Chapter - 1
လန်လင်းက ပန်ဒါမျက်လုံးတွေနဲ့ သူ့ရဲ့သေးငယ်တဲ့စားပွဲခုံလေးဘေးကို ခေါင်းလေးစောင်းပြီးလှည့်ကြည့်လိုက်သည့်အချိန်တွင် ရုတ်တရက်အရာအားလုံးအမှောင်ကျသွားတော့သည် ။
သူသတိရတဲ့အခါတွင်တော့ သူရောက်နေတဲ့နေရာက သူ့ရဲ့တိုက်ခန်းကျဉ်းလေးမဟုတ်တာကိုသိလိုက်ရတော့သည် ။
ဒီတိုက်ခန်းကြီးကသောက်ရမ်းကိုကြီးကြယ်လွန်းတယ်! ဝါး.....အမြင်နဲ့တင်အတော်လေးကုန်ကျမယ်မှန်းသူခန့်မှန်းလို့ရနိုင်တယ် !
ဒါပေမဲ့ သူ့အတွက်ဒီလိုနေရာမျိုးပိုင်ဖို့နေနေသာသာ သူ့ဘာသာစားသောက်ဖို့အတွက်တောင်မတတ်နိုင်ဘူးလေ !
ငါကဘာလို့ဒီကိုရောက်နေရတာလဲ....
အိပ်ခန်းထဲရှိမှန်မှတစ်ဆင့် သူ့ပုံစံကိုမြင်လိုက်ရသည့် အခါပိုပြီးတော့တောင်လန့်သွားခဲ့ရသည် ။
" အား ..... ဒါကဘယ်သူကြီးလဲ ........နေ နေပါဦးဟ ဒါကငါဖြစ်နေတာဘဲဟ "
ဘယ်လိုအရူးမျိုးကတစ်ခေါင်းလုံးကိုခရမ်းရောင်အပြည့်ဆိုးထားလို့လဲ ပြီးတော့ဘယ်လိုတောင်ဒီအဝတ်အစားတွေကလဲဘာတွေလဲကွာ !
အရာအားလုံးကသောက်ရမ်းကိုထူးဆန်းလွန်းနေတယ်နော်!
ပိုပြီးထူးဆန်းနေတာကမျက်မှန်မတပ်ဘဲနဲ့ဘာလို့ရှင်းရှင်းလင်းလင်းကြီးကိုမြင်နေရတာလဲ...
တော်တော်ကြီးကိုထူးဆန်းနေတာပါနော်!
" ငါပြန်ပေးဆွဲခံလိုက်ရတာများလား ...'
ဒါနဲ့ဘယ်လိုပြန်ပေးသမားမျိုးကဓားစာခံကိုဒီလောက်ကြီးကောင်းကောင်းမွန်မွန်ထားလို့လဲ...
ဒေါက် !
ဒေါက်!
ဒေါက်!
" ပါးပါးရေ မီးမီးဗိုက်ဆာတယ် "
အရမ်းကိုချစ်စရာကောင်းပြီး ချိုမြိန်သည့် ကလေးလေးတစ်ယောက်၏ အသံကတံခါးနောက်ကထွက်လာခဲ့သည် ။
" မီးမီး ဖေ့ဖေ့ကိုတွေ့လို့ရမလားဟင် "
ကလေးလေးလား ကလေးကရောဒီမှာဘာလို့ရှိနေရတာလဲ သူမရဲ့မိဘတွေကရောဘယ်မှာလဲ...
လန်လင်း ကံခါးကိုဖွင့်လိုက်ပြီး အရမ်းအရမ်းကိုမှချိုသာတဲ့လေသံလေးနှင့်ကလေးမလေးအားပြောလိုက်သည် ။
" Hello "
ကလေးမလေး၏ မျက်လုံးလေးတွေကမျက်ရည်အပြည့်နှင့် သူ့ကိုကြည့်နေသည်မှာ မကြာခင်တွင်အော်ဟစ်ငိုတော့မည့်အတိုင်းပင်ဖြစ်သည် ။
" တောင်းပန်ပါတယ်နော် ပါးပါး မီးမီးဗိုက်ဆာလို့ပါ ချယ်လ်စီ ကပါးပါးကိုစိတ်ညစ်အောင်လုပ်တာမဟုတ်ပါဘူးနော် "
သူရုတ်တရက်ကြောင်အသွားရသည် ။
ဗိုက်ဆာလို့လား .. ပြီးတော့ပါးပါး ...ဘာတွေဖြစ်နေရတုန်းလို့ !
ရုတ်တရက်ပင် သူ့ခေါင်းကိုတူနဲ့ထုနေသလိုမျိုးကိုက်ခဲလာခဲ့သည် ။
" အာ "
" ပါးပါး ဘာဖြစ်လို့လဲဟင် "
ကလေးမလေးကနားမလည်နိုင်စွာငေးပြီးမေးနေခဲ့သည် ။
ခဏလောက်စိတ်တည်တည်ငြိမ်ငြိမ်ထားပြီးသည့်အချိန်တွင် ဘာတွေဖြစ်နေလဲသူနားလည်လာပြီဖြစ်သည် ။
ဤကမ္ဘာတွင် လိင်အမျိုးအစား အမျိုးအစားသုံးခုရှိသည် ။ မိန်းမ ယောင်္ကျား နဲ့သူအခုရောက်နေတဲ့ကိုယ်ပိုင်ရှင်သည် အသေအချာပင် ယောက်ကျားလေးဖြစ်ပြီး ကလေးမွေးနိုင်သည့်အမျိုးအစားဖြစ်သည် ။
မူလကိုယ်နှင့်ယောက်ျားတို့၏ ဇာတ်လမ်းလေးကတော့ သောက်ရမ်းကိုချမ်းသာတဲ့မိသားစုကတတိယမြောက်သား ပါကာ က ကံမကောင်းစွာဖြင့်စောစောစီးစီးသေရဖို့ကံပါသောကြောင့်စီးပွားရေးဆန်သည့် လက်ထပ်မူမျိုးဖြင့် သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြသည် ။
ထို့အပြင်စီးပွားရေးဆန်သည့် လက်ထပ်မူမျိုးသည် ဘယ်တုန်းကမှအဆင်ပြေပြေမရှိခဲ့ဘူးပေ ။
ဒရိတ်ခ် ဖော့လ်ခ်မွန်ရဲ မူလကိုယ်၏ယောက်ျားကတော့သူတို့ရဲ့အိမ်ထောင်ရေးကိုတတ်နိုင်သမျှအဆင်ပြေပြေရှိနေစေချင်ခဲ့သည် ။ထိုသူ၏ပုံစံကအရမ်းကိုအေးစက်မာနကြီး၍ တစ်လောကလုံးဂရုစိုက်စရာမလိုဘူးဆိုသည့် အခွက်နှင့် ဖြစ်သော်လည်း လူကောင်းတစ်ယောက်ဖြစ်သည်မှာတော့သေချာသည် ။
သို့ရာတွင် ပါကာ ကတော့သူတို့နှစ်ယောက်၏ အိမ်ထောင်ရေးကိုလက်ခံဖို့စိတ်ကူးမရှိခဲ့ပေ ။
ပိုက်ဆံကိုအသေအကြေဖြုန်းကာ တစ်နေ့တစ်နေ့အသုံးမ၀င်တဲ့ပါတီတွေတက်၍သာအချိန်ဖြုန်းနေခဲ့သည် ။
သူတို့နှစ်ယောက်အဆင်ပြေပြေရှိဖို့တောင်မှမကြိုးစားခဲ့ပေ ။ တစ်နေ့တွင် နှစ်ယောက်လုံးကပါတီတစ်ခုတွင်အမူးလွန်ကာ အဟွတ် ! ဖြစ်ခဲ့ကြပြီး ချယ်လ်စီ လေးကိုရခဲ့သည် ။ ပါကာ က တကယ်ကိုမလိုချင်ခဲ့သော်လည်း ကလေးကိုဖျက်ချခွင့်မပေးခဲ့သည့်အတွက် အမြဲတမ်းနီးပါးပင် ဒရိတ်ခ်ကိုအပြစ်တင်နေခဲ့သည် ။ ထို့အပြင်ကလေးကို မူလကိုယ်ဘက်မှ ပြုစုစောင့်ရှောက်မည်မဟုတ်ဟု အတိအလင်းငြင်းဆိုခဲ့သောကြောင့် ဒရိတ်ခ် ကသာ ကလေးမလေးကိုဂရုစိုက် ထိန်းကျောင်းပေးခဲ့ရသည် ။
ဒရိတ်ခ်သည် single father တစ်ယောက်နှင့်မခြားပေ ။
ပါကာ ကတော့အရင်အချိုးအတိုင်းဘဲဆက်လက်ပျော်ပါးနေခဲ့ကာ ဒရိတ်ခ်အနေဖြင့် သူနှင့် ပြေပြေလည်လည်ပြောဆိုရန် ကြိုးစားသော်လည်းအမြဲတမ်းလိုလိုပင် ပါကာ၏ သူဘယ်လောက်နစ်နာခဲ့ရပါကြောင်းပြောဆိုငိုယိုသည့် အကြောင်းများကိုသာ ထိုင်နားထောင်ခဲ့နေရသည် ။
တစ်နေ့တွင် ချယ်လ်စီလေးက အရေးပေါ်ခွဲစိတ်မူတစ်ခုအတွက်သွေးအရမ်းလိုအပ်နေခဲ့သည့်အချိန်တွင် ပါကာ့ထံမှသွေးထုတ်ရန်တောင်းဆိုသည့်အချိန်၌ အသဲအသန်ကိုငြင်းဆန်နေခဲ့ကာ အရက်ပင်သောက်ထားခဲ့သည် ။
အကယ်၍ ဒရိတ်ခ် သာအဆင်ပြေရန်မစီမံ ခဲ့ဘူးဆိုရင် ချယ်လ်စီလေးမည်သို့ဖြစ်မည်မှာ မတွေးရဲစရာပင်ဖြစ်သည် ။
ချယ်လ်စီလေးက ဒရိတ်ခ်ရဲ့နောက်ဆုံးစည်းလေးဖြစ်သည့်အတွက် ထို့ထက်ပိုပြီး သူသည်းမခံနိုင်ခဲ့တော့ပေ ။ထို့ကြောင့်ပါကာ ကိုကွာရှင်းဖို့အတွက်တောင်းဆိုခဲ့သည် ။
ပါကာ့ မိဘတွေက သူတို့နှစ်ယောက်၏ ကွာရှင်းမှုကိုခွင့်မပြုသည့်အတွက် ပါကာက ငြိမ်ငြိမ်သာဆက်နေခဲ့ရသည် ။ သို့ရာတွင် သေချာဆုံးဖြတ်ပြီးတဲ့ဒရိတ်ခ် ကကွာရှင်းဖို့ကိုဘဲဆက်တိုက်တောင်းဆိုခဲ့သည် ။ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးရန်ငြင်းဆန်သော်လည်း ဒရိတ်ခ်က တရားရုံးမှဆင့်ခေါ်စာဖြင့်မရရအောင် ကွားရှင်းလိမ်မည် ။ မူလပါကာသည် ချယ်လ်ဆီလေး အားခေါ်၍ထွက်ပြေးခဲ့ရခြင်းဖြစ်သည်
မူလကိုယ်၏မှတ်ဥာဏ်များအရ သူကိုယ်တိုင်ကသာပြန်ပေးဆွဲသူကြီးဖြစ်နေခဲ့သည် ။
xxxxxxxx