Ch 13
Viewers 3k

(13)


တက္ကသိုလ်၏ ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားအား ကျောင်း၏ ခန်းမငယ်ထဲတွင် ကျင်းပခဲ့သည်။ ခန်းမက သိပ်ပြီးမကျယ်သောကြောင့် ယခုနှစ်တွင် ဝင်ရောက်လာကြသော ကျောင်းသားသစ်၊ ကျောင်းသူသစ်များမှလွဲ၍ အခြားအတန်းများ ပါဝင်ရန် မလိုအပ်ပါချေ။


အခမ်းအနားမစမီ ဆယ်မိနစ်အလိုတွင် အခန်းဖော်သုံးယောက်လုံးက ခယ့်ယန်ကို ခန်းမ၏အဝင်ဝသို့  စောင့်ကြပ်ပို့ဆောင်ပေးခဲ့ကြသည်။


ကျိယွမ်ရှီး : “ဝင်သွားလိုက်တော့၊ ငါတို့ အပြင်မှာစောင့်နေမယ်”


“အမ်...”


ခယ့်ယန်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် တံတွေးမျိုချလိုက်သည်။


ရှန်ကျစ်ရှောင်း: “မင်း  အဆောင်ထဲမှာတုန်းက  ငါတို့ သုံးယောက်ရှေ့မှာ ကောင်းကောင်းပြောနိုင်ခဲ့တယ် မလား? ပရိသတ်တွေအားလုံးကို ငါတို့သုံးယောက်ပဲလို့ စိတ်ကူးယဉ်ထားသရွေ့တော့ ဒါက အဆင်ပြေသွားလိမ့်မယ်!”


ကျန်းရန်သည်လည်း ရှန်ကျစ်ရှောင်း၏ပြောစကားကို ရှားရှားပါးပါးသဘောတူခဲ့သည်။


“ဟုတ်တယ်၊ မင်းအဆောင်ထဲမှာရှိနေတယ်လို့ တွေးထားလိုက်! ဘာကိုမှ ကြောက်စရာ မလိုဘူး”


ခယ့်ယန် ခေါင်းညိတ်ပြီး အနေရခက်စွာဖြင့် ပြောလာသည်။


“ဒါဆို ငါဝင်သွားလိုက်တော့မယ်”


ခယ့်ယန်တစ်ယောက် ခန်းမထဲသို့ လျှောက်သွားကာ လှေကားထစ်များပေါ်သို့တက်သည့်အချိန်၌ သူ့ခြေထောက်ကိုသူ တက်နင်းမိလုနီးပါးဖြစ်သွားသည်ကို မြင်လိုက်ရသည်တွင် ကျိယွမ်ရှီးမှာ အမေအိုကြီးတစ်ယောက်ကဲ့သို့  စိတ်ပူပန်ဘဲ မနေနိုင်တော့ချေ။


“မင်းတို့ ပြောကြည့်၊ သူ တကယ်အဆင်ပြေပါ့မလား”


“အဆင်ပြေမှာပါ” 


ရှန်ကျစ်ရှောင်းက သူ့နားရွက်ကို လက်ချောင်းဖြင့် ထိုးသွင်းရင်း ပြောလာချေသည်။ 


“သူ အရမ်းကြိုးစားထားတာလေ၊ ညတုန်းက အိပ်မက်မက်နေတာတောင် မိန့်ခွန်းတွေကို ကျက်နေသေးတယ်၊ ငါ မနေ့ညက အိပ်လို့တောင် မရခဲ့ဘူး”


ကျိယွမ်ရှီး သက်ပြင်းချလိုက်သည်။


“ငါတို့ အထဲကို ဝင်ကြည့်လို့ရရင် ကောင်းမှာပဲ”


ကျင်းရန်: “ငါ  ကြက်ခြေနီအသင်းက  ရွှယ်ကျဲတစ်ယောက်ကို သိတယ်၊ သူ့ကို တောင်းဆိုရင် ဝင်လို့ ရလောက်မယ်ထင်တယ်”


ရှန်ကျစ်ရှောင်း: “မင်းနှင့်သိနေတဲ့  ရွှယ်ကျဲ ဘယ်နှစ်ယောက်လောက်တောင် ရှိ__”


ကျင်းရန် ထိုစီနီယာအစ်မဆီသို့ အကျိုးအကြောင်းကိုရှင်းပြခဲ့တယ်။ 


စီနီယာအစ်မ:” ငါလည်း မင်းကို ကူညီချင်ပါတယ်၊ ဒါပေမယ့် ခန်းမက လူပြည့်နေပြီ”


ကျိယွမ်ရှီး: “ငါတို့ မတ်တပ်ရပ်ပြီး စောင့်ကြည့်လို့ မရဘူးလား?”


စီနီယာအစ်မက ခဏလောက်စဉ်းစားပြီး ပြောလာသည်။


“အခု ကြက်ခြေနီအသင်းခေါင်းဆောင်က ပြောတယ်၊ အတွင်းထဲမှာတော့ လူတွေ ရှုပ်ထွေးနေလို့မရဘူး၊ ခနနေရင် ကျောင်းသားတွေ မိန့်ခွန်းစကားပြောဖို့အလှည့်ကျတဲ့အချိန် မင်းတို့တွေ အနောက်ဘက်တံခါးကနေ ဝင်ပြီး ထောင့်နားကနေ ရပ်ပြီး စောင့်ကြည့်မယ်ဆိုရင်တော့ အဆင်ပြေတယ်”


“ဒါက အရမ်းအဆင်ပြေနေပါပြီ “


ကျင်းရန် ပြုံးပြီး ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် ရွှယ်ကျဲ  နောက်နေ့မှ ညစာစားဖို့ ဖိတ်လိုက်မယ်”


စီနီယာအစ်မ:  “ မင်းက ဒီလိုပြောနေမှတော့ မငြင်းနေတော့ဘူး”


ထိုစီနီယာအစ်မက သူတို့ကို ဝင်ခွင့်မပေးခင် သူတို့သုံးယောက် နာရီဝက်ကျော်ကြာအောင် စောင့်နေခဲ့ရသည်။


ကျင်းရန်ခါးကို ကိုင်းညွတ်လိုက်ပြီး  ရှန်ကျစ်ရှောင်း၏ အနောက်မှ သူခိုးတစ်ယောက်ကသို့ လိုက်ကာ တံခါးမှ  လူမမြင်အောင် ပုန်းရှိုးကွယ်ရှိုးလှမ်းဝင်ပြီး သူတို့ ရပ်နိုင်မည့်ထောင့်စွန်းနေရာကို တွေ့ရှိခဲ့သည်။


ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ host က ကြေညာလာခဲ့သည်။


“အခု  ကျွန်တော်က ကွန်ယက်အင်ဂျင်နီယာနှင့် ကွန်ပျူတာဌာနမှ  ကျောင်းသားသစ် ကိုယ်စားလှယ် ရန်ချင်းလင်ကို စင်ပေါ်မှာ မိန့်ခွန်းပြောရန် ဖိတ်ခေါ်လိုက်ပါရစေ!”


  အားတက်သရော လက်ခုပ်သြဘာများ ထွက်ပေါ်လာခဲ့ပြီး မိန်းကလေးများမှာ ချက်ချင်း မတ်မတ်ထိုင်လာခဲ့ကြသည်။


ကျင်းရန်: “...ဘာလို့ ခယ့်ယန် မဟုတ်တာလဲ?”


“ရန်ချင်းလင်ပြီးမှ ခယ့်ယန် ဖြစ်လောက်တယ်” 


ရှန်ကျစ်ရှောင်း ပြောလာခဲ့သည်။


“ကျောင်းသားသစ်ပြီးမှ ကျောင်းသားဟောင်းတွေလာမှာလား၊ ဒါက မနှစ်ကနှင့် မတူဘူးပဲ”


ကျင်းရန် “ကျစ်”ခနဲ စုတ်သပ်လိုက်သည်။


“ဒါက  အချိန်ဖြုန်းတာပဲ”


လူတိုင်း၏မျက်လုံးရှေ့တွင်  ရန်ချင်းလင်က အလျင်စလိုမရှိဘဲ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။


သူက အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး ပေါ့ပါးသွက်လက်နေသလို တစ်ချိန်တည်းတွင် ကျက်သရေရှိနေခဲ့ပြန်သည်။


ကျင်းရန် အနည်းငယ် အံ့အားသင့်သွားရသည်- ဒါက သူ့ရှေ့မှာ စကားပြောရတာကို အရမ်းကြိုက်တဲ့ ကျောင်းသားလေး ဟုတ်ရဲ့လား ? ?


ရှန်ကျစ်ရှောင်းက ဘေးကနေ ကဲ့ရဲ့လာခဲ့သည်။


“မင်း အခု အချိန်ဖြုန်းနေတယ်လို့ ထင်နေသေးလား”


ကျောင်းသားသစ်လေးများ၏  ဤကဲ့သိာ့ ကျောင်းသားသစ်ကြိုဆိုပွဲ၌ပြောလာတတ်သည့် မိန့်ခွန်းစကား အားလုံးမှာ ဖန်တစ်ရာတေနေသည့် ပျင်းရိစရာ စကားလုံးများပင် ဖြစ်ချေသည်။ ယခင်ကဆိုပါက ကျင်းရန်တစ်ယောက် တစ်မိနစ်မပြည့်မှီအချိန်တွင်  သန်းဝေလာလိမ့်မည်။ 


သို့သော်လည်း ယခုအချိန်တွင်ကား သုံးမိနစ်ကျော်သွားသည့်တိုင် သူ့၏ စိတ်ဓာတ်တို့မှာ အတင်းအကြပ် တက်ကြွနေဆဲဖြစ်နေခဲ့သည်။


ကျင်းရန်တစ်ယောက် ဤသည်ကို သတိပြုလိုက်မိသည့်နောက်  ကိုယ့်ကိုယ်ကို နားမလည်နိုင်စွာနှင့်စိတ်ပျက်သွားမိချေသည်။


သူက စတိတ်စင်ပေါ်မှ အကြည့်များကို ပြန်ရုတ်လိုက်ပြီး ဖုန်းနဲ့ စတင်ဆော့ကစားလိုက်သည်။  သူ့ကိုယ်သူ မကြည့်ဖို့  ထိန်းချုပ်နိုင်သော်လည်း  ခွေးအခန်းဖော်နှစ်ယောက်၏ အသံကို တားဆီးဖို့ရာအတွက်တော့ နည်းလမ်းမရှိပါချေ။


ကျိယွမ်ရှီး : “ရန်ချင်းလင်ရဲ့ပုံစံကကို လူတွေကို မော့ကြည့်လာအောင် လုပ်နိုင်တယ်၊ အဲဒီမျက်နှာ၊ အဲဒီခါး၊ အဲဒီခြေတံရှည်ရှည်တွေကို ကြည့်လိုက်ဦး... ကျောင်းက မိန်းကလေးတွေရဲ့ မျက်လုံးတွေက သူ့ကိုကြည့်တဲ့အကြည့်နှင့် အဘိုးမော်(မော်စီတုန်း)ကိုကြားတဲ့အကြည့်ကြားမှာ ကွာခြားချက်တောင် မရှိတာကို တွေ့ရလိမ့်မယ်၊ အခု သူ့မှာ ချစ်သူရှိနေပြီလား မသိဘူး”

   


ကျင်းရန်၏ ဖုန်းကိုပွတ်ဆွဲနေသည့်လက်ချောင်းထိပ်များက ရပ်တန့်သွားခဲ့ရသည်။


ရန်ချင်းလင်မှာ ချစ်သူ ကောင်မလေးတော့မရှိဘူး။ ဒါပေမယ့် ခင်ပွန်းသည်တစ်ယောက်ကတော့ရှိနေတယ်။ မင်းသာ မေးမိရင် လန့်သွားလိမ့်မယ်!


ရှန်ကျစ်ရှောင်း : “မင်း ဘာလို့ လူတွေရဲ့ ခါးနဲ့ ခြေထောက်တွေကို အမြဲတမ်း လိုက်ကြည့်နေရတာလဲ၊ သတိထားနေလိုက်နော်၊ ငါ မင်းရဲ့လောင်ဖောကို တိုင်ပြောတော့မှာ”


ကျိယွမ်ရှီးက လက်ညိုးကိုထောင်၍ ခါယမ်းပြလာသည်။


မင်း ဘာသိလို့လဲ ၊ ဒါက ဘယ်နေရာကိုပဲသွားသွား အလှအပကိုရှာဖွေတွေ့ရှိနိုင်တဲ့ မျက်လုံးတစ်စုံလို့ခေါ်တယ် ၊ ရန်ရန် မင်း ဘယ်ကိုသွားမလို့လဲ?”


“မင်းတို့ ပြောတဲ့စကားတွေကို မကြားနိုင်တဲ့နေရာကို သွားမလို့”


ရှန်ကျစ်ရှောင်းနှင့် ကျိယွမ်ရှီးတို့  တစ်ယောက်ကို တစ်ယောက် ကြည့်မိသွားခဲ့ရသည်။


“ လောင်ကျိ၊ မင်း စိတ်လွတ်သွားတာလား? ကျင်းရန်ရဲ့ရှေ့မှာမှ ရန်ချင်းလင်းကို  ချီးကျူးနေတယ်...”


ကျိယွမ်ရှီးက အပြစ်ကင်းစင်သည့်ပုံဖြင့် ပြောလာချေသည်။


“ဒါဆို ငါ အမှန်အတိုင်း ပြောလိုက်မယ်၊  ရန်ချင်းလင်က ဘယ်လောက်ပဲ ကောင်းနေပါစေ ငါ့ရဲ့ ရန်ရန့်ကို ချစ်တဲ့စိတ်က လျော့မသွားဘူး!”


ဤအချိန်ခဏအတွင်း ကျင်းရန်မှာ သူ့ကိုယ်သူ ခိုးကြောင်ခိုးဝှက် ဝင်လာခြင်းဖြစ်ကြောင်းကို မေ့သွားခဲ့ပြီး နောက်ဘက်မှ ခုံတန်းဘက်ဆီ ပွင့်ပွင့်လင်းလင်း လျှောက်သွားလိုက်မိသည်။


ကံကောင်းစွာဖြင့် တခြားလူများက သူ့အား ကျောခိုင်းကာထိုင်နေခဲ့ကြပြီး သူ့ကို မည်သူကမျှ သတိမပြုမိကြခဲ့ပေ။


စင်မြင့်ပေါ်တွင်ရှိနေသည့် ရန်ချင်းလင်မှ လွဲ၍..


  

ရန်ချင်းလင်၏ အသံက မသိသာလောက်သည့်ကြာချိန်လောက် ရပ်တန့်သွားခဲ့သည်။


ကျောင်းသားသစ်အဖြစ် မိန့်ခွန်းအဆုံးတွင်  ရန်ချင်းလင်က အနည်းငယ် ဦးညွှတ်ခဲ့ပြီး ပရိသတ်များ၏လက်ခုပ်သံများကြားမှ စင်ပေါ်ကနေ ဆင်းသွားခဲ့သည်။


ကျင်းရန်က သူတို့ရဲ့ မူလတန်းကျောင်းတွင်း အနိုင်ကျင့်သူလေး၏  မိန့်ခွန်းအပေါ် အာရုံစိုက်ရန်အတွက် သူ့ရဲ့ လက်ထဲမှ ဖုန်းကို ပြန်လည် သိမ်းဆည်းတော့မည့်အချိန်တွင် ရန်ချင်းလင်ထံမှ ဝီချက်မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။


.R : [ရွှယ်ကျန်း ၊ ကျွန်တော့်ကိုလာတွေ့တာလား]


ကျင်းရန်ရန်ရန် : [မဟုတ်ဘူး၊ ထွက်သွားစမ်း၊ မင်းကို ထပ်သတ်ဖို့အတွက် လောင်ကျစ်ကိုတောင်းဆိုနေတာလား . jpg]


.R : [ရွှယ်ကျန်း အဲဒီမှာ ရှိနေတုန်းပဲ]


ကျင်းရန်ရန်ရန်: [မင်းအဖေ စိတ်ညစ်နေပြီ jpg]


.R:  [ကျွန်တော် လာခဲ့မယ်]


ကျင်းရန်: ? ? ?


စင်မြင့်ပေါ်တွင်တော့  ခယ်ယန်က ရောက်ရှိနေပြီဖြစ်ကာ သူ့ဘဝတွင် ပထမဆုံး မိန့်ခွန်းကို စတင်ပြောဆိုနေခဲ့ပြီ။


ကျင်းရန် သူ့အတွက် အမှတ်တရအဖြစ် ဓာတ်ပုံအနည်းငယ်ရိုက်ရန် စဉ်းစားနေစဥ်မှာ ရုတ်တရက် သူ့နားထဲငို့ တစ်စုံတစ်ယောက်၏ တီးတိုးစကားသံကို ကြားလိုက်ရလေသည်။


“ရွှယ်ကျန်း”


ကျင်းရန်တစ်ယောက် အလွန် ထိတ်လန့်သွားခဲ့ပြီး ဖုန်းကိုပြုတ်ကျလုနီးပါးဖြစ်သွားရသည်။ သူ လှည့်ကြည့်လိုက်တော့  ရန်ချင်းလင်ကို တွေ့လိုက်ရသောကြောင့် ဒေါသတကြီး ပြောလိုက်သည်။


“သောက်ကျိုးနည်း မင်းဘယ်က ရောက်လာတာလဲ လောင်ကျစ်ကိုသေအောင်ခြောက်နေတာလား”


“ကျွန်တော် အပြင်ကနေ လျှောက်လာခဲ့တာ”


ကျင်းရန် ရှိနေသည့်ထောင့်က ကျယ်ပြောခြင်းမရှိသောကြောင့် လူကြီးနှစ်ယောက် ယှဥ်တွဲပြီးရပ်နေချိန်တွင် ကျင်းရန်မှာ ရန်ချင်းလင်၏ ခန္ဓာကိုယ်ကိုတောင် ရနံ့ကိုတောင် အနံခံနိုင်ခဲ့သည်။


ထိုရနံ့က အဝတ်လျှော်ဆပ်ပြာ၏ရနံ့ဖြစ်ပုံရပြီး ခပ်သင်းသင်းမွှေးပျံ့ပြီး လန်းဆန်းစေကာ စံပယ်၏ ရနံ့ကဲ့သို့ အမွှေးရနံ့မျိုးရှိသည်။


ကျင်းရန် ရန်ချင်းလင်အား တံတောင်ဖြင့် တွန်းလိုက်သည်။


“ကမ္ဘာကြီးက  ဒီလောက်ကျယ်တာ မင်းမှာ နေစရာ ဒီနေရာလေးပဲ ရှိနေတာလား၊ မင်းရဲ့ပါးဆီကနေ ဝေးဝေးနေစမ်းပါ”


“ဒါပေမယ့် ရွှယ်ကျန်း” 


ရန်ချင်းလင်က လေထဲတွင်ချိတ်ထားသည့် ကင်မရာများကို လက်ညှိုးထိုးပြလာခဲ့သည်။


“တခြားနေရာတွေကို ဓာတ်ပုံရိုက်နေတယ်”


“ဒါဆို မင်းရဲ့နေရာဆီကို ပြန်သွားလိုက်လေ”


ရန်ချင်းလင်က ကျင်းရန်၏  နားသန်သီးလေးကို စိုက်ကြည့်ရင်း  သဘာဝကျသည့်လေသံဖြင့် ပြောလာသည်။


“ကျွန်တော့် နေရာက ပထမတန်းမှာရှိတာလေ၊ အခုချိန်ပြန်သွားရတာက မျက်စိဖမ်းလွန်းနေလိမ့်မယ်”


ကျင်းရန် ဆွံ့အသွားရသည်။


“ဒါဆို မင်းဘာလို့ ဒီကိုလာနေသေးတာလဲ”


ရန်ချင်းလင် အိုးကို လှုပ်ခါပြီး ပြောလာချေသည်။


“ရွှယ်ကျန်းက ငါ့ကို ကြည့်ဖို့လာတာမဟုတ်ဘူးလား”


“သောက်ကျိုးနည်း ငါက ဘယ်တုန်းကလဲ...”


ကျင်းရန် သူ့၏ အသံကို မသိစိတ်ဖြင့် မြှင့်လိုက်မိသောကြောင့် နောက်ဆုံးတန်းတွင် ထိုင်နေသော အတန်းဖော်များက ထိုလှုပ်ရှားမှုကို ကြားသွားခဲ့ကာ နောက်ကို လှည့်ကြည့်လာကြသည်။ 


ကျင်းရန်တစ်ယောက် သူ၏ နှလုံးသားထဲတွင် “ဖာ့ခ်”ဟူသောစကားကို အခါတစ်သောင်းလောက် ရွက်လိုက်မိကာ ရန်ချင်းလင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး တစ်ဖက်လူကို ဆွဲချလိုက်တော့သည်။


ခယ့်ရန်ကတော့ သူ၏ မိန့်ခွန်းစကားကို ဆက်လက် ပြောကြားနေဆဲဖြစ်သည်။ သူ့၏ စကားသံများက ရှင်းလင်း ပြတ်သားပြီး ပြောဆိုနေသည့် အရှိန်ကိုလည်းပုံမှန်အတိုင်း ထိန်းထားနိုင်ကာ စိတ်ရှုပ်နေသည့်လေသံကို လုံးဝမကြားရပေ။


လက်ရှိတွင် လူနှစ်ယောက်က မျက်နှာချင်းဆိုင်လျှက် ငုတ်တုတ်ထိုင်နေခဲ့ကြသည်။ ကျင်းရန်၏ မျက်လုံးများက ပြူးကျယ်နေခဲ့ပြီး သူ့၏လက်သည်လည်း ရန်ချင်းလင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ချေသည်။

   


ကျင်းရန်တစ်ယောက် မနေနိုင်စွာဖြင့် ညည်းတွားလာခဲ့သည်။


“ဒါက ဘာလဲ? ငါက ငါ့အခန်းဖော်တစ်ယောက်က မိန့်ခွန်းပြောတာကို လာကြည့်ချင်ရုံပါပဲ၊ ဒါကို ဘာလို့ အထက်တန်းကျောင်းမှာ အတန်းလစ်သလိုမျိုး နှလုံးခုန်နှုန်း 180 နဲ့ ရှောင်တိမ်းပြေးလွှားနေရတာလဲ? ဒီ အမှိုက်လိုကျောင်းကတော့ အနှေးနှင့်အမြန် ပိတ်ရတော့မှာ!”


“အမ်... ဒါပေမယ့်  ရွှယ်ကျန်း”


ရန်ချင်းလင်  ဖြေးဖြေးချင်းပြောလာခဲ့သည်။


“ရွှယ်ကျန်း ကျွန်တော့်ရဲ့လက်ကို အရင်ဆုံးလွှတ်ပေးလို့ရမလား”


ဒီလိုမျိုး ဆက်ကိုင်ထားမယ်ဆိုရင် တစ်ခုခုဖြစ်သွားလိမ့်မယ်လို့ ထင်နေပြီ။


ကျင်းရန် သူ့၏လက်ကို လွှတ်ပေးလိုက်ပြီး လှောင်ပြောင်လိုက်သည်။


“မိန်းကလေးတစ်ယာက်လို လုပ်နေတာပဲ”


**