အပိုင်း ၃
Viewers 13k

Chapter - 3


ပါကာ ကသေချင်စိတ်ပေါက်နေခဲ့ပြီဖြစ်ကာ သူ့ကိုသတ်မလိုဖြတ်မလိုဖြစ်နေသည့် ဒရိတ်ခ် ကိုမည်သို့ ဖြောင်းဖြရမလဲ မတွေးတတ်တော့ချေ ။ 


သူက ချယ်လ်စီ လေးကိုပြုံးပြီးပြောလိုက်သည် ။


" နတ်သမီးလေး သမီးရဲ့ ဖေဖေကိုတွေ့ဖို့ပြန်ကြရအောင် ဖေဖေက သမီးကို အရမ်းလွမ်းနေပြီတဲ့ "


" ရေး ပါးပါး သမီးလဲဖေ့ဖေ့ကိုလွမ်းတယ် "


ချယ်လ်စီ လေးကအရမ်းပျော်နေခဲ့သည် ။ သူမကတကယ့်ကို အဖေချစ်သမီးလေးတစ်ယောက်ဖြစ်သည် ။


ပါကာ က နတ်သမီးလေးကို ရေချိုးပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ တိုက်ပွဲဝင် တော့မလို စိတ်ကိုအသင့်ပြင်ထားခဲ့သည် ။


သူက သူမလေးရဲ့ အဝတ်တွေကိုချွတ်လိုက်ပြီး ရေနွေးနွေးလေးနဲ့ စိမ်ပေးကာ ညင်ညင်သာသာ လေးရေချိုးပေးနေခဲ့သည် ။


ချယ်လ်စီ လေးကသူနှင့်တူသော်လည်း သူမလေးကအများကြီးပိုပြီး ချစ်ဖို့ကောင်း သည် ။


အရင်ဘဝတုန်းက တက္ကသိုလ်မှာ သူက ရုပ်ချောပြီး ကျော်ကြားတဲ့ ကောင်လေးဖြစ်သော်လည်း အလုပ်စဝင်သည်နှင့် ပင်ပန်းလွန်းသောကြောင့် ဖြူဖြော့ကာ အလောင်းနှင့်တောင် တူလာခဲ့သည် ။


အတွေးထဲနစ်နေသည့်အချိန်တွင် ချယ်လ်စီ လေးကဆပ်ပြာအမြှပ်တွေကို ခြေထောက်သေးသေးလေးတွေနှင့် ကန်ဆော့ကာပြောလိုက်သည် ။


" ပါးပါး သမီးကိုကြည့်ပါဦး သမီး ရေသူမလေးဖြစ်သွားပြီ "


ပါကာက နတ်သမီးလေးကိုရေချိုးပေးပြီးနောက် လှလှပပလေး ဝတ်ဆင်ပေးကာ တီဗီကြည့်ကာစောင့်နေစေသည် ။ သူမအတွက် သစ်သီးဖျော်ရည် ကိုခွက်ထဲထည့်ပေးခဲ့ပြီး ဒရိတ်ခ် အတွက် ငြိမ်းချမ်းရေးလက်ဆောင်အနေနှင့်ကျန်သည့် စပါဂတီ များကိုထုပ်ပိုးလိုက်သည် ။


သူက သစ်သီးဖျော်ရည် တွေအများကြီး ကိုပါထပ်ဖျော်ခဲ့သည် ။ ဒါမှ ဒရိတ်ခ် ကသူ့ကိုမြင်သည့်အခါ ဇနီးကောင်း လေးအဖြစ်မြင်ပြီး ချယ်လ်စီ လေးကို သူနဲ့မခွဲတော့မှာဖြစ်သည် ။


ပါကာ ကသူ့ကိုယ်သူ မှန်ထဲပြန်ကြည့်လိုက်တဲ့အခါမှာ သူ့အရင်ခန္ဓာကိုယ်နှင့်တစ်ပုံစံတည်းဖြစ်နေကာ ဘာမှမပြောင်းလဲကြောင်းတွေ့ရသည် ။


အားလုံးပြင်ဆင်တာအပြီးတွင်တော့ ပါကာက ဟိုတယ်အခန်းအပ်ကာထွက်လာခဲ့သည် ။ ပါကာက ချယ်လ်စီ လေးကိုနောက်ခုံတွင် ထိုင်ခိုင်းပြီး လုံခြုံရေး ခါးပတ်ပတ်ပေးကာ သူမနဖူးလေးကိုနမ်းလိုက်သည် ။


ကားမောင်းရင်း သူမမပျင်းစေရန် ကာတွန်းကား ကြည့်ဖို့ တက်ဘလက်ကိုပေးထားကာ ပါကာက ကားမောင်းနေရင်း သူမကိုမေးလိုက်သည် ။ 


" နတ်သမီးလေး ပါးပါးနဲ့ ဒီနေ့အတူရှိတာပျော်ရဲ့လား "


" ဟုတ်ကဲ့ ပါးပါးဟင်းချက်တာအရမ်း စားလို့ကောင်းတယ် "


" တကယ်လို့ ပါးပါး ကသမီးနဲ့ အတူတူမနေနိုင်တဲ့အခါကျ သမီးဆီ လာလည်မယ်နော် "


ချယ်လ်စီ လေးက တိုးတိုးလေး မေးလိုက်သည် ။


" ဖေဖေက ပါးပါးကို မလိုချင်တော့လို့လားဟင် "


" မဟုတ်ပါဘူး သမီးဖေဖေက သမီးအပေါ်ပါးပါး မကောင်းပေးနိုင်လို့စိတ်ဆိုးနေတာ "


ပါကာက ရှက်ရွံ့စွာ ချောင်းဟန့်လိုက်သည် ။ ချယ်လ်စီ လေးက သူမကြည့်နေသည့် ကာတွန်းကား ကိုရပ်ကာ လေးလေးနက်နက် ပြန်ပြောသည် ။


" ဒီနေ့ ပါးပါးက မီးမီး အပေါ်အရမ်းကောင်းတာကို ဖေ့ဖေ့ကိုပြောပြလိုက်ရင် ဖေဖေက ပါးပါးကို ခွင့်လွှတ်ပြီး မီးမီး တို့ခွဲရမှာမဟုတ်တော့ဘူး "


ပါကာ ကသူမစကားကိုအရမ်းသဘောကျကာပြောလိုက်သည် ။


" ဟုတ်ပါပြီ နတ်သမီးလေးရဲ့ ပါးပါးက သမီးအဖေကို ရှင်းပြမှာမို့လို့ နတ်သမီးလေးက ဘာမှမပြောနဲ့နော် "


ချယ်လ်စီ လေးကသူမ ဖေဖေ ကိုမပြောပြရလို့ စိတ်ဆိုးသွားပြီး နူတ်ခမ်းစူကာ ကာတွန်းကား ဘဲဆက်ကြည့်နေတော့သည် ။


လိပ်စာအတိုင်း မောင်းသွားပြီးနောက် အဆုံးက အလွန်အမင်း ခမ်းနားတဲ့အိမ်ကြီးဖြစ်နေသည် ။ သူကမှတ်ဉာဏ်တွေကို ရရှိထားခဲ့သလိုဘဲ အရင်ပါကာရှာခဲ့သည့် ပြဿနာ ကဘယ်လောက်ထိ ကြီးတယ်ဆိုတာကိုလဲသူသိသည် ။


သူက ချယ်လ်စီ လေးကိုပွေ့ချီထားရင် သူမလေးကိုနမ်းရူံ့လိုက်သည် ။ တကယ်လို့ သူ ဒရိတ်ခ် ကိုနားမချနိုင်ခဲ့ရင် နတ်သမီးလေး ကိုပွေ့ဖက်ရတာနောက်ဆုံး အကြိမ်တောင် ဖြစ်သွားနိုင်သည် ။


ပါကာ လူခေါ်ဘဲလ်ကို နှိပ်ပြီး ခဏအကြာတွင်တော့ အိမ်ထိန်းက တံခါးလာဖွင့်ပေးခဲ့သည် ။ သူက ချယ်လ်စီ လေးကိုနူးညံ့စွာပွေ့ထားတဲ့ သူ့သခင်ကိုကြည့်ပြီး အံ့သြနေသည် ။


မနေ့က တုန်းက ပါကာ က ချယ်လ်စီ လေးကိုအတင်းခေါ်သွားခဲ့တာဖြစ်ပြီး သူမတားနိုင်ခဲ့ပေ ။ အခုတော့ သခင်လေးက အရင်ကနဲ့မတူဘဲ ချယ်လ်စီ လေးကိုပိုဂရုစိုက်လာပုံပေါ်သည် ။ 


" ဟယ်လို ဝီလီယမ် "


" ကြိုဆိုပါတယ် သခင်လေး သခင်မလေးနဲ့ အပြင်မှာ ပျော်ခဲ့ကြရဲ့လား "


" ပါးပါး ကအရသာရှိတာတွေအများကြီးချက် ကျွေးတယ် "


ချယ်လ်စီ လေးကတက်ကြွစွာဝင်ပြောလိုက်သည် ။ ဝီလီယမ် ကအရမ်း အံ့သြနေသည် ။


သခင်လေး ကဟင်းဘယ်လိုချက်ရမယ် သိလို့လား ...


ပါကာက ဝီလီယမ် ကိုဖြတ်လျှောက်သွားခဲ့သည် ။ သူကခြေတစ်လှမ်း လှမ်းလိုက်တိုင်း သေခြင်းတရားနဲ့ တစ်လှမ်း ပိုနီးလာသည်ဟု ထင်မိသည် ။


သူက အပေါ်ထပ်ကိုတက်သွားပြီး ဒရိတ်ခ် ရဲ့အခန်းတံခါးကိုခေါက်လိုက်သည် ။ 


" ဘယ်သူလဲ "


မေးသည့်အသံက ယောကျာ်း ပီသကာကြမ်းရှရှဖြစ်နေသည် ။


"ငါ ပါ "


" ဝင်လာခဲ့ "


ပါကာ အခန်းဝမှာတင် နတ်ဘုရားလို ချောမောမူကြီးကိုမြင်လိုက်ရသော ကြောင့်ပါးစပ်ပင်မစိနိုင်တော့ပေ ။


လူတစ်ယောက်က အဲ့လောက် တောင် ချောမောနိုင်လို့လားဟ?


ပါကာက သူ့ရဲ့ခွေးမျက်လုံးလေးတွေကန်းသွားပြီ ဟုပင်ထင်မိသည် ။ အရှိန်အဝါ ကြီးကာဘလင်းဘလင်း ဖြစ်နေသောကြောင့် သွားရည်များပင်ကျချင်လာသည် ။


ဒီလောက်ထိ ပြီးပြည့်စုံတဲ့ ယောကျာ်း ကိုတောင်မှ အရင်ခွေးကောင်ပါကာက အမိူက်လိုဆက်ဆံတယ်ပေါ့လေ ။ 


အဲ့ဒီခွေးကောင် ရူးနေတာဘဲဖြစ်ရမယ် ။ ပါကာက ရှာလကာရည် ပင်လယ်ထဲလက်ပစ်ကူးနေသလိုခံစားလိုက်ရသည် ။


TN - အခုအပိုင်းကနေစပြီး လင်းလန်ကို ပါကာလို့ဘဲသုံးပါတော့မယ်။ အရင်ပါကာ ကိုတော့ မူလပါကာလို့ သုံးပါမယ် ရောနေကြမှာစိုးလို့ ။


တကယ်က ချယ်လ်စီ လေးက ပါကာကို mommy လို့ခေါ်တာရယ် 

^ ^


xxxxxxx