(6)
ညနေပိုင်းမှာတော့ ကျင်းရန်တစ်ယောက် လသာဆောင်ဘက်ကိုထွက်ကာ သူ့ရဲ့အမေဆီသို့ ဖုန်းခေါ်ခဲ့တယ်။ သူထင်ထားသလိုပဲ။ ကျင်းမားမားက ရန်ချင်းလင် သူ့ရဲ့တက္ကသိုလ်ကို ဝင်ခွင့်ရကြောင်းကို သိနေတာ ကြာခဲ့ပြီ။
ကျင်းရန်: “ဘာလို့ ကျွန်တော့်ကို ကြိုမပြောခဲ့ရတာလဲ!”
ကျင်းမားမား ရှင်းပြလာတယ်။
“မားက မင်းကို ဒီအကြောင်းကို ပြောပြချင်ပေမယ့် ချင်းလင်က မင်းကို အံ့အားသင့်စေချင်တယ်လို့ ပြောခဲ့တယ်လေ.. ဒီကလေးက အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ မားထင်ထားခဲ့တယ်၊ ဒါကြောင့် မင်းကို မပြောပြခဲ့တာ”
တဆိတ်လောက်? ဒါက အံ့သြသင့်စရာလား။ ဒါက သိသိသာသာကြီးကို ကြောက်စရာကောင်းတဲ့ ကိစ္စကြီးနော်!
နောက်ပြီး ဘာလဲ..
ကျင်းရန် မျက်မှောင်ကြုတ်ပြီး လိုရင်းကိုချက်ချင်း မေးလိုက်တယ်
ကျင်းရန်: “မား .. မားက ရန်ချင်းလင်နှင့် မကြာခဏ ဆက်သွယ်နေတာလား”
ကျင်းမားမား: “ဟုတ်တယ်လေ.. ငါတို့မှာ ဝီချက်ဂရုတောင်ရှိသေးတယ်”
ကျင်းရန် ခဏတာလောက် မင်သက်သွားရတယ်။
“ဘာဂရုလဲ၊ ဘယ်သူတွေနှင့်လဲ”
ကျင်းမားမား: “မား ၊ချင်းလင်နှင့် ချင်းလင်ရဲ့မားမား သုံးယောက်ပဲရှိတယ်”
ကျင်းရန်ရဲ့ စိတ်ထဲမှာ မေးခွန်းအမှတ်အသားတစ်ခုက ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ရတယ်
“မားတို့ ဘာအကြောင်းကိုပြောချင်လို့လဲ”
ကျင်းမားမား: “သေချောတာပေါ့ လက်ထပ်ပွဲနှင့်ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့အတွက်ပဲလေ!”
ဒီအချိန်ကျမှ ကျင်းရန်တစ်ယောက် သူနှင့် ရန်ချင်းလင်တို့ ဆောင်းရာသီအားလပ်ရက်မှာ လက်ထပ်ပွဲကျင်းပရလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြန်လည် သတိရသွားခဲ့တယ်။
ကျင်းရန်တစ်ယောက် မသိစိတ်ကနေ ပြန်မေးလိုက်မိတယ်။
“ဒါဆို ကျွန်တော်က ဘာလို့ မရှိရတာလဲ”
ကျင်းမားမားက အိုးကိုလှုပ်ခါပြီး ပြောလာတယ်။
“မားက မင်းကို လက်ထပ်ပွဲအတွက် ဘယ်လိုစဥ်းစားထားလဲလို့ မေးခဲ့သေးတယ်လေ.. မင်းစိတ်ဆိုးလွန်းလို့ မင်းကို စိတ်အနှောက်အယှက်လာမပေးနှင့်ဆိုပြီး ပြောခဲ့တယ်မဟုတ်ဘူးလား..
မင်းက နောက်တစ်ကြိမ် လက်ထပ်ပွဲဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ မင်းရဲ့ဆံပင်ကို ကတုံးတုံးပစ်ပြီး ဆယ့်ငါးထပ်နေ ပစ်ချလိုက်မယ်လို့လည်း ပြောခဲ့သေးတယ်လေ.. မှတ်မိလား”
အဲလိုအရာမျိုး တစ်ခုခုရှိခဲ့ပုံရတယ်။
ကျန်းမားမားက ဆက်ပြောလာတယ်။
“မင်းနောင်တရရင် မား မင်းကို အဖွဲ့ထဲ ဆွဲထည့်ပေးမယ်လေ”
“မထည့်နဲ့ ကျွန်တော်က ဒီအတိုင်း မေးလိုက်မိတာ.. မားပြောတာကို ကျွန်တော်ယုံပါတယ်”
သူ၊ သူ့အမေ၊ ရန်ချင်းလင်၊ ရန်ချင်းလင်ရဲ့ အမေ၊ ဒီလူလေးယောက်ကသာ ဂရုတစ်ခုတည်းမှာရှိနေမယ်ဆိုရင်...။ ထိုအကြောင်းကို တွေးတောလိုက်ရုံနဲ့ ရှက်ရွံ့မှုတွေကြောင့်သူ့ဦးရေပြားတွေကတောင် ကြက်သီးတွေထလာရတယ်။
ကျင်းမားမား: “ဒါပေမယ့် မင်းနဲ့ ချင်းလင်တို့နှစ်ယောက်လုံး ဆုံဖြတ်ဖို့လို့တဲ့ တစ်ချို့ကိစ္စတွေရှိသေးတယ်လေ.. ဥပမာ လက်ထပ်လက်စွပ်အတွက် လိုမျိုး...”
ကျင်းရန်တစ်ယောက် အလွန် ထိတ်လန့်သွားရပြီး သူ့အမေကို စကားမပြောဖို့ အမြန်တားဆီးလိုက်တယ်။
“မား ကျွန်တော်တို့ အိပ်ဆောင်ထဲက မီးတွေပိတ်တော့မယ်၊ ကျွန်တော် ဖုန်းအရင်ချလိုက်မယ်နော်”
ကျင်းမားမားက နောက်ဆုံးအနေနဲ့ မှာနေခဲ့တယ်။
“ကျောင်းမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး.. နောက်ပြီး ချင်းလင်နှင့်လည်း ပိုပြီးအဆက်အသွယ်လုပ်ဦးနော်.. အနည်းဆုံး သူနဲ့ သူငယ်ချင်းဖြစ်အောင်နေ...”
ကျင်းရန် ဖုန်းချလိုက်ပြီးနောက်မှာ အိပ်ဆောင်ခန်းထဲမှ မီးကလည်းပိတ်သွားခဲ့ပြီ။
ခယ့်ယန်က ကိုယ့်ကိုယ်ကို အလွန် တင်းကျပ်သူဖြစ်ပြီး အလုပ်ချိန်နှင့် အနားယူရမဲ့ အချိန်ဇယားကို တိတိကျကျသတ်မှတ်ထားတယ်။ သူက ညစဥ်ညတိုင်း ၁၁ နာရီထိုးပြီးဆိုတာနဲ့ မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားအတိုင်း အိပ်ရာပေါ်မှာ လဲလျောင်းပြီးသား ရှိနေလိမ့်မယ်။
ကျန်တဲ့ နှစ်ယောက်ကတော့ ကွန်ပြူတာ ပါဝါပြတ်သွားချိန်ထိ အိပ်ရာထဲကိုဝင်ကြဦးမှာ မဟုတ်ဘူး။
ကျိယွမ်ရှီးက နားကြပ်တပ်ထားပြီး ကြက်သားစား(PUBG)နေခဲ့တယ်။ ကျင်းရန် သူ့နောက်က ခဏလောက်ကြည့်နေခဲ့ပြီးနောက် ကီးဘုတ်ပေါ်မှာ တတောက်တောက်ရိုက်နေတဲ့ သူ့ရဲ့ဘယ်ဘက်လက်ပေါ်သို့ အမှတ်တမဲ့နဲ့ အကြည့်ရောက်သွားခဲ့တယ်။
ကျိယွမ်ရှီးက မြေပြင်ကို ဆင်းသက်ပြီး တစ်မိနစ်အကြာမှာ ရန်သူရဲ့စစ်အခြေစိုက်စခန်းအတွင်း ပစ်သတ်ခံရပြီး မြေပြင်မှာလှဲကာ GameOver သွားရတယ်။
ကျင်းရန် ကရုဏာမဲ့စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“Dish B”
ကျိယွမ်ရှီးက သူ့ရဲ့လက်ထဲမှ မောက်စ်ကို ပစ်ချလုမတတ် ထိတ်လန့်သွားရတယ်။
“ဖာ့ခ်... မင်းဘယ်တုန်းက ရောက်နေတာလဲ!!”
“မင်း အသံလျှော့စမ်းပါ.. ခယ့်ယန်က အိပ်ပျော်နေပြီ”
ကျင်းရန် ကျိယွမ်ရှီးရဲ့ ဘယ်ဘက်လက်ကို တစ်ချက်ကြည့်လိုက်ပြီး မထိန်းနိုင်စွာနဲ့ စကားကိုရပ်တန့်လိုက်မိတယ်။
“မင်း...”
ကျိယွမ်ရှီး: “???”
ကျင်းရန် သူ့အသံကို လျှော့လိုက်တယ်။
“မင်းဘာလို့ လက်စွပ်ကို လက်ခလယ်မှာ ဝတ်တာလဲ”
ရည်းစားတစ်ခါမှ မထားဖူးသေးတဲ့ ကျင်းရန်အတွက်တော့ လက်ခလယ်အတွက် အဓိပ္ပါယ်တစ်ခုတည်းကိုသာ သိလေတယ်။
__ ဖာ့ခ်
ကျိယွမ်ရှီး နားမလည်နိုင်စွာပြန်မေးတယ်။
“ငါက ဘာလို့ လက်ခလယ်မှာမဝတ်ရမှာလဲ”
ကျင်းရန်: “ငါ့ရဲ့မိဘတွေဆိုရင် လက်စွပ်တွေကို လက်သူကြွယ် ဝတ်ထားတာလေ”
“လက်သူကြွယ်မှာ ဝတ်ဆင်တာက လက်ထပ်ပြီးသားတဲ့သူတွေအတွက် ဝတ်ဆင်ရတာလေ.. လက်ခလယ်မှာ ဝတ်ဆင်တာက မင်းမှာ အချစ်ရေးနဲ့ပတ်သက်တဲ့ ဆက်ဆံရေး ရှိနေကြောင်းဖော်ပြထားတာ၊ တစ်နည်းအားဖြင့် ဒီကျော်ကြားတဲ့ ပန်းပွင့်က ပိုင်ရှင်ရှိနေပြီလို့ ပြသထားတာပဲ”
ကျိယွမ်ရှီးက ကျင်းရန်ကို သံသယဖြင့် ကြည့်လာတယ်။
“မင်း ဘာလို့ ဒီအကြောင်းကိုမေးနေတာလဲ”
“မေးကြည့်ရုံပဲ ..မင်း လက်စွပ်ဝတ်ထားရတော့ အဆင်မပြေ မဖြစ်ဘူးလား”
ကျိယွမ်ရှီး: “ငါက လယ်ယာထဲကိုဆင်းပြီး အလုပ်လုပ်နေရတာမှမဟုတ်တာ.. အဆင်မပြေစရာ ဘာရှိလို့လဲ”
ကျင်းရန် ခဏလောက်စဉ်းစားလိုက်တယ်။
“ဟုတ်သားပဲ”
ဘာပဲဖြစ်ဖြစ် သူကတော့ ဝတ်မှာမဟုတ်ဘူး။ အဲဒါက အဆင်မပြေဖြစ်လိမ့်မယ်။
ကျိယွမ်ရှီးက ကြက်သားစားဖို့အတွက် နောက်တစ်ကြိမ် စတင်နေခဲ့ခဲ့ပြီဖြစ်ကာ အခုတစ်ကြိမ်မှာတော့ ကျင်းရန်က သူ့ကို တိတ်တဆိတ် လမ်းညွှန်ပေးခဲ့တာကြောင့် အဆင့် (၈၉) နေရာကို ရရှိခဲ့တယ်။
စက်တင်ဘာလမှာ အပူချိန်က ဆက်လက်မြင့်မားခဲ့တယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ အိပ်ခန်းထဲမှာ ရှိနေသရွေ့ ကျင်းရန်က လေအေးပေးစက် ဖွင့်ထားဖို့ ပြောခဲ့လိမ့်မယ်။
ကျောင်းသားသစ်လေးတွေကတော့ အလွန် ဒုက္ခခံနေခဲ့ရပြီး နေ့တိုင်း အပူရှပ်တဲ့သူတွေ တစ်ယောက်၊နှစ်ယောက်လောက် ရှိနေကြရပေမယ့် ကျောင်းကတော့ နှလုံးသားကင်းမဲ့ပြီး လုံးဝကို အမှိုက်ဆန်လွန်းကာ စစ်ရေးလေ့ကျင့်မှုရဲ့ ပြင်းထန်မှုကို မလျှော့ချဘူး။
တစ်ရက်မှာတော့ ညစာစားပြီးနောက် ကျင်းရန်နဲ့ ရှန်ကျစ်ရှောင်းတို့ အိပ်ခန်းဆီသို့ လမ်းလျှောက်ပြီး ပြန်လာခဲ့ကြတယ်။
နှစ်မိနစ်လောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာ ရှန်ကျစ်ရှောင်းတစ်ယောက် သူ့ရဲ့တစ်ကိုယ်လုံး ချွေးတွေနှင့် စိုစွတ်လာခဲ့တယ်။ သူက သူ့ကော်လံနှင့် လေရရှိစေဖို့ တဖြတ်ဖြတ်ခတ်ရင်း အားနည်းစွာပြောလာတယ်။
“နွေရာသီက ဘယ်တော့မှပြီးဆုံးမှာလဲ၊ ငါ ငါ့ရဲ့ကန့်သတ်ချက်ကို ရောက်ခါနီးနေပြီ...”
ကျင်းရန် သူ့ကိုမနှစ်မြို့စွာကြည့်ပြီး ပြောလိုက်တယ်။
“ဒါဆို မင်းကွမ်းတုံကို သွားကြည့်သင့်တယ်၊ အဲဒီမှာဆို ဒီဇင်ဘာလမှာတောင် လက်တိုဝတ်နေရတုန်းပဲ”
စစ်ရေးယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ကျောင်းသူလေးတစ်ဖွဲ့က သူတို့ရဲ့ ဆန့်ကျင်ဘက်မှ လျှောက်လာခဲ့ကြတယ်။
သူတို့ထဲမှ တစ်ယောက်က ကျင်းရန်ကို မြင်တွေ့သွားခဲ့ပြီး သူ့မရဲ့ ဘေးနားက ကောင်မလေးနှစ်ယောက်ကို ကမန်းကတန်း လှမ်းတို့လိုက်တယ်။ ဒါကြောင့် အချင်းချင်း စကားပြောနေခဲ့ကြတဲ့ မိန်းကလေးတွေက ချက်ချင်းပဲ ရပ်တန့်ကာ တိတ်ဆိတ်သွားခဲ့ကြတယ်။
သူတို့တွေက ကျင်းရန်တို့ ကျော်သွားတဲ့အထိ စောင့်နေကြပြီးမှ မကြာခင်တုန်းက ရွှယ်ကျန်းက ဘယ်လောက်ထိချောမောလိုက်သလဲဆိုတဲ့အကြောင်းကို စိတ်လှုပ်ရှားစွာနဲ့ ဆွေးနွေးကြတော့တယ်။
ရှန်ကျစ်ရှောင်းက ထိုမိန်းကလေးတွေ တစ်ချက်လှမ်းကြည့်ရင်း ရုတ်တရက် ကျင်းရန်ကို မေးလိုက်တယ်
“မင်းနဲ့ မင်းရဲ့လောင်ကုန်းရဲ့ အခြေအနေက ဘယ်လိုရှိလဲ
ကျင်းရန်က သူ့ရဲ့ မျက်လုံးတွေကို အန္တရာယ်ရှိစွာ မှေးကျဥ်းလိုက်တော့ ရှန်ကျစ်ရှောင်းက သူ့ရဲ့ စကားလုံးတွေကို ချက်ချင်းပြန်ပြင်ခဲ့တယ်။
“မင်းနဲ့ မင်းရဲ့ ရန်တိတိတို့ အခြေအနေဘယ်လိုရှိလဲ”
ကျင်းရန်: “ဘယ်လိုမှ မရှိဘူး”
နောက်ဆုံးအကြိမ်တုန်းက သူ့ဆီကနသတိပေးခံရပြီးကတည်းက ရန်ချင်းလင်က နတ်ဆိုးလိုအလုပ်မျိုးတွေမလုပ်တော့ဘဲ သူ့ရဲ့သူငယ်ချင်းစာရင်းထဲမှာ အတောင့်လိုက် လဲလျောင်းနေခဲ့ကာ ကြက်တစ်ကောင်လို တိတ်ဆိတ်နေခဲ့တယ်။
ကျင်းရန်ကတော့ ဒါကို အတော်လေးကျေနပ်နေခဲ့တယ်။
“တစ်ယောက်ယောက်က သူ့ကို ချိန်ရွယ်ပြီး ပြသနာတက်ခဲ့တယ်လို့ ငါကြားခဲ့တယ်”
ရှန်ကျစ်ရှောင်းက ကျင်းရန်ရဲ့မျက်နှာကို လှမ်းကြည့်ပြီး တစ်ဖက်လူမှ သူ့ကို ရိုက်နှက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သေချာအောင်စစ်ဆေးပြီးမှ အတင်းအဖြင်းကို ဆက်ပြောခဲ့တယ်။
“အဲဒါက ဂျပန်မေဂျာက ကျောင်းပန်းလေးပဲ.. မနေ့ညနေတုန်းက ကစားကွင်းမှာ အဲဒီကျောင်းပန်းလေးက စောင့်ကြည့်ရင်းနဲ့ ရန်ချင်းလင်ဆီကို ရေတစ်ဘူး သွားပေးခဲ့တယ်တဲ့..
ဒါပေမယ့် ရန်ချင်းလင်က သူတို့ရဲ့ ကြီးကြပ်ရေးဆရာတွေက လှမ်းခေါ်ပြီး အဲဒီကျောင်းပန်းလေးကို ခေါ်ထုတ်သွားပေးဖို့ ပြောခဲ့တယ်တဲ့လေ..
ကျောင်းပန်းလေးက လူတိုင်းရဲ့ရှေ့မှာ ထွက်သွားဖို့ အပြောခံလိုက်ရတာဆိုတော့ ငိုတော့တာပဲ.. ဒါနဲ့ တခြားလူတွေက သူ့ကို ဝိုင်းချော့တာတောင် ငိုသံက မိုင်ရှစ်ရာလောက်ကနေတောင်ကြားရတယ်လို့ ပြောတယ်”
“ မိုင်ရှစ်ရာလောက်ဝေးတယ်ဆိုရင် ဟာပင်းတက္ကသိုလ်ကနေတောင် ကြားနေရပြီ.. ကျေးဇူးပဲ”
ကျင်းရန်က လှောင်ပြောင်ပြီး ပြန်ပြောလိုက်တယ်။
“ဒါဆို ရန်ချင်းလင်က သူ့ရဲ့အနားမှာ ပန်းတွေပွင့်လန်းနေတာကို မပျော်မရွှင်ဖြစ်နေတာလား”
မျိုးရိုးနာမည်ရန်က စနောက်ရတာကို အလွန်ကြိုက်တဲ့လူပဲလေ။ သူက သူ့ရဲ့ပြိုင်ဘက်တွေထဲမှာ နောက်ဆုံးအဆင့်မှာရှိတဲ့သူပဲ။
“သူက အဲဒါကို ကြိုက်ပုံမရဘူး”
ရှန်ကျစ်ရှောင်းက သူ့ရဲ့မေးစေ့ကို ထိလိုက်တယ်။
“ရန်ချင်းလင်က တုံ့ပြန်မှု မရှိသလို ကျောင်းပန်းလေးရဲ့ ကြင်နာမှုကို တိုက်ရိုက် ငြင်းပယ်လိုက်တယ်လို့ ပြောလို့ရတယ်.. အဲဒီအချိန်တုန်းက ကျောင်းပန်းလေးက ငိုလုနီးပါးဖြစ်သွားတာ”
ကျင်းရန် အနည်းငယ် အံ့သြသွားခဲ့တယ်။
“တကယ်လား?”
“တကယ်ပြောတာ.. ဖိုရမ်ပေါ်မှာ အကုန်ရေးထားတယ်”
ရှန်ကျစ်ရှောင်းက သူ့ရဲ့ဖုန်းကို ထုတ်လိုက်တယ်။
“ငါ မင်းကို link ပို့ပေးလိုက်မယ်၊ မင်းဘာသာမင်း ဖတ်ကြည့်လိုက်လေ”
“မလိုဘူး၊ ငါ သူ့ရဲ့ကိစ္စတွေကို စိတ်မဝင်စားဘူး”
ကျင်းရမ်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်။
“နောက်ကျရင် ငါ့ရှေ့မှာ သူ့အကြောင်းကို လာမပြောနဲ့တော့”
ရှန်ကျစ်ရှောင်းက ကျင်းရန်ကို စိုက်ကြည့်လိုက်တယ်။
“မင်းတကယ် လုံးဝ ဂရုမစိုက်ဘူးလား”
“လုံးဝပဲ”
ရှန်ကျစ်ရှောင်း : “ကောင်းပြီလေ.. ဒါဆို ငါ သူ့အကြောင်းတွေကို မပြောတော့ဘူး”
သူက ခဏလောက် ရိုးသားပြခဲ့ပြီး သီချင်းတစ်ပုဒ်ညည်းဆိုလာတယ်။
“အချစ်ဆိုတာ အလင်းတန်းတစ်ခုလိုပါပဲ၊ စိမ်းလန်းလွန်းရင်လည်း မင်းတောက်ပနိုင်တယ်..”
ကျင်းရန် သည်းမခံနိုင်တော့ဘူး။
“မင်း ..ချီးပဲ!”