Chapter - 2
ပါကာ၏ ခန္ဓာကိုယ်ထဲတွင် ရောက်နေသည့် လန်လင်း ကတော့ မနာလိုမှူတွေ တပုံတပင်ဖြင့် သေလောက်အောင် ဒေါသထွက်နေတော့သည် ။
သူတကယ်ကို မနာလိုဖြစ်မိသည် ။
သူ့အပေါ်ကောင်းတယ်လို့ မဆိုသာပေမဲ့ မဖောက်ပြန်တဲ့ ခင်ပွန်းသည်နှင့် နတ်သမီးငယ်လေးလို သမီးလေးမျိုးရှိနေတာတောင်မှ မူလကိုသည်မကျေနပ်နိုင်ခဲ့ပေ ။ လန်လင်း အနေနှင့်
ကတော့ သူ့ကို "ရတာမလို လိုတာမရ" ဖြစ်နေသည့် သောက်ရူးကောင််ဟုပင်မြင်သည် ။
လက်ထဲမှာရှိနေတဲ့ အရာတွေကို တန်ဖိုးမထားဘဲ အမြဲတမ်းရနိုင်တာထက် ပိုပြီးလိုချင်နေကာ ဘယ်တော့မှ ရောင့်ရဲမဲ့သူမျိုးမဟုတ်ပေ ။
"ပါးပါး ကျေးဇူးပြုပြီးမသေပါနဲ့နော် ချယ်လ်စီ ပိုပြီးလိမ္မာပါ့မယ် အများကြီး မစားတော့ဘူးလေနော်"
ကောင်မလေးရဲ့ အသံက ချိုမြနေပြီး အရမ်းဝမ်းနည်းပုံပေါ်နေသည် ။
ပါကာ ကလေးမလေးရဲ့ နူးညံ့တဲ့ ပုံစံလေးကြောင့် သူ့အသဲတွေပါ ကြေမွ သွားရသလို ခံစားလိုက်ရသည်် ။ ကလေးမလေးက သူ့ကိုမွေးပေးခဲ့တဲ့ သူဆီက ဘယ်တော့မှ အချစ်မခံခဲ့ရပေ ။
" စိတ်မပူပါနဲ့ ချယ်လ်စီ လေးရယ် ပါးပါးအဆင်ပြေတယ် ,ပါးပါးသမီးစားဖို့ တခုခု လုပ်ပေးမယ်နော်"
ပါကာ က ကလေးလေးရဲ့ ခေါင်းကို ညင်ညင်သာသာလေး ပုတ်ပေးတဲ့ အချိန်တွင် ကလေးမလေးကတော့ သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည် ။
"ပါးပါးက တစ်ကယ် အဆင်ပြေလား"
"ပါးပါးက အဆင်ပြေပါတယ် အခုတော့ နတ်သမီးလေးစားဖို့ တစ်ခုခုလုပ်ကြရအောင်နော်"
ပါကာ ကလေးမလေးကို ချီမလိုက်ပြီးသူ့လက်မောင်းတွေကြားထဲမှာ ထွေးပွေ့ထားခဲ့သည် ။ သူကတော့ ဒရိတ်ခ် နဲ့ ကွာရှင်းကြမည့် ကိစ္စနဲ့ ပတ်သတ် ၍ စိတ်အနှောက်အယှက် ဖြစ်စရာမရှိ
သော်လည်း မူလပါကာ ကဲ့သို့ဤမိသားစုလေးကို မပြိုကွဲစေချင်ပေ ။
သူကိုယ်တိုင်သည်လည်း နွေးထွေးသည့်
မိသားစု ဘဝလေးရန်အမြဲတောင့်တနေရသည်ဖြစ်၍ အလကားရသည့် ခင်ပွန်းသည်ကို ထည့်မတွက်လျှင်တောင် ကလေးမလေးက သူ့အတွက် နှစ်ဘဝလုံးမှာရတဲ့ နတ်ဘုရားရဲ့ ကောင်းချီးတစ်ပါးဖြစ်ကာ လက်လွှတ်ရအောင်သူအရူး မဟုတ်ပေ ။
ပါကာ မီးဖိုခန်းထဲကိုရောက်သည့်အချိန်တွင် ရေခဲသေတ္တာကြီးတစ်ခုလုံး အာဟာရပြည့်စွာ ချက်ပြုတ်လို့ရမည့် ပါဝင်ပစ္စည်းတွေနဲ့ပြည့်နေခဲ့သည် ။
မူလပါကာ ကတော့ အသုံးပြုခဲ့လိမ့်မည်မဟုတ်ပေ ။သူက ကလေးမလေးကို အောက်ချပေးလိုက်ပြီး အဆာပြေစေဖို့အတွက် အရွက်သုပ်တစ်ပန်းကန် လုပ်ပေးလိုက်သည် ။
"သမီး အတွက်လား? "
"ဟုတ်တာပေါ့ ဒါလေးအရင်စားလိုက်ဦးနော် ပါးပါးက အခု တကယ်ကြီး အရသာရှိတာတွေကို ချက်ပေးမယ်"
သူက သူမလေးကို နွေးထွေးစွာ ပြုံးပြလိုက်သည် ။ ကလေးမလေးကတော့ သူ့ပါးပါး ဒီနေ့ အရမ်းကို ပြောင်းလဲနေတာကို သတိထားမိနေသည် ။ အမြဲတမ်းသူမကို လစ်လျုရှုထားပြီး ဂရုမစိုက်တတ်သည့် ပါးပါးထက် အခုပါးပါးက အများကြီး ပိုကောင်းသည်ဟု သူမထင်သည် ။
ကလေးမလေးက အရွက်သုပ်စားပြီး ကာတွန်းကားကြည့်နေသည့်အချိန်တွင်ပါကာ ကတော့ ဟင်းချက်နေခဲ့သည် ။
ယခုလောလောဆယ်တွင်ပါကာ စိတ်ထဲ၌ အတွေးတွေ ယောက်ယက်ခတ်နေခဲ့သည် ။ဒရိတ်ခ်ကသူ့ကို နတ်ပြည်မှာရော ငရဲပြည်မှာပါ မကျန် တွေ့အောင်ရှာလိမ့်မည်ဖြစ်ကာ အသေချာဆုံးတခုကတော့ ကွာရှင်းစာချုပ်နဲ့ ရိုက်သတ်မခံရရင်တောင်မှ ကံကောင်းတယ်လို့ မှတ်လို့ ရနေပြီဖြစ်သည် ။
သို့ရာတွင် သူကတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်ကြိုးစားချင်သေးသည် ။သတ်သေပြမယ်တကဲကဲနဲ့ ခြိမ်းခြောက်တာက လုံးဝကိုအသုံးမဝင်ပေ ။
လန်လင်း ကလူတွေကို စိတ်ငြိမ်အောင်လုပ်ရာတွင်အရမ်းကျွမ်းကျင်သည် ။ ယခုအချိန်တွင်တော့ ဤအရည်အချင်းကို သူ့ရဲ့အလကားရထားတဲ့ခင်ပွန်းလောင်းကြီးကို နားချရာမှာအသုံးဝင်မယ်လို့တော့ မျှော်လင့်ရသည် ။
ပါကာက စပါဂတီလုပ်ဖို့ ခေါက်ဆွဲကိုပြုတ်ထားသည့်အချိန်တွင် ကြက်ရင်ပုံသားကိုကြော်နေလိုက်သည် ။ ခဏအကြာတွင်အလွန်မွှေးပျံ့သည့် ကြက်ကြော်ရနံ့နှင့် အရသာရှိမှာသေချာတဲ့စပါဂတီပွဲရဲ့ ရနံ့က ချယ်လ်စီ လေးရဲ့ အာရုံကိုဖမ်းစားသွားတော့သည်။
"ပါးပါး ဘာတွေချက်နေတာလဲဟင်"
ချယ်လ်စီ လေးက သူမရဲ့ခေါင်းသေးသေးလေးနဲ့ ဆိုဖာပေါ်ကချောင်းကြည့်နေခဲ့သည်။ သူမရဲ့ပါးပါး အလေးအနက်ထားပြီး ဟင်းချက်နေတဲ့ပုံက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းလွန်းသည် ။ နောက်ရေခဲသေတ္တာတစ်လုံးထဲတွင် အရက် ၊ ဘီယာ၊ ဝိုင် ၊ ဝီစကီ တွေနဲ့ပြည့်နေသည် ။
"ဘယ်မှာလဲ ကလေးသောက်ဖို့နွားနို့လေးတောင် ရှိမနေဘူး"
ပါကာက သက်ပြင်းချလိုက်ပြီး သစ်သီးအချို့ကို လှီးဖြတ်ကာ ကလေးမလေးအတွက် အသီးဖျော်ရည်လေးဖျော်ပေးခဲ့သည်။ အစားအစာ တွေနှင့် ဖျော်ရည်ကိုအတူတူ သောက်စားနေတဲ့အချိန်တွင် သူက အရင်ပါကာလိုမဟုတ်ဘူးဆိုတာကို သက်သေပြချင်သည် ။
ဆိုဖာပေါ်က နတ်သူငယ်လေးလို ခေါင်းသေးသေးလေးနှင့်ချောင်းကြည့်နေသည့် ကလေးလေးကိုမြင်ပြီး သူ့ရင်ထဲမှာချစ်စရာကောင်းမှုတွေဖြင့် ထိုးနှက်ခံလိုက်ရသည် ။ သူက ကလေးမလေးကို ပြုံးပြီးပြောလိုက်သည် ။
"ညစာကအသင့်ဖြစ်ပြီ"
ခေါင်းလုံးလုံးနဲ့နတ်သူငယ်လေးက ထမင်းစား စားပွဲဆီအပြေးလာပြီး ငြိမ်ငြိမ်သက်သက်ပဲ စောင့်နေခဲ့သည် ။
"ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်းချီးလေးပါလိမ့်"
ထမင်းစားပွဲကအရမ်းမြင့်လွန်းသောကြောင့် နတ်သူငယ်လေး၏ လက်တိုတိုလေးတွေကသူ့ပါးပါးရဲ့အရသာရှိတဲ့ဟင်းပွဲတွေကို လှမ်းလို့မမှီဖြစ်နေသည် ။ပါကာ ကကလေးမလေးအတွက် ကူရှင်တစ်ခုကို ထိုင်ဖို့ ခုပေးလိုက်ပြီး ဟင်းပွဲတွေကို သူမလေးဆီ တွန်းပေးလိုက်ရသည် ။
"ကျေးဇူးတင်ပါတယ် ပါးပါး"
သူမကတောက်ပစွာ ပြုံးပြီးပြောခဲ့သည် ။
"ရပါတယ် ကလေးရယ်"
ပါကာက သူမရဲ့နဖူးကို ညင်သာစွာနမ်းလိုက်သည် ။
ချယ်လ်စီ လေးကတော့ သူမရဲ့အခုပါးပါးကို အရမ်း ကိုသဘောကျနေခဲ့သည် ။သူမက စပြီးစားသောက်သည့် အချိန်တွင်တော့အရသာရှိလွန်း၍ သူမ၏မျက်ဝန်းများက ကြယ်လေးတွေလိုတဖျတ်ဖျတ်လက်နေခဲ့သည် ။
"အရမ်းအရသာ ရှိတာဘဲ"
သူမက အံ့အားသင့်စွာအော်ဟစ်နေခဲ့သည် ။
သူမလေးရဲ့အမူအရာတွေကိုကြည့်ပြီး ပါကာ က ချစ်စရာကောင်းမှုကြီးတွေနဲ့ထိုးနှက်ခံလိုက်ရသောကြောင့် အလိုလိုဗိုက်ပြည့်နေတော့တယ်။
"ချယ်လ်စီ ကြိုက်ရင် ပါးပါးကနောက်ဆို ခဏခဏချက်ကျွေးမယ်လေနော်"
"ဟုတ်ကဲ့ ပါးပါး"
ပါကာ တကယ်ကြီးကို မကွာရှင်းချင်ပေ။ အကယ်၍ သူကွာရှင်းခဲ့ရင် ဒီကလေးမလေးနဲ့ပြန်တွေရဖို့ဆိုတာမသေချာချေ ။ သူ မလေးက သူ့အတွက် ကောင်းကင်က ပေးတဲ့မဂ်လာလေးလို့သတ်မှတ်ထားသည့်အတွက် သူဘယ်လိုနည်းနှင့်
မှ အဆုံးရှုံးခံမှာ မဟုတ်ပေ ။
ထိုအချိန်မှာပင် သူ့ဖုန်းက အသံမြည်လာခဲ့သည် ။ မည်သူခေါ်သနည်းဟု အံ့သြမိသော်လည်း ခေါ်ဆိုသူက သူရဲ့အလကားရတဲ့ ခင်ပွန်းသည်ဖြစ်နေခဲ့သည် ။ သူကအံကြိတ်ပြီးပြောနေရသည့်
လေသံကြီးဖြင့်
"မင်းငါ့သမီးကို အခုချက်ချင်းအိမ်ပြန်ခေါ်လာရင်ကောင်းလိမ့်မယ် မဟုတ်ရင်အခုဘဲငါမင်းကို ရဲလက်အပ်ရလိမ့်မယ်"
သူရဲ့အသံက ကြောက်ဖို့ကောင်းလွန်း၍ ဖုန်းထဲကပင်သူ့ရဲ့ဒေါသအပူရှိန်ကို ခံစားလို့ရနေသည် ။သေချာသည်က အခုချိန်၌ လူသတ်ဖို့တောင် ဝန်လေးနေမှာ မဟုတ်ချေ ။
"ငါ......ငါ အခုပြန်လာမှာပါ"
ပါကာ မနည်းအားတင်းပြီး ပြောခဲ့ရသည် ။
xxxxxxxx