အပိုင်း ၇
Viewers 13k

Chapter - 7


ပါကာကမျက်နှာသစ်ရင်းသမ်းဝေလိုက်သည် ။ ရုတ်တရက် ဆိုသလိုဘဲရေကျနေတဲ့အသံက ရပ်တန့်သွားခဲ့သည် ။


' ဟမ် မိုးရွာတာရပ်သွားတာလား '


ရုတ်တရက် စဉ်းစားမိသွားကာ ပါကာမျက်နှာမဲမှောင်သွားခဲ့သည် ။


' သေစမ်း!  မိုးရွာနေတာမဟုတ်ဘဲ ဒရိတ်ခ် ရေချိုးနေတာဟ '


ပါကာ မှန်ကိုသာစိုက်ကြည့်နေလိုက်သည် ။ ဒရိတ်ခ် ရေချိုးပြီးတော့ မှန်ကိုစိုက်ကြည့်နေသည့် ပါကာကိုတွေ့လိုက်ရကာ အေးစက်စက်မေးလိုက်သည် ။


" မင်းနိုးနေတာလား "


" အမ်....အင်း "


ရေချိုးခန်းထဲမှာ ရေနွေးငွေ့တွေဖြင့်မူန်ဝါးဝါးလေးဖြစ်နေကာ ပါကာရဲ့မျက်နှာသည်လည်း နီရဲနေလေသည် ။


' ရေနွေးငွေ့တွေရေ မြန်မြန်ပျောက်မသွားပါနဲ့ဟ '


ကံကောင်းစွာနှင့် သူဘာမှမမြင်ရသေးခင်မှာဘဲ ဒရိတ်ခ် ကသဘက်ကို ခါးမှာပတ်လိုက်သည် ။ 


တစ်ချိန်ထဲမှာပင် စိတ်သက်သာရာ ရသလို နှမြောလဲ နှမြောမိသည် ။


" မင်း ချယ်လ်စီ လေးနဲ့ကစားပေးခဲ့တာလား "


" အင်း သူမနဲ့ကစားရတာကအရမ်းပျော်ဖို့ကောင်းတယ် သူမရဲ့အရုပ်သူငယ်ချင်းလေးတွေနဲ့ မိတ်ဆက်ပေးပြီး သူတို့ရဲ့အကြောင်းတွေကိုလဲပြောပြတယ် "


" အဲ့တာဘာလို့ လဲဆိုတော့ သူမမိတ်ဆက်ပေးသမျှအရုပ်တွေက မင်းပေးထားတာတွေမို့လို့ဘဲ "


ပါကာက ဘာတစ်ခွန်းမှပြန်မပြောနိုင်တောပေ ။ မူလပါကာက ချယ်လ်စီ လေးကိုမွေးခဲ့သော်လည်း သူမရဲ့အသက်နဲ့ မွေးနေ့ကိုပင်မမှတ်မိပေ ။


ပါကာခါးသက်သက် ခံစားလိုက်ရသည် ။


" ကျွန်တော်  တောင်းပန်ပါတယ် "


" မင်းတောင်းပန်ရမှာက ငါမဟုတ်ဘူး "


 ဒရိတ်ခ် ကဆံပင်အခြောက်ခံနေရင်းနှင့်ပြောလိုက်သည် ။


" မင်းဘာလိုချင်လဲအတိအကျပြောပြီးတာနဲ့ ထွက်သွား လိုက်တော့ ။ ချယ်လ်စီ လေးကမင်းထွက်သွားရင်ခံစားရမှာဆိုပေမဲ့ ဆက်ပြီးသူမကို စိတ်ပျက်နေစေတာထက်စာရင် တော်ပါသေးတယ် "


ပါကာက အရမ်းစိတ်ပျက်သွားသော်လည်း ဒရိတ်ခ် ကိုအပြစ်တင်၍မရပေ ။ သူသည်လည်းထွက်သွားပြီး မေ့ပျောက်မခံချင်ပေ ။


" စိတ်မပူပါနဲ့ ကျွန်တော်ပြောင်းလဲပါ့မယ် ။ ကျွန်တော် ချယ်လ်စီ လေးအတွက် ကောင်းတဲ့အမေတစ်ယောက်ဖြစ်လာမှာပါ "


" စောင့်ကြည့်ရင်သိရမှာပေါ့ "


ဒရိတ်ခ် ကဆံပင်အခြောက်ခံပြီးသွားကာ ထွက်သွား ခဲ့သည် ။


ပါကာက ဘာမှပြန်မပြောခဲ့ပေ ။ ဒရိတ်ခ် ကခန့်မှန်းကခက်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှလုံးသားကိုဖွင့်ပေးခဲ့သော်လည်း မူလပါကာက လွဲချော်သွားပြီးဖြစ်သည် ။


ပါကာ ဆံပင်အခြောက်ပြီးကာ ရေချိုးခန်း ဖိနပ်မစီးဘဲ ထွက်သွားသည့်သူကိုကြည့်ကာ ချော်လဲပြီး တဘက်ကျွတ်သွားနိုင်ချေ အများကြီး ရှိသည်ဟုတွေးမိသည် ။


သို့သော်လည်း ပါကာဘာဆိုဘာမှမြင်ခွင့်မရလိုက်ချေ ။


ပါကာက ရေချိုးရန် အဝတ်များကိုချွတ်လိုက်သည် ။ ရေနွေးနွေးလေး ဖြင့်ရေချိုးတာက သူ့ကိုအရမ်းဇိမ်ကျစေသည် ။


ရေချိုးပြီးနောက်ပါကာ ကအိမ်နေရင်းဝတ်စုံဖြင့် အိပ်ခန်းထဲသို့ဝင်လာသည့်အချိန်တွင် ဒရိတ်ခ် ကလက်ပ်တော့ဖြင့် အလုပ်လုပ်နေဆဲဖြစ်သည် ။


" အိပ်ခါနီး မှာတောင်မှ မျက်လုံးကို အနားမပေးသေးရင် ခင်ဗျားမျက်မှန်ပါဝါ ပိုတိုးလာလိမ့်မယ် "


" မင်းစိတ်ပူစရာမလိုပါဘူး ပြီးတော့လဲ မင်းညည်းညူပြီးရေချိုးခန်းထဲက ထွက်မလာတာ ပထမဆုံးအကြိမ် ဘဲ "


" ဂွတ်နိုက်ပါ "


ပါကာက အတိတ်အကြောင်းတွေတူးဆွခံရကာ ထပ်အပြောအဆိုခံမည်ကိုစိုးရိမ်သောကြောင့် မြန်မြန် ဆန်ဆန်ပင် စကားလက်စဖြတ်ကာ စောင်ပုံထဲတိုးဝင်သွားသည် ။


ဒရိတ်ခ် ကအလုပ်ပြီးနောက် မျက်မှန် ကိုချွတ်ကာ လက်ပ်တော့ကိုပိတ်လိုက်ပြီး အိပ်ရာဝင်လိုက်သည် ။ ထိုအခန်း ထိုနေရာမှာ တိတ်ဆိတ်ငြိမ်းချမ်းစွာ အိပ်ရာဝင်ကြရတာ ပထမဆုံးပင်ဖြစ်သည် ။


" မင်းလဲကောင်းကောင်းအိပ် ဂွတ်နိုက်ပါ "


xxxxxx