အပိုင်း ၈
Viewers 13k

Chapter - 8


ပါကာ ဒရိတ်ခ် ထက်အရင်နိုးနေခဲ့သည် ။ သူကမျက်နှာသစ်ပြီးနောက် မီဖိုးချောင်သို့သွားကာ

ပါကာ ပါဝင်ပစ္စည်းတွေကို ယူကာပန်ကိတ်လုပ်ရန်ပြင်ဆင်လိုက်သည် ။ ချယ်လ်စီလေးအတွက် ပန်ကိတ်ကိုအလှဆင်ပေးပြီးနောက် ဒရိတ်ခ် အတွက်ကော်ဖီဖျော်ပေးလိုက်သည် ။


" အိုကေ အစားအသောက်နဲ့တော့အလုပ်ဖြစ်မှာပါ "


အရင်ဘဝတုန်းက ဘယ်လောက်​ပင် အလုပ်များပါစေ မနက်တိုင်း စောစောထပြီး မနက်စာစားကာ နေ့လည်စာပါတစ်ခါတည်းပြင်လေ့ရှိသည် ။ ဒါမှ သူစားရန်မမေ့မှာဖြစ်သည် ။


မနက်စာပြင်ပြီးနောက် ပါကာက ဒရိတ်ခ် အတွက်နေ့လည်စာပါ ထပ်ပြင်ဆင်သည် ။ ဝီလီယမ် ကဟင်းချက်နေသည့် ပါကာကိုအံ့သြစွာကြည့်လိုက်ကာ ဟင်းပွဲတွေကလဲအရသာရှိပုံပေါ်သည် ။


' ဟမ်း ငါအုတ်ဂျုံထပ်ထည့်လိုက်သင့်လား ယောကျာ်း တွေရဲ့ အစာအိမ် ကအများကြီးစားနိုင်တယ်လေ.......... အာ... နေစမ်းပါအုံး ငါလဲ ယောကျာ်း လေးဘဲလေ '


ပါကာ သက်ပြင်းချကာ ခေါင်းခါလိုက်သည် ။


" မောနင်းပါ သခင်လေး "


ဝီလီယမ် ကနူတ်ဆက်လိုက်သည် ။


" မောနင်းပါ ဝီလီယမ် "


ပါကာက ဝီလီယမ် ကိုပြုံးပြကာပြန်နူတ်ဆက်လိုက်သည် ။


' သခင်လေး ကအများကြီးပြောင်းလဲသွားသလိုဘဲ '


ဒရိတ်ခ် နိုးလာတဲ့အခါမှာ ပါကာအိပ်ရာထသွားတာသိလိုက်ရသည် ။ ပါကာအရင်အိပ်ရာထသည်ဆိုတာက အရမ်းထူးဆန်းသည် ။


သို့သော်လည်း ဒရိတ်ခ် ကပင်ပန်းခံပြီး မစဉ်းစားချင်ပေ ။ ပြီးခဲ့သော ခုနှနှစ်လုံး သူလုံလောက်အောင်ပင်ပန်းခဲ့ရပြီးဖြစ်သည် ။


' ပါကာ ကောင်းမွန်အောင်ပြောင်းလဲမယ်ဆိုတာက အပိုတွေဘဲနေမှာပါ '


ဒရိတ်ခ် က မျက်နှာသစ်ပြီးနောက် ချယ်လ်စီ လေးရဲ့အခန်းသို့ သူမကိုနိူးရန်သွားခဲ့သည် ။


" နတ်သမီးလေး အိပ်ရာထဖို့အချိန်ရောက်ပြီလေ "


ဒရိတ်ခ် ကသူမကိုတိုးတိုးလေး ပြောလိုက်သည် ။ ချယ်လ်စီ လေးကအိမ်ချင်မူးတူးနှင့် ဆံပင်လေးတွေ ကထိုးထောင်နေကာ မျက်လုံးများက မပွင့်တပွင့်ဖြစ်နေပြီး အိပ်ချင်မူးတူးနဲ့ မေးလိုက်သည် ။ 


" မောနင်းပါ ဖေဖေ ပါးပါး ရော "


ဒရိတ်ခ် ကပြန်မဖြေဘဲ သူမကိုညင်သာစွာချီမလိုက်သည် ။


" ဖေဖေ တို့မနက်စာအရင်စားကြရအောင်နော် နတ်သမီးလေး "


" မီးမီးက ပါးပါး ချက်ကျွေးတာဘဲစားချင်တာ ။ ပါးပါး လုပ်ပေးတာတွေက အရမ်းအရသာရှိတယ် "


မီးဖိုချောင်သို့ မရောက်ခင်မှာဘဲ အလွန်အမင်း ဆွဲဆောင်မူရှိရှိ ရနံ့လေးက ထွက်ပေါ်လာခဲ့သည် ။ ပုံမှန် ရနေကျ အစားအသောက်အနံ့များနှင့်ကွဲပြားနေကာ ဝီလီယမ် ချက်နေတာမဟုတ်လောက်ပေ ။


ဒရိတ်ခ် အခန်းထဲရောက်သည်နှင့် ပြောစရာစကားပင်မရှိတော့ချေ ။ တခြားတစ်ယောက် ကသူ့ကိုပြောရင်ယုံမှာမဟုတ်သော်လည်း မျက်မြင်ကိုယ်တွေ့ဖြစ်၍ ယုံလိုက် ရသည် ။


ပါကာ နောက်လှည့် ကြည့်လိုက်သည့်အချိန်တွင် သူ့အားရပ်ကြည့်နေသည့် အဖေနှင့်သမီးအား ကို့ယို့ကားယားနှင့် ပြုံးပြလိုက်ရသည် ။


သူက ထမင်းစားစားပွဲပေါ်သို့ ပန်းကန်များချနေဆဲဖြစ်ကာ တန်းလန်းဖြစ်နေသည် ။


" မောနင်းပါ "


ဒရိတ်ခ် ကပါကာကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည် ။ ပါကာက အိမ်စီးဖိနပ်အပါးကိုစီးထားပြီး အိမ်နေရင်းဝတ်စုံနှင့်ဖြစ်ကာ ဝက်ဝံရုပ်လေးတွေပါရှိသည့် အပြာရောင် အေပရွန်ကိုဝတ်ထားသည် ။


ဖရိုဖရဲဖြစ်နေသည့်ပါကာ့ ပုံစံကိုကြည့်ကာ ဒရိတ်ခ် အံ့သြနေပြီး မှတ်ထားလိုက်မိသည် ။


" မောနင်း ပါကာ "


နူတ်ဆက်လိုက်သည့် ဒရိတ်ခ် ရဲ့အသံထဲတွင်သူတောင်မသိလိုက်ဘဲ နူးညံ့မူတစ်စွန်းတစ်စပါဝင်နေသည် ။ ချယ်လ်စီ လေးကလဲဝမ်းသာအားရနူတ်ဆက်လိုက်သည် ။


" မောနင်းပါ ပါးပါး "


ပါကာက မနက်စာပန်းကန်ကိုပြင်ဆင်ပေးနေတုန်းမှာ ဒရိတ်ခ် ကချယ်လ်စီ လေးကို စားပွဲက သူမရဲ့ထိုင်ခုံလေးမှာချပေးလိုက်သည် ။ ပါကာ ကပြုံးပြီး ဒရိတ်ခ် ရှေ့ကိုကော်ဖီခွက်ချပေးလိုက်သည် ။


" ကျေးဇူးဘဲ "


" ဝါး ပါးပါး လုပ်ထားတဲ့ပန်ကိတ်တွေက အရမ်းလှတာဘဲ "


" အဲ့တာတွေက အကုန်သမီးအတွက် နတ်သမီးလေး "


ပါကာက နောက်ထပ်သူမအတွက် ချောကလတ် ပူပူလေးအား နို့နှင့်ရောပေးလိုက်သည် ။


" ချောကလက်လား...ပါးပါးက အကောင်းဆုံးဘဲ "


ချစ်စရာလေး!


ပါကာက သူ့သမီးရဲ့ ချစ်ဖို့ကောင်း တဲ့အပြုအမူလေးတွေကြောင့်သေလို့ပင်ရပြီဖြစ်သည် ။


ဒရိတ်ခ် ကပါကာရဲ့ ချယ်လ်စီ လေးကို ချစ်မြတ်နိုးသည့်အမူအရာကိုမြင်လိုက်သောကြောင့် ပြုံးကာကော်ဖီကိုသောက်လိုက်သည် ။ ကော်ဖီရဲ့အရသာကလဲဘဲတကယ်ကောင်းမွန်သည် ။


" မင်းက ပထမဆုံး နေ့မှာတင် ကောင်းကောင်းလုပ်နေတာဘဲ "


ပါကာရဲ့ နှလုံးသားလေးကတော့ အခုန်မြန်သွားရသည် ။ ဒရိတ်ခ် ကအေးစက်သည့် စီအီးအို ပုံစံဖြစ်သောကြောင့် သူ့ကိုချီးကျူးမှာမဟုတ်ဟုထင်ခဲ့သည် ။


ဒရိတ်ခ် ကအဆိုးမြင်တတ်သည့်သူမဟုတ်၍ အသေးအဖွဲလေးတွေကို တွယ်ကပ်မှာမဟုတ်ပေ ။ သူထပ်မံ၍ မူလခွေးကောင်ကိုကျိန်ဆဲချင်သွားပြန်သည် ။


' မင်းက အရည်အသွေး အကောင်းဆုံးလူကိုရထားတာတောင်မှ သူ့ကိုအနိုင်ကျင့်သေးတယ်ပေါ့လေ....... ' 


xxxxxxxx