစံက တခြားလူသုံးယောက်နှင့် အဆင်မပြေဆုံးဖြစ်ပြီး ဆက်ဆံရေးက သာမန်အဆင့်လို့သာ ပြောနိုင်တယ်။


ကျင်းရန် တစ်ချိန်တုန်းက သူနှင့် ပိုပြီးရင်းနှီးချင်ခဲ့ပေမဲ့လည်း စကားနှစ်ခွန်းထက်အပြင် ဆက်မပြောနိုင်ခဲ့ဘူး။


ကျင်းရန် ခရီးဆောင်အိတ်ကိုဖွင့်ကာ  ခဲ့ယန်ရဲ့ စားပွဲပေါ်သို့ အဆာပြေမုန့်ထုပ်တွေကို သယ်ဆောင်သွားခဲ့တယ်။


“ ခဲ့ယန်.. ငါ ထိုင်းကနေ သစ်သီးခြောက်တွေဝယ်လာခဲ့တယ်.. မင်းက အလုပ်များများလုပ်ထားတာဆိုတော့ များများစားလိုက်”


ခဲ့ယန်က “ဝိုး”ခနဲ အသံပြုရင်း အလွန်ပျော်နေပုံနဲ့ ပြောလာတယ်။


“ကျေးဇူးတင်ပါတယ် ကျင်းကော”


ရှန်ကျစ်ရှောင်းက လှောင်ပြောင်လာခဲ့တယ်။


“မင်း အသီးအနှံတွေ ပိုစားသင့်တယ်.. အခုက အရမ်းပိန်နေပြီးတော့ မျောက်တစ်ကောင်လိုပဲ..  ငါတို့အတန်းထဲက မိန်းကလေးတွေကတောင် မင်းထက်ပိုပြီး အရပ်ရှည်သေးတယ်”


ကျင်းရန် ရှန်ကျစ်ရှောင်းရဲ့ဘေးနားက ဖြတ်သွားချိန်မှာ သူ့ရဲ့ထိုင်ခုံကို အသာကန်ပြီး ပြောလိုက်တယ်။


“မင်း ခဏနေရင် ငါနဲ့အတူ ကြမ်းပြင်ကို လှည်းကျင်းပြီးတိုက်ရမယ်”


ရှန်ကျစ်ရှောင်း သူ့ကို စိုက်ကြည့်လာတယ်။


“ဘယ်သူလဲ? ငါလား!”


ခဲ့ယန်က သူ့ရဲ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ရမ်းပြီး ပြောလာတယ်။


“ရတယ်.. မလိုတော့ဘူး.. ငါ အခုပဲ ထပ်တိုက်လိုက်မယ်”


“ခဲ့ယန် သူ့ကို သိပ်ပြီးအလိုမလိုက်ထားနဲ့”


ကျင်းရန်က မနှစ်မြို့စွာပြောလိုက်တယ်။


“မင်းမှာလည်း လက်တွေ ခြေတွေ ရှိတယ်.. ဒါတောင် ဘာမှ မလုပ်နိုင်ဘူး.. မင်းက သခင်ငယ်လေးမဟုတ်ဘူး ..စွန့်ပစ်ရမဲ့ သစ်သားတုံးပဲ!”


ရှန်ကျစ်ရှောင်း မျက်မှောင်ကြုတ်လိုက်တယ်။


“မင်း ငါ့ကို ကွမ်တုံစကားနဲ့ ထပ်ပြီး ကြိမ်းမောင်းနေတာလား.. မင်း မန်ဒရင်းစကား ကောင်းကောင်းမပြောနိုင်ဘူးလား!”


“မင်းက  ငါနဲ့စကားပြောရတာကို ရှက်နေတာလား..  နွေရာသီ အားလပ်ရက်မှာ ငါ အိမ်ကိုပြန်တော့ ငါ့အဘိုးနဲ့ စကားပြောတဲ့အချိန်မှာ ငါ့ရဲ့လေသံက ပေကျင်းသံပေါက်နေပြီလို့ ပြောခဲ့တယ်..”


ခဲ့ယန်တစ်ယောက် သူတို့နှစ်ယောက်ရဲ့ စကားများရန်ဖြစ်မှုကို ကြည့်ကာ မနာလိုဖြစ်နေခဲ့ရပေမဲ့ သူ့အနေနဲ့ ဝင်မပြောနိုင်ခဲ့ဘူး။သူ ခဏလောက်ကြည့်ရင်း ကျောင်းလွယ်အိတ်ကို သူ့ရဲ့နောက်ကျောမှာလွယ်လိုက်ရင်း တီးတိုးပြောလိုက်တယ်။


“ငါ စာကြည့်တိုက်ကို သွားတော့မယ်” 


“ခဏလေး” 

ကျင်းရန် သူ့ကို တားလိုက်တယ်။


“မင်း ဘယ်တော့ ပြန်ရောက်မှာလဲ.. ငါတို့ ဒီည အတူသွားစားရအောင်”


ခဲ့ယန်: “ငါမသွားတော့ဘူး ..  ဓာတ်ခွဲခန်းထဲမှာ လုပ်စရာတစ်ခုခုရှိနေသေးလို့”


“ကောင်းပြီ” 


ကျင်းရန် ပြောလိုက်တယ်။


“ဒါဆို မင်းအားတဲ့အချိန်ကျမှ ငါတို့ အတူစားကြတာပေါ့”


ခဲ့ယန် ထွက်သွားတော့ ရှန်ကျစ်ရှောင်းက သူ့နောက်ကျောကို ကြည့်ရင်း မျက်လုံးလှမ်လိုက်တယ်။


ကျင်းရန် သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို ထုတ်ပြီး တစ်ခုပြီးတစ်ခု နေရာချထားလိုက်တယ်။ 


“မင်း ခဲ့ယန်အပါ် ထင်မြင်ချက်တစ်ခုခုရှိနေတာလား”


ရှန်ကျစ်ရှောင်းက ထိုင်ခုံပေါ် မှာ နောက်လှန်ထိုင်ချလိုက်ပြီး:


“ထင်မြင်ချက်တွေတောင် ပြောလို့မရဘူး.. သူက ထူးထူးခြားခြားကို ငြီးငွေ့စရာကောင်းတယ်လို့ ထင်တာ”


“သူက မင်းရဲ့ အခန်းဖော်.. မင်းရဲ့ရည်းစားမဟုတ်ဘူး.. သူက ရယ်စရာ

ကောင်းတာပဲဖြစ်ဖြစ် ၊ငြီးငွေ့စရာကောင်းတာပဲဖြစ်ဖြစ် မင်းနဲ့ ပဲနိတစ်ခြားစာလောက်တောင် မသက်ဆိုင်နေဘူးလေ”


“သူက ရည်းစားရနိုင်တယ်ပေါ့” 


ရှန်ကျစ်ရှောင်းက ပြတင်းပေါက်ကို လက်ညှိုးထိုးပြလာတယ်။


“အဲဒီအချိန်ကျရင် ငါ ရှန်ကျစ်ရှောင်းက ဒီကနေ ခုန်ချပြလိုက်မယ်!”


ကျင်းရန် ရှန်ကျစ်ရှောင်းကို အရူးတစ်ယောက်လို ကြည့်ပြီး တိတ်တဆိတ်ပြောလိုက်တယ်။


“မင်း သူကို ကြိုက်တယ်ဆိုပြီးတော့ လူတွေကို အနိုင်ကျင့်နေလို့မရဘူး”


ရှန်ကျစ်ရှောင်းက ကုလားထိုင်ပေါ်ကနေ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့တယ်။


“ငါက?  သူ့ကို ကြိုက်တယ်? ကျင်းရန် .. မင်းရဲ့ဦးနှောက်ကို တခြားလိုအပ်နေတဲ့အတန်းဖော်တွေဆီကို လှူနေစရာမလိုဘူးနော်..  မင်းက အမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်ဆိုပြီး တခြားလူတွေကိုပါ အဲလိုအကြည့်မျိုးနဲ့ မကြည့်သင့်ဘူး”


“ငါက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ.. မင်းရဲ့တုံ့ပြန်မှုက ဘာလို့ ဒီလောက်တောင်ကြီးနေရတာလဲ”


ကျင်းရန် ခရီးဆောင်သေတ္တာအတွင်းမှ အနီရောင်စာအုပ်ကို မြင်တော့ သူ့ရဲ့ လှုပ်ရှားမှုတွေ ခေတ္တရပ်တန့်သွားခဲ့ပြီး ထိုစာအုပ်နီကို အံဆွဲထဲသို့ လျှပ်စီးလက်သလိုပစ်ထည့်လိုက်ကာ  ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်တယ်။


“စကားမစပ် မင်းက ငါ့အိမ်ထောင်ရေးအကြောင်းကို လျှို့ဝှက်ထားပေးရမယ်”


ရှန်ကျစ်ရှောင်း: “ဘာလို့လဲ?”


ကျင်းရန်: “ရှက်လို့လေ”


သူတို့နှစ်ယောက် သန့်ရှင်းရေးလုပ်ခဲ့ကြပြီး နောက်ဆုံးသော အခန်းဖော်က ချောမွေ့စွာ ရောက်လာခဲ့တယ်။


“ ဟေး သတင်းထူးအကြီးကြီးရှိတယ်!”


ကျိယွမ်ရှီးက အိပ်ခန်းထဲသို့ လေလိုမျိုး ပြေးဝင်လာခဲ့ကာ ကျင်းရန်ကို ဝက်ဝံတစ်ကောင်လို ပွေ့ဖက်ရန် ကြိုးစားခဲ့ပေမဲ့ ကျင်းရန်က  ကြမ်းတိုက်ဝတ်နဲ့ ပိတ်ဆို့ခဲ့တယ်။


“မင်းရဲ့ပါးနဲ့ ဝေးဝေးနေစမ်း”


ကျင်းရန်ဆက်ပြောလိုက်တယ်။


“နောက်ပြီး မင်းမိန်းမရဲ့ ပုလင်းတွေနဲ့ သံဘူးတွေကို မြန်မြန်လေးယူသွားလိုက်..  နောက်တစ်ခါ ငါ မင်းကို ပစ္စည်းတွေဝယ်ပေးမယ်ဆိုရင် ငါက ခွေးပဲ!”


“မင်း နောက်ဆုံးအကြိမ်တုန်းကလည်း အဲဒီအတိုင်းပဲပြောခဲ့ပဲ .. စုစုပေါင်း ဘယ်လောက်လဲ.. ငါမင်းကို  WeChat ကလွှဲလိုက်မယ်”


“နှစ်ထောင်.. မင်း ဆီကိုပို့ပေးထားတယ်”


ရှန်ကျစ်ရှောင်းက အ၀တ်စုတ်နဲ့ ဘေးနားကို ချဉ်းကပ်ပြီး မေးလာတယ်။


“ လောင်ကျိ .. မင်း ခုနတုန်းက သတင်းထူးအကြီးကြီးရှိတယ်ဆို.. ဘာဖြစ်တာလဲ.. ဘယ်လောက်ထိ ကြီးတာလဲ”


ကျိယွမ်ရှီးက ကျင်းရန်ရဲ့ဘေးကို ခဲ့ယန်ရဲ့ခုံတွန်းပေးလိုက်တယ်။


“ရန်ရန် ထိုင်လိုက်ဦး.. မင်းအရင်ထိုင်ရမယ်”


ကျင်းရန် သတိအနေအထားဖြစ်လာရတယ်။


“မင်းဘာလုပ်ချင်နေတာလဲ”


“မင်း လှုံ့ဆော်မှုကို မခံနိုင်မှာကို ငါကြောက်လို့လေ”


“ပြောစရာရှိတာကို မြန်မြန်ပြော.. မင်းရဲ့ပါး နားထောင်နေတယ်”


ကျိယွမ်ရှီးက လေသံကို ရည်ရွယ်ချက်ရှိရှိ နှိမ့်ချလိုက်တယ်။


“ မင်းရဲ့ကျောင်းမြက်လေးဆိုတဲ့ ရာထူးက လူယက်ခံလိုက်ရပြီး အဝေးကိုယူသွားခံလိုက်ရပြီ”


ကျင်းရန်က အမူအရာမဲ့စွာရှိနေတုန်းပဲ။


“ပြီးသွားပြီလား?”


“ဘာလဲ?”


“ဒါပဲလား?”


ကျိယွမ်ရှီးဗလာဖြစ်စွာကြည့်လာတယ်။


“အင်းလေ.. ဒါက သတင်းထူးမဟုတ်ဘူးလား”


ကျင်းရန် ရွဲ့တဲ့တဲ့နိုင်စွာပြောလာတယ်။


“ထားလိုက်တော့.. ဒီတော့ ဘယ်သူက ကျန်းပါးပါးထက်ပိုပြီး ချောမောခန့်ညားနေတာလဲ”


ကျိယွမ်ရှီးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။


“ကောင်းပြီ အခု မင်းရဲ့ တုံ့ပြန်မှုကမှ ပုံမှန်ပဲ.. အစတုန်းကတော့ ငါထင်လိုက်တာက အသစ်ပြောင်းလာတဲ့ကျောင်းသူလေးက ငါ့ဇနီးလေးရဲ့နေရာကို လုယူသွားတယ်လို့ ထင်ခဲ့တာလေ..  ငါ့ရဲ့  ဇနီးလေးက အပြင်ပန်းမှာ ပြုံးဝယ်နေပေမဲ့ အတွင်းပိုင်းမှာ ဒေါသကြီးနေသလိာဖန၀်နေတာကိုး”


“မဟုတ်သေးဘူး.. ငါတို့ကျောင်းမှာ ကျင်းရန်ထက်ပိုချောတဲ့သူမရှိဘူးမလား”


ရှန်ကျစ်ရှောင်း ဝင်ပြောလာတယ်။


“ကျောင်းသားသစ်တွေထဲကလား”


“အင်း.. ငါတို့ တက္ကသိုလ်ကို ဝင်ခွင့်ရလာတာတဲ့”


“မင်း  သူ့ကိုမြင်ပြီးပြီလား.. ပုံတွေရောရှိလား”


“မမြင်ဖူးသေးဘူး.. ဒါပေမယ့် ယင်ရှင်းရွှယ်ဆီက ကြားခဲ့ရတာတော့  သူက ဂျပန်လူငယ်လေးစတိုင် ချောမောပြီး သူ့ရဲ့ရုပ်ရည်က Takashi Kashiwabara ငယ်ငယ်တုန်းကနဲ့ ဆင်တယ်တဲ့.. စကားမစပ်..  Takashi Kashiwabara က ဘယ်သူလဲ”


ကျင်း_အဖြောင့်ကောင်_ရန်: “မသိဘူး”


“ဂျပန်စတိုင်?” 


ရှန်ကျစ်ရှောင်းရဲ့စိတ်ထဲကို  “噫”*ထဲမှ ဇာတ်လိုက်ကောင်တွေရဲ့ပုံရိပ်တွေ အနည်းငယ် ဝင်လာခဲ့တယ်။


(T/n_ အို့အို့ အားအားအသံကိုပြောတာပါ Yamete kudasai ထဲက မင်းသားတွေကိုပြောတာဖြစ်မယ်)


“သူက ကျင်းရန်ထက် ပိုချောလိမ့်မယ်လို့ ငါ  မထင်ဘူး”


ကျိယွမ်ရှီး: “ငါလည်း မယုံဘူး။”


ကျင်းရန် ကြမ်းတိုက်ဝတ်ကို ချလိုက်တယ်။


“သူက အရွေးခံထားရပြီးပြီလေ”


ရှန်ကျစ်ရှောင်းခြေထောက်ကို ကြမ်းပြင်ကနေ မ,လာခဲ့တယ်။

  


“ဒါဆို သွားစစ်ကြည့်ရအောင်လေ.. အငယ်တန်းတွေက ငါတို့နဲ့ ဆန့်ကျင်ဘက်အဆောက်အအုံမှာ နေတာမလား”


“လူလိုက်ရှာဖို့  အဆောင်အထိသွားတာက သိပ်မကောင်းဘူး”


ကျိယွမ်ရှီး ပြောလာတယ်။


“မနက်ဖြန် လူသစ်တန်းတွေအတွက် စစ်သားသင်တန်းစတော့မယ်လေ..  ငါ့မိန်းမတောင် သူ့ကိုသွားကြည့်ဖိာ့ သူမရဲ့ညီမလေးတွေနဲ့ ချိန်းဆိုပြီးနေပြီ..   ငါတို့ အတူတူသွားကြည့်ကြမလား”


ရှန်ကျစ်ရှောင်း ကျိယွမ်ရှီးကို စာနာစိတ်နဲ့ ကြည့်လိုက်တယ်။


“မင်းမိန်းမက အငယ်တန်းက ရွှယ်တိကိုသွားကြည့်မှာလေ.. မင်း မနာလိုမဖြစ်ဘူးလား”


“သူမက သွားကြည့်ရုံလောက်ပဲ.. ဆွဲဆောင်တာတွေဘာတွေဖြစ်လာမှာမဟုတ်ဘူး”


ကျိယွမ်ရှီးက ထူးမခြားနားစွာပြောလာတယ်။


“သူမက ငါ့ကိုသာ အာရုံစိုက်နေတုန်းပဲ”


“ကောင်းပြီလေ..  ဒါဆို ငါ့ကိုပါ ထည့်တွက်လိုက်..ကျင်းရန် မင်းအတူလိုက်ခဲ့မလား”


  ကျင်းရန်  အေးစက်စွာပြောလိုက်တယ်။


“ငါက  ရူးနေပုံပေါက်လို့လား”