အပိုင်း ၄
Viewers 13k

Chapter - 4


" ချယ်လ်စီ "

ဒရိတ်ခ် ကနူးနူးညံ့ညံ့လေးခေါ်လိုက်သည် ။


" ဖေဖေက မီးမီးကို အရမ်းလွမ်းနေတာလို့ ပါးပါးကပြောတယ် "


ချယ်လ်စီ လေးကပျော်ရွှင်စွာပြောလိုက်သည် ။


ဒရိတ်ခ် က ချယ်လ်စီ လေးကိုချီထားသည့် ပါကာကိုကြည့် ကာ အံ့သြနေပုံရသည် ။ ကလေးမလေး ကိုချီဖို့ဆိုသည်မှာ ပါကာလုပ်မည့်အရာမဟုတ်ပေ ။


ပါကာ ချယ်လ်စီ လေးကိုချပေးလိုက်သည်နှင့် နတ်သမီးလေးက သူမ၏ဖေဖေဆီ အပြေးသွားခဲ့သည် ။ ဒရိတ်ခ် ကသူမနှဖူးလေးကို ညင်ညင်သာသာ နမ်းကာ ပါကာကိုလှမ်းကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည် ။


" ငါကွာရှင်းစာချုပ်ကိုအသင့် ပြင်ထားပြီးသား မင်းပိုက်ဆံ အတွက်စိတ်ပူနေတယ်ဆိုရင် နစ်နာကြေးအတွက် ဒေါ်လာ သန်း၇၀ ရမယ် ချယ်လ်စီ လေးရှေ့ကိုသာ နောက်ထပ်ပေါ်မလာနဲ့ "


လန်လင်း "........."


သူမူလပါကာကို နောက်ထပ်သတ်ချင်သွားပြန်ပြီ! 


ပါကာက တောင်းပန်နေတဲ့လေသံလေးနဲ့ပြောလိုက်သည် ။


" ချယ်လ်စီ လေးရှေ့မှာ ဒီလိုအကြောင်းတွေပြောဖို့က သင့်တော်လို့လား "


ဤအပြုအမူက ဒရိတ်ခ် ကိုသတိထားမိသွားစေသည် ။ အရင်အချိန်များတွင် ပါကာက အမြဲလိုလိုအော်ဟစ်ဆူညံနေကြဖြစ်ပြီး ကလေးရှေ့တွင် ဘဲဖြစ်ဖြစ်ဂရုမစိုက်တတ်ပေ ။


' သူဘာတွေကြံနေပြန်တာလဲ... '


" ချယ်လ်စီ ဘာလို့သမီးအရုပ်တွေနဲ့သွားမကစားတာလဲ ဘန်ဘန်ကသမီးကိုလွမ်းနေလောက်ပြီ "


ဒရိတ်ခ် ကပြောလိုက်သည် ။ ချယ်လ်စီ လေးကပါကာဆီပြေးသွားကာ သူ့ရဲ့ ဘောင်းဘီ အနားစလေးကိုဆွဲကာ ပြောလိုက်သည် ။


" ဘန်ဘန် နဲ့သွားတွေ့ရအောင် ပါးပါး "


သူမလေး၏ ချစ်စရာကောင်းသည့် အပြုအမူလေးတွေကြောင့် ပါကာရဲ့ နှလုံးသား လေးအရည်ပျော်သွားရပြန်သည် ။


သူမက ဒရိတ်ခ် ကိုတစ်လှည့် ပါကာကိုတစ်လှည့် ကြည့်နေခဲ့သည် ။ ပါကာက သူမပါးလေးကို အသာလေးတို့ကာ ပြောလိုက်သည် ။


" ပါးပါးနဲ့ ဖေဖေက စကားပြောဦးမှာမို့လို့ ဘန်ဘန် ကိုနောက်မှတွေ့ရအောင်နော် နတ်သမီးလေး "


" ပါးပါး မီးမီးကို ဂတိပေးလား "


" အင်း ပါးပါး ဂတိပေးတယ်နော် "


ပါကာက နတ်သမီးလေး နှင့်လက်သန်းချင်း ချိတ်ကာဂတိပေးပြီးနောက် ချယ်လ်စီ လေးက ပျော်ရွှင်စွာနဲ့ သူမအခန်းကို ပြန်သွားတော့ သည် ။


ဒရိတ်ခ် ကပိုပြီး သတိထား မိသွားခဲ့သည် ။ ဘယ်အချိန်ကတည်းက ပါကာက ညင်ညင်သာသာ ပြောဆိုတတ်သွားရတာလဲ?


" အမ် ဒရိတ်ခ် "


" အခုတော့ မင်းငါ့နာမည်ကိုသိပြီပေါ့ မင်းက ငါ့သမီးကိုပြန်ပေးဆွဲရဲရအောင် သတ္တိတွေ ရှိနေတာလား ....


ဒရိတ်ခ် ကအရမ်းဒေါသထွက်နေခဲ့သည် ။ သူကထရပ်လိုက်ပြီး ပါကာဆီ လျှောက် လာကာ ပါကာ့အား နံရံမှာဖိကပ်လိုက်သည် ။


" တကယ်တော့ သူမက ငါ့သမီးလဲဟုတ်တယ်လေ ဆိုတော့ ဒါကပြန်ပေးဆွဲတာမဟုတ်ဘူး "


ပါကာက စကားပြောရင်း တုန်ရီနေသည် ။


" အိုး .... အခုတော့မင်းမှာ သမီးတစ်ယောက် ရှိမှန်း သိပြီပေါ့ ။ သူမကို မမွေးဖွားလာရင် အကောင်းဆုံး လို့မင်းအမြဲပြောနေခဲ့တာ မဟုတ်ဘူးလား ဘယ်မိဘက ကိုယ့်သားသမီးကို အဲ့ဒီလိုပြောလို့လဲ "


' အဲ့လိုကြီး ဇွတ်အပြစ်မတင်နဲ့လေ အဲ့လိုတွေပြောခဲ့တာ မူလပါကာလေသူမှမဟုတ်တာ '


ပါကာက ခွေးကောင်မူလပါကာကို ကျိိန်ဆဲမိပြန်သည် ။


" ငါမင်းကို ချယ်လ်စီ လေးရှေ့မှာ တစ်သက်လုံး ပေါ်မလာစေချင်ဘူး ပိုက်ဆံတွေယူပြီး အေးအေးဆေးဆေး ထွက်သွား ငါမင်းကိုထပ်မမြင်ချင်ဘူး "


" ငါမလုပ်ချင်ဘူး "


ပါကာက ပြောလိုက်သည် ။ ဒရိတ်ခ် ကာသူ့ကိုစူးစူးဝါးဝါး စိုက်ကြည့်ကာပြောသည် ။


" မင်းထွက်သွားဖို့ ဘာလိုချင်လဲ "


" ရီစရာကောင်းတာက ငါထွက်မသွားချင်တာဘဲ "


ပါကာက ခေါင်းမာနေကာ အလျှော့မပေးပေ ။ 


" မရဘူး ပါကာ မင်းအရင်ကတည်းက မင်းဖြစ်ချင်တဲ့ဘဝကိုရွေးချယ်ပြီးသားဘဲ ချယ်လ်စီ လေးက သူ့အတွက်ကောင်းပြီး ဂရုစိုက်ပေးနိုင်တဲ့ အုပ်ထိန်းသူမျိုးကိုလိုအပ်နေတာ "


" ငါဖြစ်နိုင်ပါတယ် "


ပါကာက အလောတကြီး ဆက်ပြောသည် ။


" ငါဖြစ်မှာပါ "


" ဟမ့် မင်းက သူမအတွက် အမေကောင်းဖြစ်ချင်တယ်ပေါ့ "


ဒရိတ်ခ် ကအထင်သေးစွာကြည့်ကာပြောလိုက်သည် ။


" မင်းလိုချင်တာကိုဘဲ တည့်တည့်ပြောစမ်းပါ "


" မဟုတ်ဘူး ငါဘာမှမလိုချင်ဘူး ငါက ချယ်လ်စီ လေးအတွက်အမကောင်းဖြစ်ပြီး မင်းအတွက် ဇနီးကောင်း တစ်ယောက် ဖြစ်ချင်ရုံတင်ပါ "


နောက်ဆုံးတစ်ခွန်း ပြောသည့်အချိန်တွင် ပါကာက အရမ်းရှက်ရွံ့နေခဲ့သည် ။ 


 ပါကာသာတကယ် ထိုသို့ပြောင်းလဲမည် ဆိုလျှင် x အရမ်းပျော်မိမှာဖြစ်သည် ။


သို့သော်လည်းပါကာက တည်တည်ငြိမ်ငြိမ်  သူနောင်တရနေရမည်ဖြစ်သည် ။ ချယ်လ်စီ လေးကအကောင်းဆုံးတွေနှင့်သာထိုက်တန်သည် ။


" မင်းတကယ် ဘာကိုလိုချင်နေတာလဲ "


" ငါတကယ်ပြောတာပါ ငါ့ကိုတစ်လဘဲအချိန်ပေးပါ ငါတကယ်ပြောင်းလဲလာကြောင်း သက်သေပြပါ့မယ် "


" ဘာလို့လဲ ငါမင်းကို အချိန်တစ်နှစ်ပေးမယ် "


ဒရိတ်ခ် ကရွဲ့ပြောလိုက်သည် ။


" ငါအရင်တုန်းက မကောင်းတာတွေအများကြီး လုပ်မိခဲ့မှန်းငါသိပါတယ် ဒါပေမဲ့ ငါ့ကိုအချိန်တစ်လဘဲပေးပါ တစ်လအတွင်း သက်သေမပြနိုင်ရင် ငါပိုက်ဆံတပြားမှမယူဘဲ ကွာရှင်းပေးပါ့မယ် "


ပါကာ ကစိတ်ဆုံးဖြတ်ကာပြောလိုက်သည် ။ 


xxxxxxxxx