Chapter - 5
ပါကာ ဘာတွေကြံစည်နေလဲမသိသော်လည်း
ဒရိတ်ခ် ကတော့စောင့်ကြည့်ချင်နေခဲ့သည် ။
" ကောင်းပြီ ဒါပေမဲ့ တစ်လပြည့်လို့မင်းရူံးတာကိုလက်မခံဘဲ မထွက်သွားရင် ဘယ်လိုလုပ်မလဲ "
" အဲ့အခါကျ မင်းတစ်ပြားမှမပေးဘဲ ငါ့ကိုမောင်းထုတ်နိုင်တယ် ငါဂတိတည်မှာပါ "
ဒရိတ်ခ် ကပိုက်ဆံမပေးဘဲ ထွက်သွားခိုင်း မှာမဟုတ်ပေသော်လည်း တစ်လလုံးလုံး သေချာစောင့်ကြည့်ရန်စီစဉ်ထားသည် ။
" တစ်လဘဲ "
ဒရိတ်ခ် သဘောတူလိုက်သည်အားတွေ့ သည့်အခါမှပါကာ စိတ်သက်သာရာ ရသွားခဲ့သည် ။
" ကျေးဇူးအများကြီးတင်ပါတယ် ။ ခင်ဗျားစိတ်မပျက်စေရပါဘူး ဒါနဲ့ ဗိုက်ဆာနေပြီလား ကျွန်တော် ချယ်လ်စီ လေးကိုလုပ်ကျွေးတဲ့ စပါဂတီ ရှိတယ် ပြန်နွေးပေးမယ်လေ "
ပါကာက ဒရိတ်ခ် ကိုအချိုသတ်ရန်ကြိုးစားနေခဲ့သည် ။ သူကမိသားစုဝင်ဖြစ်သည့်အတွက် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမည်ဖြစ်သည် ။
ပါကာက စပါဂတီ ထည့်လာသည့်ဘူးကိုထုတ်လိုက်သည် ။ ဒရိတ်ခ် ကမျက်မှန်ကိုချွတ်ကာ မေးလိုက်သည် ။
" မင်းအဲ့ဒါကိုဘယ်ကရတာလဲ ချယ်လ်စီ လေးကိုတော့ထူးဆန်းတာတွေမကျွေးခဲ့ဘူးမလား "
" ဒါက ကျွန်တော် ကိုယ်တိုင်ချက်ထားတာပါ ပြန်နွေးလိုက်တာနဲ့ သေချာပေါက် စားလို့ကောင်းမှာ "
ဒရိတ်ခ် ကဘာမှမပြောခဲ့သော်လည်း ပါကာရဲ့ အပြုအမူတွေကအရမ်းထူးဆန်းနေကို သူသိသည် ။ ပါကာ အခန်းပြင်ရောက်သည့်အချိန်တွင် သူ့ခြေထောက်တွေက ဂျယ်လီလိုပျော့ခွေနေပြီဖြစ်သည် ။
ဒရိတ်ခ် ကအရမ်းချောမောသော်လည်း ရန်မစသင့်သည့်လူဖြစ်သည် ။ သူ့အနနှင့် ချယ်လ်စီ လေးကိုဂရုစိုက်ဖို့မှာဘဲအာရုံထားသင့်သည် ။
ပါကာက စပါဂတီ ကိုနွေးပြီးနောက် အလကားရဝည့် ခင်ပွန်း ဆီပို့ပေးခဲ့သည် ။ပါကာက ဒရိတ်ခ် ကိုကြည့်ကာ ရှက်ရွံ့စွာ နှင့်မေးလိုက်သည် ။
" အမ် ချယ်လ်စီ လေးရဲ့အခန်းက ဘယ်မှာလဲ "
တကယ်ပါ မူလပါကာက သူ့သမီးရဲ့ အခန်းဘယ်မှာရှိလဲဆိုတာ တောင်မသိဘူး!
ဒရိတ်ခ် ကသူ့ကို အထင်သေးစွာကြည့်လိုက်ပြီး စပါဂတီ ပန်းကန်ကို ဘောပင်နှင့်တွန်းထုတ်လိုက်သည် ။
' မင်းမစားချင်လဲပြောလေကွာ အဲ့လောက်ထိ အိုဗာတင်းဖို့မလိုပါဘူး '
ပါကာ မနည်းအားတင်းကာ ပြုံးပြလိုက်ရသည် ။
" လျှောက်လမ်းအဆုံးက ခရမ်းရောင် တံခါးနဲ့အခန်းဘဲ "
" ကျေးဇူးတင်ပါတယ် "
ပါကာစိတ်သက်သာရာရစွာအခန်းထဲကထွက်လာခဲ့သည် ။ အရင်ကရည်းစားထားဘူးပါသော်လည်း အတွေ့အကြုံ သိပ်မရှိလှကာ ဒရိတ်ခ် ရဲ့ခံစားချက်ကို ရဖို့အချိန်ယူရမည်ဖြစ်သည် ။
ဟိုခွေးကောင် မူလပါကာက သာအခြေအနေတွေ
အရမ်းဆိုးအောင်မလုပ်ခဲ့ရင် ပိုပြီးလွယ်ကူနေမှာဖြစ်သည် ။
ပါကာ ချယ်လ်စီ အခန်းတံခါးနားရောက်တဲ့အခါမှာတော့ သူမလေးက ဝက်ဝံရုပ်လေးကိုစကားပြောနေတာကြားလိုက်ရသည် ။
" ဘန်ဘန် ပါးပါး ကငါ့ကို ဒီနေ့အရမ်းအရသာရှိတာတွေချက်ကျွေးတယ် ။ ငါကတော့ ပါးပါး ကိုအခုလိုလေးအတိုင်းဘဲဆက်နေစေချင်တယ် ။ ဖေဖေက ပြောတယ် ငါပါးပါးကို ထပ်မတွေ့ နိုင်ရလောက်ဘူးတဲ့ ပါးပါး ကလဲ အဝေးကိုသွားရနိုင်တယ်တဲ့ ပါးပါး ကအခုအရမ်းကောင်းနေပြီ ငါသူ့ကိုမသွားစေချင်ဘူး "
ပါကာက သူမရဲ့စကားတွေကိုကြားပြီး တံခါးဝမှာ ရပ်နေမိသည် ။ မူလပါကာက အရမ်းကိုဆိုးဝါးလွန်း၍ မိဘတစ်ယောက်ဖြစ်ဖို့အတွက်တောင်မထိုက်တန်ပေ ။
ချယ်လ်စီ လေးက အမေတစ်ယောက်ရဲ့နွေးထွေးမူကို လိုချင် နေဆဲဖြစ်သော်လည်း မူလပါကာက အမြဲတမ်း အော်ကြီးဟစ်ကျယ်သောင်းကျန်းလေ့ရှိတာကြောင့် စိတ်ဒဏ်ရာရနေခဲ့သည် ။
ထို့သို့မိသားစုမျိုးနှင့် နေထိုင်ရသည့် ခံစားချက်ကိုသူကောင်းကောင်းကြီးကိုသိသည် ။
သူ့ရဲ့မိဘအရင်းတွေက အမြဲလိုလိုအော်ဟစ်ရန်ဖြစ်နေကြကာ သူတို့ကွဲကွာသည့်အခါမှာတော့ပါကာကို သူ့အဖေက ခေါ်သွားခဲ့သည် ။
တစ်နေ့မှာ သူ့အဖေက အရက်ပုလင်းနှင့် သူ့ခေါင်းကိုရိုက်ခဲ့ကာဒဏ်ရာအပြင်းအထန်ရခဲ့သည် ။ လူမူဖူလုံရေးစင်တာတွင်သူ ကြီးပြင်းခဲ့ရကာ နောက်ထပ် သူ့မိဘတွေကို ထပ်မတွေ့ဖြစ်တော့ပေ ။
သူတို့ဘာတွေဆက်ဖြစ်ခဲ့ကြလဲသူမသိသလို သိလဲမသိချင်ပေ ။
ပါကာတံခါးခေါက်လိုက်ပြီး မကြာခင်မှာဘဲ ချယ်လ်စီ လေးက တံခါးလာဖွင့်ပေးခဲ့သည် ။
" ဟယ်လို ပါးပါး "
" ဟယ်လို နတ်သမီးလေး "
ချယ်လ်စီ လေးကတောက်တောက်ပပပြုံးနေခဲ့ပေမဲ့ ပါကာကတော့သူမလေးကြုံတွေ့ခဲ့ရတာတွေအတွက် စိတ်မကောင်း ဖြစ်နေသည် ။
ချယ်လ်စီ လေးက ပါကာကိုဖက်ထားကာပြောလိုက်သည် ။
" ဖေဖေက သဘောတူရဲ့လားဟင် "
" သဘောတူလိုက်တယ် "
ကလေးမလေးရဲ့ မျှော်လင့်နေသည့်အကြည့်တွေကြောင့် အချိန်အကန့်အသတ်နှင့်ဖြစ်ကြောင်းကိုတော့ သူမပြောပြခဲ့ပေ ။ သူကသာပိုကြိုးစားဖို့လိုသည် ။
" ဒါဆို ပါးပါး ကိုသမီးရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလို့ရပြီလား "
" ဟုတ်ကဲ့ပါးပါး သူက ဘန်ဘန် သမီးရဲ့ အချစ်ဆုံးသူငယ်ချင်း
..........."
ဤသို့ဖြင့် ချယ်လ်စီ လေးက သူမရဲ့အရုပ်လေးတွေနဲ့ ပါကာကိုတက်ကြွစွာမိတ်ဆက်ပေးနေတော့သည် ။
ဒရိတ်ခ် ကအချိန်အတော်ကြာအလုပ်လုပ်ပြီးနောက် အကြောဆန့်လိုက်ကာ အနည်းငယ် ဗိုက်ဆာလာခဲ့သည် ။ သူကအစောကလေးတင် တွန်းထုတ်လိုက်သည့် စပါဂတီ ပန်းကန်ပေါ်သို့အကြည့်ရောက်သွားခဲ့သည် ။
သူက ခိုးကြောင်ခိုးဝှက်ဖြင့် တစ်စွန်းစားပြီးနောက် မျက်လုံးများတောက်ပသွားခဲ့သည် ။
ဒါကတကယ်ကို အရသာရှိတယ်!
xxxxxxx