အပိုင်း ၆
Viewers 13k

Chapter - 6


ပါကာက ချယ်လ်စီ လေးရဲ့အရုပ်တွေဖြင့်

သူမနှင့်အတူဆော့ကစားပေးနေခဲ့သည် ။


" မေမေဝက်ဝံကြီးက ချယ်ချယ်ကို ကာကွယ်ဖို့လာပြီ "


" ချယ်ချယ် ကလဲ မေမေဝက်ဝံကြီးကို ချစ်တယ် "


ချယ်လ်စီ လေးကပါကာရဲ့ လက်မောင်းတွေကြားထဲတိုးဝင်လာခဲ့သည် ။ ပါကာက သူမကိုပွေ့ချီထားကာ ပါးအိအိလေးကိုနမ်းလိုက်သည် ။


တစ်နာရီခန့်ကစားပြီးနောက် သူတို့နှစ်ယောက်လုံးပင်ပန်းသွားကြကာ ကော်ဇောပေါ်မှာဘဲ အိပ်ပျော်သွားကြသည် ။


ဒရိတ်ခ် ကအလုပ်ပြီးနောက် ချယ်လ်စီ လေးကိုအဖော်ပြုပေးရန်လာခဲ့သည် ။ သူမကတစ်ဦးတည်းသောကလေးဖြစ်သည့်အတွက် အထီးကျန်ရန်လွယ်ကူသည် ။


ဒရိတ်ခ် ကချယ်လ်စီ လေးရဲ့အနာဂတ်အတွက် ပူပန်မိသည် ။ အစကတော့ ပါကာက အမေကောင်းတစ်ယောက်ဖြစ်ရန် မျှော်လင့်မိသော်လည်း တဖြည်းဖြည်း သာပိုဆိုးရွားလာခဲ့သည် ။


ဒရိတ်ခ် တွေးနိုင်တဲ့အကောင်းဆုံးဖြေရှင်းနည်းကတော့ ပါကာကိုကွာရှင်းပြီး ချယ်လ်စီ လေးအတွက် အကောင်းဆုံး ဖြစ်မည့်သူကိုလက်ထပ်ရန်ဖြစ်သည် ။


ကွာရှင်းသည်နှင့် ဒုတိယအိမ်ထောင်ကိုမနှစ်သက်သော်လည်း မိခင်တစ်ယောက်မရှိဘဲ သူမလေးကိုမပျိုးထောင်နိုင်ပေ ။


သူမအားနှစ်ဖက်စလုံး၏မေတ္တာအားအပြည့်အဝရစေချင်သည် ။ ဒရိတ်ခ် ကငယ်ရွယ်ပုံပေါ်သော်လည်းအသက် ၄၀ ရှိပြီဖြစ်သည် ။


သူက ပါကာထက်အသက်ပိုကြီးသည် ။ သူတို့နှစ်ယောက်လက်ထက်ခဲ့သည့် လွန်ခဲ့သောခုနှနစ်က ပါကာအသက်နှစ်ဆယ်သာရှိသေးပြီး ချယ်လ်စီ လေးကိုရခဲ့ချိန်၌ နှစ်ဖက်စလုံး ကအသင့်မဖြစ်ခဲ့ကြချေ ။


ပါကာက ကိုယ်ဝန်ဖျက်ချဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကာ ဒရိတ်ခ် ကခွင့်မပြုသောကြောင့်သာ ချယ်လ်စီ လေးကိုမွေးဖွားခဲ့ရခြင်းဖြစ်သည် ။


သူမကိုမွေးဖွားပြီးနောက် ပါကာရဲ့ခန္ဓာကိုယ်လည်း ထိခိုက်ခဲ့သည် ။ ဒါကြောင့် ချယ်လ်စီ လေးအထီးကျန်နေရပါသော်လည်း နောက်ထပ်အငယ်မွေးရန် မတောင်းဆိုခဲ့ခြင်းဖြစ်သည် ။


ပါကာနဲ့ ကွာရှင်းပြီးနောက် ထပ်ပြီးလက်ထပ်ဖြစ်ခဲ့ရင် ကလေးနောက်တစ်ယောက်ယူဖို့စီစဉ်ထားပြီး ချယ်လ်စီ လေးကိုအဖော်ပြုပေးနိုင်ရန်ဖြစ်သည် ။


ဒရိတ်ခ် အခန်းတံခါးကိုဖွင့်လိုက်သည့်အချိန်တွင်မြင်လိုက်ရတာကတော့ ပါကာနှင့် ချယ်လ်စီ လေးတို့က ကော်ဇောပေါ်တွင် ခြေပစ်လက်ပစ်ကိုအိပ်ပျော်နေကြသည် ။


" ပါ ......"


ပါကာကိုနိူးရန်စဉ်းစားမိပါသော်လည်း ချယ်လ်စီ လေးနိုးသွားမည်စိုးသောကြောင့်မနိူးဖြစ်ခဲ့ပေ ။ 


ချယ်လ်စီ လေးကိုကုတင်ပေါ်ချီတင်ပေးသည့်အချိန်တွင် သူမကအိပ်ချင်မူးတူးနှင့် ပြောလာသည် ။


" ပါးပါးကိုလဲ....ချီ..... "


ဒရိတ်ခ် က ချယ်လ်စီ ရဲ့အရုပ်လေး ဘန်ဘန် ကိုယူကာ သူမလက်ထဲထည့်ပေးကာပြောလိုက်သည် ။


" အင်း ပါးပါးက အဆင်ပြေမှာပါ "


" ဂွတ်နိုက်ပါ ဖေဖေ "


" အိပ်တော့ နတ်သမီးလေး "


ချယ်လ်စီ လေးအိပ်ပျော်သွားပြီးနောက် ဒရိတ်ခ် ကကော်ဇောပေါ်တွင်အိပ်နေသည့်ပါကာကို ကြည့်ကာနှာရူံ့လိုက်ပြီး သတို့သမီးပုံစံဖြင့် သူတို့အခန်းထဲသို့ပွေ့သွားခဲ့သည် ။


အိမ်ထောင်ရေးအဆင်မ​ပြေ

​​သည့်မိသားစုများတွင် တစ်ခန်းထဲအိပ်ကြခြင်းက အငြင်းပွားစရာဖြစ်နေဆဲဖြစ်ပြီး ပါကာသည်လည်း ထိုနည်းတူပင်ဖြစ်သည် ။


မနက်ဆိုလဲ တစ်ခုမဟုတ်တစ်ခု အထွန့်တက်သည် ။ ညဆိုလျှင်လဲ ဆူဆူညံညံတွေ လုပ်ကာ ပြဿနာရှာပြန်သည် ။ 


ဒရိတ်ခ် ကသူလိုချင်သမျှအကုန်ပေးခဲ့သည် ။ ပိုက်ဆံ ၊ ရွှေနဲ့ရတနာတွေ အပြင် သူ့ရဲ့အပျော်ရည်းစားတွေအကြောင်းကိုတောင်မှ မျက်စိမှိတ်ပေးထားကာဘာမှမပြောခဲ့ချေ ။


သို့​သော်လည်း ပါကာက ဘယ်တော့မှ မကျေနပ်နိုင်ခဲ့ပေ ။ ဒရိတ်ခ် ကဖြည့်ဆည်းပေးလေ ပါကာက ရောင့်တက်လေဖြစ်ကာ ချယ်လ်စီ လေးကိုတောင်မှဆူပူကာအလွတ်မပေးခဲ့​ချေ ။


 ဒရိတ်ခ် ကရပ်ကြည့်မနေနိုင်တော့သည့်အခါ သူတို့အငြင်းပွားကြသည် ။ ရန်ဖြစ်ရင်း ရန်ဖြစ်ရင်း နောက်ထပ် ရန်ဖြစ်ကြရင်းနှင့်ဘဲ ဒရိတ်ခ် လည်းဒီအိမ်ထောင်ရေးကြီးကိုစိတ်ကုန်လာခဲ့သည် ။


ဒါပေမဲ့ တစ်နေ့နေ့တွင်တော့  ပါကာပြောင်းလဲလာရန်မျှော်လင့်နေဆဲပင် ။


ဒရိတ်ခ် ကပါကာကို ကုတင်တစ်ဖက်တွင်ချပေးကာ သူလဲအိပ်ဖို့ပြင်လိုက်သည့်အချိန်တွင် ပါကာ၏ ယောင်ကာပြောသည့်အသံကိုကြားလိုက်ရသည် ။


" ကျွန်တော်  ချယ်လ်စီ လေးအတွက် အဲ့တာကိုချက်ခဲ့တာ ခင်ဗျားသိလား "


ဒရိတ်ခ် ကနားမလည်ခဲ့ပေ ။ ပါကာကမီးဖိုကို ဘယ်လိုသုံးရမလဲဆိုတာတောင်နားလည်လို့လား?


သူကဘယ်လိုလုပ်ချက်ပြုတ်နိုင်မှာတဲ့လဲ...


ပထမတွင်သတိမထားမိသော်လည်း သူစားခဲ့သည့် စပါဂတီ အရသာကိုပြန်တွေးမိသွားသည် ။ 


ပါကာက တကယ်ဟင်းချက်နိုင်တာလား...


ဒရိတ်ခ် ကမနက်ဖြန်မှ မေးရမည်ဟုမှတ်ထားလိုက်ကာ ရူပ်ထွေးစွာနှင့်ပင် ရေချိုးရန် သွားလိုက်သည် ။ 


ရေကျသံများကြောင့် ပါကာနိုးလာသည့်အချိန်တွင် သူ ချယ်လ်စီ လေးရဲ့အခန်းထဲမှာမဟုတ်ဘဲ ဒရိတ်ခ် ၏အခန်းထဲရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည် ။


မူလပါကာနှင့် ဒရိတ်ခ် က နေ့တိုင်းရန်ဖြစ်ကြတာတောင် အတူတူအိပ်ကြသေးသည်အားတွေးမိကာ ပါကာအံ့သြသွားသည် ။


အဲ့ဒီနောက်တွင်တော့ သူကရေချိုးခန်းထဲဝင်သွားပြီး မှန်ထဲသို့ကြည့်လိုက်သည် ။


( TN / ဘာမြင်မယ်ထင်ကြလဲ🤔  )


xxxxxxx


------------------